← Chapters

အခန်း (၅၉၂)

Vol. 38 Ch. 592

အခန်း (၅၉၂)

Vol. 38 Ch. 592

သို့သော် ဖှေးသည် သူ၏ခန္ဓာကိုယ်အား စက္ကန့်အနည်းငယ်ခန့်သာ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားခဲ့သည်။

သူ၏ခြေထောက်မြေပြင်ပေါ်သို့ ပြန်ကျလျှင်ကျခြင်းပင် လူရိုင်းဇာတ်ကောင်၏ အလိုလျှောက်တုန့်ပြန်နိုင်စွမ်းတို့ လွှမ်းမိုးလာပြီး ဖှေးသည် သူ့ခန္ဓာကိုယ်သူပြန်လည်ကာ ထိန်းချုပ်နိုင်သွား၏။ ဘုရင်သည် သူ၏ ဗဟိုကြွက်သားတို့ကို တင်းမာလိုက်ပြီး သူ၏ခန္ဓာကိုယ်လှုပ်ခါသွားရင်းဖြင့် မမြင်နိုင်သည့်စွမ်းအင်အရှိန်၀ါတစ်ခု လွှင့်ထွက်သွားတော့သည်။

လူရိုင်းဇာတ်ကောင်၏ စိုးမိုးနိုင်သောရုပ်ပိုင်းဆိုင်ရာခွန်အားတို့ကို ထုတ်ဖော်ပြသလိုက်သည်။ ဖှေးသည် သူ၏ခန္ဓာကိုယ်အားပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သွားပြီဖြစ်သည်။

“၀ှစ်...”

ထိုအ၀ါရောင်လင်းတန်းသည် ဆက်လက်ပျံသန်းကာ ဖှေးအနောက်သို့ အရိပ်ကဲ့သို့ပင် လိုက်နေလျှက်ရှိ၏။

ဖှေး၏ ဓားနှစ်လက်ကို ရှေ့မာပင် ကာရံထားပြီး သူ၏ခြေထောက်များသည် ယခုအချိန်တွင် မြေထဲသို့ နက်ရှိုင်းစွာကျွံ၀င်နေ၏။ ကန္တာရအမျက်ဒေါသသည် ရှေ့သို့ ဆက်လက်တိုက်ခိုက်နေပြီး ဖှေးသည် အနောက်သို့ ရွှေ့လျားသွားနေလျှက်ရှိသည်။ မြေပြင်ပေါ်တွင် လမ်းကြောင်းရာနှစ်ခုကျန်ရှိနေခဲ့၏။

အလင်းတန်းသည် ဖှေး၏ ဓားများနှင့် ထက်မံထိတွေ့လိုက်မိသည့်အချိန်တွင် ထိုနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်သည် လက်သီးတစ်လုံးအရွယ်စားရှိသည့် သဲမှုန်အဖြစ်သိုပြောင်းလဲသွားကာ စည်းချက်ကျကျတုန်ခါလာတော့သည်။ ထိုအရာတုန်ခါလိုက်သည့်အချိန်တိုင်းတွင် ကြီးမားသည့် စွမ်းအင်များသည် ဖှေးအားရိုက်ခတ်နေလျှက်ရှိ၏။

ထိုကြောက်မက်ဖွယ်စွမ်းအင်များသည် ဖှေးအား အနောက်သို့ အဆက်မပြတ်တွန်းဆုတ်နေပြီး ထိုလက်နက်နှင့် ဖှေး၏ ဓားနှစ်လက်သည် ကော်ဖြင့်ကပ်ထားသလိုပင် ပူးကပ်နေ၏။

“ဟားဟား ကောင်းတယ် ဒါမယ့်အခုတော့ လစ်လိုက်တော့...” ဖှေးကြုံး၀ါးလိုက်သည်။

သူ၏ လက်မောင်းကြွက်သားများ တင်းမာလာပြီး သွေးကြောများဖောင်းလာတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အား ပါးလွှာသည့် ငွေရောင်အလင်းတန်းတစ်ခုဖုံးလွှမ်းထား၏။ သူ၏လက်ကို လှုပ်ရှားကာ ဓားနှစ်လက်ဖြင့် တွန်းထုတ်လိုက်၏။

