အခန်း (၆၀၂)
Vol. 38 Ch. 602
သူ၏လူရိုင်းဇာတ်ကောင်တွင် များပြားလှသည့် ခွန်အားများရှိနေသည်မှာ ဖှေးအတွက်ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက နေအဆင့်မဟုတ်သည့် လူများအတွက် ဤတိုင်လုံးကို မြေကြီးထဲကဆွဲထုတ်ပြီး နတ်စင်၏ အပေါ်ဆုံးအထပ်သို့ သယ်ဆောင်သွားနိုင်ရန်မှာ အဖြစ်နိုင်သလောက်ပင်။
ခနတာခန့်အနားယူပြီးသည့်နောက်တွင် ဖှေးသူ၏မျက်နှာမှ သွေးများချွေးများကို သုတ်လိုက်သည်။ သူသည် မောပန်းနွမ်းနယ်နေဆဲပင်ဖစြ်ပြီး သူ၏အရင်ဘ၀မှ ဆောက်လုပ်ရေးအလုပ်သမားများကိုပင် လေးစားမိသွဦး၏။
အားအင်အနည်းငယ်ပြန်လည်ပြည့်၀လာပြီးသည့်အချိန်တွင် ဖှေး နာကျင်မှုကို အံကြိတ်ခံကာ ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို မော့သောက်လိုက်၏။ သူ၏ ခန္ဓကိုယ်ပေါ်မှ ဒဏ်ရာများအားလုံးပျောက်ကင်းသွားသည့်အချိန်တွင် အော်ဟစ်ကြုံး၀ါးပြီး တိုင်လုံးပြတ်ကို မာ့ကာ လေပေါ်သို့ ခုန်တက်လိုက်ပြီး နတ်စင်၏ အလည်တွင်ရှိနေသည့် တိုင်လုံး ကျန်တစ်ပိုင်းနှင့် ဆက်လိုက်၏။
အနီရောင်စွန်းထင်နေသည့် ကမ္ဘာကျောက်တုံးသည် ထူးဆန်းစွာပင် တိုင်လုံးနှစ်လုံးတွင်ပါရှိသည့် အချိုင့်များဖြင့် ကွက်တိအနေထားဖြစ်နေပြီး အလည်တွင်ရှိနေသည့် အချိုင့်များသည့် ကမ္ဘာကျောက်တုံးအတွက်ဖြစ်သည်ဟုပင် ဖှေးခံစားလိုက်မိသည်။
တိုင်လုံးပြတ်နှစ်ခုဆက်သွားပြီး မကြာမှီမှာပင်အပေါ်တွင်ရှိနေသည့် တိုင်လုံးသည်ညင်သာစွာတုန်ခါသွား၏။ တိုင်လုံးပြတ်နှစ်ခုသည် နှစ်ပေါင်းများစွာ၀ေးကွာနေသည့် ချစ်သူများဖြစ်ပြီး အပေါ်တွင်ရှိနေသည့် တိုင်လုံးပြတ်သည် ပျော်ရွှင်စွာဖြင့် တုန်ခါနေသည့်အတိုင်းပင်။
တိုင်လုံးပြတ်နှစ်ခုကြားထဲတွင် ငွေရောင်အလင်းတန်းများစွာပေါ်လာပြီး စွန်းထင်းနေသည့်ကမ္ယာကျောက်တုံးမှလည်း အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ အလင်းတန်းနှစ်ခုသည် အားနည်းနေရာမှ ပို၍ တောက်ပလာပြီး မျှော်လင့်မထားသည့်ပြောင်းလဲမှုများဖြစ်ပေါ်လာတော့သည်။ ဖြစ်ပေါ်လာသည့်ဖြစ်စဥ်များမှာ ဖော်ပြ၍ပင်ရနိုင်မည်မဟုတ်ပေ။
မကြာမှီတွင် တောင်ထဲတွင်ရှိနေသည့် နေရာတစ်ခုလုံးသည် ထိုအရောင်နှစ်ရောင်ကြောင့် တောက်ပသွားတော့သည်။
တိုင်လုံးနှစ်လုံးကြားထဲတွင်ရှိနေသည့် အက်ကွဲကြောင်းမှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားနေသည်ကိုတွေ့လိုက်ရသည့်အတွက် ဖှေးတုန်လှုပ်သွား၏။ တိုင်လုံးပြတ်နှစ်ခုကို ဆက်လိုက်သကဲ့သို့မရိုးရှင်းလှပေ။ ထိုတိုင်လုံးများသည် ကြွက်သားများကဲ့သို့ပင် မိမိကိုယ်မိမိ ပြန်လည်ကုသနေတော့၏။ မကြာမှီတွင် တိုင်လုံးပြတ်နှစ်ခုသည် တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားတော့၏။
