← Chapters

ထော့ကျိုး၏ ခြေထောက်၊ ရွာလူကြီး၏ ဓား

Vol. 78 Ch. 1015

ထော့ကျိုး၏ ခြေထောက်၊ ရွာလူကြီး၏ ဓား

Vol. 78 Ch. 1015

လန်ဝူနှင့် ရှုကျွင်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့ဩမဆုံး ဖြစ်နေတော့သည်။ သို့သော် အလျင်လိုနေသောကြောင့် ထွေထွေထူးထူး တွေးနေရန် အချိန်မရဘဲ ကောင်းကင်အလိုတော်မုခ်ဝထဲသို့ ဝင်လိုက်ကြရ၏၊။

ချင်မူက တုထျန်း၊ ယန်အာ၊ နဂါးချီလင်နှင့် ကျန်ရှိသူများကို ကောင်းကင်နဂါး ရတနာရထားလှည်းနှင့်အတူ သူ့ထက် အလျင်ဝင်သွားစေပြီးနောက်မှ လိုက်သွားရန် ပြင်လိုက်သည်။ ရုတ်တရက် စက္ကူလှေလေးတစ်စင်းသည် ရွက်လွှင့်လာပြီး လှေပေါ်ရှိ မရဏတမန်တော်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကျေးဇူးပြုပြီး နေပါ”

ချင်မူလည်း ခြေလှမ်းများကို ရပ်ကာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်၊ ဘယ်လိုကူညီပေးရမလဲဗျ”

မရဏတမန်တော်က ပြောသည်။ “မြေအောက်ဘုံအရှင်သခင်က မင်းကို မေးခိုင်းလိုက်တယ်.... ဘာကြောင့် ဖန်ဆင်းရှင်တွေနဲ့ ပတ်သက်နေတာပါလဲတဲ့... သူတို့တတွေဟာ ရက်စက်ကြမ်းကြုတ်ပြီး ဉာဏ်များကောက်ကျစ်ကြတဲ့အပြင် မကောင်းမှုတွေအများကြီး ကျူးလွန်ခဲ့တဲ့အကြောင်း ပြောလိုက်တယ်.... အစောပိုင်းနှစ်တွေတုန်းကဆို သူတို့က စကြဝဠာထဲကို အန္တရာယ်တွေ ခေါ်လာပြီး စက်ဆုပ်ရွံရှာဖွယ်အမှုမှန်သမျှ ကျူးလွန်ခဲ့ကြတယ်...သူတို့နဲ့ ပူးပေါင်းလိုက်တာဟာ ကျားတစ်ကောင်အတွက် သားကောင်တွေ ကူရှာပေးနေသလိုပဲ... မင်း ရှေးဟောင်းနတ်ဘုရားတွေရဲ့ ထောက်ခံမှုကို လက်လွှတ်လိုက်ရလိမ့်မယ်”

ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ရုံ၊ မြေအောက်ဘုံအရှင်သခင်ကို လျှောက်တင်ပေးပါ.... သူ့ရဲ့ အထောက်အပံ့ကြောင့်သာ ကျွန်တော်က မှော်ဝိဇ္ဇာရှင်ဆိုတဲ့ ဘွဲ့ထူးကို ရရှိခဲ့တာ ဖြစ်ပြီး ဘယ်တော့မှ စည်းမဲ့ကမ်းမဲ့ မပြူမူပါဘူး... ဖန်ဆင်းရှင်တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်က မဟာဧကရာဇ်ကို ရင်ဆိုင်ဖို့ သူတို့အင်အားကို ငှားယူနေတာပါ... ဒါကြောင့် တစ်ယောက်ကို တစ်ယောက် အသုံးချနေကြရုံသက်သက်ပါပဲ... သူတို့အင်အားနဲ့ ရှေးဟောင်းနတ်ဘုရားတွေကို အာခံဖို့ အစီအစဉ်မရှိပါဘူး... ဒါကြောင့် ကျွန်တော် မြေအောက်ဘုံအရှင်သခင်ကို လေးစားကြည်ညိုမှုအနေနဲ့ ရိုရိုကျိုးကျိုး တောင်းပန်ပါတယ်”

