← Chapters

အခန်း (၅၈၈)

Vol. 37 Ch. 588

အခန်း (၅၈၈)

Vol. 37 Ch. 588

သို့သော် ထိုနတ်စင်သည် သူရှာဖွေနေသည့် နတ်စင်မဟုတ်သည်ကို မြင်တွေ့လိုက်ရသည့်အတွက် ဘုရင်စိတ်ပျက်သွား၏။ ကမ္ဘာကျောက်တုံးအား သန့်စင်နိုင်သည့် နတ်စင်နှင့် နှိုင်းယှဥ်ကြည့်ပါက လက်ရှိတွင်သူမြင်နေရသည့် နတ်စင်သည် အရွယ်စားနှင့်အရှိန်၀ါနှစ်မျိုးလုံးကွာခြားနေသည်။

ဤနတ်စင်သည် ဒဏာရီလာနန်းတော်ထဲတွင်ရှိသည့် တစ်ခြားအဆောက်ဦးများကဲ့သို့ပင် အ၀ါရောင်‌ေကျာက်တုံး များဖြင့် ပြုလုပ်ထား၏။ ဗိသုကာ ဒီဇိုင်းမှာလည်း ရိုးရှင်းလှသည်။ အမြင့်မှာ မီတာ၁၀၀ကျော်ခန့်သာမြင့်မား၏။ အကယ်၍တစ်စုံတစ်ယောက်သည် ဤနတ်စင်အား အပေါ်စီးမှကြည့်ပါက ရှစ်ထောင့်ပုံကို မြင်ရမည်ဖြစ်ပြီးထောက့်တစ်ဖက်တစ်ချက်စီတိုင်းတွင် တူညီသည့် အဆောက်ဦးများရှိနေ၏။ ထိုပို၍သေးငယ်သောအဆောက်ဦးများအား အမည်မသိအညိုရောင်သတ္တုများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး တစ်ဖက်နှင့်တစ်လိမ်ထားသည့်ကြီးမားသော လက်နှစ်ဖက်ကဲ့သို့ပင်။

“ဒါက....အာကိန်းရှုခင်းမြေမှာ တွေ့ခဲ့တဲ့ပေါ်တယ်လိုပဲ။ ဒီကောင်တွေကလည်း အာကာသ ပေါ်တယ်တွေများလား...” ဖှေးသည် ထိုအရာကို မြင်လိုက်မိသည့်အချိန်တွင် ထိတ်လန့်အံံသြသွား၏။

လေ့လာပြီးသည့်အချိန်တွင် လက်ရှိနေရာ၌ သိုင်းဆရာ၃၁ယောက်ရှိနေသည်ကို ဖှေးသတိထားလိုက်မိပြီး ထိုလူများသည် အုပ်စုအသီးသီးဖြင့်ရှိနေကြ၏။ သူတို့ထဲမှအများစုသည် လူနှစ်ယောက်သုံးယောက်သာ ပါရှိသည့်အဖွဲ့များပင်။ ထိုအဖွဲ့များသည်တစ်ဖွဲ့နှင့်တစ်ဖွဲ့အကွာ၀ေးတစ်ခုထားကာရှိနေကြ၏။ ရန်လိုခြင်းများ၊ သတ်ဖြတ်လိုသည့်ဆန္ဒများကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။

ဖှေး မျက်နှာရင်းနှီးသည့်လူတစ်ချို့လည်းရှိနေ၏။

ဥပမာအနေဖြင့် နှင်းတောင်သိုင်းဆရာကြီးနှင့် သူ၏ တပည့်သုံးယောက်ဖြစ်ကြသည့် မိုဒေါ့တ်၊ ဖာရင်တန်၊ တိုနီ၊ ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရီနှီနှင့် ဖှေးမသိသေးသော လူငယ်လေးတစ်ယောက်တို့ ဦးဆောင်လာသည့် မဟာဘုရားကျောင်းမှ ကွပ်မျက်ရေးတပ်ဖွဲ့၊ စိန့်ဂျာမိန်းအင်ပါယာမှ မင်းသား ဂါရာနိုနှင့် သူ၏ လှပသည့် အစေခံကောင်မလေးလေးယောက်တို့ပင်...

