← Chapters

"မင်းဘယ်သူလဲ"

Vol. 38 Ch. 591

"မင်းဘယ်သူလဲ"

Vol. 38 Ch. 591

သူတို့တွင်သာ ကန္တာရအမျက်ဒေါသကို ပိုင်ဆိုင်ထားခြင်းမရှိပါက ယခုနေရာတွင်စွမ်းအားမြင့်သိုင်းဆရာများစွာရှိနေသည့်အတွက် နှင်းတောင်သိုင်းဆရာတို့အဖွဲ့ဓာတ်ဂိတ်တံခါးတစ်ခုကို ပိုင်ဆိုင်ရန်မှာခဲယဥ်းလိမ့်မည်ဖြစ်သည်။

သို့သော် ဖာရင်တန်သည် ဤနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို စက္ကန့်အနည်းငယ်ခန့်သာအသုံးပြုလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှအတွင်းအားစွမ်းအင်အများစုသည် ကုန်ခမ်းသွားပြီဖြစ်၏။

နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ပစ္စည်းတစ်ခုကို အသက်သွင်းရန်မှာ အချိန်လိုအပ်၏။ အသက်သွင်းပြီးပါက ထိုလက်နက်သည် အသုံးပြုသူ၏ ခန္ဓာကိုယ်မှ အတွင်းအားစွမ်းအင်များကို အဆက်မပြတ်ပင် ဆုတ်ယူတော့မည်ဖြစ်သည်။ ယခုအချိန်၌ပင် ဤနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်သည် သူ၏စွမ်းအားအစစ်မှန်ကိုထုတ်ဖော်ပြသခြင်းမရှိသေးသော်လည်း ကြယ်အဆင့်စစ်သည်တစ်ယောက်သာဖြစ်သေးသည့် ဖာရင်တန်သည် သေလုမြောပါးပင်ဖြစ်နေပြီးဖြစ်သည်။ အကယ်၍ နှင်းတောင်သိုင်းဆရာသည်သာ ဖာရင်တန်အား အတွင်းအားများဖြည့်ပေးနေခြင်းမရှိပါက ဤမင်းသားသည် သွေးများအန်ထွက်ခါ လဲကျသွားနိုင်၏။

"ဟဟ ဟားဟားဟား မင်းတို့ကောင်တွေ မကန့်ကွက်ရဲကြတော့ဘူးဆိုတော့ နောက်ဆုံးကျန်နေတဲ့ ဓာတ်ဂိတ်တံခါးက မဟာနှင်းတောင်အပိုင်ဖြစ်သွားပြီကွ။ ဟဟ ဒါပေမယ့် ငါမင်းတို့တွေအကုန်လုံးကို အခွင့်ရေးတစ်ခုပေးနိုင်တယ်။ ဓာတ်ဂိတ်တံခါးတစ်ခုက လူငါးယောက်ကို ခေါ်သွားနိုင်တယ်ဆိုတော့ ငါ့အတွက်အလုပ်လုပ်ပေးမယ့်လူကို ဗဟုချက်ဒေသကို ခေါ်သွားပေးမယ်..."

ဤအခိုက်တန့်တွင် သူသည်သာ ကန္တာရအမျက်ဒေါသလက်နက်ကို ကိုင်ဆောင်ထားရသည့်လူကဲ့သို့ တိုနီခံစားနေရ၏။ သူဆိုး၀ါးစွာဆက်ဆံမိခဲ့သည့် သူ၏ ဂျူနီယာညီဖာရင်တန်မဟုတ်ပေ။

