← Chapters

အခန်း (၅၉၆)

Vol. 38 Ch. 596

အခန်း (၅၉၆)

Vol. 38 Ch. 596

“မင်း...” နောက်ဆုံးတွင် ကတုံးသည် ဖှေးစကားကြောင့် ဒေါသဖြစ်သွား၏။ သူသည် ဤဘုရင်အား သတ်ဖြတ်လိုစိတ်ပေါက်လာတော့သည်။

“ပါးစပ်ပိတ်ကြစမ်းကွာ။ မင်းတို့ကောင်တွေ အချိန်ဖြုန်းတာတော်တော်များနေပြီ။ မင်းတို့တွေ လယ်ဗယ်၃၆ဒေသကို ရောက်ချင်တယ်ဆိုရင် ဓာတ်ဂိတ်တံခါးတွေကိုအသက်သွင်းကြတော့။ မင်းတို့ စာရင်းရှင်းစရာရှိတယ်ဆိုရင်လဲ ဟိုရောက်မှရှင်း...”

တိတ်ဆိတ်နေခဲ့သည့် လျို့၀ှက်သောအဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် သူ၏မျက်လုံးများကိုဖွင့်ကာ ပြောလိုက်၏။ သူ၏အစိမ်းရောင်မျက်လုံးများထဲတွင် အန္တရာယ်ရှိသည့်အရိပ်ယောင်များရှိနေပြီး စွမ်းအားကြီးမားသည့် အင်ပါယာအရှင်သခင် ခရွန်ကန့်ပင် ထိုမျက်လုံးများကိုမြင်သည့်အချိန်တွင် အနည်းငယ်ထိတ်လန့်သွားမိ၏။

“ဒွီ...”

ထိုလျို့၀ှက်သည့်မှော်ဆရာပြောပြီးသည့်အချိန်တွင် သူသည် ပတ်၀န်းကျင်သို့ အေးစက်စွာဖြည့်လှည့်ပတ်ကြည့်လိုက်ပြီး သူ၏ လက်ဖ၀ါးကို လေးမီတာခန့်မြင့်မားသည့် ဓာတ်ဂိတ်တံခါးပေါ်တွင်တင်လိုက်၏။ သူ၏စွမ်းအင်များကို ထိုထဲသို့သွင်းလိုက်သည့်အချိန်တွင် အသက်၀ိဉာဥ်ကင်းမဲ့သည့် အဆောက်ဦးသည် ရုတ်တရက်ပြောင်းလဲလာတော့၏။ ထိုအဆောက်ဦးပေါ်တွင်ရှိနေသည့် မှော်သင်္ကေတများသည် တောက်ပလာပြီး အဆောက်ဦးတစ်ခုလုံးလင်းထိန်လာတော့သည်။

“ဒွီ...”

“ဒွီ...”

နတ်စင်ပေါ်တွင်ရှိသည့် တစ်ခြားသိုင်းဆရာများသည်လည်း သူတို့၏ စွမ်းအင်များကို ဓာတ်ဂိတ်တံခါးများအတွင်းသို့ စီး၀င်စေလိုက်သည်။ ညင်သာသည့် တုန်ခါသံများထွက်ပေါ်လာတော့၏။ ဂိတ်တံခါးများသည် တစ်ခုပြီးတစ်ခုအသက်၀င်လာပြီး ထူးဆန်းသည့်စွမ်းအင်အရှိန်၀ါများ တောက်ပလာတော့သည်။

“...” အိုက်ဟိုဗင်အင်ပါယာအရှင်သခင်မှ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်များကို ဓာတ်ဂိတ်တံခါးပေါ်သို့ တင်လိုက်၏။ သို့သော် သူသည် ဖှေးအားရက်စက်ကြမ်းကြုတ်စွာဖြင့် စိုက်ကြည့်နေဆဲပင်။

မျက်နှာပေါ်တွင်ထီမမြင်သည့်အပြုံးတစ်ခုဖြင့် ဖှေး သူ၏ပခုံးများကို တွန့်လိုက်ပြီး မှောင်စွမ်းအင်တစ်ချို့ကို နတ်စင်၏ အနောက်မြောက်ဘက်တွင်ရှိသည့် ဓာတ်ဂိတ်တံခါးထဲသို့ စီး၀င်စေလိုက်သည်။

