အခန်း (၅၈၉)
Vol. 37 Ch. 589
ဤသည်မှာ ကြီးမားသည့်အံ့သြစရာတစ်ခုပင်။ လယ်ဗယ်၃အဆင့်မြင့်လသစ်မှော်ဆရာတစ်ဦးသည် သိုင်းဆရာများစွာကို လွယ်ကူစွာသတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမှထင်ထားလိမ့်မည်မဟုတ်ပေ။ သေဆုံးသွားခဲ့သည့်သိုင်းဆရာများထဲမှတစ်ယောက်သည် ဂါရာနိုထက်များစွာပို၍ စွမ်းအားကြီးမားသည့် လခြမ်းအဆင့်သိုင်းဆရာတစ်ယောက်ပင်။
ထိုအမဲရောင်မှော်ကြိမ်လုံးကြောင့်လား။
လူတိုင်း၏ အာရုံစိုက်မှုများသည် ၂၀စင်တီမီတာခန့်ရှည်လျားပြီး လက်မတစ်ချောင်းစာခန့်သာ အထူရှိသည့် ကြိမ်လုံးပေါ်သို့ ကျရောက်နေ၏။ ထိပ်တွင်ရှိနေသည့် ခရမ်းရောင် မှော်တလင်းကျောက်သည် ကြက်ဥတစ်လုံးအရွယ်စားရှိနေပြီး နတ်ဘုရားဆန်ကာ ခုခံ၍ မရနိုင်သည့်စွမ်းအင်အရှိန်၀ါတစ်ခုကို ထုတ်လွှတ်နေလျှက်ရှိသည်။
“မဟုတ်မှလွှဲရော နတ်ဘုရားအဆင့်ပစ္စည်းလား...”
“အား မဟူရာတလင်းကျောက်...ငါသိတယ်။ အဲ့တာက မဟူရာတလင်းကျောက်မှော်ကျိမ်လုံးပဲ။ စိန့်ဂျာမိန်းအင်ပါယာအရှင်သခင်ရဲ့ လက်စွဲတောင်ကြိမ်လုံး။ အဲ့တာက နာမည်ကြီးတဲ့ နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုပဲ...” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
နတ်ဘုရားတစ်ပိုင်းလက်နက်။
ထိုစကားလုံးသည် သိုင်းဆရာများကကို ရူးသွပ်သွဦးစေ၏။ သူတို့သည် ဂါရာနို၏လက်ထဲမှ ကြိမ်လုံးအား သွားရေတမြားမြားဖြင့် ငေးကြည့်နေကြ၏။
လက်စွဲတော်လက်နက်များသည် အေဇာရုတိုက်ပေါ်မှ သိုင်းဆရာများ၏ အဓီကလက်နက်များပင်။ ထိုလက်နက်များကို အဆင့်ရှစ်ဆင့်ခွဲခြားထား၏။ လယ်ဗယ်၆ထက်မြင့်မားသည့် လက်နက်များသည် ရှားပါးပြီး လယ်ဗယ်၈ထက်မြင့်မားသည့်လက်နက်များကိုမူ နတ်ဘုရားတစ်ပိုင်းလက်နက်များဟုခေါ်ကြသည်။ ထိုလက်နက်များကို မဟာဗျူဟာကျလက်နက်များအဖြစ်သက်မှတ်နိုင်ပြီး အင်ပါယာကြီးများတွင်တစ်ခုစီသာရှိနေတတ်၏။ အကယ်၍ စွမ်းအားမြင့်သိုင်းဆရာများသာ ထိုလက်နက်များကို အသုံးပြုပါက မြေမျက်နှာပြင်များကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိပြီး စစ်ပွဲတစ်ပွဲ၏ ရလဒ်ကိုလည်းများစွာသက်ရောက်စေနိုင်၏။
