“ရန်စမှု”
Vol. 38 Ch. 594
ထိုအဖိုးကြီးပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် ဇီးနစ်သားများမှ ဂိတ်တံခါးနှစ်ခုကိုပင်အပိုင်သိမ်းထားသည်ကို လူတိုင်းသတိထားလိုက်မိ၏။ ဖှေးသည် ထိုလူများထဲမှတစ်ယောက်ပင်။ ဆံပင်အပြာရောင်နှင့်လူသည်လည်း ၀တ်ပုံစားပုံကိုကြည့်ရသည့်ပုံအရ ဇီးနစ်အင်ပါယာမှဖြစ်ပုံရသည်။
ယခုအချိန်တွင်မူ နေရာတွင်ရှိနေသည့် တစ်ချို့လူများဒေါသထွက်လာကြ၏။ မဟာဘုရားကျောင်းပင် အရှိန်၀ါကြီးမားသည့်အဖွဲ့စည်းကြီးဖြစ်သော်လည်း ဂိတ်တံခါးတစ်ခုကိုသာ ယူထားကြ၏။ သူတို့၏ လူ၁၂ယောက်ကို အပြင်တွင်နေခဲ့ခိုင်းခဲ့သည်။ လယ်ဗယ်၁အင်ပါယာလေးတစ်ခုသည် မဟာဘုရားကျာေင်းထက်ပို၍ အရှိန်၀ါကြီးမားနေသကဲ့သို့ပင်။
အခိုက်တန့်တစ်ခုကြာခန့် လူတိုင်းသည် ဖှေးနှင့် ဆံပင်အပြာနှင့်လူတို့ကို ကြည့်နေကြ၏။
ဆံပင်အပြာရောင်နှင့်လူမှာနှာခေါင်းရှုံ့လိုက်ပြီး ဘာမှပြန်ပြောခြင်းမရှိပေ။ သူ၏စွမ်းအားမြင့်သည့်အရှိန်၀ါသည် လူတိုင်းအား အလျှော့ပေးမည်မဟုတ်ကြောင်းဖော်ပြနေ၏။ အကယ်၍ သူ့အားစိန်ခေါ်လာသည့်လူမည်သူကို မဆိုတိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေသည်။
သို့သော် ထိုကဲ့သို့စွမ်းအားမြင့်မားသည့်စစ်သည်အား မည်သူမှ စိန်ခေါ်ရဲခြင်းမရှိကြပေ။
ခနတာစဥ်းစားလိုက်ပြီးသည့်နောက်တွင် ဖှေးသည် နတ်စင်ပတ်ပတ်လည်တွင်ရပ်နေကြသည့် သိုင်းဆရာများကို ကြည့်လိုက်သည်။ တစ်ချို့သိုင်းဆရာများသည် မျှော်လင့်ချက်မဲ့ကာ အသက်ကြီးပြီး သေခါနီးသိုင်းဆရာများပင်။
“ငါနဲ့အတူ လူလေးယောက်ခေါ်သွားလို့ရပါတယ်...” ဖှေးပြောလိုက်၏။ သူသည် ရိုးသားဖြောင့်မက်သည်ဟုထင်ရသည့်အသက်ကြီးကြီးသိုင်းဆရာလေးယောက်ခန့်ကို လက်ညိုးထိုးလိုက်ပြီး “ခင်ဗျားတို့ လေးယောက် ကျွန်တော့ဂိတ်တံခါးကနေလိုက်ခဲ့လို့ရတယ်...”
“အာ တကယ်လား။ ကျေးဇူးပါ ဘုရင်လေး...”
“ကျေးဇူးအမျာကြီးတင်ပါတယ်။ နတ်ဘုရားတွေမင်းကို ကောင်းချီးပေးပါစေ လူလေး။ ငါမင်းအပေါ်မှာ ကြီးမားတဲ့အကြွေးတစ်ခုတင်သွားပြီ...”
