← Chapters

အခန်း (၅၈၃)

Vol. 37 Ch. 583

အခန်း (၅၈၃)

Vol. 37 Ch. 583

ဂျက်စီပြန်ရောက်လာသည့်အချိန်တွင် သူ၏အပေါင်းဖော်များသည် သူ့အား ရန်လိုသည့် မျက်လုံးများဖြင့် ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူ့အား ကြည့်နေကြသည့်ပုံသည် စဥ်းတီတုံးပေါ်မှ ခုတ်ပိုင်းခံရတော့မည့်ငါးတစ်ကောင်ကဲ့သို့ပင် ခံစားရစေ၏။ သူသည် လူအရေတွက်ကို ရေတွက်ကြည့်လိုက်ပြီးသည့်အချိန်တွင် အံ့သြသွား၏။ သို့သော် မကြာမှီတွင်ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်သွားပြီး သက်ပြင်းချလိုက်သည်။

“လူတွေသေကုန်လို့လား...” ဂျက်စီသည် ခေါင်းဆောင်ဖြစ်သူ ပယ်လီဂရီနီထံသို့ လမ်းလျှောက်သွားကာမေးလိုက်သည်။

“တာလီကမြေပြင်ပေါ်မှာရှိတဲ့ ထောက်ချောက်တစ်ခုကြောင့် သေဆုံးသွားခဲ့တာပဲ။ သူ့ရဲ့၀ိဉာဥ်က ဘုရားသခင်ရဲ့ရင်ခွင်မှာ ငြိမ်းငြိမ်းချမ်းချမ်းခိုလှုံနိုင်ပါစေလို့ပဲ ငါယူဆပါတယ်...” ပယ်လီဂရီနီသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီးသေဆုံးသွားသည့်လူအတွက် ဆုတောင်းလိုက်၏။ ထို့နောက်တွင် ဂျက်စီအား အေးစက်စွာဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ “ဂျက်စီ မင်းကိုယ်မင်းရှင်းပြဖို့လိုနေပြီ။ မင်းလုံခြုံပါတယ်လို့ ပြောတဲ့လမ်းပေါ်မှ ဘာလို့ ထောင်ခြောက်တွေရှိနေတာလဲ...”

“ကျွန်တော်လဲ မသိဘူး...” ဂျက်စီသည် သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ “ကျွန်တော်ဒီလမ်းကလျှောက်သွားတုန်းက ဘာမှမဖြစ်တာကို ကျိမ်တွယ်ပြီးတော့ ပြောရဲပါတယ်...”

သူသည် ရိုးသားပွင့်လင်းသည့်ပုံရှိသည်။

“လုံခြုံတယ်ဟုတ်လား။ ထွီ အယုတ်တမာကောင် မင်းက လိမ်နေတာပဲ။ မင်းခွေးသား ငါတို့ကို သတ်ဖို့လုပ်နေတာမလား။ မင်းလုံခြုံတယ်လို့ပြောတဲ့လမ်းကနေသွားလို့ပဲ ငါတို့လူခြောက်ယောက်သေသွားပြီ။ ဂျက်စီ မင်းငါတို့ကို သတ်ဖို့ လုပ်နေတာမလား။ ဒါက ခွင့်မလွှတ်နိုင်စရာပဲ...” သေခါနီးဖြစ်ခဲ့သည်သူတော်စင်တစ်ယောက်သည် ဂျက်စီအား လက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။

ကျန်ရှိနေသည့်လူများသည်လည်း ဂျက်စီအနားသို့ ကပ်လာကြသည်။ တစ်ချို့သူရဲကောင်းများဆိုလျှင် ဓားများကိုပင် ဆွဲထုတ်ရန်အတွက် ပြင်ထားကြ၏။

သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ဂျက်စီသည်တစ်ဖက်သို့ လှည့်ကာ သူ့အား ရန်လိုခြင်းမရှိသည့် တစ်ယောက်တည်းသောသူရဲကောင်းအား မေးလိုက်သည်။ “အလန် တာလီဘယ်နေရာမှာ သေသွားခဲ့တာလဲ...”

