← Chapters

အခန်း (၅၉၉)

Vol. 38 Ch. 599

အခန်း (၅၉၉)

Vol. 38 Ch. 599

ဖှေးခါးကိုင်းကာ မြက်ပင်များကို ထိကြည့်လိုက်သည်။ အလွန်အသက်၀င်လှသောကြောင့် ထင်ယောင်ထင်မှားဖြစ်နေခြင်းမဖြစ်နိုင်ပေ။

သိပ်မ၀ေးသည့်နေရာတွင်ရှိနေသည့် ခံတပ်နံရံအားငေးကြည့်လိုက်သည့်အချိန်တွင် ဖှေးမည်ကဲ့သို့စိတ်ခံစားချက်မျိုးရှိသင့်သည်ကိုပင် မစဥ်းစားနိုင်တော့ပဲ တွေ၀ေသွား၏။ ထိတ်လန့်ရမည်လား၊ အံ့သြရမည်လား၊ စိုးရိမ်ရမည်လား၊ သံသယ၀င်ရမည်လား ဆိုသည်ကိုပင်။ သူသည် ထိုစိတ်ခံစားချက်များကို တစ်ချိန်တည်းမှာပင် ပြိုင်တူခံစားနေရသကဲ့သို့ ခံစားနေရ၏။

ဖှေးကျုံးထံသို့ လမ်းလျှောက်သွားကာ ခြေထောက်ဆင်းကြည့်လိုက်သည်။ သူချက်ချင်းပင် စီးဆင်နေးသည် ရေများ၏ အေးမြမှုကို ခံစားလိုက်ရပြီး ကူးခတ်နေကြသည့် ငါးများကိုပင် နှော့င်ယှက်လိုက်မိပုံပင်။

ကျုံးအား ဖြတ်ကျော်လာခဲ့ပြီးသည့်နောက်ဆုံးတွင် ငွေရောင်ခံတပ်နံရံ၏အောက်သို့ရောက်ရှိလာခဲ့၏။

သူသည် နတ်ဘုရားတစ်ပါး၏စံအိမ်နှင့်တူသည့် ခမ်းနားလှသောနန်းတော်ကြီးကို မော့ကြည့်လိုက်ပြီး ထိုနန်းတော်၏ အလှတရားကြောင့် ထက်မံကာ ထိတ်လန့်အံ့သြသွားရပြန်သည်။ သူ၏လက်များကို ဆန့်တန်ားကာ ခံတပ်နံရံအား ပွတ်သပ်ကြည့်လိုက်မိသည်။

နွေးထွေးကာ ချောမွေသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ သူမတုန့်ပြန်နိုင်သေးခင်မှာပင် ရှေးကျသည့် စွမ်းအင်တစ်ခုသည် သူ့အား စုပ်ယူလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်စိရှေ့တွင်ရှိနေသည့် မြင်ကွင်းများသည်လည်း ပြောင်းလဲသွားတော့၏။

“ဘုန်း...” တိုက်ပွဲဆူညံသံများစွာကို သူ၏နားထဲတွင်ကြားလိုက်ရသည်။

ရက်စက်ကြမ်းကြုတ်ပြီး သွေးသံရဲရဲဖြင့် ရှေးစစ်ပွဲတစ်ခုထဲသို့ ရောက်ရှိနေသကဲ့သို့ ဖှေးခံစားလိုက်ရ၏။ နားထဲတွင်ကြားနေရသည့် ကျယ်လောင်သောဆူညံသံများကပင် သူ့အား မူး၀ေစေနေလျှက်ရှိပြီး ထူထပ်သည့် သတ်ဖြတ်လိုသည့်အရှိန်၀ါများကိုလည်းလျစ်လျူရှုရမရနိုင်ပေ။

ဖှေး၏ရှေ့တွင် သွေးမြူဆိုင်များစွာ ကျဆင်းနေသောကြောင့် သူအပေါ်သို့ မော့ကြည့်လိုက်မိသည်။ သူစွမ်းအားမြင့်မားသည့် သိုင်းဆရာများစွာ လေပေါ်တွင် ပျံ၀ဲကာတိုက်ခိုက်နေကြသည်ကို တွေ့လိုက်ပြီးမြင်ကွင်းသည် အလွန်ပင်ရက်စက်ကြမ်းကြုတ်လှသည်။ အကယ်၍ ဟေဇယ်-ဘန့်ခ်ကဲ့သို့ လပြည့်သိုင်းဆရာတစ်ယောက်ပင် ထိုတိုက်ပွဲထဲသို့ ၀င်ရောက်ပါက မတိုက်ခိုက်ရသေးခင်မှာပင် သေဆုံးသွားမည်ဖြစ်သည်။