ဖှေးခေါ်လိုက်သည့် သိုင်းဆရာလေးယောက်တို့သည် ပျော်ရွှင်သွား၏။ သူတို့ထဲမှတစ်ယောက်သည် တစ်ခေါင်းလုံးဖြူနေသည့်အဖိုးကြီးတစ်ယောက်ပင်ဖြစ်ပြီး မျက်ရည်ကျသည့်အထိပင်ပျော်ရွှင်နေသည်။ သူသည် ယခင်က မျှော်လင့်ချက်မဲ့နေခဲ့ရာ ယခုအချိန်တွင် သူ၏အိမ်မက်များအသက်၀င်လာပြီဖြစ်သည်။ အတွေ့ကြုံရင့်သန်သည့် ကျင့်ကြံသူတစ်ယောက်ပဲ ဤကဲသို့ ရုတ်တရက်ကံကြမ္မာပြောင်းလဲခြင်းကို ကြုံတွေ့လိုက်ရသည့်အချိန်တွင် စိတ်ထိန်းနိုင်ခြင်းမရှိတော့ပေ။ သူသည် ဖှေးအား အကြိမ်ပေါင်းများစွာကျေးဇူးတင်စကားပြောလိုက်ပြီး အနာဂတ်တွင် ကျေးဇူးပြန်ဆပ်ပါမည်ဟု ကတိပြုလိုက်၏။
“ဒီဂိတ်တံခါးမှာလည်း လူသုံးယောက်ထပ်ပြီး လိုက်လို့ရသေးတယ်...” ဖှေးသည် ဟေဇယ်-ဘန့်ခ်နှင့်အာသာတို့ရပ်နေသည့် ဂိတ်တံခါးကို ညွှန်ပြကာပြောလိုက်၏။
“ဟမ် ချမ်းဘော့ဒ်ဘုရင်က ပြောနေမှတော့ ငါတို့လဲ လူသုံးယောက်ကိုခေါ်သွားပါ့မယ်...”
နှစ်ပေါင်းရာနှင့်ချီကာနေထိုင်ခဲ့သည့် အောက်လမ်းဆရာဟေဇယ်-ဘန့်ခ်သည် ချက်ချင်းပင် ဖှေး၏ရည်ရွယ်ချက်ကို နားလည်သွား၏။ ဖှေးသည် ထိုသိုင်းဆရာများနှင့် ရင်းနှီးမှုတစ်ချို့ရရှိလိုသည့်အတွက်ကြောင့် သူသည်လည်းလိုက်လျောညီထွေတုန့်ပြန်လိုက်၏။
အပြင်ပိုင်းမှကြည့်ပါက လျို့၀ှက်သည့်သိုင်းဆရာတစ်ယောက်သည် ချမ်းဘော့ဒ်ဘုရင်အတွက် တစ်စုံတစ်ခုကို ပြုလုပ်ပေးနေသလိုပင်။
ထိုသိုင်းဆရာများသည် အပြင်ကမ္ဘတွင် စွမ်းအားမြင့်မားကာ အရှိန်၀ါကြီးမားသည့်လူများဖြစ်ကြသည်မှာလည်း မလွဲမသွေပင်။ သူတို့သည် ဒဏာရီလာနန်းတော်ထဲတွင် အားနည်းသည်ဟုထင်ရသော်လညး် အေဇာရုတိုက်ပေါ်တွင်များစွာဆောင်ရွဥ်နိုင်သည့်လူများပင်။ ထို့ကြောင့် ဖှေးလုပ်လိုက်သည့် ရင်းနှီးမြုပ်နှံမှုသည် အလွန်တန်ဖိုးကြီးမားသည်ဟု ဆိုနိုင်၏။
လူသုံးယောက်နတ်စင်ပေါ်သို့ ထက်မံရောက်ရှိလာ၏။ သူတို့သည် ဖှေးနှင့် ဟေဇယ်-ဘန့်ခ်တို့ကို ကျေးဇူးတင်စကာပြောလိုက်ကြသည်။ အနာဂတ်တွင်လည်း ပြန်လည်ကာ ကျေးဇူးဆပ်မည်ဖြစ်ကြောင်းကို ကတိပြုလိုက်ကြ၏။
“ဟားဟား ဘုရားသခင် ဆုံးမခဲ့တာက သူတစ်ပါးကို ကူညီတယ်ဆိုတာ ကိုယ့်ကိုယ်ကို ကူညီတာပါပဲတဲ့...” ထိုဂျက်အင်ပါယာမှ သိုင်းဆရာသည် ရုတ်တရက်ရယ်မောကာ ဖှေးအားပြောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်က ဒီလောက်ရက်ရောနေမှတော့ ငါလဲလူသုံးယောက်ခေါ်သွားလို့ရပါတယ်။ မင်းခုနက ငါတောင်းဆိုတာကို လိုက်လျောပေးခဲ့လို ပြန်ပြီးတုန့်ပြန်တယ်လို့မှတ်လိုက်ပါ။ ငါလည်းလူသုံးယောက်ခေါ်သွားမယ်...”