အမှန်ပင် သိုင်းဆရာများကြားထဲတွင် အောက်လမ်းမှော်ဆရာ ဟေဇယ်-ဘန့်ခ်နှင့် မကောင်းဆိုး၀ါးနဂါးအာသာတို့လည်းရှိနေကြ၏။ သူတို့သည် ဖှေးအား လူမသိအောင်လှမ်းကာ မျက်စပစ်ပြနေကြသည်။ ထိုနှစ်ယောက်သည် သူတို့၏ မဟာရန်သူများနှင့် သိပ်မ၀ေးသည့်နေရာတွင် ရပ်နေကြ၏။ မဟာဘုရားကျောင်းမှလူများပင်။ သို့သော် သူတို့၀တ်ဆင်ထားသည့် နတ်ဘုရားလှည့်စားခြင်းတံဆိပ်များသည် သူတို့၏ အောက်လမ်းအရှိန်၀ါများကို ဖုံးကွယ်ပေးထားသည့်အတွက်ကြောင့် မဟာဘုရားကျောင်းမှလူများ ဘာမှအာရုံခံနိုင်ခြင်းမရှိကြပေ။

ထိုလူများအပြင် ဖှေးစိတ်၀င်စားစရာကောင်းသည်ဟု ယူဆမိသည့် လူတစ်ချို့လည်းရှိနေကြ၏။

အမဲရောင်ချပ်၀တ်များ ၀တ်ဆင်ထားကြသည့်လူသန်ကြီးနှစ်ယောက်တို့သည် နတ်စင်နှင့် အနီးဆုံးနေရာတွင်ရှိနေပြီး သူတို့နှစ်ယောက်သည် ဆံပင်အပြာရောင်နှင့်လူလတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်ကိုကာကွယ်ကာ အရှေ့သို့ လမ်းလျှောက်နေကြ၏။ သူတို့၏အနောက်တွင် သိုင်းဆရာတစ်ချို့၏ အလောင်းများရှိနေပြီး ထိုသိုင်းဆရာများကို သူတို့တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ကြသည်မှာထင်ရှားလှသည်။ ထိုအလောင်းများသည် မက်တပ်ရပ်လျှက်အနေထားတွင်သာရှိနေဆဲဖြစ်ပြီး မျက်နှာပေါ်တွင်ကောက်ကျစ်သည့်အပြုံးများရှိနေဆဲပင်။ သို့သော် အသက်၀ိဉာဥ်သည် သူတို့၏ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားပြီဖြစ်၏။

ဖှေးကြားခဲ့သည့် ပေါက်ကွဲသံများသည် သူတို့ထံမှ ထွက်ပေါ်လာခဲ့သည်မှာ ထင်ရှားလှသည်။

ကိုယ်ရံတော်ဟု ယူဆရသည့်ယောက်ျားနှစ်ယောက်သည် စွမ်းအားကြီးမားကြသည်ကို ဖှေးပြောနိုင်၏။ သူတို့နှစ်ယောက်လုံးသည် အဆင့်မြင့်လသစ်သိုင်းဆရာများဖြစ်ကြပြီး သူတို့ထံမှ သတ်ဖြတ်လိုသည့်အရှိန်၀ါများကိုရရှိနေသည့်အတွက်ကြောင့် စစ်ဘက်ဆိုင်ရာမှလူများဖြစ်ပုံရ၏။ တစ်ဖက်တွင် ဆံပင်အပြာရောင်နှင့်လူသည် အလွန်ပင်စွမ်းအားမြင့်မားလှဿည်။ ဖှေးသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်တစ်ယောက်ဖြစ်နေသော်လည်း ထိုလူ၏အစွမ်းများကိုအာရုံခံနိုင်ခြင်းမရှိသေးပေ။ သို့သော် လူရိုင်းဇာတ်ကောင်၏ အသိအာရုံမှသူ့အား ဤလူသည် အလွန်ပင်အန္တရာယ်ကြီးမားပြီး သွားမရှုပ်သင့်ကြောင်းကို သတိပေးနေ၏။

