အိမ်နှင့် နီးလာလေ၊ စိုးထိတ်လာလေ
Vol. 78 Ch. 1019
ချင်မူမှာ ရွာလူကြီးဆီမှ ဓားသိုင်းနည်းစနစ်များ သင်ယူရင်း ဓားတာအို၏ အစစ်အမှန်အနှစ်သာရကို ဆင်ခြင်တွေးတောကာ ဒုက္ခိတဘိုးဘွားကျေးရွာ၏ နေ့ရက်များဆီသို့ ပြန်ရောက်သွားသည့်အလား ခံစားနေရသည်။
ချင်မူသည် ဓားတာအိုပညာရှင်တစ်ယောက် ဖြစ်ပြီး ရွာလူကြီးလို ဆရာတစ်ယောက်ဆီမှ ကိုယ်တိုင်သင်ကြားလမ်းပြပေးမှု ရရှိနေသော်လည်း နှစ်ဆယ်ချက်မြောက် ဓားချက်ကို လေ့လာရန် အတိုင်းထက်အလွန် ခက်နေ၏။ အဘယ်ကြောင့်ဆိုသော် အစမှ စ၍ တွေးတောရသောကြောင့် ဖြစ်သည်။
သူက ရွာလူကြီးအဘိုးကြီးဆီမှ ပညာစသင်နေသော ကလေးသဖွယ် ဖြစ်နေသည်။ သူတို့သည် ဓားရှည်များ ကိုင်လျက် ဓားချက်တိုင်း၊ ဓားကွက်တိုင်းကို ရိုးရှင်းစွာ ထုတ်ဖော်နေကြ၏။ ဓားချက်များက အခြေခံအကျဆုံး ဓားချက်များ ဖြစ်သည်။
“မင်း ကောင်းကင်နတ်ဘုံဆီ သွားတော့ မင်းရဲ့ ဓားတာအိုက ရပ်တန့်သွားပြီး မင်းရဲ့ ဓားနှလုံးသားလည်း ဆုတ်ယုတ်သွားခဲ့တယ်”
ရွာလူကြီးက ချင်မူ့ကို အားသွန်ခွန်စိုက် သင်ကြားပေးရင်း ပြောသည်။ “ကောင်းကင်နတ်ဘုံဆိုတာ အပျော်အပါးတွေ ပြည့်နေတဲ့ ကမ္ဘာပဲ... အဲဒီကမ္ဘာက မင်းကို အမြင်ကျယ်စေခဲ့ပေမယ့် မင်းရဲ့ ဓားနှလုံးသားကို လွှမ်းမိုးပြီး မင်းရဲ့ တာအိုကို ရပ်တန့်သွားစေခဲ့တယ်”
နှစ်ယောက်သား စိတ်ကို ရှင်းလင်းအောင် ထားရင်း ရက်ပေါင်းများစွာ လေ့ကျင့်နေကြသည်။ တစ်ခါတရံ ချင်မူနှင့် ရွာလူကြီးသည် အတူတူ ထိုင်၍ မိမိ၏ဓားအပေါ် မူတည်ကာ အသက်ရှူသွင်းရှူထုတ်ခြင်းများ လေ့ကျင့်တတ်ကြ၏။
အခြားမည်သည့်ကျင့်စဉ်ကိုမျှ မသုံးကြပေ။ သူတို့ လုပ်သမျှမှာ ဓားအတွင်းရှိ စိတ်ဝိညာဉ်ကို ခံစားရင်း ၎င်းနှင့် ထပ်တူကျစေခြင်းသာ ဖြစ်သည်။
ယနေ့တွင် ချင်မူ ဓားစက်လုံးအသက်ရှူနေသည်ကို ခံစားလိုက်ရသည်။ သူ အသက်ရှူလိုက်တိုင်း ဓားစက်လုံးလည်း အသက်ရှူပြီး ကြီးမားလာ၏။ သူ အသက်ရှူထုတ်လိုက်သည့်အခါ ဓားစက်လုံးလည်း အလားတူ ကျုံ့ဝင်သွားသည်။
သူ အသက်ရှူနေစဉ် သူ၏ကိုယ်ပိုင်အနှစ်သာရနှင့် သွေးများ ဓားစက်လုံးအတွင်းသို့ စီးဆင်းဝင်ရောက်နေကြောင်း ခံစားလိုက်ရသည်။
ထို့အပြင် သူ၏အသိစိတ်အလျဉ်နှင့် ဓားစက်လုံးမှာ ခွဲခြားမရသည့်အလား ဖြစ်လာသည်။
