← Chapters

မျက်ကန်း၏ မျက်လုံး၊ ရွှေအ၏ တူ

Vol. 78 Ch. 1010

မျက်ကန်း၏ မျက်လုံး၊ ရွှေအ၏ တူ

Vol. 78 Ch. 1010

ချင်မူမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။

မဟာလေဟာနယ်မှ ပြန်လာကတည်းက ယွင်ချွီးရှို့သည် သူ့ကို နားပူနားဆာ လုပ်နေခဲ့သဖြင့် ကောင်းကင်နတ်အရှင်ယွင်၏ ဝိညာဉ်အား အသက်ပြန်သွင်းရန် အချိန်မရခဲ့ပေ။

ထို့အပြင် ကောင်းကင်နတ်ဘုံတွင် ဝိညာဉ်ဆင့်ခေါ်ရန် အန္တရာယ်များသည်။ ကောင်းကင်နတ်အရှင်ဆယ်ယောက်လည်း ရှိနေသည့်အတွက် ကောင်းကင်နတ်အရှင်ယွင်၏ ဝိညာဉ်ကို ဆင့်ခေါ်လိုက်လျှင် သိသွားကြလိမ့်မည်။

ယခုတွင် ယွင်ချွီးရှို့ မရှိတော့သဖြင့် သူ စိတ်အေးလက်အေး ဖြစ်သွားချေပြီ။

“တုထျန်း၊ သွားစို့” ချင်မူက ပျော်ရွှင်နေသောအသံဖြင့် ရတနာရထားလှည်းဆီ ပြန်လှည့်လာသည်။

ကောင်းကင်နဂါး ရတနာရထားလှည်း စရွေ့လာသည်။ ကောင်းကင်နဂါးကိုးကောင်သည် အရှိန်တင်လျက် မြစ်ကြောင်းအတိုင်း အရှေ့အရပ်သို့ ဦးတည်သွား၏။

ရထားလှည်းထဲတွင် နတ်ဘုရင်လန်ဝူက မေးသည်။ “အထွတ်အမြတ်ကလေးငယ်၊ ခိုင်ဧကရာဇ်နဲ့ မတွေ့ချင်ဘူးလား”

“တွေ့စရာမလိုဘူး”

ချင်မူ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်ပြီး ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာကို ကော်ဇောအပေါ် ချလိုက်သည်။ နတ်ဘုရင်လန်ဝူက သူမ၏အသိစိတ်အလျဉ်ကို ထုတ်လွှတ်၍ ရထားလှည်းကို လွှမ်းခြုံစေလိုက်ရာ အပြင်ရှိ မည်သူမှ ရထားလုံးအတွင်းထဲသို့ မကြည့်နိုင်တော့ပေ။

ချင်မူ၏အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်က တရှိန်ထိုး ထွက်ပေါ်လာကာ သင်္ကေတအမှတ်အသားများအဖြစ် ပြောင်းလဲသွားသည်။ သူက ပြောသည်။ “သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်ကို တွေ့မြင်ချင်လို့ လာတာ... ကျွန်တော့်အတွက် သူ့ကို သွားတွေ့လည်း အလကားပဲ... သူ့အနေနဲ့ သူ့ရင်ထဲက တွေဝေမှုတွေကို ဖျက်စီးဖို့ သူ့မျက်လုံးနဲ့သူ ကြည့်နိုင်ဖို့ လိုတယ်... ဒါ့အပြင် ကောင်းကင်နတ်အရှင်ရှောင်က ဒီပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုဖို့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို အသုံးပြုနေတာ ... လိမ်လိမ်မာမာ နေတာ အကောင်းဆုံးပဲ”

ရှုကျွင်း အေးစက်စက် ရယ်လိုက်မိ၏။ “အထွတ်အမြတ်ကလေးငယ်၊ မင်းကိုယ်မင်း လိမ်မာတယ်ထင်တယ်လား”