ကြောက်မက်ဖွယ်ပင်။

ဖှေး၏မျက်စိရှေ့တွင်ရှိနေသည့် မြင်ကွင်းများသည်လည်း ပြောင်းလဲနေလျှက်ရှိသည်။ နှစ်ဘက်လုံးမှ စွမ်းအားမြင့်သိုင်းဆရာများစွာသေဆုံးနေလျှက်ရှိပြီး တိုက်ပွဲတည်နေရာမှာ ဤကောင်းကင်နန်းတော်ထဲတွင်ဖြစ်သည်ကို ဖှေးတွေ့လိုက်ရ၏။ ထိုတိုက်ပွဲတွင် လူသားများ၊ ဘီလူးများ၊ နတ်ဆိုးသားရဲများနှင့် ကျန်ရှိနေသည့်မျိုးနွယ်များစွာပါ၀င်တိုက်ခိုက်နေကြ၏။ သူတို့အားလုံးသည် ရူးလောက်ဖွယ်အထိပင်စွမ်းအားမြင့်မားလှသည်။ သူတို့သည် အာကာသကိုပင် ကွဲအက်စေနိုင်သည့်အတွက် အမဲရောင်အက်ကွဲကြောင်းများစွာသည်လည်း ကောင်းကင်ပေါ်တွင် ထွက်ပေါ်နေလျှက်ရှိသည်။

အကယ်၍ ထိုသိုင်းဆရာများထဲမှတစ်ယောက်ယောက်သာလျှင် အပြင်ကမ္ဘာလက်ရှိအချိန်တွင်နေထိုင်နေပါက သူသည် တစ်လောကလုံးကိုပင်စိုးမိုးနိုင်သည့် ပြိုင်ဘက်ကင်းသိုင်းဆရာတစ်ယောက်အဖြစ်သက်မှတ်ခံရမည်ဖြစ်၏။ နေအဆင့်သခင်တစ်ယောက်ပင် သူတို့အရှေ့တွင် ဘာမှမဟုတ်သကဲ့သို့ပင်။ သူတို့သည် ရူးလောက်သည်အထိစွမ်းအားမြင့်မာလှသော်လည်း ဤတိုက်ပွဲထဲတွင်မူ သူတို့သည် အောက်ခြေစစ်သည်များသာဖြစ်၏။ အရေအတွက်များပြားလှသဖြင့် အ၀ေးမှကြည့်ပါက ပုရွတ်ဆိတ်များကဲ့သို့ပင်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက်ကောင်းကင်ပေါ်မှ ပြုတ်ကျကာ သေဆုံးနေလျှက်ရှိသည်။

ဤတိုက်ပွဲအား အလွန်ရက်စက်ကြမ်းကြုတ်သည်ဟုသာ ဖော်ပြနိုင်၏။

သိုင်းဆရာများသည် နေရာအနှံ့တွင် တိုက်ခိုက်နေကြပြီး ဒဏာရီလာနတ်ဘုရားလက်နက်များ၊ နတ်ဘုရာတးစ်ပိုင်းလက်နက်များသည် နေရာအနှံ့တွင်ရှိနေ၏၊

ထိုလက်နက်များသည်လည်း ဖန်ခွက်များကဲ့သို့ပင် သိုင်းဆရာများ၏ သွေးများခြေပြတ်လက်ပြတ်များနှင့်အတူ ကွဲအက်နေကြလျှက်ရှိ၏။ ကမ္ဘာကြီးအဆုံးသက်နေသကဲ့သို့ပင်။