သူ့ဝိညာဉ်သည်လည်း ဓားစက်လုံးကို သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်ဆံလာ၏။
ရွာလူကြီး စိတ်ကျေနပ်သွားသည်။ “မင်း အခု နှစ်ဆယ်ချက်မြောက် ဓားကွက်ကို လေ့လာနိုင်ပြီ”
ဤသို့ဖြင့် ချင်မူ နှစ်ဆယ်ချက်မြောက် ဓားကွက်ကို လေ့လာတော့သည်။
နှစ်ဆယ်ချက်မြောက် ဓားကွက်ကား ကျင့်စဉ်တစ်ခုနှင့် ပိုတူသော ၊ အလွန်အားကောင်းပြင်းထန်သည့် အခြေခံဓားချက်မျိုး ဖြစ်၏။ လူတစ်ယောက်အနေဖြင့် မိမိ၏ အဆီအနှစ်၊ သွေး၊ အသိစိတ်အလျဉ်နှင့် ဝိညာဉ်ကို ဓားအတွင်းသို့ ထည့်သွင်း၍ စွမ်းအား မြှင့်တင်ရသဖြင့် မည်သည့်ဓားကွက်တွင်မဆို ထည့်သွင်း အသုံးပြုနိုင်လေသည်။
အခြားတစ်နည်းဖြင့် ပြောရလျှင် ဤဓားကွက်အား ဆယ့်ကိုးချက်မြောက် ဓားကွက်လို အခြေခံဓားကွက်များတွင် အသုံးပြုနိုင်သည်။
သို့သော် နှစ်ဆယ်ချက်မြောက် ဓားကွက်ကို လေ့လာလျှင်ပင် အသုံးပြုရန် ခက်ခဲသဖြင့် ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။ ထို့မတိုင်ခင် ဓားနယ်ပယ်အား ဦးစွာဖွဲ့တည်ရမည်။
ချင်မူမှာ ရွာလူကြီးနှင့်အတူ ဤဓားကွက်ကို လေ့လာနေသော်လည်း ဓားနယ်ပယ်အား တစ်ခါမှ မဖွဲ့တည်ဖူးသောကြောင့် မထုတ်ဖော်နိုင်သေးပေ။
“ဓားနယ်ပယ်က ဓားတာအိုရဲ့ နယ်ပယ်ပဲ... အဲဒါကို ဖွဲ့တည်နိုင်ဖို့ ဓားတာအိုကို ပိုပြီး လေးလေးနက်နက် နားလည်အောင် လုပ်ရတယ်... ဖြစ်ညစ်ထုတ်နေလို့ ထွက်လာမှာမဟုတ်ဘူး”
ရွာလူကြီးက ပြောသည်။ “မင်းရဲ့ ဓားနှလုံးသားကို စင်ကြယ်အောင် ထားပြီး ဖွဲ့တည်ကြည့်... လောလောဆယ်မှာ ငါတော့ အဲဒီနယ်ပယ်ရဲ့ အပေါက်ဝပဲ ရောက်သေးတယ်... ဓားတာအိုမှာ မင်းရဲ့ အခြေခံက ခိုင်မာသလို၊ ဘယ်လို လေ့လာရမလဲ သိတော့ မင်းရဲ့အလားအလာက ငါ့ထက် ပိုသာတယ်... နောင်တစ်ချိန်မှာ မင်းရဲ့ အောင်မြင်မှုတွေက ငါ့ထက် ကျော်တက်သွားလိမ့်မယ်... မင်းက အခု တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်မနေတတ်တာ တစ်ခုပဲ”
ဤရက်များအတွင်း ချင်မူ အကျိုးအမြတ်များစွာ ရခဲ့သဖြင့် အလွန်ကျေးဇူးတင်နေမိသည်။ သို့သော် သူက ရွာလူကြီး၏ သင်ကြားပြသမှုများကို ထားခဲ့ပြီးနောက် မြို့တော်သို့ သွားကာ မျက်ကန်းနှင့် ရွှေအနှင့်အတူ အဏုစိတ်ပန်းပဲပညာအား တီထွင်ဆန်းစစ်သည်။
ရွာလူကြီးမှာ မတတ်နိုင်သောကြောင့် သူ့အား လွှတ်ပေးလိုက်ရသည်။
