← Chapters

အခန်း (၅၉၇)

Vol. 38 Ch. 597

အခန်း (၅၉၇)

Vol. 38 Ch. 597

လူတိုင်း၏ရှေ့တွင်ရှိနေသည့် မြင်ကွင်းမှာပြောင်းလဲသွား၏။ သူတို့သည် နှစ်ပေါင်းများစွာကြာဖြတ်သန်းလာခဲ့သလိုပင်။

အရာအားလုံးပုံမှန်ပြန်ဖြစ်သွားသည့်အချိန်တွင် ဖှေးအတော်တန်ပင်ထိတ်လန့်အံ့သြသွားမိ၏။

သူ၏အရှေ့တွင်ရှိနေသည်မှာ ထူထပ်သည့်တောအပ်တစ်ခုပင်။ နှင်ပေါင်းများစွာသက်တမ်းရှိသည့် သစ်ပင်မျိုးစုံသည် ကောင်းကင်အား ဖုံးကွယ်ထား၏။ ရှည်လျားသည့်မြက်ပင်ရှည်များသည်လည်း ဤကမ္ဘာထဲတွင်ပြည့်နှက်နေသည်။ ကျေးငှက်အော်သံများနှင့် လက်ဆက်သောလေကို ရှူရိုက်ပြီးသည့်အချိန်တွင် ဖှေးလန်းဆန်းသွား၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များကျယ်ပြန့်သွားသလို ခံစားလိုက်ရပြီး သူသည်နတ်ပြည်သို့ ရောက်ရှိသွားသည့်အတိုင်းပင်။

ဒဏာရီလာနန်းတော်၏ ဗဟိုချက်သည် ဤကဲ့သို့ဖြစ်လိမ့်မည်ဟု ဖှေးမထင်ခဲ့ပေ။ ကောင်းကင်ပေါ်တွင် မမြင်နိုင်သည့်စွမ်းအင်အကာရံလည်းမရှိတော့ပေ။ ရှေးကျသည့်အဆောက်ဦးများကိုလည်းတွေ့မြင်ရခြင်းမရှိတော့ပေ။ ဤနေရာသည် အမှန်တကယ်ပင် တစ်ခြားကမ္ဘာတစ်ခုပင်။ ဤနေရာသည် တစ်ခြားအသက်ကင်းမဲ့နေသည့်နေရာများနှင့် နှိုင်းယှဥ်ကြည့်ပါက အမှန်တကယ်ပင် ကောင်းကင်ဘုံကဲ့သို့ပင်။

အပြင်ကမ္ဘာတွင် ဆောင်းရာသီဖြစ်သော်လည်း ဤနေရာတွင်မူ နွေဦးကဲ့သို့ခံစားနေရသည်။ လေထုသည် စိုစွတ်နေပြီး သစ်ပင်များမှာ စိမ်းလမ်းနေ၏။ ဤသည်မှာ အမှန်တကယ်ပင်တစ်ခြားကမ္ဘာတစ်ခုပင်။ ဖှေးထင်သည်မမှားပါက ရှေးခေတ်ကအလွန်စွမ်းအားမြင့်မားသည့်သိုင်းဆရာများဖန်တီးနိုင်သည့် ကမ္ဘာငယ်တစ်ခုပင်။ ဒိုင်ယာဘလိုကမ္ဘာတွင် ရှေးမျိုးနွယ်များဖန်တီးထားခဲ့သည့် အာကာ၏ တဲအတွင်းမှနေရာကဲ့သို့ပင်။

ဓာတ်ဂိတ်တံခါးများသည်လည်း ဤကမ္ဘာငယ်သို့ ၀င်ရောက်နိုင်သည့် ၀င်ပေါက်များဖြစ်သည့်ပုံပင်။

ဖြစ်ခဲ့သည်များကို ဖှေးခနကြာသည့်အချိန်မှပင်သတိထားလိုက်မိသည်။

သူ၏ဘေးတွင် သူခေါ်ဆောင်လာခဲ့သည့် ကျင့်ကြံသူအဖိုးကြီးလေးယောက်လဲရှိနေ၏။ သူတို့လည်း ထိတ်လန့်အံ့သြနေကြသည့်အတွက် ဗဟိုချက်သို့ပထမဆုံးအနေဖြင့် ရောက်ရှိဖူးသည်မှာထင်ရှားလှသည်။

