“အကျင့်ပျက်ခြစားနေသည့် ဘုရားကျောင်း”
Vol. 37 Ch. 582
“အား အား ဘာတွေဖြစ်ကုန်တာလဲ...” လူငယ်သည် ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် ထိတ်လန့်သွား၏။
သူ၏ ကိုယ်ရံတော်အစောင့်စစ်သည်များ၏ သွေးများ၊ ဦးနောက်စများသည် မျက်နှာပေါ်သို့ ကျသွား၏။ သူသည် ချက်ချင်းပင် သတိလစ်မေ့မျောသွားလုနီးနီးပင်။
ဤအခိုက်တန့်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။
“ချွတ်...”
လှပသည့် ကျောက်စိမ်းတစ်ခုသည် ကျိုးပဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်ပုံပင်။
“မဟုတ်ဘူး...” လူငယ်သည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်သည်။
ဤကျောက်စိမ်းလေးသည် သူ၏အသက်ကို ကာကွယ်ရန်အတွက် သူ့အဖေပေးခဲ့သည့် မှော်ပစ္စည်းတစ်ခုပင်။ ထိုမှော်ပစ္စည်းလေးသည် ဒဏာရီလာနန်းတော်ထဲမှ ကြောက်မက်ဖွယ်ဖိအားနှင့် မြေဆွဲအားတို့ကို ပယ်ဖျက်ပေး၏။ သို့သော် လက်ရှိတွင် ပျက်ဆီးသွားပြီဖြစ်သည်။
ထို့ကြောင့် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် တောက်ပနေသည့် မှော်စွမ်းအင်အရှိန်၀ါများသည်ပျောက်ကွယ်သွားတော့၏။
“ဘုန်း...” လူငယ်သည် မြေပြင်ပေါ်တွင် လဲကျသွားတော့သည်။ သူသည် ကြယ်ငါးလုံးအဆင့်သိုင်းဆရာတစ်ယောက်သာဖြစ်သောကြောင့် သူ၏ကိုယ်ရံတော်များနှင့် မှော်ပစ္စည်းတို့၏ ကာကွယ်စောင့်ရှောက်မှုမရှိတော့သည့်အတွက် အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။ မိချောင်းကန်ထဲသို့ ကျသွားသည့် သိုးငယ်တစ်ကောင်ကဲ့သို့ပင်။ ဤကဲ့သို့သော အန္တရာယ်များလှသည့် ပတ်၀န်းကျင်တွင် သေရမည့်အချိန်ကိုစောင့်ရုံသာတတ်နိုင်တော့သည်။
အပြာရောင်ဆံပင်နှင်လူ မည်သည့်အချိန်က လှုပ်ရှားလိုက်သည်ကို မည်သူမှ မသိလိုက်ချေ။ ထိုလူ၏ စွမ်းအားသည် လူတိုင်းစိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေ၏။ သူသည် သိုင်းဆရာများစွာကို နတ်ဘုရားတစ်ပါးလိုပင် လွယ်ကူစွာသတ်ဖြတ်လိုက်ပြီး ထိုလူငယ်၏ မှော်ပစ္စည်းကိုလည်း ဖျက်ဆီးခဲ့သည့်အတွက်ပင်။ ဤအခိုက်တန့်တွင် လူငယ်သည် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့်ရန်သူအား ရန်စခဲ့မိလိုက်သည့်အတွက် နောက်တရနေ၏။ ယနေ့မတိုင်မှီနေ့က သူ့အဖေပြောခဲ့သည့်စကားကိုပင် ပြန်လည်ကာ အမှတ်ရလိုက်သည်။ သူ့အဖေသည် သူ့အား သိုသိုသိပ်သိပ်နေပြီး သူတစ်ပါးအား သည်းခံရန်အတွက်အမြဲမှာကြားနေခဲ့သည်။
“ကယ်ပါဦး ငါ့ကို ကယ်ပါဦး င့ါကို ဘယ်သူကယ်တော့မှာလည်း....”
