← Chapters

အခန်း (၅၉၅)

Vol. 38 Ch. 595

အခန်း (၅၉၅)

Vol. 38 Ch. 595

ထိုအဖိုးကြီးထံမှ ပြင်းထန်သည့် သတ်ဖြတ်လိုသောအရှိန်၀ါများကို အာရုံခံမိပြီးသည့်အချိန်တွင် ဖှေး၏ခေါ်ဆောင်မှုကြောင့် ဓာတ်ဂိတ်တံခါးထဲသို့ ၀င်ရောက်ရန်အခွင့်ရေးရရှိခဲ့ကြသည့် သိုင်းဆရာများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့သည် ဤအဖိုးကြီးကို အနိုင်မယူနိုင်ကြောင်းသိသော်လည်း သူ၏လမ်းကို ပိတ်ထားဆဲပင်။

“ဟီးဟီး မင်းတို့ကောင်တွေ အိုနေပြီ။ ဒါတောင်ဦးနောက်မရှိကြသေးဘူးလား။ မင်းတို့ကများင့ါလမ်းကို ပိတ်ရဲတယ်ပေါ့...” ထိုအဖိုးြီးသည် စိတ်ဆိုးစွာဖြင့်ရယ်မောလိုက်ပြီး သူ၏လက်သည်းများကို မြေပြင်နှင့်ွတ်ဆွဲလိုက်သည်။

စူးရှသည့်အသံများထွက်ပေါ်လာပဲီး သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် စွမ်းအင်အရှိန်၀ါများသည် ပို၍ပင်စွမ်းအားမြင့်မားလာတော့သည်။ သူအော်ဟစ်လိုက်၏။ “မင်း တို့ကောင်တွေက သူ့ဘက်ကနေပါချင်တယ်ဆိုတော့ မင်းတို့ကောင်တွေရဲ့ ဦးနောက်တွေကို ဖောက်ပေးရသေးတာပေါ့...မင်းတို့သေရလိမ့်မယ်...”

ဖှေးသည် သိုင်းဆရာလေးယောက်ပြုလုပ်သည့်အရာကြောင့် ပီတိဖြစ်သွားရသည်။ သူသည် မကောင်းသည့်လူများကို ရွေးချယ်မိခဲ့ခြင်းမဟုတ်ပေ။ ခနတာစဥ်းစားလိုက်ပြီးသည့်နောက်တွင် သူသည် ရှေ့သို့ ခြေလှမ်းကာ ထိုလူလေးယောက်ကို ပြောလိုက်၏။ “မစိုးရိမ်ပါနဲ့ ဒီလူပျက်ကို ကျွန်တော်ကိုင်တွယ်နိုင်ပါတယ်...”

“ဒါဆိုလည်း ဂရုစိုက်ပါ အရှင်မင်းကြီး...”

တွန့်ဆုတ်ပြီးနောက်တွင် သူတို့ထဲမှတစ်ယောက်သည် သိပ်မ၀ေးသည့်နေရာမှ လှမ်းကြည့်ကာ နှာခေါင်းရှုံ့နေသည့် ကတုံးအကြောင်းကို ဖှေးအား အချက်ပြကာသတိပေးလိုက်သည်။ ဖှေးသည် ငယ်ရွယ်သေးသည့်အတွက်ကြောင့်အတွေ့ကြုံနည်းသေးကာ ထိုစွမ်းအားမြင့်မားသည့်လူကို သတိမထားမိလိုက်ပဲရှိမည်ကို ထိုသိုင်းဆရာလေးယောက်မှ စိုးရိမ်နေကြခြင်းပင်။

ဖှေးပြုံးကာ သူတို့ကို ခေါင်းငြိမ့်ပြလိုက်သည်။ သူအခြေအနေကို သိရှိပြီးဖြစ်ကြောင်း ပြသလိုက်၏။

“ဟီးဟီး သေစမ်း မာနထောင်လွှားနေတဲ့ စောက်ကလေး။ မင်းက ငါနဲ့ ရင်ဆိုင်နေတာတောင် တစ်ခြားလူကို ကြည့်နေရဲတယ်ပေါ့...” ထိုအဖိုးကြီးသည် အော်ဟစ်ကာ ဖှေးထံသို့ လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ပြေးလာတော့သည်။ သူ၏ ရှည်လျားသည့်လက်သည်းများသည် လေထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့ပြီး ဖှေး၏နဖူးကို ထိုးစိုက်လိုက်၏။

