← Chapters

“ကျိုးပဲ့နေသည့် ထောက်တိုင်များ”

Vol. 38 Ch. 601

“ကျိုးပဲ့နေသည့် ထောက်တိုင်များ”

Vol. 38 Ch. 601

ဖှေးနတ်စင်၏အောက်သို့ ရောက်ရှိသွားသည့်အချိန်တွင် လှည့်ပတ်ကြည့်ပြီး သဲလွန်စများကို ရှာဖွေတော့သည်။ ဤနတ်စင်အား တစ်ပတ်ပြည့်အောင်ပတ်ရန်အတွက် သာမန်လူတစ်ယောက်အတွက် နာရီ၀က်ခန့်ကြာမည်ဖြစ်သည်။

ဤနတ်စင်၏ မြောက်ဘက်တွင် ဖှေးသည် သူလျစ်လျူရှုထားခဲ့မိသည့် တစ်စုံတစ်ခုကို ရှာတွေ့သွားခဲ့၏။

မြေပြင်ပေါ်တွင် ကြီးမားသည့်အရိုးစုကြီးတစ်ခုရှိနေ၏။၊ ထိုအရိုးစုကြီးသည် ဆယ်မီတာခန့်ရှည်ကလျားကာ အရိုးများသည်လည်း သာမန်လူသားအရိုးများထက် များစွာပို၍ ထူထပ်၏။ ထိုအချက်များမှလွှဲ၍ လူသားအရိုးစုနှင့် သိပ်ပြီးမကွာခြားလှပေ။

သေချာသည့်အချက်မှာ အရိုးစုသည် အသက်ရှင်နေခဲ့စဥ်က စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ဖြစ်လိမ့်မည်ဟူသည့်အချက်ပင်။

အလောင်းသည် ဤနေရာတွင် နှစ်ပေါင်းများစွာရှိနေခဲ့ပြီး အသားစများ ဆွေးမြေ့သွားပြီဖြစ်သော်လည်း အရိုးများသည် ကြံ့ခိုင်မာကြောနေဆဲပင်။ ဖှေးသည် အပါးလွှာဆုံး လက်ချောင်းအရိုးအားစမ်းသပ်ကြည့်လိုက်သည့်အချိန်တွင် ချမ်းဘော့ဒ်မြို့ မြေအောက်လိုဏ်ဂူထဲတွင်ရှာတွေ့ခဲ့သည့် နတ်ဆိုးအကျွင်းကျန်များထက်ပင် များစွာပို၍ မာကြောနေသည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ဖှေးဤအရိုးစုကိုမြင်လိုက်သည့်အချိန်တွင် လူတစ်ယောက်အား တွေ့းလိုက်မိသွား၏။

အိုက်ဟိုဗင်၏ အင်ပါယာအရှင်သခင် ခရွန်ကန့်ပင်။

“ဒီအရိုးစုက သူ့ဘိုးဘေးတွေထဲက တစ်ယောက်ပဲဖြစ်မယ်။ တိုက်တန်သွေးစီးဆင်းနေတဲ့လူတွေပဲ ခရွန်ကန့်လို ခန္ဓာကိုယ်မျိုးရှိလိမ့်မယ်...” ဖှေးတွေးလိုက်မိသည်။

ဤမြင်ကွင်းနှင့်ပတ်သက်၍ အံ့သြစရာကောင်းသည်မှာ ဤသိုင်းဆရာသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မည်ကဲ့သို့ အသက်ဖြတ်ခံခဲ့ရသည်ဆိုသည်ကိုပင်။

ကျိုးပဲ့နေသည့်ကျောက်တိုင်တစ်ခုသည် ထိုလူ၏နောက်ကြောမှ ထိုးစိုက်ကာ သူ၏ နှလုံးသားကို ချေမွေလိုက်ပြီး သူ့အား မြေပြင်နှင့်ထိုးစိုက်ထားခြင်းပင်။ မြေပြင်ပေါ်တွင်လည်း တုန်လှုပ်ဖွယ်ကောင်းသည့် လက်သည်းရာများကိုတွေ့ရသည့်အတွက်ကြောင့် ထိုသူသေခဲ့စဥ်က အလွန်ပင်နာကျင်ခဲ့ကြောင်းမှာ ထင်ရှားနေ၏။