အကယ်၍ လူနှစ်ယောက်လုံးသည် တူညီသည့်စွမ်းအားများရှိနေပါက နတ်ဘုရားတစ်ပိုင်းလက်နက်ကိုပိုင်ဆိုင်ထားသူသည် တစ်ဖက်ရန်သူအားလွယ်ကူစွာပင် သတ်ဖြတ်ပစ်နိုင်သည်။ ထိုလက်နက်များ၏အကူညီဖြင့် သိုင်းဆရာများ၊ မှော်ဆရာများသည် မိမိထက်ပို၍စွမ်းအားများစွာမြင့်မားသည့် ရန်သူများကိုပင် သတ်ဖြတ်နိုင်၏။ နတ်ဘုရားတစ်ပိုင်းလက်နက်များ၏ အကူညီဖြင့် ကြယ်အဆင့်စစ်သည်တစ်ယောက်သည် လအဆင့်စစ်သည်တစ်ယောက်နှင့်တိုက်ခိုက်နိုင်မည်ဖြစ်ပြီး၊ လအဆင့်စစ်သည်တစ်ယောက်သည်လည်း နေအဆင့်သခင်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။ တစ်ခုရှိသည်မှာ နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုအား အသုံးပြုရန်အတွက်စွမ်းအင်များစွာလိုအပ်ခြင်းပင်။ အကယ်၍ ကြယ်အဆင့်စစ်သည်များသာ နတ်ဘုရားတစ်ပိုင်းလက်နက်များကိုအသုံးပြုပါက သူတို့၏အတွင်းအားစွမ်းအင်များအပြင် အသက်၀ိဉာဥ်ကိုပါ စုပ်ယူသွားမည်ဖြစ်သည်။
အခိုက်တန့်တစ်ခုကြာခန့် ဤနေရာတစ်၀ိုက်တွင်ရှိနေသည့် လူတိုင်းလိုလိုပင် ဂါရာနို၏ လက်ထဲတွင်ရှိနေသည့်နတ်ဘုရားတစ်ပိုင်းလက်နက်ကို လိုချင်နေကြ၏။ သို့သော် မည်သူမှလှုပ်ရှားရဲခြင်းမရှိပေ။ ဂါရာနိုသည် လက်ရှိတွင် နေအဆင့်သခင်တစ်ယောက်နှင့်ပင်ရင်ဆိုင်တိုက်ခိုက်နိုင်သည့်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့်အတွက်ပင်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်အားအချိန်ကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် စွမ်းအင်လုံလုံလောက်လောက်မရှိသော်လည်း မည်သူမှစတေးခံလိုခြင်းမရှိကြပေ။
ဤကဲ့သို့သော နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဂါရာနိုသည် လက်ရှိဤနေရာတွင်စွမ်းအားအမြင့်မားဆုံးလူများထဲမှတစ်ယောက်ဖြစ်သွား၏။
ထို့ကြောင့် စိန့်ဂျာမိန်းအင်ပါယာမှ မင်းသားလိုက်ကြည့်နေသည့်အချိန်တွင် သူ့အား မည်သူမှပြန်ကြည့်ရဲခြင်းမရှိကြပေ။
သူ့အား ယခုအချိန်တွင်မည်သူမှ ကန့်ကွက်ရဲခြင်းမရှိတော့သည့်အတွက်ကြောင့် ဂါရာနိုသည် နတ်စင်ပေါ်သို့ တက်သွားကာ ဓာတ်ဂိတ်တံခါးတစ်ခုကို နေရာယူလိုက်၏။
ထို့ကြောင့် ယခုအချိန်တွင် နေရာခြောက်ခုသာ ကျန်ရှိတော့၏။
ဤမြင်ကွင်းသည် ဖှေးအား အံ့သြစေသည်။
“ဒီနေရာကို ရောက်နေသင်တဲ့ ကြယ်ရှစ်လုံးအဆင့်ပဲရှိသေးတဲ့ ဖာရင်တန်တို့လိုလူတွေက ဘာလို့ ဒီနေရာကိုရောက်လာလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး။ သူ့မှာလည်း ထူးခြားတဲ့အရာတစ်ခုတော့ရှိနေလိမ့်မယ်...”