ထိုသိုင်းကွက်သည် အဖိုးကြီး၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်ဖြစ်သည်မှာ ထင်ရှား၏။ လက်သည်းများဖြင့် အောက်သို့ထိုးစိုက်လိုက်သည့်အချိန်တွင် ရှောင်ရှား၍ မရနိုင်သလိုပင်။ ဤသိုင်းကွက်သည် နှေးကွေးသည့်ပုံပေါက်နေသော်လည်း တယ်တန်းတွင် အလွန်မြန်ဆန်လှ၏။ ထိုလက်သည်းများသည် ဖှေး၏နဖူးကို ထိုးစိုက်လုနီးနီးပင်။

ဤအဖိုးကြီး၏ မျက်နှာပေါ်တွင် အံ့သြသည့်အမူယာတစ်ခုထွက်ပေါ်လာ၏။

သူသည် ဤဘုရင်ငယ်ထက်ပို၍ စွမ်းအားနိမ့်ကျသည့်လူဖြစ်သောကြောင့် ခက်ခက်ခဲခဲတိုက်ခိုက်ရလိမ့်မည်ဟု ထင်ခဲ့သည်။ သူသည် ဤဘုရင်ငယ်အား ရန်စရုံသာစမည်ဖြစ်ပြီး ကျန်သည့်ကိစ္စများကို တစ်ခြားလူများဖြေရှင်းမည်ဖြစ်သည်။ သို့သော် ဤလူငယ်သည် အလွန်မာနထောင်လွှားနေသည့်အတွက် သူ့အား အခွင့်ရေးတစ်ခုပေးလိုက်မိသည့်ပုံပင်။

ဤအဖိုးကြီးသည် နှာခေါင်းရှုံ့လိုက်သည်။

ဤလူငယ်၏ ဦးနှောက်စများ လေထဲတွင် လွှင့်ပျံသွားသည်ကို သူကြိုတင်ကာမြင်နိုင်နေပြီဖြစ်သည်။

ဤကြောက်မက်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် လူတိုင်းထံမှ အာမေဍိတ်သံများထွက်ပေါ်လာ၏။

ဤအဖိုးကြီး၏လက်သည်းများသည် ချမ်းဘော့ဒ်ဘုရင်၏ခေါင်းထဲသို့ စိုက်၀င်သွားခြင်းမရှိပေ။

နှာခေါင်းရှုံ့သညံသည် ကြောက်လန့်တကြားအော်ဟစ်သံအဖြစ်သို့ပြောင်းလဲသွားပြီး အပြုံးသည်လည်း ထိုအဖိုးကြီး၏မျက်နှာပေါ်တွင် ရပ်တန့်သွား၏။ သူ၏လက်သည်းများ ဦးခေါင်းခွံအတွင်းသို့စိုက်၀င်သွားသည့် ခံစားချက်ကို သူခံစားရခြင်းမရှိပေ။ ထိုအစား သူ၏လက်သည်းများနှင့် တစ်စုံတစ်ခုတိုက်ခိုက်လိုက်မိပြီး သူ၏လက်များ စက္ကန့်အနည်းငယ်ကြာအလွန်မင်းနာကျင်သွား၏။

ထိုအရာသည် သူနောက်ဆုံးခံစားလိုက်မိသည့်အရာပင်။

လူတစ်ယောက်သည် သူ၏ခေါင်းတစ်ခုတည်းကို လျှင်လျှင်မြန်မြန်လှုပ်ရှားနိုင်လိုက်သည်မှာ မယုံနိုင်ဖွယ်ပင်။ သို့သော် ဖှေးထိုကဲ့သို့ ပြုလုပ်ခဲ့သည်။ သူ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့် ရန်သူ၏လည်သည်းများကိုရှောင်ရှားလိုက်သည်။ ထို့နေုာက်တွင် သူ၏လက်သီးကိုဆုပ်ကာ ငွေရောင်မီးတောက်များတောက်လောင်နေသည့်လက်သီးများဖြင့် ထိုးလိုက်တော့၏။