တစ်ချိန်တည်းတွင် ဖှေး၌ ထူးဆန်းသည့်ခံစားချက်တစ်ခုရှိနေ၏။ သူသည် ထိုလူအားအရင်ကမြင်ဖူးခဲ့သလို ခံစားနေရပြီးမည်သည့်အချိန်ကမြင်ဖူးခဲ့သည်ကို ပြန်လည်စဥ်းစားနိုင်ခြင်းမရှိသည့်အတွက်ပင်။

ထိုလူသုံးယောက်နတ်စင်ပေါ်သို့ တက်လိုက်သည့်အချိန်တွင် နေရာတစ်၀ိုက်တွင်ရှိနေသည့် အခြေအနေသည်လည်းတင်းမာသွား၏။ နေရာတစ်၀ိုက်တွင်ရှိနေသည့် သိုင်းဆရာများသည် အခြင်းခြင်းစကားတီတိုးပြောနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြောင်းကို ဖှေးသတိထားလိုက်မိသည်။

တစ်ချို့သိုင်းဆရာများသည် ထိုလူသုံးယောက်အား ရက်စက်ကြမ်းကြုတ်သည့်အရိပ်ယောင်များဖြင့် လှမ်းကြည့်နေကြ၏။ သူတို့သည် ထိုလူသုံးယောက်နတ်စင်ပေါ်တက်သွားသည်ကို မလိုလားသည်မှာထင်ရှားလှ၏။ သို့သော် ထိုလူသုံးယောက်သွားသည့်နေရာတွင်ရှိနေသည့် အလောင်းငါးလောင်းက သူတို့အား မတားဆီးသင့်ကြောင်းကို ဖော်ပြနေ၏။ ဤကဲ့သို့သော သွေးထွက်သံယိုမြင်ကွင်းကြောင်း သိုင်းဆရာများသည် စိတ်ထိန်းထားကြရ၏။

“ဒီနတ်စင်က ဘာများထူးခြားလို့လဲ...” ဖှေးအနည်းငယ်စိတ်၀င်စားသွားသည်။

သူသည် နေရာ၏ အစွန်းတွင်ရှိနေလျှက်သာဖြစ်ပြီး လက်ရှိတွင်တင်းမားနေသည့်အခြေအနေကို ၀င်ရောက်ဖျက်ဆီးလိုခြင်းမရှိသေးပေ။ သူသည် လက်ရှိနေရာတွင်သာ တိတ်ဆိတ်ငြိမ်သက်စွာရှိနေပြီး အခြေနေအား လေ့လာလျှက်ရှိသည်။ သူသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာလိုခြင်းမရှိပေ။

လူတိုင်း၏အကြည့်များအောက်တွင် ဆံပင်အပြာရောင်နှင့်လူနှင့် သူ၏ကုယ်ရံတော်တနှစ်ယောက်တို့သည် နတ်စင်ပေါ်သို့ တက်လိုက်ကြပြီးဘေးပတ်၀န်ကျင်ကို ရှုခင်းကြည့်သလို လှည့်ပတ်ကြည့်လိုက်ကကြသည်။ နောက်တဆုံးတွင် သူတို့သည် ရှစ်ထောင့်နတ်စင်၏ မြောက်ဘက်တွင်ရှိနေသည့် ပေါ်တယ်ကဲ့သို့သော အဆောက်ဦးထံသို့ လမ်းလျှောက်သွားလိုက်၏။

