← Chapters

အခန်း (၅၉၀)

Vol. 37 Ch. 590

အခန်း (၅၉၀)

Vol. 37 Ch. 590

နတ်စင်သို့ရုတ်တရက်ရောက်ရှိလာသည့် လူနှစ်ယောက်သည် ဂျက်အင်ပါယာမှဖြစ်ကြသည့်ပုံပင်။ အရပ်ပုပုလူ၏ အမူယာကိုကြည့်ရုံဖြင့်ပင် ထိုလူသည် တော်၀င်မိသားစုမှ လူတစ်ယောက်ဖြစ်သည်ကို ခန့်မှန်းနိုင်၏။

လူတိုင်း ထိတ်လန့်အံ့သြသွားကြသည်။

သူတို့အားလုံးသည် ဤနေရာသို့ ကီလိုမီတာ၀န်းပေါင်းများစွာခရီးထွက်လာသည့်လူများပင်ဖြစ်ပြီး သူတို့နှင့်သက်ဆိုင်ရာနေရာများတွင် စွမ်းအားမြင့်မားပြီး အရှိန်၀ါကြီးမားသည့်လူများပင်။ ဤလူနှစ်ယောက်သည် လောကနိယာမများကို လိုသလို အသုံးချကာ နတ်စင်ပေါ်သို့ တယ်လီပေါ့တ်ပြုလုပ်ကာ ရောက်ရှိလာသည့်အတွက် သူတို့နှစ်ယောက်၏ စွမ်းအားများသည်လည်း ဆံပင်အပြာရောင်လူနှင့် ဂါရာနိုတို့ထက်နိမ့်ကျခြင်းမရှိသည်မှာ ထင်ရှားလှသည်။

ထို့ကြောင့် သူတို့နှစ်ယောက်အား မည်သူမှ တားဆီးရဲခြင်းမရှိပေ။

ယခုအချိန်တွင် ဓာတ်ဂိတ်တံခါး သုံးခုသာကျန်ရှိတော့၏။

"ဟာ အာသာ သောက်မနေနဲ့တော့ သွားရအောင်..." ဟေဇယ်-ဘန့်ခ်သည် အ၀ေးတစ်နေရာတွင်ရှိနေသည့်ဘုရင်အား လှမ်းကြည့်ကာ အချက်ပြသည့်နေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင် ဂျက်အင်ပါယာမှ လူနှစ်ယောက်ကဲ့သို့ပင် သူသည်လည်းအတွင်းအားစွမ်းအင်အသုံးပြုခြင်းမရှိပဲ လှစ်ကနဲပင် တယ်လီပေါ့တ်ပြုလုပ်ကာ နတ်စင်ပေါ်သို့ရောက်ရှိသွားကာ ဓာတ်ဂိတ်တံခါးတစ်ခုကို သိမ်းယူလိုက်၏။

ဤအောက်လမ်းမှော်ဆရာ၏ အမြင့်ဆုံးလပြည့်အဆင့်စွမ်းအားများကို အပြည့်၀ထုတ်ဖော်ပြသလိုက်ခြင်းပင်။ ယခုအချိန်တွင် သူသည် နေအဆင့်သို့ရောက်ရှိရန်အတွက် ခြေတစ်လှမ်းခန့်သာလိုတော့သည်ဖြစ်သည်။

ယခုအချိန်တွင် ဓာတ်ဂိတ်တံခါးနှစ်ခုသာကျန်တော့၏။

ရုတ်တရက်ပင် နေရာတစ်၀ိုက်တွင်ရှိနေသည့် သိုင်းဆရာများစိုးရိမ်လာကြတော့သည်။ သူတို့၏မျက်လုံးများထဲတွင် ရူးသွပ်မှုများနှင့် အန္တရာယ်ရှိသည့်အရိပ်ယောင်များ စိုးမိုးလာတော့၏။ သူတို့သည် အိပ်သွန်ဖာမှောက်ရှုံးနိမ့်နေသည့် လောင်းကစားသမားများကဲ့သို့ပင်။ သူတို့၏ အသက်ကိုရင်း၍ နောက်ဆုံးကစားပွဲကိုအနိုင်ရအောင်ကြိုးစားကြတော့မည်ဖြစ်သည်။