နေရာတစ်၀ိုက်တွင်ရှိနေသည့် ကျင့်ကြံသူများအားလုံးသည် တိုနီအားကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် အပြင်လောကတွင် အရှိန်၀ါကြီးမားသည့်လူများဖြစ်ကြပြီး သူတို့အားလေးစားကိုးကွယ်ကြသည့်လူများစွာရှိ၏။ တိုနီကဲ့သို့သော လူ၏ လက်အောက်တွင် သူတို့သည် အညံ့ခံကြလိမ့်မည်မဟုတ်ပေ။ သူတို့၏မျက်လုံးထဲတွင် တိုနီသည် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်သည်သာ ဖာရင်တန်၏ခေါင်းပေါ်တွင် ပျံသန်းနေခြင်းမရှိပါက သူတို့သည် တိုနီအားအရိုးတစ်ခြားအသားတစ်ခြားဖြစ်အောင်ပြုလုပ်မိကြလိမ့်မည်ဖြစ်သည်။

"ဟမ်...ဘယ်ကောင်မှ ပြန်မဖြေပါ့လား။ ဖာရင်တန် နည်းနည်းလောက်သတ်ပြလိုက်စမ်းကွာ..." တိုနီအော်ဟစ်လိုက်သည်။ သူ၏ ကမ်းလှမ်းချက်ကို မည်သူမှပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် အရှက်ရကာ ဒေါသဖြစ်သွားခြင်းပင်။

"ဟားဟား မင်းကိုယ်မင်းဘာကောင်ထင်နေတာလဲ။ မင်းလို ပိုးမွှားကောင်က တစ်ခြားကျင့်ကြံသူတွေကို မင်းအတွက် အလုပ်လုပ်ပေးဖို့ တောင်းဆိုရဲတယ်ပေါ့။ မင်းသိလား မင်းက ဒီဓာတ်ဂိတ်တံခါးနဲ့မထိုက်တန်ဘူး။ င့ါကို ပေးလိုက်တော့..."

တိုနီ၏ခံစားချက်များမိုးပေါ်ရောက်နေသည့် အချိန်မှာပင် ရှုံ့ချသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေသည့် အသံတစ်ခုသည် ထွက်ပေါ်လာတော့၏။ တိုနီအတွက် ထိုအသံသည် ထိတ်လန့်ဖွယ်ကောင်းစွာပင် ရင်းနှီးနေ၏။ သူ၏မျက်နှာပေါ်တွင်ရှိနေသည့် အပြုံးသည် ရပ်တန့်သွားပြီး မသိစိတ်မှကြောက်လန့်သွား၏။ မကြာမှီတွင် ထိုအကြောက်တရားသည် အမုန်းတရားနှင့် မနာလိုမှုတို့အဖြစ်သို့ပြောင်းလဲသွားတော့၏။

သူသည် ထိုအသံလာရာဘက်သို့ လှည့်ကာ အံကြိတ်ရင်းဖြင့် ပြောလိုက်သည်။ "မင်း မင်းကိုး..."

"ဟားဟား ဘယ်သူဖြစ်နိုင်ဦးမှာလဲ..." ဖှေးရယ်မောကာ နတ်စင်ထံသို့ ခြေတစ်လှမ်းလှမ်းကာ ပြောလိုက်သည်။

ဤအခိုက်တန့်အတွင်းမှာပင် အရိုင်းဆန်ကာစွမ်းအားမြင့်မားသည့်အရှိန်၀ါတစ်ခုသည်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှအပြင်သို့ ပြန့်နှံ့သွား၏။ ဆူနာမီရေလှိုင်းတစ်ခုကဲ့သို့ပင်။ သူ၏ အရှိန်၀ါသည်အဖြူရောင်၀တ်ရုံနှင့် မှော်ဆရာလောက် ထိတ်လန့်ဖွယ်မရှိသော်လည်း စူးရှိနေဆဲပင်။ ကန္တာရအမျက်ဒေါသမှ ထွက်ပေါ်လာနေသည့် အလင်းတန်းများပင် ဖှေး၏အရှိန်၀ါကြောင့် လှုပ်ရှားသွား၏။

"အတော်လေး အစွမ်းထက်တာပဲ..."

"ဒီလူငယ်ရဲ့စွမ်းအားအဆင့်က ဒီလောက်တောင်ရှိတာလား..."