ရုတ်တရက် တစ်ခုခုကိုဖှေးသတိရလိုက်ပြီး ဘေးပတ်၀န်းကျင်သို့ သတိဖြင့် ကြည့်လိုက်သည်။ သို့သော် သူတို့ငါးယောက်အပြင်တစ်ခြားလူများကို တွေ့ရခြင်းမရှိပေ။ ကျန်ရှိသည့် ဂိတ်တံခါး ၇ခုမှ၀င်ရောက်ခဲ့ကြသည့်လူများကို ဘေးပတ်ပတ်လည်တွင်မြင်တွေ့ရခြင်းမရှိပေ။ ဖှေးသည် သူ၏၀ိဉာဥ်စွမ်းအားကို အသုံးပြုကာ အချင်း၀က်၁ကီလိုမီတာခန့်ကိုရှာဖွေကြည့်သော်လည်း ထိုလူများကိုအာရုံခံနိုင်ခြင်းမရှိပေ။

“ဒီလယ်ဗယ်၃၆ဒေသကအတော်လေးကျယ်တယ်ထင်တယ်။ ဂိတ်တံခါးရှစ်ခုက ဒီဒေသထဲက မတူညီတဲ့နေရာရှစ်ခုကို ခေါ်သွားတာပဲဖြစ်ရမယ်။ အဲ့တာကြောင့် ဟေဇယ်-ဘန့်ခ်နဲ့ ကျန်တဲ့သိုင်းဆရာတွေက မတူညီနဲ့နေရာတွေကို ရောက်ကုန်ကြတာပဲ...” ဖှေးတွေးလိုက်မိသည်။

သို့သော် သူတို့သည် တူညီသည့် နေရာတွင်သာရှိနေသည့်အတွက်ကြောင့် တစ်ချိန်ချိန်တွင်ပြန်ဆုံမိကြမည်ဖြစ်သည်။ ထို့ကြောင့် ဖှေးစိုးရိမ်ခြင်းမရှိပေ။

“အား ဘုရားရေ ဒါဘာတွေလဲ နဂါးမီးမြက်ပင်တွေလား။ ငါအမြင်များမှားနေတာလား။ ဒါက နဂါးမီးမြက်ပင်တွေပဲဟ အများကြီးပဲ...” ဘေး၏ဘေးတွင်ရှိနေသည့် သိုင်းဆရာအဖိုးကြီးတစ်ယောက်သည် အံ့သြစွာဖြင့်အော်ဟစ်လိုက်၏။ သူသည် မယုံနိုင်စရာကောင်းသည့်အရာတစ်ခုကို မြင်လိုက်သကဲ့သို့ သူ၏မျက်လုံးများသည် မျက်ခွံအတွင်းမှ ကျွတ်ထွက်လုနီးနီးပင်။

ဖှေးသည် ထိုသိုင်းဆရာကြည့်နေသည့်နေရာသို့ ကြည့်လိုက်ရာ သူသည်လည်း ထိတ်လန့်အံ့သြသွားရ၏။

သူတို့သည် မြင့်မားသည့်ကမူတစ်ခုပေါ်တွင်ရပ်နေခြင်းဖြစ်ပြီး တစ်ခြားကမူတစ်ခုပေါ်တွင် အနီရောင်မှိုကဲ့သို့သောမြက်ပင်များကိုတွ့နေရ၏။ ထိုမြက်ပင်များသည်လေနှင့်အတူ ယိမ်းလျှက်ရှိနေပြီး လေထုထဲသို့အနီရောင်မြူခိုးတစ်ချို့ကိုလည်း ထုတ်လွှတ်နေလျှက်ရှိသည်။ ထိုမြက်ပင်များသည် ကမူအနံ့တွင်ရှိနေကြပြီး သင်းပျံ့သည့်ရနှံ့တစ်ခုကို ထုတ်လွှတ်နေလျှက်ရှိသည်။ ဖှေးကိုယ်တိုင်ပင် မွှေးကြိုင်လှသည့်ရနှံ့ကြောင့် မူး၀ေသလိုလိုပင်ခံစားလိုက်မိ၏။

“ဒါတွေက တကယ်ပဲ နဂါးမီးမြက်ပင်တွေပါလား...”