အားနည်းသည့်လူများသည်လည်း လယ်ဗယ်၃၄ဒေသတွင် ပြသနာမရှိရပ်နေကြ၏။ သူတို့အားလုံးတွင် ဂါရာနိုကဲ့သို့ နတ်ဘုရားတစ်ပိုင်းအဆင်လက်နက်များရှိမနေနိုင်သော်လည်း ၀ှက်ဖဲကိုယ်စီရှိနေကြမည်မှာ အထင်ရှားပင်။
အနည်းဆုံးဖှေးသည်လည်း ဖာရန်တန်စီမှ စွမ်းအင်အရှိန်၀ါတစ်ခုကို အာရုံခံမိနေသည်။ ထိုစွမ်းအင်သည် ဂါရာနို၏ မဟူရာတလင်းကျောက်မှော်တောင်၀ှေးထက် အားနည်းခြင်းမရှိပေ။ ထို့ကြောင့် ဖာရင်တန်တွင်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တစ်ခုရှိနေနိုင်၏။
ရုတ်တရက် ရေရွတ်သံများထွက်ပေါ်လာ၏။
ဤနေရာတွင်ရှိနေသည့် လူတိုင်းထက်အရပ်ပိုရှည်သည့် ခေါင်းပြောင်တစ်ယောက်သည် တိတ်ဆိတ်စွာထွက်လာပြီး နတ်စင်ထံသို့ လမ်းလျှောက်သွားတော့သည်။ သူသည် ရွှေရောင်သရဖူတစ်ခုကို ၀တ်ဆင်ထားသည့်အတွက်ကြောင့် အင်ပါယာအရှင်သခင်တစ်ပါးဖြစ်ပေလိမ့်မည်ဖြစ်သည်။
ဤနေရာတွင်ရှိနေသည့် သိုင်းဆရာများသည် အရပ်ပုခြင်းမရှိသော်လည်း ထိုလူ၏ ခါးလောက်သာရှိနေ၏။ ယခင်က ထိုလူသည် ထိုင်နေသည့်အတွက်ကြောင့်သာ မည်သူမှ သတိမထားမိခဲ့ခြင်းဖြစ်သည်။ သူ၏ဘေးတွင် အစေခံဟုယူဆရသည့် ခပ်ပိန်ပိန်အဖိုးကြီးနှစ်ဦးလိုက်ပါလာနေလျှက်ရှိသည်။
သူတို့ သုံးယောက်သည် ဘာမှပြောခြင်းမရှိသော်လည်း သူတို့၏ အမူယာများသည် မာနထောက်လွှားနေကြ၏။ သူတို့သည် တစ်ခြားလူများအမြင်ကိုလုံး၀ပင် ဂရုမစိုက်သည့်ပုံပင်။ သမင်အုပ်ထဲတွင် လမ်းလျှောက်နေသည့် ခြင်္သေ့များကဲ့သို့ပင် နတ်စင်ထံသို့သာ လမ်းလျှောက်သွားလိုက်၏။
“ရပ်လိုက်ကြစမ်း မင်းတို့သုံးကောင်က ဓာတ်ဂိတ်တံခါးတစ်ခုကို လိုခငျ်တယ်ပေါ့...” အလယ်လတ်လသစ်သိုင်းဆရာနှစ်ဘယောက်သည် တစ်ယောက်နင့်တစ်ယောက် မျက်စပစ်ကာ နှာခေါင်းရှုံ့လိုက်၏။
သူတို့သည် ထိုလူသုံးယောက်၏ လမ်းကြောင်းကို ပိတ်လိုက်ပြီး သန်မာထွားကျိုင်းသည့်ပုံရသည့် ခေါင်းပြောင်လူကြီးအား မလေးမစားဖြင့်ကြည့်ကာ ပြောလိုက်ကြသည်။ “ဟေ့လူခင်ဗျား လစ်လိုက်တော့။ လူကောင်ကြီးတိုင်းစွမ်းအားကြီးတယ်ထင်နေတာလား...”