"သူကမလှုပ်ရှားသေးတာက ကြောက်နေလို့မဟုတ်ဘူး။ သေစမ်း ငါသူ့ကို ကောက်ချက်ချတာလွဲသွားခဲ့တာပဲ။ ဒါပေမယ့် ငါသူ့စီကနေအတွင်းအားစွမ်းအင်အရှိန်၀ါကိုလည်း အာရုံခံနိုင်တာမရှိပါဘူး။ ဒါက...သူ့မှာရှိနေတဲ့စွမ်းအားက ဒါကထူးဆန်းလွန်းတယ်။ အတွင်းအားစွမ်းအင်မဟုတ်ဘူး..."

"ဒီကောင်လေး...အဲ့တာသူပဲ ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားပဲ။ ငါသူ့ကို လွန်ခဲ့တဲ့သုံးရက်က အလံနှစ်စုံမြို့တော်ထဲမှာ တွေ့လိုက်သေးတယ်။ အဲ့တုန်းက သူကလအဆင့်ကိုရောက်ခါစပဲရှိသေးတယ်...အခုဆိုရင် ငါတောင်သူ့ကို အနိုင်မယူနိုင်လောက်တော့ဘူး..."

နေရာတစ်၀ိုက်တွင်ရှိနေကြသည့် သိုင်းဆရာများအားလုံးထိတ်လန့်ကုန်ကြ၏။

ဖှေး၏ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်သည် ရူးလောက်ဖွယ်ခွန်အားများနင့် မာကြောကျစ်လစ်သည့် ခန္ဓာကိုယ်တို့ကိုသာ အခြေခံထားခြင်းဖြစ်သည်။ လူရိုင်းဇာတ်ကောင်၏ သိုင်းကွက်များအားလုံးသည် ထိုအချက်နှစ်ချက်ကိုသာအသုံးပြုထားခြင်းပင်။ ဖှေးထံတွင် အတွင်းအားစွမ်းအင်၊ မှော်စွမ်းမင်တစ်စုံတစ်ရာမရှိပေ။ ထို့ကြောင့် ဖှေးသည် တိုက်ခိုက်နေသည့် အချိန်တွင်မဟုတ်ပါက သာမန်လူတစ်ယောက်ဟုသာ ထင်ရမည်ဖြစ်သည်။ ထိုကြောင့် သူ့အား ချမ်းဘော့ဒ်ဘုရင်ဟု မည်သူမှသတိမထားမိခဲ့ကခြင်းပင်။

ဖှေးသူ၏စွမ်းအားကို ထုတ်ပြလိုက်သည့်အချိန်တွင် ထိတ်လန့်အံ့သြမှုများဖြစ်ပေါ်လာ၏။ ယခင်က ဖှေးကို အဖတ်လုပ်ခဲ့ခြင်းမရှိသည့် သိုင်းဆရာများသည်လည်း ကျက်သေသေကုန်ကြသည်။

"ရက်အနည်းငယ်လောက်လေးနဲ့ အရင်က ဘာမှမဟုတ်တဲ့ကောင်လေးတစ်ယောက်က အခုဆိုရင် အနည်းဆုံးလခြမ်းအဆင့်လောက်ရှိနေပြီ..." သူတို့တွေးလိုက်မိကြသည်။

နတ်စင်ပေါ်တွင်ရှိနေသည့် ကျင့်ကြံသူများသည်လည်း သူတို့၏မျက်နှာပေါ်တွင် မတူညီသည့် အမူယာများရှိနေကြသည်။

