“၀တ်ရုံနက်ကျောင်းတော်”
Vol. 37 Ch. 584
မိနစ်အနည်းငယ်ကြာပြီးသည့်အချိန်တွင် ဂျက်စီ၏ ခန္ဓာကိုယ်ပေါ်မှမြင့်မြတ်သန့်စင်သည့်စွမ်းအင်များသည် အနည်းငယ်ငြိမ်ကျသွား၏။ တစ်ချိန်တည်းမှာပင် သူ၏နောက်ကြောပေါ်မှ ကောက်ချီးပေးခြင်းအတောင်ပံမှာလည်း ကိုယ်ပိုင်အသိဉာဏ်ရှိနေသည့်အတိုင်းပင် ပျောက်ကွယ်သွားပြီဖြစ်သည်။
ခြေထောက်ပြတ်သွားခဲ့သည့် သူတော်စင်သည် ယခုအချိန်တွင် အသက်အန္တရာယ်မရှိတော့ပေ။ ဒဏ်ရာများသည်လည်း သွေးတိတ်သွားပြီဖြစ်သည်။ ယခုအချိန်တွင် ဒဏ်ရာများအားလုံးပျောက်ကင်းသွားပြီဖြစ်သောကြောင့် သူသည် ဒဏ်ရာရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာကြာနေသကဲ့သို့ပင်။ သို့သော် သူ၏ခြေထောက်များကို အကောင်းပတိဖြစ်အောင်ပြန်လည်ပြုလုပ်ရန်မှာမဖြစ်နိုင်သလောက်ပင်။ နေအဆင်သခင်များပင် ပြန်လည်ကုသပေးနိုင်ခြင်းမရှိကြပေ။ နတ်ဘုရားများသာလျှင် ဤကဲ့သို့သော စွမ်းအားရှိ၏။
“မင်းတို့တွေ ထလို့ရပါပြီ...” ဂျက်စီသည် ဆက်လက်၍ သိုသိုသိပ်သိပ်နေရန်မဖြစ်နိုင်တော့ကြောင်းကို သဘောပေါက်လိုက်သည်။ သူသည် ဒူးထောက်နေကြသည့် သူ၏အဖွဲ့သားများကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ “မင်းတို့တွေ ဒီလိုမလုပ်ကြပါနဲ့ ငါက တကယ်ပဲ ပညာသင်သူတော်စင်တစ်ယောက်ပါ။ ငါ့ရဲ့စွမ်းအားတွေကတော့...ငါက ၀တ်ရုံနတ်ကျောင်းတော်ကပါ....”
“၀တ်ရုံနက်ကျောင်းတော်က ဟုတ်လား...” မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့်လူများအံ့သြသွားကြသည်။ “ဘုရားသခင်က မျက်ကွယ်ပြုထားတဲ့ကျောင်းတော်လား....”
ဂျက်စီပြောလိုက်သည့်အရာကြောင့် အုံးအုံးကြွကြွဖြစ်သွား၏။
သူရဲကောင်းများသည် ဂျက်စီအား ယခင်ကလို လေးစားကြောက်ရွံ့သည့်အကြည့်များဖြင့်ကြည့်ခြင်းမရှိတော့ပေ။ သူတို့သည် စိတ်သက်သာရာရသွားကာ ယခင်ကလိုပင် ဂျက်စီအား အထင်မြင်သေးသည့်အမူယာများဖြင့်ကြည့်လိုက်ကြ၏။ သူတို့ထဲမှ တစ်ချို့ဆိုလျှင် မက်တပ်ရပ်လိုက်ကာ ဆက်လက်ထူးထောက်လိုခြင်းမရှိတော့ပေ။ ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရီနီ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အမူယာတစ်ခုပေါ်လာ၏။ သူသည် ယခင်ကလို စိုးရိမ်က မျှော်လင့်ချက်မဲ့နေခြင်းမရှိတော့ပေ။ သူ၏ဘေးတွင်ရှိနေသည့် သူတော်စင်တစ်ချို့၏ အကူညီဖြင့် သူသည် တောင်၀ှေးဖြင့်ထောက်ကာ မက်တပ်ထလိုက်သည်။