မရဏတမန်တော်သည် သူ့ကို စိုက်ကြည့်၍ ခေါင်းယမ်းကာ ပြောသည်။ “သွားတော့ ... ငါ မြေအောက်ဘုံအရှင်သခင်နဲ့ စကားပြောလိုက်မယ်”

ချင်မူ သူ့ကို ကျေးဇူးတင်ရင်း တောင်းပန်လိုက်၏။ “ကောင်းကင်နတ်အရှင်ယွီရော အခြေအနေ ဘယ်လိုရှိလဲ”

ချင်မူ ကောင်းကင်နတ်အရှင်ယွီအကြောင်း အစမဖော်ခင်အထိ မရဏတမန်တော်သည် အကောင်းကြီး ဖြစ်၏။ ထို့နောက် သူက ဒေါသအမျက်တစ်ချောင်းချောင်း ထွက်လာကာ စိတ်ဆိုးမာန်ဆိုး ပြောတော့သည်။ “သူ အခိုးခံလိုက်ရတယ်”

ချင်မူ အံ့အားသင့်သွားတော့သည်။ “ကောင်းကင်နတ်အရှင်ယွီ အခိုးခံလိုက်ရတယ်ဟုတ်လား.. ဘယ်သူက ယိုတုထဲအထိ ကျူးကျော်လာပြီး ကောင်းကင်နတ်အရှင်ယွီကို ခိုးရဲတာလဲ.... သူ့ကို သေသေချာချာ ကြည့်မထားဘူးလားဗျာ”

“ဟ ငါလည်း ဝိညာဉ်တွေ သွားသိမ်းပြီး သေလူတွေကို လမ်းပြပေးတယ်လေ... ငါ့မှာ အာရုံစိုက်ပေးရမယ့် အရာသန်းနဲ့ချီ ရှိနေတာကို သူ့ကို ဘယ်အချိန် သွားကြည့်နေနိုင်မှာတုန်း”

မရဏတမန်တော်က စိတ်မကြည်သလို ပြောသည်။ “သူက ငါ့အစ်ကိုကြီး ငါ့သားမဟုတ်ဘူး... ငါ အားမှ သူ့ကို ကြည့်ပေးထားနိုင်မှာ... သူ့ကို ယိုတုထဲမှာ လျှောက်သွားခိုင်းထားပေမယ့် အဲဒီပေါက်လို့ပဲစားက ဒီနေရာထဲ ဝင်လာပြီး သူ့ကို ခိုးသွားမယ် ဘယ်ထင်ထားမတုံး”

ချင်မူ မယုံသင်္ကာ မေးလိုက်မိသည်။ ”ကောင်းကင်နတ်အရှင်ယွီကို ခိုးသွားတဲ့ ပေါက်လို့ပဲစားက ဘယ်က ရောက်လာတာတုန်း”

“သူက ဘယ်က ရောက်လာတာ ဖြစ်မလဲ... မင့်ရဲ့ မိသားစုကပေါ့ကွ”

မရဏတမန်တော်က အေးစက်စက် ရယ်ကာ ပြောသည်။ “မင်း မင့်မိသားစုက အကြီးတွေကို ကောင်းကောင်ထိန်းထား... ကြားလို့တောင် မကောင်းဘူး.. ယိုတုဆီ လာပြီး မကောင်းမှုတွေ ကျူးလွန်ရတယ်လို့... ဒါပေမဲ့ ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်မပြောတော့ဘူး.. ကောင်းကင်နတ်အရှင်ယွီ ယိုတုမှာပဲ ဆက်နေရင်လည်း သူ့တိုးတက်မှုကို ကန့်သတ်ထားသလို ဖြစ်လိမ့်မယ်... ဒါပေမဲ့ မင့်မိသားစုက အကြီးတွေက သူ့ကို ခိုးတတ်အောင် သင်ပေးနေတယ်ကွာ... အဲဒါက ကောင်းလား စဉ်းစားကြည့်... ကောင်းကင်နတ်ဘုံ မင်းတို့ကို ဖမ်းမိအောင် သတိထား”