ဤအခိုက်တန့်တွင် ဓားနှစ်လက်သည် အလွန်ပင် ကွေးညွှတ်သွားပြီး ကျိုးတော့မည့်အတိုင်းပင်။ ရုတ်တရက်ပင် တုန်ခါသံတစ်ခုထွက်ပေါ်လာပြီး ဓားများပေါ်တွင် ရေးထိုးထားသည့်မှော်သင်္ကေတများမှာ အသက်၀င်လာသည့်အတိုင်းတောက်ပလာတော့သည်။

“ဖုန်း...”

ဓားနှစ်လက်သည် အမှန်တကယ်ပင် ကန္တာရအမျက်ဒေါသကို တွန်းထုတ်လိုက်၏။

နေရာတစ်၀ိုက်တွင် အာမေဍိတ်သံများထွက်ပေါ်လာနေပြီး နတ်စင်ပေါ်တွင်ရှိနေသည့် သိုင်ဆရာတစ်ချို့ပင် အံ့သြကုန်ကြတော့သည်။

“ချမ်းဘော့ဒ်ဘုရင်ကိုင်ထားတဲ့ ဓားနှစ်လက်ကလည်းနတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်တွေပဲလား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်နဲ့ ယှဥ်ချနေတာတောင် ဘာလို့ မပျက်ဆီးသေးတာလဲ။ နောက်ပြီးတော့ ချမ်းဘော့ဒ်ဘုရင်၀တ်ထားတဲ့ ချပ်၀တ်ကလည်းရူးလောက်ဖွယ်ပဲ။ နှစ်ပေါင်းများစွာရှိနေတဲ့ နတ်ဆိုးတစ်ပါးရဲ့ ချပ်၀တ်လိုပဲ...”

“မဟုတ်ဘူး အဲ့ကောင်တွေက နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တွေမဟုတ်ဘူး။ လက်ဆွဲတော်လက်နက်တွေတောင်ဖြစ်တဲ့ပုံမပေါ်ဘူး။ အဲ့ဓားနှစ်လက်ကဘာတွေလဲ...ဘာလို့ ကန္တာရအမျက်ဒေါသနဲ့ ယှဥ်ချနိုင်ရတာလဲ...”

“ဟမ် င့ါအထင်တော့ မင်းသားဖာရင်တန်က အတော်လေးအားနည်းနေလို့ထင်တယ်။ သူက ကန္တာရအမျက်ဒေါသကို ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်စွမ်းမရှိသေးဘူး။ အဲ့တာကြောင့် ချမ်းဘော့ဒ်ဘုရင် မသေသေးတာပဲ...”

“မဖြစ်နိုင်ဘူး ချမ်းဘော့ဒ်ဘုရင်က သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်လို့လေ့ကျင့်ထားတာလဲ။ လပြည့်အဆင့်သိုင်းဆရာတစ်ယောက်ထက်တောင် သူ့ရဲ့ခန္ဓာကိုယ်ကမာကြောနေတယ်။ အသက်ကလည်းငယ်ငယ်လေးပဲရှိသေးတယ်...”