သူ၏ ဆုံးဖြတ်ချက်ကိုပင်နောက်တရလိုက်မိသည်။ သူသည် အလျှင်စလိုဖြင့် တုန့်ပြန်လိုက်ခဲ့မိသည့်အတိုင်းပင်။ ၀တ်ရုံနောက်ကျောင်းတော်မှ လူတစ်ယောက်ရှေ့တွင်ဒူးထောက်ရခြင်းသည် သူ့ဘ၀တွင် ကြီးမားသည့်အရှက်ရမှုကြီးတစ်ခုပင်။
အလန်၏မျက်နှာပေါ်မှအမူယာသည်လည်း ဆက်တိုက်ပင်ပြောင်းလဲနေ၏။ နောက်ဆုံးတွင် သူသည် ဂျက်စီအတွက် စိတ်မကောင်းဖြစ်နေသလိုပင်။ စွမ်းအားမြင့်မားသည့် သူတော်စင်တစ်ယောက်သည် ၀တ်ရုံနက်ကျောင်းတော်မှဖြစ်လိမ့်မည်ဟု သူထင်မထားသည့်အတွက်ပင်။
၀တ်ရုံနက်ကျောင်းတော်သည် မဟာဘုရားကျောင်းထဲမှ လူတော်တော်များများမပြောချင်သည့် ကျောင်းတော်တစ်ခုပင်။
လွန်ခဲ့သည့်နှစ်၁၀၀ခန့်က ထိုကျောင်းတော်သည် ထိပ်ဆုံးတွင်ရှိနေခဲ့ပြီး မည်သည့်ကျောင်းတော်ကမှပင် မရခဲ့ဖူးသည့် အမြင့်ဆုံးနေရာကိုရောက်ရှိခဲ့သည်။ မဟာဘုရားကျောင်း၏ ယခင်ပုပ်ရဟန်းမင်းခြောက်ပါးထဲတွင် လေးပါးသည် ၀တ်ရုံနက်ကျောင်းတော်မှဖြစ်သည့်အတွက်ပင်။ ယခင်က ပုပ်ရဟန်းမင်းဖြစ်သည့် နီကိုလာသည်လည်း ၀တ်ရုံနက်ကျောင်းတော်မှပင်ဖြစ်ပြီး မဟာဘုရားကျောင်း၏ အဓိက အင်အား ရှစ်ခုဖြစ်သည့် ကွပ်မျက်ရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ သူရဲကောင်းတပ်ဖွဲ့စသည်တို့တွင် ဌာနငါးခု၏ အကြီးကဲများသည်လည်း ၀တ်ရုံနက်ကျောင်းတော်မှဖြစ်ခဲ့သည်။ ထိုခေတ်က မဟာဘုရားကျောင်းထဲတွင် မည်သည့်ကျောင်းတော်မှ ၀တ်ရုံနက်ကျောင်းတော်နှ့င် ယှဥ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ ၀တ်ရုံနက်ကျောင်းတော်မှ သူတော်စင်များနှင့် သူရဲကောင်းများသည်လည်း ဂုဏ်ယူ၀င့်ကြွားခဲ့ရသည်။ ရိုးရိုးရှင်းရှင်းပြောရမည်ဆိုပါက ၀တ်ရုံနက်ကျောင်းတော်မှ အောက်ခြေအလုပ်သမားများကပင် တစ်ခြားကျောင်းတော်များမှ သူတော်စင်များ၊ သူရဲကောင်းများထက် များစွာပို၍အရှိန်၀ါကြီးမားနေခဲ့သည်။
သို့သော် လွန်ခဲ့သည့်နှစ်တစ်ရာတွင် အခြေအနေသည် သိသိသာသာပင်ပြောင်းလဲသွားခဲ့၏။
အပေါ်တွင်ရောက်နေသည့် အရာမှန်သမျှတစ်ချိန်ချိန်တွင် အောက်သို့ကျဆင်းရမည်ဟူသည့် လောကနိယာမသဘောတရားကြောင့်လည်းဖြစ်လျှင်ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သည့်နှစ်တစ်ရာခန့်က ပုပ်ရဟန်းမင်းကြီး နီကိုလာနှင့် ၀တ်ရုံနက်ကျောင်းတော်၏ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်တို့သည် လျို့၀ှက်ထူးဆန်းစွာပင် မြင့်မြတ်သောတောင် ၀ေလုတောင်မှာ ပျောက်ကွယ်သွားခဲ့သည်။