အလင်းတန်းတစ်ခုသည် အပြာရောင်ဆံပင်နှင့်လူ၏မျက်လုံးများထဲတွင် တောက်ပသွားပြီး သူသည် ညင်သာစွာခေါင်းငြိမ့်လိုက်သည်။ စိန့်ဂျာမိန်းအင်ပါယာ၏ မင်းသားဂါရာနိုသည်လည်း သူ၏အစေခံကောင်မလေး လေးယောက်တို့နှင့်အတူ ထိတ်လန့်သွားကာ အံ့သြနေ၏၊ အရပ်ပုပုနှင့် ဂျက်အင်ပါယာအရှင်သခင်သည်လည်း ဖှေးအား လေ့လာကြည့်ရှုကာ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ချို့ကို ချမှတ်နေလျှက်ရှိသည်။ အိုက်ဟိုဗင်အင်ပါယာအရှင်သခင် လူထွားကြီးသည်နှာခေါင်းရှုံ့လိုက်၏။ သူ၏ဘေးတွင်ရှိနေသည့် နတ်ဆိုးကဲ့သို့သော အဖိုးကြီးနှစ်ယောက်သည်လည်း နှာခေါင်းရှုံ့လိုက်သည်။

လျို့၀ှက်သည့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် ဖှေးအားတစ်ချက်အေးစက်စွာကြည့်လိုက်ပြီး သူ၏မျက်လုံးများကို မှိတ်လိုက်၏။ သူသည် လုံး၀ပင်ဂရုစိုက်သည့်ပုံမရချေ။ မဟာဘုရားကျောင်းအဖွဲ့ထဲတွင် ပယ်လီဂရီနီသည် ဖှေးအားပြုံးပြလိုက်သည်။ သူတို့သော် စိတ်ထဲတွင် ထိတ်လန့်အံ့သြသွားမိနေ၏။ ငယ်ရွယ်သည့် သူတော်စင်ဂျက်စီသည်လည်း ပြုံးကာ ဖှေးအားရင်းနှီးစွာဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

ဟေဇယ်-ဘန့်ခ်နှင့် နဂါးမကောင်းဆိုး၀ါးတို့သည်လည်း ပျော်ရွှင်နေကြသည်။ ဘုရင်၏စွမ်းအားများကြီးမားစွာမြင့်မားလာသည့်အတွက် သူတို့သည် မျှော်လင့်ချက်များစွာပို ပို၍မြင်နိုင်လာသည့်အတွက်ပင်။ သို့သော် ထိုပါးနပ်သည့်လူနှစ်ယောက်သည် အမူယာများကိုသိသိသာသာပြသခြင်းမရှိပေ။ အပြင်ပန်းမှကြည့်ပါက သူတို့သည် ချမ်းဘော့ဒ်ဘုရင်နှင့်လုံး၀ပင် မရင်းနှီးသည့်အတိုင်းပင်။

"ဘုရင် အလတ်ဇန္ဒား မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ..." တိုနီသည် မှုန်ကုပ်ကုပ်အမူယာတစ်ခုဖြင့် ပြောလိုက်၏။ ဖှေးသည် သူ့အား ပထမဆုံးအနေဖြင့် ဆိုး၀ါးစွာရိုက်နှက်ခဲ့ဖူးသူဖြစ်သည့်အတွက်ကြောင့် ဖှေးအား အလွန်ပင် မုန်းတီးနေ၏။ သူအော်ဟစ်လိုက်သည်။ "ကောင်းတယ် မင်းကနောက်ဆုံးဂိတ်တံခါးကို လိုချင်တယ်ဆိုတော့ အသက်ရင်းပြီး လာယူလိုက်လေ..."

"ဆောရီးပဲ အသက်နဲ့ရင်းစရာမလိုပါဘူး။ ဂိတ်တံခါးက အဲ့လောက်လဲတန်ဖိုးရှိတာမဟုတ်ဘူး။ နောက်ပြီးတော့ မင်းမှာလည်း အဲ့လိုစွမ်းရည်မရှိဘူး။ မင်းက င့ါကို သတ်ချင်တာလား။ မင်းတစ်သက်လုံးင့ါကို သတ်နိုင်မှာမဟုတ်ဘူး..." ဖှေးပြန်ဖြေလိုက်သည်။ တိုနီအားလျစ်လျူရှုလိုက်ပြီး ဓာတ်ဂိတ်တံခါးထံသို့သာ လမ်းလျှောက်သွားလိုက်သည်။