နေရာတစ်၀ိုက်တွင်ရှိနေသည့် သိုင်းဆရာများသည် မျက်နှာပေါ်တွင် ရှုပ်ထွေးသည့်အမူယာများဖြင့်တွေ့လိုက်မိကြသည်။

ထိုတိုက်ခိုက်မှုကိုကြည့်ရုံဖြင့်ပင် ချမ်းဘော့ဒ်ဘုရင်သည် အလွန်စွမ်းအားကြီးမားကြောင်းကို သူတို့ပြောလိုက်နိုင်၏။

“သူက ၁၈နှစ်ကျော်ကျော်ပဲရှိသေးတာကို င့ါရဲ့သက်တမ်းအတော်များများကျင့်ခဲ့ပြီးမှ ရောက်ခဲ့တဲ့အဆင့်ကိုတောင်ရောက်နေပြီ...” ကျင့်ကြံသူအများစုသည် ရှုံးနိမ့်သလိုခံစားလိုက်ရ၏။ သူတို့သည် ၀န်ခံလိုခြင်းမရှိသော်လည်း ပါရမီရှင်အသစ်တစ်ယောက်သည် သူတို့၏အရှေ့တွင် အစွယ်ဖြဲပြနေကြောင်းကို သဘောတူရမည်သာဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်၏ ဇာတ်လမ်းတွင် သူတို့သည် အရေးမပါသည့်ဇာတ်ကောင်များပင်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...” တိုနီနှင့် နှင်းတောင်သိုင်းဆရာတို့နှစ်ယောက်လုံး တုန်လှုပ်ဿွား၏။ သူတို့သည် မကောင်းဆိုး၀ါးတစ်ကောင်အား နေရောင်အောက်တွင် မြင်တွေ့လိုက်ရသကဲ့သို့ပင် အံ့သြနေကြ၏။

“အား ဖွီး...” ထိုတိုက်ခိုက်မှုကြောင့် ဖာရင်တန်သည် သွေးများအန်ထွက်လာ၏။ သူသည် ကန္တာရအမျက်ဒေါသကို အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွား၏။ သူသည် ဤနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်အကြောင်းကို သိသည်မှာ ရက်အနည်းငယ်သာရှိသေးသောကြောင့် ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ ဖှေး၏ စွမ်းအင်များနှင့် သူ၏လက်နက်တို့ထိတွေ့လိုက်မိသည့်အချိန်တွင် ထိုစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်သွား၏။

“နောက်ဆုံးနေရာက င့ါဟာထင်တယ်...” ဖှေးရယ်မောကာ အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ သူသည်လည်း ဒဏ်ရာအနည်းငယ်ရရှိသွားသဖြင့် သူ၏ ပါးစပ်မှ သွေးအနည်းငယ်စီးကျနေသော်လည်း ထိုကဲ့သို့သော ဒဏ်ရာသည်သူ့အတွက်ဘာမှမဟုတ်လှပေ။

“အမြန်လုပ်လေ မင်းလက်နက်ကို သုံးပြီးတော့ သူ့ကို သတ်လိုက်တော့...”

နှင်းတောင်သိုင်းဆရာနှင့် တိုနီတို့နှစ်ယောက်လုံးထိတ်လန့်သွား၏။ နတ်ဘုရားတစ်ပိုင်းအဆင့်လက်စွဲတော်လက်နက်ကို ဖှေးရင်ဆိုင်တိုက်ခိုက်ခဲ့သည့်ပုံသည် သူတို့၏ စိတ်ကူးကိုပင်ကျော်လွန်နေသည့်အတွက်ပင်။ ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၏နောက်ကွယ်တွင်ရှိနေသည့် သွယ်၀ိုက်နေသည့် အဓိပ္ပါယ်သည် အသက်ရှူမှားလောက်ဖွယ်ပင်ဖြစ်၏။ စဥ်းစားကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့၏ခန္ဓာကိုယ်များသည် ကြောက်လန့်တကြားတုန်ခါသွားကြ၏။ လက်ရှိတွင် သူတို့အတွက် ဓာတ်ဂိတ်တံခါးတစ်ခုကို ရရှိရန်မှာ အရေးမကြီးတော့ပေ။ မဟာနှင်းတောင်တန်းနှင့် ဖှေးတို့ကြားထဲတွင် ရန်ညိုးများရှိနေသည့်အတွက်ကြောင့် ဖှေး၏ မြန်ဆန်စွာအဆင့်တက်လာမှုသည် သူတို့အတွက် ကြောက်မက်ဖွယ်ပင်။