အပြင်ဘက်တွင်ရှိနေသည့် ဖှေးသည် သက်ပြင်းချလိုက်၏။ ယခုအချိန်သည် အကောင်းဆုံးအခွင့်ရေးဖြစ်သည့်အတွက်ကြောင့် စတင်လှုပ်ရှားရတော့မည်ဖြစ်ကြောင်းကို သူသိလိုက်၏။

တကယ်၍ ဓာတ်ဂိတ်တံခါးတစ်ခုသာကျန်ရှိတော့ပါက သိုင်းဆရာများအားလုံးသည် အသက်ကိုပင် မမှုတော့ပဲ သားရဲတိရိစ္ဆာန်များကဲ့သို့ အသေအကြေပင်တိုက်ပွဲ၀င်ကြတော့မည်ဖြစ်သည်။ ဖှေးသည်နောက်ဆုံး ဂိတ်တံခါးကိုရရှိရန်ကြိုးစားပါက ပို၍ခက်ခဲလာနိုင်၏။ ထိုကဲ့သို့ဖြစ်လာပါက အဆိုးဆုံးအခြေအနေတစ်ခုပင်ဖြစ်လာနိုင်၏။

သို့သော် မျှော်လင့်မထားသည့်ပြောင်းလဲမှုများဖြစ်ပေါ်လာတော့သည်။

ရူးလောက်သည့် မှော်စွမ်းအင်အရှိန်၀ါများကို အာရုံခံလိုက်မိသည့်အတွက်ကြောင့် လူတိုင်း၏ မျက်နှာများအရောင်ပြောင်းလဲကုန်တော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစွမ်းအင်များသည် တစ်ကီလိုမီတာကျော်သည့်အကွာ၀ေးသို့ပင် ပြန့်နှံ့သွားတော့သည်။

ကြောက်မက်ဖွယ်ပင်။

နောက်ထပ်စွမ်းအားမြင့်မားသည့် ပညာရှင်တစ်ယောက်ရောက်ရှိလာခြင်းပင်။

ဤသည်မှာ မယုံနိုင်ဖွယ်ပင်။ ဒဏာရီလာနန်းတော်ထဲတွင်ပျံသန်းဖို့ပင်မဆိုစေကာမူ ခုန်ရန်ပင်ခဲယဥ်းလှသည်။ သို့သော် ယခုအချိန်တွင် အသစ်ရောက်ရှိလာသည့်မှော်ဆရာသည် ဒဏာရီလာနန်းတော်ထဲတွင်ရှိသည့် ရူးလောက်ဖွယ်ဖိအားများကိုပင် လွန်ဆန်ကာ လေညှင်းတစ်ခုကဲ့သို့ပင်ပျံသန်းလာနေ၏။ လူတိုင်းမတုန့်ပြန်နိုင်သေးခင်မှာပင် သူသည်နတ်စင်ပေါ်သို့ပင်ရောက်ရှိသွား၏။

ဤလူသည် အလွန်ပင်မြန်ဆန်လှသည်။ ထိုလူပျံသန်းပြီးလေးစက္ကန့်ခန့်ကြသည့်အချိန်တွင် သူ၏အမြန်နှုန်းကြောင့်ဖြစ်ပေါ်လာခဲ့သည့်ကြီးမားသည့်မုန်တိုင်းကြီးတစ်ခုရောက်ရှိလာတော့၏။ ဤနေရာတွင်ရှိနေသည့် သိုင်းဆရာများမှာမူ မက်တပ်ပင်ကောင်းကောင်းမရပ်နိုင်ကြတော့ပေ။ တစ်ချို့လူများဆိုလျှင် မြေပြင်ပေါ်သို့ပင်လဲကျကုန်ပြီးသွေးများအန်ထွက်လာတော့သည်။