အလွန်များပြားသည့် ပမာနပင်။

ဖှေးသည်လည်း ထိတ်လန့်သွားမိသည်။ ထိုမြက်ပင်များနှင့် ပတ်သက်သည့် ဒဏာရီသည် သူ၏ခေါင်းထဲတွင်ပေါ်လာ၏။ အရင်က မြွေနဂါးနီဟုခေါ်သည့် ထူးခြားသည့် နတ်ဆိုးသားရဲတစ်ကောင်ရှိခဲ့သည်။ သူတို့သည် ထူးခြားသော်လည်း သန်မာသည့်မျို့းပွားနိုင်စွမ်းမရှိပေ။ ယခင်က ထိုကဲ့သို နတ်ဆိုးသားရဲအကောင်တစ်ရာခန့်ရှိနေပြီး ယခုအချိန်တွင်လည်း အသက်ရှင်လျှင်ရှိနေကြဆဲပင်။ သူတို့သည် သက်တမ်းရှည်လျားကာ အသက်ပြင်းသည့် သတ္တ၀ါများပင်။ သူတို့နှင့်ပတ်သက်သည့် ထူးခြားသည့်အရာမှ သူတို့သည် ပင်လယ်သို့ရောက်အောင်ကူးခတ်ကြခြင်းပင်။ သူတို့သည် ပင်လယ်ပြင်သို့ ရောက်ရှိသွားပါက တကယ့်နဂါးအစစ်မှန်များအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်အားလွှမ်းမိုးနိုင်မည်ဖြစ်၏။

ထို့သော် ဤထူးခြားသည့်နတ်ဆိုးသားရဲများသည် အပြင်းကြီးကာ ဇွဲမရှိကြပေ။ ထို့အပြင် တစ်ကိုယ်ကောင်းဆန်ကာ ဒေါသထွက်လွယ်၏။ သူတို့သည် ရှေ့သို့ လည်းဆက်မသွားချင်နောက်သို့ လည်း မပြန်ချင်ဖြစ်နေကြ၏။ သူတို့၏ ဒေါသကို ဖောက်ထုတ်ရန်အတွက် အဆိပ်များ၊ အဆိပ်သင့်အငွေ့များကို မြစ်ကြမ်းပြင်တွင်ရှိသည့် ကျောက်တုံးများပေါ်သို့ ထွေးထုတ်တတ်ကြသည်။ ထိုအဆိပ်များသည် နှစ်ပေါင်းထောင်နှင့်ချီသည့်အချိန်တွင် မှိုနှင့်တူသည့် ဆေးပင်များအဖြစ်ပြောင်းလဲလာကြခြင်းပင်။

ထိုကဲ့သို့သော ဆေးပင်အား နဂါးမီးဆေးပင်ဟုခေါ်ကြ၏။

နဂါးမီးဆေးပင်များပေါ်ပေါက်လာပုံသည် ကြောက်မက်ဖွယ်ဖြစ်သော်လည်း မှော်ဆန်သည့်အာနိသင်များရှိ၏။

ထိုဆေးပင်များသည် အရသာရှိသည်ဟုလည်းနာမည်ကြီးသည်။ ချက်ပြုတ်လိုက်သည့်အချိန်တွင် နတ်ဘုရားများပင် ထိုဆေးပင်အား သွားရေကျလာကြမည်ဖြစ်သည်။ စားသုံးသည့်သိုင်းဆရာများသည်လည်း စွမ်းအားများမြင့်တက်လာကာ ကံကောင်းပါက နဂါးဓာတ်ကိုပါ ရရှိနိုင်၏။ နဂါးမီးမြက်ပင်အား စားသုံးဖူးခဲ့သည့်ကံကောင်းသူများအားလုံးလိုလိုပင် နေအဆင့်သခင်များဖြစ်လာခဲ့ဖူးသည်။