ဖှေးရုတ်တရက်တစ်စုံတစ်ခုအကြောင်းကို တွေးလိုက်မိကာ ကြောက်လန့်သွားတော့သည်။
အကယ်၍ တိုင်လုံးပြတ်နှစ်ခုသည်တစ်ခုတည်းအနေဖြင့်ပေါင်းစည်းသွားပါက အထဲတွင်ထည့်ထားသည့် ကမ္ဘာကျောက်တုံးကို မည်ကဲ့သို့ ပြန်လည်ကာ ထုတ်ယူရမည်ဆိုသည်ကိုပင်။ တိုင်လုံးအား ပြန်ချိုးရန်အတွက် လုံလောက်သည့်ခွန်အားဖှေးတွင်မရှိသည့်အတွက်ပင်။
ထို့နောက်တွင် တိုင်လုံးသည် ကမ္ဘာကျောက်တုံးအတွင်းမှ စွမ်းအင်များကို စုပ်ယူနေကြောင်းကို ဖှေးသတိထားလိုက်မိ၏။ ထို့အပြင် တိုင်လုံးပေါ်တွင်ရှိနေသည့် ဖှေး၏သွေးများသည်လည်း မှော်အစီရင်တစ်ခု၏ စုပ်ယူခြင်းကို ခံနေရသည်။
မြင်ကွင်းတစ်ခုလုံးသည် ဆန်းကျယ်လှ၏။
တိုင်လုံးအပြည့်၀ ပြန်မဆက်သေးခင်ကမ္ဘာကျောက်တုံးအား ထုတ်ယူရန်အတွက် ဘုရင်မှကြိုးစားရန်ပြင်လိုက်သည့်အချိန်တွင် ကျောက်ပုလ္လင်မှကြီးမားသည့် စုပ်အားကြီးတစ်ခုပေါ်လာကာ ဖှေးအား ဆွဲကပ်ထားလိုက်၏။ သူလုံး၀ပင် လှုပ်ရှား၍ မရတော့ပေ။
ထို့နောက်တွင် တုန်လှုပ်ဖွယ်အကောင်းဆုံး ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်လာတော့သည်။
......
......
“ဘုန်း ဘုန်း...”
ဤကမ္ဘာကြီးတစ်ခုလုံးသည် ရုတ်တရက်ပြင်းထန်စွာဖြင့် လှုပ်ခါလာပြီးနေရာတစ်ခုလုံးပြိုကျတော့မည့်အတိုင်းပင်။
တစ်ချို့တောင်များ ပြိုကျကုန်ကြ၏။ တစ်ချို့မြစ်များသည်လည်း ချက်ချင်းပင် ပျောက်ကွယ်ကုန်ကြသည်။ တစ်ချို့တောများမှ ချက်ချင်းပင်မီးလောင်ကုန်ပြီး တစ်ချို့အဆောက်ဦးများပြိုလဲကုန်ကြသည်။ တိရိစ္ဆာန်များလည်းအော်ဟစ်ကာ ပြေးထွက်လာကြပြီး ကမ္ဘာပျက်နေသကဲ့သို့ပင်။
......
ကမ္ဘာငယ်၏ တောင်ဘက်ပိုင်းတွင်ရှိသည်။
အရပ်သုံးမီတာခန့်ရှည်လျားသည့် ကတုံးသည် မီတာ၁၀၀၀ခန့်မြင့်မားသည့် တောင်ကုန်းတစ်ခုပေါ်တွင်ရပ်နေရင်းဖြင့် အော်ဟစ်လိုက်သည်။ “ဒီငလျင်က မဟုတ်မှလွဲရော ဒဏာရီလာ ကောင်းကင်နန်းတော်ကြီးကို တစ်ယောက်ယောက်များရှာတွေ့သွားလို့လား။ မဖြစ်နိုင်ဘူး ကောင်းကင်နန်းတော်က ထူးဆန်းတဲ့လမ်းကြောင်းတွေကနေရွေ့လျားနေတာ ဒီလောကရဲ့ သိုင်းဧကရာဇ် မာရာဒေါ်နာပဲ သူငယ်ငယ်တုန်းက တစ်ခါရောက်ခဲ့ဖူးတယ်ပြောတယ်။ အဲ့တာလဲပြီးတော့ ဘယ်သူမှရှာမတွေ့တော့ဘူး။ ဘာလို့ အခုမှ ပြန်ပေါ်လာခဲ့တာလဲ...”