လူရိုင်းမျိုးနွယ်များသည် အနီးကပ်တိုက်ခိုက်ခြင်းနှင့် ကြောက်မက်ဖွယ်ခွန်အားတို့နှင့် လူသိများပြီး မှော်စွမ်းအင်နှင့် မသက်ဆိုင်သော်လည်း လူရိုင်းမျိုးနွယ်သိုင်းကွက်များစွာသည် အသုံးပြုရန်အတါက် မန်နာတစ်ချို့လိုအပ်၏။

ယခုအချိန်တွင် ဖှေးရရှိခဲ့သည့် ဂုဏ်သတ္တိဆိုင်ရာအမှတ်များကို ခွန်အားမြှင့်တင်ရန်သာ အသုံးချခဲ့သည့်အတွက်ကြောင့် သူ့ထံတွင် မန်နာများစွာမရှိပေ။ သို့သော် ဓာတ်ဂိတ်တံခါးတစ်ခုအားအသက်သွင်းရန်အတွက်လုံလောက်၏။

မကြာမှီတွင် နတ်စင်ပေါ်တွင်ရှိနေသည့် ဂိတ်တံခါး ရှစ်ခုလုံးမှ အပြာရောင်အလင်းတန်းများထွက်ပေါ်လာတော့သည်။ ထို့နောက်တွင် ထူးခြားသည့် အရာတစ်ခုဖြစ်ပေါ်လာ၏။ နတ်စင်ပေါ်တွင်ရှိနေသည့် ကျောက်ပြားများသည် ကီးဘုတ်နှိပ်နေသကဲ့သို့ စတင်လှုပ်ရှားလာပြီးနတ်စင်သည်လည်း စတင်၍ လည်ပတ်လာတော့သည်။

နတ်စင်သည် ကြိမ်နှုန်းတစ်ခုခုအားရှာဖွေရန်အတွက် ကြိုးစားနေသည့် ရေဒီယိုတစ်ခုကဲ့သို့ ဖှေးခံစားနေရသည်။

ဖြစ်စဥ်တစ်ခုလုံးသည် စက္ကန့်သုံးဆယ်ခန့်ကြာပြီး အပြာရောင်မီးတောက်များသည် ဂိတ်တံခါးရှစ်ခုအတွင်းတွင်ပေါ်လာတော့၏။

ထိုဂိတ်တံခါးထဲတွင်ရပ်နေသည့်လူများ၏ ပုံရိပ်များသည်လည်း ၀ေ၀ါးလာ၏။ ဤသည်မှာ တယ်လီပေါ့တ်ပြုလုပ်ခြင်း၏ လက်ခနာတစ်ခုပင်။

“အား သေစမ်း မတတ်နိုင်ဘူး ရင်းရမှာပဲ...” နတ်စင်အောက်မှ တစ်စုံတစ်ယောက်သည် ရုတ်တရက်အော်ဟစ်လိုက်သည်။ သူသည် နတ်စင်ပေါ်သို့ ပြေးသွားပြီး လယ်ဗယ်၃၆ဒေသသို့၀င်ရောက်လိုနေ၏။ ကံမကောင်းစွာပင် နတ်စင်ပေါ်သို့ မရောက်နိုင်သေးခင်မှာပင် မမြင်နိုင်သည့်စွမ်းအင်တစ်ခုကြောင့် သွေးမြူများအဖြစ်သို့ပြောင်းလဲသွား၏။

ဤမြင်ကွင်းကြောင့် တစ်ခြား ထိုသို့ ကြံစည်နေကြသည့် သိုင်းဆရာများကိုလည်းမျှော်လင့်ချက်မဲ့သွားစေသည်။