ဤစစ်ပွဲမည်သည့်အတွက်ကြောင့် ဖြစ်ပွားနေသည်ကို ဖှေးမသိချေ။

ကိုယ်ပျောက်လူသားတစ်ယောက်ကဲ့သို့ပင် ဖှေးသည် ဤတိုက်ပွဲအားအပြင်လူတစ်ယောက်ကဲ့သို့ပင် မြင်နေရလျှက်ရှိပြီး တိုက်ခိုက်နေကြသည့်သိုင်းဆရာများသည်လည်း သူ့အားမြင်နိုင်ခြင်းမရှိပေ။

ဖှေးအလွန်ထိတ်လန့်သွား၏။ ဤတိုက်ပွဲသည် နတ်ဘုရားနှင့် နတ်ဆိုးများ၏ တိုက်ပွဲကဲ့သို့ပင်။ လောကကြီးတစ်ခုလုံးကိုပင် ပြိုကွဲသွားစေနိုင်ပြီးကောင်းကင်ကိုပင် နှစ်ခြမ်းခွဲပစ်နိုင်သည်။

နောက်ဆုံးတွင် အရာအားလုံး၀ေ၀ါးသွား၏။ ဒေါသဖြစ်နေသည့် အော်ဟစ်သံတစ်ခုကို ၀ေ၀ေ၀ါး၀ါးကြားလိုက်ရပြီး သိုင်းဆရာများသည် မိုးစက်များကဲ့သို့ပင် ကောင်းကင်ပေါ်မှ သေဆုံးကာ အဆက်မပြတ်ပြုတ်ကျနေကြ၏။

ထို့နောက်တွင် ဖှေးအစစ်မှန်လောကသို့ပြန်ရောက်လာခဲ့၏။

အသက်ပြင်းထန်စွာရှူနေရင်းဖြင့် နွေးထွေးချောမွေ့သည့်ခံတပ်နံရံအား ခံစားလိုက်မိပြီး ကောင်းကင်နန်းတော်၏အရှေ့တွင်သာ ရပ်နေခြင်းဖြစ်ကြောင်းကို ရုတ်တရက်ပြန်လည်ကာ သတိရလာ၏။ ထိုကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲကြီးသည်ပုံရိပ်ယောင်တစ်ခုသာဖြစ်၏။ ယခုအချိန်တွင် ထိုတိုက်ပွဲအား မြင်တွေ့ရခြင်းမရှိတော့ပေ။ ကောင်းကင်ပြာနှင့်အဖြူရောင်တိမ်တိုက်များသည် သူ၏ခေါင်းပေါ်တွင်ရှိနေဆဲဖြစ်ပြီး သူသည်လည်းအစိမ်းရောင်မြက်ခင်းပေါ်တွင် ရပ်နေဆဲပင်။

“ဒါဆို ဒီမြို့ကြီးမှာ ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တဲ့ပုံပဲ။ တိုက်ပွဲက ပြင်းထန်လွန်းလို့ ဒီကမ္ဘာပေါ်မှာ အမှတ်သားတစ်ခုချိန်ထားခဲ့တာပဲဖြစ်ရမယ်။ နောက်ပြီးတော့ တစ်နညည်းနည်းနဲ့ ဒီခံတပ်နံရံကာ အဲ့မြင်ကွင်းကို မှတ်သားထားမိတဲ့ ပစ္စည်းတစ်ခုခုနဲ့ဆောက်လုပ်ထားတာပဲဖြစ်ရမယ်။ ငါြမင်ခဲ့ရတဲ့မြင်ကွင်းက တကယ်ဖြစ်ခဲ့တဲ့မြင်ကွင်းတစ်ခုပဲ...”

ဖှေးဖြစ်ပျက်နေသည်များကို တဖြည်းဖြည်းဖြင့်နားလည်လာ၏။ သို့သော် သူသည် ထိတ်လန့်နေဆဲပင်။

“ဒီကမ္ဘာပေါ်မှာ အဲ့လောက်ထိကြောက်စရာကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ဖူးတာလား။ နောက်ပြီးတော့ စွမ်းအားမြင့်သိုင်းဆရာတွေအများကြီး သေဆုံးခဲ့တာပဲ။ နောက်ပြီး အဲ့တိုက်ပွဲကလည်း ငါအခုရပ်နေတဲ့ နေရာမှာဖြစ်ပွားခဲ့တာတဲ့လား။ သူတို့တွေက နတ်ဘုရားတွေ၊ နတ်ဆိုးတွေပဲလား။ အဲ့လိုဆိုရင် ဒီကောင်းကင်နန်းတော်၊ ဒီဒဏာရီလာနန်းတော်ကြီးရဲ့ သရုပ်မှန်က အတော််လေးထိတ်လန့်စရာကောင်းတာပဲ...”

