← Chapters

အခန်း (၅၈၀)

Vol. 37 Ch. 580

အခန်း (၅၈၀)

Vol. 37 Ch. 580

“ချမ်းဘော့ဒ်ဘုရင်က အတော်ကြောက်စရာကောင်းတာပဲ။ ငါတို့ သူ့ကို လျှော့တွက်ခဲ့မိကြတယ်...”

လုပ်ကြံသတ်ဖြတ်သူလေးယောက်သည် ဖှေးနှင့်အာသာတို့နှင့် ၁ကီလိုမီတာခန့်၀ေးသည့် ကြီးမားသော သားရဲရုပ်တုကြီးတစ်ခု၏အောက်တွင် ရပ်လိုက်ကြသည်။ ဤအခိုက်တန့်တွင် သူတို့သည် တစ်ယောက်နှင့် တစ်ယောက်ကြောက်ရွံ့ထိတ်လန့်သည့်မျက်လုံးများဖြင့် ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများသာပေါ်နေသော်လည်း ကြောက်လန့်ခြင်းအံ့သြခြင်းများသည် အတိုင်းသားပေါ်လွင်နေသည်။

ဖှေးသည် ဒီလန်ကိုအား လွယ်ကူစွာသတ်ဖြတ်လိုက်သည့်အချိန်တွင် သူတို့ထင်ထားသလိုပင်။ ဒီလန်ကိုသည် အလွန်မိုက်မဲကာ မာနထောင်လွှားလွန်းသည့်အတွက် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်သော်လည်း ချောင်းမြောင်းတိုက်ခိုက်ခြင်းမရှိပဲ ဖှေးနှင့် ထိတ်တိုက်ရင်ဆိုင်ခဲ့သည့်အတွက်ပင်။ တိုက်ပွဲ၏ ရလဒ်သည် ထင်ထားသည့်အတိုင်းပင်။

သို့သော် ဒီလန်ကိုအား သတ်ဖြတ်ပြီးသည့်နောက်တွင် ဖှေးသူတို့အား ထိုးလိုက်သည့် လက်သီးချက်သည် သူတို့အား တုန်လှုပ်သွားစေခဲ့သည်။

ဒဏာရီလာနန်းတော်ထဲတွင် ရှိသည့် ကျောက်တုံးအဆောက်ဦးများသည် နှစ်ပေါင်းများစွာသက်တမ်းရှိပြီဖြစ်သည်။ အချိန်ကြာမြင့်နေသည့်တိုင်းအောင်ပင် ပြိုလဲပျက်ဆီးခြင်းမရှိပေ။ အကယ်၍ ဤလုပ်ကြံသတ်ဖြတ်သူများပင် ဤအဆောက်ဦးများကို တိုက်ခိုက်ကြည့်ပါက အရာများထင်ရုံသာ ဖျက်ဆီးနိုင်မည်ဖြစ်သည်။ သို့သော် ဖှေး၏ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအစိတ်ပိုင်းတစ်ခုပင် ပျက်ဆီးသွားခဲ့သည်။ ဤအချက်ကိုကြည့်ခြင်းဖြင့် ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားသည် သူတို့ထင်ထားသည်ထက်များစွာကျော်လွန်နေကြောင်းကို လုပ်ကြံသတ်ဖြတ်သူများသိလိုက်ကြ၏။

ချမ်းဘော့ဒ်ဘုရင်အသုံးပြုသည့် လက်သီးချက်ကို ပြန်တွေးလိုက်သည့်အချိန်တိုင်းတွင် အုပ်ချုပ်သူတစ်ယောက်၏ စိုးမိုးနိုင်စွမ်းများပါ၀င်နေသလို သူတို့ ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် သိုင်းကွက်ကို မြင်သည့်အချိန်တွင် တုန်ခါသွားခဲ့ရပြီး ထိုသိုင်းကွက်နှင့် နှိုင်းယှဥ်ကြည့်ပါက သူတို့သည် သေးငယ်နေသည့်အတိုင်းပင်။ သူတို့သည် သာမန်မြို့သားများဖြစ်ပြီး ချမ်းဘော့ဒ်ဘုရင်သည် သူတို့၏ သခင်ဖြစ်သလို ခံစားလိုက်ရ၏။

