← Chapters

အခန်း (၅၈၇)

Vol. 37 Ch. 587

အခန်း (၅၈၇)

Vol. 37 Ch. 587

အချိန်များသည် လျှင်မြန်စွာပင်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒဏာရီလာဂိတ်တံခါးပွင့်ခဲ့သည်မှာနှစ်ရက်ပင်ရှိပြီဖြစ်၏။

ဖှေးသည် ဒဏာရီလာနန်းတော်ထဲတွင် ကံအကောင်းဆုံးလူတစ်ယောက်ပင်။ သူသည် အလည်ပိုင်းနေရာနှင့်ပို၍နီးကပ်လာလေလေ မန်နေဂျာအေဘရာ သူ့အား လက်ဆောင်ပေးခဲ့သည့် မြေပုံသည်ပို၍မှော်ဆန်လာလေလေဖြစ်သည်။ တစ်ရက်အတွင်းမှာပင် ဖှေးသည် လယ်ဗယ်၃၁ဒေသသို့ရောက်ရှိလာပြီဖြစ်သည်။ ဤနေရာအား နေအဆင့်သခင်များသာ၀င်ရောက်နိုင်သည့် အန္တရာယ်အကင်းဆုံးဒေသတစ်ခုအဖြစ်သက်မှတ်ထားကြ၏။

လမ်းတစ်လျှောက်တွင် ဖှေးသည် မှော်ထောင်ချောက်များ၊ လူသတ်ယန္ဒယားများကို နင်းမိခဲ့ခြင်းမရှိပေ။

ဤအချိန်အတွင်းတွင် ဖှေးသည် အားလပ်သည့်အချိန်များတွင် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့၀င်ရောက်ကာ မကောင်းဆိုး၀ါးများကို သတ်ဖြတ်၍ လယ်ဗယ်မြှင့်တင်နေလျှက်လဲရှိသည်။ သူ၏လူရိုင်းဇာတ်ကောင်သည် အလုပ်နှစ်ခုကိုပင်ပြီးမြောက်သွားပြီဖြစ်သောကြောင့် လယ်ဗယ်၃၄သို့ရောက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ စွမ်းအားများစွာမြင့်တက်လာခြင်းပင်။ ဖှေး၏လူရိုင်းဇာတ်ကောင်သည် လက်ရှိအချိန်တွင် လယ်ဗယ်၄အဆင့်နိမ့်လခြမ်းသိုင်းဆရာတစ်ယောက်နှင့် စွမ်းအားခြင်းညီမျှနေပြီးဖြစ်သည်။

သူသည် အဆင့်တက်သွားသည့်အတွက်ကြောင့် ကမ္ဘာမြေကြီးမှ ပေးသည့် စိန်ခေါ်မှုများရှိလာရမည်ဖြစ်သည်။ သို့သော် ဖှေးသည် သီးခြားကမ္ယာတစ်ခုကဲ့သို့ပင်ဖြစ်နေသည့် ဒဏာရီလာနန်းတော်ထဲတွင်ရောက်ရှိနေသည့်အတွက်ကြောင့် ရောက်ရှိလာခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဖှေးသည် လက်ရှိတွင်လခြမ်းအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်နေသော်လည်း သူ၏ လောကနိယာမများအား နားလည်နိုင်စွမ်းသည် လသစ်အဆင့်တွင်သာရှိနေသေး၏။

လယ်ဗယ်၃၁ဒေသတွင်ရှိနေသည့် ဖိအားများနှင့် မြေဆွဲအားတို့သည် ကြောက်မက်ဖွယ်ကောင်းသည်ထက်ပင် ကျော်လွန်နေသည်။ ထို့ကြောင့် ဖှေးသည် ဖြေးဖြေးခြင်းသာရှေ့ဆက်နေရ၏။ သူသည် လေးဘက်ထောက်သွားရသည့်အဆင့်သို့ရောက်ရှိခြင်းမရှိသေးသော်လည်း ဆက်လက်၍ ပြေးသွားနိုင်ခြင်းမရှိတော့ပေ။ သူသည် ခြေတစ်လှမ်းခြင်းလှမ်းကာ ခရီးဆက်နေရလျှက်ရှိနေပြီး ခြေတစ်လှမ်းခြင်းစီတိုင်းသည် စွမ်းအားများစွာကို ကုန်ဆုံးစေလျှက်ရှိ၏။ သူသည် အသက်၆၀အရွယ်အဖိုးကြီးတစ်ယောက်ကဲ့သို့ပင် ခြေလှမ်းတိုင်းတွင် ဂရုစိုက်လှမ်းနေရ၏။

ငွေရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပလောင်မြိုက်နေပြီး စွမ်းအားများကို အကုန်ထုတ်လွှင့်ကာ ဖိအားဒဏ်ကို တွန်းကန်နေရ၏။

တစ်ရက်ကြာခရီးဆက်ပြီးသည့်တိုင်အောင် ဖှေးသည် လယ်ဗယ်၃၃ဒေသသို့သာ ၀င်ရောက်လာနိုင်သေး၏။

ယခုအချိန်တွင် ဖှေးရှေ့ဆက်နိုင်ခြင်းမရှိတော့ပေ။ သူအတင်းရှေ့သို့ဆက်သွားရန်ကြိုးစားပါက သူ၏ခန္ဓာကိုယ်ပင်ပျက်ဆီးသွားနိုင်သည့်အတွက်ပင်။ ထို့ကြောင့် သူသည် လယ်ဗယ်၃၃ဒေသတွင်ပုန်းအောင်းနိုင်ရန်အတွက် နေရာတစ်ခုကို ရှာဖွေလိုက်သည်။ သူသည် စွမ်းအားမြှင့်တင်နိုင်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာထဲသို့၀င်ရောက်ရန်ကြံစည်နေခြင်းပင်။

ဖှေးသည် လူ့တ်ဂိုလိမ်မြို့တော်သို့၀င်ရောက်ပြီး လေးခုမြောက်နှင့် ငါးခုမြောက်အလုပ်တို့ကို လုက်ခံလိုက်သည်။ လေးနာရီခန့်ကြာသည့်အချိန်တွင်ဖှေးသည် မြေပုံတစ်၀က်ခန့်ကို ပြီးမြောက်သွားပြီဖြစ်၏။ သူ ဒိုင်ယာဘလိုကမ္ဘာအတွင်းမှ ပြန်လည်တွက်ခွာလာခဲဒ့ပြီးသည့်အချိန်တွင် အိမ်မက်ဆိုးခက်ခဲမှုအဆင့်လယ်ဗယ်၄၀သို့ပင်ရောက်ရှိသွားပြီဖြစ်ပြီး သူ၏စွမ်းအားသည် အလယ်လတ်အဆင့်လခြမ်းသိုင်းဆရာတစ်ယောက်နှင့် ညီမျှနေပြီဖြစ်သည်။

......

အပြင်ကမ္ဘာသို့ ပြန်လာခဲ့ပြီးသည့်နောက်တွင် ဖှေးသည်အရှေ့သို့ ဆက်လက်ခရီးဆက်တော့သည်။

စွမ်းအားများမြင့်တက်လာခဲ့သည့်အတွက်ကြောင့် လယ်ဗယ်၃၃ဒေသမှ ဖိအားများ၏ သက်ရောက်မှုမှာလည်း အနည်းငယ်လျှော့ကျသွားသည်။ သူ၏ အသားရေမှ စိန်ဖြင့် ပြုလုပ်ထားသကဲ့သို့ ငွေရောင်အလင်းဖျော့ဖျော့တစ်ခုထွက်ပေါ်နေပြီး သူ၏ခန္ဓာကိုယ်ထဲတွင် သက်လုံစွမ်းအားများစွာတို့ဖြင့် ပြည့်နှက်နေကာ နဂါးတစ်ကောင်ကဲ့သို့ပင်။ သူသည် လမ်းလျှာက်သည့်အချိန်တွင် သူ့ထံမှ အရိုင်းဆန်ကာ အန္တရာယ်ရှိသည့်အရှိန်၀ါတစ်ချို့ထွက်ပေါ်နေ၏။

နေ့၀က်ခန့်ကြာသည့်အချိန်တွင် ဖှေးသည် လယ်ဗယ်၃၄ဒေသ၏ နယ်စပ်မျဥ်းသို့ရောက်ရှိလာတော့သည်။ ထိုနေရာတွင်ရှိနေသည့် သိုင်းပညာရုပ်တုကြီးသည်မီတာ၂၀၀ခန့်ပင် မြင့်မားကာ ဒဏာရီလာနန်းတော်၏အပေါ်တွင်ရှိသောမမြင်နိုင်သည့်စွမ်းအင်အကာရံသို့ပင်ရောက်ရှိနေ၏။ ထိုရုပ်တုသည် လက်နက်များချပ်၀တ်များ၀တ်ဆင်ထားခြင်းမရှိသည့်လူတစ်ယောက်၏ ရုပ်တုပင်။ သို့သော် သူ့တွင် လက်နှစ်ဖက်အပိုပါနေ၏။ ထိုအပိုပါနေသည့်လက်နှစ်ဖက်တွင် စွမ်းအင်အရှိန်၀ါများစွာရှိနေ၏။ အလွန်ကြီးကျယ်ခမ်းနားလှသည့်အတွက် နတ်ဘုရားတစ်ပါးကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့်အတိုင်းပင်၊။

