“အံ့သြဖွယ် ကောင်းကင်နန်းတော်”
Vol. 38 Ch. 598
“ဒီလူငယ်က ခန့်မှန်းရခက်တယ်။ သူ့ရဲ့ စွမ်းအားတွေကလည်း ကြောက်မက်ဖွယ်ပဲ။ သူနဲ့ ငါတို့က မိတ်ဆွေဖြစ်နေတာ ကံကောင်းတယ်လို့ ဆိုရမယ်။ ငါတို့အပြင်ရောက်ရင်လည်း ချမ်းဘော့ဒ်တိုင်းပြည်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရအောင်လုပ်သင့်တယ်။ ချမ်းဘော့ဒ်ဘုရင်က တစ်နေ့ကျရင် တိုက်တစ်ခုလုံးကို တုန်လှုပ်စေမယ့်လူလို့ ငါခံစားမိနေတယ်...” နောက်ထပ် သိုင်းဆရာအဖိုးကြီးတစ်ယောက်သည်လည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ ပြောတာမှန်တယ်။ ငါတို့တွေ ဆေးပင်တွေလည်း လုံလုံလောက်လောက်စုဆောင်းပြီးသွားပြီဆိုတော့ နေရာကောင်းတစ်နေရာရှာပြီးတော့ ကျင့်ကြံကြတာပေါ့။ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက်စောင့်ရှောက်ရင်းနဲ့ ဒီမှာတင် အဆင့်တက်အောင်လုပ်သင့်တယ်။ ဆေးပင်တွေနဲ့ တစ်ခြားပြင်ပအရာတွေကို မှီခိုနေတာက ရေရှည်အတွက်ကောင်းမွန်တဲ့အရာမဟုတ်ဘူး...” နောက်ထပ်သိုင်းဆရာတစ်ယောက်မှ အကြံပြုလိုက်သည်။
“ကောင်းလိုက်တဲ့အကြံပဲ...” သူတို့သည် တစ်ယောက်နင့်တစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြသည်။ သူတို့သည် အပြင်ကမ္ဘာတွင်တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးခဲ့ခြင်းမရှိသော်လည်း ဖှေးနှင့်အတူ ဓာတ်ဂိတ်တံခါးအတွင်းသို့ လိုက်ပါလာခဲ့ပြီးသည့်နောက်တွင် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကျွမ်း၀င်မိသွား၏။ သူတို့သည် အသက်ကြီးနေပြီဖြစ်သောကြောင့် သူတို့၏ အကန့်သက်များနှင့်လည်းနီးကပ်လာနေပြီဖြစ်သည်။ ကံကြမ္မာတူညီသည့်အတွက်ကြောင့် ရင်းနှီးသည်မှာ မကြာသေးသော်လည်း သူတို့အားလုံးတစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသိကျွမ်းလာကြတော့၏။ ထို့ကြောင့် သူတို့လေးယောက်သည် တောင်တစ်လုံးပေါ်တွင်ရှိသည့် သဘာ၀ကျောက်ဂူတစ်ခုကို ရှာတွေ့သွားကာ ထိုအထဲတွင် စတင်၍ ကျင့်ကြံကြတော့သည်။
......