ဤအရိုးစုသည် အနည်းငယ်ကွေးညွှတ်နေကာ ထိုသိုင်းဆရာသည် တိုင်လုံးအား ကိုင်ပြီး ပြန်နုတ်ရန်အတွက် ကြိုးစားခဲ့ကြောင်းကို ဖော်ပြနေ၏။ သို့သော် အောင်မြင်ခြင်းမရှိခဲ့ပဲ သူသည် ဤနေရာတွင်ပင် သေဆုံးသွားခဲ့၏။

ဖှေးဤကြီးမားသည့်အရိုးစုကြီးကို ကြည့်ရင်းဖြင့် တိုင်လုံးကြီးတစ်ခုကောင်းကင်ပေါ်မှကျဆင်းလာကာ စွမ်းအားမြင့်သည့်သိုင်းဆရာတစ်ယောက်ကို မြေပြင်နှင့် ထိုးစိုက်လိုက်သည့်မြင်ကွင်းအား မြင်ယောင်လိုက်မိသည်။

“နေပါဦး တစ်ပိုင်းကျိုးနေတဲ့ တိုင်လုံးလား...” ဖှေးတစ်စုံတစ်ခုအား သဘောပေါက်လိုက်၏။

ဖှေးအရိုးစုအား မြေပြင်နှင့်ထိုးစိုက်ထားသည့် တိုင်လုံးအား လမ်းလျှောက်လာကာ ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် ခြောက်မီတာခန့်ရှိနေသည့်တိုင်လုံးပေါ်တွင် ဘဲဥပုံအချိုင့်တစ်ခုကို ဖှေးချက်ချင်းပင် သတိထားလိုက်မိ၏။ ထို့အပြင် ကျိုးပဲ့နေသည့်မျက်နှာပြင်သည်လည်း နတ်စင်ပေါ်တွင်ရှိနေသည့် တိုင်လုံး၏ မျက်နှာပြင်နှင့်ကိုက်ညီနေ၏။

“ဟုတ်တယ် ဒါက ဟိုတိုင်လုံးက ပြတ်ထွက်နေတဲ့အပိုင်းပဲ။ လူတစ်ယောက်က နှစ်ပိုင်းချို့ပြီးတော့ အပေါ်ကနေလှမ်းပစ်ပြီး ဒီသိုင်းဆရာကို သတ်လိုက်တာပဲ...”

ဖှေးတွေးကြည့်နေရင်းဖြင့် တိုင်လုံးပြတ်ပေါ်တွင်ရှိနေသည့် အချိုင့်ကို အသေးစိတ်လေ့လာကြည့်နေ၏။ သူသည်ကျိုးပဲ့နေသည့်တိုင်အား ကိုးထပ်မြောက်အဆင့်သို့ ယူသွားပြီး ပြန်ဆက်လိုက်ပါက မှော်ဆန်သည့်အရာတစ်ခုဖြစ်ပျက်လာနိုင်သည်ဟုလည်း ဖှေးအာရုံရနေ၏။

ထိုကဲ့သို့ စဥ်းစားပြီးသည့်နောက်တွင် ဖှေးအချိန်ဆွဲနေခြင်းမရှိတော့ပေ။

သူသည် ပတ်ပတ်လည်သို့ ကြည့်ကာ အရိုးစုပေါ်သို့ နင်းလိုက်ပြီး တိုင်လုံးအား လက်ဖြင့် ပိုက်လိုက်သည်။ အော်ဟစ်လိုက်ရင်းဖြင့် သူ၏ အိမ်မက်ဆိုးခက်ခဲမှုအဆင့်လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်သည် သူ၏ခွန်အားများအားလုံးကို ထုတ်လွှတ်လိုက်၏။ သူ၏လက်မောင်းမှ ကြွက်သားများ ဖောင်းကြွလာပြီး အရွယ်စားနှစ်ဆခန့်ကြီးမားလာကာ မြင်နိုင်စွမ်းရှိသည့်စွမ်းအင်များသည် စတင်၍ ပြန့်နှံ့လာတော့၏။

“ဘုန်း...” တိုင်လုံးသည် ဖှေး၏ဆွဲနုတ်ခြင်းကို ခံနေရသည့်အတွက်ကြောင့် ညင်သာစွာဖြင့် လှုပ်ခါလာတော့သည်။ သို့သော် ထို့နောက်တွင် ဆက်လက်လှုပ်ရှားခြင်းမရှိတော့ပေ။ ဖှေးသည် အားကုန်သုံးကာ ဆွဲနုတ်နေသော်လည်း အောင်မြင်အောင်မနုတ်နိုင်သေးပေ။