ကမ္ဘာဦးသစ်ပင်အပေါ်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက အကြည့်ပြန်ရုတ်ပြီး မျက်လုံးများ ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ ကမ္ဘာဦးသစ်ပင် ကောင်းကင်နန်းတော်အတွင်းရှိ ရွှံ့လူသားက သက်ပြင်းချ၍ ရှေ့လျှောက်နောက်လျှောက်ရင်း တစ်ယောက်တည်း ရေရွတ်နေ၏။ “ကောင်းကင်နတ်အရှင်ချင်က အတိတ်တုန်းကထက် အများကြီး သန်မာအားကောင်းလာတယ်... ဒါပေမဲ့ ကောင်းကင်နတ်ဘုံအဆင့်နဲ့ ဝေးကွာနေတုန်းပဲ... ခိုင်ဧကရာဇတ်ခေတ်က ကောင်းကင်နတ်ဘုံလို အဲဒီလောက်မြင့်မားတဲ့ အဆင့်တစ်ဆင့်ရောက်အောင် မပံ့ပိုးပေးနိုင်ဘူး... ဒါပေမဲ့ သူ့ဓားကွက်တွေက ကြောက်စရာကောင်းတယ်... ပြီးတော့ ဘယ်သွားသွား ပြဿနာကို ရအောင် ရှာနိုင်တဲ့ ကောင်းကင်နတ်အရှင်မူလည်း ရှိသေးတယ်”

“ဒါပေမဲ့ အမိကမ္ဘာမြေ ပြဿနာထရှာမယ် မထင်ထားဘူး... အံ့ဩစရာပဲ... တကယ် အံ့ဩစရာပဲ.... အမိကမ္ဘာမြေ၊ ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင် ရှင်းထုတ်ဖို့၊ ကောင်းကင်နတ်အရှင်မူရဲ့ ဝိညာဉ်အသက်သွင်းကျင့်စဉ်ကို အရင်ဖယ်ရှားပစ်ရမယ်”

ကောင်းကင်နဂါးရတနာ ရထားလှည်းထဲတွင် ချင်မူသည် မန္တန်အစီအရင်ကို ရွတ်ဖတ်ရင်း ကောင်းကင်နတ်သိုင်း ထုတ်လွှတ်ကာ ကောင်းကင်နတ်အရှင်ယွင်၏ ဝိညာဉ်အား ဆင့်ခေါ်နေ၏။ တခဏကြာသော် သူ ရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေသည်။

“အထွတ်အမြတ်ကလေးငယ်၊ ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်ကို ခံစားနိုင်လား” နတ်ဘုရင်လန်ဝူက မေးသည်။

ချင်မူလည်း ခေါင်းညိတ်လိုက်ပြီး စဉ်းစားကြည့်နေ၏။ “ဝိညာဉ် ပြိုကွဲသွားရင်တောင် အနက်ရောင်ဝိညာဉ်သဲမှုန်တွေကို ဆင့်ခေါ်နိုင်သေးတယ်... ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုလို အသက်ရှင်ပေမယ့် သေချင်ယောင်ဆောင်နေတဲ့သူတွေကျတော့ သူတို့ရဲ့ ရုပ်ခန္ဓာကို ရထားရင် သူတို့ဝိညာဉ် ဘယ်မှာရှိလဲ ရှာနိုင်တယ်... ငါ့ကောင်းကင်နတ်သိုင်း မိုးမြေတစ်ခွင် လိုက်ရှာနိုင်ပါတယ်... ကောင်းကင်နတ်သိုင်း အသက်ဝင်သွားရင် ကောင်းကင်နတ်ဘုံ၊ ရွှမ်တု၊ ယွမ်တုနဲ့ ကောင်းကင်ယင်ကမ္ဘာတွေမှာတောင် ငါ့ကောင်းကင်နတ်သိုင်းက သက်ရောက်တယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်ကတော့ တည်ရှိမနေသလို မခံစားရဘူး....”

“ဒါက မဟာဧကရာဇ်ရဲ့ စနက်ပဲ”

နတ်ဘုရင်လန်ဝူသည် စဉ်းစားကြည့်ကာ ပြောပြ၏။ “မဟာဧကရာဇ်မှာ အဲဒီလိုအစွမ်းအစတွေ ရှိတယ်... သူက ဝိညာဉ်တွေကို ဘယ်သူမှ ရှာမတွေ့နိုင်အောင် ဖျောက်ပစ်နိုင်တယ်... ကောင်းကင်နတ်အရှင်ယွင်က မဟာဧကရာဇ်ရဲ့ လက်ချက်နဲ့ သေသွားတာများလား”

ချင်မူ့အမူအရာက လေးနက်သွားသည်။ သူက အသာအယာ ခေါင်းညိတ်၍ မေးလေသည်။ “ဝိညာဉ်ပြိုကွဲသွားရင်အောင် အနက်ရောင်ဝိညာဉ်သဲမှုန်တွေ ဖြစ်သွားပြီး ကောင်းကင်ယင်ကမ္ဘာဆီ စုပ်ယူခံရမှာ... မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်ယွင် အရှင်းပျောက်ကွယ်သွားအောင် ဘယ်အစွမ်းအစတွေနဲ့ လုပ်လိုက်တာလဲ”