“နန်းတော်ထဲမှာရော သက်ရှိတွေနေထိုင်နေတုန်းပဲလား...”

“နန်းတော်ထဲမှာ ပုန်းအောင်းနေတဲ့ အန္တရာယ်တွေအများကြီးလဲရှိနေနိုင်တယ်...”

ဖှေး၏ခေါင်းထဲတွင် ထိုအတွေးများပေါ်လာ၏။ သို့သော် နတ်စင်ကို ရှာဖွေရန်အတွက် ဖှေးသည် နန်းတော်ထဲသို့ ၀င်ရောက်ကြည့်ရမည်ဖြစ်သည်။

ဖှေးခံတပ်နံရံပတ်ပတ်လည်အား လမ်းလျှောက်ကြည့်သော်လည်း ဂိတ်တံခါးကို မတွေ့သော်ကြောင့် သူ၏ ငွေရောင်အတောင်ပံကို ပြန်လည်ဆင့်ခေါ်ကာ ခံတပ်နံရံပေါ်သို့ ပျံတက်လာခဲ့တော့သည်။

သူသည် ခံတပ်နံရံပေါ်တွင်ရပ်နေရင်းဖြင့် နန်းတော်ကြီးက နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။

မြို့ကြီးတစ်ခုလုံးအား ငွေရောင်သတ္တုတစ်ခုဖြင့် ပြုလုပ်ထားပြီး အလွန်ပင်ကောင်းမွန်သည့်အနေထားတွင်ရှိနေဆဲပင်။ တိုက်ပွဲခံတပ်များ၊ မြင့်မားသည့် မှော်မျှော်စင်များသည် မြို့အနှံ့တွင်ရှိနေဆဲဖြစ်ပြီး ကောင်းကင်မြို့တော်ကြီးအား ကြောက်မက်ဖွယ်တိုက်ပွဲသားရဲတစ်ကောင်ပုံပေါက်နေစေ၏။

ဖှေးသည် အထင်ကြီးဖွယ်ခမ်းနားလှပသည့် ရှေးခေတ်အနောက်တိုင်းနန်းတော်များစွာကို အရင်ဘ၀က TVတွင်ကြည့်ရှုဖူးသော်လည်း ထိုနန်းတော်များသည် ဤအရာနှင့်လုံး၀ပင်နှိုင်းယှဥ်နိုင်ခြင်းမရှိကြပေ။

မြို့ထဲတွင် ကျယ်ပြန့်သည့် လမ်းများ၊ မြင့်မားသည့်အဆောက်ဦးများရှိနေပြီး ခမ်းနားသည့်ဘုရားကျောင်းများနှင့် ရင်ပြင်များသည်လည်းမြို့တော်အား အလှဆင်နေလျှက်ရှိသည်။ ထို့အပြင် စစ်ဘက်ဆိုင်ရာစခန်းများစွာနှင့်၊ လေ့ကျင့်ရေးအဆောက်ဦးများစွာလည်းရှိနေ၏။

ထိုမြို့တော်ကြီးတစ်ခုလုံးကို တောင်တစ်လုံး၏ပတ်ပတ်လည်တွင်တည်ဆောက်ထားခြင်းပင်။

ကျယ်ပြန့်သည့် ငွေရောင်လမ်းမတစ်ခုသည် ခံတပ်နံရံမှ မြို့တော်၏အလည်တွင်ရှိသည့် တောင်ထံသို့ ဆန့်တန်းနေလျှက်ရှိပြီး တောင်ပေါ်တွင်အဆာက်ဦးအမျိုးမျိုးနှင့် လူသားစစ်သည်ရုပ်တုများစွာလည်းရှိနေ၏။

မြို့၏အလည်တွင်ရှိနေသည့် တောင်သည်အလွန်ပင်မြင့်မားလှသည့်အတွက် သူ၏တောင်ထိပ်သည်တိမ်များအထိပင်ရောက်နေပြီး ဖှေးတောင်ထိပ်ကို မြင်တွေ့နိုင်ခြင်းမရှိပေ။

“ဒဏာရီလာနတ်စင်ရှိတယ်ဆိုရင် ဒီကြီးမားတဲ့မြို့ကြီးထဲမှာပဲဖြစ်လိမ့်မယ်...”