နှင်းတောင်သိုင်းဆရာသည် အလောင်းစားတစ်ခုလုပ်ရန်ဆုံးဖြတ်လိုက်ပြီး သူ၏လက်နှစ်ဖက်လုံးကို ဖာရင်တန်၏ ကြောပေါ်တွင်တင်လိုက်၏။ သူသည် မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကို ဖာရင်တန်၏ ခန္ဓာကိုယ်ထဲသို့အဆက်မပြတ်စီး၀င်စေလိုက်ပြီး အပေါ်တွင် ထိန်းချုပ်မှုကင်းမဲ့စွာ လှည့်လည်ပျံသန်းနေသည့် ကန္တာရအမျက်ဒေါသကို ထိန်းချုပ်နိုင်စေရန်မင်းသားကား ကူညီလိုက်သည်။

“၀ုန်း...”

ထိုနတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်သည် ဆန်းပြားသည့်ဆူညံသံများစွာကို ချန်ထားခဲ့၏။

သူ့ဆရာ၏ အတွင်းအားများကို ရရှိပြီးသည့်အချိန်တွင် ဖာရင်တန်သည် သူ၏အတွင်းဒဏ်ရာများကို ထိန်းချုပ်လိုက်ပြီး ကန္တာရအမျက်ဒေါသကို ထက်မံ၍ အသက်သွင်းလိုက်သည်။ ထိုနတန်ဘုရားတစ်ပိုင်းအဆင့်လက်နက်သည် လိမ္မော်ရောင်အလင်းတန်ုးတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ဖှေးထံသို့ ပျံသန်းသွားပြန်တော့သည်။

ထိုသိုင်းကွက်သည် သဘာ၀နိယာမတစ်ချို့ပါ၀င်နေပြီး လျို့၀ှက်ဆန်းကျယ်လှသည်။ ထိုနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ပတ်လည်တွင်ရှိနေသည့် စွမ်းအင်မီးတောက်များသည် မြေကမ္ဘာကဲ့သို့ပင် သိပ်သည်းပြီဂ ယခင်သိုင်းကွက်ထက်အဆပေါင်းများစွာပို၍ စွမ်းအားမြင့်မားသည်။ မကြာမှီတွင် လိမ္မော်ရောင်အလင်းတန်းသည် လေထဲတွင် ပိုက်ကွန်တစ်ခုကို ဖန်တီးလိုက်ရာ သိုင်းဆရာများသည် ထိုပိုက်ကွန်ထဲတွင် သေဆုံးမည်ကို စိုးရိမ်သောကြောင့် အ၀ေးသို့ အမြန်ဆုတ်ခွာသွားကြ၏။

သို့သော် ဖှေးသည် ကြောက်လန့်ခြင်းမရှိပေ။

ဖာရင်တန်၏ ပထမဆုံးတိုက်ခိုက်မှုကို ရင်ဆိုင်ပြီးသည့်အချိန်တွင် ဖှေးသည် ကန္တာရအမျက်ဒေါသထဲတွင်ပါ၀င်သည့်စွမ်းအားကိုလည်း နားလည်သွားပြီဖြစ်သည်။ ဖာရင်တန်သည် ထိုလက်နက်ကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်းမရှိသည်ကိုလည်းသဘောပေါက်လိုက်သည်။ လက်ရှိတွင်နှင်းတောင်သိုင်းဆရာပြုလုပ်နေသည့် အကွက်မှာ မသေမှီကောက်ရိုးတမျှင်အားဆွဲယူခြင်းဖြစ်သည်ကိုလည်း ဖှေးရိပ်မိလိုက်၏။

“ကောင်းပြီလေ။ ငါမင်းတို့ကောင်တွေကိုအရှုံးကို ၀န်ခံဖို့အခွင့်ရေးပေးလိုက်မယ်...ဓားမုန်တိုင်း..”

