← Chapters

“ကန္တာရအမျက်ဒေါသ”

Vol. 37 Ch. 585

“ကန္တာရအမျက်ဒေါသ”

Vol. 37 Ch. 585

ဂျက်စီသည် လူတိုင်း၏ မျက်နှာပေါ်မှအမူယာများကို မြင်လိုက်ရသော်လည်း များစွာဂရုစိုက်ခြင်းမရှိပေ။ သူသည် ဤကဲ့သို့ဆက်ဆံခံရသည်မှာ အချိန်အတော်ကြာပြီလည်းဖြစ်သောကြောင့်ပင်။

အထူးသဖြင့် မဟာဘုရားကျောင်းအကျင့်ပျက်ခြစားနေသည်ကို သိလိုက်ရပြီးသည့်အချိန်တွင် ၀တ်ရုံနက်ကျောင်းတော်၏ အဆုံးမများကသာလျှင် အသန့်စင်ဆုံးအမြင့်မြတ်ဆုံးဖြစ်သည်ဟု သူလက်ခံလာသည့်အတွက်ကြောင့်ပင်။ ထို့ကြောင့် သူသည် သူ၏ကျောင်းတော်အား ပို၍ပင် ယုံကြည်သက်၀င်လာမိ၏။

“တစ်နေ့ကျရင်တော့ ဂုဏ်သရေရှိတဲ့ ၀တ်ရုံနက်ကျောင်းတော်က တစ်ဖန်ပြန်လည်ပြီးတောက်ပလာလိမ့်မယ်။ လူတိုင်းကိုလည်း ငါတို့ရဲ့ ယုံကြည်ချက်တွေကပဲ ဘုရားသခင်ရဲ့အလိုတော်အတိုင်းဖြစ်တယ်ဆိုတာကို သက်သေပြရဠိမ့်မယ်။ ငါတို့ လက်ရှိမှာ ခံစားနေရတဲ့ နာကျင်မှုတွေ၊ ဒုက္ခတွေဆိုတာကလည်း စမ်းသပ်မှုတစ်ခုပဲ။ တစ်နေ့ကျရင် ၀တ်ရုံနက်ကျောင်းတော်အပေါ်ကို မြင့်မြတ်တဲ့အလင်းရောင်က ပြန်လည်ကျဆင်းလာလိမ့်မယ်။ ၀ေလုတောင်ပေါ်မှ ၄၅နှစ်ကျော်ပိတ်ထားတဲ့ ၀တ်ရုံနက်ကျောင်းတော်ရဲ့ ဂိတ်တံခါးတွေကလည်း ပြန်ပြီးတော့ ပွင့်လာလိမ့်မယ်...”

ဂျက်စီမိမိကိုယ်မိမိပြောလိုက်သည်။

“ဆက်သွားရအောင်လေ...” သူသည် ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရီနီကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်၏။ “ခင်ဗျားမှာ အောက်လမ်းမှော်ဆရာဟေဇယ်-ဘန့်ခ်ကို သတ်ဖို့အပြင် တစ်ခြားမစ်ရှင်တစ်ခုရှိသေးတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ မစိုးရိမ်ပါနဲ့ အရှင်ဘုန်းတော်ကြီးပြောတဲ့ သိုင်းဆရာဆိုတာက ကျွန်တော်ပါပဲ။ ကျွန်တော့ကို မြောက်ပိုင်းဒေသက ဘုန်းတော်ကြီးကိုယ်တိုင်တာ၀န်ပေးထားလို့ ခင်ဗျားကို ကျွန်တော်အစွမ်းကုန်ကူညီပေးပါ့မယ်။ အခုကစပြီးတော့ ခင်ဗျားတို့တွေ ကျွန်တော်နဲ့ မီတာ၂၀ပတ်၀န်းကျင်မှာပဲနေတော့။ နောက်မှာအ၀ေးကြီးမကျန်ခဲ့စေနဲ့။ တကယ်လို့ အ၀ေးကြီး ကျန်ခဲ့မယ်ဆိုရင် ကျွန်တော်ခင်ဗျားတို့ကို ကယ်တင်ဖို့အချိန်မှီမှာမဟုတ်ဘူး။ ဒီနေရာက အတော်လေးအန္တရာယ်များတဲ့နေရာပဲ။ ခင်ဗျားတို့ အသက်ရှင်ချင်တယ်ဆိုရင်တော့ သတိကြီးကြီထားမှ ရလိမ့်မယ်...”