“ငါတို့ရဲ့သတင်းအချက်လက်ကမှားနေတဲ့ပုံပဲ။ ချမ်းဘော့ဒ်ဘုရင်က ငါတို့ထက်အများကြီးပိုပြီးတော့ စွမ်းအားကြီးမားနေတယ်။ ငါတို့ဘာလုပ်သင့်လဲ။ မစ်ရှင်ကို ဖျက်ပြီးတော့ အခြေအနေကို ဆရာ့စီတင်ပြကြမလား။ ဒါမှမဟုတ်ရင် သူ့နောက်ကို ဆက်လိုက်ပြီးတော့ အခွင့်ကောင်းကိုချောင်းကြမလား။ ငါတို့တွေ စောင့်နေတယ်ဆိုရင်တောင် အောင်မြင်နိုင်ချေက အတော်လေးနည်းလိမ့်မယ်...” ခေါင်းဆောင်သည် ကျန်ရှိနေသည့်အဖွဲ့၀င်များကို ရိုးသားပွင့်လင်းစွာပင်ပြောလိုက်သည်။

ကျန်ရှိနေသည့် လုပ်ကြံသတ်ဖြတ်သူများသည် တွေ၀ေလာကြတော့သည်။ သူတို့သည် စိတ်ဓာတ်သန်မာသူများဖြစ်သော်လည်း သူတို့မြင်ခဲ့သည့်အရာကြောင့် စိတ်ဓာတ်များ ယိုင်နဲ့သွားခဲ့၏။ ဖှေး၏ အင်ပါယာအရှင်သခင်လက်သီးသည် သူတို့အား စိုးမိုးနိုင်စွမ်းကို ပြသခဲ့သော်ကြောင့် ဘာလုပ်ရမည်ကိုပင် သေချာစွာဆုံးဖြတ်နိုင်စွမ်းမရှိတော့ပေ။

“ငါတို့သူ့ကို ဆက်လိုက်သင့်တယ်ထင်တယ်...” ခနတာစဥ်းစားပြီးသည့်အချိန်တွင် နတ်ဆိုးလရောင်လုပ်ကြံသူဟုအမည်ရသည့် အဖွဲ့ခေါင်းဆောင်မှပြောလိုက်သည်။ သူသည် ကျန်ရှိနေသည့်လူများထက်ပို၍ စွမ်းအားမြင့်မားသူဖြစ်သည်။ ထို့ကြောင့် သူ၏ ဆုံးဖြတ်ချက်များမှာလည်း ရှင်းလင်းပြတ်သားသည်။ ခနတာ တိတ်ဆိတ်ပြီးနောက်တွင် သူဆက်ပြောလိုက်သည်။ “ဘယ်သိုင်းဆရာနေနေ အားနည်းချက်ကတော့ ရှိမှာပဲ။ ငါတို့တွေက လုပ်ကြံသတ်ဖြတ်သူတွေလေ သိုင်းဆရာတွေမဟုတ်ဘူး။ ငါတို့သူနဲ့တိုက်ရိုက်တိုက်ခိုက်စရာမလိုပါဘူး။ ငါတို့က အခွင့်ရေးကိုအသုံးချပြီးတော့ ရန်သူကို တစ်ချက်တည်းနဲ့အသေသတ်တဲ့နေရာမှာ တော်တဲ့လူတွေပဲ။ ဒဏာရီလာနန်းတော်ထဲမှာ အန္တရာယ်တွေအများကြီးပဲ။ ချမ်းဘော့ဒ်ဘုရင်ကလည်း တစ်ခုခုကို လိုက်ရှာနေတဲ့ပုံပဲ။ ငါတို့တွေ သူ့နောက်ကနေ လုံခြုံတဲ့အကွာ၀ေးက ကပ်လိုက်နေသင့်တယ်။ သူသာ မှော်ထောင်ချောက်တစ်ခုခုနဲ့မိသွားပြီဆိုရင် ငါတို့တွေ နောက်ကနေနည်းနည်းနောက်၀င်ပြီးတော့ ကူညီပေးလိုက်ကြတာပေ့ါ။ ဒီနေရာမှာရှိတဲ့ အန္တရာယ်တွေကိုအသုံးချပြီးတော့ သူ့ကို လွယ်လွယ်ကူကူနဲ့ သတ်လို့ရမယ်ထင်တယ်။ ငါတို့တွေသူ့ကို သတ်ဖို့အတွက် သူ့ထက်ပိုပြီးစွမ်းအားမြင့်မားနေစရာမလိုပါဘူး။ အခွ့င်းရေးပေါ်လာရင် အသုံးချတတ်ဖို့ပဲလိုတယ်...”