လွန်ခဲ့သည့်အချိန်က မာနထောင်လွှားနေခဲ့သည့် ဤလူငယ်သည် အော်ဟစ်အကူညီတောင်းကာ ငိုကျွေးလိုက်သည်။ သူသည် ဖိအားကြောင့် မြေပြင်ပေါ်တွင်လဲကျနေ၏။ သူ၏မျက်နှာသည် သေခြင်းတရားချည်းကပ်လာနေသည်ကို မြင်မိနေသည့်အတွက် ဖြူဖက်ဖြူယော်ဖြစ်နေ၏။ သို့သော် ဤကဲ့သို့ ကျယ်ပြန့်သည့်နေရာတွင် သူ၏ငိုကြွေးသံကို မည်သူမှကြားနိုင်မည်မဟုတ်ပေ။ ကြားသွားသည့်တိုင်အောင် ဤကဲ့သို အန္တရာယ်များသည့်နေရာတွင် လူပိုတစ်ယောက်သာဖြစ်လာမည့်လူအား မည်သူမှ ကယ်တင်လိုကြမည်မဟုတ်ပေ။
......
......
ဖှေးသည် သူ၏အနောက်တွင် ဘာဖြစ်ခဲ့သည်ကို မသိပဲအရှေ့သို့သာဆက်လက်ခရီးဆက်နေ၏။
အကြောင်းပြချက်တစ်ခုကြောင့် ဖှေးသည်ထိုလူအုပ်စုနှစ်ခုကို ဖြတ်ကျော်လာပြီးစွမ်းအားကြီးသည့်လူတစ်ယောက်၏ စိုက်ကြည့်ခြင်းကိုခံခဲ့ရသည့်အတွက် စိုးရိမ်နေလျှက်ရှိသည်။ ကြီးမားသည့်အရာတစ်ခုဖြစ်တော့မည်ဟု သူမကောင်းသည့်ခံစားချက်တစ်ကို ခံစားနေရ၏။ သူသည် ဒဏာရီလာနတ်စင်ကို အမြန်ဆုံးတွေ့အောင်ရှာရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ကမ္ဘာတစ်ခုလုံးသည် အပေါ်အောက်ပြောင်းပြန်လှန်သွားနိုင်သည့်အတွက်ပင်။
ဖှေးသည် တစ်ခါမှမကြုံဖူးသည့် ဖိအားတစ်ခုကို ခံစားနေရသောကြောင့်သိုင်းပညာရုပ်တုများမှ သိုင်းကွက်များကိုပင်လေ့လာနေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် အရှေ့သို့သွားနေသည့်အချိန်တွင် အရှေ့မှ စွမ်းအင်အရှိန်၀ါများထွက်ပေါ်လာနေသည်ကို အာရုံခံမိနေသည်။ ထိုစွမ်းအင်အရှိန်၀ါများသည် အလွန်စွမ်းအားမြင့်မားသည့်အတွက် ထိုသိုင်းဆရာများနှင့် ရင်ဆိုင်ရပါက အနိုင်ရရှိရန်အတွက် သူကိုယ်တိုင်ပင်မသေချာပေ။
သူ၏အရှေ့တွင်ပင် ကြိုရောက်နေသည့်လူများရှိနေသည့်အတွက်ကြောင့် ဖှေးပို၍ပင်စိုးရိမ်လာတော့သည်။
“ဟေဇယ်-ဘန့်ခ်ဘာလုပ်နေတာလဲ။ သူငါ့ကို မဆက်သွယ်သေးဘူး...ဟိုအရိုးနဂါးကရော လုပ်ကြံသတ်ဖြတ်သူတွေကို ရှင်းပြီးသွားပြီလား...”ဖှေးတွေးလိုက်မိသည်။ သို့သော် ထိုနှစ်ယောက်သည် စွမ်းအားမြင့်မားပြီး နှစ်ပေါင်းရာနှင့်ချီသည့်အတွေ့ကြုံများလည်းရှိသည့်အတွက် ဖှေးစိတ်အေးသွား၏။
ဖှေးအရှေ့သို့ ဆက်ပြေးသွားနေလျှက်ရှိသည်။ သူ၏မြေပုံသည် ကျန်ရှိနေသည့်သိုင်းဆရာများတွင်ရှိသည့် မြေပုံနှင့်မတူသည်ကို ဖှေးသတိထားလိုက်မိသည်။ ဖှေးသည် လမ်းတစ်လျှောက်တွင် ထောက်ချောက်တစ်ခုကိုမှ နင်းမိခဲ့ခြင်းမရှိသည့်အတွက်ပင်။ ထို့ကြောင့် သူ၏မြေပုံသည် လုံခြုံမှုရှိသည်ဟုစိတ်ချနိုင်၏။
မကြာမှီတွင် သူသည် လယ်ဗယ်၂၁ဒေသသို့ရောက်ရှိလာတော့သည်။
ဖိအားသည် ပို၍ပင်ပြင်းထန်လာတော့သည်။ ဖှေးကိုယ်တိုင်ပင် သူ၏စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ဖိအားဒဏ်ကိုသည်းခံနေရ၏။ သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ငွေရောင်အလင်းများတောက်ပနေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် လေးလံမှုတစ်ချို့ကိုပင် ခံစားနေရ၏။
......