သူ အတော်လေး နားမလည်နိုင် ဖြစ်မိသည်။

သူ၏ဝိညာဉ်လမ်းညွှန်က ယိုတု၏ မန္တန်အစီအရင်တစ်ခုဖြစ်သည်။ အပြောင်းအလဲများ လုပ်၍ အဆင့်မြှင့်တင်ပြီးနောက် မည်သည့်နေရာသို့ ရောက်နေစေကာမူ ခြေခံရာမိနိုင်သည်။ ဤမှော်အစီအရင်တွင် သူ ယုံကြည်ချက်ရှိသေး၏။

“ဒီကမ္ဘာမှာ မင်း လိုချင်တဲ့ ဝိညာဉ်တွေ ရှာမတွေ့နိုင်အောင် လုပ်နိုင်တဲ့ လူသုံးယောက်ပဲ ရှိတယ်”

ရှုကျွင်းက အလေးအနက် ပြောသည်။ “ပထမတစ်ယောက်ကတော့ မဟာဧကရာဇ်ပေါ့... ကျန်တဲ့နှစ်ယောက်က ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုပဲ... ကောာင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုက အဆုံးသတ်မြို့ပျက်ကို ပိုင်ဆိုင်ထားတာမလို့ ဘယ်အရာကိုမဆို ဖြိုခွဲဖျက်စီးပစ်နိုင်စွမ်း ရှိကြတယ်... ဟိုတုန်းက သူတို့ အဆုံးသတ်မြို့ပျက်ကို အသက်သွင်းလိုက်ပြီး ငါ့မျိုးနွယ်တွေကို ရေတွက်လို့မရအောင် သတ်ပစ်ခဲ့ဖူးတယ်... ငါ့မျိုးနွယ်ရဲ့ ကျန်တဲ့ နတ်ဘုရင်နှစ်ယောက်က သူတို့ညီမလက်ချက်နဲ့ သေခဲ့ရတာ... ဝိညာဉ်တွေ မပြောနဲ့... အသိစိတ်အလျဉ်ကိုတောင် ပျောက်ကွယ်သွားအောင် သူတို့လုပ်နိုင်တယ်.... မဟာဧကရာဇ်လည်း လုပ်နိုင်တယ်... မဟာဧကရာဇ်ရဲ့ အားသာချက်က အင်မတန် သန်မာအားကောင်းတဲ့ အသိစိတ်အလျဉ်၊ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ပဲ”

ချင်မူ ခေါင်းညိတ်လိုက်သည်။ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က မနှိုင်းယှဉ်နိုင်အောင် ရှုပ်ထွေးဆန်းပြား၏။ ကောင်းကင်နတ်ဘုံက လက်ဝဲယံ လက်ထောက်ဝန်မင်း ယန်ရှောင်ချင်း ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ်ကျင့်စဉ်ကို ဖန်တီးနိုင်ရန် စောင့်နေခြင်း ဖြစ်သည်။

“မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်က ဘာကြောင့် မဟာခြုံလွှမ်းလို့ ခေါ်တာလဲ”

ရှုကျွင်းက ပြောသည်။ “တကယ်တော့ သူ့အသိစိတ်အလျဉ်က ရှေးဟောင်းကမ္ဘာဦးခေတ်ကတည်းက စုဝေးနေခဲ့ပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကိုတောင် ဖွဲ့တည်လာစေခဲ့တယ်... အဲဒါက အဆင့်မြင့်အသိစိတ်အလျဉ်နဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ကမ္ဘာပေါ့လေ.... မင်းရဲ့ မှော်အစီအရင်တွေမပြောနဲ့ , ကမ္ဘာပေါ်က မှော်အစီအရင်မှန်သမျှ ဒီမှာ အလုပ်မဖြစ်ဘူး... အဲဒီကမ္ဘာမှာ မဟာတာအိုရဲ့ စည်းမျဉ်းဥပဒေတွေကို မဟာဧကရာဇ်ကပဲ ဆုံးဖြတ်တယ်... ငါ့အထင်တော့ ကောင်းကင်နတ်အရှင်ယွင်ရဲ့ ဝိညာဉ်ကို မဟာဧကရာဇ်က အဲဒီကမ္ဘာဆီ မောင်းထုတ်လိုက်တာပဲ ဖြစ်မယ်”