“ဟီးဟီး...ဟီးဟီး...မင်းတို့ကောင်တွေက အိုက်ဟိုဗင်အင်ပါယာအရှင်သခင်ရဲ့အရှေ့မှာ လာရပ်နေရဲတယ်ပေါ့။ ငါတော့ သွေးနံ့တွေရနေပြီ...” လူသေရုပ်ပေါက်နေသည့် ဖိုးကြီးနှစ်ဘောက်သည် တစ်ချိန်တည်းမှာပင်ရယ်မောလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်သည် အရိပ်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။ စက္ကန့်၀က်မျှကြာသည့်အချိန်တွင် သူတို့ပြန်ပေါ်လာပြီး လူထွားကြီး၏ဘေးတွင်ရပ်လိုက်ကြ၏။
“ဘုန်း...”
သူတို့အား လမ်းပိတ်ထားသည့် သိုင်းဆရာနှစ်ယောက်သည် အနည်းငယ်တုန်ခါသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
သူတို့၏ခေါင်းများသည် ဖရဲသီးများလိုပင်ကြေမွသွားပြီး ဦးခေါင်းခွံများကျိုးကြေကုန်ကြသည်။ သို့သော် လည်ပင်းအောက်ပိုင်းမှ ခန္ဓာကိုယ်သည် ပုံမပြတ်ရှိနေဆဲပင်။
တစ်ဖက်တွင် နတ်ဆိုးကဲ့သို့သော အဖိုးကြီးများသည် သူတို့၏လက်များကိုအများမြင်အောင်ပြလိုက်၏။ သူတို့၏အမဲရောင်လက်သည်းများသည် မီတာ၂၀ကျော်ခန့်ပင်ရှည်လျားပြီး သံမဏိဓားသွားများထက်ပင် ပို၍ချွန်ထက်နေသည့်ပုံပင်။ ထိုလက်သည်းများပေါ်တွင်ရှိနေသည့်မှာ အငွေ့တစ်ထောင်းထောင်းနှင့် ဦးနှောက်အပိုင်းစများပင်။
“ဟီးဟီး...သိုင်းဆရာတွေရဲ့ဦးနောက်က အတော်လေးအရသာရှိတာပဲ...” အဖိုးကြီးနှစ်ယောက်သည် ရယ်မောကာ လက်သည်းတွင်ပေကပ်နေသည့် ဦးနောက်စများကို ကမ္ဘာပေါ်တွင် အရသာအရှိဆုံးအစားသောက်များကဲ့သို့ ယက်လိုက်ကြ၏။ လူတိုင်းလိုလို၏ မျက်နှာများဖြူဖက်ဖြူယော်ဖြစ်ကုန်ပြီး တစ်ချို့ဆိုလျှင် အန်ထွက်ကုန်ကြတော့သည်။
ယခုအချိန်တွင် မည်သူမှ ထိုသုံးယောက်အား ဟန့်တားရဲခြင်းမရှိတော့ပေ။
ထိုအဖိုးကြီးနှစ်ယောက်သည် အတော်လေးကြောက်မက်ဖွယ်ကောင်းနေပြီး အစွမ်းတစ်စုံတစ်ရာကို ထုတ်ဖော်ပြခြင်းမရှိသေးသည့် ထိပ်ပြောင်လူသန်ကြီးသည်လည်း အားနည်းသည့်လူဖြစ်ပုံမရပေ။ ထိုလူသုံးယောက်သည် ဓာတ်ဂိတ်တံခါးတစ်ခုကို ရယူရန်အတွက် စွမ်းအားလုံလောက်၏။
ခနာတာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
“အချိန်မရှိဘူးဂျက်စီ ငါတို့လဲသွားရအောင်...” ၀တ်ရုံနီသူတော်စင် ပယ်လီဂရီနီသည် အရှေ့သို့ ခြေတစ်လှမ်းတက်ကာ ဂျက်စီအား ပြောလိုက်သည်။