ချင်မူ သဘောတူ၍ ပြောလိုက်သည်။ “ကျွန်တော် သေချာပေါက် ဘိုးဘိုးထော့ကျိုးကို စည်းကမ်းတင်းကြပ်ပေးပါ့မယ်ဗျာ.... အဲဒီလို ထပ်မလုပ်စေရဘူးစိတ်ချ... ကောင်းကင်နတ်အရှင်ရုံ၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”

မရဏတမန်တော်က သူ့ကို လိုက်ပို့ပေးပြီးနောက် သူ၏လှေလေးကို အမိကမ္ဘာမြေ၏ တတိယမျက်လုံးအနား ပတ်ဝန်းကျင်သို့ ပြန်လည်ရွက်လွှင့်သွားကာ ချင်မူ့စကားအတိုင်း ပြန်လည်လျှောက်တင်သည်။

မြေအောက်ဘုံအရှင်သခင်မှာ အူကြောင်ကြောင် ဖြစ်သွား၏။ “မြေအောက်ဘုံအရှင်သခင်ကို လေးစားကြည်ညိုမှုအနေနဲ့ ရိုရိုကျိုးကျိုး တောင်းပန်ပါတယ်တဲ့... သူ့ပါးစပ်က အဲဒီစကား တကယ်ပဲ ထွက်လာတာလား”

မရဏတမန်တော် ခေါင်းညိတ်လိုက်သည်။ “သူ့ကြည့်တာ အင်မတန် စိတ်ရင်းထဲက လာတဲ့အတိုင်းပဲ”

“အဲဒီလို ရိုသေခံရတာမျိုး ရှားတယ်... ဒီနေ့ကိစ္စကို ထပ်အကျယ်မချဲ့တော့ဘူး.... သွား၊ သူ့အတွက် မှတ်တမ်းရေးလိုက်”

မရဏတမန်တော်လည်း နာခံကာ ပြန်မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ယိုတုသားတော်နဲ့ တစ်ယောက်တည်း မဟုတ်တော့ဘူး ဆိုတော့ သူ့အတွက် သီးသန့် မှတ်တမ်းတင်ရမှာလား”

မြေအောက်ဘုံအရှင်သခင်က မိန့်၏။ “အရင်တုန်းက သူနဲ့ ယိုတုသားတော်က တစ်ခန္ဓာကိုယ်တည်းမလို့၊ ယိုတုသားတော် ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေဟာ သူ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေ ဖြစ်လာတယ်... ငါတို့ မျှတဖို့ လိုတယ်... နှစ်ယောက်က တစ်ယောက်တည်း မဟုတ်တော့‌တာကြောင့်နဲ့ အရင်တုန်းက ပြစ်မှုတွေကို ဖယ်ရှားပေးလိုက်လို့မရဘူး”

မရဏတမန်တော်က သဘောတူသည်။ “မြေအောက်ဘုံအရှင်သခင်က အမှန်တကယ် တရားမျှတပါပေတယ်”

ချင်မူလည်း သက်ရှိကမ္ဘာသို့ ပြန်ရောက်လာပြီး ကောင်းကင်နဂါး ရတနာရထားလှည်းကို အနားတွင် မြင်လိုက်ရသည်။ နတ်ဘုရင်လန်ဝူနှင့် ကျန်ရှိသူများလည်း အတွင်းထဲ၌ စောင့်နေကြ၏။ နတ်ဘုရင်လန်ဝူနှင့် ရှုကျွင်းလည်း မျက်နှာအနည်းငယ် ဖြူလျော်နေကြဆဲပင်။

“နတ်ဘုရင်မမကြီး၊ ကောင်းကင်နတ်အရှင်ချင် နဲ့ တခြားကောင်းကင်နတ်အရှင်တွေကျ မကြောက်ဘဲ ဘာကြောင့် မြေအောက်ဘုံအရှင်သခင်ကိုပဲ ကြောက်နေတာတုန်း” ချင်မူ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။

“မြေ‌အောက်ဘုံအရှင်သခင်က ဖန်ဆင်းရှင်တွေနဲ့ ကမ္ဘာ့ရန်သူကြီးပဲ”