ဤသတင်းသည် တိုက်ကြီးတစ်ခုလုံးအတွက် ထိတ်လန့်အံ့သြဖွယ်ပင်။ အစပိုင်းတွင် မည်သူမှ ဤသတင်းကို ယုံကြည်ခဲ့ခြင်းမရှိပေ။ ပုပ်ရဟန်းမင်းကြီးနီကိုလာသည်လည်း တိုက်ပေါ်တွင် စွမ်းအားအကြီးမားဆုံးသိုင်းဆရာများထဲမှ တစ်ယောက်ဖြစ်ပြီး ၀တ်ရုံနက်ကျောင်းတော်၏ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်သည်လည်း နေအဆင့်သခင်တစ်ယောက်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးသည် ခြေရာလက်ရာပင် ကျန်ရှိခဲ့ခြင်းမရှိပဲ ၀ေလုတောင်ပေါ်မှ ပျောက်ကွယ်သွားခြင်းသည် မယုံနိုင်စရာပင်။
ထို့နောက်တွင် မဟာဘုရားကျောင်းအဖွဲ့စည်းကြီးနှင့် ဒေသဆိုင်ရာဘုရားကျောင်းကြီးလေးခုတို့တွင် အာဏာအလှည့်ပြောင်းများဖြစ်ပေါ်လာ၏။
၀တ်ရုံနက်ကျောင်းတော်မှ တစ်ချို့သိုင်းဆရာများသည် လက်ခြားချေရန်အတွက် စတင်ကာ စုံစမ်းလာကြတော့သည်။ မကြာမှီတွင် ပုပ်ရဟန်းမင်းကြီးနှင့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တို့ ပျောက်ကွယ်သွားခြင်းသည် အောက်လမ်းဘုရားကျောင်း၏ လက်ချက်မကင်းဟု မဟာဘုရားကျောင်းမှ စုံစမ်းဖော်ထုတ်မိခဲ့သည်။ ထို့ကြောင့် ၀တ်ရုံနက်ကျောင်းတော်မှ သိုင်းဆရာများသည် တိုက်ပေါ်တွင်ရှိသည့် အောက်လမ်းဆရာများကို စတင်ကာ ရှာဖွေသတ်ဖြတ်ကြတော့သည်။ သို့သော် တစ်ချို့သော စုံထောက်များသည် မသင်္ကာဆရာကောင်းသည့် အရာတစ်ချို့ကိုလည်း သတိထားခဲ့မိသည်။ ထိုအချိန်တွင် အောက်လမ်းဆရာများစွာသေဆုံးခဲ့သော်လည်း ၀တ်ရုံနက်ကျောင်းတော်မှ စွမ်းအားမြင့်သည့် သိုင်းဆရာတစ်ချို့လည်း သေဆုံးသွားခဲ့သည်ကိုပင်။
ထိုဖြစ်ရပ်၏ သက်ရောက်မှုသည် နှစ်နှစ်ဆယ်ကြာသည်အထိပင် ပျောက်ကွယ်သွားခဲ့ခြင်းမရှိပေ။
နှစ်၂၀ကြာပြီးနောက်တွင် ပုပ်ရဟန်းမင်းကြီး ဘလတ်တာအာဏာရရှိလာပြီး သူသည် ၀တ်ရုံနက်ကျောင်းတော်၏ ပြိုင်ဘက်ဖြစ်သော တစ်ခြားကျောင်းတော်တစ်ခုမှ သူတော်စင်ဖြစ်၏။
ထို့ကြောင့် ပုပ်ရဟန်းမင်းအသစ်သည် ထိန်းချုပ်နိုင်သူအသစ်တစ်ယောက်ထွန်းပေါက်လာခြင်းကို ကိုယ်စားပြု၏။