အမှန်ပင် ဤကမ္ဘာပေါ်တွင် ပြည့်စုံသည့်အရာဟူ၍မရှိပေ။ နဂါးမီးမြက်ပင်တွင်လည်း အားနည်းချက်များရှိနေ၏။ ထိုမြက်ပင်များရင့်ကျက်ရန်မှာ အနည်းဆုံးနှစ်ပေါင်း၁၀၀၀ခန့်အချိန်ယဓရမည်ဖြစ်ပြီး နှစ်ပေါင်း၁၀၀၀မရှိသေးသည့် ဆေးပင်များသည် အလွန်ပင်အဆိပ်ပြင်းထန်သည့်အတွက်ပင်။ မသေမျိုးနတ်ဘုရားများပင် ထိုကဲ့သို့ မရင့်မှည့်သေးသည့် ဆေးပင်များကို စားသုံးမိပါက သေဆုံးသွားနိုင်၏။ မြွေနဂါးနီးအဆိပ်များပါ၀င်နေသည့်အတွက်ပင်။

ဖှေးသည် အာကာရာထံမှ ဆေးပင်များအကြောင်းကို လေ့လာမှတ်သားခဲ့ဖူးသောကြောင့် နဂါးမီးမြက်ပင်များအကြောင်းနှင့် ရင်းနှီး၏။ ထို့ကြောင့် လေထဲတွင်ရှိနေသည့် အနီရောင်မြူခိုးများနှင့် သင်းပျံ့သည့်ရနှံ့ကိုရလိုက်ပြီးသည့်အချိန်တွင် မီတာ၁၀၀ခန့်၀ေးသည့် ကမူတစ်ခုပေါ်တွင် ထိုမြက်ပင်များပေါက်နေကြောင်းကို ဖှေးသိလိုက်၏။

“၀ှစ် ၀ှစ် ၀ှစ်...”

သူတို့ငါးယောက်သည် ချက်ချင်းလိုလိုပင် ထိုကမူပေါ်သို့ ပျံသန်းသွား၏။

နဂါးမီးမြက်ပင်များစွာပေါက်နေသည့် ကျောက်တုံးများ၏အရှေ့တွင်ရပ်နေရင်းဖြင့် ဖှေးအပါ၀င်သိုင်းဆရာငါးယောက်တို့သည် ပျော်ရွှင်နေကြ၏။ သို့သော် သူတို့သည် အတွေ့ကြုံရှိသည့်လူများဖြစ်သည့်အတွက်ကြောင့် အတွင်းအားစွမ်းအင်ကို အသုံးပြုပြီး အဆိပ်ရှိသည့်အနီရောင်အခိုးငွေ့များကိုမရှူမိအောင် ကာကွယ်ထားကြ၏။

“အနီရောင်အဆိပ်ငွေ့တွေရယ် ချိုမွှေးတဲ့ရနှံ့ရယ်ကိုကြည့်မယ်ဆိုရင် ဒီဆေးပင်တွေက နှစ်ပေါင်း၉၀၀ပဲသက်တမ်းရှိသေးတယ် မရင့်မှည့်သေးဘူး...” ဖှေးအလွန်စိတ်ပျက်သွား၏။

“အား ကျွန်တော်တို့ ကံမကောင်းဘူးထင်တယ်...”

“သေစမ်း င့ါမှာ နေဖို့အချိန်က ဆယ်နှစ်လောက်ပဲကျန်တော့တာ ဒီဆေးပင်တွေရင့်မှည့်ဖို့က နှစ်ပေါင်း၁၀၀လောက်လိုသေးတာပဲ...”