ဖှေး ထိုရုပ်တုထံမှ သိုင်းကွက်ကို ယူဆောင်ရန်မကြိုးစားခဲ့ပေ။ ရုပ်တုထံမှ စုပ်အားသည်ကြီးမားလှသည့်အတွက်ကြောင့် သိုင်းကွကိုယူရန်အတွက်ကြိုးစားပါက သူ၏၀ိဉာဥ်စွမ်းအားများနှင့်အတူ အသက်၀ိဉာဥ်ကိုပါစုပ်ယူသွားလိမ့်မည်ဟု ဖှေးခံစားရသည့်အတွက်ပင်။ ဖှေး ထိုရုပ်တုနှင့် မီတာ၁၀၀၀န်းကျင်ခန့်နီးကပ်နေသည့်အချိန်မှာပင် ရုပ်တုထံမှ ထွက်ပေါ်လာနေသည့် ဖိအားများသည် မခံစားနိုင်လောက်အောင်ပင်။

အချိန်မရှိတော့သဖြင့် ဖှေးသည် လယ်ဗယ်၃၄ဒေသအတွင်းသို့ တိုက်ရိုက်ပင်၀င်ရောက်လာခဲ့တော့သည်။

ဖိအားများနှင့် မြေဆွဲအားတို့မှာလည်း ပို၍ပင်မြင့်တက်လာပြန်သည်။ အကယ်၍ဓားတစ်ချောင်းကိုသာ ဤနေရာတွင်ချလိုက်ပါက သတ္တုပြားတစ်ခုအဖြစ်သို့ပင်ပြောင်းလဲသွားမည်ဖြစ်၏။ ဤနေရာတွင် သိုင်းဆရာအစစ်မှန်များသာလျှင် နေထိုင်နိုင်သည့်အတွက်ပင်။

ဤနေရာသို့ လအဆင့်အောက်တွင်ရှိနေသည့် စစ်သည်များရောက်ရှိလာပါက ချက်ချင်းပင် ဖိချေခံလိုက်ရမည်ဖြစ်သည်။

ကံကောင်းစွာပင်ဖှေးသည် အရှေ့သို့ ဖြေးဖြေးခြင်းဆက်သွားနိုင်သေး၏။

နေ့၀က်ခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် ဖှေးသည် လယ်ဗယ်၃၅ဒေသသို့ပင်ရောက်ရှိလာပြီဖြစ်သည်။

သူ့အား အံ့သြစေသည်မှာ နယ်စပ်မျဥ်းနှင့် မီတာ၁၀၀၀ခန့်နီးကပ်လာသည့်အချိန်၌ အရှေ့တွင်စွမ်းအားမြင့်သည့်အရှိန်၀ါ ၃၀ ၄၀ခန့်ကိုအာရုံခံမိနေသည့်အတွက်ကြောင့်ပင်။

ထွက်ပေါ်နေသည့်စွမ်းအင်အရှိန်၀ါများသည် မှောင်ထောင်ချောက်များ၊ လူသတ်ယန္ဒယားများမှ ထွက်ပေါ်တတ်သည့်အရှိန်၀ါများမဟုတ်ပေ။ လူသားသိုင်းဆရာများသည်သာလျှင်ရှိတတ်သည့်စွမ်းအင်အရှိန်၀ါများပင်။ ထိုအရှိန်၀ါများထဲတွင် ဖှေးနှင့် ရင်းနှီးသည့်အရှိန်၀ါတစ်ချို့လည်းပါနေ၏။

“ငါ့ထက်စောရောက်နေတဲ့ လူတွေလဲရှိနေတာပါလား...”

ဖှေးထိတ်လန့်သွား၏။ သူသည် ဤနေရာအထိရောက်ရှိလာနိုင်သည်မှာ လျို့၀ှက်သည့်မြေပုံရှိနေသည့်အတွက်ကြောင့်ပင်။ “တစ်ခြားလူတွေမှာရော င့ါလိုမြေပုံရှိနေတာလား။ အဲ့လိုဆိုရင်တော့ ငါက အသာစီးမရတော့ဘူးထင်တယ်...”