အလွန်ကြီးမားသည့် စွမ်းအားပင်။

လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွား၏။ ဤလျို့၀ှက်သည့်လူ၏ စွမ်းအားများသည် လူတိုင်းထင်ထားသည်ထက်ပို၍ကျော်လွန်နေသည့်အတွက်ပင်။

သိုင်းဆရာများကြည့်လိုက်သည့်အချိန်တွင် နတ်စင်၏ အနောက်မြောက်ဘက် ပေါ်တယ်အောက်တွင်ရပ်နေသည့် မှော်ဆရာတစ်ယောက်အားတွေ့လိုက်ရ၏။ ထိုမှော်ဆရာသည် အသက်၅၀အရွယ်ခန့်ရှိသည့်ပုံပင်။ ခေါင်းပေါ်တွင် မီးခိုးရောင်ဆံပင်များရှိနေပြီး သူ၏မျက်လုံးများမှာ ထူးဆန်းစွာပင်အစိမ်းရောင်ရှိနေ၏။ သူ၏ ပုံပန်းသွင်ပြင်ကို ခြုံငုံသုံးသပ်ရပါက ထူးခြားကာ အန္တရာယ်ရှိနေ၏။

သူပတ်၀န်းကျင်သို့လှည့်ပတ်ကာကြည့်လိုက်သည့်အချိန်တွင် ဓာတ်ဂိတ်တံခါးတော်တော်များများကို လူများနေရာယူပြီးဖြစ်သည်ကိုတွေ့လိုက်ရ၏။ ထို့ကြောင့် သူ၏မျက်လုံးများကို မှိတ်ကာ နောက်ဆုံးဂိတ်တံခါး၏ ပိုင်ရှင်ကိုစောင့်ဆိုင်းနေတော့၏။

ထိုကဲ့သို့ ကျင့်ကြံသူတစ်ယောက်အား ဤနေရာတွင်ရှိသည့်လူမည်သူမှ စိန်ခေါ်ရဲခြင်းမရှိပေ။ ထို့ကြောင့် လူတိုင်းသည် နတ်စင်၏ အနောက်မြောက်ဘက်တွင်ရှိနေသည့် နောက်ဆုံးကျန်ရှိနေသေးသော ဓာတ်ဂိတ်တံခါးကိုသာကြည့်လိုက်ကြ၏။ လက်ရှိတွင် လူနှစ်ဆယ့်ခြောက်ယောက်ခန့်ကျန်ရှိနေသေး၏။ လယ်ဗယ်၃၆ဒေသထဲသို့ ၀င်ရောက်နိုင်ခြင်းမရှိသည့် မဟာဘုရားကျောင်းမှ လူ၇ယောက်ကို ဖယ်ထုတ်လိုက်ပါက ဖှေးအပါ၀င် နောက်ဆုံးဓာတ်ဂိတ်တံခါးအား လိုချင်သည့်လူ၁၉ယောက်ကျန်ရှိနေသေးသည်ဟု ဆိုနိုင်၏။

ရုတ်တရက်ပင် အပြောင်းလဲများထက်မံ၍ ဖြစ်ပေါ်လာပြန်သည်။

သိုင်းဆရာတစ်ယောက်သည် ရုတ်တရက် နောက်ဆုံးဓာတ်ဂိတ်တံခါးထံသို့ ပြေးသွားလိုက်၏။ သူသည် ကျန်ရှိနေသည့်လူများအား အငိုက်ဖမ်းလိုနေသည့်အတိုင်းပင်။

သို့သော် သူနတ်စင်သို့မရောက်ရှိနိုင်သေးခင်မှာပင် ထိုနေရာတစ်၀ိုက်တွင်ရှိနေသည့် သိုင်းဆရာများ၏ ၀ိုင်း၀န်းတိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ သိုင်းဆရာများသည် ကြုံး၀ါးကာ သူတို့၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်များကိုအသုံးပြုလိုက်ကြတော့သည်။ စွမ်းအင်မီးတောက်များမှာ အရောင်သွေးမျိုးစုံဖြင့် တ၀ုန်း၀ုန်းတောက်လောင်နေကြတော့သည်။

