← Chapters

မဟာဧကရာဇ်ကို ထောင်ဖမ်းခြင်း

Vol. 78 Ch. 1013

မဟာဧကရာဇ်ကို ထောင်ဖမ်းခြင်း

Vol. 78 Ch. 1013

ချင်မူ ခပ်ရေးရေးမျှ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

လွန်ခဲ့သော ငါးနှစ်က ရှင်းအန်းသည် ကောင်းကင်နတ်အရှင်ချင်၏ တံဆိပ်ပြားကို ထုတ်ကာ သူ့ကို နတ်သက်ကြွေတောင်ကြောသို့ မျှားခေါ်သွားခဲ့၏။ သို့သော် ထိုနေရာမှာ ကောင်းကင်နတ်အရှင်လင်၏ တပည့် ရီရှစ်ရှန်း ကောင်းကင်နတ်အရှင်လင်၏အလောင်းအား ထပ်ခါတလဲလဲ မြှုပ်နှံနေသော နေရာသို့ သွားရန် လမ်းသာ ဖြစ်နေခဲ့သည်။

ချင်မူ ရောက်သွားသည့်အချိန်တွင် ယန်ချီလင်းနှင့် မုချိုးပိုင်ကဲ့သို့ ကောင်းကင်နတ်ဧကရာဇ်၏ တပည့်များလည်း ရောက်လာခဲ့ကြသည်။ အမိကမ္ဘာမြေ၏ လက်အောက်ရှိ နဂါးဘုရင်ထျန်းလည်း ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့်အတူ အထဲသို့ ဆွဲခေါ်ခံခဲ့ရသည်။

တောင်ကြားထဲ၌ လွင့်မျောနေသည့် ထိုအခေါင်းပေါ်တွင် ‘ချင်၊ မူ ရောက်လာသည့်အချိန်တွင် ဖွင့်ပါ’ ဆိုသော စာလုံးများ ရှိနေခဲ့၏။ ကောင်းကင်နတ်အရှင်မူနှင့် ကောင်းကင်နတ်အရှင်ချင် ရောက်လာသည့်အခါ ပွင့်လာမည်ဟု ဆိုလိုသည်။

ချင်မူမှာ နတ်သက်ကြွေတောင်ကြောသို့ သူ မသွားခင်တုန်းက မည်သူမှ သွားရောက်မစူးစမ်းကြဘဲ၊ သူ သွားသည့်အချိန်မှာ အားလုံး သူနှင့်အတူ လိုက်လာကြသည်ကို ထူးဆန်းသည်ဟု တွေးမိခဲ့သည်။ တိုက်ဆိုင်လွန်းသည် မဟုတ်ပါလော။

ယခုတွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် မဟာဧကရာဇ်၏ အစီအစဉ် မအောင်မြင်ခဲ့ပုံရသည်။ အမိကမ္ဘာမြေလည်း ထိုအထဲ၌ ပါဝင်ပတ်သက်နေခဲ့၏။

လွန်ခဲ့သော ငါးနှစ်က ချင်မူမှာ သူတို့၏အစီအစဉ်ကို နားမလည်ခဲ့ပေ။ ယနေ့တော့ လွန်ခဲ့သော ငါးနှစ်က မည်သည့်အရာ ဖြစ်ပျက်ခဲ့မှန်း သူ နားလည်သွားချေပြီ။

ကောင်းကင်နတ်ဧကရာဇ်၊ မဟာဧကရာဇ်နှင့် အမိကမ္ဘာမြေသည် ကောင်းကင်နတ်အရှင်ချင်နှင့် ကောင်းကင်နတ်အရှင်မူ၏ တံဆိပ်ပြားနှစ်ခုလုံးကို ရမှသာ နတ်သက်ကြွေတောင်ကြောထဲရှိ ဝင်ပေါက်ကို ဖွင့်နိုင်မည်မှန်း သိခဲ့ကြမည်။ ထို့ကြောင့် အထဲဝင်နိုင်အောင် ချင်မူ ရောက်လာသည်ကို စောင့်ခဲ့ကြမည်။

သူတို့သည် ဉာဏ်နီဉာဏ်နက် များခဲ့ကြသော်လည်း ချင်မူနှင့် ရှင်းအန်းက မဟာဧကရာဇ်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖမ်းဆီးပြီး ၎င်းအထဲရှိ ကောင်းကင်နတ်အရှင်၏ အသိစိတ်အလျဉ်အား ချိတ်ပိတ်ခဲ့ကြမည်ဟု မခန့်မှန်းမိခဲ့ကြပေ။ ရှင်းအန်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ယူကာ ထွက်ပြေးသွားခဲ့သည်။