ချင်မူသည် ဖန်ဆင်းရှင်တို့၏ အထွတ်အမြတ်ကလေးငယ်ပီပီ၊ အသိစိတ်အလျဉ်၌ ထိပ်တန်းမဖြစ်သေးသော်လည်း အလွန်ဗဟုသုတ ကြွယ်ဝ၏။ ထို့ကြောင့် အသိစိတ်အလျဉ်တွင် သူ၏အောင်မြင်မှုက သူ့အား ရှားပါးသော အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်စေကာ ရွှေအနှင့် မျက်ကန်းကို အခက်တွေ့စေခဲ့သည့် အဏုစိတ်ပန်းပဲပညာ၏ ပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်သွားစေသည်။
ရွှေအနှင့် မျက်ကန်း၏ ဦးဆောင်မှုအောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲပညာသည် ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူတို့အတွက် ထို့အထက်သို့ မြှင့်တင်ရန် မဖြစ်နိုင်သလောက်ရှိခဲ့သည်။
သို့သော် အဏုစိတ်ပန်းပဲပညာသည် ရုပ်ဖွဲ့စည်းပုံများကို ပြောင်းလဲရန် လိုအပ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါဘာ၏ လက်ရှိနည်းပညာအဆင့်အရ မဖြစ်နိုင်ပေ။
ရုပ် ဆိုသည်မှာ ရုပ်ဝတ္ထုတို့၏အထဲတွင် ကိန်းဝပ်လျက် ရုပ်ဝတ္ထုတို့၏ ဂုဏ်သတ္တိများကို အဆုံးအဖြတ်ပေးသော နိယာမများကို ရည်ညွှန်းသည်။
ထိုကဲ့သို့သေ နိယာမများကို လေ့လာလျှင် ရူပဗေဒအကြောင်း နားလည်လာလိမ့်မည်။
အဏုစိတ်ပန်းပဲပညာဟူသည် ရူပဗေဒကို ပြောင်းလဲခြင်း မည်၏။
မဟူရာရွှေအတွင်းရှိ သေးငယ်လှသော သလင်းကျောက်တစ်ခဲစီတိုင်း၏ အစီအစဉ်ကို ပြောင်းလဲခွဲထုတ်ရန် အသိစိတ်အလျဉ်အား လိုအပ်သည်။ တခြားသူတို့၏ အသိပညာများကို လေ့လာသင်ယူခြင်းဖြင့် မိမိ၏ အားနည်းချက်ကို ဖာထေးနိုင်သည်ဆိုသော စကားအတိုင်း... ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ပညာရပ်အား အဏုစိတ်ပန်းပဲပညာတွင် အသုံးချနိုင်ရာ ထာဝရငြိမ်းချမ်းရေး၏ အားနည်းချက်ကို ဖာထေးပေးနိုင်သည်။
ချင်မူ၊ မျက်ကန်းနှင့် ရွှေအက သုတေသနထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားပြီး အခြားသောအရာများကို လျစ်လျူရှုထား၏။ ရက်အနည်းငယ်ကြာသော် သူတို့မှာ မဟူရာရွှေမှ ကောင်းကင်ရွှေ ထွက်လာအောင် ကိုယ်တိုင်လုပ်နိုင်သွားသည့်အခါ အလွန်စိတ်လှုပ်ရှားလာကြတော့သည်။
“အဏုစိတ်ပန်းပဲပညာက ရုပ်ဖွဲ့စည်းပုံတွေကို ပြောင်းလဲနိုင်ဖို့ အသုံးတည့်တာထက် ပိုတယ်”