“၀ိုး ဟားဟား ကောင်းလှချည်လား။ င့ါကောင်တို့ မင်းတို့ သူ့ကို ချီးကျူးတဲ့အနေနဲ့ လက်ခုပ်တီးပေးသင့်တယ်...” တစ်စုံတစ်ယောက်သည် လက်ခုပ်တီးကာ နတ်ဆိုးလရောင်လုပ်ကြံသတ်ဖြတ်သူ၏ အမြင်အားထောက်ခံသည့်နေဖြင့် အော်ဟစ်လိုက်သည်။ သို့သော် သူ၏အသံထဲတွင် ခနဲ့ခြင်းများ၊ အထင်သေးခြင်းများကို ကွယ်၀ှက်ထားခြင်းမရှိပေ။

လုပ်ကြံသတ်ဖြတ်သူလေးယောက်သည် ထိတ်လန့်သွားကြ၏။

“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”

သူတို့အနောက်သို့ အမြန်ဆုတ်ခွာလိုက်ကြသည်။ တစ်ဖက်သို့လှည့်ကာ တိုက်ခိုက်ရန်အတွက် အဆင်သင့်ပြင်ထားလိုက်ကြ၏။ ထိုလူသည် သူတို့လူမဟုတ်သည်ကို သိရှိပြီး သူတို့အနီးသို့ တိတ်ဆိတ်စွာချည်းကပ်လာနိုင်ခြင်းသည် ကြောက်မက်ဖွယ်ပင်။

ထိုလူကို သူတို့မြင်လိုက်သည့်အချိန်တွင် ကျက်သေသေသွားကြ၏။

မည်သည့်အချိန်ကလည်းမသိချေ။ အသက်ကိုးနှစ်ခန့်သာရှိသေးသည်ဟုထင်ရသည့် ဆံပင်ရွှေရောင်နှင့်ကောင်လေးတစ်ယောက်သည် ရုပ်တု၏အောက်ချေတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဤအခိုက်တန့်တွင် သူသည် အမဲရောင်ချပ်၀တ်တစ်စုံကို ၀တ်ဆင်ထားပြီး လက်ထဲတွင် ၀ိုင်ပုလင်းတစ်လုံးကို ကိုင်ထား၏။ ထိုကောင်လေးသည် သူတို့အားပြုံးပြလိုက်သည်။

ကြည့်ရသည်မှာ သူတို့အတွက် အလွန်ထူးဆန်းနေ၏။

“မင်းက ဘယ်သူလဲ။ တစ်ခြားလူတွေရဲ့စကားကို ၀င်ပြီးနားထောင်နေတာ ကောင်းတဲ့အပြုမူတစ်ခုမဟုတ်ဘူးနော်...” ခေါင်းဆောင်မိုဒိုသည် သူ၏လူများကို မလှုပ်ရှားကြရန်အချက်ပြကာမေးလိုက်သည်။ ဤကဲ့သို့ ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ရောက်ရှိလာခြင်းသည် ဤအခြေအနေတွင် အလွန်ထူးဆန်းနေသည့်အတွက်ပင်။

“နားထောင်နေတာဟုတ်လား။ ငါကမင်းတို့ ပြောတာကို ခိုးနားထောင်ဖို့ ဒီနေရာကိုရောက်နေတာမဟုတ်ဘူး...” ကောင်လေးသည် ရုပ်တု၏အောက်ခြေကို လက်ဖြင့်ပုတ်ကာပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြစ်ကင်းသည့်အပြုံးတစ်ခုဖြင့် ထည့်ပြောလိုက်၏။ “ငါဘယ်သူလဲ ဟုတ်လား။ ငါကမင်းတို့ကို လာသတ်တဲ့လူပဲ...”

ဤကောင်လေးစကားပြောနေသည့်လေသံမှာ ပုံမှန်ပင်။ ထမင်းစားရေသောက်ပြောနေသည့်အတိုင်းပင်။

သို့သော် သူ၏အသံသည် လုပ်ကြံသတ်ဖြတ်သူများ၏ နားထဲတွင် မိုးချုန်းသံတစ်ခုကဲ့သို့ပင်။ အနီးသို့သူတို့ပင် သတိထားမိလိုက်ခြင်းမရှိပဲ ရောက်လာသည့်လူသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ အကယ်၍ ထိုကောင်လေးသည်သာ သူတို့အား သတ်ဖြတ်ချင်နေသည်ဆိုပါက ပို၍ပင် ကြောက်စရာကောင်းနေဦးမည်ဖြစ်၏။

......