အမိကမ္ဘာမြေ၏ လက်အောက်ငယ်သားများ သေဆုံးသွားကြပြီး ယန်ချီလင်းမှ လွဲ၍ ကောင်းကင်နတ်ဧကရာဇ်၏ တပည့်အများစုလည်း သေဆုံးသွားကြ၏။

အမိကမ္ဘာမြေမှာ အဆုံးအရှုံးများခဲ့ရကာ ကောင်းကင်နတ်ဧကရာဇ်မှာတော့ ရုပ်ခန္ဓာကို ရှာမတွေ့ခဲ့ပေ။ မဟာဧကရာဇ်အတွက်မူ ကောင်းကင်နတ်အရှင်လင်၏ သေဆုံးမှုကို အတည်မပြုနိုင်ရုံသာမက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအား ထိန်းချုပ်ထားခဲ့သော အသိစိတ်အလျဉ်ကိုလည်း ပြန်မဆင့်ခေါ်နိုင်ခဲ့ပေ။

ချင်မူလည်း ဘာမှမရခဲ့။ ရှင်းအန်းတစ်ယောက်သာလျှင် ကောင်းကင်နတ်အရှင်ယွီကို ရသွားပြီး ၎င်းအတွင်းရှိ မဟာဧကရာဇ်၏အသိစိတ်အလျဉ်ကို ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်၏။

ထိုတိုက်ပွဲတွင် အမြတ်အထွက်ဆုံးမှာ ရှင်းအန်းဟု ဆိုနိုင်ပေသည်။

သို့သော် ကံတရားကား ခန့်မှန်းရခက်သည် မဟုတ်ပါလော။ ရှင်းအန်းသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ယူ၍ ရုပ်ခန္ဓာအား ပူးကပ်ပြီးနောက် ငါးနှစ်လုံး ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများ လေ့လာရင်း အချိန်ဖြုန်းခဲ့မိသည်။ ထိုအချိန်တွင် သူ့မှာ တန်ဖိုးအကြီးဆုံးဖြစ်သည့် မဟာဧကရာဇ်၏အသိစိတ်အလျဉ်ကို လေ့လာရန် အချိန်မရခဲ့သောကြောင့် ချင်မူ့လက်ထဲသို့ ရောက်လာခဲ့ရလေသည်။

ချင်မူက ကျောက်စိမ်းပုလင်းကို ကြည့်၍ ပြုံးနေသည်။ သူ့အပြုံးမှာ တဖြည်းဖြည်း ပီပြင်သထက် ပီပြင်လာပြီး နောက်ဆုံးတွင်တော့ ကျယ်လောင်စွာ ရယ်လိုက်တော့သည်။

“လွန်ခဲ့တဲ့ငါးနှစ်တုန်းက ငါက အမြတ်ထွက်ဆုံးလူ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့မိမှာလဲ”

သူ ရယ်မောနေစဉ် ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်က သူ့ကို လှည့်ပတ်ကခုန်နေ၏။ ၎င်းတို့က သင်္ကေတအမှတ်အသားမျိုးစုံအဖြစ် ဖွဲ့တည်သွားပြီး ချင်မူက လိုက်ညှိပြုပြင်နေသည်။ ထို့နောက် သူက တွက်ချက်ရေးဝိညာဉ်လက်နက်များကို ထုတ်၍ တွက်ချက်ပြီးရင်း တွက်ချက်ကာ သင်္ကေတအမှတ်အသားများအား ပြုပြင်နေသည်။

နတ်ဘုရင်လန်ဝူက သူ့ကို ကြည့်၍ စိတ်လှုပ်ရှားလာသည်။ “အထွတ်အမြတ်ကလေးငယ်၊ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်အတွက် ငါ့အကူအညီလိုသေးလား... ဒီကျောက်စိမ်းပုလင်းထဲက ဟာက အားနည်းတော့ ကိုင်တွယ်ရ လွယ်ကူမှာပါ”

“အခုတော့ မဟုတ်သေးဘူး”