“အဲ့နေရာမှာ...” အလန်သည် ဖြစ်ရပ်ဆိုးဖြစ်ပွားခဲ့သည့်နေရာအား ညွှန်ပြလိုက်သည်။

မျက်နှာပေါ်တွင် တည်ငြိမ်သည့်အမူယာတစ်ခုဖြင့် ဂျက်စီသည် ထိုနေရာသို့ လမ်းလျှောက်သွားလိုက်သည်။ လူတိုင်း၏ အာရုံစိုက်မှုများသည် သူ၏ခြေထောက်ထံသို့သာ ရောက်ရှိနေ၏။ ထိုငါးစက္ကန့်မျှအချိန်သည် မဟာဘုရားကျောင်းမှလူများ၏ စိတ်ထဲတွင် နှစ်ပေါင်းငါးရာလောက်ပင် ကြာမြင့်နေ၏။

ဂျက်စီသည် မြင့်မြတ်သောသူရဲကောင်တာလီမြေအောက်သို့ ကျွံကျသွားခဲ့သည့်နေရာတွင်ရပ်လိုက်သည်။ လူတိုင်းအံ့သြသွား၏။

သူတို့အားလုံး အံ့သြသွားကြ၏။ သူတို့မျှော်လင့်ထားသည့်မြင်ကွင်းသည်ထွက်ပေါ်လာခြင်းမရှိသည့်အတွက်ပင်။

ဂျက်စီသည် အ၀ါရောင်ကျောက်ပြားများခင်းထားသည့် လမ်းပေါ်တွင်ရပ်နေလျှက်ရှိသော်လည်း လူသတ်ယန္ဒယားများသည် အသက်၀င်လာခြင်းမရှိပေ။ လေညှင်းတစ်ခုတိုက်ခတ်သွားသည့်အချိန်တွင် ဂျက်စီ၏ ငွေရောင်ဆံပင်များလွှင့်ပျံသွား၏၊။ တစ်ချိန်တည်းမှာပင် သူ၏ ၀တ်ရုံပေါ်မှ လက်၀ါးကပ်တိုင်သင်္ကေတသည်လည်း ကြည်ရသည်မှာ ကျက်သရေရှိလှသည်။

ဤကဲ့သို့သော မြင်ကွင်းသည် လူတိုင်း၏မျက်လုံးထဲတွင် မဖြစ်နိုင်ဟုပင် ထင်ရသည်။

“ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ...”

ဂျက်စီအား လိမ်ညာသည်ဟု စွပ်စွဲခဲ့သည့် သူတော်စင်သည် ဒေါသဖြစ်သွား၏။ သူသည် ဂျက်စီထံသို့လမ်းလျှောက်သွားကာ သူ့အား တွန်းထုတ်လိုက်သည်။ သူသည် ထိုနေရာတွင်ရပ်ပြကာ သူ၏ သီအိုရီကို သက်သေပြရန်ပြင်ဆင်နေခြင်းပင်။

ဤအခိုက်တန့်တွင် မျှော်လင့်မထားသည့်အရာတစ်ခုဖြစ်ပေါ်လာ၏။

“ဘုန်း...” မြေပြင်ပေါ်တွင် ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာ၏။ ကျယ်ပြန့်သည့် စုပ်အားကြီးတစ်ခုပေါ်လာပြီး အချိန်မှီမတုန့်ပြန်နိုင်လိုက်သည့် သူတော်စင်အား မြေအောက်သို့ စုပ်ယူသွားတော့မည်ဖြစ်သည်။

“အန္တရာယ်ရှိတယ်...”

“ပြေးပြေး...”

“သေစမ်း မရဏတွင်းနက်ကြီးပဲ...”

လူတိုင်းအော်ဟစ်လိုက်ကြသည်။ သို့သော် သနားစရာကောင်းသည့် သူတော်စင်ကို မည်သူမှမှ မကူညီရဲကြပေ။ အေးစက်သည့်စွမ်းအင်များနှင့် ကြီးမားလှသည့်စုပ်အားသည် လူတိုင်းအား သေခြင်းတရားကို အာရုံခံမိစေ၏။ ထို့နောက်တွင် ထိုသူတော်စင်သည်လည်း တွင်းနက်ထဲသို့ ပြုတ်ကျသွားတော့သည်။

ဤအခိုက်တန့်တွင် အဖြူရောင်မြင့်မြတ်သန့်စင်သည့် စွမ်းအားတစ်ခုထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် တွင်းနက်ထံသို့လျှင်မြန်စွာပင် ပြေးသွားပြီးအောက်သို့ ပြုတ်ကျတော့မည်ဖြစ်သည့် သူတော်စင်အား ဆွဲထိန်းထားလိုက်သည်။

“ဖုန်း...”