“ဘုန်း...”
မြေပြင်ပေါ်တွင်ရှိနေသည့် ကျောက်ပြားတစ်ချက်သည် အသက်၀င်လာသလိုပင်။ အက်ကွဲကျောင်းတစ်ခုပေါ်လာပြီး ကြိုတင်ပြင်ဆင်မထားသည့် မြင့်မြတ်သောသူရဲကောင်းတစ်ယောက်သည် ကျောက်ပြား၏အောက်တွင်ရှိသည့် အဆုံးမဲ့သော တွင်းနက်ကြီးထဲသို့ ကျဆင်းသွားတော့၏။ ထို့နောက်တွင် ကျန်ရှိနေသည့် မဟာဘုရားကျောင်းမှအဖွဲ့များသည် အရှေ့သို့ တိုးလာပြီး ဘာမှမမဖြစ်သလိုပင် ထိုနေရာအား ရှောင်ကွင်းကာ သွားလိုက်ကြသည်။
သို့သော် ဤအရာသည် ထင်ယောက်ထင်မှားဖြစ်နေခြင်းမဟုတ်ကြောင်းသူတို့ကိုယ်တိုင်သိရှိသည်။ သူတို့၏အဖွဲ့၀င်တစ်ယောက်သည် ထောက်ချောက်မိကာ သေဆုံးသွားခြင်းပင်။
မဟာဘုရားကျောင်းကွက်မျက်ရေးတပ်ဖွဲ့တွင် အဖွဲ့၀င်၂၁ယောက်ပါရှိပြီး လေးယောက်သာ လအဆင့်သိုင်းဆရာများဖြစ်ကြသည်။ ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရီနီသည် အဖွဲ့ထဲတွင် စွမ်းအားအမြင့်မားဆုံးလူပင်။ သို့သော် သူသည် အသက်ကြီးကာ တစ်ကိုယ်ကောင်းဆန်သည့်လူတစ်ယောက်ဖြစ်သောကြောင့် သူ၏လူများကိုကယ်တင်လိုခြင်းမရှိပေ။ သူ၏မြင့်မြတ်သန့်စင်သောအတွင်းအားစွမ်းအင်များ ကုန်ခမ်းသွားသောကြောင့် တစ်ခြားရန်သူများ၏ သတ်ဖြတ်ခြင်းခံရမည်ကိုသာစိုးရိမ်နေ၏။ ကျန်ရှိနေသည့် လအဆင့်သိုင်းဆရာများသည်လည်း ဤကဲ့သို့သာ ယူဆထားကြသောကြောင့် လူခြောက်ယောက်ပင် သေဆုံးသွားပြီဖြစ်သည်။
“သေစမ်း ဒီနေရာက လူရောက်ပြီးသားဖြစ်တာတောင် ဘာလို့ ထောက်ချောက်တွေဒီလောက်ပေါနေရတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ...” ပယ်လီဂရီနီမှ အော်ဟစ်လိုက်သည်။
“ဟုတ်တယ်။ ဘာတွေဖြစ်ကုန်တာလဲ။ ဒီနေရာကို ဂျက်စီဖြတ်သွားတုန်းကတော့ ဘာထောင်ချောက်မှမရှိပါဘူး...” ထောက်ချောက်မိကာ သေခါနီးဖြစ်သွားသည့် သူရဲကောင်းတစ်ယောက်သည်လည်း မေးလိုက်သည်။ သူသည် ရုတ်တရက်တစ်စုံတစ်ခုကို သတိရလိုက်ကာ အကြံပေးလိုက်သည်။ “ဂျက်စီကများ တစ်စုံတစ်ခုကို သိပြီးတော့ ကျွန်တော်တို့ကို မပြောတာများလား...”