ဤသည်မှာ တုန်လှုပ်ဖွယ်ပင်။

လအဆင့်မှ မည်သည့်သိုင်းဆရာမဆို ဖှေး၏ လူရိုင်းဇာတ်ကောင်ခွန်အားများကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ဖှေးတိုင်လုံးကို မြေပြင်အတွင်းမှ ဆွဲထုတ်နိုင်ခြင်းမရှိသေးပေ။ နှိုင်းယှဥ်ကြည့်ပါက တိုင်လုံးအား နှစ်ပိုင်းချိုးပြီး နတ်စင်ပေါ်မှ ပစ်လွှတ်လိုက်သည့် သိုင်းဆရာ၏ ခွန်အားကို တွေးကြည့်နိုင်၏။

အသက်ပြင်းထန်စွာရှူထုတ်လိုက်ပြီးနောက်တွင် သူ၏ခွန်အားကို တိုးမြှင့်ပေးနိုင်သည့် ဒိုင်ယာဘလိုကမ္ဘာမှ ပစ္စည်းများကို ဆင့်ခေါ်လိုက်သည်။ သူ၏ ခွန်အားသည် အမှတ်၂၀ခန့် မြှင့်တက်သွား၏။

“ဖုန်း...”

သူထက်မံ၍ ကြိုးစားကြည့်လိုက်သည်။ တိုင်လုံးသည် ပြင်းထန်စွာလှုပ်ခါသွား၏။ သို့သော် သူထက်မံ၍ ကျရှုံးသွားပြန်သည်။ ကံမကောင်းစွာပင် မြေပြင်အား အမည်မသိ ငွေရောင်ကျောက်တုံးတစ်ခုဖြင့် ဖန်တီးထားခြင်းဖြစ်သည့်အတွက် အလွန်ပင်ကျစ်လစ်သိပ်သည်းကာ မာကြောနေ၏။ ဖှေးအကောင်းဆုံးကြိုးစားသော်လည်း အချိုင့်လေးတစ်ခုပင် ထင်ရန်အတွက် ပြုလုပ်နိုင်ခြင်းမရှိပေ။

ဤရှာဖွေတွေ့ရှုမှုသည် ဖှေးအားကျက်သေသေသွားစေ၏။

မြေပြင်၏ မာကြောမှုသည် သူထင်ထားသည်ထက်ပင်များစွာကျော်လွန်နေပြီး ဤမြေပြင်အားပြုလုပ်ထားသည့် ကျောက်သားသည် သာမန်မဟုတ်နိုင်ချေ။ သူ၏ခြေထောက်အောက်တွင်ရှိနေသည့် အရိုးစုသည် မြေပြင်ပေါ်တွင် လက်သည်းရာများပင်ထင်ကျန်အောင်ကုတ်ခြစ်သွားနိုင်၏။ နေအဆင့်သခင်များပင် ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် တစ်ခြားသိုင်းဆရာတစ်ယောက်သည် နတ်စင်ပေါ်မှနေ၍ ကျောက်တိုင်လုံးတစ်ခုဖြင့်ပစ်ပေါက်ကာ ဤသိုင်းဆရာအား မြေပြင်ပေါ်တွင် ထိုးစိုက်၍ သတ်ဖြတ်ပစ်နိုင်ခဲ့သည်။ သူ၏ ခွန်အားသည်လည်း ကြောက်မက်ဖွယ်ကောင်းမည်မှာမလွဲမသွေပင်။

“ကမ္ဘာကျောက်တုံးကို သန့်စင်ဖို့အတွက်လျို့၀ှက်ချက်က ဒီတိုင်လုံးမှာပဲရှိလိမ့်မယ်။ ဒါပေမယ့်ငါက တိုင်လုံးကို မြေကြီးထဲကနေရအောင်ဆွဲမထုတ်နိုင်သေးဘူး။ ငါဒိုင်ယာဘလိုကမ္ဘာထဲကိုသွားပြီး လယ်ဗယ်မြှင့်တင်ရဦးမယ်ထင်တယ်...”

......