"အလတ်ဇန္ဒား မင်းနောက်ဆုတ်လိုက်။ ငါမင်းကို မသတ်ချင်ဘူး..." ဖာရင်တန်သည် အံ့သြနေရာမှ ပြန်သတိရလာကာအော်ဟစ်လိုက်သည်။ ခေါင်းပေါ်တွင် လည်ပတ်နေသည့် ကန္တာရအမျက်ဒေါသထဲသို့အတွင်းအားများ ထက်မံကာ စီး၀င်စေလိုက်ပြီး အလင်းတန်းများသည် ပို၍များပြားလာတော့သည်။ ထိုအလင်းတန်းများသည် ဖှေး၏ ရန်လိုသည့်စွမ်းအားအရှိန်၀ါများကို ဖျက်ဆီးပစ်နေ၏။

ဖှေးသူ၏ခေါင်းကို ပွင့်လင်းစွာပင်ခါရမ်းလိုက်သည်။ "ဖာရင်တန် အဲ့လိုဖြစ်နိုင်တော့မှာမဟုတ်ဘူး။ မင်းမှာ အဲ့လက်နက်ရှိနေတယ်ဆိုရင်တောင် င့ါကိုသတ်နိုင်ဦးမှာမဟုတ်ဘူး။ မင်းင့ါကို မယုံရင်ကြိုးစားကြည့်ပေါ့ နောက်ဆုံးမှာတော့ ဒီဂိတ်တံခါးကို ငါပဲပိုင်ဆိုင်ရလိမ့်မယ်..."

"သူ့ကို သတ်လိုက်ကွာ၊။ အမြန်လုပ်..." နှင်းတောင်သိုင်းဆရာမှ အော်ဟစ်လိုက်သည်။ သူသည် ဖှေး၏ ကျင့်ကြံခြင်းအမြန်နှုန်းကြောင့် ထိတ်လန့်သွားပြီး ဘုရင်၏စွမ်းအားကိုလည်း ကြောက်လန့်နေသည်။ ထိုကြောက်လန့်ခြင်းကို ပျောက်ကင်းစေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဖှေးကို သတ်ဖြတ်ရန်သာဖြစ်တော့၏။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ထုတ်သုံးရန်အတွက် ဖာရင်တန်ကို လှုံ့ဆော်လိုက်၏။

ဖာရင်တန်မျက်မှောင်ကြုံ့လိုက်သည်။ ခနတာစဥ်းစားပြီးနောက်တွင် သူပြောလိုက်သည်။ "အလတ်ဇန္ဒား မင်းနောက်ဆုတ်ဖို့အတွက် ဒါက နောက်ဆုံးအခွင့်ရေးဖြစ်လိမ့်မယ်ထင်တယ်..."

ဖှေးခေါင်းရမ်းပြလိုက်သည်။

"အမြန်လုပ်လေ သူ့ကို သတ်လိုက်..." နှင်းတောင်သိုင်းဆရာသည် တည်ငြိမ်နိုင်ခြင်းမရှိတော့ပဲ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်၏။

မင်းသားဖာရင်တန်သည် သူ၏ခေါင်းကို ငုံ့ကာ သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အတိုင်းပင် မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အရှိန်၀ါများဖြင့်မော့ကြည့်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် ငါလဲ ဓာတ်ဂိတ်တံခါးတစ်ခုကိုရမှဖြစ်မယ် အဲ့တာကြောင့်..."

သူထိုကဲ့သို့ပြောပြီးသည့်နောက်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ချက်ချင်းပင်အသက်သွင်းလိုက်တော့၏။

"၀ှစ်..."