ဤအခိုက်တန့်တွင် ဂျက်စီသည် ယခင်ကနှင့်မတူပေ။

ပယ်လီဂရီနီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသည့်အမူယာတစ်ခုရှိနေပြီး သူခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ကောင်းပြီ ငါတို့မင်းနောက်ကနေ ကပ်ပြီး လိုက်ပါ့မယ်...”

ကိစ္စများစွာဖြစ်သွားပြီးသည့်နောက်တွင် ဤ၀တ်ရုံနီသူတော်စင်သည် ဂျက်စီနှင့် ဆက်ဆံရာတွင် အလွန်ယဥ်ကျေးကာ စိတ်ရှည်လျှက်ရှိသည်။ ဂျက်စီသည် ၀တ်ရုံနက်ကျောင်းတော်မှဖြစ်သောကြောင့် ရာထူးအရှိန်၀ါကြီးမားလာနိုင်သည့်လူတစ်ယောက်မဟုတ်သော်လည်း သူသည် လခြမ်းအဆင့်အစွမ်းရှိသည့် သူတော်စင်တစ်ယောက်ဖြစ်နေဆဲပင်။ အကယ်၍ ကွပ်မျက်ရေးတပ်ဖွဲ့သည် ဒဏာရီလာနန်းတော်ထဲတွင် အသက်ရှင်လိုပါက ဂျက်စီကိုအားကိုးရမည်ဖြစ်သည်။ များစွာထိတ်လန့်အံ့သြခဲ့ရပြီးသည့်နောက်တွင် အာဏာအရှိန်၀ါတို့ကြားထဲတွင် နစ်မွန်းနေခဲ့သည့် ပယ်လီဂရနီသည် ပြန်လည်နိုးထလာခဲ၏။ သူသည် စွမ်းအားမြင့်သိုင်းဆရာများကို ရန်စမိလိုခြင်းမရှိပေ။

၀တ်ရုံနီ၀တ်သူတော်စင်၏ ဆက်ဆံပုံသည် ပြောင်းလဲသွားသဖြင့် ကျန်ရှိနေသည့်အဖွဲ့၀င်များလည်း ပြောင်းလဲလာကြတော့၏။

သို့သော် ဂျက်စီကယ်တင်လိုက်သည့် သူတော်စင်မှာမူ ဂျက်စီသည် ၀တ်ရုံနက်ကျောင်းတော်မှဆိုသည်အား သိလိုက်ရသည့်အချိန်တွင် ကျေးဇူးတင်ခြင်းပင်မရှိတော့ပေ။ သူသည် ၀တ်ရုံနက်ကျောင်းတော်နှင့် အဆက်သွယ်ရှိသည်ဟု ထင်ခံရမည်ကို ဆိုးသောကြောင့်ပင်အ၀ေးသို့ ရွေ့သွားလိုက်၏။ လူ့စိတ်သည် တစ်ခါတစ်ရံတွင် အလွန်ရက်စက်ကာ ကြောက်မက်ဖွယ်ကောင်းလှ၏။

သို့သော် ဂျက်စီသည် စိတ်ဆိုးခြင်းမရှိပေ။ သူသည် ထိုသူတော်စင်အား ကယ်တင်ခဲ့ခြင်းမှာ ၀တ်ရုံနက်ကျောင်းတော်၏ အဆုံးမတိုင်းသာဖြစ်ပြီး ကျေးဇူးတင်ခံချင်သောကြောင့်မဟုတ်ပေ။ သူသည် လုပ်သင့်လုပ်ထိုက်သည့်အရဦကို လုပ်ခဲ့သည်သာဖြစ်ပြီး ကျန်ရှိနေသည့် အကြောင်းရာများသည် သူ၏စိတ်ဓာတ်ကိုပြောင်းလဲစေမည်မဟုတ်ပေ။

“ကျွန်တော်နောက်က လိုက်ခဲ့ကြ။ ခြေလှမ်းတွေကို ဖော့ဖော့လှမ်း...” ဂျက်စီသည် ကျန်ရှိနေသည့်လူများကို ပြောလိုက်၏။