ထိုလူသည် လူအုပ်ထဲမှ သုံးယောက်ကို ညွှန်ပြလိုက်သည်။ ထိုလူသုံးယောက်သည် မိုဒေါ့တ်၊ ဖာရင်တန်နှင့် တစ်ခြားအဖိုးကြီးတစ်ယောက်ပင်။ နှင်းတောင်သိုင်းဆရာနင့် တိုနီတို့ကိုမူ ခေါ်ယူခဲ့ခြင်းမရှိပေ။
ဖှေးအနည်းငယ်အံ့သြသွား၏။
ဤဂျက်အင်ပါယာမှသိုင်းဆရာသည် အနည်းငယ်တစ်ကိုယ်ကောင်းဆန်ကာ ဂျက်အင်ပါယာမှလူနှစ်ယောက်ကို ရွေးချယ်ခဲ့သော်လည်း ဖှေးဘာမှပြောခြင်းမရှိပေ။ ထိုလူသည် အရင်ကတည်းက ဖာရင်တန်နှင့် မိုဒေါ့တ်တို့ကို သူနှင့်အတူခေါ်သွားရန်အတွက် စီစဥ်ထားသည့်ပုံပင်။ သို့သော် ဤလူသည် ဂျက်အင်ပါယာထဲတွင် အလွန်အရှိန်၀ါကြီးမားသည့်လူတစ်ယောက်ဖြစ်ပုံရ၏၊ ထို့အပြင် သူသည် သူစိမ်းတစ်ယောက်အား သူနှင့်အတူ ခေါ်သွားရန်အတွက် ဆန္ဒရှိခြင်းသည် ခင်မင်းရင်းနှီးသည် အပြုမူတစ်ခုပင်။
ကျန်ရှိနေသည့် ဓာတ်ဂိတ်တံခါးများထဲတွင် မဟာဘုရားကျောင်းနှင့် စိန့်ဂျာမိန်းအင်ပါယာမှမင်းသားဂါရာနိုတို့၏ ဂိတ်တံခါးများသည်လူပြည့်နေပြီဖြစ်သည်။ ဆံပင်အပြာရောင်နှင့်လူသည်လည်းအလှူတန်းပြုလုပ်ရန်အတွက် ဆန္ဒရှိသည်မှာထင်ရှားလှသည်။ အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည်လည်း စိတ်မရှည်တော့သည့်ပုံပေါက်နေ၏။ သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသော အေးစက်သည့်စွမ်းအင်အရှိန်၀ါများသည်လူပေါင်းများစွာကို ကြောက်လန့်စေလျှက်ရှိသည်။ ထို့ကြောင့် သူ့အားမည်သူမှ တောင်းဆိုရဲခြင်းမရှိပေ။ ခေါင်းပြောင်လူသန်ကြီးနှင့် နတ်ဆိုးကဲ့သို့ အဖိုးကြီးနှစ်ယောက်တို့သည်လည်း လူကောင်းများဖြစ်သည့်ပုံမပေါ်ပေ။
နတ်စင်ပေါ်တွင်မရောက်နေသေးသည့်လူများသည် ဖှေးအားမျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် ဖှေးအားပြောပေးစေလိုနေကြသည်။