ထိုလူသည် တုန်လှုပ်ခါဒေါသဖြစ်နေလျှက်ရှိသည်။ သူ၏မျက်လုံးများအတွင်းမှ အလင်းတန်းနှစ်ခုသည် ဤကမ္ဘာငယ်၏ အလည်ပိုင်းနေရာသို့ ထွက်ခွာသွာားတော့သည်။
စကားပြာပြီးသည့်အချိန်တွင် ဤဖြစ်စဥ်ဖြစ်ပေါ်လာရာနေရာသို့ ချက်ချင်းပင် ပျံသန်းသွားတော့၏။
အမဲရောင်နှင့် ပိန်ပိန်ပါးပါး တစ္ဆေသက်တော်စောင့်တစ်ယောက်သည်လည်း သူ့အနားလိုက်ပါကာပျံသန်းသွားလျှက်ရှိသည်။
ထိုလူသည် ဓာတ်ဂိတ်တံခါးများရှိသော နတ်စင်ပေါ်တွင်ဖှေးသတ်လိုက်သည့်လူနှင့် တစ်ပုံစုံထဲပင်။ တကယ်ထဲတွင် အိုက်ဟိုဗင်အင်ပါယာ၏ တော်၀င်သက်တော်စောင့်များဖြစ်ကြသည့် တစ္ဆေကိုယ်ရံတော်များသည် တူညီသည့် ကျင့်စဥ်တစ်ခုတည်းကိုသာ လေ့ကျင့်လေ့ရှိကြသည့်အတွက်ပင်။ သူတို့၏ ပညာအဆင့်ပို၍မြင့်မားလာသည်နှင့်အမျှ သူတို့၏လက်သည်းများသည်လည်း ရှည်ထွက်လာကာ သူတို့၏ လက်ဆွဲတော်လက်နက်များဖြစ်လာကြမည်ဖြစ်သည်။ ထို့အပြင် သူတို့၏ ရုပ်ရည်သည်လည်း တစ္ဆေများကဲ့သို့ပင် ပြောင်းလဲလာပြီး အလွန်ပင်ရက်စက်ကြမ်းကြုတ်ကာ သတ်ဖြတ်လိုစိတ်များလည်းပေါ်လာမည်ဖြစ်၏။
ဤတစ္ဆေသက်တော်စောင့်သည့် အကောင်းဆုံများထဲမှ တစ်ယောက်ပင်။ ထို့ကြောင့်သာ သူသည် အင်ပါယာအရှင်သခင်ခရွန်ကန့်နှင့်အတူ ဒဏာရီလာနန်းတော်ထဲသို့ လိုက်ပါလာခွင့်ရခဲ့ခြင်းပင်။ သူသည် ခရွန်ကန့်ထထံတွင် အမှုထမ်းသည်မှာ နှစ်ပေါင်း၃၀ကျော်ပင်ကြာပြီဖြစ်သောကြောင့် ဤအာဏာရှင်ကို ကောင်းစွာသိကာ ဤကဲ့သို့စိုးရိမ်နေသည်ကို သူတစ်ခါမှမမြင်ခဲ့ဖူးချေ။ လက်ရှိအခိုက်တန့်တွင် ခရွန်ကန့်သည့် မနာလိုခြင်းများဖြင့် ပြည့်နှက်နေပြီး အနည်းငယ်လဲ ကြောက်လန့်ကာ ဒေါသဖြစ်နေသည့်ပုံပင်။
“ငါတို့အရှင်သခင်က ဘာလို့ ဒီလောက်စိုးရိမ်နေရတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ...” ဤတစ္ဆေကိုယ်ရံတော်မှာ နားမလည်နိုင်ဖြစ်သွား၏။ သို့သော် ဤကမ္ဘာငယ်ရုတ်တရက်လှုပ်ခါလာခြင်းသည် သူ့အား မကောင်းသည့်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိ၏။
သူတို့နှစ်ယောက်လုံးသည် အလည်ပိုင်းနေရာသို့ စတင်၍ ပျံသန်းသွားကြတော့၏။
......