ချင်မူက ခေါင်းပင်မမော့ဘဲ တွက်ချက်ရာတွင်သာ အာရုံအပြည့်အဝ စိုက်ထားပြီး ပြန်ဖြေ၏။ “ဒီကောင်းကင်နတ်သိုင်းကို ပြည့်စုံအောင် လုပ်ပြီးတာနဲ့ နတ်ဘုရင်ကို ဒုက္ခပေးရလိမ့်မယ်”

နတ်ဘုရင်လန်ဝူက သူ၏အသိစိတ်အလျဉ်နှင့် ချီစွမ်းအင် ဖွဲ့တည်ထားသော သင်္ကေတအမှတ်အသားများအား လေ့လာနေသည်။ ၎င်းတို့သည် ဆန်းပြားရှုပ်ထွေးနေသဖြင့် သူမ နားမလည်ပေ။

ရှုကျွင်းလည်း နားမလည်သောကြောင့် နဂါးချီလင်ကို မေးသည်။ နဂါးချီလင်က တစ်ချက်ကြည့်ကာ ဖြေ၏။ “ဂိုဏ်းသခင်က ဝိညာဉ်လမ်းညွှန်ကောင်းကင်နတ်သိုင်းကို ပြုပြင်နေတာလေ... ဝိညာဉ်လမ်းညွှန်က ဝိညာဉ်တွေကို လမ်းပြဖို့ သုံးတာပဲ... သူ ပြောင်းလဲထားတဲ့ သင်္ကေတအမှတ်အသားတွေကို ကြည့်ရင် ဝိညာဉ်အစား အသိစိတ်အလျဉ်တွေကို လမ်းပြုဖို့ ရည်ရွယ်နေတာ”

“အသိစိတ်အလျဉ်ကို လမ်းပြမယ် ဟုတ်လား”

နတ်ဘုရင်ရှုကျွင်းနှင့် နတ်ဘုရင်လန်ဝူမှာ အူကြောင်ကြောင် ဖြစ်နေကြသည်။ အသိစိတ်အလျဉ်ကို လမ်းပြပေးနိုင်သော ကောင်းကင်နတ်သိုင်းများ ရှိပါသည်လား။

နဂါးချီလင်လည်း တွေးကြည့်ပြီး ပြော၏။ “ဝိညာဉ်လမ်းညွှန်ကို တကယ်တမ်းဆို ဝိညာဉ်ရှာဖွေခြင်းလို့တောင် ခေါ်သင့်တယ်... ယိုတုက ဝိညာဉ်တွေကို သက်ရှိကမ္ဘာဆီ ဆင့်ခေါ်နေပေးနိုင်တာဆိုတော့လေ..... ဂိုဏ်းသခင် အဆင့်မြှင့်ထားတဲ့ ဝိညာဉ်လမ်းညွှန်က တစ်ပိုင်းတစ်စ ဝိညာဉ်တွေကိုတောင် ဆင့်ခေါ်နိုင်တယ်... ဂိုဏ်းသခင်က ကမ္ဘာဦးဘုံထဲမှာ ပြိုကွဲနေတဲ့ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဆင့်ခေါ်ဖို့ ပြောင်းလဲနေတာ ဖြစ်လောက်တယ်”

တခဏကြာသော် ချင်မူ တွက်ချက်ပြီးသွားသည်။ အားလုံးမှာ ရထားလှည်း၏ အတွင်းပိုင်း၌ ကူးလူးဖြတ်ပြေးနေသော သင်္ကေတအမှတ်အသားများကို ကြည့်ရင်း အူကြောင်ကြောင် ဖြစ်နေကြ၏။

ချင်မူက ၎င်းတို့အား သေချာကြည့်ရှုရင်း အတွက်အချက်အမှားများကို ပြုပြင်နေသည်။ အတန်ကြာမှ သူ စိတ်ကျေနပ်သွားလေသည်။ သူက ပုလင်းကို ယူ၍ ရထားလှည်းအပြင် ထွက်ကာ နတ်သက်ကြွေတောင်ကြော၏ မြေပြင်ညီအပေါ် တင်လိုက်သည်။

ထို့နောက် ပြုပြင်ပြောင်းလဲထားသော ဝိညာဉ်လမ်းညွှန်ကို ထုတ်လွှတ်လိုက်သည့်အခါ သူ၏မှော်စွမ်းအင်သည် သောင်းကျန်းခက်ထန်စွာ ဖြာထွက်သွား၏။ မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများက ကျောက်စိမ်းပုလင်းကို လှည့်ပတ်လျက် ပျံဝဲနေသည်။