ဖှေးသည် အရှေ့သို့လျှင်မြန်စွာပင် ဆက်သွားလိုက်သည်။

တစ်ချို့စွမ်းအင်များမှာ တည်ငြိမ်ခြင်းမရှိပေ ပေါက်ကွဲသည့်အသံများကိုလည်း ရံဖန်ရံခါကြားနေရ၏။ လူများသည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြသည်မှာ ထင်ရှားလှသည်။ ပေါက်ကွဲသံများအပေါ်တွင်မူတည်၍ သုံးသပ်ကြည့်ပါက တိုက်ပွဲများသည် ပြင်းထန်နေလျှက်ရှိပြီးအသေအကြေတိုက်ခိုက်နေကြခြင်းပင်။

ဖှေးငါးမိနှစ်ခန့်ကြာသည့်အချိန်တွင်ရောက်ရှိသွား၏။ သူရောက်ရှိသည့်အချိန်တွင် စွမ်းအင်အရှိန်၀ါလေးငါးခုမှပျောက်ကွယ်သွားပြီဖြစ်သောကြောင့် သိုင်းဆရာတစ်ချို့သေဆုံးသွားသည့်ပုံပင်။

“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ဒီလောက်သိုင်းဆရာတွေအများကြီးကတစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေကြတာလဲ...”

ဖှေးမကြာမှီတွင်တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ရောက်ရှိသွားသည်။ သူသည်တိုက်ပွဲမြေပြင်သို့ ချက်ချင်း၀င်ရောက်ခဲ့ခြင်းမရှိပေ။ ထိုအစား အပြင်ဘက်တွင်ရပ်ကာ ဖြစ်ပျက်နေသည်များကို လေ့လာနေ၏။

လူသုံးဆယ်ကျော်ခန့်သည် တစ်ယောက်နှင့်တစ်ယောက်မျက်နှာခြင်းဆိုင်နေလျှက်ရှိကြသည်။

မြေပြင်ပေါ်တွင်လည်း သွေးများ၊ ခြေပြတ်လက်ပြတ်များ၊ အသားစများဖြင့် ပြည့်နှက်နေ၏။ ထိုကဲ့သို့သော မြင်ကွင်းများသည် တိုက်ပွဲမည်မျှပြင်းထန်ခဲ့ကြောင်းကို ဖော်ပြနေ၏။ သွေးအိုင်များ၊ အလောင်းများထံမှ စွမ်းအားအရှိန်၀ါတစ်ချို့ထွက်ပေါ်နေဆဲပင်။ ထို့ကြောင့် သေဆုံးသွားခဲ့သည့်သိုင်းဆရာများကလည်း အားနည်းသည့်လူများမဟုတ်ကြောင်း ဖှေးပြောနိုင်၏။

ဖှေးအနီးသို့ရောက်ရှိသွားသည့်အချိန်တွင် တိုက်ပွဲမြေပြင်တွင်ရှိနေသည်လူတိုင်းလိုလိုပင် ဖှေးအားကြည့်လိုက်ကြသည်။

ထိုအကြည့်များသည် ရန်လိုမှုများဖြင့်ပြည့်နှက်နေပြီး ဖှေးတစ်စုံတစ်ရာမှားပါက သူတို့သည် ဖှေးအားချက်ချင်းပင် သတ်ဖြတ်ပစ်ဖို့၀န်မလေးသည့်အတိုင်းပင်။ သူတို့၏မျက်လုံးထဲတွင်ဖှေးသည် သူတို့၏ရတနာများကို လုယူရန်အတွက် ရောက်လာသည့်လူတစ်ယောက်လိုပင်။

ဖှေးတည်ငြိမ်စွာပင် လှုပ်ရှားလိုက်သည်။ သူသည် ရန်လိုသည့်အကြည့်များကို လျစ်လျူရှုလိုက်ပြီး ပတ်၀န်းကျင်အားတည်ငြိမ်စွာပင်လေ့လာနေ၏။

ဤနေရာသည် ဒဏာရီလာနန်းတော်ထဲတွင် ရှားပါးသည့်ဟင်းလင်းပြင်နေရာတစ်ခုပင်။ အံ့သြစဖွယ်ကောင်းစွာပင် သိုင်းပညာရုပ်တုတစ်ခုရှိရမည့်နေရာ၌ ထူးခြားသည့်နတ်စင်ကဲ့သိုသော အဆောက်ဦးတစ်ခုရှိနေသည့်အတွက်ပင်။

ဤသည်မှာ ဖှေးသည်ပထမဆုံးအနေဖြင့် ဒဏာရီလာနန်းတော်ထဲတွင် နတ်စင်ကဲ့သို့သော အဆောက်ဦးအားမြင့်တွေ့ဖူးခြင်းဖြစ်သောကြောင့် ချက်ချင်းပင် ပျော်ရွှင်သွား၏။

All Chapters