ထိုလက်သီးချက်သည် အထင်ကြီးလောက်ဖွယ်ပင်။ ဘာကိုမှ ထိန်ုးချုပ်ထားခြင်းမရှိပေ။

လက်သီးချက်ကျရောက်သွားသည့်အချိန်တွင် လသစ်အဆင့်သာရှိသေးသည့်အဖိုးကြီးသည် ချက်ချင်းပင် သေဆုံးသွားမည်ဖြစ်သည်။ သံသယဖြစ်စရာမလိုပေ အဖိုးကြီးသည် သူ၏ခန္ဓာကိုယ်မည်မျှပင် သန်မာနေစေကာမူ သွေးမြူများအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။

သို့သော် တစ်စုံတစ်ယောက်သည် ထိုကဲသို့မဖြစ်အောင်တားဆီးနေ၏။

ဖှေးလက်သီးထိုးလိုက်သည့်အချိန်တွင် ၃မီတာကျော်ခန့်အရပ်ရှည်သည့်ကတုံးသည် ကောက်ကျစ်သည့်အပြုံးတစ်ခုကို ဖော်ထုတ်ပြသလိုက်ပြီး သူ၏အစွမ်းများကို ထုတ်လွှတ်လိုက်တော့သည်။ သူသည် ဤအခွင့်ရေးကို စောင့်နေခဲ့သည်မှာကြာပြီဖြစ်သည်။

သို့သော် ဤနေရာတွင် အစီစဥ်ရှိသည့်လူမှာ သူတစ်ယောက်တည်းသာမဟုတ်ပေ။

သူဖှေးအားတိုက်ခိုက်တော့မည့်အချိန်တွင် စွမ်းအားမြင့်သည့်စွမ်းအင်နှစ်ခုတို့သည်သူ့အားပစ်မှတ်ထားလိုက်၏။ ထိုလူသည် အသက်အန္တရာယ်ကို ချက်ချင်းပင် အာရုံခံလိုက်မိပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားတော့သည်။ သူသည် ဤဘုရင်ငယ်အား တိုက်ခိုက်လိုက်ပါက ထိုစွမ်းအင်နှစ်ခုတို့သည် သူအပေါ်သို့ အညှာတာကင်းမဲ့စွာကျရောက်လာတော့မည်ကို သူသိလိုက်၏။ သူသည် သန်မာသည့်လူတစ်ယောက်ဖြစ်သည့်အတွက် ချက်ချင်းသေဆုံးသွားနိုင်မည်မဟုတ်သော်လည်း ပြင်းထန်စွာဒဏ်ရာရရှိသွားနိုင်၏။

ထိုစွမ်းအင်ထဲမှတစ်ခုသည် ဟေဇယ်-ဘန့်ခ်၏ စွမ်းအင်ပင်။

ဤအောက်လမ်းဆရာသည် ပါးနပ်သည့်အတွက်ကြောင့် အရာအားလုံးကို ရိပ်မိပြီးဖြစ်၏။ ဤကတုံးသည် ပြသနာရှာချင်နေသည်ကိုလည်း ကြိုသိသည့်အတွက်ကြောင့် ထိုလူလှုပ်ရှားတော့မည့်အချိန်ကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ခြင်းပင်။ သူ၏ လပြည့်အဆင့်စွမ်းအားများနှင့် အတွေ့ကြုံများသည် လူပေါင်းများစွာကို ကြောက်လန့်စေနိုင်၏။ အောက်လမ်းစွမ်းအားများကို ထုတ်ဖော်ြခင်းမရှိသေးသော်လည်း သူ၏ခွန်အားသည် မြေပြင်ကို တုန်ခါစေရန်အတွက် လုံလောက်နေပြီဖြစ်သည်။

နောက်ထပ်စွမ်းအင်တစ်ခုသည် ဆံပင်အပြာရောင်နှင့် လူထံမှပင်။

ဤသည်မှာ အံ့သြဖွယ်ပင်။ ချမ်းဘော့ဒ်ဘုရင်အား ကူညီပေးခဲ့ခြင်းမရှိသည့်လူသည် ဤအချိန်တွင်မှာ ချမ်းဘော့ဒ်ဘုရင်ဘက်မှ ၀င်ရောက်ကူညီပေးလိုက်ခြင်းပင်။ ထိုဆံပင်အပြာရောင်နှင့်လူသည် ရူးလောက်ဖွယ်ပင်စွမ်းအားမြင့်မားလှသည်။ သူ၏ လှုပ်ရှားမှုတစ်ခုခြင်းစီတိုင်းသည် တစ်ခြားလူများအတွက် ကြီးမားသည့်ဖိအားကို ဖြစ်ပေါ်စေ၏။ သန်မာထွားကြိုင်းသည့် ထိပ်ပြောင်သည်လည်း သူထိုဆံပင်အပြာရောင်နှင့်လူအား အနိုင်ယူနိုင်မည်မှာ မသေချာသောကြောင့် ချက်ချင်းပင် သတိထားနေလိုက်မိတော့သည်။