ထို့နောက်တွင် သူတို့စောင့်လိုက်ကြသည်။

သူတို့သည် နတ်စင်ပေါ်တွင်ရပ်နေကာ မြေပြင်ပေါ်တွင်ရှိနေသည့် သိုင်းဆရာများကို စိတ်ရှည်ရှည်ဖြင့်ကြည့်လိုက်ကြသည်။

“ဟားဟား အခုဆိုရင် ဓာတ်ဂိတ်တံခါး၇ခုပဲကျန်တော့တယ်။ ငါတို့စိန့်ဂျာမိန်းအင်ပါယာကလည်း တစ်ခုယူရမှာပေါ့။ ဘယ်သူကန့်ကွက်ချင်သေးလဲ...” မင်းသားဂါရာနိုသည် ဘေးပတ်၀န်းကျင်သို့ ခန့်ညားသည့်အပြုံးတစ်ခုဖြင့်ကြည့်လိုက်ပြီး ကျယ်လောင်စွာမေးလိုက်သည်။ သူဘေးပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်နေရင်းဖြင့် သူ၏မျက်လုံးများသည် ဖှေး၏အပေါ်သို့ ခနတာခန့်ကျရောက်သွား၏။ ဆက်လက်ရယ်မောနေရင်းဖြင့် သူ၏အစေခံကောင်မလေးလေးယောက်နှင့်အတူ နတ်စင်ထံသို့ လမ်းလျှောက်သွားလိုက်တော့သည်။

“ထွီ စိန့်ဂျာမိန်းအင်ပါယာဟုတ်လား။ လယ်ဗယ်၂ အင်ပါယာအသေးလေးကများ ဖင်ယားနေသေးတယ်”

“အေးဟုတ်တယ် မင်းက အဆင့်မြင့်လသစ်မှော်ဆရာတစ်ယောက်ပဲရှိသေးတာ။ မင်းကိုယ်မင်း အားနည်းနေသေးတယ်ဆိုတာ မသိသေးဘူးလား။ မင်းက ဓာတ်ဂိတ်တံခါးတစ်ခုကို လိုချင်တယ်ပေါ့လေ။ ဟီးဟီး မင်းစော်လေးယောက်ကို ခေါ်ပြီးထွက်သွားလိုက်တော့ နို့မိုဆိုမင်းအသတ်ခံရလိမ့်မယ်...”

“ဟားဟား ဒီနေရာမှာရှိနေတဲ့လူတွေအများကြီးပဲ စွမ်းအားအကြီးဆုံးလူရှစ်ယောက်ပဲ ဓာတ်ဂိတ်တံခါး ရှစ်ခုကိုအသုံးပြုနိင်လိမ့်မယ်။ ဒီပေါ်တယ်တွေရဲ့အကူညီနဲ့ဆိုရင် ငါတို့က လယ်ဗယ်၃၅ဒေသကိုဖြတ်ကျော်စရာမလိုပဲ နဲ့ လယ်ဗယ်၃၆ဒေသကိုတန်းရောက်သွားလိမ့်မယ်။ လယ်ဗယ်၃၆ဒေသကို ၀င်ရောက်နိုင်တဲ့လူဘယ်သူမဆို ကံကောင်းပြီးတော့ အကြီးမားဆုံး ဆုလာဘ်တစ်ခုကိုရရှိနိုင်တဲ့အခွင့်ရေးတစ်ခုရရှိတယ်။ ဟီးဟီး ကောင်လေး မင်းက ငယ်ပါသေးတယ်ကွာ။ ဘယ်သူမှနာမည်ကြေငြာရုံနဲ့ ဓာတ်ဂိတ်တံခါးတစ်ခုကို အပိုင်ယူနိုင်မှာမဟုတ်ဘူး။ လယ်ဗယ်၉အင်ပါယာကြီးတွေက သိုင်းဆရာကြီးတွေတောင် အဲ့လိုလုပ်လို့မရဘူး...”