ကြောပေါ်တွင် ဓားသွားစွမ်းအင်အတောင်ပံတစ်စုံဖြင့် ဖှေးသည် လေပေါ်တွင် အမြင့်၁၀၀၀ခန့်ရှေ့သို့ လျှင်မြန်စွာပျံသန်းနေ၏။ သူလိုက်ရှာနေသည့် နတ်စင်သည် မီတာ၁၀၀၀ကျော်အမြင့်ရှိပြီး စွမ်းအားမြင့်မားကာ ခမ်းနားထည်၀ါ၏၊။ ထို့ကြောင့် ရှာဖွေရသည်မှာ ခက်ခဲမည်မဟုတ်ပေ။ ကောင်းကင်ပေါ်မှ လိုက်ရှာကြသည့်သည်မှာ အကောင်းဆုံးအကြံတစ်ခုပင်။
ဤကမ္ဘာငယ်သည် အလွန်ပင် ကျယ်ပြန့်လှသည်။
ဖှေးသည် ကီလိုမီတာ၅၀ခန့်ပျံသန်းလာကာ တောင်တန်းများ၊ သစ်သောများနှင့် ရေတံခွန်များစွာတို့ကို မြင်တွေ့ခဲ့ရသည်။ ဤနေရာသည် အမှန်တကယ်ပင် လှပ၏။ သို့သော် ဖှေးသည် စွမ်းအားမြင့်နတ်ဆိုးသားရဲများထံမှ စွမ်းအင်အရှိန်၀ါများကိုလည်းအာရုံခံမိနေသည်။ အနားသို့ကပ်မိသည့်အချိန်တွင် ဖှေးကိုယ်တိုင်ပင် ကြက်သီးထမိ၏။
သို့သော် သူသည် နတ်စင်အား ရှာတွေ့ခြင်းမရှိသေးပေ။
ဖှေးသည် စိတ်ရှည်လည်ရှည်ဖြင့် ဆက်လက်ရှာဖွေနေလျှက်ရှိသည်။
နေ့၀က်ခန့်ကုန်ဆုံးသွားပြီးသည့်အချိန်တွင် ဖှေးသည် အချင်း၀က်၅၀၀ကီလိုမီတာခန့်ကိုပင်ရှာဖွေပြီးသွာပြီဖြစ်သည်။ သူသည် သစ်တောများကိုပင်ကျော်လွန်လာပြီဖြစ်ပြီး ယခုအချိန်တွင် မြက်ခင်းပြင်တစ်ခုပေါ်တွင် ပျံသန်းနေ၏။ အမည်မသိမြက်ပင်များသည် တစ်မီတာကျော်ခန့်ရှည်လျားကာ ထူထဲသည့်မြစ်များစီးဆင်းနေ၏။ သမင်၊ သိုး၊ ကျွဲ စသည့် တိရစ္ဆာန်များသည် ထိုမြက်ခင်းလွင်ပြင်ပေါ်တွင် ပြေးလွှားနေကြ၏။ သူတို့ထဲတွင် စွမ်းအားမြင့်မားကာ ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးသားရဲများလည်းပါရှိ၏။
ဤမြင်ကွင်းသည် ဖှေးအား ထူးဆန်းသည့်ခံစားချက်တစ်ခုကိုလည်း ပေးနေလျှက်ရှိသည်။ သူသည် အာကာသကိုဖြတ်ကျော်လာကာ မြေကမ္ဘာပေါ်တွင်ရှိသည့် အာဖရိကတိုက်သို့ ရောက်နေသည့်အတိုင်းပင်။ သူသည် စွမ်းအားမြင့်မားသည့် သိုင်းဆရာများဖန်တီးထားခဲ့သည့် ကမ္ဘာငယ်ထဲတွင်ရောက်ရှိနေခြင်းမဟုတ်ပဲ မြေကမ္ယာပေါ်သို့ ပြန်ရောက်နေသလိုပင်။
နောက်တပ်နေ့၀က်ခန့်ကြာပြီးသည့်အချိန်တွင် ဖှေးသည်မြက်ခင်းလွင်ပြင်ကို ဖြတ်ကျော်ကာ တောင်ကုန်းထူထပ်သည့်နေရာတစ်ခုသို့ ရောက်ရှိလာ၏။
ကံမကောင်းစွာပင် ဖှေးဒဏာရီလာနတ်စင်၏ အရိပ်ယောင်ကို မြင်တွေ့ရခြင်းမရှိသေးပေ။
တစ်ခုတည်းသော သတင်းကောင်းမှာ ပြိုလဲနေသည့် နန်းတော်များ၊ အဆောက်ဦးများကို တွေ့ရခြင်းပင်။ သူသည် မြေကြီးများ၊ မြက်ပင်များပေါက်ရောက်နေသည့် နံရံများ၊ အုတ်မြစ်များကိုသာ မြင်တွေ့ရသော်လည်း ထိုအရာများသည် ဤကမ္ဘာထဲတွင် လူသားဆောက်လုပ်ထားသည်ကို ပထမဆုံးအနေဖြင့် ဖှေးမြင်တွေ့ဖူးခြင်းပင်။ ထို့အပြင် အဆောက်ဦးများတည်ဆောက်ထားသည့်ပုံသည် နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်ထဲတွင်ပါရှိသည့် နတ်စင်နှ့င် ဆင်တူသည့်အတွက် ဖှေး၏ ရှာဖွေမှုသည် နီးကပ်လာပြီဟုဆိုနိုင်မည်ဖြစ်သည်။