ဓာတ်ဂိတ်တံခါး ငါးခုသာကျန်ရှိတော့သည်ကို တွေ့လိုက်ရသည့်အတွက် မဟာဘုရားကျောင်းမှ ကွပ်မျက်ရေးတပ်ဖွဲ့သည်လည်း စတင်၍ စိုးရိမ်လာတော့၏။ သူတို့အား မြောက်ပိုင်းဒေသဂိုဏ်းချုပ်ကြီး ပေးခဲ့သည့်တာ၀န်သည် လယ်ဗယ်၃၆ဒေသတွင်သာပြီးမြောက်နိုင်သည်ဖြစ်သောကြောင့် သူတို့သည်ဆက်လက်စောင့်စားနိုင်ခြင်းမရှိတော့ပေ။
“ကောင်းပြီလေ...” ဂျက်စီခေါင်းငြိမ့်လိုက်သည်။
လက်ရှိတွင် သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေ၏။ မူလက အဖွဲ့၀င်သုံးဆယ်ကျော်ခန့်ပါ၀င်သည့် ကွပ်မျက်ရေးတပ်ဖွဲ့သည် လက်ရှိတွင် အဖွဲ့၀င်၁၂ယောက်သာကျန်ရှိတော့၏။ ၀တ်ရုံနီ၀တ်သူတော်စင်အပြင် စွမ်းအားအမြင့်ဆုံးစစ်သည်သည် လယ်ဗယ်၂အဆင့်နိမ့်လသစ်အဆင့်သာရှိ၏။ သူတို့အဖွဲ့သည် ဤနေရာထိရောက်ရှိလာနိုင်ခဲ့ခြင်းသည် ဂျက်စီသည် အတက်နိုင်ဆုံးကြိုးစားကာ လူတိုင်းကို ကာကွယ်ပေးခဲ့သည့်အတွက်ပင်။ ရလဒ်အနေဖြင့် သူ၏မြင့်မြတ်သည့်စွမ်းအင်များစွာကိုအသုံးပြုခဲ့ရ၏။
ဓာတ်ဂိတ်တံခါးတစ်ခုသည် လူငါးယောက်ကိုသာ ပို့ဆောင်ပေးနိုင်သည့်အတွက်ကြောင့် မဟာဘုရားကျောင်းမှလူ၇ယောက်သည် ဤနေရာတွင်နေခဲ့ရမည်ဖြစ်သည်။ ပယ်လီဂရီနီသည် သူ၏ ရွှေရောင်လက်၀ါးကပ်တိုင်တောင်၀ှေးအား မြေပေါ်သို့ထိုးစိုက်လိုက်သည့်အချိန်တွင် အချင်း၀က် ၁၀မီတာခန့်ရှိသည့် အလင်းစက်လုံးတစ်ခုပေါ်လာ၏။ ထိုစက်လုံးသည် အထဲတွင်နေခဲ့မည်လူများကို ကြီးမားလှသည့် ဖိအားဒဏ်မှကာကွယ်ပေးထားမည်ဖြစ်သည်။
လယ်ဗယ်၃၆ဒေသသို့ မည်သူ၀င်ရောက်နိုင်ကြောင်းကိုရွှေးချယ်သည့်အချိန်တွင် အချင်းများမှုတစ်ချိုဖြစ်သွားခဲ့သည်။ နတ်ပြည်ကဲ့သို့သော ဒဏာရီလာနန်းတော်၏ အလည်ဗဟိုသို့သွားရောက်ရမည့်အခွင့်ရေးကို မည်သူမှအဆုံးရှုံးမခံလိုကြပေ။ နောက်ဆုံးတွင် ပယ်လီဂရီနီသည် လိုက်ပါရမည်လူနှစ်ယောက်ကို ရွေးချယ်လိုက်ပြီး ဂျက်စီအား တစ်ယောက်ရွေးချယ်ခွင့်ပြုလိုက်သည်။
“အလန် ငါနဲ့လိုက်ခဲ့လေ...” ဂျက်စီသည် ထိုနေရာအား အဖွဲ့ထဲတွင် သူ့အတွက်တစ်ယောက်တည်းသောဂရုစိုက်ပေးခဲ့သူဖြစ်သည့် အားအနည်းဆုံးမြင့်မြတ်သောစစ်သည်ကို ပေးလိုက်သည်။ ဤအခိုက်တန့်တွင် အလန်သည် ကြယ်ရှစ်လုံးအဆင့်စွမ်းအားသာရှိ၏။