နတ်ဘုရင်လန်ဝူက ခေါင်းယမ်းကာ ပြောသည်။ “နင့်ရဲ့ အစ်ကိုကြီး၊ မြေအောက်ဘုံအရှင်လေးကတင် ဖန်ဆင်းရှင်တွေကို ဖနောင့်နဲ့တင်ထိတဲ့အထိ ထွက်ပြေးအောင် လုပ်နိုင်တယ်လေ... မြေအောက်ဘုံအရှင်သခင်ဆို ပြောမနေနဲ့”

ချင်မူ မှင်သက်သွားသည်။ ပရမတ္တကမ္ဘာတွင် ရွှင်ပျော်ပျော်ကျေးရွာသည် အမြဲ ခံနေရသောဘက်တွင်သာ ဖြစ်၏။ ချင်ဖုန်းကျင့် ရောက်လာမှ အခြေအနေများ ပြောင်းလဲသွားခဲ့လေသည်။

ပရမတ္တကမ္ဘာ၏ ဖန်ဆင်းရှင်များတွင် ပြိုင်ဘက်ကင်း အသိစိတ်အလျဉ်များ ပိုင်ဆိုင်ထားကြသော်လည်း ယိုတုသားတော် ချင်ဖုန်းကျင့်နှင့် ရင်ဆိုင်ရသည့်အခါ အကြီးအကျယ် အရေးနိမ့်ခဲ့ကြသည်။ အတော်များများမှာ ခေါင်းကြီးကြီး ကလေးကြီး၏ အစာဖြစ်ခဲ့ကြရ၏။

ယိုတု၏ မဟာတာအိုက ဖန်ဆင်းရှင်များကို ဖိနှိပ်နိုင်သည့်ပုံပင်။

ရှုကျွင်းက ပြောသည်။ “ငါတို့အသိစိတ်အလျဉ်တွေက သန်မာအားကောင်းပေမယ့် မူလဝိညာဉ်တွေကတော့ အားနည်းတယ်... ဒါကြောင့် ဝိညာဉ်တွေလည်း အားနည်းနေတော့ ချင်ဖုန်းကျင့် ငါတို့ဝိညာဉ်တွေကို အလွယ်တကူ စားပစ်နိုင်တာမျိုးပေါ့... သူက မြေအောက်ဘုံအရှင်လေးပဲ ရှိသေးတယ်... တကဘ့် မြေအောက်ဘုံအရှင်သခင်နဲ့ ရင်ဆိုင်ရရင် ဖန်ဆင်းရှင်တွေ ပိုအရေးနိမ့်လာတယ်.... မြေအောက်ဘုံအရှင်သခင်အတွက် ဖန်ဆင်းရှင်တွေကို သတ်ဖို့ မခက်ဘူး... ရှေးဟောင်းကမ္ဘာဦးခေတ်က စစ်ပွဲကြီးမှာဆိုရင် မြေအောက်ဘုံအရှင်သခင် လက်ချက်နဲ့ သေခဲ့ရတဲ့ ဖန်ဆင်းရှင်အရေအတွက်က ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေသုံးယောက်ပေါင်း သတ်ထားတာထက် ပိုများတယ်”

နတ်ဘုရင်လန်ဝူကလည်း ဝင်ပြော၏။ “ရှေးဟောင်းကမ္ဘာဦးခေတ်ရဲ့ စစ်ပွဲကိုတော့ ငါ မမြင်တွေ့ခဲ့ရပေမယ့် ဘိုးဘေးဝိညာဉ်တွေကနေတစ်ဆင့် မြေအောက်ဘုံအရှင်သခင်ရဲ့ ဂုဏ်သတင်းကို ကြားခဲ့ဖူးတယ်... ငါ ပရမတ္တကမ္ဘာရဲ့ ဖန်ဆင်းရှင်တွေအတွက် ပြုပြင်ပြောင်းလဲမှု စလုပ်တော့ ကောင်းကင်ရတနာကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်သုံးပြီး မူလဝိညာဉ်ကို သန်မာအားကောင်းစေခဲ့တယ်... ဖန်ဆင်းရှင်တွေမှာ အားနည်းချက်တစ်ခုမှ မရှိဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ မြေအောက်ဘုံအရှင်လေးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကွာဟမှုကြီး ရှိနေတုန်းပဲ”