သူ၏ မူလဝိညာဉ်သည် ထိုက်ကျိစက်၀န်း၏ ပင်မနန်းဆောင်အထက်တွင် ခံ့ညားထည်ဝါစွာ ရပ်လျက် ပေါ်လွင်လာ၏။ တောင်ကောင်းကင်မုခ်၀အောက်၌ သူ ယိုတုဘာသာစကားကို ရွတ်ဖတ်လိုက်သည့်အခါ တာအိုအသံက သူ့ဆီမှ ပျံ့လွင့်လာသည်။

မရေမတွက်နိုင်သော ကောင်းကင်ယင်ကမ္ဘာသင်္ကေတအမှတ်အသားများ သူ့ပတ်ပတ်လည်တွင် လင်းထိန်လာသည်။ တချို့က တောက်ပနေပြီး တချို့က မည်းမှောင်နေကြ၏။

“မဟာဧကရာဇ်က ကျွန်တော် ဒီမှာ ရှိနေတုန်း သတ်ချင်တယ်... ဒါကြောင့် ၁၁ ယောက်မြောက် ကောင်းကင်နတ်အရှင်ရဲ့ ရုပ်ခန္ဓာကို အသက်သွင်းခဲ့တာ ... ဒါပေမဲ့ ခိုင်ဧကရာဇ်နဲ့ လမ်းမှာ ပက်ပင်းတိုးပြီး သူပဲ အသတ်ခံလိုက်ရတယ်”

ချင်မူ၏ မူလဝိညာဉ်က အဆင့်မြှင့်ထားသော ဝိညာဉ်လက်နက်ကို အသုံးချလိုက်ပြီးနောက် ချင်မူက ရယ်လိုက်သည်။ “မဟာဧကရာဇ်ကို သတ်ခဲ့တဲ့အချိန်မှာ ခိုင်ဧကရာဇ်က သူ့ရဲ့အသိစိတ်အလျဉ်ကို ဘယ်လိုစုဆောင်းရမလဲ မသိတော့ သူ့အသိစိတ်အလျဉ်ကို ပြိုကွဲသွားစေခဲ့တယ်.... အရင်တုန်းက ကျွန်တော့်မှာလည်း သူနဲ့သက်ဆိုင်တဲ့ ပစ္စည်းမရှိတော့ သူ့ဝိညာဉ်ကို ဆင့်ခေါ်လို့မရခဲ့ဘူး... အခုတော့ ဒီပုလင်းထဲမှာ သူ့ရဲ့အသိစိတ်အလျဉ် ရှိနေပြီ... သူ့ရဲ့ပြန့်ကြဲနေတဲ့ အသိစိတ်အလျဉ်ကို ဆင့်ခေါ်လို့ရပြီ”

နတ်ဘုရင်လန်ဝူလည်း သူ့အနောက်မှ လွင်ပြင်ဆီ လိုက်လာသည့်အခါ ချင်မူ့ပတ်ပတ်လည် မြေပြင်ထက်၌ မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများ ခတ်နှိပ်ခံထားရကြောင်း မြင်လိုက်ရသည်။ ၎င်းတို့သည် တောက်ပလာပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားရင် မြေပြင်အား တစတစ လွှမ်းခြုံသွား၏။

မကြာမီ ထိုသင်္ကေတအမှတ်အသားများက မိုင်တစ်ရာပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ ဧရာမဝင်္ကပါကြီးတစ်ခု ဖွဲ့တည်လိုက်သည်။

နတ်ဘုရင်လန်ဝူသည် တွေးကြည့်ရင်း ပြော၏။ “ခိုင်ဧကရာဇ်က ကောင်းကင်နတ်အရှင်ရဲ့ အလောင်းထဲက မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဖြိုခွဲပစ်ခဲ့ရင်တောင် အဲဒီအသိစိတ်အလျဉ်က ပြန်စုစည်းသွားနိုင်သေးတယ်.... မဟာဧကရာဇ် သူ့အသိစိတ်အလျဉ်ကို ပြန်သိမ်းသွားလောက်ပြီနော်”

“မမကြီးနတ်ဘုရင်၊ စိတ်အေးအေးထားစမ်းပါ... ခိုင်ဧကရာဇ်က သူ့ကို သတ်ဖို့ ဆယ့်နှစ်ချက်မြောက် ဓားကွက်နဲ့ ဓားလမ်းစဉ်ရဲ့ ၃၄ ခုမြောက် ကောင်းကင်ဘုံကို ထုတ်လွှတ်ခဲ့ရတယ်... ဒါကြောင့် သူ့အသိစိတ်အလျဉ်အနေနဲ့ အချိန်တိုအတွင်း ပြန်မစုစည်းနိုင်ဘူး... ဒါ့အပြင်...”