“ဟေး စောက်ခြောက်လိုကောင် မင်းဒီစော်လေးယောက်ကို ထားခဲ့လိုက်ပြီးတော့ ချက်ချင်းထွက်သွားတော့။ အဲ့လိုမလုပ်ဘူးဆိုရင်တော့...ဟီးဟီး...” တစ်စုံတစ်ယောက်သည် ဂါရာနို၏ အစေခံကောင်မလေးလေးယောက်တို့အပေါ်တွင် ညစ်ညမ်းသည့်အတွေးများရှိနေပုံရသည်။ ထိုကောင်မလေးလေးယောက်သည်တစ်ယောက်နှင့်တစ်ယောက်မတူညီသည့်အလှများရှိနေကြသည့်အတွက်ပင်။ တစ်ယောက်သည် အေးစက်စက်ပုံရှိသည်၊ တစ်ယောက်သည် ချစ်စရာကောင်၏၊ တစ်ယောက်သည် ဆွဲဆောင်မှုရှိလှပြီး တစ်ယောက်သည် နန်းဆန်လှသည်။ သူတို့အား စွမ်းအားမြင့်မားသည့် ကျင့်ကြံသူများစွာမျက်စိကျကြမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဖှေးထိုအရာကိုကြားသည့်အချိန်တွင် မျက်မှောင်ကြုံ့လိုက်၏။

ယခုအချိန်တွင် သူသည် ယခုရှစ်ထောင့်သဏာန်ရှိသည့်နတ်စင်သည် ဒဏာရီလာနန်းတော်ထဲတွင် အရေးကြီးသည့်အဆောက်ဦးတစ်ခုဖြစ်ကြောင်းကို သိရှိသွားပြီဖြစ်သည်။ ဟေဇယ်-ဘန့်ခ်သည် သူတို့ဤနေရာသို့မ၀င်ရောက်မှီတွင် ဤနတ်စင်အကြောင်းကို ကြိုတင်ကာရှင်းပြခဲ့ဖူး၏။

ဒဏာရီလာနန်းတော်ထဲတွင် ဒေသ၃၆ခုရှိပြီးဖြတ်ကျော်ရန်အတွက် အခက်ခဲဆုံးဒေသည် လယ်ဗယ်၃၆ဒေသမဟုတ်ပဲ လယ်ဗယ်၃၅ဒေသဖြစ်သောကြောင့်ပင်။ ဒဏာရီလာရေအောက်နန်းတော်အား စတင်တွေ့ရှိခဲ့ကြသည့်အချိန်ကတည်းက နေအဆင့်သခင်တစ်ချို့သာ ပေါ်တယ်များအကူညီကိုမယူပဲ လယ်ဗယ်၃၅ဒေသကို အောင်မြင်စွာဖြတ်ကျော်နိုင်ဖူးသည်။ ထိုကဲ့သို့ပြုလုပ်ရန်အတွက် ကြိုးစားခဲ့ဖူးသည့် တစ်ခြားသိုင်းဆရာများမှာမူ သေဆုံးသွားကြ၏၊ ထို့ကြောင့် လယ်ဗယ်၃၆ဒေသကို မရဏဒေသဟုလည်းခေါ်ကြသည်။

နတ်စင်တွင် ထောက်ရှစ်ထောင့်ရှိနေပြီး အနည်းဆုံးလခြမ်းအဆင့်ရှိသည့် သိုင်းဆရာရှစ်ယောက်မှ သူတို့၏စွမ်းအင်များကို တစ်ချိန်တည်း စီး၀င်စေသည့်အချိန်တွင် စတင်ကာ အသက်၀င်လာမည်ဖြစ်သည်။ ထိုပေါ်တယ်များကိုအသုံးပြု၍ သေခြင်းဒေသဖြစ်သည့် လယ်ဗယ်၃၅ဒေသကို ဖြတ်ကျော်ကာ လုံခြုံကာ ရတနာများစွာရှိသည့်လယ်ဗယ်၃၆ဒေသသို့ တန်းကာရောက်ရှိသွားမည်ဖြစ်သည်။