ထိုသူသည် သူတော်စင်အား တွင်းနက်ထဲမှ ဆွဲထုတ်ရန်ကြိးစားနေသည့်အချိန်တွင် မြေပြင်ပေါ်တွင် ပေါ်လာသည့် အက်ကွဲကြောင်းကြီးသည်လည်း ပျောက်ကွယ်သွားတော့၏

ထိုသူတော်စင်သည် ကျဥ်းထဲမှထွက်ခွာနိုင်ခဲ့သော်လည်း သူ၏ ဒူးအောက်မှ ခန္ဓာကိုယ်အစိတ်ပိုင်းများသည် ကျင်းထဲတွင်သာရှိနေသေးသောကြောင့် အက်ကွဲကြောင်းပျောက်ကွယ်သွားသည့်အချိန်တွင် ခြေထောက်နှစ်ဖက်လုံးပိုင်းပြတ်သွား၏။ သူ၏အသက်ကို ကယ်တင်ခဲ့သည့်လူမှာ သူတော်စင်ဂျက်စီပင်။

“အား...င့ါခြေထောက်တွေမရှိတော့ဘူး...” ထိုသူတော်စင်မှာအော်ဟစ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ သနားဖွယ်ပင်။ သူ၏ အောက်ပိုင်းခြေထောာက်နှစ်ဖက်သည် ချွန်ထက်သည့် ဓားတစ်လက်ဖြင့် ခုတ်ပိုင်းခံထားသလိုင် သေသေသပ်သပ်ချောချောမွေ့မွေ့ပင် ပြတ်တောက်နေ၏။ အဖြူရောင်အရိုများနှ့င် သွေးထွက်နေသည့် အသားများကိုပင် မြင်နေရသည်။ ဒဏ်ရာမှ သွေးများအဆက်မပြတ်ပန်းထွက်နေ၏။

“အမြန်လုပ်သူ့ကို ကယ်ကြလေ...” ဂျက်စီသည် စိုးရိမ်စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏အဖြူရောင်မြင့်မြတ်သောစွမ်းအင်များကို ဒဏ်ရာများထဲသို့ စီး၀င်စေလိုက်သည်။ သူသည် ဤသနားစရာကောင်းသည့် သူတော်စင်အား ကယ်တင်နိုင်ရန်အတွက် ကုသခြင်းမှော်အစွမ်းတစ်ခုကို အသုံးပြုနေခြင်းပင်။

“ဘာတွေဖြစ်ကုန်တာလဲ...” အဖွဲ့ထဲတွင်ရှိသည့်လူများတုန်လှုပ်သွားကြသည်။ ၀်ရုံနီသူတော်စင် ပယ်လီဂရီနီအပါ၀င်ဖြစ်သည်။ သူတို့၏ ပထမဆုံးဆုံးဖြတ်ချက်သည် ဒဏ်ရာရနေသည့် သူတော်စင်အား မကယ်တင်ရန်ဖြစ်သည်။ သို့သော် သူတို့သည် ဂျက်စီအား ထိတ်လန့်စွာဖြင့်ကြည့်လိုက်ကြသည်။ ဂျက်စီထိုနေရာတွင် ရပ်ပြစဥ်က ဘာမှမဖြစ်သော်လည်း နောက်ထပ်သူတော်စင်တစ်ယောက်ထိုနေရာတွင်ရပ်သည့်အချိန်၌ အက်ကွဲကြောင်းကြီးတစ်ခုပါ်လာကာ ၀ါးမြိုရန်ကြိုးစားခဲ့သည့်အတွက်ပင်။

“အဲ့တာ ဂျက်စီပဲဖြစ်ရမယ် သူတစ်ခုခုလှည့်စားနေတာ...” သူရဲကောင်းတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ မည်သူမှ ထိုသူရဲကောင်းဘက်တွင်မရှိတော့ပေ။ လူတိုင်း၏အမူယာများသည် ဆိုး၀ါးလျှက်ရှိနေပြီး ဤကဲ့သို့သောအခြေအနေသည် မိမိကိုယ်မိမိအပြစ်မကင်းသလိုခံစားနေကြရသည့်လူများကို ဘုရားသခင်မှသူတို့အား စွန့်ခွာသွားသလို ခံစားရစေ၏၊

ပယ်လီဂရနီသည် တစ်စုံတစ်ခုကို တွေးလိုက်မိကာ မျက်နှာမုုန်ကုပ်နေ၏။ တိတ်ဆိတ်မှုသည် စိတ်မသက်မသာဖြစ်ဖွယ်ပင်။

ရုတ်တရက် အလန်၏ အာမေဍိတ်သံတစ်ခုသည် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်၏။

လူတိုင်း အလန်၏မျက်လုံးများကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်သည့်အချိန်တွင် သူတို့အားလုံး ကျက်သေသေသွားကြတော့၏။