“အာ ကျွန်တော်လား။ ကျေးဇူးပါ မစ်စတာ ကျေးဇူးပါ...” အလန်သည် အလွန်အံ့သြသွားသည်။ သူသည် ဤမျှကံကောင်းလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။ သူ၏အပေါင်းဖော်များသည် သူ့အား မနာလိုသည့်အကြည့်များဖြင့်ကြည်နေပြီး ဤသူရဲကောင်းသည် သူ၏ကံကြမ္မာသည်ယခုအချိန်မှစပြီးပြောင်းလဲတော့မည်ဟု ခံစားနေရ၏။
လူတိုင်း၏ လေးစားကြောက်ရွံ့သည့်အကြည့်မျးအောက်တွင် မဟာဘုရားကျောင်းလူငါးယောက်သည် နတ်စင်ပေါ်သို့ လမ်းလျှောက်တက်သွားကာ ဓာတ်ဂိတ်တံခါးတစ်ခုကို နေရာယူလိုက်၏။
သိုင်းဆရာများလေးစားကြောက်ရွံ့နေရခြင်းသည် သူတို့၏ စွမ်းအားများကြောင့်မဟုတ်ပဲ သူတို့၏နောက်ခံကြောင့်ပင်။ မဟာဘုရားကျောင်းသည် တိုက်ပေါ်တွင် အရှိန်၀ါအကြီးမားဆုံးအင်အားစုတစ်ခုဖြစ်သည့်အတွက် ဤနေရာတွက် ပို၍စွမ်းအားကြီးမားသောသိုင်းဆရာများရှိနေသော်လည်း သူတို့အား မည်သူမှ တားဆီးရဲခြင်းမရှိပေ။ အကယ်၍တစ်စုံတစ်ယောက်သည် သူတို့အား သွားရောက်တိုက်ခိုက်မိပါက မဟာဘုရားကျောင်းအဖွဲ့စည်းသည် သူတို့အားတိုက်တစ်ခုလုံးပေါ်တွင် ထွက်ပြေးစရာမြေမရှိအောင်လိုက်လံသတ်ဖြတ်မည်ဖြစ်သောကြောင့်ပင်။ နေအဆင့်သခင်များပင် မဟာဘုရားကျောင်းအား တိုက်ရိုက်သွားရောက်ရန်စရဲခြင်းမရှိပေ။
မကြာမှီတွင် ဓာတ်ဂိတ်တံခါးလေးခုသာ ကျန်တော့၏။
အခွင့်ရေးတစ်၀က်ခန့်သာကျန်ရှိတော့သဖြင့် လေထုသည် ပို၍ပင်တင်းမာလာတော့သည်။
ရုတ်တရက်တစ်စုံတစ်ယောက်၏ အသံထွက်ပေါ်လာ၏။
“သွားရအောင် မိုက်ကယ်...”
ထိုအသံထွက်ပေါ်လာသည့်အချိန်တွင် လိမ္မော်ရောင်မီးတောက်တစ်ခုတောက်သွားပြီး လူတိုင်း၏မြင်ကွင်းများ၀ေ၀ါးသွားကာ လူနှစ်ယောက်သည် ငါးခုမြောက်ဓာတ်ဂိတ်ခါးအောက်သို့ရောက်ရှိသွားတော့၏။
သတို့ထဲမှတစ်ယောက်သည်အရပ်ပုပြီး ကောက်ကွေးသည့် ဆံပင်များရှိ၏။ ထိုလူမည်မျှ စွမ်းအားကြီးကြောင်းကို ဖှေးပြောနိုင်ခြင်းမရှိပေ။ ကျန်ရှိနေသည့်လူသည် အနည်းငယ်ပို၍အရပ်ရှည်ပြီး အ၀ါရောင်ချပ်၀တ်တစ်စုံကို ၀တ်ဆင်ထား၏။ သူ၏ခန္ဓာကိုယ်သည် မာကြောကာ အလွန်ရုပ်ဆိုးသည့်လူတစ်ယောက်ပင်။ ထိုသွင်ပြင်နှစ်ခုပေါင်းစပ်သွားသည့်အတွက် သူသည် လူသားများကို စားသောက်တော့မည့် ဒိုင်နိုဆောကြီးတစ်ကောင်ကဲ့သို့ပင်၊