တောင်ကုန်းများကို ဖြတ်ကျော်လာပြီးသည့်အချိန်တွင် အလွန်ပင်သာသာယာယာရှိသည့် လွင်ပြင်ကြီးတစ်ခုကို ဖှေးမြင်တွေ့လိုက်ရသည်။ လူသားများနှင့် ဉာဏ်ရည်မြင့်မျိုးစိတ်တစ်ချို့မှလွဲ၍ ကျန်ရှိနေသည့် တိရစ္ဆာန်အစုံလင်ကို ဖှေးမြင်တွေ့နေရ၏။
ဖှေးသည် ကောင်းကင်ပေါ်တွင်ပျံသန်းနေရင်းဖြင့် စွန့်ပစ်ထားသောအဆောက်ဦးတစ်ချို့ကိုလည်း တွေ့လိုက်ရသည်။ ထိုအဆောက်ဦးများသည် နန်းတော်များ၊ မျှော်စင်များ၊ လယ်ကွင်းများ၊ ရေကန်များ၊ ခံတပ်နံရံများ၊ သစ်သားအိမ်များနှင့် အုတ်ဂူတို့ပင်။ ထိုအဆောက်ဦးများ၏ သက်တမ်းမှာ ကြာမြင့်လှပြီဖြစ်သောကြောင့် ပုံစံပျက်ကာ ယိုယွန်းနေကြပြီဖြစ်သည်။
“ဒီကမ္ဘာငယ်ထဲမှာလည်း လူသားမျိုးနွယ်တွေရှိနေတာလား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီအဆောက်ဦးတွေရှိနေစရာအကြောင်းမရှိဘူး။ နောက်ပြီးတော့ ငါအလောင်းတွေအရိုးစုတွေကိုလည်း မတွေ့ရဘူး။ ဒီနေရာမှာ နေခဲ့ကြတဲ့လူတွေက ရုတ်တရက် ပျောက်ကွယ်သွားကြသလိုပဲ။ ဒါက ထူးဆန်းလွန်းနေတယ်...”
ဖှေးပို၍ လေ့လာလေလေ ပို၍အံ့သြလာလေလေပင်။
သူသည် ရှေ့သို့ ဆက်သွားနေရင်းဖြင့် လူသားများဖန်တီးထားခဲ့သည့် အဆောက်ဦးများကို ပို၍ပို၍တွေ့မြင်လာရ၏။ သို့သော် ထိုအဆောက်ဦးများတွင် လူသူများမရှိတော့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီးဖြစ်သည်။ ဖှေးနောက်ထပ်၅၀ကီလိုမီတာခန့်ဆက်လက်ပျံသန်းလာပြီးသည့်အချိန်တွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်သွား၏။
ဖှေး၏ ပျံသန်းနေသည့်ခန္ဓာကိုယ်သည် နွံအိုင်တစ်ခုကို ဖြတ်ကျော်နေရသကဲ့သို့ ရုတ်တရက်နှေးကျသွား၏။ ထို့နောက်တွင် အရာအားလုံးပုံမှန်ပြန်ဖြစ်လာတော့သည်။
“ဒါက ကိုယ်ယောင်ဖျောက်စွမ်းအင်အကာရံတစ်ခုပဲ...” ဖှေးတွေးလိုက်မိပြီး အနောက်သို့ ပြန်လှည့်ကာ ကြည့်လိုက်သည်။ အရာအားလုံးသည် ပုံမှန်အတိုင်းသာဖြစ်နေသော်လည်း သူထင်ယောင်ထင်မှားဖြစ်နေခဲ့ခြင်းမဟုတ်သည်မှာလည်း အသေချာပင်။ ခေါင်းရမ်းလိုက်ကာ အရှေ့သို့သာ ဆက်သွားရန်ကြံလိုက်ပြီး အမှုမှတ်အမှတ်မဲ့ဖြင့် အပေါ်သို့ မော့ကြည့်လိုက်မိသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာပင် တုန်ခါသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးနီးပင်။
“ဟာ နန်းတော်ကြီးတစ်ခုက လေပေါ်မှာ ပျံနေတာပါဘာလား။ ကောင်း...သေစမ်း ဘာလဲ ကောင်းကင်နန်းတော်လား....”