နောက်အခိုက်တန့်တွင် အပြာရောင်အလင်းတန်းများသည် ရုတ်တရက်တောက်ပလာပြီး အရာအားလုံးသည် ကစဥ့်ကလျားဆန်လာတော့၏။ ထို့နောက်တွင် ဓာတ်ဂိတ်တံခါးများထဲတွင်ရပ်နေကြသည့် သိုင်းဆရာများအားလုံး ပျောက်ကွယ်သွားတော့၏။

ခနကြာသည့်အချိန်တွင် ကျန်ရှိနေသည့်လူမျး ပြန်ကုန်ကြတော့၏။

တစ်ချို့လူများသည် ဒဏာရီလာနန်းတော်မှ ပြန်လိုခြင်းမရှိကြသေးပေ။ ထို့ကြောင့် တစ်ခြားဒေသများသိုသွားကာ ရတနာများရှာဖွေနေကြတော့၏။ သူတို့ကံကောင်းပါက အရင်လူများမတွေ့ခဲ့သည့်ရတနာများကို ရှာတွေ့နိုင်သေးသည်။ အဆိုးဆုံးအနေဖြင့် သူတို့သည် စိန်ခေါ်မှုရှိသည့် မှော်ထောင်ချောက်များကိုပင် ရှာတွေ့နိုင်ပြီး သူတို့အဆင်တက်နိုင်သေး၏။

“သွားကြစို့...” နှင်းတောင်သိုင်းဆရာမှ သက်ပြင်းချလိုက်သည်။ ကြောက်လန့်တကြားတုန်ခါနေသည့် သူ၏တပည့်တိုနီအားကြည့်လိုက်ပြီး အံ့သြဖွယ်ကောင်းစွာပင် တိုနီအားအပြစ်ပေးခြင်းမရှိပေ။ ထို့အပြင် သူ့အား သစ္စာဖောက်ခဲ့သည့် ထိုလူငယ်ကို ဂရုစိုက်သေးပုံရ၏။

တိုနီကိုယ်တိုင်ပင် ထိတ်လန့်အံ့သြသွား၏၊။

“ဆရာက င့ါကို အပြစ်မပေးဘူးလား...”

သူသည် ရှုပ်ထွေးနေဆဲဖြစ်သော်လည်း ကြောက်လန့်ခြင်းမရှိတော့ပေ။ သူသည် မလိုအပ်ပဲ သိုင်းဆရာများစွာကို ရန်စခဲ့မိသည်။ ဤနေရာမှ သိုင်းဆရာတစ်ချို့သည်လည်း သူ့အားမကျေနပ်သည့်ပုံဖြင့် ကြည့်နေကြသည့်အတွက်ကြောင့် နှင်းတောင်သိုင်းဆရာနားတွင်နေမှ လုံခြုံမည်ဖြစ်သည်။ သူ၏ဆရာသည် သူ့အား ခွင့်လွှတ်လိုက်ပုံရသည့်အတွက်ကြောင့် တစ်ယောက်တည်းနေသည်ထက် ဆရာနှင့်နေသည်က ပို၍ လုံခြုံမည်ဟုထင်သောကြောင့်ပင်။

နှင်းတောင်သိုင်းဆရာသည် ဓာတ်ဂိတ်တံခါးများတိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးချမ်းဘော့ဒ်ဘုရင်အား ရှုံးနိမ့်ခဲ့သော်လည်း သူ၏စွမ်းအားကို လျစ်လျူရှု၍ မရပေ။ ထို့အပြင် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ပိုင်ဆိုင်သူ ဖာရင်တန်ကပင် သူ့အားလေးလေးစားစားဆက်ဆံ၏။

ထို့ကြောင့် တိုနီအားသတ်ချင်သည့် သိုင်းဆရာများစွာရှိနေသော်လည်းနှင်းတောင်သိုင်းဆရာရှိနေသောကြောင့် လှုပ်ရှားရဲခြင်းမရှိပေ။ နှင်းတောင်သိုင်းဆရာသည် သူ့အား သစ္စာဖောက်ခဲ့သည့်တိုနီအား သတ်ဖြတ်မည်ဟု သူတို့ထင်နေကြ၏။