နတ်ဘုရင်လန်ဝူမှာ နားမလည်သဖြင့် မေးသည်။ “နတ်ဘုရင်ရှု၊ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြလို့ရမလား”

“မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနဲ့ ပတ်သက်ပြီး ငါလည်း သိပ်မသိဘူး”

ရှုကျွင်းက ပြောသည်။ “မဟာဧကရာဇ် အခုလောက် အင်အားမကြီးတုန်းက နံပါတ်တစ် အသန်မာဆုံး သိုင်းပညာရှင်ဆိုတဲ့ ဘွဲ့အတွက် ငါ သူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်... အဲဒီအချိန်တုန်းက သူ ဒီအကြောင်းပြောတာ ကြားခဲ့တာပဲ.... သူက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို ထိပ်ဆုံးအထိ ကျင့်ကြံခဲ့ပြီးလို့ အနန္တဟင်းလင်းပြင်ဆီ ရောက်စပြုနေပြီ... သူ့အသိစိတ်အလျဉ်က အနန္တဟင်းလင်းပြင်ထဲမှာ အမြဲပြောင်းလဲနေပြီး မသေနိုင်ဘူး.... အသိစိတ်အလျဉ်ကို သူ့အဆင့်လောက်အထိ ကျင့်ကြံထားမှ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ရှာတွေ့မယ်ထင်တာပဲ... ဒါပေမဲ့ ငါ အရွယ်အကောင်းဆုံးအချိန်မှာ အဲဒီအဆင့်အထိ မကျင့်ကြံနိုင်ခဲ့ဘူး”

သူက နတ်ဘုရင်လန်ဝူဆီ ကြည့်ကာ ပြောသည်။ “မင်းရဲ့ လက်ရှိ အသိစိတ်အလျဉ်က ငါ အရွယ်ကောင်းတုန်းက အချိန်ထက် အများကြီး အားကောင်းတယ်… နင် အနန္တဟင်းလင်းပြင်ဆီ ရောက်နိုင်လား”

နတ်ဘုရင်လန်ဝူက ခေါင်းခါ၏။ “ကျွန်မရဲ့ လက်ရှိအသိစိတ်အလျဉ်နဲ့ ၃၅ခုမြောက် ဟင်းလင်းပြင်အထိပဲ ရောက်နိုင်ပါတယ်… အနန္တဟင်းလင်းပြင်ကနေ ခြေတစ်လှမ်းစာလိုနေသေးတယ်”

ရှုကျွင်းသည် မနာလိုနေသောအမူအရာဖြင့် သက်ပြင်းချလိုက်သည်။ “ငါ့တုန်းကထက် အများကြီး သန်မာအားကောင်းနေပါပြီဟ”

နတ်ဘုရင်လန်ဝူက မှင်သေသေ ပြောသည်။ “ပုံမှန်ပါပဲ”

ရှုကျွင်းက အေးစက်စက် နှာခေါင်းရှုံ့ကာ ရယ်လိုက်၏။ “သိပ်ကြီးလည်း ဘဝင်မြင့်မနေနဲ့… အခု ငါ အစကနေ စနေတာ… ငါ လုပ်ဖို့ လိုတာက ကောင်းကင်တံတားကောင်းကင်ရတနာကို ကျင့်ပြီး မင့်ရဲ့ ကောင်းကင်တံတားကောင်းကင်ရတနာထက် ကျော်တက်လိုက်ဖို့ပဲ…. ငါ့ရဲ့ အင်အားက မင်းထက် အဆပေါင်းများစွာ ကျော်တက်သွားလိမ့်မယ်… ပြီးခဲ့တဲ့ တလောက ငါ ချီကျုံရီရဲ့ အကူအညီနဲ့ ကောင်းကင်ရတနာတွေ ဖွင့်တတ်သွားပြီ…. ရွှင်ပျော်ပျော်ကျေးရွာရဲ့ တောသားတွေနဲ့ ယှဉ်ရင် သူက ပိုပြီး ထက်မြက်တယ်”

ချင်မူ အံ့အားသင့်သွားသည်။ “နတ်ဘုရင်ကြီး ဘယ်တုန်းက ချီကျုံရီဆီကနေ သွားသင်လိုက်တာလဲ… အနားမှာ ရှိတဲ့လူကို မေ့ပြီး အဝေးကလူကို ဘာလို့ အားထားနေတာတုန်း”