“ငါတို့တွေ ဒီအခွင့်ရေးကို လက်လွှတ်ခံလို့တော့မဖြစ်ဘူး။ တစ်ခုခုတော့ ရအောင်ယူမှဖြစ်မယ်။ ဒီကောင်တွေက နဂါးမီးမြက်ပင်တွေလေ..” တစ်ချို့သိုင်းဆရာများသည် လက်လွှတ်နိုင်ခြင်းမရှိကြပေ။ သူတို့ထဲမှတစ်ယောက်သည် ဆေးပင်တစ်ပင်အား အောက်ကမြေကြီးများဖြင့် ပါအောင်ဆွဲနုတ်လိုက်သည်။ ထို့နောက်တွင် သူ၏ ထားသိုရာအကန့်ထဲသို့ ထည့်လိုက်၏။ သူသည် ဆက်လက်စိုက်ပျိုးထားမည်ဖြစ်ပြီး သူအသုံးပြုနိုင်မည်မဟုတ်သော်လည်း သူ၏ မျိုးဆက်များအသုံးပြုနိုင်စေရန်ဖြစ်သည်။

သူ၏အကြံကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည့် တစ်ခြားအဖိုးကြီးသုံးယောက်လည်း စိတ်အားထက်သန်သွားကြသည်။ သူတို့သည်လည်း မြေကြီးများနှင့်အတူ နဂါးမီးမြက်ပင်တစ်ချို့ကို နုတ်ယူကာ ထားသိုရာအကန့်အတွင်းသို့ ထည့်ထားလိုက်ကြ၏။

သို့သော် ထိုအဖိုးကြီးလေးယောက်သည် လောဘတက်ခြင်းမရှိကြပေ။ ပထမဆုံးအနေဖြင့် သူတို့သည် အလွန်အကျွံနုတ်ယူလိုက်ပါက ဤနေရာတစ်ခုလုံးပျက်ဆီးသွားနိုင်ပြီး အနာဂတ်တွင်ရှိလာနိုင်သည့် သူတို့၏အခွင့်ရေးများပျက်ဆီးသွားမည်ကို စိုးရိမ်သည့်အတွက်ပင်။ ဒုတိယအချက်အနေဖြင့် သူတို့သည် ဖှေးကျေးဇူးကြောင့်သာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သောကြောင့် ရတနာအများစုကို ဖှေးသာပိုင်ဆိုင်သင့်သည်ဟု သူတိုယူဆသည့်အတွက်ပင်။

ဖှေးခနတာစဥ်းစားကြည့်လိုက်ပြီး သူ၏ခေါင်းကိုသာ ခါရမ်းလိုက်ကာ မည်သည့်အပင်ကိုမှနုတ်ယူခြင်းမရှိပေ။

“အရှင်မင်းကြီး တစ်ပင်နှစ်ပင်လောက်ယူထားပါ့လား...” အဖြူရောင်ဆံပင်နှင့်အဖိုးကြီးမှ အကြံပြုလိုက်၏။

“ငါဒီဆေးပင်တွေကို ဒီမှာပဲထားထားလိုက်ပါ့မယ်။ အနာဂတ်မှာရင့်မှည့်လာခဲ့ရင်လည်း ငါလာယူလို့ရသေးတယ်လေ...” ဖှေးပြောလိုက်၏။ သူသည် လက်ရှိတွင် အသက်၁၈နှစ်ဖြစ်ပြီး လအဆင့်စစ်သည်တစ်ယောက်ပင်ဖြစ်နေပြီးဖြစ်သည်။ ထို့ကြောင့် သူသည်သက်တမ်းနှစ်၃၀၀ကျော်နေထိုင်နိုင်မည်ဖြစ်ပြီး နေအဆင့်သခင်တစ်ယောက်ဖြစ်သွားပါက သက်တမ်း၆၀၀အထိပင်ရှင်သန်နိုင်မည်ဖြစ်၏။ ထို့ကြောင့် သူသည် ဤနဂါးမီးမြက်ပင်များကို ရိတ်သိမ်းနိုင်ရန်အတွက် အချိန်များစွာရှိသေး၏။

ကျန်ရှိနေသည့် သိုင်းဆရာအဖိုးကြီးလေးယောက်သည်လည်း သဘောပေါက်လိုက်ကြ၏။ ဖှေးသည်အလွန်စွမ်းအားမြင့်မားလှသည့်အတွက် လူငယ်တစ်ယောက်သာဖြစ်သေးသည်ဆိုသည်ကို သူတို့မေ့နေကြသည့်ပုံပင်။ သူတို့အားလုံးဖှေးကိုပင်အားကျလိုက်မိကြ၏။