တကယ်တန်းတွင် ဤအဖွဲ့တွင်ရှိသည့်လူတိုင်းတွင်မြေပုံတစ်ခုစီရှိနေ၏။ ထိုမြေပုံများသည် ယခင်က ဤနေရာသို့၀င်ရောက်ဖူးသည့် သိုင်းဆရာများမှရေးဆွဲထားခြင်းဖြစ်သည့်အတွက် လုံခြုံသည့်လမ်းကြောင်းများကိုပြသလျှက်ရှိသည်။ သို့သော် ထိုမြေပုံများရေးဆွဲထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး ပြောင်းလဲမှုတစ်ချို့လဲဖြစ်ပေါ်ခဲ့သောကြောင့် ထိုမြေပုံထဲတွင်ရှိနေသည့် လမ်းကြောင်းများသည် ၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရခြင်းမရှိတော့ပေ။ ဒဏာရီလာနန်းတော်ထဲသို့၀င်ရောက်ခဲ့သည့်လူများထဲတွင် ဖှေး၏မြေပုံကသာလျှင် ၁၀၀ရာခိုင်နှုန်းစိတ်ချရသည်ဟုဆိုနိုင်၏။

ဤအဖွဲ့သည်မြန်ဆန်ခြင်းမရှိသော်လည်း အရှေ့သို့ ပုံမှန်ပင်ဆက်လက်ရွေ့လျားနေလျှက်ရှိသည်။

သူတို့အတွက် ၀တ်ဆင်ထားသည့် မဟာဘုရားကျောင်းတံဆိပ်ပါ ချပ်၀တ်များ၊ ၀တ်ရုံများသည် ၁၀၀ရာခိုင်းနှုန်းအသုံးမ၀င်လှသည်တော့မဟုတ်ပေ။ ဒဏာရီလာနန်းတော်ထဲတွင်ရှိနေသည့် သိုင်းဆရာများသည် မည်မျှပင်စွမ်းအားမြင့်မားစေကာမူ သူတို့နှင့်ပတ်သက်၍ မကောင်းကြံရဲခြင်းမရှိကြပေ။

သို့သော် တစ်ခြားလူများအတွက်မှာမူ ဤမျှကံကောင်ခြင်းမရှိပေ။

အတိုင်းတာတစ်ခုအနေဖြင့် ဒဏာရီလာနန်းတော်သည် ကစဥ့်ကယျားဆန်သည့်နေရာတစ်ခုပင်။ ၀င်ရောက်လာကြသည့်လူများထဲတွင် ကောင်းသည့်လူများရှိသလို မကောင်းသည့်လူများလဲပါရှိ၏။ အပေါ်ယံကြည့်ပါက ကောင်းသည့်လူပုံပေါက်နေသော်လည်း တကယ်တန်းတွင် အကျင့်မကောင်းကြသည့်လူများလည်းရှိသေးသည်။

ဤနေရာသို့ရောက်ရှိလာခဲ့ကြသည်လူများသည် အပြင်လောကတွင် အရှိန်၀ါကြီးသည့်လူများဖြစ်သည်။ ထို့ကြောင့် မကောင်းသည့်လူများသည် ရတနာတစ်စုံတစ်ခုကို ရှာတွေ့ခြင်းမရှိပါက တစ်ခြားလူများကို ပစ်မှတ်ထားလာကြတော့မည်ဖြစ်သည်။ ပစ္စည်းသိမ်းမှော်လက်စွပ်များ၊ ချပ်၀တ်များ၊ လက်နက်များသည် လူသတ်မှုများ၊ လုယက်မှုများဖြစ်လာစေနိုင်သည့်အကြောင်းရင်းများပင်။

အပြင်လောကနှင့်လည်းကင်းကွာနေသည့်အတွက်ကြောင့် ဒုစရိုက်မှုများကိုလွတ်လွတ်လပ်လပ်ပင်ကျူးလွန်နိုင်ကြ၏။

ဤဒဏာရီလာနန်းတော်ထဲတွင်ရှိနေသည့်လူတိုင်းအတွက် အန္တရာယ်များသည် လူသတ်ယန္ဒယားများ၊ မှော်ထောင်ချောက်များစီကသာလာရောက်သည်မဟုတ်ပဲ လူသားအခြင်းခြင်းစီမှလည်း ရောက်ရှိလာတတ်၏။