ရှုကျွင်းက သူဆိုလိုသည်ကို နားမလည်သဖြင့် ပြောလေသည်။ “မင်းက လန်ဝူနဲ့ ယွမ်မုနဲ့ ချစ်ကြည်နူး တစ်တီတူးနေတာလေ… ဘယ်မှာလည်း ငါ့အတွက် အချိန်… ဒီတော့ ချီကျုံရီကိုပဲ အပူကပ်ရတာပေါ့”

ချင်မူက ပြုံးကာ ပြောလိုက်သည်။ “ချီကျုံရီက ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို စောစော ဖွင့်နိုင်ခဲ့တဲ့ လူတွေထဲက တစ်ယောက်ဆိုတော့ အစောဆုံးတော့ ဘယ်ဟုတ်မလဲ… ရှုရှန်းဟွာနဲ့ ကျွန်တော်က ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို အစောဆုံးဖွင့်နိုင်ခဲ့တဲ့သူတွေလေ…. ဒုတိယကတော့ ချီကျုံရီမဟုတ်ဘူး … နဂါးချီလင်ပဲ… သူ့ကို ကျွန်တော် သင်ပြပေးထားတာ”

ရှုကျွင်းသည် အိပ်ပျော်နေသော နဂါးချီလင်ကို ကြည့်ကာ မှင်သက်သွား၏။

နဂါးချီလင်က အိပ်ချင်မူးတူးဖြင့် ခေါင်းထောင်ပြီး သူ့ကို ရွံသလို ကြည့်သည်။

“ဖက်တီးနဂါးက ကျွန်တော်နဲ့ အကြာဆုံး အတူရှိခဲ့တဲ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အရင်းနှီးဆုံး တစ်ယောက်ပဲ”

ချင်မူ ရယ်လိုက်သည်။ “ကျွန်တော် ကောင်းကင်ရတနာအမျိုးမျိုး ဖွင့်ပြီး တက္ကသိုလ်ကျောင်းတွေမှာ ပညာလိုက်သင်ခဲ့တုန်းက နဂါးချီလင်က ကျွန်တော်နဲ့အတူ အမြဲ ရှိနေခဲ့တယ်လေ… သိုင်းတာအိုဖြစ်ဖြစ်၊ ကောင်းကင်နတ်သိုင်းဖြစ်ဖြစ်၊ ဓားသိုင်းဖြစ်ဖြစ်၊ သိုင်းကွက်အသားပေး ပညာရပ်တွေဖြစ်ဖြစ်၊ သူက အကုန်လုံးနဲ့ အကျွမ်းဝင်တယ်… ဘာကြောင့် ချီကျုံရီက အကူအညီသွားတောင်းတော့မှာလဲ… အဲဒီချိန်တုန်းက ချီကျုံရီက အနောက်ကမ္ဘာမြေဆီ ရောက်နေခဲ့တာ ဆိုတော့ သိပ်သိတာမဟုတ်ဘူး”

နဂါးချီလင်က တဝှားဝှား သမ်းဝေပြီးနောက် သူ့နှုတ်ခမ်းကို လျှာဖြင့် လျက်ကာ ပြော၏။ “ချီကျုံရီက ကျွန်တော်ရဲ့ တတိယညီလေး… ကျွန်တော်က သူ့ထက်အကြီး”

ရှုကျွင်းမှာ ပို၍ပင် တုန်လှုပ်သွားတော့သည်။

ကောင်းကင်နတ်ဘုံတွင် နုနယ်ပျိုမြစ်သော မိန်းကလေးတစ်ယောက်သည် ချစ်စဖွယ် ကျစ်ဆံမြီးလေးနှစ်ခေါင်းကို ယမ်းခါလျက် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ခပ်သွက်သွက် လျှောက်လာ၏။ သူမက ယွင်ချွီးရှို့ နောက်တစ်ယောက် ဖြစ်ပေသည်။

“အဲဒီခွေးကောင်လေးက ငါ အမိကမ္ဘာမြေနဲ့ ပါသွားတာကို ထိုင်ကြည့်နေရက်တယ်… ငါ့ရဲ အဲဒီခန္ဓာကိုယ်က သိပ်မကြာခင် အမိကမ္ဘာမြေ ဖျက်စီးတာ ခံရတော့မှာပဲ… ဟိုတုန်းက ငါ အမိကမ္ဘာမြေကို စိတ်ဆိုးအောင် လုပ်ခဲ့မိတယ်… သူက ကောင်းကင်နယ်စားမင်းရဲ့ အဆီအနှစ်တွေကို ခိုးယူနေပါတယ်ဆိုပြီး ကောင်းကင်နယ်စားမင်းဆီ သွားတိုင်လိုက်လို့ ကောင်းကင်နယ်စားမင်း သူ့ကို ကောင်းကောင်းရိုက်နှက်ခဲ့တာ မှတ်မိပါသေးတယ်….”