သို့သော် ဖှေးသူ၏ခေါင်းကိုသာ ခါရမ်းနိုင်၏။ သူသည် လူတိုင်းအား လိုက်၍ အမိန့်ပေးနိုင်မည်မဟုတ်သည်ကို သိသည့်အတွက်ပင်။ ဟေဇယ်-ဘန့်ခ်နှင့် ဂျက်အင်ပါယာမှသိုင်းဆရာတို့သည် သူ၏တောင်းဆိုချက်ကို လက်ခံပေးခဲ့သော်လည်း ကျန်ရှိနေသည့်လူများသည်လည်း ထိုကဲ့သို့ ပြုလုပ်လိမ့်မည်ဟုသေချာပေါက်ပြောနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ သူပါးစပ်ဖွင့်ကာ တောင်းဆိုလိုက်ပါက ဒုက္ခများပင်ရောက်ရှိလာနိုင်၏။ ထို့အပြင် ကျန်ရှိနေသည့်လူအများစုသည်ရက်စက်ယုတ်မာသည့်ပုံစံရှိကြသောကြောင့် ဖှေးသူတို့အား ကူညီနိုင်ခြင်းမရှိပေ။
“ကောင်းပြီလေ။ အခုဆို အငြင်းပွားစရာမရှိတော့ဘူးထင်တယ်။ နတ်စင်ကိုအသက်သွင်းပြီးတော့ ဓာတ်ဂိတ်တံခါးတွေကို ဖွင့်လိုက်ကြရအောင်...” ဟေဇယ်-ဘန့်ခ်မှ ထက်မံ၍ အကြံပြုလိုက်သည်။
“နေပါဦး ငါက လက်ရှိအခြေအနေကို သဘောတူတယ်လို့ ဘယ်သူပြောလို့လဲ။ င့ါမှာပြောစရာတွေအများကြီးရှိသေးတယ်...” ထိုအဖိုးကြီးသည် ရယ်မောကာ ၀င်ပြောလိုက်ပြန်သည်။ သူသည် ဖှေးအား မှုန်၀ါးနေသည့်မျက်လုံးများဖြင့်စိုက်ကြည့်ကာ လက်ညိုးထိုးပြီးပြောလိုက်သည်။ “ဒီကလေးက ဓာတ်ဂိတ်တံခါးတစ်ခုရဖို့မထိုက်တန်ဘူးလို့ ငါရုတ်တရက်ခံစားလိုက်မိတယ်။ သူ့ကို ကန်ထုတ်လိုက်ကွာ...ဒီလူကို ပဲရွေးသင့်တယ်လို့ ငါအကြံပြုတယ်...”
သူထိုကဲ့သို့ပြောပြီးသည့်နောက်တွင် အလားတူပင်အံ့သြနေသည့်နှင်းတောင်သိုင်းဆရာအား ညွှန်ပြလိုက်သည်။
ဤအဖိုးကြီးသည် ဖှေး၏နေရာကို နှင်းတောင်သိုင်းဆရာအား ပေးလိုနေခြင်းပင်။
နေရာတစ်၀ိုက်တွင်ရှိနေသည့် လူများသည် ခနတာခန့်ကြာပြီးမှ ဤဖြစ်ရပ်ကို တုန့်ပြန်လိုက်ကြသည်။ ဤနတ်ဆိုးကဲ့သို့သောအဖိုးကြီးသည် မည်သည့်အတွက်ကြောင့် ရူးသွပ်နေသည်ကို သူတို့မသိပေ။ သူတို့သိကြသည်မှာ ထိုအဖိုးကြီးသည် ချမ်းဘော့ဒ်ဘုရင်အား နှစ်သက်ခြင်းမရှိပဲ ပြသနာရှာနေသည်ကိုပင်။
“ဒီအဖိုးကြီးနဲ့ ချမ်းဘော့ဒ်ဘုရင်ကြားမှာ ရန်ညိုးရှိနေလို့များလား...”