"အား...မလုပ်ပါနဲ့..." ထိုလူသည် မျှော်လင့်ချက်မဲ့စွာဖြင့်အော်ဟစ်လိုက်သည်။

သူသည် အားနည်းသည့်လူတစ်ယောက်မဟုတ်သော်လည်းသိုင်းကွက်အနည်းငယ်ကိုသာ ခုခံနိုင်လိုက်ပြီး သွေးမြူစိုင်များအဖြစ်သို့ပြောင်းလဲကာ အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားတော့၏။

နောက်ထပ် ကျင့်ကြံသူတစ်ယောက်သေဆုံးသွားခြင်းပင်။

သို့သော် ဤသည်မှာအစသာရှိသေး၏။ ဆိတ်ငြိမ်မှုသည် ပျက်သုဥ်းသွားပြီး သိုင်းဆရာများစွာတို့သည် နောက်ဆုံးကျန်ရှိနေသည့် ဓာတ်တံခါးထံသို့သာ ပြေးသွားနေကြ၏။

"သေစမ်း..."

"ရပ်လိုက်..."

"အဲ့ဂိတ်တံခါးက င့ါဟာပဲကွ။ င့ါလမ်းမှာရှိနေတဲ့လူ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်..."

"ဟားဟား သတ်ပစ်၊ အဲ့ကောင်တွေအကုန်လုံးကို သတ်ပစ်ကြစမ်းကွာ။ ငါ အဲ့ဂိတ်တံခါးကို ရမှဖြစ်မယ်။ ငါသေရင်တောင်မှ ငါရပ်မှာမဟုတ်ဘူး။ င့ါအသက်ကနှစ်သုံးရာရှိနေပြီး နောက်ထပ်ဂိတ်တံခါးပွင့်မယ့်အချိန်ထိ ငါနေရမှာ မဟုတ်တော့ဘူး..."

သိုင်းဆရာများအားလုံးသည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြ၏။

ပို၍မြန်မြန်ဆန်ဆန်လှုပ်ရှားရန်အတွက် ကြိုးစားသည့်လူမှန်သမျှသည် လူများအားလုံး၏၀ိုင်း၀န်းတိုက်ခိုက်ခြင်းကို ခံရကာချက်ချင်းပင် သေဆုံးသွား၏။

ထိုမြင်းကွင်းကို မြင်လိုက်မိသည့်အချိန်တွင် ဖှေးသည် နတ်စင်ထံသို့ စတင်ကာလမ်းလျှောက်သွားတော့သည်။

ကိုယ်တွင်းအခြေအနေများကို ချိန်ညှိကာ သူ၏ စွမ်းအင်များကို အမြင့်ဆုံးသို့ရောက်ရန်အတွက် တင်ထားနေခြင်းပင်။ သူရှေ့သို့ ခြေတစ်လှမ်းလှမ်းသည့်အချိန်တိုင်းတွင် သူ၏ အရှိန်၀ါသည်လည်းစွမ်းအားများပို၍ တိုးပွားလာမည်ဖြစ်သည်။ လေးကြိုးတင်နေသကဲ့သို့ပင် လေးကြိုးပေါ်တွင် ပို၍ပို၍တင်းမာလာတော့သည်။

အခြေအနေသည် ဗရမ်းဗတာဆန်လှ၏။ သေခြင်းတရာများသည် တစ်ခုပြီးတစ်ခုရောက်ရှိလာ၏။

"ဖုန်း ဖုန်း ဖုန်း..."