ဤမြို့တော်ထဲတွင်ရှိနေသည့်အဆောက်ဦးများ၏ တည်ဆောက်ပုံသည် ဒဏာရီလာနတ်စင်နှင့် ဆင်တူသောကြောင့် ဖှေးဤကဲ့သို့တွက်ဆလိုက်မိခြင်းပင်။

သို့သော် ဖှေးထိုမြို့ထဲတွင် သက်ရှိအရိပ်ယောင်ကို တွေ့ရခြင်းမရှိပေ။

ဖှေးမြို့ထဲသို့ ခြေချလိုက်ပြီးသည်နှင့်တပြိုင်နက်သူ၏ ၀ိဉာဥ်စွမ်းအားသည်လည်း သမုဒ္ဒရာထဲမှ ရေလှိုင်းများကဲ့သို့ပင် ပြန့်နှံ့သွား၏။

ဤမြို့တော်ကြီးသည် သေဆုံးနေပြီဖြစ်၏။ မြို့တော်ထဲတွင်မြင့်မြတ်သည့် အရှိန်၀ါများသာ ရှိနေခြင်းမရှိပါက ဖှေးသည် တစ္စေမြို့တော်တစ်ခုထဲသို့ရောက်နေသည်ဟုပင်တွေးလိုက်မိမည်ဖြစ်သည်။

ဖှေးသည် သူ၏အတောင်ပံများကို ခတ်ရင်းဖြင့် အမြင့်မီတာ၄၀၀လောက်မှပျံသန်းနေလျှက်ရှိသည်။ ဤတစ်ကြိမ်တွင် သူသည်အလွန်နှေးကွေးစွာပျံသန်းနေပြီး သေချာစွာကြည့်ရှုနေလျှက်ရှိသည်။ သူသည် အဆောက်ဦးများကို ဖြတ်ကျော်ပျံသန်းနေရင်းဖြင့် အရေးကြီးသည့် သဲလွန်စများကို မတွေ့လိုက်မိမည်ဆိုးသည့်အတွက်ပင်။

သုံးနာရီခန့်ကြာပြီးသည့်နောက်တွက် မြို့တော်၏အပြင်ဘက်ခြမ်းရှိအဆောက်ဦးများအားလုံးကို ရှာဖွေပြီးပြီဖြစ်သော်လည်း ဘာကိုမှတွေ့ရခြင်းမရှိသေးပေ။

ထို့ကြောင့် သူသည် အလည်တွင်ရှိနေသည့် ကြီးမားသည့် တောင်ကြီးထံသို့ ဦးတည်ကာ ပျံသန်းတော့သည်။

သူထိုကဲ့သို့ပြုလုပ်နေရင်းဖြင့် ကောင်းကင်သည် မှောင်မဲလာကာ ညနေသို့ပင်ရောက်ရှိတော့မည်ဖြစ်သည်။ ဤကမ္ဘာထဲတွင် နေနှင့်လတို့မရှိသော်လည်း နေ့အချိန်နှင့် ညအချိန်ရှိနေဆဲပင်။ ဤကမ္ဘာတွင်ရှိသည့် အလင်းများသည် နေ့ခင်းပိုင်းတွင် လင်းလတ်နေမည်ဖြစ်ပြီး ညနေချိန်သို့ရောက်သည့်အချိန်တွင် မှေးမိန်သွားမည်ဖြစ်သည်။ ဤကမ္ဘာအား ဖန်တီးခဲ့သည့် သိုင်းဆရာတို့၏ နည်းပညာများသည်ရူးလောက်ဖွယ်ဖြစ်သည်ကို ဖော်ပြနေ၏။

နာရီ၀က်ခန့်ကြာသည့်အချိန်တွင် ဖှေးတောင်ထိပ်သို့ရောက်ရှိလာ၏။

ကံမကောင်းစွာပင် သူသည် နတ်စင်နှင့် တစ်ခြားဖြစ်နိုင်ချေရှိသည့်သဲလွန်စများကို ရှာတွေ့ခြင်းမရှိသေးပေ။