ချင်မူက စိတ်လှုပ်တရှား ပြောသည်။ “သေးငယ်လှတဲ့ သလင်းကျောက်တွေအပေါ်မှာ သင်္ကေတအမှတ်အသားတွေ ခတ်နှိပ်လို့ ရသွားပြီပေါ့.... ရေတစ်စက်မှာ သလင်းကျောက်အသေးလေးတွေ သိန်းသန်းချီ ပါတယ်... ဓားတစ်လက်ဆို အဲ့ထက်တောင် ပိုများသေးတယ်... အဏုစိတ်ပန်းပဲပညာကို ထိပ်ဆုံးအထိသာ တွန်းပို့နိုင်လိုက်ရင် နတ်လက်နက်တွေမှာလည်း သုံးလို့ရပြီ... ကျွန်တော်တို့ အဏုစိတ်သင်္ကေတအမှတ်အသားတွေကို နတ်လက်နက်တွေပေါ်မှာ ခတ်နှိပ်နိုင်ရင် လက်နက်တွေရဲ့ စွမ်းအားကို အဆင့်တူနတ်ဘုရားတွေ၊ မိစ္ဆာတွေထက် ကျော်တက်သွားအောင် တွန်းပို့လို့ရတယ်”
ရွှေအလည်း စိတ်လှုပ်ရှားနေပြီး လက်ဝါးချင်း ပွတ်ကာ ပြောနေ၏။ “ခိုင်ဧကရာဇ်လည်း ဒီလိုပြောခဲ့ဖူးတယ်... ဒါက ပန်းပဲလမ်းစဉ်ရဲ့ ခေတ်တစ်ခေတ် ဖြစ်လာလိမ့်မယ်တဲ့... အင်အားကြီးမားတဲ့ ရတနာတွေ ကမ္ဘာလောကကြီးကို ကြီးစိုးနေပေမယ့် ခေတ်ပေါ့”
ချင်မူက သူ့ကို ဖားလိုက်သည်။ “ဘိုးဘိုးရွှေအကတော့ အဲဒီခေတ်ရဲ့ ပဲ့ကိုင်ရှင်ကြီးပေါ့ဗျာ”
ရွှေအ တဟားဟား ရယ်မိသည်။ သူ့အသံသည် ကျယ်လောင်ပြတ်သားနေပြီး သူ့ကျောနောက်ရှိ မီးဖိုမှ မီးတောက်များ လေထဲသို့ ပန်းထွက်သွား၏။
သို့သော် မျက်ကန်းကတော့ သိပ်မရွှင်ပျပေ။ “ငါတို့ အဏုစိတ်ပန်းပဲပညာကို အဆုံးအထိ တွန်းပို့လိုက်ရင် ငါတို့လို လူတွေ ဘာလုပ်ကြမလဲ.... ရတနာတွေ အင်အားကြီးမားလွန်းရင်း စစ်ထဲမှာ ရတနာစစ်ပွဲ ဖြစ်လာလိမ့်မယ်... လက်နက်တွေ ပျံသန်းတိုက်ခိုက်နိုင်နေမှတော့ ငါတို့လို ကောင်းကင်နတ်သိုင်းပညာရှင်တွေ ကျင့်ကြံစရာ လိုပါ့ဦးမလား”
ချင်မူ မျက်ကန်းကို ခပ်တိုးတိုး ကပ်ပြောလိုက်၏။ “အဏုစိတ်ပန်းပဲပညာကို ကျင့်ကြံတာမှာလည်း သုံးလို့ရပါတယ်... စဉ်းစားတတ်ဖို့ပဲ လိုတာ... ဒီလိုဗျာ၊ အဏုစိတ်သင်္ကေတအမှတ်အသားတွေကို ချီစွမ်းအင်ဖွဲ့စည်းပုံ၊ ဝင်္ကပါအမှတ်အသားအစီအစဉ်လို အရာတွေပေါ်မှာ ခတ်နှိပ်ပြီး ရုပ်ခန္ဓာနဲ့ ကောင်းကင်ရတနာတွေကို သန်မာစေမယ်၊ ကောင်းကင်နန်းဆောင်ကို ထုဆစ်ပုံဖော်မယ်ဆိုရင် ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေလည်း သန်မာလာကြလိမ့်မယ်.. မူလဝိညာဉ်ကျင့်စဉ်မှာတောင် သုံးလို့ရသေးတယ်”
မျက်ကန်းသည် သူ့မုတ်ဆိတ်မွှေးသူ သပ်ပြီ ရယ်လေသည်။ “မင်းဆီက ဒီလိုစကားထွက်လာတာ ရည်ရွယ်ချက်တစ်ခုခု ရှိနေမှန်းတော့ ခံစားရပေမယ့် သဘာဝတော့ ကျပါသေးတယ်”