ချင်မူ တဟားဟား ရယ်မောလိုက်မိ၏။ “ခင်ဗျားတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် အများကြီး ခေတ်နောက်ကျတဲ့ ရွှင်ပျော်ပျော်ကျေးရွာရဲ့ မူလဝိညာဉ်ကျင့်စဉ်စနစ်ကို လေ့လာလိုက်တာကိုး.... အဆင့်တူမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ နတ်ဘုရားမိစ္ဆာတွေရဲ့ မူလဝိညာဉ်တွေက အများကြီး ပိုသန်မာအားကောင်းတယ်... ခိုင်ဧကရာဇ်နဲ့ ကျွန်တော့်ကိုပဲ ယှဉ်ကြည့်လိုက်လေ... အဆင့်တူမှာ ကျွန်တော့်မူလဝိညာဉ်က သူ့ထက် အဆပေါင်းများစွာ သန်မာအားကောင်းနေပြီ”

သူက လက်ဟန်ခြေဟန်ဖြင့် ကြွားလုံးထုတ်နေ၏။

လန်ဝူနှင့် ရှုကျွင်းမှာ မယုံပေ။

အထူးသဖြင့် ရှုကျွင်းပင်။ သူသည် ချင်မူနှင့် ခိုင်ဧကရာဇ်အကြားက တိုက်ပွဲကို မြင်တွေ့ခဲ့ဖူး၏။ ချင်မူက ပို၍သန်မာအားကောင်းသော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။ အဆပေါင်းများစွာတော့ မဟုတ်ပေ။

သို့သော် ချင်မူ ကြွားဝါးနေခြင်းမဟုတ်မှန်း သူတို့မသိကြ။

ခိုင်ဧကရာဇ် အားသာသည့်နေရာက အတိုက်အခိုက်စွမ်းရည် ဖြစ်သည်။ သူ၏နှစ်ဆယ်ချက်မြောက် ဓားကွက်နှင့် ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၄ ဘုံက အားကောင်းလွန်းသည့်အတွက် အားနည်းချက်ကို မသိသာစေခဲ့ခြင်း ဖြစ်၏။

အခြားတစ်ဖက်တွင် ချင်မူသည် မူလဝိညာဉ်နှင့် မှော်စွမ်းအင်နှစ်မျိုးလုံးတွင် အားသာ၏။ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက မူလဝိညာဉ်၏ မှော်စွမ်းအင်နှင့် ပေါင်းစည်းထားသည့်အခါ နဂါးသွဲ့ရေကန်အဆင့် ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်သည်။ ချင်မူ နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် သူ၏မှော်စွမ်းအင်ကား နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်နှင့် ယှဉ်နိုင်သွားလေသည်။

သူနှင့် ခိုင်ဧကရာဇ် တိုက်ခိုက်ခဲ့စဉ်တုန်းက နှစ်ယောက်သား လက်ရည်တူခဲ့သယောင် ထင်ရသော်လည်း ခိုင်ဧကရာဇ်၏ ဓားတာအိုက သူ့ဓားတာအိုထက် အင်အားကြီးမားလွန်း၍သာ ဖြစ်သည်။

သို့သော် မူလဝိညာဉ်တစ်ခုတည်းကိုသာ အခြေခံလျှင် ခိုင်ဧကရာဇ်သည် ချင်မူ့အောက် များစွာနိမ့်ကျ၏။

ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ နတ်သက်ကြွေတောင်ကြောမှ မြစ်သင်္ချိုင်းသို့ သွားချင်ခဲ့သော်လည်း ယိုတုသို့ ဝင်၍ ထွက်လာပြီးနောက် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားခဲ့သည်။ ယခုတွင် သူတို့မှာ မြစ်သင်္ချိုင်းနှင့် အလွန်ဝေးကွာသော ပါ့ကျိုးအနား ရောက်နေချေပြီ။

‘ဒီလိုဆိုမှတော့ အဘွားစစ်တို့ကို တွေ့ဖို့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကိုပဲ အရင်သွားလိုက်တော့မယ်’