ဤတောင်ကြီးသည် မီတာ၃၀၀ခန့်မြင့်မားပြီး အမည်မသိသည့်အဖြူရောင်ကျောက်တစ်မျိုးဖြင့် ဖွဲ့စည်းထား၏။ တောင်ကြီးသည် မက်ဆောက်ခြင်းမရှိပဲ တောင်နံရံတစ်လျှောက်တွင် ခံတပ်များ၊ မျှော်စင်များ၊ စစ်စခန်းများ စသည့်အဆောက်ဦးတို့ဖြင့် ပြည့်နှက်နေ၏။ အဆောက်ဦးများသည် ကောင်းမွန်နေဆဲဖြစ်သော်လည်း ဖှေးလူသူအရိပ်ယောင်ကို တွေ့ရခြင်းမရှိပေ။

တကယ်တန်းတွင် ဤမြို့တော်ထဲတွင်ရှိသည့် အဆောက်ဦးများအားလုံးသည် ကောင်းမွန်သည့်အခြေအနေတွင်ရှိနေ၏။ ဖှေးလာခဲ့သည့်လမ်းတစ်လျှောက်တွင် ပြိုလဲပျက်ဆီးနေသည့်အဆောက်ဦးတစ်ခုကိုမှ တွေ့ခဲ့ရခြင်းမရှိပေ။ လေညှင်းကြောင့်ဖြစ်ပေလိမ့်မည် အဆောက်ဦးများပေါ်တွင် ဖုန်မှုန့်များပင် တင်ကျန်နေခြင်းမရှိပေ။

တောင်ထိပ်တွင် အရံနန်းဆောင်သုံးခုဖြင့် ခြံရံထားသည့် နန်းတော်တစ်ခုရှိနေ၏။ ထိုနန်းတော်သည် ကြီးမားလှပခြင်းမရှိသော်လည်း ခိုင်မာကာ မြင့်မြတ်သည့်အရှိန်၀ါတစ်ခုကို ထုတ်လွှတ်နေလျှက်ရှိသည်။ အုတ်မြစ်မှာလည်း ခိုင်မာပြီး နန်းတော်ဆောင်များကို လှေကားထစ်၉၉ခုအမြင့်ဖြင့် သယ်ဆောင်ထား၏။ တစ်စုံတစ်ယောက်သည်သာ ထိုလှေကားများအတိုင်းတက်သွားပါက ပင်မနန်းတော်ဂိတ်တံခါးသို့ရောက်ရှိသွားမည်ဖြစ်သည်။

ဂိတ်တံခါး၏အရှေ့တွင် မီတာ၂၀၀မြင့်မားသည့် စစ်သည်ရုပ်တုကြီးတစ်ခုရှိနေပြီး ထိုရုပ်တုနှစ်ခုသည် ဖှေးအား ဖိအားများစွာပေးနေလျှက်ရှိသည်။ ထိုရုပ်တုနှစ်ခုထဲတွင်ရှိနေသည်စွမ်းအားများကိုပင် ခုခံနိုင်ခြင်းမရှိသလို ဖှေးခံစားနေရ၏။

နန်းတော်၏ ဂိတ်တံခါး၀တွင်ရပ်နေရင်းဖြင့် ဖှေးသည်တောင်အောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ကောင်းကင်ပေါ်တွင်နေထိုင်သည့် နတ်ဘုရားတစ်ပါးမှ လူသားလောကကို ငုံ့ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။ တစ်နည်းတစ်ဖုံဖြင့် သူသည်အနည်းငယ်အထီးကျန်ကာ အဖော်ကင်းမဲ့သလိုလည်းခံစားနေရ၏။

ကံမကောင်းစွာပင် သူသည်နတ်စင်အား ရှာတွေ့ခြင်းမရှိသေးပေ။

ဖှေးအလွန်ပင်စိတ်ပျက်သွားမိ၏။

သူသည် အတောင်ပံခတ်ကာ လှည့်ပျံရန်ပြင်လိုက်သည့်အချိန်တွင် ရုတ်တရက်စိတ်ကူးပြောင်းသွားပြီးတစ်ဖက်သို့ လှည့်ကာ နန်းတော်ထဲသို့ လမ်းလျှောက်သွားလိုက်၏။ တစ်စုံတစ်ရာမှ သူ့အား ခေါ်ဆောင်နေသကဲ့သို့ ခံစားမိသည့်အတွက်ပင်။

