← Chapters

စကားလုံးမဲ့ ကောင်းကင်စာအုပ်

Vol. 114 Ch. 4.1218

စကားလုံးမဲ့ ကောင်းကင်စာအုပ်

Vol. 114 Ch. 4.1218

ခန်းမ အတွင်းဘက်တွင် မီးတောက်များ ထိန်ထိန်လင်းနေသော်လည်း အပြင်ဘက်တွင် အလင်းရောင် တစ်စုံတစ်ရာ မရှိသည်မှာ သိသာလှ​ပေသည်။

သုံးယောက်သား ခြေဖဝါးချကာ မဆင်းဝံ့ဘဲ လေထဲ၌ပင် လွင့်မျောကာ မီးတောက်မီးလျှံများ လင်းထိန်နေသော စာအုပ်စားပွဲဆီသို့ တဖြည်းဖြည်း မျှော်ကြည့်နေကြသည်။ ထိုနေရာ၌ စုတ်တံနဲ့ စာအုပ်တစ်အုပ်ပဲ ရှိပါသည်။

လူသုံးယောက် ရောက်လာပြီးတာနဲ့ စာအုပ်က ရုတ်တရက် လှန်လိုက်ပြီးတော့ စုတ်တံက ပျံတက်လာပြီး စာမျက်နှာတစ်ခုပေါ်မှာ မြန်မြန်ဆန်ဆန် ရေးနေပါတော့သည်။

ကျိုးယန် ထိတ်လန့်တကြား အသံဖြင့် ရွတ်ဆိုကြည့်လိုက်သော်။

“​တော်ဝင်မင်းဆက် ရှေးဟောင်း မိသားစုမှ ဆင်းသက်လာသူ ကျိုးယန်... နတ်မီးနယ်ပယ် အဆင့်၁၂... မာနကြီးသော ကောင်းကင်၏ သမီးတော်ဖြစ်ပြီး အနောက်တိုက်ကြီးတွင် မွေးဖွားခဲ့သည်.... ကောင်းကင်နှင့်မြေ ကမ္ဘာကြီးပြက္ခဒိန် ၁၃၂၄၄၂၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်......"

ကောင်းကင်နှင့်ကမ္ဘာ့ ပြက္ခဒိန်သည် အမှန်တကယ်ပင် မြေကမ္ဘာကြီး တစ်ခုလုံး၏ နှစ်များကို မှတ်တမ်းတင်သည့် နည်းလမ်း ဖြစ်သည်။ အခု တွက်ကြည့်တော့ ဒီနှစ်က ၁၂၃၄၄၂၄ ဖြစ်သွားသည်။

"မဖြစ်နိုင်ဘူး!" ကျိုးယန် အထိတ်တလန့်နဲ့ အော်ရင်း နောက်ဆုတ်သွားသည်။

လုရွှမ် ကျိုးယန်ကို လျင်မြန်စွာ ထောက်ကူလိုက်​သော်လည်း ဟွေ့လင်ကပါ ရှေ့သို့ တိုးလာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် စာအုပ်ကို တစ်ဖန်ပြန်လှန်လိုက်ပြီး ဟွေ့လင်ကလည်း ၁၂၃၄၄၂၄ တွင် ကျိုးယန်နဲ့အတူ ကွယ်လွန်သွားကြောင်းကို စတင်ရေးသားခဲ့သည်။

အမျိုးသမီး နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ချိန်၌ ထိတ်လန့် ကြောက်ရွံ့မှုတွေကို တစ်ယောက် မျက်လုံးထဲ တစ်ယောက် မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာ သူတို့နှစ်ယောက်အတူတူ သေဆုံးသွားတာ ဖြစ်နိုင်ချေရှိပြီး အခုသူတို့အားလုံး နတ်နဂါး မိသားစုထဲမှာ ဒီတစ်ကြိမ် သေဆုံးသွားရမယ် ဆိုတာ ထင်ရှားနေသည်။

"ဟမ့်.... မင်းတို့ ဒီအရာကို ယုံနေကြတာလား... အတုကြီး ဖြစ်နေရင်ရော"

"လုရွှမ်.... ဒီစာအုပ်ရှေ့ကို လာရပ်ကြည့်ပါလား...."