အဖြူရောင်မြင့်မြတ်သန့်စင်သည့်စွမ်းအင်များသည် ဂျက်စီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထူထပ်သည်ထက်ပို၍ ထူထပ်လာတော့သည်။ နောက်ဆုံးတွင် မြင့်မြတ်သန့်စင်သည့်စွမ်းအင်များသည် အလွန်ပင်သိပ်သည်းလှသည့်အတွက်ကြောင့် ဂျက်စီအား အဖြူရောင်အလင်းတန်းမျာဖုံးလွှမ်းသွားတော့၏။ ဤထူထဲသည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များသည် မည်သည့်အဓိပ္ပါယ်ကို ဆောင်သည်ကို လူတိုင်းသိရှိသည့်အတွက်ကြောင့် ဤမြင်ကွင်းသည် ထိတ်လန့်ဖွယ်ပင်။

“၀ုန်း...”

ငှက်တစ်ကောင်အတောင်ပံခတ်လိုက်သလိုပင် ဆူညံသံများသည် လူတိုင်းအား ကျက်သေသေနေရာမှ ပြန်လည်နိုးထလာစေသည်။ သို့သော် သူတို့ ထပ်မံမြင်တွေ့လိုက်ရသည့်အရာသည် သူတို့အား ထက်မံကာ ကျက်သေသေသွားပြန်တော့သည်။

ကြီးမားသည့်အတောင်ပံတစ်စုံသည် ဂျက်စီ၏နောက်ကြောပေါ်တွင်ပေါ်နေသည့်အတွက်ပင်။

ထိုတောင်ပံသည် မီတာ၂၀ခန့်ရှည်လျားပြီး အတောင်ပံပေါ်မှ ငှက်မွေးတစ်ချောင်းခြင်းစီိုင်းကို မြင်နေရ၏။ အလွန်သန့်စင်ကာ လှပလှသည်။ အတောင်ပံသည် အလွန်အသက်၀င်သည့်ပုံပေါက်နေသော်လည်း ထိုအတောင်ပံအားမြင့်မြတ်သန့်စင်သည့်စွမ်းအားများဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်းကို လူတိုင်းသိကြသည်။ တကယ်တန်းတွင် ထိုအရာသည် သူတော်စင်များလ၀က်အဆင့်သို့ရောက်သည့်အချိန်တွင်ရရှိနိုင်သည် ကောင်းချီးပေးခြင်း အတောင်ပံများဖြစ်သည့်အတွက်ပင်။

“ဂျက်စီက လခြမ်းအဆင့်သူတော်စင်တစ်ယောက်လား...” လူတိုင်း ကမ္ဘာကြီးတစ်ခုလုံးပြောင်းပြန်ဖြစ်သွားသလို ခံစားလိုက်ကြရ၏။ လခြမ်းအဆင့်သိုင်းဆရာများသည် မဟာဘုရားကျောင်းတွင်အလွန်အရှိန်၀ါကြီးပြီး ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရနီပင် လခြမ်းသိုင်းဆရာများနှင့် နှိုင်းယှဥ်ကြည့်ပါက ဘာမှမဟုတ်သည့်အတွက်ပင်။ ဂျက်စီဆန္ဒရှိပါက ၀တ်ရုံနီ၀တ်သူတော်စင်တစ်ယောက်အား လက်၀ှေ့ရမ်းလိုက်ရုံဖြင့်ပင် အလွယ်တကူသတ်ဖြတ်ပစ်နိုင်၏။

သူတို့အနိုင်ကျင့်နေကျဖြစ်သည့် ဤသူတော်စင်ငယ်လေးသည် တကယ်တန်းတွင် အရှိန်၀ါကြီးသည့်လူတစ်ယောက်ပင်။

ဤကွပ်မျက်ရေးအဖွဲ့ထဲတွင်ရှိသည့်လူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချွေးများပျံလာတော့၏။ အဖွဲ့ထဲတွင်ရှိသည့်လူတိုင်းကြောက်ရသော ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရနီပင် အံ့သြကာ သူ၏အပြုမူများအတွက်နောက်တရနေတော့သည်။