သူမသည် စွမ်းအင်အကူးအပြောင်းတံတားထဲ အလျင်အမြန် ဝင်လိုက်သဖြင့် ကျစ်ဆံမြီးလေးနှစ်ချောင်းက သူမ၏တင်ပါးကို ရိုက်ခတ်သွား၏။ သူမက တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ဒါပေမဲ့ အဲဒီခွေးကောင်လေး ငါ့ကို ခါထုတ်ဖို့ လွယ်မှာမဟုတ်ဘူး…. သူက ငါ့ကို ကမ္ဘာဦးဘုံဆီ မလာစေချင်မှတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နန်းစိုက်မြို့တော်ကနေ သူ့ကို သွားစောင့်ရမယ်.. သူ နတ်ဘုရားအဆင့်အထိ ဘယ်လိုကျင့်ကြံနိုင်ခဲ့မှန်း ငါ မသိလိုက်လို့သာ သူ့လက်ထဲမှ ရုန်းမထွက်နိုင်လိုက်တာ…. ဒီတစ်ခေါက်တော့ ကောင်းကင်နတ်ဘုရားအဆင့် ရုပ်ခန္ဓာကို ငါ ဖန်ဆင်းပြီးပြီ… သူ့ကို တွေ့ရင် သူ့ကို နာနာလေး ရိုက်ပေးရမယ်”

သူမ စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်တော့မည့်အချိန် လျန်းဟွာဟွန် လျှောက်လာသည်ကို မြင်လိုက်ရ၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသည်နှင့် လမ်းလျှောက်နေသည်ကို ရပ်ကာ တစ်ယောက်ကိုတစ်ယောက် သတိအနေအထားဖြင့် ကြည့်လိုက်ကြသည်။

“ညီမလေးချွီးရှို့၊ နင် ကောင်းကင်နတ်အရှင်မူနဲ့အတူ ကမ္ဘာဦးဘုံဆီ ထွက်သွားတာ မဟုတ်ဘူးလား”

လျန်းဟွာဟွန်၏ မျက်ဝန်းများတွင် မုန်းတီးမှု၊ သိချင်မှုတို့ ပြည့်နှက်နေသည်။ သူမက မေးလေသည်။ “ဘာလို့ ကောင်းကင်နတ်ဘုံမှာ ရှိနေသေးတာလဲ”

ယွင်ချွီးရှို့က ကျစ်ဆံမြီးလေးနှစ်ချောင်းကို ရင်ဘတ်အရှေ့သို့ ဆွဲချလိုက်ရင်း ပြုံးကာ ပြောသည်။ “ပြန်လာလို့တောင် မရဘူးလား… မမလျန်းကလည်း… မမကရော ဘယ်သွားမှာလဲ”

လျန်းဟွာဟွန်သည် သူမကို စိုက်ကြည့်ပြီးနောက် နူးညံ့ချိုသာစွာ ပြောလေသည်။ “ညီမလေးကရော”

“ငါ့အစ်မမဟုတ်ဘဲ ငါ့အမေ ဖြစ်ချင်နေတာလားဟင်”

ယွင်ချွီးရှို့သည် အေးစက်စက် ပြုံးလိုက်၏။ “နင်က အရာအားလုံးကို ထိန်းချုပ်ထားချင်နေပုံပဲနော်… ငါ့ကို နင် ထိန်းချုပ်နိုင်လို့လား… နင် ခဲအိုကို အဲဒီလို ထိန်းချုပ်ချင်ခဲ့လို့ သူ ငါနဲ့ လာအိပ်ခဲ့တာပဲ သိလား”

လျန်းဟွာဟွန်က နူးညံ့ပျော့ပျောင်းစွာ ရယ်လိုက်သည်။ “နင်က ငါ့ညီမပဲ မဟုတ်လား… ကိုယ့်ညီမကိုတောင် ဂရုစိုက်လို့မရဘူးလား… နင် ဘယ်သွားသွား၊ ငါလည်း လိုက်မယ်”