ပုပ်ရဟန်းမင်းအသစ်အတွက် အကြီးမားဆုံးသော ချမ်းခြောက်မှုတစ်ခုသည် ၀တ်ရုံနက်ကျောင်းတော်သည် ထိုကဲ့သို့သော အခြေအနေမှာပင် စွမ်းအားအမြင့်မားဆုံးကျောင်းတော်တစ်ခုဖြစ်နေဆဲ၌င်။ ယခင် ပုပ်ရဟန်းမင်းပျောက်ကွယ်သွားပြီးသည့်အချိန်တွင် ၀တ်ရုံနက်ကျောင်းတော်မှဖြစ်ကြသည့် မဟာဘုရားကျောင်းအကြီးကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် လျို့၀ှက်စွာပင်သေဆုံးသွားခဲ့ကြသည် ထို့ကြောင့် ၀တ်ရုံနက်ကျောင်းတော်၏ အာဏာသည်လည်း တဖြည်းဖြည်းလျှော့ကျလာခဲ့၏။
ပထမပိုင်းတွင် ထိုကျောင်းတော်သည် အာဏာအတော်တန်ရှိနေခဲ့ဆဲပင်။ သူ့တွင် ကြွယ်၀မှုများစွာကျန်ရှိနေသေးသည့်အတွက်ပင်။ ထို့သော် ပုပ်ရဟန်းမင်းအသစ်နှင့် ကျန်ရှိနေသည့် အင်အားစုများ၀ိုင်း၀န်းတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ၀တ်ရုံနက်ကျောင်းတော်သည်လည်း အခြေအနေဆိုးသည်ထက်ပို၍ ဆိုး၀ါးလာခဲ့၏။
စုဆောင်းမှုများစွာ ကျန်ရှိနေသေးသည့် ၀တ်ရုံနက်ကျောင်းတော်သည်လည်း ပြန်လည်တိုက်ခိုက်ရန်အတွက် ကြိုးစားခဲ့သည်။
ပုပ်ရဟန်းမင်း နီကိုလာ ပျောက်ကွယ်သွားပြီးနှစ်ငါးဆယ်ကြာသည့်အချိန်တွင် ၀တ်ရုံနက်ကျောင်းတော်၏ သစ္စာရှိအဖွဲ့၀င်များသည် ပလတ်တီနီဟုအမည်ရသည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကို ခေါ်ထုတ်လာခဲ့သည်။ ထိုဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်သည် အလွန်ပင်အရည်ခြင်းရှိပြီး အသက်၂၅နှစ်မှာပင် နေအဆင့်သခင်တစ်ယောက်ဖြစ်လာခဲ့သည်။ သူ၏အရှိန်၀ါသည် တစ်ခြားပါရမီရှင်များ၏အရှိန်၀ါကိုပင် လွှမ်းမိုးခဲ့၏။ သူသည် လူအများ၏ ချစ်ခင်နှစ်သက်မှုကို ခံရပြီး သူ့အတွက် ပိုင်ဆိုင်မှုများစွာကိုအသုံးပြုခဲ့သည့် ၀တ်ရုံနက်ကျောင်းတော်သည်လည်း သူသည် ကျောင်းတော်အတွက် မျှော်လင့်ချက်ဖြစ်သည်ဟုထင်ခဲ့၏။
သို့သော် ထိုလူကပင် ၀တ်ရုံနက်ကျောင်းတော်၏ တစ်ခုတည်းသောမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်လိမ့်မည်ဟု မည်သူကမှထင်လိမ့်မည်မဟုတ်ပေ။ ပလတ်တီနီ နေအဆင့်သခင်တစ်ယောက်ဖြစ်လျှင်ဖြစ်ခြင်းပင် သူသည် ၀တ်ရုံနက်ကျောင်းတော်၏ လမ်းစဥ်များ၊ ဆုံးမမှုများကို လက်ခံတော့မည်မဟုတ်ဟု ကြေငြာကာ ပုပ်ရဟန်းမင်းကြီး ဘလတ်တာ၏ကျောင်းတော်ထဲသို့ ၀င်ကာ ၀တ်ရုံနက်ကျောင်းတော်ကို သစ္စာဖောက်ခဲ့သည်။