ငါးနာရီခန့်ကြာပြီးသည့်နောက် ဒဏာရီလာနန်းတော်ထဲတွင် အပြာရောင်ပေါ်တယ်တစ်ခုပေါ်လာခဲ့ပြီး ဖှေးသည် ထိုပေါ်တယ်အတွင်းမှ ပင်ပန်းနွမ်းနယ်သည့်မျက်နှာဖြင့် လမ်းလျှောက်ထွက်လာခဲ့၏။

ပြီးခဲ့သည့်ငါးနာရီလုံးတွင် ဖှေးသည် မကောင်းဆိုး၀ါးများကိုသတ်ဖြတ်၍ အာကိန်းရှုခင်းမြေဟူသည့်အလုပ်ကို ပြီးမြောက်ပြီဖြစ်ပြီး ဆင့်ခေါ်သူအမည်ရှိသည့် ခေါင်းဆောင်ကြီးကို သတ်ဖြတ်ကာ နောက်ထပ်အလုပ်တစ်ခုကိုပါပြီးမြောက်ခဲ့သည်။ ထို့နောက်တွင် မှော်ဆရာကျောင်ကြားကိုသွား၍ အုတ်ဂူ၇လုအလုပ်ကိုလည်းပြီးမြောက်ခဲ့သည်။ တစ်နေ့တာဂိမ်းကစားနိုင်ချိန်ပြည့်ပြီးသည့်နောက်တွင် သူသည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၂သို့ရောက်ရှိသွားပြီဖြစ်ပြီး ခွန်ားအားတိုးမြှင့်ရန်အတွက် ဂုဏ်သတ္တိဆိုင်ရာအမှတ်၁၀မှတ်အသုံးပြုခဲ့သည်။

အပြင်ကမ္ဘာသို့ ပြန်မသွားမှီတွင် သူသည် လူ့တ်ဂိုလိမ်မြို့တော်မှ NPCများထံသို့ သွားရောက်၍ သူ၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သည့် ကောင်းမွန်သောပစ္စည်းတစ်ချို့ကိုလည်း ၀ယ်ယူခဲ့သည်။ ကောင်းမွန်စွာပြင်ဆင်ပြီးသည့်အချိန်မှသာလျှင် ဒဏာရီလာနတ်စင်ထံသို့ ပြန်လာခဲ့၏။

“ငါဒီတစ်ခါတော့ ရအောင်ဆွဲထုတ်မှဖြစ်မယ်...”

ဖှေးသည် ထိုပစ္စည်းများကို တပ်ဆင်လိုက်ပြီး တိုင်လုံးထံသို့ လမ်းလျှောက်သွားလိုက်သည်။ ထို့နောက်တွင် အသက်ပြင်းထန်စွာရှူလိုက်ပြီး ကြုံး၀ါးကာ သူ၏ကြွက်သားများကို အသုံးပြုလိုက်၏။ ကျယ်လောင်သည့်ပေါက်ကွဲသံများသည် မြေပြင်တစ်ခုလုံးကွဲအက်တော့မည်ဟုထင်ရ၏။ နတ်စင်နှင့် တောင်တန်းပင် အနည်းငယ်တုန်ခါနေ၏။

နည်းနည်းခြင်းဖြင့် တိုင်လုံးသည် မြေပြင်ထဲမှကြွလာတောာ့သည်။

ဆယ်မိနစ်ခန့်ကြာပြီး အကြိမ်ပေါင်းများစွာကြိုးစားပြီးသည့်နောက်တွင် မြေပြင်အတွင်းမှ ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်သည်။

သူ့အား အံ့သြစေသည့်အချက်မှာ တိုင်လုံး၏ ပြတ်ထွက်နေသည့်အပိုင်းသည် သူထင်ထားသည်ထက်ပင် ရှည်လျားနေသည့်အတွက်ပင်။ မီတာ၂၀ကျော်ခန့်ပင်ရှည်လျားနေ၏။ မြေကြီးထဲတွင်စိုက်၀င်နေသည့်အတွက်ကြောင့်လဲဖြစ်ပေလိမ့်မည်။ ထိုတိုင်လုံး၏အရောင်သည် မြေပေါ်တွင်ရှိနေသည့် အပိုင်းထက်အရောင်သွေးပိုမို၍တောက်ပနေ၏။ တောက်ပသည့် ငွေရောင်ကြောင့် ဤအရာအားလူတော်တော်များများမှ တိုင်လုံးတစ်ခုမဟုတ်ပဲ လှံရှည်တစ်ခုဖြစ်မည်ဟုပင် ထင်မှတ်မိလိမ့်မည်ဖြစ်၏။