ဤအမြင်ကို လူအများစုမှ ထောက်ခံကြသည်။
“အဲ့လိုပဲဖြစ်ရမယ် အဲ့ကောင်က ငါတို့ကို မုန်းတီးနေတာပဲ။ အဲ့တာကြောင့် ငါတို့ကို တမင်သေအောင်လုပ်နေတာ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူကျတော့ လုံလုံခြုံခြုံဖြတ်သွားနိုင်ပြီးတော့ ဘာလို့ ငါတို့ပဲသေနေရတာလဲ။ သူက ငါတို့ကို သတ်ဖို့ကြိုးစားနေတာပဲ....”
“သေစမ်း ဒီကောင်ငယ်သေးတာတောင် ဒီလောက်ယုတ်မာနေတာ။ ဒီလိုစောက်ကျင့်မကောင်းတဲ့ကောင်က ဘယ်လိုဖြစ်ပြီးတော့ မဟာဘုရားကျောင်းထဲကိုရောက်နေရတာလဲ....”
“ငါတို့တွေသူ့ကို ရှေ့ကနေလမ်းကြောင်းရှင်းဖို့တာ၀န်မပေးသင့်ဘူး အခုသူက ငါတို့ကို သတ်ဖို့ကြိုးစားနေပြီ...”
“ရှေ့ဆက်မသွားနဲ့တော့ ဂျက်စီကို ခေါ်ပြီးရှင်းပြခိုင်းလိုက်...”
အဖွဲ့၀င်တော်တော်များများထောက်ချောက်မိကာ သေဆုံးသွားသည့်အတွက် မြင့်မြတ်သောသူရဲကောင်းများနှင့် သူတော်စင်များသည် ထိတ်လန့်နေကြ၏။ ဤအခိုက်တန့်တွင် သူတို့အဖွဲ့စည်း၏ အရှိန်၀ါနှင့် သူတို့ဂုဏ်ယူရသည့် မဟာဘုရားကျောင်းယူနီဖောင်းတို့သည်လည်း သူတို့အား ကယ်တင်နိုင်ခြင်းမရှိတော့ပေ။ သူတို့သည် သာမန်လူများကဲ့သို့ပင် အချိန်မရွေးသေဆုံးသွားနိုင်သည့်အတွက်ပင်။ သူတို့အားလုံးသည် စိုးရိမ်နေကြပြီး သူတို့အတွက် လုံခြုံသည့်လမ်းကြောင်းကို ရှေ့ဆုံးမှရှာပေးနေသည့် သူတော်စင်ဂျက်စီကိုသာအပြစ်ပုံချလိုက်ကြသည်။
လူများထဲတွင် စွမ်းအားအနည်းဆုံးဖြစ်သည့် သူရဲကောင်းအလန်ကသာလျှင် သူ၏ခေါင်းကို ငုံ့ကာသက်ပြင်းချလိုက်မိသည်။ သူသည် ၀င်ရောက်ပြောဆိုခြင်းမရှိပေ။ ဤအဖွဲ့ထဲတွင်ရှိနေသည့်လူတိုင်းသည် နဂိုကတည်းက ဂျက်စီအားမနှစ်သက်သည်ကို သိသည့်အတွက်ပင်။
ပထမဆုံးအနေဖြင့် ဂျက်စီဟုအမည်ရသည့် ငယ်ရွယ်သောသူတော်စင်ထံတွင် မြင့်မြတ်သည့်အရှိန်၀ါတစ်ခုရှိနေသောကြောင့် သူ၏အနီးတွင်ရှိနေသည့်လူတိုင်းအား နိမ့်ကျကာအပြစ်မကင်းသလိုခံစားရစေသည်။ ဒုတိယအချက်အနေဖြင့် ဤအဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ပယ်လီဂရီနီသည်လည်း ဂျက်စီအား နှစ်သက်ခြင်းမရှိပေ။ မကြာသေးမှီက လူရိုးလေးဂျက်စီသည် တေးတံသာအဖွဲ့မှအပျိုစင်များကို သူတို့အဖွဲ့အတွက် ပျော်ပါးရန်လာရောက်ဆက်သသည်အား ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် လူတိုင်းနီးပါးပင် သူ့အား မုန်းတီးနေခဲ့သည်။