ချင်မူ၏မူလဝိညာဉ်သည် ဝိညာဉ်လမ်းညွှန်ကို အပြည့်အဝ အသက်သွင်းလိုက်သဖြင့် ခမ်းနားလှပသော သင်္ကေတအမှတ်အသားများက ကျောက်စိမ်းပုလင်းကို လှည့်ပတ်လျက် ပေါ်လာသည်။ သင်္ကေတအမှတ်အသားများသည် ၎င်းတို့ဘာသာ ပုလင်းအပေါ်သို့ ခတ်နှိပ်လိုက်ကြ၏။

လှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း ကျောက်စိမ်းပုလင်းထဲမှ ဖြာထွက်လာကြသည်။ ဖြာထွက်လာနေသော နှုန်းထားသည် ဆန်းပြားသော သံစဉ်တစ်ခုကို ထွက်ပေါ်လာစေ၏။

သာမန်လူများအနေဖြင့် ထိုသံစဉ်ကို ခံစားရမည်မဟုတ်ပေ။ နတ်ဘုရင်လန်ဝူနှင့် နတ်ဘုရင်ရှုကျွင်းပင် ကြားရသည်ဆိုရုံကလေး ကြားရသည်။

“ဒါ့အပြင် သူက ကျွန်တော့်ကို သတ်ဖို့ ဒီရောက်လာတာလေ..... သူ့အသိစိတ်အလျဉ်ကို ဒီလောက်လွယ်လွယ် ပြန်ရုတ်သိမ်းနိုင်ပါ့မလား”

ချင်မူမှာ သိသိသာသာ စိတ်လှုပ်ရှားလာကာ အလေးအနက် ပြောသည်။ “သူ့အသိစိတ်အလျဉ်အနေနဲ့ ကမ္ဘာဦးဘုံကနေ ထွက်သွားဦးမှာ မဟုတ်ဘူး... အဲဒီအစား နတ်ဘုရားမိစ္ဆာတွေကို ကပ်ရင်း ကျွန်တော့်ကို ခြေရာခံနေဦးမှာပဲ.... နတ်ဘုရင်တို့ ၊ ကျွန်တော် မဟာဧကရာဇ်နဲ့ ဆက်သွယ်တော့မယ်... ခင်ဗျားတို့နှစ်ယောက် အဆင်သင့်ဖြစ်ပြီလား”

နတ်ဘုရင်လန်ဝူက သူမ၏အသိစိတ်အလျဉ်ကို အလျင်အမြန် အသုံးပြုလိုက်သည်။ သူမ၏အသိစိတ်အလျဉ်သည် မယုံနိုင်လောက်အောင် အားကောင်းသဖြင့် ချက်ချင်းဆိုသလို ဟင်းလင်းပြင် ၃၅ ခု တစ်လျှောက် ဖြာထွက်သွားကာ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းအမျိုးမျိုး ဖွဲ့တည်လိုက်ကြ၏

ရှုကျွင်းမှာ တွန့်ဆုတ်စွာ ပြောနေသည်။ “အထွတ်အမြတ်ကလေးငယ်၊ သူ့အသိစိတ်အလျဉ်က ဘယ်လောက် သန်မာအားကောင်းလဲ.... ငါတို့ သူ့ကို ထောင်ဖမ်းရင် သူ ငါတို့ကို အတော်လေး ရန်စမိမှာနော်.. ဒါ့အပြင် သူ့အသိစိတ်အလျဉ်ကွန်ယက်က အနန္တဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေတာ... သူ့အသိစိတ်အလျဉ်ကို ဆင့်ခေါ်လိုက်ရင် သူ ငါတို့ တည်နေရာကို သိသွားပြီး အနန္တဟင်းလင်းပြင်ထဲကနေ တိုက်ခိုက်လိမ့်မယ်”