ထိုကတုံးသည် စွမ်းအားကင်းမဲ့သလိုခံစားလိုက်ရ၏။ သူသည် ထိုနှစ်ယောက်လုံးကို တိုက်ခိုက်ရဲသော်လည်း ၂ယောက်တစ်ယောက်တိုက်ခိုက်ရပါက ခက်ခဲမည်ဖြစ်သည်။ သို့သော် သူသည် ဘာမှလှုပ်ရှားရဲခြင်းမရှိတော့ပဲ သူ၏တပည့်အဖိုးကြီးနှင့် ဖှေးတို့တိုက်ပွဲကို ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

“ဖုန်း...”

သွေးမြူစိုင်တစ်ခုထွက်ပေါ်လာတော့သည်။

အဖိုးကြီးသည် ရှုံးနိမ့်နေခဲ့ပြီး သူမျှော်လင့်ထားသည့်အကူညီသည်လည်းရောက်ရှိလာခဲ့ခြင်းမရှိပေ။ ချမ်းဘော့ဒ်ဘုရင်၏ မျက်လုံးများထွဲတွင်ရှိသည့် သတ်ဖြတ်လိုသောဆန္ဒများသည် သူ့အား ကြောက်လန့်စေပြီးသူလုပ်ခဲ့မိသည့်အရာအတွက် နောင်တရလိုက်မိ၏။ သူသည် ရေခဲသေတ္တာထဲတွင်ထိုင်နေရသလို ခံစားမိသော်လည်း ချမ်းဘော့ဒ်ဘုရင်၏လက်သီးချက် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့၏။

“ဖုန်း...”

ကြောက်မက်ဖွယ် ခြေလက်များပြုတ်ထွက်ကုန်သည့် ခံစားချက်ကို ခံစားလိုက်ရသည်၊။

ဤအခိုက်တန့်တွင် ဤအဖိုးကြီးသည် လအဆင့်သိုင်းဆရာတစ်ယောက်၏ မာကြောခြင်းကို မုန်းတီးလိုက်မိ၏။ သူ၏ခန္ဓာကိုယ်သည် သန်မာသည့်အတွက် ချက်ချင်းသေဆုံးသွားခဲ့ခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်မှ ကြွက်သားများ အပိုင်းပိုင်းပြတ်ထွက်ကုန်သည်ကို ချက်ချင်းပင်ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အားဓားများဖြင့် ပိုင်းဖြတ်နေသလိုပင်။ သူအတိတ်ကိုသာ ပြန်သွားလို့ရပါက ချမ်းဘော့ဒ်ဘုရင်အား နောက်တစ်ကြိမ်ရန်စရဲတော့မည်မဟုတ်ပေ။

နာကျင်မှုအား စက္ကန့်အနည်းငယ်ကြာခံစားခဲ့ပြီးသည့်နောက်တွင် အသက်ထွက်သွားကာ။ သူ၏ခန္ဓာကိုယ်သည်လည်း သွေးမိုးများ၊ အရိုးစများအဖြစ်သို့ ပြောင်းလဲသွားတော့၏။

“ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကို စော်ကားလို့ မင်းက အကြိမ်ပေါင်းတစ်ထောင်လောက် သေသင့်တယ်...” ဖှေး၏ အသံကို လူတိုင်း၏နားထဲတွင်ကြားလိုက်ရ၏။

“မင်းသူ့ကို သတ်လိုက်တာလား...” သူ့အား ချိန်ရွယ်ထားသည့်စွမ်းအင်အရှိန်၀ါနှစ်ခုပျောက်ကွယ်သွားသည့်နောက်တွင် ဒေါသဖြစ်သည့်အမူယာသည် ကတုံး၏မျက်နှာပေါ်တွင်ပေါ်လာပြီးအော်ဟစ်လိုက်သည်။