ထို့ကြောင့် ဤကွပ်မျက်ခြင်းတပ်ဖွဲ့ ဒဏာရီလာနန်းတော်ထဲသို့ရောက်လျှင်ရောက်ခြင်းပင် ဂျက်စီအား ရှေ့ဆုံးမှလုံခြုံသည့်လမ်းကြောင်းရှာဖွေရန်အတွက် တာ၀န်ပေးလိုက်ကြ၏။ ဂျက်စီအား အသက်နှင့်ရင်းကာသူတို့အတွက် လုံခြုံသည့်လမ်းကြောင်းရှာဖွေခိုင်းခြင်းပင်။ ဤအဖွဲ့စည်း၏ ယုတ်မာမှုသည် အတိုင်းသားပေါ်လွင်နေ၏။
သို့သော် ဂျက်စီသည်လည်း အလွန်ပင်ကံကောင်းနေပုံရပြီး သူသည် မှော်ထောင်ချောက်များ၊ လူသတ်ယန္ဒရားများကို ထိမိခြင်းမရှိခဲ့ပေ။ တစ်ဖက်တွင် သူ့အနောက်မှလိုက်ပါလာသူများမှာ ကံကောင်းခြင်းမရှိပေ။ သူတို့ထဲမှ တစ်ချို့သည် ဂျက်စီခြေလှမ်းခဲ့သည့်နေရာများပေါ်သို့ လှမ်းရုံဖြင့်ပင် မှော်ထောက်ချောက်များအသက်၀င်လာကာ သေဆုံးသွားခဲ့ကြ၏။
ဂျက်စီသည် ဤအဖွဲ့၀င်များကို အန္တရာယ်ဖြစ်အောင် တမင်လုပ်နေသည်ဟု ဂျက်စီမထင်သော်လည်း ဖြစ်ပျက်နေသည့်အရာများသည် အလွန်ပင်ထူးဆန်းလွန်းလှသည်။
သူ၏အပေါင်းဖော်များ ဂျက်စီကို မတရားစွတ်စွဲနေသည်ကို ကြားရသည့်အချိန်တွင် အလန်အကူညီကင်းမဲ့သလိုခံစားနေရ၏။ သူသည် စွမ်းအားနိမ့်သည့်လူတစ်ယောက်မဟုတ်သည့်အတွက်ကြောင့် သူ့စကားကို မည်သူမှ ထည့်တွက်မည်မဟုတ်သောကြောင့်ပင်။
ဤအခိုက်တန့်သည် အလန်သည် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။ သူ၏ဘေးတွင်ရပ်နေသည့်လူများသည် ဘုရားသခင်အား ကိုယ်စားပြုသည့် သူတော်စင်များမဟုတ်ပဲ လောဘကြီးကာ မနာလိုစိတ်ကြီးမားသည့် နတ်ဆိုးများသာဖြစ်သည်ဟု ခံစားနေရခြင်းပင်။ ငယ်ရွယ်သည့် ဂျက်စီတစ်ယောက်သာလျှင် မြင့်မြတ်သန့်စင်ကား စိတ်ထားမွန်မြတ်သည့် သူတော်စင်အစစ်မှန်တစ်ယောက်ပင်။
ထိုကဲ့သို့သော လူမျိုးသည် ဘေးပတ်ပတ်လည်တွင်ရှိနေသည်လူများအား သူတို့၏အပြစ်များကို ပြန်လည်ကာ ပေါ်လွင်စေသည့်အတွက် ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများသည် သူ့အား ဖျက်ဆီးပစ်လိုနေခြင်းပင်။
“ကောင်းပြီ ဂျက်စီကို ပြန်လာဖို့ပြောလိုက်စမ်း...” ပယ်လီဂရီနီမှ သဘောတူလိုက်သည်။ ထို့နောက်တွင် သူ၏ခေါင်းကို ခါရမ်းကာ ရေရွတ်လိုက်၏။ “ဒီကောင်လေး နတ်ဆိုးတွေရဲ့သွေးဆောင်မှုနောက်ကို မပါသွားခဲ့ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့...”
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို စဥ်းစားမိကာ မေးလိုက်သည်။ “ဘုန်းတော်ကြီးပြောတာက မဟာဘုရားကျောင်းက အဆင့်မြင့်သိုင်းဆရာတစ်ယောက်လည်း ငါတို့အဖွဲ့ထဲလာဦးမယ်ပြောတယ်။ အဲ့သိုင်းဆရာက ဘာလို့ ရောက်မလာသေးတာလဲ။ တစ်ခုခုများဖြစ်ခဲ့လို့လား...”