ဤပိုင်းပြတ်နေသည့် တိုင်လုံး၏ အရွယ်စားမှာ စုစုပေါင်း၂၆မီတာခန့်ရှည်လျား၏။

ဤအခိုက်တန့်တွင်ဖှေးသည်အသက်ရှူသံများမြန်ဆန်ကာ ချွေးများအပြိုင်းပြိုင်းကျနေ၏။ ဤသည်မှာ လူရိုင်းတစ်ယောက်အနေဖြင့် ပထမဆုံးအကြိမ်သူမောပန်းဖူးခြင်းပင်။ သူသတိလစ်တော့မည်သကဲ့သို့ပင် ခံစားနေရ၏။ သက်လုံဆေးပုလင်းတစ်ပုလင်းသောက်ပြီး နာရီ၀က်ခန့်အနားယူပြီးသည့်နောက်တွင် သူသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့၏။ ထို့နောက်တွင် သူ၏ ငွေရောင်အတောင်ပံများကို ဖွင့်လိုက်ကာ ဤတိုင်လုံအားသယ်ဆောင်၍ ကိုးထပ်မြောက်သို့ ပျံသန်းရန်ကြိုးစားကြည့်လိုက်၏။

ဤတိုင်လုံးသည် အလွန်ပင်လေးလံလှသည့်အတွက်ကြောင့် ဖှေးနတ်စင်ပေါ်တွင် အကြိမ်ပေါင်းများစွာအနားယူခဲ့ရ၏။ အလေးလွန်ကာသယ်ဆောင်သည့်အတွက်ကြောင့် သူ၏ လက်မောင်းပေါ်မှ အရေပြားများပင် ဆုတ်ပြဲကုန်သည်။ သူ၏ကြွက်သားများ ပြင်းထန်စွာထိခိုက်သွား၏။ သူ၏လက်ချောင်းများတွင်ရှိသည် အသားစများပြတ်ထွက်ကုန်ပြီး အဖြူရောင်အရိုးများကိုပင် မြင်နေရ၏။ ပြင်းထန်လှသည့်နာကျင်မှုကြောင့် ဖှေးချွေးများပင် ပို၍စိုရွဲလာပြီး သွေးများချွေးများသည် တိုင်လုံးပေါ်တွင်စွန်းထင်ကုန်၏။ နောက်ဆုံးတွင် တိုင်လုံးတစ်ခုလုံးမှာ အနီရောင်အဖြစ်သို့ပြောင်းလဲသွားတော့သည်။

ဖှေးဤကဲ့သို့သော နာကျင်မှုမျိုးကိုတစ်ခါမှ ခံစားဖူးခြင်းမရှိပဲ ဤကဲ့သို့လည်းစွမ်းအင်အများပြားအသုံးပြုဖူးခြင်းမရှိပေ။ တစ်စုံတစ်ယောက်သည် သူ၏လက်မောင်းများကိုဓားဖြင့် မွမ်းနေသကဲ့သို့ပင်ခံဏားနေရပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးပင် ထုံကျင်လာတောာ့ာသည်။ သို့သော် စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် သူသည် အားတင်းကာ အပေါ်သို့ ဆက်လက်သယ်ဆောင်လာခဲ့၏။

ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဒဏ်ရာရရှိကာ ပြင်းထန်သည့်နာကျင်မှုများကို ခံစားဖူးသော်လည်း ဤကဲ့သို့သော နာကျင်မှုမျိုးကိုမူ ခံစားဖူးခြင်းမရှိပေ။ သူ၏ခေါင်းထဲတွင် အရှုံးပေးလိုသည့်စိတ်များအကြိမ်ပေါင်းများစွာပေါ်လာခဲ့၏။ သို့သော် အယ်လီနာနှင့် အန်ဂျယ်လာတို့အကြောင်းကို ပြန်တွေးကာ အံကြိတ်ရင်းဖြင့် ဆက်လက်ကြိုးစားလာခဲ့၏။

သွေးများစက်များ၊ ချွေးစက်များသည် ဒဏာရီလာနတ်စင်၏ လှေကားထစ်များပေါ်တွင် အဆက်မပြတ်စွန်းထင်းနေလျှက်ရှိသည်။

နောက်ဆုံးတွင် ဖှေး၏ ခန္ဓာကိုယ်တစ်ခုလုံးသွေးများဖြင့် ဖုံးလွှမ်းနေရင်းဖြင့် ဤတိုင်လုံးကို နတ်စင်၏ အပေါ်ဆုံးသို့ရောက်အောင်ဆွဲတင်လာခဲ့နိုင်၏။

All Chapters