မရင့်မှည့်သေးသည့် နဂါးမီးမြက်ပင် တစ်ချို့အား ယူပြီးသည့်နောက်တွင် သူတို့ငါးယောက်သည် တောအုပ်အတွင်းသို့ ဆက်လျှောက်လာကြ၏။

လယ်ဗယ်၃၆ဒေသတွင် အန္တရာယ်တစ်စုံတစ်ရာမရှိပဲ ကျင့်ကြံသူများအတွက်ကောင်းကင်ဘုံတစ်ခုလိုပင်။ ဖှေးထိုနေရာသို့ရောက်ပြီးသည့်အချိန်တွင် ထိုစကားများမှန်ကန်ကြောင်းကိုသိလိုက်ရသည်။ ဤကမ္ဘာတွင်ဖိအားများမရှိပဲ ဖှေးနှင့် ကျန်ရှိနေသည့် သိုင်းဆရာလေးယောက်တို့သည် ကောင်းကင်ပေါ်တွင် လွတ်လွတ်လပ်လပ်ပျံသန်းနိုင်၏။

မိနှစ်၃၀အတွင်းမှာပင် ဖှေးနှင့် သိုင်းဆရာအဖိုးကြီးများသည် ထပ်ခါထပ်ခါအံ့သြနေရ၏။

သူတို့သည် အာနိသင်အမျိုးမျိုးရှိသည့် ရှားပါးဆေးပင်များ၊ ဆေးမြစ်များကို လမ်းတစ်လျှောက်တွင်တွေ့ခဲ့ရသည့်အတွက်ပင်။ တူညီသည့်အရာတစ်ခုမှာ ထိုအပင်များအားလုံးသည် အပြင်ကမ္ဘာတွင်အလွန်တန်ဖိုးကြီးသည့်အရာများပင်။ နဂါးမီးမြက်ပင်များထက်မနိမ့်ကျပဲ ရင့်မှည့်ပြီးဖြစ်နေသည့် ဆေးပင်များကိုလည်းတွေ့ခဲ့ရ။ သူတို့ငါးယောက်လုံးသည် အလွန်ပျော်ရွှင်သွားခဲ့ပြီး ထားသိုရာအကန့်များကို ဖြည့်နေလျှက်ရှိသည်။ သူတို့သည် အိမ်မက်မက်နေသကဲ့သို့ပင်။

သက်တမ်းသိပ်မကျန်တော့သည့် အဖိုးကြီးသည် ငွေဆေးပင်တစ်ပင်ကို ရရှိလိုက်သည်။ ထိုနတ်ဘုရားအဆင့်ဆေးပင်သည် စားသုံးသူအား ချက်ချင်း သက်တမ်းငါးဆယ်တိုးပေးနိုင်၏။ ထိုသိုင်းဆရာသည် ပျော်ရွှင်လွန်းသည့်အတွက် မျက်ရည်ပါ ကျလိုက်မိသည်။ သူသည် ကျင့်ကြံနိုင်ရန်အတွက် နှစ်ငါးဆယ်အချိန်ပိုရသွားပြီဖြစ်သောကြောင့် သူသည် ဆင့်တက်သာ ပို၍ပင်သက်တမ်းမြင့်မားလာနိုင်၏။

ဖှေးနှင့် ကျန်ရှိနေသည့်သိုင်းဆရာများသည်လည်း ပစ္စည်းများစွာရရှိလိုက်၏။

ဤနေရာတွင် အချိန်တစ်ချို့ဖြုန်းတီးပြီးသည့်နောက်တွင် အပြင်ကမ္ဘာနှင့်ယှဥ်ပါက ဤနေရာသည် လုံး၀ပင်ကွဲပြားခြားနားနေသည်ကို သတိထားလိုက်မိသည်။ စွမ်းအားမျိုးစုံသည် လေထဲတွင် စီးဆင်းနေကာ လေထုသည်လည်း အေးခြမ်းငြိမ်သက်နေလျှက်ရှိသည်။ ဤနေရာတွင်ရှိနေသည့် စွမ်းအင်များသည်သန့်စင်သည့်အတွက်ကြောင့် သိုင်းဆရာများဤနေရာတွင်ကျင့်ကြံပါက အဆင့်တက်ရန်အတွက် ပို၍မြန်ဆန်မည်ဖြစ်သည်။