သူ၏လက်များဖြင့် ဓားနှစ်လက်ကို တင်းကြပ်စွာကိုင်းရင်းဖြင့် ဖှေးသည် သူ၏စွမ်းအင်များအားလုံးကို ထုတ်လွှတ်လိုက်ပြီး ဓားမုန်တိုင်းသိုင်းကွက်ကို အသုံးပြုလိုက်၏။

ဤအခိုက်တန့်တွင်ထင်မှတ်မထားသည့်အရာတစ်ခုဖြစ်ပျက်သွား၏။ ကန္တာရအမျက်ဒေါသ၏တိုက်ခိုက်မှုကြောင့် ဖှေး၏ ဓားနှစ်လက်တွင်အပြောင်းလဲတစ်ချို့ဖြစ်ပေါ်သွားခဲ့ပုံရသည်။ ဓားများပေါ်တွင်ပါရှိသည့် မှောင်သင်္ကေတများသည် တောက်ပလာပြီးလေပေါ်တွင် ကြီးမားသည့် အနီရင့်ရောင်မှောင်သင်္ကေတတြီးတစ်ခုကို ထင်ဟပ်စေလိုက်သည်။ ထိုလေပေါ်တွင်ရှိနေသည့် မှောင်သင်္ကေတကြီးသည် ဓားမုန်းတိုင်းသိုင်းကွက်ကြောင့် ဖြစ်ပေါ်လာသည့် ငွေရောင်နဂါးကြီးပတ်ပတ်လည်တွင်ရစ်ပတ်ကာ ပေါင်းစပ်သွားတော့၏။

လိမ္မော်ရောင်အလင်းတန်းများသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် ထိုအလင်းတန်းများဖန်တီးထားသည့်ပိုက်ကွန်ပြီးသည်ဖှေး၏ ငွေရောင်နဂါးကြီးထံသို့ ပျံသန်းသွားတော့သည်။

နောက်အခိုက်တန့်တွင် ငွေရောင်နဂါးကြီးသည်ပေါ်သို့ မော့ကြည့်လိုက်ပြီး ပိုက်ကွန်ကို ဆုတ်ဖြဲရန်အတွက်ကြိုးစားတော့သည်။

မည်သူမှ မုတန့်ပြန်နိုင်သေးခင်မှာပင် ကန္တာရအမျက်ဒေါသဖြင့် ဖန်တီးထားသည့်ပိုက်ကွန်ကြီးသည် ပိတ်စတစ်ခုဖြင့် ပြုလုပ်ထားသည့်အတိုင်းပင် လွယ်ကူစွာပေါက်ပြဲသွားတော့၏။

ထို့နောက်တွင် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနီရင့်ရောင်မှောင်သင်္ကေတများဖြင့် ပြည့်နှက်နေသည့် ငွေနဂါးဖာရင်တန်ထံသို့ တကယ်နဂါးအစစ်မှန်တစ်ကောင်ကဲ့သို့ သောဖိအားများဖြင့် ပျံသန်းလာတော့သည်။

“ချွင် ချွင် ချွင်...”

သိပ်သည်းသည့် သတ္တုတစ်ခုနှင့်တစ်ခုပွတ်တိုက်သည့်အသံများထွက်ပေါ်လာ၏။

အ၀ါရောင်ကျောက်စများသည် ကောင်းကင်ပေါ်သို့ ပျံ၀ဲကုန်ပြီး နေရာတစ်ခုလုံးသည်ပြိုကျတော့မည့်အတိုင်းပင်။ နက်ရှိုင်းသည့် ဓားရာများသည် မြေပြင်ပေါ်တွင်ကျန်ရစ်ခြပြီး ဓားသွဦးစွမ်းအင်များအားလုံးသည် ကန္တာရသဲကျားအလင်းတန်းများ၏ ကာကွယ်ခြင်းကို ခံထားရသော ဖာရင်တန်နှင့် လူသုံးဦးတို့အား ခုတ်ပိုင်တးော့မည့် ဓားတစ်လက်အဖြစ်သို့ပြောင်းလဲသွားတော့သည်။