သူ၊ နတ်ဘုရင်လန်ဝူနှင့် ရှုကျွင်းလည်း ခုံတွင် ပြန်ထိုင်ကာ တုထျန်းမိစ္ဆာဘုရင်အား ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီ ဆက်မောင်းစေလိုက်၏။ ရထားလှည်းထဲ၌ ချင်မူက မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အား ချိတ်ပိတ်ထားသည့် ကျောက်စိမ်းပုလင်းကို ထုတ်ကြည့်သည်။ “မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ချုပ်ခဲ့တုန်းက သူ့အသိစိတ်အလျဉ်ကျင့်စဉ်ကို လိုချင်ခဲ့တာမဟုတ်ဘူး... သူ့ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို ရဖို့ သူ့မှတ်ဉာဏ်တွေကိုပဲ လိုချင်ခဲ့တာ... သူ့အသိစိတ်အလျဉ်က ခင်ဗျားတို့နှစ်ယောက်နဲ့ ဆိုင်ပါတယ်”

နတ်ဘုရင်လန်ဝူမှာ တွန့်ဆုတ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။ “မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်အများစုက ကျင့်ကြံရင်းနဲ့ တိုးပွားလာတာ မဟုတ်ဘူး... ကမ္ဘာဦးခေတ်ရဲ့ ဖန်ဆင်းရှင်တွေ ဝိုင်းပြီး ကိုးကွယ်ပူဇော်ပေးခဲ့တာမလို့ပဲ... သူ့အသိစိတ်အလျဉ်က မစစ်မှန်တဲ့အတွက် သူ့အစွမ်းအစတွေကို ကန့်သတ်ထားတယ်... မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်ဘိုးဘေးဝိညာဉ်တွေကြားမှာ ကောလဟာလ တစ်ခုတောင် ရှိသေးတယ်... ပြောပုံအရ မဟာဧကရာဇ် အရေးနိမ့်ခဲ့တဲ့ အကြောင်းရင်းက ယဇ်ပူဇော်ရင်း အဆင့်မြင့်လာတဲ့ သူ့ကျင့်ကြံခြင်းအခြေခံကို အားကိုးလို့တဲ့... အဲဒါက သူ့အားနည်းချက် ဖြစ်လာတယ် ပြောတယ်.... သူ့ကျင့်ကြံခြင်းအခြေခံသာ သူ့အားထုတ်မှုကြောင့်သာဆိုရင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နဲ့ ကျန်တဲ့ ရှေးဟောင်းနတ်ဘုရားတွေကို အလွယ်တကူ အနိုင်ရနိုင်တယ်တဲ့”

ရှုကျွင်း၏ မျက်လုံးများ တောက်ပသွားသည်။ သူက ပြုံးလျက် ပြောလေသည်။ “မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို မင်း မလိုချင်ရင် ငါပဲ ယူပေးလိုက်မယ်လေ.... နတ်ဘုရင်လန်ဝူ၊ မင်း မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို လိုချင်တာလား”

နတ်ဘုရင်လန်ဝူမှာ တခဏကြာ တွေဝေစဉ်းစားနေပြီးနောက် ပြော၏။ “ဒါကို နတ်ဘုရင်လန်ဝူနဲ့အတူ အညီအမျှ ယူပါ့မယ်.... ကျွန်မရဲ့ လက်ရှိအဆင့်ကို နောက်တစ်ဆင့် တိုးမြှင့်ဖို့ ခက်နေတာ... မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က မစစ်မှန်ပေမယ့် စမ်းကြည့်လို့တော့ တန်ပါတယ်... ဒါပေမဲ့ အသိစိတ်အလျဉ်ကို သုံးပုံခွဲပြီး သုံးယောက် ညီတူမျှတူ ယူသင့်တယ်ထင်တာပဲ.... တစ်ပုံကို အထွတ်အမြတ်ကလေးငယ်ဆီ ပေးသင့်တယ်”