ဖှေးသည် ဤကဲ့သို့သောအချက်လက်များကို ကြိုတင်ကာသိရှိပြီးဖြစ်သည့်အတွက် သိုင်းဆရာများအချင်းချင်းပြောနေကြသည့် စကားတစ်ချို့ကိုကြားပြီးသည့်အချိန်တွင် နားလည်သဘောပေါက်သွား၏။

“ဒီနေရာမှာ သိုင်းဆရာတွေအများကြီးရှိနေတာ အံ့သြစရာမဟုတ်တော့ပါဘူး။ သူတို့တွေက ဓာတ်ဂိတ်တံခါးတွေကို လုယူဖို့ရှိနေကြတာပဲ....”

ပေါ်တယ်တစ်ခုခြင်းစီတိုင်းသည် အနည်းဆုံးလူငါးယောက်ကိုသာ တယ်လီပေါ့ပေးနိုင်သည့်အတွက်ကြောင့် အဖွဲ့တိုင်းထိုပေါ်တယ်များကို လိုချင်နေကြ၏။

ဤကဲ့သို့ဖြစ်သောကြောင့် ဖှေးသည်လည်း ဓာတ်ဂိတ်တံခါးတစ်ခုကိုအပိုင်သိမ်းရမည်ဖြစ်သည်။ ကမ္ဘာကျောက်တုံးအား သန့်စင်နိုင်သည့် ဒဏာရီလာနတ်စင်သည် ထိုနေရာထဲတွင်ရှိနေလား ရှာဖွေကြည့်ရမည့်အတွက်ပင်။

သို့သော် လက်ရှိတွင် အခြေအနေရှုပ်ထွေးနေသေးသောကြောင့် ဖှေးလှုပ်ရှားခြင်းမရှိသေးပေ။

ဂိတ်တံခါးတစ်ခုအား ရယူပြီးဖြစ်သည့် အပြာရောင်ဆံပင်နှင့်လူတို့မှလွှဲ၍ ကျန်ရှိနေသည့်သိုင်းဆရာများသည် သူတို့၏စွမ်းအားများကို အမြင့်ဆုံးထုတ်လွှင့်ထားကြ၏။ ဖှေးတစ်ယောက်တည်းဖြင့် သူတို့အားလုံးကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ဖှေးတွင် လျို့၀ှက်မြေပုံတစ်ခုရှိနေသည့်အတွက်ကြောင့် ဤနေရာသို့ ပထမဆုံးရောက်နေသင့်သည်။ သို့သော် သူသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့ နှစ်ကြိမ်ခန့်၀င်ရောက်ကာ လယ်ဗယ်မြှင့်တင်နေခဲ့ရသည့်အတွက်နောက်ကျနေခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ဤသိုင်းဆရာများသည် သူ့ထက်အရင်ကြိုရောက်နေကြ၏။

သို့သော် ထိုဂိတ်တံခါးရှစ်ခုသည် အလုပ်လုပ်ရန်အတွက် သိုင်းဆရာရှစ်ယောက်လုံးသူတို့၏ စွမ်းအားများကို စီး၀င်စေရန်လိုအပ်သည့်အတွက်ကြောင့် သူနောက်ကျမှရောက်လာခဲ့သော်လည်း သိပ်သက်ရောက်မှုမရှိပေ။