တစ်ခြားလမ်းကြောင်းတစ်ခုပေါ်တွင် လူဆယ်ယောက်ကျော်ခန့်ပါရှိသည့် နှင်းတောင်သိုင်းဆရာ၏အဖွဲ့သည်လယ်ဗယ်၂၁ဒေသသို့၀င်ရောက်လာခဲ့ပြီးသည့်အချိန်တွင် ကြီးမားသည့်အန္တရာယ်ကြီးတစ်ခုနှင့်ရင်ဆိုင်နေရ၏။ အလယ်လတ်အဆင့်လသစ်သိုင်းဆရာနှစ်ယောက်သည် သူတို့အားပစ်မှတ်ထားကာတိုက်ခိုက်နေသည့်အတွက်ပင်။

ထိုလူနှစ်ယောက်သည် သာမန်အလံနှစ်စုံမြို့သားများ၀တ်ဆင်တတ်သည့် သာမန်အ၀တ်စားများကိုသာ ၀တ်ဆင်ထားသော်လည်း သူတို့၏အစွမ်းများသည် ထိတ်လန့်ဖွယ်ပင်။ ဤအခိုက်တန့်တွင် သူတို့၏မျက်နှာများကို မြူခိုးများဖြင့် ဖုံးလွှမ်းထားကာ သူတို့၏ သရုပ်မှန်ကို ဖုံးကွယ်ထားကြ၏။

သို့သော် သတ်ဖြတ်လိုသည့် ဆန္ဒများသည် မြူခိုးများကို ဖြတ်ကျော်ကာ ဤအုပ်စုအား ပစ်မှတ်ထားနေ၏။ ဘာမှပြောခြင်းမရှိပဲ သူတို့၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်များကို အသုံးပြုကာ စတင်တိုက်ခိုက်ကြတော့သည်။

“မင်းတို့ကဘယ်သူတွေလဲ...” နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေရသည့်အတွက် နှင်းတောင်သိုင်းဆရာသည် အခြေအနေသိပ်မကောင်းလှပေ။ သူ၏အတွင်းအားစွမ်းအင်များကို ထုတ်လွှတ်ကာ သူအော်ဟစ်လိုက်သည်။ “ဘာလို့ ငါတို့ကိုသတ်ဖို့ကြိုးစားနေရတာလဲ...”

“အကြောင်းပြချက်မရှိပါဘူး။ ငါတို့ကောင်တွေက တွေ့တဲ့လူကို သတ်ပြီးတော့ပါလာတဲ့ ပစ္စည်းတွေကို လုယူချင်လို့ပေါ့...” သူတို့ထဲမှ တစ်ယောက်သည် ကြမ်းရှသည့်အသံဖြင့်ပြောလိုက်သည်။ သူတို့၏သရုပ်မှန်ပေါ်သွားမည်ကို စိုးရိမ်သောကြောင့်အတွင်းအားအသုံးပြုပြီးအသံကိုပြောင်းလဲထားသည်မှာ ထင်ရှားလှသည်။

သို့သော် ထိုလူနှစ်ယောက်သည်အလွန်ပင်စွမ်းအားမြင့်မားလှပြီး သူတို့တိုက်ခိုက်မှုများမှ တိကျလှသည်။ သူတို့သည် နှင်းတောင်သိုင်းဆရာကိုသာ အဆက်မပြတ်တိုက်ခိုက်နေလျှက်ရှိပြီး အမြန်ဆုံးသတ်ဖြတ်နိုင်ရန်အတွက် ကြိုးစားနေ၏။ ဖာရင်တန်နှင့် မိုဒေါ့တ်ကဲ့သို့သော လူများသည် သူတို့၏မျက်လုံးထဲတွင်ဘာမှမဟုတ်လှပေ။