ရုတ်တရက် အ၀ါရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ ထိုအလင်းတန်းတောက်ပသွားသည့်အချိန်တိုင်းတွင် သိုင်းဆရာတစ်ယောက်ပေါက်ကွဲသွားမည်ဖြစ်၏။

မည်သူမှ ထိုအလင်းတန်းကို ခုခံနိုင်ခြင်းမရှိပဲ အလောင်းပေါင်းများစွာကိုသာ ၄င်း၏ လမ်းကြောင်းတွင်ချန်ထားရစ်ခဲ့၏။ သိုင်းဆရာတစ်ချို့သည် သူတို့၏လက်စွဲတော်လက်နက်များကို ဆင့်ခေါ်ခဲ့ကြသော်လည်း သို့သော် သူတို့၏ လယ်ဗယ်၃ သို့မဟုတ် လယ်ဗယ်၄သာမန် လက်စွဲတော်လက်နက်များသည် ထိုအရာကိုယဥ်နိုင်ခြင်းမရှိပေ။ ချက်ချင်းပင် ကျိုးပဲ့ကုန်ကြ၏။

"နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ပဲ..." လူတစ်ယောက်မှ အော်ဟစ်လိုက်သည်။ "သေစမ်း အဲ့တာက ကန္တာရအမျက်ဒေါသပဲ။ ဂျက်အင်ပါယာရဲ့ မဟာရတနာတစ်ခု။ ဘာလို့ အဲ့တာက ဒီကိုရောက်နေတာလဲ..."

နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ဟူသည့် စကားသည် အလွန်ပင်မှော်ဆန်လှသည်။ ထိုလူအော်ဟစ်လိုက်လျှင်လိုက်ခြင်းပင် လူတိုင်း ငြိမ်သက်သွားပြီး အနောက်သို့ အနည်းငယ်ဆုတ်ခွာလာတော့သည်။

နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်များ၏အရှေ့တွင် သူတို့သည် ပုရွတ်ဆိတ်များကဲ့သို့ပင် အားနည်းသည်ကို သိသည့်အတွက်ပင်။

ထိုငွေရောင်အလင်တန်းသည် လေပေါ်တွင် မျဥ်းကွေးတစ်ခုကို ရေးဆွဲလိုက်ပြီး သူ၏သခင်လက်ထဲသို့ ပြန်လည်ကာ ပျံသန်းသွားတော့သည်။ ထိုအရာသည် လက်သီးတစ်လုံးအရွယ်စားရှိသည့် သဲပွင့်ကြီးတစ်ခုပင်။

ကန္တာရအမျက်ဒေါသကို ကိုင်ဆောင်ထားသည့်လူမှာ ဖာရင်တန်ပင်။

အဆပေါင်း၁၀၀ခန့်ကြီးမားလာသည့် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်သည် ယခုအချိန်တွင် ဖာရင်တန်၏ ခေါင်းပေါ်တွင်လည်ပတ်နေ၏။ လိမ္မော်ရောင်အလင်းတန်းများစွာထွက်ပေါ်နေကာ ထိုအလင်းတန်းများသည် ဖာရင်တန်၊ မိုဒေါ့တ်၊ တိုနီနှင့် နှင်းတောင်သိုင်းဆရာတို့ကို လွှမ်းခြုံထား၏။ ထိုအလင်းတန်းများသည် အမြင်အားဖြင့် ဖျက်ဆီးနိုင်ခြင်းမရှိသည့်ပုံပင်။

"ဟားဟား နောက်ဆုံးဓာတ်ဂိတ်တံခါးက ငါတို့ဟာပဲ။ ဘယ်သူ ငါတို့ကို တားဆီးရဲလဲ..." တိုနီသည် မာနထောင်လွှားစွာဖြင့် ရယ်မောလိုက်သည်။

နှင်းတောင်သိုင်းဆရာ၏ ဤအဆိုးဆုံးတပည့်သည် သူ၏ ပျော်ရွှင်ခြင်းကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။

သူသည် ဖာရင်တန်၏အနောက်တွင်ရပ်နေရင်းဖြင့် ဖာရင်တန်အား မနာလိုသည့်မျက်လုံးများဖြင့်ကြည်နေလျှက်ရှိ၏။ သူသည် ကန္တာရအမျက်ဒေါသကို မည်ကဲ့သို့အပိုင်သိမ်းရမည်အား ကြံစည်နေသည့်အတိုင်းပင်။