ငွေရောင်ဓားသွားသည် အလင်တန်းများနှင့် ထိလိုက်မိသည့်အချိန်တိုင်းတွင် လေပေါ်၌ မီးပွားစများထွက်ပေါ်လာ၏။

ဤတိုက်ပွဲကိုကြည့်နေသည့် သိုင်းဆရာများ၏မျက်နှာများဖြူဖက်ဖြူယော်ဖြစ်နေကြပြီး ပြောစရာစကားပင်မရှိပေ။

“ချမ်းဘော့ဒ်ဘုရင်မှာ အဲ့လောက်တောင်အစွမ်းထက်တဲ့ သိုင်းကွက်တစ်ခုရှိနေတာပဲ။ အဲ့ငွေရောင်ဓားက အတော်လေးအသက်၀င်ပြီးတော့ ငွေနဂါးကလည်း တကယ်နဂါးတစ်ကောင်ရဲ့အရှိန်၀ါတွေတောင်ရှိနေတယ်။ ဘယ်လို့အတွင်းအားစွမ်းအင်မျိုး၊ မှော်စွမ်းအင်မျိုးကိုမဆိုရင်ဆိုင်နိုင်မယ့်ပုံပဲ...”

“ဖုန်း...”

စွမ်းအင်များသည် ဘေးပတ်၀န်းကျင်သို့ ပြန့်နှံ့ကုန်ပြီး ကြမ်းတမ်းသည့်တိုက်ပွဲသည်လည်းနောက်ဆုံးတွင်အဆုံးသက်သွားတော့သည်။

လူတိုင်းအပေါ်သို့ မော့ကြည့်လိုက်ကာ ကြီးမားသည့်ငွေရောင်အတောင်ပံတစ်စုံနှင့် ဖှေးကိုတွေ့လိုက်ရသည်။ ထိုအတောင်ပံများကို ဓားသွားစွမ်းအင်များဖြင့်သာပြုလုပ်ထားပြီး သူသည် လက်ရှိတွင် လေပေါ်တွင် ပျံ၀ဲနေ၏။ မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်ချပ်၀တ်ကို ၀တ်ဆင်ထားပြီး သူသည် စစ်ပွဲနတ်ဘုရားတစ်ပါးလိုပင်။ ဤမြင်ကွင်းသည် သိုင်းဆရာများစွာ၏ စိတ်အာရုံတွင်စွဲကျန်သွားပြီး သူတို့တစ်သက်လုံးမေ့နိုင်ကြတော့မည်မဟုတ်ပေ။

ဖှေးပြုံးကာသူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။ ဓားသွားစွမ်းအင်များပျောက်ကွယ်ကုန်၏။ ဖုန်မှုန့်များကျောက်စများသည် မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းလာပြီး နှင်းတောင် သိုင်းဆရာ၊ ဖာရင်တန်၊ မိုဒေါ့တ်နှင့် တိုနီတို့၏ ခေါင်းပေါ်တွင်၀ဲနေသည့် သုံးမီတာခန့်ရှည်လျားသည့် ငွေရောင်ဓားသွားစွမ်းအင်လေးခုကို လူများတွေ့လိုက်ရ၏။

ဓားသွားစွမ်းအင်များသည် သူတို့၏ခေါင်းနှင့် တစ်စင်တီမီတာခန့်သာကွာ၀ေးနေသဖြင့် တိုက်ပွဲ၏ ရလဒ်သည် ဆုံးဖြတ်ပြီးဖြစ်သည်။

ဤသည်မှာ ထင်မထားဖွယ်ပင်။

ကန္တာရအမျက်ဒေါသ၏ အကာရံကို ဓားမုန်တိုင်းအစွမ်းဖြင့် လွယ်ကူစွာပင်ဖျက်ဆီးပစ်နိုင်ခဲ့၏။

All Chapters