ညနေခင်းသို့ရောက်နေပြီဖြစ်သောကြောင့် နန်းတော်ထဲတွင်အလွန်ပင်မှောင်မိုက်နေပြီဖြစ်သည်။ သို့သော် ဤသည်မှာ ဖှေးအတွက် ပြသနာမဟုတ်လှပေ။

နန်းတော်သည် ဟာလာဟင်းလင်းဖြစ်နေပြီး ကျောက်တိုင်ကြီးလေးခုသည် မျက်နှာကျက်အား မြေပြင်မှ မီတာ၁၀၀၀အမြင့်ခန့် ထောက်ထားကြ၏။ ထို ကျောက်တိုင်ကြီးများသည် အလွန်ပင်ထူထပ်လှသည့်အတွက်ကြောင့် လူလေးယောက်ခန့်လက်ခြင်းဆက်ထားမှသာလျှင် ဖက်နိုင်မည်ဖြစ်သည်။

နန်းတော်ဆောင်ထဲတွင်ရှိနေသည့် ကြမ်းပြင်ကိုလည်း တူညီသည့်အဖြူရောင်ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ချောမွေ့ကာ ရောင်ပြန်ဟပ်နေ၏။ ဖှေးထိုအပေါ်မှ လမ်းလျှောက်သည့်အချိန်တွင် သူ၏ပုံရိပ်နှင့် မျက်နှာကျက်တို့ကိုပါမြင်နေရ၏။ ထိုကဲ့သို့ ဖြစ်သော်လည်း ထိုကြမ်းပြင်ပေါ်တွင် လမ်းလျှောက်ရသည်မှာ ချော်နေခြင်းမရှိပေ။

ဖှေးနန်းတော်၏အတွင်းပိုင်းသို့ရောက်လာသည့်အချိန်တွင် ကြီးမားသည့် ကျောက်ပုလ္လင်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ ထိုပုလ္လင်သည် အလွန်ပင်ကြမ်းတမ်းပြီး ကြီးမားသည့် ကျောက်တုံးကြီးတစ်တုံးကို ထွင်းကာပြုလုပ်ထားသည့်အတိုင်းပင်။ ထိုပုလ္လင်ပေါ်တွင် လူနှစ်ဦးထိုင်နိုင်သည့်အထိကြီးမားသော်လည်း လူတစ်ယောက်သာ ထိုင်သင့်သည်ဟူသည့် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ဖှေးခံစားနေရ၏။

ကျောက်ပုလ္လင်၏အရှေ့တွင် သေးငယ်သည့် ရေကန်လေးတစ်ခုရှိပြီး အထဲတွင်ကြာပန်းကဲ့သို့သော အပင်များပေါက်ရောက်နေ၏။ ပန်းပွင့်များပွင့်နေခြင်းမရှိသော်လည်း ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေလျှက်ရှိသည်။ အမှောင်ထဲတွင် ထိုရွှေရောင်အလန်းတန်းများသည် အလွန်မြင့်မြတ်ပြီးလှပနေသကဲ့သို့ပင်။

ရုတ်တရက်ပင် ဖှေးပုလ္လင်ပေါ်တွင် ထိုင်ကြည့်လိုသည့်စိတ်များပေါ်လာ၏။ ထို့ကြောင့် ကျောက်ပုလ္လင်ထံသို့ လမ်းလျှောက်သွားပြီးခနတာတွန့်ဆုတ်ပြီးသည့်နောက်တွင် ထိုကျောက်ပုလ္လင်ပေါ်တွင် ထိုင်လိုက်၏။

သူသည် ထင်ယောင်ထင်မှားဖြစ်နေခြင်းလဲဖြစ်ပေလိမ့်မည်။ သို့သော် ဤကမ္ဘာကြီးတစ်ခုလုံးလှုပ်ခါသွားသကဲ့သို့ သူခံစားလိုက်ရ၏။