“သူ့ကိုသတ်တယ်ဟုတ်လား။ ဒါက အစပဲရှိသေးတယ်။ တစ်နေ့ကျရင်ခင်ဗျားကိုပါ သတ်မယ်...” ဖှေးသည် ကြောက်ရွံ့ခြင်းမရှိပေ။ ကတုံးအား ပြန်ကြည့်လိုက်၏။ သူသည် ထိုကတုံးစိတ်ဆိုးနေသဖြင့် ထွက်ပေါ်လာနေသည့် ကြီးမားသည့်ဖိအားများအောက်တွင်ပင် နောက်ဆုတ်ခြင်းမရှိပေ။

ဘုရင်သည် ဤလူအား တစ်နေ့တွင် သတ်ပစ်မည်ဟု ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ သူ့အား ရန်စကာ ပြသနာရှာခဲ့သည့် အဖိုးကြီးကို ဤကတုံးမှ ညွှန်ကြားထားခဲ့သည်ကို ဖှေးသိရှိပြီးဖြစ်သည့်အတွက်ကြောင့်င်။ ထို့အပြင် အန္တရာယ်ရှိသည့်လူတစ်ယောက်အား ရန်သူအဖြစ်ရှိနေခြင်းသည် သူ့အတွက်နှင့် ချမ်းဘော့ဒ်တိုင်းပြည်အတွက်ပါ ဆိုး၀ါးသည့်အခြေအနေတစ်ခုဖြစ်ပေါ်လာနိုင်သည့်အတွက်ကြောင့်ပင်။

သို့သော် ဖှေး၏ဆုံးဖြတ်ချက်ကြောင့် ပတ်၀န်းကျင်တွင်ရှိနေသည့်လူများထိတ်လန့်သွား၏။

ချမ်းဘော့ဒ်ဘုရင်ထံတွင်ထူးခြားသည့် စွမ်းအားများနှင့် ကြီးမားသည့် အလားလာများရှိနေသော်လည်း သူသည် လက်ရှိအခြေအနေတွင် ထိပ်ပြောင်နှင့်တိုက်ခိုက်နိုင်ဦးမည်မဟုတ်ပေ။ ထိုလူ၏စွမ်းအားသည့် အလယ်လတ်လခြမ်းအဆင့်တွင်ရှိနေ၏။ ချမ်းဘော့ဒ်တိုင်းပြည်ထက်အဆင့်တစ်ခုပိုမြင့်နေသည်။ ထိုကဲ့သို့သောစွမ်းအင်ကွာခြားချက်ကို လျစ်လျူရှု၍မရပေ။ “ချမ်းဘော့ဒ်ဘုရင်က ဘာလို့ ဒီလောက်ယုံကြည်ချက်ရှိနေရတာလဲ။ သူက ဒီကတုံးလူသန်ကြီးကို သတ်မယ်လို့ ပြောရဲတာပဲ...” လူများတွေးလိုက်မိကြသည်။

“ဟားဟားဟား ဘာပြောတယ် မင်းကင့ါကို သတ်မယ်ဟုတ်လား။ ဟားဟားဟား...”

ကတုံးသည် ရိုလာကိုစတာစီးနေရသကဲ့သို့ ခံစားချက်ကို ခံစားနေရ၏။ သူ၏ဒေါသည် ထိတ်လန့်အံ့သြခြင်းသို့ပြောင်းလဲသွားပြီး စတင်ကာ ရယ်မောလိုက်တော့သည်။ သူသည်အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသည့်အတိုင်းပင် မျက်ရည်များပင်ထွက်လာ၏။ “ဟားဟားဟား ကောင်းတယ် အတော်ကောင်းတာပဲ။ ဒါ င့ါဘ၀မှာ ပထမဆုံးမိုက်မဲတဲ့အရာကို ကြားဖူးတာပဲ။ ဟားဟား မင်းတို့ရဲ့အမှိုက်သရိုက်ကောင် ခါဆစ်တောင် ငါ့ကိုအဲ့လိုပြောရဲမှာမဟုတ်ဘူး။ ဟားဟား ငါမင်းကို အခွင့်ရေးပေးလိုက်မယ်။ အိုက်ဟိုဗင်အင်ပါယာအရှင်ခင်က မင်းလာသတ်တဲ့နေ့ကို စောင့်နေပါ့မယ် ဟားဟားဟား....”