“သွားရအောင် နေရာကောင်းတစ်ခုကို ရှာပြီးတော့ ကုသကြတာပေါ့။ ငါတို့စွမ်းအားတွေပုံမှန်ပြန်ဖြစ်လာပြီဆိုရင် ဒဏာရီလာနန်းတော်ကနေထွက်ပြီးတော့ မဟာနှင်းတောင်တန်းကို ချက်ချင်းပြန်မှရမယ်။ မင်းမှတ်ထား ဒီနေ့ကစပြီးတော့ ချမ်းဘော့ဒ်ဘုရင်ကို ရန်မစနဲ့တော့ အဲ့လူက အတော်လေးအန္တရာယ်များလွန်းတယ်။ မင်းသ့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး...”

နှင်းတောင်သိုင်းဆရာသည် အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေပြီး မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်အကာရံတစ်ခုကို ဖန်တီးကာ တိုနီအား ကာကွယ်ပေးလိုက်သည်။

နှင်းတောင်သိုင်းဆရာသည် ရှေ့မှ လမ်းလျှောက်ထွက်သွားပြီး တိုနီသည်လည်းအနောက်မှ လိုက်ပါလာရုံမှလွဲ၍ ဘာမှတတ်နိုင်ခြင်းမရှိပေ။

အကယ်၍ လယ်ဗယ်၃၄ဒေသတွင် သူတစ်ယောက်ထဲနေခဲ့ပါက သေချာပေါက်အသတ်ခံရမည်ဖြစ်သောကြောင့်ပင်။

သို့သော် နှင်းတောင်သိုင်းဆရာပြောသည့်စကားများသည် တိုနီ၏ခေါင်းထဲသို့ မရောက်သည်မှာလည်းထင်ရှားလှသည်။ ပထမဆုံးအနေဖြင့် သူသည် သောင်းနှင့်ချီသောစစ်သည်များ၏အရှေ့တွင် ဖှေး၏ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။ ထို့နောက်တွင် သူ၏ ဓာတ်ဂိတ်တံခါးတစ်ခုကို ပိုင်ဆိုင်ရမည့်အခွင့်ရေးကိုလည်း ဖှေးမှလုယူသွားခဲ့သည်။ ယခုအချိန်တွင် သူသည် ဖှေးအား အလွန်မုန်းတီးနေပြီး ဒီတိုင်းလွှတ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။

တိုနီ၏မျက်လုံးများထဲတွင် မကောင်းသည့်အရိပ်ယောင်များရှိနေပြီး သူသည် ယုတ်မာသည့်အကြံစည်တစ်ခုကို ကြံစည်နေသည်မှာထင်ရှားလှသည်။

သို့သော် သူတို့၏အနောက်လေထဲတွင် လှိုင်းဂယက်များထွက်ပေါ်လာပြီး ချပ်၀တ်အမဲရောင်၀တ်ဆင်ထားသည့် ဆံပင်ရွှေရောင်နှင့်ကောင်မလေးတစ်ယောက်ပေါ်လာသည်ကို သူတို့နှစ်ယောက်လုံးသည် သတိမထားမိလိုက်ကြပေ။ ထိုကောင်လေးသည် တိုနီနှင့် နှင်းတောင်သိုင်းဆရာတို့ ထွက်ခွာသွားသည့်နေရာသို့ကြည့်ကာ ကြောက်မက်ဖွယအပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာ၏။

“သေစမ်း အဲ့အဖိုးကြီးနဲ့ အလတ်ဇန္ဒားက င့ါကို ခေါ်သွားကြဘူး။ သေစမ်း ဒေါသဖြစ်လိုက်တာ...ဟီးဟီး ဒီစောက်ပိန်းနှစ်ကောင်က သူတို့အစွမ်းတွေပြန်ရအောင်လုပ်ဦးမယ်ဆိုတော့ ငါလည်းသောက်စရာအရင်သွားရှာလိုက်ဦးမယ် ဟားဟား...”

မကောင်းဆိုး၀ါးနဂါးသည် ထိုကဲ့သို့ပြောပြီး ပျောက်ကွယ်သွားတော့သည်။

All Chapters