ကမ္ဘာငယ်၏ မြောက်ဘက်ပိုင်းတွင်ဖြစ်သည်။
ကန္တာရထဲတွင်တည်ငြိမ်စွာဖြင့် လမ်းလျှောက်နေသည့် ဆံပင်အပြာရောင်နှင့်လူသည် ရုတရက် ရပ်တန့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိုးရိမ်သည့်အမူယာတစ်ခုပေါ်လာ၏။ သူသည် ရှေ့သို့ ခြေလမ်းတစ်လမ်းလှမ်းလိုက်ရာ မီတာ၁၀၀၀ခန့်၀ေးသည့်နေရာတွင် ချက်ချင်းပေါ်လာတော့သည်။
သူ၏ သစ္စာရှိကိုယ်ရံတော်နှစ်ယောက်လည်းအနောက်မှ ပြေးလိုက်လာလျှက်ရှိသော်လည်း သူ့ကို မှီတယ်ဆိုရုံမျှသာ မှီနိုင်၏။ သူတို့သုံးယောက်သည် လျှင်မြန်စွာပင် ဤကမ္ဘာငယ်၏ ဗဟိုချက်နှင့် နီးကပ်လာတော့၏။
လယ်ဗယ်၃၆ဒေသတွင်ရှိနေသည့် တစ်ခြားသိုင်းဆရာများသည်လည်း အလားတူပင်ဖြစ်ပျက်နေလျှက်ရှိကြသည်။
အစိမ်းရောင်မျက်လုံးများရှိသည့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာ၊ အောက်လမ်းမှော်ဆရာ ဟေဇယ်-ဘန်ခ့်၊ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တစ်ခုပိုင်ဆိုင်ထားသည့် စိန့်ဂျာမိန်းအင်ပါယာ၏မင်းသား ဂါရာနို၊ ကန္တာရ၏အမျက်ဒေါသလက်နက်ကိုပိုင်ဆိုင်ထားသည့် ဂျက်အင်ပါယာမှ တော်၀င်သိုင်းဆရာ၊ မဟာဘုရားကျောင်းမှလူများသည် ကမ္ဘာငယ်၏ လျို့၀ှက်ဆန်းကျယ်သည့် ပြောင်းလဲခြင်းများကို အာရုံခံလိုက်မိပြီး လားရာနေရာကို သိလိုက်ကြသည်။ ထို့ကြောင့် သူတို့အားလုံးသည် ဖှေးရှိနေသည့် ဗဟိုချက်နေရာသို့ပြေးလာကြတော့သည်။
......
သူတို့အားလုံးသိသည့် တစ်ချက်မှာ လျို့၀ှက်ဆန်းကျယ်သည့် နေရာတစ်ခုဖြစ်သည့် ကောင်းကင်မြို့တော်ကြီးပေါ်လာတော့မည်ဆိုသည်ကိုပင်။
ကောင်းကင်မြို့တော်သည် လွန်ခဲ့သည့်နှစ်ပေါင်းလေးရာခန့်က တစ်ကြိမ်သာပေါ်လာခဲ့ဖူးသည်။ ထိုကဲ့သို့ တစ်ကြိမ်ပေါ်လာခဲ့ခြင်းသည် လောကတစ်ခုလုံး၏ သိုင်းထွပ်ခေါင်ဖြစ်သူ မာရာဒေါ်နာကို ဖန်တီးခဲ့သည်။
ထိုအချိန်မှစ၍ ကောင်းကင်နန်းတော်ကြီးကို တွေ့ရခြင်းမရှိခဲ့ပေ။ အရည်ချင်းရှိကာ ကံကောင်းသည့် သိုင်းဆရာများစွာ လယ်ဗယ်၃၆ဒေသသို့ရောက်ရှိခဲ့ကြသော်လည်း သူတို့ထဲမှ မည်သူမှ ကောင်းကင်ပေါ်တွင်ပျံနေသည့် ကောင်းကင်မြို့တော်ကြီးအား မြင်တွေ့ဖူးခြင်းမရှိကြပေ။