......

အရိုးနဂါးအား ကိစ္စများလွဲပေးပြီးသည့်နောက်တွင် ဖှေးသည် ဒဏာရီလာနန်းတော်၏အလည်ခေါင်သို့ဆက်လက်ခရီးဆက်နေလျှက်ရှိသည်။

သူသည် လက်ရှိတွင် လယ်ဗယ်၁၁ဒေသတွင်ရောက်ရှိနေ၏။ ဤနေရာတွင်ရှိနေသည့် ဖိအားများသည် အလွန်ပင်စွမ်းအားမြင့်မားလှသည်။ လေထုသည်လည်း အလွန်ပင် သိပ်သည်းနေ၏။ မြေဆွဲအားတစ်ခုတည်းကပင် ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်ကို မလှုပ်ရှားနိုင်အောင် ဆွဲငင်ထားမည်ဖြစ်သည်။ ကြောက်မက်ဖွယ်ဓာတ်ဂုဏ်သတ္တိစွမ်းအင်များကို လမ်းဘေးနှစ်ဖက်မှ အာရုံခံမိနေပြီး စွမ်းအားမြင့်မားသည့် မှောင်ထောင်ချောက်များရှိနေသည်မှာ အသေချာပင်။

ဖှေးသည် မြေပုံပေါ်တွင်ပါသည့်လမ်းကြောင်းအတိုင်းလိုက်နေလျှက်ရှိပြီး အန္တရာယ်များကို လွယ်ကူစွာပင် ရှောင်ကွင်းသွားနိုင်နေလျှက်ရှိသည်။

မကြာမှီတွင် သူသည် လယ်ဗယ်၁၂ဒေသသို့ရောက်ရှိလာခဲ့တော့သည်။

ဖှေးဤဒေသများတွင် သိုင်းဆရာတစ်ချို့နှင့်လည်းတွေ့ခဲ့သည်။ လယ်ဗယ်၈ဒေသနှင့်အထက်သို့ ၀င်ရောက်နိုင်သည့်လူများသည် အနည်းဆုံးလယ်ဗယ်၈အနိမ့်ပိုင်းအဆင့်လသစ်စစ်သည်များပင်။ သူတို့အားလုံးသည် သေချာစွာပြင်ဆင်လာခဲ့ပြီး ဖြေးဖြေးခြင်းပင် ခရီးဆက်နေကြသည်။ ထောက်ခြောက်မိသွားခဲ့သည့် ကံမကောင်းသည့်လူတစ်ချို့မှလွဲ၍ ကျန်ရှိနေသည့်လူများသည် သူတို့လိုသည့်အရပ်ထံသို့ ဆက်လက်ရွေ့လျားနေကြ၏။ တစ်ခုရှိသည်မှာ သူတို့သွားသည့်အမြန်နှုန်းသည် ဖှေးနှင့် နှိုင်းယှဥ်ပါက အလွန်နှေးကွေးနေခြင်းပင်။

လမ်းတစ်ယောက်တွင် ဖှေးသည် သိုင်းပညာရုပ်တုအမျိုးမျိုးထံမှ လအဆင့်သိုင်းကွက်၁၂ခုခန့်ကိုလည်း ရယူခဲ့ပြီးဖြစ်သည်။ ထိုသိုင်းကွက်များသည် ဖှေးအတွက် အသုံးမ၀င်သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်မှ သူတော်စင်သိုင်းဆရာများကို ပေးရန်အတွက် သင့်လျော်သည့်သိုင်းကွက်များပင်။