“နတ်ဘုရင်ရှုကျွင်း၊ ကျွန်တော် မဟာဧကရာဇ်ကို အကြီးအကျယ် ရန်စပြီးထားပါပြီ... ဒါလေးလုပ်တာက အပေါ်ယံနှမ်းဖြူးရုံလောက်ပဲ ရှိသေးတယ်... “

ချင်မူ၏ဝိညာဉ်လမ်းညွှန်သည် ကျောက်စိမ်းပုလင်းထဲရှိ အသိစိတ်အလျဉ်နှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်ထား၏။ သူ အရင်းအမြစ်နောက်သို့ ချက်ချင်း လိုက်သွားသည်နှင့် ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ် လှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း ခံစားလိုက်ရသည်။ သူက ရယ်မောကာ ပြောသည်။ “မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ကျွန်တော် ဆင့်ခေါ်လိုက်မယ်... ပြီးရင် ကျွန်တော်တို့ သူ့ကို ဖမ်းပြီး သူ ဘာမှမလုပ်နိုင်အောင် ထွက်ပြေးကြမယ်”

နတ်ဘုရင်ရှုကျွင်းမှာ ဟင်းလင်းပြင်လှိုင်းဂယက်များကို ခံစားလိုက်ရကတည်းက ခေါင်းမွှေးများထောင်နေပြီ ဖြစ်သည်။ သူက အသိစိတ်အလျဉ်အားလုံး အသုံးပြု၍ နတ်ဘုရင်လန်ဝူကို ကူညီကာ မဟာလေဟာနယ် အချုပ်အနှောင်ဝင်္ကပါထဲသို့ အားထည့်ပေးလိုက်၏။

သူသည် ထိပ်ဆုံးအခြေအနေသို့ ပြန်မရောက်သေးသော်လည်း အတွေ့အကြုံ ရှိသည့်အလျောက် နတ်ဘုရင်လန်ဝူ၏ အားနည်းချက်များကို ကူညီဖာထေးပေးနေ၏။

“နတ်ဘုရင်လန်ဝူ၊ ငါတို့ မဟာဧကရာဇ် အနန္တဟင်းလင်းပြင်ကနေ ဆင်းမလာအောင် ၃၅ ခုမြောက် ဟင်းလင်းပြင်ကို ချိတ်ပိတ်ဖို့ လိုတယ်” နတ်ဘုရင်ရှုကျွင်းက နတ်ဘုရင်လန်ဝူကို ပြောပြီး ၃၅ ခုမြောက် ဟင်းလင်းပြင်အား အတူတူ ပိတ်ကြသည်။

နတ်ဘုရင်လန်ဝူ သူ့ကို ချီးကျူးမိ၏။ ရှုကျွင်းသည် ကမ္ဘာဦးခေတ်၏ နတ်ဘုရင်တစ်ပါး ဖြစ်သဖြင့် အတော်လေး ခေတ်နောက်ကျသော်လည်း အတွေ့အကြုံရှိပေသည်။

သူတို့ မဟာလေဟာနယ် အချုပ်အနှောင်ဝင်္ကပါကို ၃၅ ခုမြောက် ဟင်းလင်းပြင်ထဲတွင် စီစဉ်ပြီးသွားသည်နှင့် ကြောက်မက်ဖွယ်ရာလှိုင်းဂယက်များက ချင်မူ၏ဝိညာဉ်လမ်းညွှန်ကို တုံ့ပြန်ပြီး ဆင့်ခေါ်ခံလိုက်ရသည်။

ကမ္ဘာဦးဘုံ၏ မာန်ဟုန်မြစ်အစတွင် အပိုင်းပိုင်းဖြတ်တောက်ခံထားရသော မဟာဧကရာဇ်၏ ကောင်းကင်နတ်အရှင်အလောင်းသည် တောင်များအကြား ပြန့်ကြဲနေ၏။ ဂူတစ်လုံးထဲ ကျနေသည့် သူ့အခေါင်းက ပွင့်လာကာ အလောင်းအငွေ့အသက်များ ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ ဝတ်ဆင်ထားသော နတ်ဘုရားများစွာ ရောက်လာသည်။ သူ၏ခန္ဓာကိုယ်များနှင့် မျက်နှာများကို အဖြူရောင်အဝတ်စများက ဖုံးလွှမ်းထားကြ၏။ သူတို့က ကောင်းကင်နတ်ဘုံမှ ဆင်းသက်လာကြပြီး တစ်ယောက်စီက ဟင်းရိုင်းပြဒါးရောင် ဘူးသီးခြောက်တစ်လုံးစီ သယ်ဆောင်ထားသည်။