လူတိုင်း ထိုကဲ့သို့သာထင်နေကြသည်။
ခနတာခန့်ရပ်နားပြီးသည့်နောက်တွင် ဖှေးမျက်နှာပျက်သွားပြီး ထိုအဖိုးကြီးအား အေးစက်စွာဖြင့်ကြည့်လိုက်သည်။ “ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားကများ ကျွန်တော့ကို လာပြီးလက်ညိုးထိုးရဲတယ်ပေါ့...” သူနှာခေါင်းရှုံ့လိုက်သည်။
“ဟီးဟီး ကောင်လေး ဒေါသမကြီးပါနဲ့။ လက်ညိုးထိုးခံရတယ်ဆိုတာ ဘာမှမဟုတ်သေးပါဘူး....” အဖိုးကြီးသည် ပြောရင်းဖြင့် ဖှေးထံသို့ လမ်းလျှောက်လာနေ၏။ အမဲရောင်မြူခိုးတစ်ခုသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ရစ်ပတ်ကာ ပျံသန်းနေလျှက်ရှိပြီး အလွန်စွမ်းအားမြင့်မားသလိုခံစားရ၏။ သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်လိုသည့်အပြုံးတစ်ခုဖြင့် ရယ်မောကာ ဆက်ပြောလိုက်သည်။ “ငါက မင်းကို ကြည့်မရလို့ကွာ။၊ မင်းကို ဓာတ်ဂိတ်တံခါးထဲကို မ၀င်စေချင်ဘူးရှင်းလား ဟီးဟီး...” မင်းက ဇီးနစ်အင်ပါယာလက်အောက်က အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုရဲ့ဘုရင်ပဲ။ ဒီနေရာမှာရှိနေတဲ့လူတိုင်းက မင်းနဲ့ယှဥ်မယ်ဆိုရင် ပိုပြီးတော့ အရှိန်၀ါကြီးတဲ့ လူတွေကြည့်ပဲ။ မင်းက ဘာကောင်မှမဟုတ်ပါဘူး။ မင်းကိုယ်မင်း ဓာတ်ဂိတ်တံခါးတစ်ခုကို ပိုင်ဆိုင်ဖို့အခွင့်ရေးရှိတယ်လို့ မင်းထင်နေတာလား။ ဟီးဟီး ဇီးနစ်အင်ပါယာရဲ့ ကာကွယ်စောင့်ရှောက်သူ သိုင်းဆရာတောင်အသတ်ခံလိုက်ရသေးတာပဲ။ ဇီးနစ်ကလည်း အင်ပါယာသုံးခုကို တပြိုင်နက်စစ်ကြေငြာလိုက်တယ်ကြားတယ်။ မကြာခင်တော့ အသိမ်းပိုက်ခံရတော့မှာပဲ။ မင်းတို့အင်ပါယာက ဆွေကြီးမျိုးကြီးတွေရော၊ သာမန်မြို့သားတွေရောင်ကျွန်အဖြစ်ရောင်းစားခံရတော့မယ်။ ဟီးဟီး ဘာလို့ မင်းကို ဓာတ်ဂိတ်တံခါးတစ်ခုပေးပြီးတော့ ဖြုန်းတီးနေမှာလဲ...”
ဖှေး၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များတောက်သွား၏။ သို့သော် သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။
“ဒီအဖိုးကြီးက အဆင့်မြင့်လသစ်သိုင်းဆရာပဲရှိသေးတာ င့ါထက်အများကြီးအားနည်းနေသေးတယ်။ င့ါကို ဘာလို့ ဒီလိုရန်လာစရဲတာလဲ။ သူကတစ်ခုခုဒါမှမဟုတ်တစ်ယောက်ယောက်ကို အားကိုးနေတာပဲဖြစ်ရမယ်...” ဖှေးသည် သူ၏အနားသို့ လှမ်းလျှောက်လာနေသည့်အဖိုးကြီးကို ကျော်လွန်ကာ ဂိတ်တံခါးအောက်တွင်ရပ်နေသည့် ခေါင်းပြောင်နှင့်အဖိုးကြီးကိုကြည့်လိုက်သည်။ ယုတ်မာသည့် အပြုံးတစ်ခုဖြင့် ထိုကတုံးသည်လည်း ဖှေးအားပြန်ကြည့်နေလျှက်ရှိသည်။