ထိုကတုံးသည် သူ၏သရုပ်မှန်ကို ထုတ်ပြောလိုက်၏။

“ဒီကတုံးက အိုက်ဟိုဗင်အင်ပါယာအရှင်သခင်လား...အံ့သြစရာပဲ...” နေရာတစ်၀ိုက်တွင်ရှိနေသည့်လူများအားလုံး ဤစကားကိုကြားလိုက်ရသည့်အတွက်ကြောင့် အံ့သြကုန်ကြသည်။

အိုက်ဟိုဗင်အင်ပါယာ၏ အရှင်သခင် ခရွန်ကန့်ပ်သည် ကြီးမြတ်သည့် ကျင့်ကြံသူတစ်ယောက်ဟုနာမည်ကြီးသော်လည်း သူ၏ ကြမ်းတမ်းရက်စက်သည့်အမူအကျင့်ကြောင့် အိုက်ဟိုဗင်အင်ပါယာအတွင်းမှလူများကြောက်လန့်ကြရသည်ဟုဆို၏။ သူ၏အင်ပါယာထဲတွင် မည်သူမှသူ၏မကောင်းကြောင်းကို ပြောရဲကြခြင်းမရှိပေ။ ထိုသို့ပြောပါက ပြောသူ၏ လျှာကို ဖြတ်ကာ ကွပ်မျက်သည့်အတွက်ကြောင့်ပင်။ အိုက်ဟိုဗင်အင်ပါယာထဲတွင် ခရွန်ကန့်ပ်သည် ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်အနေဖြင့် နာမည်ကြီး၏။ သို့သော် ထိုလူသည်ငယ်ရွယ်စဥ်က အရည်ခြင်းရှိသည့် ကျင့်ကြံသူတစ်ယောက်ဟုလည်း ဆိုကြ၏။ သို့သော် သူ့အား ဇီးနစ်အင်ပါယာအရှင်သခင် ယရှင်းမှ အနိုင်ယူခဲ့သည်။ ထို့ကြောင့် သူ၏စိတ်နေစိတ်ထားသည်လည်း ပြောင်းလဲသွားပြီး ဇီးနစ်အင်ပါယာမှ လူများကို မုန်းတီးလာတော့သည်။ သူသည် အိုက်ဟိုဗင်အင်ပါယာမှ လူတစ်သောင်းကျော်ခန့်ကိုပင် ဇီးနစ်သွေးများစီးဆင်းနေသည်ဟူသည့် စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခဲ့ဖူး၏။

ထို့ကြောင့် သူ၏သရုပ်မှန်ကို ဖော်ပြလိုက်သည့်အချိန်တွင် မည်သည့်အတွက်ကြောင့်ချမ်းဘော့ဒ်ဘုရင်အား မုန်းတီးနေသည်မှာ ပေါ်လွင်လာ၏။

အချိန်အများစုတွင် ခရွန်ကန့်သည် ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်သူတစ်ယောက်ပင်။

ထို့ကြောင့် သူသည် လျို့၀ှက်စွာပင် တစ္ဆေသက်တော်စောင့် နှစ်ဦးတည်ဖြင့် ဒဏာရီလာနန်းတော်ထဲသို့ ၀င်ရောက်လာခဲ့သည်မှာ ထူးဆန်းလှသည်။

“ထူးခြားတဲ့အရာတစ်ခုများဖြစ်တော့မှာ မို့လို့လား။ အဲ့တာကြောင့် အိုက်ဟိုဗင်အင်ပါယာအရှင်သခင်ရော၊ ဂျက်အင်ပါယာရဲ့ တော်၀င်သိုင်းဆရာရော ဒီကိုရောက်လာကြတာလား...” တစ်ချို့လူများသည် ထူးခြားချက်ကို ရိပ်မိနေပြီးဖြစ်။

“အိုက်ဟိုဗင်အင်ပါယာအရှင်သခင်ဟုတ်လား။ ဒီနေ့ခင်ဗျးလုပ်ခဲ့တဲ့အရာအတွက် ခင်ဗျားတစ်နေ့ကျရင်ပြန်ပြီးတော့ ပေးဆပ်ရလိမ့်မယ်...” ဖှေးပြောလိုက်သည်။ “ခင်ဗျားပြောခဲ့တဲ့အရာက အနာဂတ်မှာ ပဍိပတ်ခတွေဖြစ်ပွားစေလိမ့်မယ်။ ချမ်းဘော့ဒ်တိုင်းပြည်က မြင်းစစ်သည်တွေ အိုက်ဟိုဗင်အင်ပါယာမြို့တော်ကို ၀င်သိမ်းတဲ့အချိန်ကျရင် ခင်ဗျားဒီလို ရယ်နိုင်ပါဦးမလား...”

All Chapters