ချင်မူက သူတို့၏အသိစိတ်အလျဉ်ကျင့်စဉ်အားလုံး သင်ကြားပေးရန်း ပျော်ရွှင်နေသည်။ သူက လက်နှစ်ဖက်ကို ပွတ်ရင်း တွေးနေ၏။ ‘ကဲ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် နောက်တစ်စုံတော့ ရပြီ... ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးရွှေအ လမ်းစဉ်ကို ဖွင့်လှစ်ပြီး ဧကရာဇ်ပလ္လင်အဆင့် ရောက်သွားရင် ငါ့ပန်းပဲပညာနဲ့ ကောင်းကင်နန်းဆောင်တွေကို ပြုပြင်မွမ်းမံဖို့ လေ့လာနိုင်မယ်... အခုလေလောဆယ် ဘိုးဘိုးထော့ကျိုးရဲ့ စောရကောင်းကင်နန်းဆောင်နဲ့ ဘိုးဘိုးမာရဲ့ ဗုဒ္ဓကောင်းကင်နန်းဆောင်ပဲ ကျန်တော့တယ်”
“ဘိုးဘိုးထော့ကျိုးနဲ့ ဘိုးဘိုးမာကို မမြင်မိပါလား” ချင်မူ မေးလိုက်မိသည်။
“ထော့ကျိုးက လီရုံလန်ကို ခေါ်ပြီး ကမ္ဘာဦးဘုံတစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွားရင်း ကမ္ဗည်းကျောက်စာတိုင်တွေ၊ အုတ်ဂူတွေ တူးနေတယ်.... ကောင်းကင်နတ်ဘုံအမျိုးမျိုးတောင် သူတို့ ရောက်ဖူးကြတယ်.... အဘိုးကြီးမာလည်း သူတို့နှစ်ယောက်ကို စိတ်ပူတာနဲ့ မနေနိုင်တော့ဘဲ လိုက်သွားတာ... သူက ထော့ကျိုး မဆင်မခြင်ခိုးပြီး သဲလွန်စတွေ ကျန်ခဲ့မှာ စိုးနေတာလေ”
မျက်ကန်းက ပြောသည်။ “အဘိုးကြီးက လူဆိုးထိန်းပီပီ ထော့ကျိုးကို အကြိမ်ပေါင်းများစွာ ဖမ်းမိဖူးတယ်... သူ ထော့ကျိုးဘေးမှာ ရှိနေသရွေ့ ထော့ကျိုး ဘာမှဖြစ်မှာမဟုတ်ဘူး... လူဆိုးထိန်းနဲ့သူခိုး အတူတူ ရှိနေလို့ကတော့ ဘယ်သူ သူတို့ကို နိုင်မလဲကွာ... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရတနာတိုက်ကို သွားဖောက်ရင်တောင် သူတို့မှန်း ကောင်းကင်နတ်ဧကရာဇ် သိမှာမဟုတ်ဘူး”
ချင်မူ ဆွံ့အသွားတော့သည်။
လူဆိုးထိန်းက သူခိုးနှင့် ပေါင်းနေသည်လား။
မျက်ကန်းနှင့် ရွှေအက သူ့ကို မောင်းထုတ်သည်။ “ဧကရာဇ်ယန်ရှို့က မင်းဆီ လူတစ်ယောက် လွှတ်လိုက်တယ်... သူက မင်းကို ဧကရာဇ်အတိုင်ပင်ခံအိမ်တော်ဆီ မြန်မြန်ပြန်လာစေချပြီ... သွားတော့ ငါတို့ကို စိတ်ချချထားခဲ့.... နောက်နှစ်အနည်းငယ်လောက်နေလို့ မင်း ပြန်လာရင် ငါတို့ကောင်းကင်နန်းဆောင်တွေ တည်ဆောက်ပြီးစေရမယ်လို့ အာမခံတယ်”