ဖှေးလယ်ဗယ်၁၃ဒေသသို့ရောက်ရှိလာခဲ့သည့်အချိန်တွင် ကြုံး၀ါးသံများနင့်ပေါက်ကွဲသံများကိုကြားလိုက်ရ၏။ ထို့နောက်တွင် သူသည် စွမ်းအင်အရှိန်၀ါများစွာကို အာရုံခံလိုက်မိသည်။ ဖှေးသည် မျက်မှောင်ကြုံ့ကာ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူထင်သည်မမှားပါက စွမ်းအားမြင့်မားသည့်သိုင်းဆရာများသည် မ၀ေးသည့်နေရာတစ်ခုတွင် တိုက်ခိုက်နေကြခြင်းပင်။ မှော်ထောင်ချောက်များ၊ လူသတ်ယန္ဒရားများအသက်၀င်နေကြခြင်းမဟုတ်ပေ။

ထိုတိုက်ပွဲသည် ဖှေးသွားမည့် လမ်းပေါ်တွင်ဖြစ်နေခြင်းပင်။ သို့သော် သူသည် ခနတာခန့်သာရပ်လိုက်ပြီး ပြေးသွား၏။

“ဖုန်း...”

“ဘယ်ကောင်လေးကွ။ ဒီလမ်းက ပိတ်ထားတယ်။ င့ါဆရာက ရှင်းစရာရှိတဲ့ကိစ္စတွေရှင်းနေတယ်။ အနောက်ကိုပြန်လှည့်ပြီးပြန်လိုက်တော့...”

ရုတ်တရက်ပင် ဓားကဲ့သို့ပင် ချွန်ထက်သည့် ငွေရောင်လေညှင်းတစ်ခုသည် ဖှေးအားပစ်လိုက်ပြီး လူနှစ်ယောက်ထွက်ပေါ်လာ၏။ ထိုအသံသည် မျက်နှာပေါ်တွင် မာနထောင်လွှားသည့်အမူယာနှင့် လူထံမှ ထွက်ပေါ်လာခြင်းပင်။

အရှေ့သို့ပြေးနေသည့် ဖှေးသည် ထိုဓားသွားစွမ်းအင်အား လွယ်လွယ်ကူကူပင် ကာရံလိုက်သည်။ သူသည် ခနရပ်လိုက်ပြီး ထိုလူနှစ်ယောက်ကို သေချာကြည့်ရှုလိုက်သည်။ သူတို့အကြောင်း သူဘာမှမသိသည်ကို တွေ့လိုက်ရ၏။ သူတို့၏ ရုပ်ရည်အသွင်ပြင်များ ၀တ်ပုံစားပုံများသည် ဖှေးအတွက် အသစ်ဆန်းဖြစ်နေသည့်အတွက် ဇီးနစ်၊နှင့် ဂျက်အင်ပါယာမှလူများမဟုတ်ကြသည်မှာ ထင်ရှားလှသည်။

“ငါက ဖြတ်သွားရုံပါ။ ဒီတိုက်ပွဲကို စိတ်လဲမ၀င်စားဘူး ၀င်လဲမပါဘူး...” ဖှေးသူတို့အား အမှန်တိုင်းပင်ပြောလိုက်သည်။

သူသည် ဒဏာရီလာနတ်စင်အား အမြန်ဆုံးရှာဖွေလိုနေပြီး ကျန်ရှိနေသည့် သိုင်းဆရာများ၏ တိုက်ပွဲကိုလည်း စိတ်၀င်စားခြင်းမရှိပေ။ ဒဏာရီလာနန်းတော်အား သိုင်းဆရာများစွာ ဒဏာရီဂိတ်တံခါးပွင့်သည့်အချိန်တိုင်းတွင်၀င်ရောက်ရှာဖွေကြသော်လည်း ဤနန်းတော်ကြီးသည် အလွန်ကြီးမားသည့်အတွက်ကြောင့် ရှာဖွေသည့်အချိန်တိုင်းတွင် မည်သူမှ တွေ့ထားခြင်းမရှိသည့်ရတနာများကို တွေ့ရဆဲပင်။

သို့သော် ရတနာများကို တွေ့လိုက်သည်နှင့်တပြိုင်နက်သွေးထွက်သံယိုတိုက်ပွဲများလည်းဖြစ်ပါမည်ဖြစ်သည်။ ဤနေရာတွင် သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအတွက် မှန်သည်မှားသည်မရှိပေ။ စွမ်းအားမြင့်မားဆုံးသိုင်းဆရာများသာလျှင် ရတနာများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဖှေးသည် ငြိမ်းချမ်းမှုကိုသာ လိုချင်သော်လည်း ဤလူနှစ်ယောက်သည် ထိုကဲ့သို့ဆန္ဒရှိကြပုံမရပေ။