ထိုလတ်နက်သည် အနည်းငယ်ခန့်တုန်ခါသွားပြီး လိမ္မော်ရောင်အလင်းတန်းတစ်ခုအသွင်သို့ပြောင်းကာ ဖှေးထံသို့ ပျံသန်းသွားတော့သည်။

"ကောင်းတယ်..." အန္တရာယ်ကိုအာရုံခံလိုက်မိပြီးသည့်အချိန်တွင် ဖှေးညင်သာစွာအော်ပြောလိုက်သည်။

နောက်အခိုက်တန့်တွင် တိုက်ပွဲဆာလောင်သည့်သွေးများသည် သူ၏ခန္ဓာကိုယ်ထဲတွင် ဆူပွက်လာတော့၏။ လူရိုင်းမျိုးနွယ်များသည် တိုက်ခိုက်ရင်းဖြင့် ပို၍စွမ်းအားကြီးမားလာတတ်သည့် စစ်သည်များဖြစ်သည့်အတွက်ကြောင့် အန္တရာယ်ကို ထိတ်လန့်တတ်သူများမဟုတ်ပေ။

ငွေရောင်မီးတောက်တစ်ခုတောက်ပလာပြီး အမဲရောင်ချပ်၀တ်တစ်စုံသည် ဖှေး၏ခန္ဓာကိုယ်ပေါ်တွင် ေပါ်လာတော့၏။ ထိုချပ်၀တ်သည် ဖှေးအား ရင်ဘက်မှ ခြေထောက်များအထိဖုံးလွှမ်းကာကာကွယ်ထားပြီး ဘုရင်အား တိုက်ပွဲသားရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲပေးထားသည်။

[မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်]ပင်။

မသေမျိုးဘုရင်အသုံးပြုခဲ့သည်ပစ္စည်းများထဲမှတစ်ခုဖြစ်သည့် ထိုချပ်၀တ်သည်အပြင်ကမ္ဘာထဲတွင် ပထမဆုံးအကြိမ်အနေဖြင့် ပေါ်လာတော့သည်။

ရှေးကျကာ အရိုင်းဆန်သည့် အရှိန်၀ါတစ်ခုပေါ်လာပြီး ကျင့်ကြံသူတိုင်း ထိုအရှိန်၀ါကိုခံစားလိုက်မိကြသည်။

ထို့နောက်တွင် ဖှေး သူ၏လက်များကို ဆုပ်ကိုက်လိုက်သည်။ ဘူးလ်-ခရေးတို့စ်၏ကလေးငယ်များဓားနှစ်လက်သည် သူ၏လက်အတွင်းသို့ရောက်ရှိလာတော့သည်။

သူသည် ကန္တာရအမျက်ဒေါကို ရင်ဆိုင်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာမှ စုံလိုက်ပစ္စည်းများကိုအသုံးပြုရန်စီစဥ်နေခြင်းပင်။

အဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်သည့် မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်ချပ်၀တ်သည် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ခုခံနိုင်လိမ့်မည်ဟု ဖှေးယူဆသည့်အတွက်ပင်။

"ချွင်..."

ဖှေး သူ၏ဓားနှစ်လက်ကို အရှေ့တွင် ကြက်ခြေခတ်ပုံကာရ့လိုက်သည်။

"ဖုန်း..."

ကန္တာရအမျက်ဒေါသသည် ဓားနှစ်လက်နှင့် ၀င်တိုက်လိုက်ပြီး ကြောက်မက်ဖွယ်စွမ်းအင်များသည် ပတ်၀န်းကျင်သို့ ပြန့်နှံ့ကုန်တော့သည်။

ဤအခိုက်တန့်တွင် ဓားနှစ်လက်မှအဆင့်သူ၏ခန္ဓာကိုယ်အတွင်းသို့ ရူးလောက်ဖွယ်ကောင်းသည့်စွမ်းအင်များစွာစီး၀င်နေသည်ကို ဖှေးခံစားမိနေ၏။ မကြာမှီတွင် သူ၏လက်များ၊ ပခုံးများ၊ ထုံကျင်ကာအနောက်သို့ လွှင့်ထွက်သွားတော့၏။

All Chapters