အဖြူရောင်ဝတ်ရုံနှင့် နတ်ဘုရားတို့သည် အလောင်း၏အစိတ်အပိုင်းတစ်ပိုင်းချင်းစီသို့ လျှောက်သွားပြီး ဘူးသီးခြောက်များမှ အလင်းတန်းများ ထွက်လာကာ အတွင်းရှိ အသိစိတ်အလျဉ်အား ထုတ်ယူကြသည်။

ထိုအလောင်းအစိတ်အပိုင်းများတွင် ခိုင်ဧကရာဇ်၏ဓားလမ်းစဉ် ကိန်း၀ပ်နေဆဲ ဖြစ်၏။ ၎င်းမှာ မဟာဧကရာဇ်၏ အသိစိတ်အလျဉ် ဖိနှိပ်ခြင်းခံထားရသော်လည်း အသိစိတ်အလျဉ်ကို အဆက်မပြတ် ခုတ်ထစ်နေသေးသည်။ တခဏကြာလျှင် မဟာဧကရာဇ်၏အသိစိတ်အလျဉ်သည် ခိုင်ဧကရာဇ်၏ဓားလမ်းစဉ်ဖြင့် ဖယ်ရှားခံရလိမ့်မည်။

သို့သော် ဟင်းရိုင်းပြဒါးရောင် ဘူးသီးခြောက်တို့က ထူးခြားလေသည်။ ၎င်းတို့သည် ခိုင်ဧကရာဇ်ဓားလမ်းစဉ်၏ စွမ်းအားကို မထိဘဲ မဟာဧကရာဇ်၏အသိစိတ်အလျဉ်ကို ထုတ်ယူနိုင်ကြ၏။

သို့ရာတွင် သူတို့မှာ ခိုင်ဧကရာဇ်၏ ကောင်းကင်နတ်သိုင်းများကို မလှုံ့ဆော်မိရန် အလောင်း၏အစိတ်အပိုင်းများအား မထိမိအောင် သတိထားနေကြသည်။

သူတို့ စုဆောင်းပြီးတော့မည့်အချိန်တွင် ရုတ်တရက် အားလှိုင်းတစ်ရပ်က မည်သည့်နေရာကမှန်းမသိ ရောက်လာပြီး မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အားလုံးကို ယူဆောင်သွားသည်။

ဘူးခြောက်အတွင်းသို့ ထည့်သွင်းခံထားရသော အသိစိတ်အလျဉ်များပင် ယူဆောင်ခံရသဖြင့် ဘူးသီးခြောက်၏ပါးစပ်၀မှ အလင်းရောင်တို့ ထွက်လာ၏။ အသိစိတ်အလျဉ်တို့က ထွက်ပြေးသွားသော အလင်းတန်းများအသွင် ဖြစ်လာလေသည်။

“သေစမ်း”

မဟာဧကရာဇ်၏အသိစိတ်အလျဉ်က မိုးထစ်ချုန်းသံကဲ့သို့ ထစ်ချုန်းလာရာ ၀တ်ရုံအဖြူနှင့် နတ်ဘုရားတို့အား မူးဝေသွားစေ၏။ “အသိစိတ်အလျဉ် ဘူးသီးခြောက်တွေကို မြန်မြန်ပိတ်လိုက်”

ဝတ်ရုံဖြူနှင့် နတ်ဘုရားများက ဘူးသီးခြောက်ကြီးများကို ပိုက်ရင်း မှော်စွမ်းအင်ကို ထုတ်လွှတ်နေကြသည်။ သို့သော် အသိစိတ်အလျဉ်များမှာ ပျံ့လွင့်သွားဆဲပင်။

“အသုံးကို မကျဘူး”

ရုတ်တရက် သူတို့အထဲရှိ အသိစိတ်အလျဉ်တစ်ခုသည် ပျံထွက်လာပြီး ဝတ်ရုံဖြူနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ မဟာဧကရာဇ်မှာ သူ့ရုပ်ခန္ဓာကို ငှားယူလိုက်သော်လည်း ချင်မူ့ဝိညာဉ်လမ်းညွှန်၏ လမ်းပြမှုကြောင့် အရှေ့အရပ်သို့ ပျံထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင် တခြားဘူးသီးခြောက်များလည်း ပေါက်ကွဲကုန်သည်။ အတွင်းရှိ မဟာဧကရာဇ်၏အသိစိတ်အလျဉ်သည် ပျံထွက်လာပြီး ဝတ်ရုံဖြူနတ်ဘုရားတို့၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွားကြ၏။