ထိုကတုံးသည် ဖှေးထိုးဖောက်မြင်နိုင်ခြင်းမရှိသည့်လူအနည်းငယ်ထဲမှတစ်ယောက်ပင်။ ထိုလူသည် အလွန်ပင်အန္တရာယ်ရှိသည့်ခံစားချက်တစ်ခုကို ထုတ်လွှတ်နေလျှက်ရှိပြီး ထိုကတုံးအားဖှေးအနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။
“ဒီအဖိုးကြီးက သူ့ဆရာကတုံးကို အားကိုးနေတာပဲဖြစ်ရမယ်...” ဖှေးတွေးလိုက်မိသည်။ သူမည်သည့်အချိန်က ထိုကဲ့သို့ သိုင်းဆရာတစ်ယောက်ကို ရန်စခဲ့လိုက်မိမှန်းမသိပေ။ ဤသည်မှာ သူ့အတွက် ခေါင်းကိုက်စရာကိစ္စတစ်ခုပင်။
သို့သော် ဖှေးသည် တွန့်ဆုတ်ခြင်းမရှိပဲ ထိုလူအား သူ၏ရန်သူအဖြစ်သက်မှတ်လိုက်သည်။
ထိုလူသည် သူ့အား ရန်လိုနေကြောင်းကို ပြသပြီးဖြစ်သောကြောင့် ဖှေးသည်လည်း ပျော့ညံ့စွာဖြင့် ငြိမ်းချမ်းရေးစကားဆိုတော့မည်မဟုတ်ပေ။
ထို့အပြင်ရန်သူပို၍အစွမ်းထက်လေလေ ဘုရင်သည် ပို၍တက်ကြွလာလေလေဖြစ်သောကြောင့်ပင်။
အပြင်ပိုင်းတွင် ဘာမှဖော်ထုတ်ပြသခြင်းမရှိသော်လည်း သူ၏စိတ်ထဲတွင်ရှိနေသည့် သတ်ဖြတ်လိုသည့်ဆန္ဒသည် ပို၍ပို၍ပင် ပြင်းထန်လာနေ၏။
သို့သော် မည်ကဲ့သို့ပင်ဖြစ်စေကာမူ သူ့အား ရန်လာစသည့်အဖိုးကြီးကို သတ်ဖြတ်ရမည်ဖြစ်သည်။
အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ခါဆစ်သည် ဖှေး၏စိတ်ထဲတွင်အရေးကြီးသည့် လူတစ်ယောက်ပင်။ ဤအဖိုးကြီးကို ခါဆစ်ကို စော်ကားခဲ့သည့်အတွက် ဖှေးဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်၏။ ဘုရင်သည် အကွာ၀ေးနှင့် ထောင့်အနေထားတို့ကို တွက်ဆလိုက်ပြီး လျို့၀ှက်စွာဖြင့် သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့် လေထုပင် အေးစက်လာ၏။
“ခါဆစ်ကို ငါကိုယ်တိုင်မသတ်လိုက်ရတာ အတော်ဆိုးတာပဲ။ အင်ပါယာကာကွယ်စောင့်ရှောက်သူတစ်ယောက်ရဲ့ ဦးနှောက်တွေက အတော်လေးအရသာရှိမှာလဲ...” အဖိုးကြီးသည်လည်း ပြောရင်းဖြင့် သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အား အကြောဆန့်လိုက်သည့်အချိန်တွင် ချိုးချိုးချွတ်ချွတ်အသံများထွက်ပေါ်လာပြီး သူ၏လက်မောင်းများသည်လည်း ၃၀စင်တီမီတာခန့်ရှည်လျားလာ၏။ သူ၏လက်ချောင်းများပေါ်တွင်ရှိသည့် လက်သည်းများသည်လည်း မီတာ၀က်ခန့်ရှည်လျားနေကာ စွမ်းအားမြင့်လက်နက်များကဲ့သို့ပင် မြေပြင်နှင့် ဒရွတ်တိုက်ဆွဲလာနေလျှက်ရှိသည်။
မြေပြင်ပေါ်တွင်ရှိသည့် ကျောက်ပြားများပေါ်တွင် အစင်းကြောင်းများထင်ကျန်နေခဲ့၏။
တိုက်ပွဲသည်အချိန်မရွေးဖြစ်ပွားလာနိုင်၏။