ထို့နောက်တွင် ပုလ္လင်၏ထိုင်ခုံလက်ရမ်းပေါ်တွင်ရှိနေသော မှောင်အစီရင်နှစ်ခုကိုလည်း သူသတိထားမိလိုက်သည်။ ဖှေးဂရုစိုက်ခြင်းမရှိပါက ထိုအစီရင်နှစ်ခုကို ရှာတွေ့မည်ပင်မဟုတ်ပေ။ မှော်ထွင်းစာများနှင့် အစီရင်များသည် ရှုပ်ထွေးခြင်းမရှိသော်လည်း ပမာနအလွန်များပြားလှသည့်အတွက်ကြောင့် ဖှေးခနတာခန့်အာရုံစိုက်ကြည့်လိုက်ရုံဖြင့်ပင် ခေါင်းကိုက်လာမိ၏။

မှော်အစီရင်နှစ်ခုအား ထွင်းထားသည့်နည်းလမ်းမှာလည်းရှားပါးလှသည်။ အေဇာရုတိုက်ပေါ်တွင် အသုံးပြုနေကျဖြစ်သည့် နည်းပညာများဖြစ်သည့်ပုံမပေါ်ပေ။ အနီးကပ်ကြည့်ရှုလေ့လာပြီးသည့်နောက်တွင် ဖှေးထိတ်လန့်သွား၏။ ထိုမှော်အစီရင်များနှင့် ထွင်းစာများသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် အသုံးပြုလေ့ရှိသည့်နည်းပညာများဖြစ်သည့်အတွက်ပင်။

ဒိုင်ယာဘလိုကမ္ဘာနှင့် အပြင်ကမ္ဘာတွင်ရှိနေသည့်မှော်အစီရင်များသည် တူညီခြင်းမရှိကြပေ။ အနည်းငယ် ကွာခြားနေ၏။ သို့သော် မှော်ပညာရှင်ကြီးဖြစ်သည့် ကိန်းသည် စနစ်နှစ်ခုလုံးကို လေ့လာပြီးဖြစ်သောကြောင့် ဆက်နွယ်ချက်တစ်ချို့ကိုလည်း တွေ့ရှိခဲ့သည်။

ဖှေးသည် ကိန်းထံမှ အချိန်တန်ကြာခန့် သင်ယူထားခဲ့သောကြောင့် ကျွမ်းကျင်သူတစ်ယောက်မဟုတ်သေးသော်လည်း အနည်းငယ်နားလည်နိုင်ပြီဖြစ်သည်။ ထိုအစီရင်နှစ်ခုအား ခနတာခန့်လေ့လာပြီးသည့်နောက်တွင် သူသည် သိပ်ရှုပ်ထွေးခြင်းမရှိသည့် ထိုအစီရင်နှစ်ခုကို နားလည်သွားပြီဖြစ်၏။

“ဒါတွေက ဘာလုပ်ဖို့လဲ...”

သူသည် ထိုမှော်အစီရင်နှစ်ခုကို လေ့လာပြီးဖြစ်သည့်အတွက်ကြောင့် သူ၏အတွင်းအားစွမ်းအင်တစ်ချို့ကို ထိုမှော်အစီရင်များထဲသို့ စီး၀င်စေလိုက်သည်။

၀ေး၀ါးသည့်အပြာရင့်ရောင်အလင်းတန်းများသည် မှော်အစီရင်များထဲတွင်ဏီးဆင်သွားပြီး ကျောက်ပုလ္လင်ပေါ်တွင်ရှိနေသည့် မှော်ထွင်းစားများသည်လည်း ထောင်နေသည်သွေးကြောများကဲ့သို့ပင် ဖြစ်လာ၏။ ဖှေးသူ၏လက်များကို လှုပ်ရှားရန်အတွက် ပြင်လိုက်သည့်အချိန်တွင် လက်များသည် ပုလ္လင်ဖြင့် ကပ်နေသည်ကို သတိထားလိုက်မိ၏။ သူမည်မျှပင် ကြိုးစားစေကာမူ သူ၏လက်များကို လုံး၀ပင် ခွာနိုင်ခြင်းမရှိတော့ပေ။

ထိုရှာဖွေတွေ့ရှိမှုသည် ဖှေးအား သေလောက်သည်အထိ ကြောက်လန့်သွားစေ၏။

All Chapters