ဝတ်ရုံဖြူနတ်ဘုရားတစ်ယောက်သာ အစစ်အမှန်နတ်ဘုရားအဆင့် ဖြစ်သည့်အတွက် ချင်မူ၏ဆင့်ခေါ်မှုကြောင့် နတ်သက်ကြွေတောင်ကြောဆီ ဆွဲခေါ်ခံနေရစဉ် ရုန်းကန်နေနိုင်သည်။

နတ်သက်ကြွေတောင်ကြောက ထိုနေရာမှ ဝေးကွာသော်လည်း ချင်မူ သူ့ကို ဆင့်ခေါ်၍ ဖမ်းချုပ်ရန် တခဏသာ ကြာလိမ့်မည်။

“ကောင်စုတ်လေး.... ငါ့အသိစိတ်အလျဉ်ကို ယူသွားလို့ရမယ် ထင်နေလား... မင် ငါ့ကို အထင်သေးနေတာပဲ”

ထိုဝတ်ရုံဖြူနှင့် နတ်ဘုရားမှာ စိတ်တိုသွားပြီး သူ၏စွမ်းအားမှန်သမျှ အသုံးပြု၍ ရုပ်ခန္ဓာ၏ မှော်စွမ်းအင်ကို အားကုန်ထုတ်ကာ ရုပ်ခန္ဓာအား အောက်သို့ ဖိချနေသည်။ မည်သို့ဆိုစေ သူ့မှာ အရှေ့အရပ်သို့ ဆက်လက်ဆွဲခေါ်ခံသွားရဿည်။

နတ်ဘုရားမြို့တစ်မြို့ အရှေ့တွင် ပေါ်လာ၏။ ၎င်းက ကမ္ဘာဦးဘုံထဲရှိ ကောင်းကင်နတ်ဘုံစစ်တပ်၏ အခြေစိုက်စခန်း ဖြစ်သည်။ ထိုဝတ်ရုံဖြူနှင့် နတ်ဘုရား၏ မျက်လုံးများ အရောင်တောက်သွားပြီး ပါးစပ်ဟလိုက်သည်။ ပါးစပ်ထဲမှ အလင်းရောင်က ရေတံခွန်သဖွယ် ထွက်လာကာ နတ်ဘုရားမြို့ဆီ ဦးတည်သွားလေသည်။

သက်တံရောင်အလင်းက မြို့တစ်လျှောက် ဖြတ်သန်းသွား၏။

နတ်ဘုရားများနှင့် မိစ္ဆာများမှာ မတုံ့ပြန်နိုင်ခင် အလင်းရောင်၏ လွှမ်းခြုံခံလိုက်ကြရသည်။ အလင်းတန်းတို့က လက်တံများသဖွယ် နတ်ဘုရားမိစ္ဆာတို့၏ ပါးစပ်ပေါက်၊ နှာခေါင်းပေါက်တို့ထဲ တိုးဝင်လာကြပြီး တခဏအတွင်း အားလုံး နတ်သက်ကြွေတောင်ကြောဆီသို့ လွင့်မျောသွားကြတော့သည်။

မြို့၏ တာဝန်ရှိ စစ်သူကြီးမှာ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး ကောင်းကင်နတ်သိုင်းများကို ချက်ချင်း ထုတ်လွှတ်လိုက်၏။ သို့သော် အသုံးမဝင်ပေ။

မဟာဧကရာဇ်က သူ ထိန်းချုပ်ထားသော နတ်ဘုရားများ၊ မိစ္ဆာများနှင့်အတူ လေတွင် ပျံသန်းရင်း အသတ်အဖြတ်ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့တည်လိုက်သည်။ ထိုမြင်ကွင်းမှာ ခမ်းနားပြီး တုန်လှုပ်ရာကောင်း၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်းကတော့ ငါ့ကို ရန်စပြီးရင်း ရန်စနေတော့တာပဲ... ဒီနေ့ မင်းကို ဘုရင်တစ်ပါးရဲ့ အာဏာက ဘာမှန်း သိသွားအောင် ပြပေးမယ်”

All Chapters