ချင်မူလည်း သူ့အိမ်တ်ောသို့ ပြန်လျှောက်သွားရင်း တွေးနေမိသည်။ ‘ငါ ယွိရှို့ဆီ သွားတွေ့ရမယ်... ငါ အန္တရာယ်ကင်းတဲ့အကြောင်း သက်သေပြဖို့ တစ်နှစ်နေရင် လာတွေ့ပါ့မယ်လို့ ငါ သူ့ကို ကတိပေးခဲ့ပေမယ့် နောက်ပိုင်း ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကနေတစ်ဆင့် ငါ ကောင်းကင်နတ်ဘုံဆီ တက်သွားတဲ့အကြောင်း မှာလိုက်ရတယ်... ဧကရာဇ်အတိုင်ပင်ခံ ဖြစ်ပြီး ငါ အတော် ပျက်ကွက်မိတာပဲ’
သူက ဧကရာဇ်အတိုင်ပင်ခံအိမ်တော်သို့ ပြန်သွားပြီး အထဲမဝင်ခင် လမ်းထောင့်၌ ထိုင်နေသော ကြောင်ဖြူလေးတစ်ကောင်ကို တွေ့လိုက်ရ၏။
ချင်မူ ကြောင်လေးကို ရပ်ကြည့်လိုက်မိသည်။ ကြောင်၏အမွှေးများက အခြားမည်သည့်အရောင်မှ မရှိဘဲ ဖြူဆွတ်နေသည်။ ၎င်းက လက်ဖဝါးကို လျက်နေပြီးနောက် သူ့ကို မြင်သည့်အခါ အရိပ်ထဲ ဖြည်းဖြည်းချင်း ဝင်ရောက်သွားလေသည်။
ချင်မူမှာ မျက်မှောင်အနည်းငယ် ကြတ်ပြီး ဧကရာဇ်အတိုင်ပင်ခံအိမ်တော်ထဲ ဝင်လိုက်သည်။
နဂါးချီလင်က အလျင်အမြန် ပြေးကြိုသည်။ သူ့မှာ သိသိာသာသာ စိတ်ပျက်လက်မှိုင်ကျနေပြီး အော်ဟစ်ငိုယိုတော့၏။ “နောက်ဆုံးတော့ ပြန်လာပြီပေါ့ ဂိုဏ်းသခင်ရယ်”
ချင်မူ ပြုံးလိုက်သည်။ “မမကြီးယန်အာက မင်းကို စွမ်းအင်ဆေးလုံး မခွံ့လို့လား ဖက်တီးနဂါး”
နဂါးချီလင်က ခေါင်းယမ်းကာ ခပ်တိုးတိုး ပြော၏။ “စားရသောက်ရ အဆင်ပြေပါတယ်... မပြောတာက ယွင်ချွီးရှို့နဲ့ လျန်းဟွာဟွန် နှစ်ယောက်လုံး ဒီရောက်နေကြတယ်... သူတို့က ဧကရာဇ်ယန်ရှို့၊ နတ်ဘုရင်နဲ့ ကုန်းစွန်းယန်တို့ရဲ့ သွေးသောက်ညီအစ်မတောင် ဖြစ်နေပြီ... သူတို့တွေက အတူမွေးမလာပေမယ့် အတူတူ သေကြမယ်တဲ့”
ချင်မူ အံ့အားသင့်သွား၏။ ‘ယွင်ချွီးရှို့ ဒီကို ရောက်လာပြန်တာလား.... လျန်းဟွာဟွန်ကိုလည်းး သူနဲ့အတူ ခေါ်လာခဲ့တာလား’
သူ့မှာ မိုက်ခနဲ မူးဝေသွားသဖြင့် မေးနေသည်ကို ရပ်လိုက်သည်။ “အဲဒီကဝေမလေးနှစ်ကောင် ဒီမှာ ပြဿနာရှာသေးလား”
“သိပ်တော့ မရှိပါဘူး”
နဂါးချီလင်က ဆက်ပြောသည်။ “ယွင်ကျန်းလီ တစ်ခါလာခဲ့ဖူးပေမယ့် ဒီမြင်ကွင်းကို မြင်တော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်လိုမျိုး ထွက်သွားတယ်လေ”
“ယွင်ကျန်းလီ ဘယ်မှာလဲ... အနည်းဆုံးတော့ သူ့ညီမကို ဆွဲခေါ်သွားသင့်တာပေါ့”