ယွင်ချွီးရှို့က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ ချိုသာစွာ ပြောသည်။ “လိုက်ချင်လည်း လိုက်ခဲ့ပေါ့”

သူမသည် စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်သွား၏။ လျန်းဟွာဟွန်ကလည်း ခပ်ထေ့ထေ့ ပြုံးကာ လိုက်လာသည်။ တခဏကြာသော် အဖြူရောင်ကြောင်လေးတစ်ကောင်သည် လွှားခနဲ ပျံသန်းလာကာ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်လိုက်၏။

အချိန်အနည်းငယ်ကြာသော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်အပြင်ရှိ စွမ်းအင်အကူးအပြောင်းတံတားတွင် သူတို့ ပေါ်လာကြသည်။ ယွင်ချွီးရှို့က နန်းတော်ဆီ ဦးတည်လျက် ပျံသန်းသွားသည်။ ရုတ်တရက် သူမက အလန့်တကြား ထအော်၏။ “ကမ္ဘာဦးသစ်ပင်က ပိုတောင်ကြီးလာတာပဲ”

လျန်းဟွာဟွန်လည်း မျက်မှောင်ကြုတ်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်ထဲတွင် အမြစ်ချထားသော ကမ္ဘာဦးသစ်ပင်လေးအား တစ်ချက်မော့ကြည့်လိုက်သည်။ သူမက နှာခေါင်းရှုံ့ကာ ပြောလေသည်။ “ပေါက်ကရတွေ ပြောနေတယ်”

ဤအချိန်တွင် သက်လတ်ပိုင်းလူတစ်ယောက်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်အပြင်ရှိ ထူမြစ်ကုန်ထုတ်စက်ရုံသို့ ရောက်လာ၏။

ယနေ့တွင် ထူမြစ်၌ ကုန်ထုတ်စက်ရုံများစွာ ရှိနေချေပြီ။ ဧရာမအဆောက်အအုံကြီးများက မြစ်ကြောင်းတစ်လျှောက်တွင် တည်ရှိနေကြသည်။ အဝေးမှ ကြည့်လျှင် နတ်ဘုရားမြို့တော်ပမာ ထင်ရပေသ့ည်။

နတ်ရောင်ဝါများက ဤကုန်ထုတ်စက်ရုံများ၏ အလယ်မှ ကောင်းကင်ထက်သို့ ဖြာထွက်နေသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ထိန်းချုပ်မှုအောက်တွင် ဧရာမနတ်မီးဖိုကြီးများသည် နေ့နေ့ညည စဉ်ဆက်မပြတ် လည်ပတ်နေပြီး ယန္တရားစက်ရုပ်ကြီဂများက နတ်လက်နက်အစိတ်အပိုင်းများ တည်ဆောက်နေကြ၏။

လေထဲတွင် အသစ်သွန်းလုပ်ထားသော နတ်လက်နက်များကို စွမ်းအင်အကူးအပြောင်းတံတားဆီ သယ်ဆောင်၍ ကောင်းကင်နတ်ဘုံသို့ တင်ပို့နေကြသော သင်္ဘောကြီးများ တွေ့မြင်ရသည်။

ထူမြစ်တစ်ခုလုံး ဆူဆူညံညံ အလုပ်များနေကြသည်။ ခိုင်ဧကရာဇ်ချင်ယဲ့က ကုန်ထုတ်စက်ရုံများကြားမှ ဖြတ်လျှောက်သွားရင်း အခင်းအကျင်းတို့အား လေ့လာနေ၏။ ဤကုန်ထုတ်စက်ရုံတချို့က အလင်းပြန်နိုင်သော လေဒလက်ကဲ့သို့ အံ့ဖွယ်ကိရိယာများကို သွန်းလုပ်နေကြကြောင်း မြင်ရသည်။ သင်္ကေတအမှတ်အသားမျိုးစုံကိုလည်း ဤကိရိယာများအပေါ်တွင် ခတ်နှိပ်ကြကာ သုံးရလွယ်ကူစေသည်။

“မျက်ကန်း၊ ဒီနတ်သတ္ထုက သလင်းကျောက်တစ်မျိုးစားတည်းနဲ့ ဖွဲ့တည်နေတဲ့ သတ္ထုတစ်ခုလား”