သိုင်းထွပ်ခေါင် မာရာဒေါ်နာသည်လည်း သူကောင်းကင်နန်းတော်နှင့် ကြုံတွေ့ခဲ့ရဖူးသည့်အချက်များကို ဖော်ပြခဲ့ဖူးသည့်အတွက် ယနေ့ဖြစ်နေသည့်အချက်လက်များနှင့် တူညီနေသည်ကို သူတို့သိလိုက်ခြင်းပင်။ ထို့ကြောင့် သိုင်းဆရာများသည် အံ့သြသွားကြကာ အလယ်ပိုင်းဗဟိုချက်သို့ အမြန်သွားနေကြခြင်းပင်။
အမှန်ပင် တစ်ချို့သိုင်းဆရာများသည်လည်း ဆုံးဖြတ်ချက်ခိုင်မာသည့်အတွက် ဆေးပင်းများကိုသာ လိုက်လံစုဆောင်းပြီး သူတို့၏ရည်မှန်းချက်များပြည့်၀ရန်အတွက် ဆက်လက်ကျင့်ကြံနေကြသည်။ ဖှေးနှင့်အတူလိုက်လာသည့် သိုင်းဆရာအဖိုးကြီးလေးယောက်သည်လည်း သူတို့ရှိနေပြီးနေရာတွင်သာနေထိုင်၍ ဆက်လက်ကျင့်ကြံရန်သာ ဆုံးဖြတ်လိုက်၏။
......
ဖှေးသည် ဖြစ်ပျက်နေသည့်အရာအားလုံးကို ထိတ်လန့်အံ့သြစွာဖြင့် ကြည့်နေလျှက်ရှိသည်။
သူသည် ကျောက်ထိုင်ခုံနှင့်ကပ်မိနေသည့်အတွက် လှုပ်ရှားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကျောက်ပုလ္လင်မှထွက်ပေါ်နေသည့် ငွေရောင်အလင်းတန်းများသည်လည်း သူ့အား ကောင်းမွန်စွာကာကွယ်ပေးထား၏။ တိုင်လုံးပြတ်နှစ်ခုသည် ပြန်လည်ပေါင်းစပ်သွားပြီးမကြာမှီ ဆူညံသံများစွာထက်ပေါ်လာတော့သည်။ ဒဏာရီလာနတ်စင်ပေါ်မှ မှော်အစီရင်များသည် အသက်၀င်လာပြီး လူသားခန္ဓာကိုယ်အတွင်းမှ သွေးကြောများကဲ့သို့ပင် အရောင်တောက်ပလာတော့၏။ ကျောက်တိုင်ပေါ်တွင်ရှိနေသည့် ဖှေး၏သွေးများသည်လည်း မှော်စွမ်းအင်များဖြင့် ပူးပေါင်းသွားပြီး ထူထပ်သည့်ငွေရောင်အလင်းတန်းများပေါ်လာ၏။ နတ်စင်၏ အထပ်တစ်ခုခြင်းစီတိုင်းတွင် ငွေရောင်အလင်းတန်းကိုးခုဖြာထွက်နေ၏။
ထိုအလင်းတန်းများထွက်ပေါ်လာပြီး မကြာခင်မှာပင် နတ်စင်တစ်ခုလုံးသည် စတင်၍ လည်ပတ်လာတော့သည်။
အထပ်တစ်ခုခြင်းစီတိုင်းသည် အောက်ကအထပ်နှင့်မတူညီသည့်လားရာအတိုင်းလည်ပတ်နေပြီး သူတို့၏ လည်ပတ်နှုန်းများသည်လည်း မတူညီသည့်အတွက် မြင်ကွင်းမှာ အလွန်ခမ်းနားလှသည်။ တစ်ချို့သည်နာရီလက်တံအတိုင်းလည်ပတ်နေကြပြီး၊ တစ်ချို့မှာ နာရီလက်တံပြောင်းပြန်အတိုင်းလည်ပတ်နေကြသည်။ တစ်ချို့မှာ မြန်ဆန်ပြီး တစ်ချို့မှာ နှေးကွေး၏။ ကံကြမာစက်၀န်းကိုးခုသည် လည်ပတ်နေကာ သန်းနှင့်ချီသည့် ဖြစ်နိုင်ချေများကို ပေါင်းစပ်၍ အတိတ်၊ ပုစ္စုပ်ပန်နှင့် အနာဂတ်တို့ကို တွက်ချက်နေသည့်အတိုင်းပင်။