“ဒီနေရာမှာ ရတနာပစ္စည်းတွေလည်းအများကြီးရှိတယ်။ ကျင့်ကြံဖို့အတွက်လည်းအကောင်းဆုံးနေရာပဲ။ လူတွေအများကြီးက ဓာတ်ဂိတ်တံခါးတစ်ခုကို လိုချင်နေတယ်ဆိုတာ အံ့သြစရာမရှိပါဘူး...”

သို့သော် ဖှေးသည် ရတနာများ၏ စွဲဆောင်မှုအောက်မှ နိုးထလာ၏။

“မိတ်ဆွေတို့ ကျွန်တော်အရေးကြီးလုပ်စရာတစ်ခုရှိသေးတယ်။ အဲ့တာကြောင့် ကျွန်တော်တစ်ယောက်တည်းဆက်သွားရတော့မယ်...ဒီနေရာမှာတင်လမ်းခွဲလိုက်ကြတာပေါ့...” ဖှေးသူ၏လက်ကို၀ှေ့ရမ်းကာ သိုင်းဆရာအဖိုးကြှီးလေးယောက်ကို နှုတ်ဆက်လိုက်၏။ သူသည် နတ်စင်အား လိုက်ရှာရဦးမည်ဖြစ်သောကြောင့်ပင်။

ဤအဖိုးကြီးလေးယောက်တို့သည် သူနှင့်အတူဆက်ရှိနေလိုသော်လည်း သူတို့အတွက်ကြောင့် ဖှေးအားအနှောင့်ယှက်ဖြစ်စေလိုခြင်းမရှိပေ။ ရန်ကဲဟုအမည်ရသည့် အဖိုးကြီးတစ်ယောက်သည် ခနတာခန့်စဥ်စားပြီး ဖှေးအားသတိပေးလိုက်၏။ “အရှင်မင်းကြီး ဂရုစိုက်ဦးနော်။ အင်ပါယာအရှင်သခင် ခရွန်ကန့်က ဒီတိုင်းတော့လွှတ်ပေးလိုက်မှာမဟုတ်ဘူးထင်တယ်။ သူကအရှင့်ကို ဒီနေရာမှာ သတ်ဖို့ ကြိုးစားလာနိုင်တယ်...”

“အမ် ကျွန်တော်သိပါတယ်။ ဂရုစိုက်ပါ့မယ်။ အဖိုးတို့လည်း ဂရုစိုက်ကြပါ။ သူကလည်း ခင်ဗျားတို့ကို ရန်ရှာလာနိုင်တယ်။ ခင်ဗျားတို့ အပြင်ပိုင်းမှာပဲနေပြီးတော့ ကျင့်ကြံနေကြတာအကောင်းဆုံးဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့က ဒီနေရာမှာ ရက်ပေါင်း၃၀လောက်ပဲနေနိုင်မှာဆိုတော့လေ...”

သူထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ကြီးမားသည့် ဓားသွားစွမ်းအင်အတောင်ပံနှစ်လက်သည် ဖှေး၏ကြောပေါ်တွင်ထွက်ပေါ်လာကာ ဥက္ကာပျံခဲတစ်ခုကဲ့သို့ပင် ပျံသန်းသွားတော့၏။

“ဒီလူငယ်က ထင်သလောက်မရိုးရှင်းဘူး။ အိုက်ဟိုဗင်အင်ပါယာအရှင်သခင်က တစ်ဘ၀လုံး မာနထောင်လွှားလာခဲ့တာ ဒီတစ်ကြိမ်မှာတော့ ရှုံးနိမ့်တော့မယ်ထင်တယ်...” ရန်ကဲသည် ဖှေးပျံသန်းသွားသည့် အရပ်သို့ကြည့်ကာ တွေးလိုက်မိ၏။

All Chapters