ဖှေးသည် ပြောစရာစကားမရှိတော့သလိုပင် ခံစားလိုက်ရသည်။
သူ၏အရှေ့တွင်ရှိနေသည်မှာ ပျံသန်းနေသည့် နန်းတော်ကြီးတစ်ခုပင်။ မြေပြင်ပေါ်မှ အမြင့်၆၀၀မီတာခန့်တွင်ပျံသန်းနေ၏။ အကျယ်၀န်းမှာ ၃ကီလိုမီတာခန့်ရှိပုံရသည်။ နန်းတော်၏ အောက်ခြေသည်လည်း ပြောင်းပြန်လှန်ထားသည့် တောင်ကြီးတစ်ခုကဲ့သို့ပင်။
ဖှေးသည် ဤနန်းတော်ထံမှ စွမ်းအင်အရှိန်၀ါများတောက်ပနေသည်ကို မခံစားရပေ။ ထို့ကြောင့် မည်ကဲ့သို့ လေပေါ်တွင်ပျံ၀ဲနေသည်မှာ သူမသိဖြစ်နေ၏။ နူးညံ့သည် ငွေရောင်အလင်းတန်းတစ်ခုသည် နန်းတော်နှင့် တောက်ကဲ့သို့သော အောက်ချေကိုပါဖုံးလွှမ်းသွား၏။ ထိုအရာတစ်ခုလုံးအား ငွေသားဖြင့် ပြုလုပ်ထားသလိုပင်။ ခမ်းနားမြင့်မြတ်သည့်ပုံပေါက်နေပြီး နတ်ဘုရားများနေထိုင်ရာနန်းတော်ကဲ့သို့ ဖှေးခံစားလိုက်ရသည်။
ဤကဲ့သို့ ခမ်းနားလှသည့် နန်းတော်ကြီးတစ်ခု၏ရှေ့တွင်စွမ်းအားမြင့်မားသည့် ဖှေးကိုယ်တိုင်ပင် နိမ့်ကျသလို ခံစားလိုက်ရကာ ဒူးထောက်လိုစိတ်များပေါက်လာ၏။
အရွယ်စားအနေဖြင့်ကြည့်ပါက ဖှေးသည် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်နေပြီး နန်းတော်မှာကြီးမားသည့်နဂါးကြီးတစ်ကောင်ကဲ့သို့ပင်။
“ငါအ၀ေးမှာတုန်းက ဒီနန်းတော်ကြီးကို မမြင်ခဲ့ပါဘူး။ ဘာလို့ အခုမှရုတ်တရက်ပေါ်လာတာလဲ။ မဟုတ်မှ လွဲရော...” ဖှေးသည် အံ့သြထိတ်လန့်နေရာမှ သတိပြန်၀င်လာပြီး မမြင်နိုင်သည့်စွမ်းအင်အကာရံတစ်ခုကို ဖြတ်သန်းလာခဲ့သည်ကို သတိရလိုက်မိသည်။ “မဟုတ်မှလွဲရော ငါဖြတ်သန်းလာတဲ့စွမ်းအင်အလွှာက ဒီနန်းတော်ကြီးကို မမြင်နိုင်အောင် လုပ်ထားတာများလား။ င့ါရဲ့၀ိဉာဥ်စွမ်းအားသုံးပြီးတော့တောင် ဒီနန်းတော်ကြီးကို မမြင်ခဲ့ဘူး....”
ဤသည်မှာ ဖှေးတွေးနိုင်သည့် ဖြစ်နိုင်ချေအရှိဆုံးဖြေရှင်းချက်တစ်ခုပင်။
ဖှေးအတောင်ပံများခတ်ကာ ပျံသန်းသွားပြီး ကောင်းကင်နန်းတော်၏ ခံတပ်နံရံပေါ်တွင် ဆင်းသက်လိုက်သည်။
ခံတပ်နံရံအား အမည်မသိငွေရောင်သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပြီး မီတာ၁၀၀ခန့်သာမြင့်မား၏။ နံရံ၏ အပြင်ပိုင်းတွင် တစ်ကီလိုမီတာခန့်ကျယ်၀န်းသည့်နေရာကွပ်လပ်တစ်ခုရှိပြီး ကြည်လင်သည့် ကြုံးတစ်ခုသည် နန်းတော်အား ပတ်ပတ်လည်၀ိုင်းထား၏။ ခံတပ်နံရံ၏အရှေ့တွင်ရှိသည့် မြေပြင်ပေါ်တွင် အစိမ်းရောင်မြက်ပင်များ ပွင့်လန်းနေသည့် ပန်းပင်များတို့ဖြင့် ပြည့်နှက်နေကာ ကောင်းကင်ဘုံကဲ့သို့ပင်။ ဖှေးဤနေရာသို့ ရောက်လာသည့်အချိန်တွင် စိုးရိမ်မှုများအားလုံး မရှိတော့သလိုပင်။