ကျယ်လောင်ပြတ်သားသော အသံတစ်သံ ပျံလွင့်လာသည်ကို ခိုင်ဧကရာဇ်ချင်ယဲ့ ကြားလိုက်ရသည်။ သေတ္တာတစ်လုံး ထမ်းထားသည့် လူအိုကြီးတစ်ယောက်သည် နဂါးအရိုးခါးပတ်နှင့် ဝါးတောင်ဝှေးတစ်လက် ကိုင်ထားသော အဘိုးအိုတစ်ယောက်ဆီ စကားပြောနေ၏။ သေတ္တာကြီးနှင့်တစ်ယောက်က ပြောသည်။ “မဟူရာရွှေက သလင်းကျောက်မျိုးစုံ ပေါင်းစပ်ဖွဲ့တည်ထားတဲ့ သတ္ထုပဲ… ကောင်းကင်ရွှေကတော့ သလင်းကျောက်တစ်မျိုးတည်းကို စုစည်းထားတဲ့ သတ္ထု... မဟူရာရွှေရဲ့ သလင်းကျောက်မျိုးစုံကို တူညီတဲ့သလင်းကျောက်အမျိုးအစားအလိုက် ခွဲထုတ်လိုက်ရင် မဟူရာရွှေက ကောင်းကင်ရွှေ ဖြစ်မသွားဘူးလား”

“သဘောတရားအရတော့ ဖြစ်တာပေါ့”

မျက်ကန်းဟု ခေါ်သော အဘိုးကြီး၏မျက်ဝန်းများသည် ပြိုင်ဘက်ကင်းလောက်အောင် တောက်ပနေ၏။ သူက ကောင်းကင်သတ္ထုစတစ်စနှင့် မဟူရာရွှေတစ်စ ထုတ်ကြည့်ပြီးနောက် မျက်လုံးများအား ပြူးကျယ်လိုက်ရာ ကောင်းကင်အလင်းတန်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ မဟူရာရွှေနှင့် ကောင်းကင်ရွှေ၏ ဖွဲ့စည်းပုံအား သူ ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။ သူက ပြောသည်။ “အရေးကြီးတဲ့မေးခွန်းက အဏုမြူသလင်းကျောက်အစီအစဉ်ကို ဘယ်လိုပြောင်းလဲလဲ ဆိုတာပဲ….. ရွှေအ၊ မင်းရဲ့ ပန်းပဲပညာအနေနဲ့ ဒီသလင်းကျောက်သေးသေးလေးတွေကို အတိအကျ မြင်နိုင်ဖို့ ခက်မှာပဲ”

ရွှေအဟူသော အဘိုးအို၏ အသံကား နားကန်းလုအောင် ကျယ်လောင်လှသည်။ သူက အေးစက်စက် ရယ်ပြီးနောက် ပြောသည်။ “အဲဒါက အသေးငယ်ဆုံး သလင်းကျောက်တွေအပေါ်မှာ သင်္ကေတအမှတ်အသားတွေ ခတ်နှိပ်ရင်း ဖန်တီးထားတဲ့ ကောင်းကင်ကမ္ဘာမီးဖို ပန်းပဲပညာကြောင့်ပဲ… အဓိကက ငါ့မျက်လုံးတွေက မင်းလောက် မကောင်းဘူး…”

ရုတ်တရက် အဘိုးအိုနှစ်ယောက်သည် ခိုင်ဧကရာဇ်ကို သတိထားမိသွားသဖြင့် ပြိုင်တူလှမ်းကြည့်ကြ၏။

ရွှေအက ပြုံးသည်။ “အာဘာ အာဘာ အာဘာ”

မျက်ကန်းသည် သူ့တောင်ဝှေးအပေါ် မှီကာ ပြုံး၏။ “နောင်ကြီး၊ ရွှေအက မင်းကို ဘယ်ကလာတာလဲ မေးနေတယ်”

ခိုင်ဧကရာဇ်က ရှေ့သို့ လျှောက်သွားရင်း အပြုံးဖြင့် ဖြေလိုက်သည်။ “နောင်ကြီးတို့၊ ကျုပ်က ရွှင်ပျော်ပျော်ကျေးရွာကပါ.. ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေတာ ကြားလိုက်ရလို့ အနည်းငယ် နားထောင်မိလိုက်ပါတယ်… စောစောက အဏုမြူသင်္ချာနဲ့ မဟူရာရွှေကို ကောင်းကင်ရွှေအဖြစ် ပြောင်းလို့ရတယ် ပြောနေတာကြားလိုက်မိတယ်… အသေးစိတ် ရှင်းပြလို့ရမလားခင်ဗျာ”

All Chapters