တိုနီ၏စကားကိုကြားသည့်အချိန်တွင် သိုင်းဆရာဆယ်ယောက်ဒေါသဖြစ်သွားကြ၏။ သို့သော် သူတို့ဘာမှပြန်ပြောရဲကြခြင်းမရှိပေ။ ကန္တရဒေါသသည် အလွန်ပင်စွမ်းအားမြင့်မားလှပြီး ထိုလက်နက်၏ အစွမ်းကိုအပြည့်၀ထုတ်သုံးထားခြင်းမဟုတ်သေးသော်လည်း သူတို့၏ ခန္ဓာကိုယ်များကို လွယ်ကူစွာဖျက်ဆီးပစ်နိုင်နေဆဲပင်။

"ဟားဟား ဘယ်သူမှမဖြေနိုင်ဘူးလား။ ငါမင်းတို့ကို နောက်ထပ်အခွင့်ရေးတစ်ခုပေးလိုက်မယ်။ ဘယ်သူမှ ငါတို့ကို မတားဆီးရဲတော့ဘူးလား ဟားဟား..." တိုနီသည် ထက်မံ၍ မာနထောင်လွှားစွာဖြင့် ပြောလိုက်ပြန်သည်။ သူသည် ကြောက်ရွံ့ခံရသည့် အရသာကို နှစ်သက်နေသည့်ပုံပင်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်အား ထိန်းချုပ်နေသည့်လူကဲ့သို့ပင် ခံစားနေရ၏။

နှင်းတောင်သိုင်းဆရာမှ မျက်မှောင်ကြုံ့လိုက်သည်။ သူ၏ တပည့်၏ အပြုမူအား နှစ်သက်ခြင်းမရှိသည်မှာထင်ရှားလှသည်။ တကယ်တန်းတွင် ထိုကဲ့သို့အပြုမူကြောင့် အနာဂတ်တွင် ရန်သူပေါင်းများစွာကိုသာ ဖန်တီးမိလိမ့်မည်ဖြစ်သောကြောင့်ပင်။ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် သူ၏မျက်နှာပေါ်တွင် အကူညီကင်းမဲ့သည့်အမူယာတစ်ခုပေါ်လာကာ တိုနီအားရပ်တန့်ခြင်းမပြုပေ။

ထိုအစား ဖာရင်တန်၏ ကြောပြင်ကို သူ၏လက်ဖ၀ါးဖြင့်ဖိလိုက်ပြီး ဂျက်အင်ပါယာမှမင်းသားသည် သူ၏အတင်းအားစွမ်းအင်များပြန်လည်ကာ ပြန့်၀လာတော့သည်။

ဖာရင်တန်ထံတွင် ကန္တာရအမျက်ဒေါသရှိကြောင်းကို သိပြီးသည့်အချိန်တွင် နှင်းတောင်သိုင်းဆရာသည် သူ၏တပည့်အား နတ်ဘုရားတစ်ပိုင်းအဆင့်လက်စွဲတော်လက်နက်များအသုံးပြုပုံနှင့် ပတ်သက်သည့်နည်းလမ်းများကို သင်ကြားပေးခဲ့သည်။ သူ၏အတွင်းအားစွမ်းအင်ကိုလည်း ဖာရင်တန်၏ခန္ဓာကိုယ်အတွင်းသို့ ထူးခြားသည့်နည်းလမ်းတစ်ခုကိုအသုံးပြု၍ ထည်ပေးနေလျှက်ရှိသည်။ ထို့ကြောင့် ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့်ဖာရင်တန်သည် နှင်းတောင်သိုင်းဆရာ၏အတွင်းအားစွမ်းအင်များအကူညီကိုအသုံးပြုကာ နတ်ဘုရားတစ်ပိုင်းဆင့်လက်နက်ကို အသုံးပြုနိုင်နေခြင်းပင်။

All Chapters