သူသည် မြောက်ပိုင်းဒေသဘုရားကျောင်းတွင် အဆင့်နိမ့်သော ၀တ်ရုံနီသူတော်စင်တစ်ယောက်သာဖြစ်သည်။ သူသည် ကွပ်မျက်ရေးဌာနတွင်အာဏာရှိသည့်လူတစ်ယောက်မဟုတ်ပေ။ သူသည် ထိုဌာနထဲတွင်ရှိသည့် အရှိန်၀ါကြီးသောလူတစ်ချို့၏ သစ္စာရှိနောက်လိုက်တစ်ယောက်သာဖြစ်၏။ ဤအရာသည် ပထမဆုံးအနေဖြင့် တာ၀န်ဖြင့်ခရီးထွက်ဖူးခြင်းပင်။ ထို့ကြောင့် အပြင်လောကတွင် အာဏာဖြင့်စိုးမိုးနိုင်ခြင်း၏ အရသာကိုသဘောကျနေခဲ့မိသည်။ သူသည် ပတ်ပတ်လည်တွင်ရှိနေသည့်လူများကို လိုသလိုအမိန့်ပေးစေခိုင်းနိုင်ခဲ့သည့်အတွက် ဤခံစားချက်ကို စွဲလမ်းနှစ်သက်ခဲ့မိသည်။ သူသည် မဟာဘုရားကျောင်းထဲတွင် အတွေ့ကြုံများစွာရှိခဲ့သဖြင့် မာနထောင်လွှားခြင်းမရှိပေ။ သူသည် အဖွဲ့ထဲတွင်ရှိနေသည့်လူတိုင်း၏နောက်ခံသမိုင်းကြောင်းကို များစွာစုံစမ်းခဲ့ပြီးဖြစ်သည်။ သို့သော် ဂျက်စီကိုမူ သာမန်ပညာသင်သူတော်စင်တစ်ယောက်ဟုသာထင်သောကြောင့် အာရုံစိုက်ခဲ့ခြင်းမရှိပေ။

သူလေ့လာခဲ့သလောက်ဆိုပင်က ဂျက်စီသည် မြောက်ပိုင်းဒေသဘုရားကျောင်းသို့ လွန်ခဲ့သည့်တစ်နှစ်ကရောက်ရှိလာခဲ့သည့် အငယ်တန်းသူတော်စင်တစ်ယောက်သာဖြစ်သည်။ ဤလူငယ်သည် နောက်ခံများစွာမရှိပဲ ၀ေးလှံခေါင်ဖျားသည့်နေရာတစ်ခုမှဖြစ်သည့်အတွက်ကြော့င် တောသားတစ်ယောက့်သို့ ဆက်ဆံခံရကာ မည်သူမှ သူ့အား ဂရုမစိုက်ခဲ့ကြပေ။

ထို့ကြောင့် ပယ်လီဂရီနီသည်လည်းအဖွဲ့ထဲမှလူများ တစ်ခါတစ်ရံတွင် ဂျက်စီအား အနိုင်ကျင့်ကြသည်ကို သိရှိသော်လည်းမျက်ကွယ်ပြုထားခဲ့ခြင်းပင်။

ဤသူတော်စင်အဖိုးကြီးသည် ဂျက်စီ၏ ငယ်ရွယ်နုပျိုမှုကို မနာလို၍လည်းဖြစ်ပေလိမ့်မည်။ သို့မဟုတ် ဂျက်စီ၏ မြင့်မြတ်သန့်စင်သောအရှိန်၀ါသည် သူ့အား ဘုရားကျောင်းတွင် အာဏာလုပဍိပတ်ခတိုက်ပွဲများစွာထဲတွင်ပါ၀င်ခဲ့ဖူးသူတစ်ယောက်အနေဖြင့် အပြစ်မကင်းသလိုခံစားရကာ နေမသာထိုင်မသာဖြစ်သောကြောင့်လဲဖြစ်နိုင်၏။ ထို့ကြောင့် တစ်ခြားအဖွဲ့၀င်များကဲ့သို့ပင် ပယ်လီဂရီနီသည်လည်း ဂျက်စီအား သဘောကျနှစ်ခြိုက်ခြင်းမရှိပေ။ သူဤလူငယ်အားတွေ့လျှင်တွေ့ခြင်းပင် မနှစ်သက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကံတရားသည် တစ်ခါတစ်ရံတွင်လူသားများအား ကစားတတ်၏။

သူ၏ဘ၀တွင် ဂရုစိုက်ကာ အရှိန်၀ါကြီးမားသည့် လူများကို တစ်ခါမှ မစော်ကားခဲ့ဖူးသည့် ပယ်လီဂရီနီသည် အာဏာ၏အရသာကို ရရှိခဲ့ပြီးသည့်အချိန်တွင်မူ အဆင့်မြင့်သူတော်စင်တစ်ယောက်ကို စော်ကားလိုက်မိပြီဖြစ်သည်။ ဤအဖွဲ့ထဲတွင်ရှိသည့်လူများ၏ မျက်လုံးထဲတွင် သူသည် လခြမ်းသူတော်စင်တစ်ယောက်ကို အမှန်တကယ်ပင် ရန်စလိုက်မိခြင်းပင်။

All Chapters