ထိုရိုက်ချက်သည် ၀တ်ရုံနက်ကျောင်းတော်အတွက် သေစေနိုင်သည့် ရိုက်ချက်ပင်။
ကျောင်းတော်၏ သစ္စာရှိသည့်အဖွဲ့၀င်များသည် ပြုစုပျိုးထောက်ရန်အတွက် တစ်ခြားဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များကို စုဆောင်းခဲ့သေးသော်လည်း ထိုကဲ့သို့သော ကြိုးစားမှုများသည် အသုံးမ၀င်လှပေ။ ထိုဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်များသည် ရင့်မှည့်လာရန်ပင်အချိန်မရလိုက်ပေ။ သူတို့အားလုံးသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ကြ၏။ နောက်ဆုံးတွင် ၀တ်ရုံနက်ကျောင်းတော်သည် နှစ်၄၀လုံးဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကိုမှ စည်းရုံးနိုင်ခဲ့ခြင်းမရှိသည့်အတွက်ကြောင့် ပုပ်ရဟန်းမင်းကြီးရာထူးအား ယှဥ်ပြိုင်နိုင်ခဲ့ခြင်းမရှိပေ။ မဟာဘုရားကျောင်း၏ အဓိကကျောင်းတော်တစ်ခုပင် မဟုတ်တော့ပဲ အရေးမပါသည့် ကျောင်းတော်တစ်ခုအဖြစ်သို့ရောက်ရှိသွားခဲ့ရသည်။
၀တ်ရုံနက်ကျောင်းတော်သည်နှစ်၄၀လုံးတွင် ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်မှပင်ရရှိခဲ့ခြင်းမရှိသည့်အတွက်ကြောင့် ကံဆိုးနေသည့် ကျောင်းတော်အဖြစ်သက်မှတ်ခံလိုက်ရ၏။ ထို့ကြောင့် တစ်ချိန်က လူများကြားထဲတွင် အလွန်အရှိန်၀ါကြီးမားခဲ့သည့်ကျောင်းတော်သည် သူတောင်းစားကဲ့သို့ပင်ဖြစ်လာခဲ့၏။ နောက်ဆုံးတွင် ကျောင်းတော်ထဲတွင် သစ္စာရှိအဖွဲ့၀င်အယောက်၁၀၀သာကျန်ရှိတော့၏။
မျိုးဆက်သစ်များမရှိတော့ခြင်း အဆင့်မြင့်သိုင်းဆရာများ၏အထောက်ပံ့ကိုမရရှိခဲ့သည့်အတွက်ကြောင့် ၀တ်ရုံနက်ကျောင်းတော်၏ အာဏာသည် ကျဆင်းသည်ထက်ပင် ပို၍ကျဆင်းလာခဲ့ကာ ကျောင်းတော်များကြားထဲတွင်ရှိသည့်တိုက်ပွဲများတွင်ရှုံးနိမ့်ခဲ့သည်။ သူတို့၏ ရပိုင်ခွင့်များကိုလည်း ဆုံးရှုံးခဲ့ကာ ၀ေလုတောင်မှပင် နှင်ထုတ်ခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင် ၀တ်ရုံနက်ကျောင်းတော်သည် ၀ေလုတောင်ပေါ်တွင်ရှိသည့် သူတို့၏ ကျောင်းတော်ကိုပိတ်ကာ ဖြစ်ရပ်ဆိုးများကိုရှောင်ကျဥ်နိုင်ရန်အတွက် အ၀ေးသို့ တိမ်းရှောင်လိုက်ရ၏။
ထို့နေ့မှစပြီး ၀တ်ရုံနက်ကျောင်းတော်၏ အဖွဲ့၀င်၁၁၃ယောက်သည် မြောက်ပိုင်းဒေသဘုရားကျောင်းသို့ ပြောင်းရွေ့ခဲ့ရပြီး ရသမျှကို လုပ်ကိုင်ကာ အသက်ရှင်နိုင်ရန်အတွက် ကြိုးစားခဲ့ရသည်။