ချင်မူမှာ သူမဆိုလိုသည်ကို နားမလည်ပေ။

နတ်ဘုရင်လန်ဝူက နူးညံ့ချိုသာစွာ ပြောသည်။ “နောင်တစ်ချိန်၊ နင့်ရဲ့သိုင်းအဆင့် ရှေ့ဆက်မတက်နိုင်တော့အချိန် ရောက်လာရင် မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို အသုံးချပြီး သိုင်းအဆင့်ကို မြှင့်တင်လို့ရတယ် .... ငါတို့ဖန်ဆင်းရှင်တွေလည်း နင့်အတွက် ယဇ်ပူဇော်ပွဲ ကျင်းပပြီး နင့်စွမ်းအားကို တိုးမြှင့်ပေးနိုင်ပါတယ်”

ချင်မူလည်း တခဏ စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။

ရထားလှည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသို့ ဆက်သွားနေစဉ် သုံးယောက်သား အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်၍ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အား ခွဲခြမ်းကြတော့သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်တွင် ခိုင်ဧကရာဇ်က ဦးညွှတ်အရိုအသေပေးပြီး ဓားနတ်ဘုရား စုမူကျဲအား ရပ်ခိုင်းလိုက်သည်။ “အကြီးအကဲဆီက လမ်းပြမှုကြောင့် ယဲ့ခိုင် အတော်လေး အမြတ်ထွက်ခဲ့ပါတယ်... အကြီးအကဲ၊ ကျုပ်ကို လိုက်ပို့ပေးစရာမလိုတော့ပါဘူး”

ရွာလူကြီးသည် သူ့ကို လိုက်ပို့ပေးမည်သာ လုပ်နေ၏။ “ကျုပ် ခင်ဗျားဆီက သင်ယူခဲ့တာတွေက ခင်ဗျား ကျုပ်ကို သင်ပေးခဲ့တာထက် အဆတစ်ရာ များပါတယ်.... နောင်တော်ယဲ့ရဲ့ ပါရမီအရ နောင်တော်ယဲ့ဟာ ကျုပ် မြင်ခဲ့ဖူးသမျှ ဓားတာအိုဉာဏ်ကြီးရှင်နှစ်ယောက်ထဲက တစ်‌ယောက်ပါပဲ ... လိုက်ပို့ပေးရမှာပေါ့”

ခိုင်ဧကရာဇ်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ “ကျုပ်ဓားတာအိုနဲ့ ယှဉ်နိုင်တဲ့တစ်ယောက် ရှိသေးတာလား အကြီးအကဲ.... အဲ့တစ်ယောက်က ကောင်းကင်နတ်အရှင်မူများ ဖြစ်နေမလား”

ရွာလူကြီးက ခေါင်းယမ်းကာ ရယ်သည်။ “မူအာရဲ့ ဓားတာအိုကလည်း ပြောင်မြောက်ပေမယ့် အဲ့ကောင်လေးက စပ်စုလွန်းအားကြီးတယ်... ဓားတာအိုတစ်ခုတည်းကို တစိုက်မတ်မတ် အာရုံမရှိဘူး... သူ့ဓားနှလုံးသားကလည်း မစင်ကြယ်ဘူး... ခင်ဗျားရဲ့ ဓားတာအိုနဲ့ယှဉ်နိုင်တဲ့ တစ်ယောက်တည်းသော လူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံ၊ မြစ်သင်္ချိုင်း ကျန်းပိုင်ကွေ့ပဲ”

ခိုင်ဧကရာဇ်၏အမူအရာ ပြောင်းလဲသွားသည်။ “ဧကရာဇ်အတိုင်ပင်ခံ ဘယ်မှာရှိလဲ သိခွင့်ရမလား”

“ကောင်းကင်နတ်ဘုံက သူ့ကို ဖမ်းပြီး မဟာအကျဉ်းထောင်မှာ ဧကရာဇ်ယန်ဖုန်းနဲ့အတူ တိုက်ပိတ်ထားတယ်”