ချင်မူ တွက်ချက်ကြည့်လိုက်သည်။ “လျန်းဟွာဟွန်က ကောင်းကင်နတ်ဧကရာဇ်၊ ယွင်ချွီးရှို့က အရှင်မယွမ်မု... ငါတို့ ဒီကဝေမလေးနှစ်ယောက်ကို သတ်ပစ်ဖို့ လိုတယ်... ယွိရှို့၊ နတ်ဘုရင်နဲ့ ယန်အာတော့ သေလို့မဖြစ်ဘူး... အရင်တစ်ခေါက်က အမိကမ္ဘာမြေကို ငါတို့ အသုံးချခဲ့ပေမယ့် အခု ဘယ်သူ့ကို အသုံးချကြမလဲ... လော့ဝူရွှမ်လည်း မရှိတာဆိုးတယ်... စောစောက ကြောင်ဖြူကလည်း ကောင်းကင်နတ်အရှင်ယန်ရဲ့ ရင်ခွင်ထဲက ရှောင်ချီပဲ”
သူ စဉ်းစားနေစဉ် ဧကရာဇ်ယန်ရှို့၏အသံ ပျံ့လွင့်လာသည်။ “ဧကရာဇ်အတိုင်ပင်ခံ ပြန်လာပြီ
ချင်မူလည်း ရှေ့တက်၍ အရိုအသေပေးလိုက်၏။ “ဂါဝရပြုပါတယ် ဧကရာဇ်”
ဧကရာဇ်ယန်ရှို့သည် သူ့လက်နှစ်ဖက်ကို အလျင်အမြန် ဆွဲရင်း ပြုံးပျော်နေတော့သည်။ “ဧကရာဇ်အတိုင်ပင်ခံ အိမ်ကို ပြန်မလာနိုင်တဲ့ထိ အပြင်မှာ အလုပ်ကြိုးကြိုးစားစား လုပ်ခဲ့ရတာ ငါ့အမှားပဲ ထင်ပါတယ်”
သူမစကားထဲတွင် ချင်မူ အကြာကြီးနေမှ သူမဆီ ပြန်လာသဖြင့် စိတ်ဆိုးနေသော အငွေ့အသက်လေး ပါသည်။
ချင်မူမှာ သူမလက်မှ ဆွဲခေါ်သွားသည့်အတိုင်း ဥယျာဉ်ထဲ လိုက်ပါသွားရင်း ပြုံးလိုက်မိသည်။ “ဧကရာဇ်၊ ကောင်းကင်နတ်ဘုံမှာ ငါ လုပ်စရာလေးတွေ များပြီး ခက်ခဲခဲ့လို့ပါ... ဒါကြောင့် အိမ်နဲ့ နီးလာလေလေ၊ ငါ့အနားက လူတွေလည်း အညှိုးထားခ့ရမှာ စိုးထိတ်နေခဲ့မိတာနဲ့ အပြန်နောက်ကျသွားတယ်”
ဧကရာဇ်ယန်ရှို့မှာ နီရဲနေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည်။ “ငါ သိပါတယ်”
ဧကရာဇ်အတိုင်ပင်ခံ၏ အိမ်တော်ထဲတွင် ကုန်းစွန်းယန်က ရေခရားတစ်အိုးဖြင့် လျှောက်လာသည်။ ဧကရာဇ်ယန်ရှို့က သူ့ကို အလျင်အမြန် လွှတ်ပေးလိုက်၏။ ထိုအခါ ကုန်းစွန်းယန်က သူ့ခေါင်းသို့ ရေလောင်းရင်း အသေးစိတ် ကြည့်ရှုနေသည်။ ချင်မူ့ဆီမှ အညောင့် ထွက်မလာသေးသည်ကို မြင်လျှင် သူမမှာ သက်ပြင်းချလိုက်သည်။
ချင်မူလည်း သူမအကျင့်နှင့် ရင်းနှီးနေသည့်အတွက် ပြုံးလိုက်သည်။ “ယန်အာ၊ ကျွန်တော် အပြင်ရောက်နေတုန်းက ကောင်းကင်တစ်ခု တွေ့ခဲ့ရတယ်... နာမည်က ကမ္ဘာဦးဝိညာဉ်ရေကြည်တဲ့... ကျွန်တော် ယန်အာ့ကို ရေလောင်းပေးပါ့မယ် ခဏနေရင်”
ကုန်းစွန်းယန် ဝမ်းသာသွားသည်။
ဧကရာဇ်ယန်ရှို့၏ အကြည့်က သူ့အပေါ် ကျလာသည်။ သူမက ပြုံးလျက် မေးတော်မူ၏။ “ငါ့အတွက်ရော ရတနာတွေ မပါဘူးလား ဧကရာဇ်အတိုင်ပင်ခံ”
“စကြဝဠာထောင်ပေါင်းများစွာနဲ့ မဟာအင်ပါယာတစ်ခုက ငါ မင်းအတွက် ယူလာတဲ့အရာတွေပါ ဧကရာဇ်”