“လစ်စမ်းကွာ စောက်ပါးစပ်ပိတ်ပြီးတော့ အခုချက်ချင်းလစ်တော့...” ထိုလူနှစ်ယောက်မှာ အလွန်ပင်ရိုင်းစိုင်းလှဿည်။

ဖှေးဒေါသဖြစ်သွား၏။ သို့သော် သူ၏ဒေါသကို ထိန်းချုပ်လိုက်သည်။ သူသည် အဓိပ္ပါယ်မရှိသည့် တိုက်ပွဲများကို တိုက်ခိုက်ကာ သူ၏စွမ်းအားနှင့် အချိန်တို့ကို မဖြုန်းတီးလိုသည့်အတွက်ပင်။ သူသည် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြရန်ကြိုးစားလိုက်သည်။ “ငါထပ်ပြောမယ်။ မင်းတို့ကောင်တွေ ဘာပဲလုပ်နေလုပ်နေ ငါ၀င်ရှုပ်မှာမဟုတ်ဘူး။ ငါဖြတ်သွားရုံတင်....”

“ခွေးမသား မင်းငါပြောနေတာမကြားဘူးလား။ လစ်စမ်းလို့ပြောနေတာ ငါမင်းကို သတ်မိတော့မယ်...” ဖှေး၏ စကားမဆုံးသေးခင်မှာပင် အရပ်မြင့်မြင့်နှင်လူသည် စိတ်မရှည်စွာဖြင့် အော်ဟစ်ပြီး သူ၏လက်ကို မြှောက်လိုက်သည်။ ဖှေး၏မျက်နှာသို့ ဓားသွားစွမ်းအင်နောက်တစ်ခုပျံသန်းသွားတော့သည်။

“ဖျောင်း...”

ဖှေးသူ၏လက်ကိုမြှောက်ကာ ထိုဓားသွားစွမ်းအင်ကို ကာရံလိုက်သည်။

အေးစက်သည့်အမူယာတစ်ခုဖြင့် ဖှေးပြောလိုက်သည်။ “နောက်ဆုံးအကြိမ်သတိပေးမယ်...ရွေ့ပေးလိုက်...”

“ထွီကောင်လေး မင်းစောက်လုံးကန်းနေတာလား။ ငါတို့က အရေးကြီးတဲ့အရာတစ်ခုလုပ်နေတာကွ။ မင်းက င့ါကိုများနေရာဖယ်ခိုင်းရဲတယ်ပေါ့...မင်းကိုယ်မင်းဘာထင်နေတာလဲ။ မင်းသိလား မင်းနောက်ပြန်မသွားနဲ့တော့ ငါမင်းခေါင်းကို ဖြတ်ပြီးတော့ ဒီနေရာကို ရောက်လာတဲ့လူတိုင်းကို သတိပေးးတဲ့အနေနဲ့ ထားထားလိုက်မယ်။ ဒီကောင့်ကိုသတ်လိုက်ကြရအောင်ကွာ....” ထိုလူသည် ရယ်မောကာ ဖှေးအား အတူတကွသတ်ဖြတ်ရန်အတွက် သူ၏သူငယ်ချင်းကို အချက်ပြလိုက်သည်။

ဤလူနှစ်ယောက်သည် လယ်ဗယ်၁အဆင့်နိမ့်လသစ်စစ်သည်များသာရှိသေးသည်။ ထို့အပြင် အခြေခံအုတ်မြစ်ခိုင်မာခြင်းလဲမရှိပေ။ မှော်ဆေးပုလင်းများ၊ မှော်ပစ္စည်းများစွာကိုအသုံးချပြီး လအဆင့်သို့ရောက်လာကြသည့်ပုံပင်။ သို့သော် သူတို့မာနထောင်လွှားနေသည့်ပုံမှာ လပြင့်စစ်သည်များဟုပင် သူတို့ကိုယ်သူတို့ထင်နေကြပုံရ၏။

ဖှေးသူ၏ခေါင်းကို ခါရမ်းလိုက်ပြီး ဘာမှဆက်လက်၍ ရှင်းပြလိုခြင်းမရှိတော့ပေ။

“၀ှစ်...” သူ၏ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ပင် ပျောင်းလဲသွားသည်။