ရွာလူကြီးက ပြောသည်။ “ကျန်းပိုင်ကွေ့ရဲ့ ဓားနှလုံးသားက မနှိုင်းသာအောင် စင်ကြယ်တယ်... သူ့ဓားတာအိုက မရေမတွက်နိုင်တဲ့ တာအိုတွေ ဖန်ဆင်းထားတဲ့ စကြဝဠာကြီးလို ခမ်းနားတယ်.... သူက ဓားတာအိုကို တာအိုပေါင်းများစွာအဖြစ် ပြောင်းလဲထားနိုင်တဲ့အပြင် သူ့ဓားနှလုံးသားက ကျုပ် မြင်တွေ့ဖူးသမျှထဲ အရှင်းလင်းဆုံး၊ အတောက်ပဆုံးပဲ... ခင်ဗျား သူနဲ့ တွေ့များတွေ့ခဲ့ရင် နားအေးပါးအေး စကားလေးဘာလေး ထိုင်ပြောသင့်တယ်”

ခိုင်ဧကရာဇ်မှာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချ၏။ “သူ မဟာအကျဉ်းထောင်ထဲ ရောက်နေတာ နှမြောစရာကောင်းတယ်... သူ့ကို ဘယ်အချိန်မှ တွေ့နိုင်မလဲ မသိဘူး... တခြားတက္ကသိုလ်တွေဆီ သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို သင်ယူဖို့ လိုသေးတာဆိုတော့ သူနဲ့ မဟာအကျဉ်းထောင်မှာ သွားတွေ့ဖို့ အချိန်မရဘူး.. ကံကြုံရင်တော့ တစ်နေ့ဆုံမှာပါ.... ဒီမှာပဲ လမ်းခွဲရအောင် နှုတ်ဆက်ခဲ့ပါတယ်”

ရွာလူကြီးက သူ မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး အတန်ကြာမှ တက္ကသိုလ်ထဲ ပြန်လှည့်ဝင်လာသည်။

မျက်ကန်းနှင့် ရွှေအက သူ့ကို လာရှာ၏။ ရွှေအအသံမှာ ခေါင်းလောင်းကြီးသဖွယ် ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ “ရွာလူကြီး၊ ခင်ဗျား ယဲ့ခိုင်ဆိုတဲ့တစ်ယောက်နဲ့ တွေ့ပြီးပြီလား... သူ့လို ပါရမီရှင်မျိုးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် လိုအပ်တယ်... ခင်ဗျား ဘာလို့ သူ့ကို ဆွဲမထားတာတုန်း”

ရွာလူကြီးက ခေါင်းယမ်းသည်။ “ခိုင်ဧကရာဇ်က ပါရမီရှင်တစ်ယောက်လေ... ငါက သူ့ကို ဘယ်လိုလုပ် ဆွဲထားနိုင်မှာလဲ”

ရွှေအနှင့် မျက်ကန်း တုန်လှုပ်သွားကြပြီး ဆွံ့အနေကြတော့သည်။

“သူ ငါ့ကို လာတွေ့တဲ့အချိန်မှာ ငါ သူ့ကို မကြည့်ခဲ့ပေမယ့် သူ့အရှိန်အဝါကနေတစ်ဆင့် ခံစားခဲ့ရတယ်.. သူက ကောင်းကင်ဘုံ ၃၄ ဘုံအထက်က ဓားတာအိုဘုရင်တစ်ပါးပဲ... အဲဒီအချိန်ကတည်းက နံပါတ်တစ် ဓားတာအိုပညာရှင်တော့ ဒီရောက်လာပြီဆိုတာ ငါ သိလိုက်တယ်”

ရွာလူကြီးက မှင်သေသေ ပြောသည်။ “ဓားသိုင်းပညာရှင်တွေအတွက် ဓားလမ်းစဉ်မှာ အဆင့်တစ်ဆင့်အထိ ရောက်သွားရင် သူတို့အရှေ့မှာ မကျော်တက်နိုင်တဲ့ တောင်တစ်လုံး ရှိနေသလို ခံစားကြရတယ်... အဲဒီတောင်က ခိုင်ဧကရာဇ်ပဲ... သူက အားလုံးရဲ့အရှေ့မှာ ထာဝရရပ်တည်နေတာ.... သူ ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်က သူ့ရဲ့ ဆယ့်နှစ်ချက်မြောက် ဓားကွက်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာပေးဖို့အတွက်ပဲ”

All Chapters