“ဟမ် မင်းတို့ကောင်တွေကို ငါသိတယ်မလား။ အဲ့တာကြောင့် မင်းတို့ကောင်တွေ ဒီလောက်ရုပ်ဖျက်ထားကြတာပဲ...” နှင်းတောင်သိုင်းဆရာသည် သူ၏ လက်စွဲတော်လက်နက်ကို ဆင့်ခေါ်လိုက်ပြီး သူ၏အနီရောင်အတွင်းအားစွမ်းအင်များကို လေဗွေကဲ့သို့ ထုတ်လွှတ်လိုက်ရင်းဖြင့် မေးခွန်းထုတ်လိုက်သည်။ သူ၏စွမ်းအားများတိုးပွားလာပြီဲး သူ၏တိုက်ခိုက်မှုတစ်ချက်ခြင်းစီတိုင်းသည် ငလျင်အငယ်စားတစ်ခုကိုပင် ဖြစ်ပေါ်လာစေနိုင်၏။ လက်ရှိတွင် သူထုတ်ဖော်ပြသနေသည့်စွမ်းအားများသည် ဖှေးနှင့်တိုက်ခိုက်ခဲ့စဥ်ကအသုံးပြုခဲ့သည့်စွမ်းအားထက်များစွာပို၍သာလွန်နေသောကြောင့် ဤသည်မှာ သူ၏စွမ်းအားအစစ်မှန်ဖြစ်နိုင်၏။

လျို့၀ှက်သည့် သိုင်းဆရာနှစ်ယောက်သည်လည်း ဤအချက်ကြောင့် ထိတ်လန့်သွားရပြီး နှင်းတောင်သိုင်းဆရာ၏အဆက်မပြတ်တိုက်ခိုက်မှုများကြောင့်အနောက်သို့ ဆုတ်ခွာသွားရ၏။

နောက်အခိုက်တန့်တွင် သိုင်းဆရာနှစ်ယောက်သည် လူခွဲကာတိုက်ခိုက်ကြတော့သည်။ တစ်ယောက်သည် နှင်းတောင်သိုင်းဆရာအား ဆက်လက်တိုက်ခိုက်နေပြီး ကျန်ရှိနေသည့်တစ်ယောက်သည် ဖာရင်တန်တို့ကဲ့သို့သောလူများကို အာရုံစိုက်လိုက်၏။ သူနှာခေါင်းရှုံ့ကာတိုက်ခိုက်လိုက်သည့်အချိန်တွင် အားအနည်းဆုံးကြယ်ကိုးလုံးအဆင့်စစ်သည်လေးယောက်သည် သွေးမြူများအဖြစ်သို့ပြောင်းလဲသွားကြ၏။ လအဆင့်သိုင်းဆရာများဖြစ်သည့် မိုဒေါ့တ်နှင့် တိုနီတို့ပင် မျက်နှာများဖြူဖက်ဖြူယော်ဖြစ်သွားကြသည်။ မိုဒေါ့တ်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာလှုပ်ရှားသွားပြီး တိုနီ၏ ပါးစပ်အတွင်းမှ သွေးများပန်းထွက်လာတော့သည်။ ဤအခိုက်တန့်တွင် တိုနီနှင့် မိုဒေါ့တ်တို့၏ စွမ်းအားကွာခြားချက်ကို လွယ်ကူစွာပင်သိရှိနိုင်၏။

ထိတ်လန့်ဖွယ်ကောင်းသည်မှာ ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်သည့် ဖာရင်တန်သည် ဘာမှဖြစ်မသွားခဲ့ခြင်းပင်။ အ၀ါရောင်စွမ်းအင်စက်လုံးတစ်ခုပေါ်လာပြီး သူ့အားလွမ်းခြုံသွားခဲ့သည် သိုင်းကွက်အားခုခံပြီးသည့်အချိန်တွင် ထိုစွမ်းအင်စက်လုံးသည်လည်း ချက်ချင်းပင် ပြန်လည်ကာ ပျောက်ကွယ်သွး၏။

ဖာရင်တန်သည် သူ၏ခန္ဓာကိုယ်အတွင်းတွင်ရှိနေခဲ့သည့်စွမ်းအားကို အာရုံခံလိုက်မိပြီးသည့်အချိန်တွင် စိတ်အေးသွား၏။ ထို့ကြောင့် သူ၏ စီနီယာအကိုနှစ်ယောက်ဖြစ်သည့် မိုဒေါ့တ်နှင့် တိုနီတို့၏ဘေးတွင်ရပ်ကာ အ၀ါရောင်စွမ်းအင်အကာရံကို ထုတ်လွှတ်လိုက်၏။ ကြီးမားသည့် တောင်ကြီးတစ်ခုကဲ့သို့ပင် ထိုစက်လုံးသည် ကြောက်မက်ဖွယ်ကောင်းသည့် သိုင်းဆရာမည်မျှပင်တိုက်ခိုက်စေကာမူ ပျက်စီးခြင်းမရှိပေ။