ထိုလူနှစ်ယောက်အား အရိပ်တစ်ခုကဲ့သို့ပင် ဖြတ်ကျော်သွား၏။

ထိုလူနှစ်ယောက်သည် ဖှေး၏လှုပ်ရှားမှုများကိုပင် မြင်နိုင်လိုက်ခြင်းမရှိပေ။ သူတို့အား ဖြတ်သန်းကာ လေမုန်တိုင်းတစ်ခုတိုက်ခတ်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ သူတို့ထံသို့ လက်သီးများစွာသည် ဥက္ကာပျံခဲများကဲ့သို့ ပျံသန်းလာ၏။ ဤအခိုက်တန့်တွင် ဖှေးသည် သူတို့အနောက် မီတာ၆၀ခန့်သို့ပင်ရောက်ရှိသွားပြီဖြစ်သည်။ သူသည် ဒဏာရီလာနန်းတော်၏ အလည်ပိုင်းသို့ပင် ဆက်လက်ကာ ခရီးဆက်နေပြီဖြစ်သည်။

ဖှေး၏တိုက်ခိုက်မှုများသည် ဖှေးသူတို့အား ဖြတ်ကျော်ပြီးသည့်အချိန်မှသာလျှင် ထိုလူနစ်ယောက်ထံသို့ ကျရောက်လာ၏။ အလွန်မြန်ဆန်လှသဖြင့် ထိုလူနှစ်ယောက်သည် ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ရသေးပေ။

“ဖုန်း ဖုန်း ဖုန်း...”

လက်သီးရာများသည် သူတို့ထံသို့ မုန်တိုင်းတစ်ခုအတွင်းမှ မိုးစက်များကဲ့သို့ပင် ကျရောက်လာတော့သည်။ သို့သည် ဤတိုက်ခိုက်မှုများကို လုံး၀ပင် ခုခံနိုင်ခြင်းမရှိပေ။ အရိုးကြိုးကြေသည့်အသံများ၊ အသားများပေါက်ထွက်ကုန်သည့်အသံများထွက်ပေါ်လာ၏။

ထိုလူနှစ်ယောက်သည် လေပေါ်တွင်ပင် ကျက်သေသေနေရင်းဖြင့် လက်သီးရာများသည်လည်း သူတို့၏ခန္ဓာကိုယ်ပေါ်တွင်အပေါက်များကို ဆက်လက်၍ ဖန်တီးပေးနေလျှက်ရှိသည်။

သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးရာ၁၃၁ခုခန့်ကျရောက်ပြီးသည့်အချိန်တွင် သူတို့သည် မြေပေါ်သို့ ပစ်လဲသွာတော့၏။ သွေးအောင်ထဲတွင် လဲနေရင်းဖြင့် သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နှက်နေတော့သည်။

ယခင် ရန်ညိုးရန်စမရှိသည့်အတွက် ဖှေးသူတို့အား သတ်ဖြတ်ခြင်းမရှိပဲ အသက်ချမ်းသာပေးလိုက်သည်။

လက်ရှိတွင်ဖြစ်ပွားနေသည့်တိုက်ပွဲသည် ဖှေးနှင့် ၅၀၀မီတာခန့်၀ေးသည့်နေရာတွင်ရှိနေ၏။

ဖှေးကြည့်လိုက်သည့်အချိန်တွင် ရေပန်းတစ်ခုရှိသည့် ရင်ပြင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက်အသဲသန်တိုက်ခိုက်နေသည့်လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ဤလူနှစ်ယောက်သည် အလွန်မြန်ဆန်စွာ လှုပ်ရှားတိုက်ခိုက်နေကြသည့်အတွက် သေချာကြည့်ရန်မှာခက်ခဲလှသည်။ သူတို့၏ အ၀ါရောင်နှင့် အပြာရောင်အတွင်းအားစွမ်းအင်မီးတောက်များသည်လည်း တောက်လောင်နေကြ၏။ သူတို့သည် လယ်ဗယ်၂သို့မဟုတ် ၃ခန့်ရှိသည့် အလယ်လတ်လသစ်စစ်သည်များဖြစ်ကြောင်းကို ဖှေးအာရုံခံနိုင်၏။

ရင်ပြင်၏ဘေးနှစ်ဖက်တွင်လည်း လူအုပ်စုနှစ်ခုသည် တိုက်ပွဲ၏ ရလဒ်ကို စောင့်ဆိုင်းနေကြသည်။

All Chapters