တကယ်တန်းတွင် ယခင်က အရှိန်၀ါကြီးမားကာ စိုးမိုးနိုင်ခဲ့သည့် ဘုရားကျောင်းတစ်ခုဤမျှနိမ့်ကျသွားခြင်းသည် လူပေါင်းများစွာကို စိတ်မကောင်းဖြစ်စေ၏။
မဟာဘုရားကျောင်းထဲတွင်ရှိနေသည့် လူများစွာသည် ထိုကျောင်းတော်ပျောက်ကွယ်သွားပြီဟုပင်ထင်ခဲ့ပြီး ၀တ်ရုံနက်ကျောင်းတော်သည် လူပေါင်းများစွာ၏ မျက်လုံးထဲတွင် ရယ်စရာတစ်ခုဖြစ်ခဲ့၏။
ထို့ကြောင့် ဤကွပ်မျက်ရေးတပ်ဖွဲ့ထဲတွင်ရှိနေသည့် အဖွဲ့သားများသည် ဤလခြမ်းအဆင့်သိုင်းဆရာမှာ ၀တ်ရုံနက်ကျောင်းတော်မှဖြစ်သည်ဆိုသည်ကို သိလိုက်ရသည့်အတွက် ထိတ်လန့်အံ့သြသွားကြ၏။
သူတို့သည် ခံစားချက်များစွာကို ခံစားနေကြရသည်။ လွန်ခဲ့သည့်အချိန်အနည်းငယ်က ဂျက်စီပြသခဲ့သည့်စွမ်းအားကြောင့် သူတို့အားလုံးကြောက်လန့်သွားခဲ့ကြရပြီး ဂျက်စီအား စွမ်းအားမြင့်သည့်ကျောင်းတော်တစ်ခုမှပါရမီရှင်တစ်ယောက်ဖြစ်သည်ဟုထင်သွားခဲ့သြဖင့် သူတို့အားလုံးသည် ဂျက်စီ၏ ခြေထောက်ကိုပင် နမ်းကာ အသနားခံလိုနေကြ၏။ သို့သော် ဤငယ်ရွယ်သည့်သူတော်စင်သည် မြောက်ပိုင်းဒေသ၏ မဟာကိုးကွယ်ခြင်းအခမ်းနားသို့ပင် တက်ရောက်ခွင့်မရှိသော် ၀တ်ရုံနက်ကျောင်းတော်မှဆိုသည်ကို သိလိုက်ရသဖြင့် သူတို့သည် ဂျက်စီအား ကြောက်ရွံ့ခြင်းမရှိတော့ပေ။ သူတို့အတွက် ၀တ်ရုံနက်ကျောင်းတော်ဆိုသည်မှာ ကင်ဆာထက်ပင် ဆိုးသည့်အတွက်ပင်။ မဟာဘုရားကျောင်းမှ မည်သူမဆို ဤနာမည်နှင့် ဆက်ဆံလိုခြင်းမရှိကြပေ။
မဟာဘုရားကျောင်းထဲတွင် စွမ်းအားသည် ရာထူးလောက်အရေးမကြီးပေ။ ရာထူးသည်လည်း နောက်ခံ၏ လွှမ်းမိုးခြင်းကိုခံထားရ၏။
ဂျက်စီသည် ငယ်ရွယ်ကာ အလားလာများစွာရှိသည့်လူဖြစ်သော်လည်း သူသည် မဟာဘုရားကျောင်းထဲတွင် ရာထူးကြီးသည့်လူတစ်ယောက်ဖြစ်လာနိုင်လိမ့်မည်မဟုတ်ကြောင်း လူတိုင်းသိကြသည်။ လက်ရှိခေတ်တွင် မဟာဘုရားကျောင်းသည် ဂုဏ်ကျက်သရေကို ကိုယ်စားပြုခြင်းမရှိတော့ပဲ အရှက်ရမှုတစ်ခုကိုသာ ကိုယ်စားပြုသည့်အတွက်ပင်။
လက်ရှိပုပ်ရဟန်းမင်းကြီးဘလတ်တာသည် ၀တ်ရုံနက်ကျောင်းတော်အားမနှစ်သက်သည့်အတွက်ပင်။ သို့သော် ထိုဘုရားကျောင်းသည် လက်ရှိတွင် သူ့အား ချိမ်းခြောက်နိုင်ခြင်းလဲမရှိတော့ပေ။ အကယ်၍ ၀တ်ရုံနက်ကျောင်းတော်သည်သာ ယခင်ကအရှိန်၀ါကြီးမားခဲ့ပြီး ပိုင်ဆိုင်မှုများစွာစုဆောင်းနိုင်ခဲ့ခြင်းရှိပါက ယခုအချိန်တွင် ပျက်စီးနေလောက်ပြီဖြစ်သည်။