တစ်ဖက်တွင်နှင်းတောင်သိုင်းဆရာ၏ ကွေးကောက်သည့်လက်နက်သည်လည်း သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ပျံသန်နေကာ တစ်ချိန်တည်းမှာပင် ခုခံနေသလို တိုက်ခိုက်နေလျှက်လဲရှိသည်။ သူ၏ မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကိုလည်းအရှိန်အမြင့်ဆုံးထုတ်လွှတ်ထား၏။ သူသည် လက်ရှိတွင် အရေးသာနေသော်လည်း သူ၏ရန်သူအား အချိန်တိုအတွင်းတွင်သတ်ဖြတ်နိုင်ခြင်းမရှိသေးပေ။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွား၏။

တစ်နာရီခန့်ကြသည့်အချိန်တွင် အလွန်စိုးရိမ်နေသည့် ဖာရင်တန်သည် ခေါင်းထဲတွင် အသံတစ်ခုကို ကြားလိုက်ရ၏။

“ကာကွယ်ရေးလက်ဆွဲတော်လက်နက်ကို မင်းအဲ့လို သုံးရမှာမဟုတ်ဘူး...”

မင်းသားသည် ထိုအသံနင့် အလွန်ရင်းနှီး၏ သူတုန့်ပြန်နိုင်ခြင်းမရှိခင်မှာပင် ထိုအသံမှ ထပ်ပြောလိုက်သည်။ “သေချာကြည့်လိုက် ဒါက ကန္တာရအမျက်ဒေါသရဲ့စွမ်းအားအစစ်မှန်ပဲ...”

ထိုအသံပြောပြီးလျှင်ပြောပြီးခြင်းပင် .သူ၏ခန္ဓာကိုယ်ထဲတွင်များပြားလှသည့်စွမ်းအားများပေါ်ထွက်လာသည်ကို ဖာရင်တန်ခံစားလိုက်ရသည်။ သူ၏ဆံပင်မှ လိမ္မော်ရောင်သဲပွင့်တစ်ခုပျံထွက်လာပြီး ထိုသဲပွင့်သည် အလွန်လှပ၏။ ထိုအရာသည် ချက်ချင်းပင် လက်သီးတစ်လုံးအရွယ်စားသို့ရောက်သည်အထိကြီးမားလာပြီး သိုင်းဆရာတစ်ယောက်၏ ခန္ဓာကိုယ်ကိုလွယ်ကူစွာထိုးဖောက်ကာ ပျံသန်းသွား၏။ သို့သော် ထိုနေရာ၌ပင်မပြီးသေးပေ။ လေပေါ်တွင်ပင်အနောက်သို့ ပြန်လှည့်ကာ နှင်းတောင်သိုင်းဆရာနှင့်တိုက်ခိုက်နေသည့် သိုင်းဆရာ၏ခန္ဓာကိုယ်ထဲသို့ ထက်မံ၍ဖောက်၀င်သွားပြန်သည်။ ကိစ္စပြီးသည့်အချိန်မှသာ အလင်းတန်းတစ်ခုအသွင်သို့ ပြန်ပြောင်းသွားပြီး ဖာရင်တန်၏ နဖူးအတွင်းသို့ စိမ့်၀င်ကာ ပျောက်ကွယ်သွားတော့သည်။

“ဖုန်း ဖုန်း...”

သိုင်းဆရာနှစ်ယောက်သည် မြေပြင်ပေါ်သို့ ပစ်လဲသွား၏။

သူတို့၏ ရင်ဘက်များသည် ထိုးဖောက်ခြင်းကိုခံလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသည့်အပေါက်ကြီးနှစ်ခုရှိနေ၏။ သူတို့၏ ကိုယ်တွင်းအင်္ဂါများသည်လည်း အသားစများအဖြစ်သို့ပြောင်းလဲသွားပြီး သွေးများသည်အပေါက်များအတွင်းမှ ရေပန်းတစ်ခုကဲ့သို့ပင် ပန်းထွက်နေတော့သည်။

All Chapters