လက်ရှိတွင် စိန့်-ဂျာမိန်းအင်ပါယာမှမင်းသားဂါရာနိုသည် သိုင်းဆရာတစ်ချို့၏ အနိုင်ကျင့်ခြင်းကို ခံနေရ၏။ ဖှေးမြို့တော်စိန့်ပီတာစဘာ့တ်တွင်ရှိသည့် သိုင်းပညာတောင်ပေါ်တွင်ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်လည်ကာ စဥ်းစားလိုက်မိသည်။ လွန်ခဲ့သည့်တစ်လခန့်က ဤလူငယ်သည် လယ်ဗယ်၈အဆင့်နိမ့်လသစ်မှော်ဆရာတစ်ယောက်သာဖြစ်သေး၏။ ဤကဲ့သို့သော စွမ်းအားဖြင့် ဤလူငယ်သည် လယ်ဗယ်၃၄ဒေသသို့ပင် ၀င်ရောက်နိုင်မည်မဟုတ်ပဲ ဓာတ်ဂိတ်တံခါးတစ်ခုကို လုယူနိုင်လိမ့်မည်မဟုတ်ပေ။

“သူက ဒီအထိရောက်လာနိင်တယ်ဆိုတော့ သူ့အစွမ်းတွေကအဲ့လောက်တောင် တိုးပွားလာခဲ့တာလား...”

ဖှေးသည် ခါဆစ်အား ကူညီခဲ့ဖူးသည့် ဤလူငယ်အား ကျေးဇူးတင်နေလျှက်ရှိသည်။ အကယ်၍ ထိုလူသာ ဒုက္ခရောက်နေပါက ဖှေးသည် သူ့အား အကူညီပေးရန်အတွက် တွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော် ဤလူငယ်သည် တုန်းအသည့် လူတစ်ယောက်မဟုတ်သည်ကို သိရှိသည့်အတွက်ကြောင့် ဖှေးသည် ချက်ချင်းကူညီခြင်းမရှိသေးပေ။ ဤလူငယ်တွင် ၀ှက်ဖဲများရှိနေဦးမည်ဖြစ်၏။

ဖှေးထင်ထားသလိုပင် ဂါရာနို၏ ရယ်မောသံထက်မံံ၍ ထွက်ပေါ်လာ၏။

သူ၏လက်ဖြင့် လေထဲတွင်ဆုပ်ကိုင်လိုက်သည့်အချိန်တွင် သေးငယ်သည့် အမဲရောင်ကျိမ်လုံးတစ်ခုပေါ်လာ၏။ သူသည် လျှင်မြင်စွာပင် မန္တန်တစ်ခုကို ရေရွတ်လိုက်ရာ ကျိမ်လုံး၏ထိပ်ပိုင်းတွင်ရှိနေသည့် အပြာရောင်တလင်းကျောက်တုံးလေးသည် တောက်ပလာတော့သည်။ ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ခုပေါက်ကွဲသွားပြီး နေရာတစ်လုံးပင် ပြည့်နှက်သွားတော့သည်။ ဤအခိုက်တန့်တွင် မှောင်ကျိမ်လုံးကို ကိုင်ထားသည့် ဂါရာနိုသည် စစ်နတ်ဘုရားတစ်ယောက်ကဲ့သို့ပင်ဖြစ်နေပြီး သူ၏ အစေခံကောင်မလေးလေးယောက်တို့သည် စစ်နတ်သမီးများကဲ့သို့ပင်။

အမဲရောင်နှင့် ခရမ်းရောင်ရောစပ်ထားသည့်အလင်းတန်းများသည် မင်းသားအား စော်ကားပြောဆိုခဲ့သူများထံသို့ပျံသန်းသွားပြီး သူတို့ထဲကတစ်ယောက်မှ ထိုအလင်းတန်းများကို ရှောင်ရှားနိုင်ခြင်းမရှိလိုက်ပေ။ အလင်းတန်းများသည် သူတို့၏ခန္ဓာကိုယ်အားလွှမ်းခြုံသွားလျှင်သွားခြင်းပင် သူတို့၏ခန္ဓာကိုယ်များနှင့် လက်နက်များ၊ ချပ်၀တ်များပါ တစ်ခါမှမရှိခဲ့ဖူးသလို ပျောက်ကွယ်သွားတော့သည်။

တိတ်ဆိတ်သွား၏။

သေခြင်းတရားကဲ့သို့ပင် တိတ်ဆိတ်သွားသည်။

All Chapters