ဟွေ့လင်၏ မျက်နှာသည် စက္ကူဖြူ တစ်ရွက်ကဲ့သို့ ဖြူဖတ်နေကာ ယခုလို အရာကို ဘယ်တုန်းကမှ မကြုံဖူးခဲ့ကြောင်း သိသာလှပေသည်။ ၎င်းသည် သူမ၏ တောင်ပေါ်မှ ဆင်းလာတာ ပထမဆုံး အကြိမ်ဖြစ်သည်။ ဒီအချိန်မှာ သေတော့မယ်ဆိုတဲ့ သတင်းကို ရုတ်တရက် ကြားလိုက်ရတော့ လက်ခံရခက်လှ၏။

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက်မှာ ထူးထူးခြားခြား အရည်အချင်းတွေ ရှိပေမယ့် နောက်ဆုံးမှာတော့ သူတို့မှာ အတွေ့အကြုံ နည်းလွန်းသူတွေပင်။ ၎င်းတို့သည် သန်မာသော်လည်း ဖန်လုံအိမ်ထဲရှိ ပန်းများကဲ့သို့ လေနှင့်မိုးကို မခံနိုင်ပါ။

ဒါကလည်း နောင်မှာ ပိုလေ့ကျင့်မယ်ဆိုရင် ခွန်အားနဲ့ အောင်မြင်မှုတွေက အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်။

အနည်းဆုံး မိန်းကလေး နှစ်ဦးသည် သိမ်မွေ့သောပုံ ပေါက်နေသော်လည်း သူတို့၏ စွမ်းအားသည် အမှန်တကယ်တော့ နတ်မီးနယ်ပယ် အဆင့်၁၂ တွင် ရှိနေသည်။ ဒြပ်စင်ငါးပါး မဟာဂိုဏ်းတစ်ခုလုံးတွင် အဆင့်၁၂ တွင် ချန်ရှီး တစ်ဦးတည်းသာရှိပြီး ဂိုဏ်းတွင် အရည်အချင်းအရှိဆုံးပုဂ္ဂိုလ်အဖြစ် ချီးကျူးခံရသည်။

ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှ ထွက်သွားပြီးနောက် အခြားဂိုဏ်းများမှ လူများကို တွေ့ခဲ့ပြီး လူနှစ်ဦးကို ကြုံရာကျပန်းတွေ့ဆုံခဲ့ရာမှ ၎င်းတို့သည် နတ်မီးနယ်ပယ် အဆင့်၁၂များ ဖြစ်နေကြသည်။

"ကောင်းပြီ... ငါစမ်းကြည့်မယ် ဒါပေမဲ့ ဒီအရာက ရှုပ်ပွနေတဲ့အရာတွေကို ရေးနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"

လုရွှမ် စာအုပ်ရှေ့မှာ ရပ်လိုက်သည်။ စုတ်တံက လှုပ်ရှားကာ စာရွက်ကို လှန်လိုက်သော်လည်း အစမှအဆုံးထိ ရွေးချယ်ရန် စာမျက်နှာ မရှိခဲ့ပေ။

"ဒါက ဖြစ်နိုင်ပါ့မလား.... ဘာဖြစ်သွားတာလဲ"

မိန်းကလေး နှစ်ယောက်လုံး အံ့သြသွားကြသည်။

လုရွှမ်လည်း ဤစာအုပ်သည် မြေကမ္ဘာက လူများအကြောင်း အချက်အလက်များကို မှတ်တမ်းတင်သင့်သည်ဟု ရုတ်တရက် သဘောပေါက်ခဲ့သော်လည်း ရယ်စရာကောင်းသည်မှာ သူသည် မြေကမ္ဘာမှ မဟုတ်သောကြောင့် သဘာဝအတိုင်း မှတ်တမ်းတင်ထားမည် မဟုတ်ပေ။

"ကြည့် မြင်ပြီမလား.... ဒီစာအုပ်က ရှေးလူကြီးတွေ ချန်ထားခဲ့တဲ့ တွက်ချက်မှုတစ်ခုပဲ ဘာမှမဟုတ်ပါဘူး အဲဒါက သေခြင်းတရားကို ဟောကိန်းထုတ်တယ်...ဟူး.... ဒီစာအုပ်က ဘဝနဲ့ သေခြင်းတရားကို ဟောကိန်းထုတ်နိုင်ရင် နတ်ဖြစ်နေပြီပေါ့"

မိန်းကလေး နှစ်ယောက်က သက်ပြင်းများကို ရှိုက်လိုက်သော်လည်း မယုံနိုင်သလို အနည်းငယ် ခံစားလိုက်ရသေးသည်။

ကျိုးယန်: "ငါ စမ်းကြည့်ဦးမယ်"

သူမသည် စာအုပ်၏ စာမျက်နှာများကို ပိတ်ပြီး စကားလုံးများမပါသော ကောင်းကင်စာအုပ် ဟူသော ခေါင်းစဉ်ကို တွေ့လိုက်ရသည်။ နက္ခတ္တဗေဒနှင့် ပထဝီဝင်ကို သိရှိခြင်းသည် မြေကမ္ဘာ၏ မွေးဖွားခြင်းဖြစ်ပြီး ဤကမ္ဘာက ဖြစ်ပျက်သမျှ အရာအားလုံး ဖြစ်ကြောင်း အတိအကျ ရှင်းပြထားသည့် စာမျက်နှာတစ်ခု ရှိခဲ့ဖူးသည်။

"ဒါက အရှက်မရှိတဲ့ စကားပဲ!!"

လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။ ၎င်းစာအုက်သည် မြေကမ္ဘာမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူ့အကြောင်း မသိသည်မှာ အံ့သြစရာ​တော့ မဟုတ်ပေ။

"ငါတို့ ဒီကနေ ဘယ်လို လွတ်မြောက်နိုင်မှာလဲ" ကျိုးယန်က မေးသည်။

စုတ်တံက လွင့်ပျံလာပြီး "တစ်ခုခုသိချင်ရင် မင်းစျေးပေးရမယ်.... ဒီမေးခွန်းက မင်းအသက်ကို ပေးရမယ်"

လုရွှမ် ရယ်လိုက်သည်။ သူတို့လွတ်မြောက်ဖို့ သူတို့အသက်ကို စတေးရမယ်ဆိုရင် ဒီစကားလုံးမဲ့စာအုပ်ဟာ ဟာသတစ်ခု ပြောနေတာပဲ မဟုတ်လား။

ကျိုးယန်လည်း ဒေါသတကြီး ရယ်လိုက်သည်။

"ဟုတ်ပြီ ဒီည ငါတို့ကို လှည့်စားတဲ့လူက ဘယ်သူလဲလို့ မေးလို့ရလား"

"သွေးတစ်စက်!"

ဒါက မခက်ပါဘူး။ လုရွှမ်ဆီက အဖြေကို ရထားပြီးသားမို့ စစ်ဆေးဖို့ သင့်တော်ပါ၏။

"ယန်နမ် ယင်ယန်မဟာဂိုဏ်းရဲ့ ပါရမီရှင်!"

"ဒါဆို ကျန်တဲ့နှစ်ယောက်က ဘယ်သူလဲ"

"သွေးနှစ်စက်"

ကျိုးယန် ဒေါသထွက်လာပြန်သည်။

"လီထျန်းဂိုဏ်းက နတ်သမီးပိုင်ဟယ်နဲ့ နတ်နဂါး မိသားစုက စောင့်ကြပ်သူ ကျွမ်းဟွမ်..."

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမယ့် ဒီလိုလူအကြောင်း ဘယ်သူမှ မကြားမိဘူး။

"ကောင်းပြီ ဒါဆို လုရွှမ်ရဲ့ အချက်အလက်ကို ဘာလို့ ရှာမတွေ့ရတာလဲ"

ဒီတစ်ခါတော့ စာအုပ်က ရေးဖို့ ဘယ်လောက်ကုန်ကျလဲ မမေးဘဲ တိုက်ရိုက်ပဲ ရေးချလိုက်ပါတော့သည်။

"သူက လူသားတစ်ယောက် မဟုတ်ဘူး....ဒါမှမဟုတ် တစ်နည်းဆိုရရင် သူက မြေကမ္ဘာထဲက လူ မဟုတ်ဘူး!"

ဤစာကြောင်းကို ရေးပြီးနောက် ကျိုးယန်နဲ့ ဟွေ့လင်တို့ နှစ်ယောက်လုံး လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

ဟွေ့လင်ရဲ့ မျက်လုံးများတွင် စူးစမ်းလိုစိတ် အရိပ်အမြွက် ထွက်ပေါ်လာပြီး ကျိုးယန်ရဲ့ မျက်နှာမှာ နီရဲနေပါသည်။ သူမဟာ ပျော်စရာကောင်းတယ်လို့ပဲ ထင်ပြီး ဘာပဲဖြစ်ဖြစ် ပေးရတဲ့ဈေးနဲ့ သူ့အချက်အလက်တွေကို ရဖို့ ကြံရွယ်ထားခဲ့သည်။

ဒီလိုစာကြောင်းကို တကယ်ရေးမယ်လို့ ဘယ်သူထင်မှာလဲ။

အဲဒီလို ရေးချလိုက်တာက သေချာမှု ရှိရမယ်။

လုရွှမ် လူတစ်ဦး၊ တစ္ဆေမဟုတ်၊ အခြားအရာမဟုတ်သည်မှာ ထင်ရှားသောကြောင့် လုရွှမ်က မြေကမ္ဘာမှ မဟုတ်ကြောင်း ထင်ရှားသည်။

ဒါက လုရွှမ်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်ပြီး သူမ ချက်ချင်း သိလိုက်ရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုအကြောင်း ပြောနေကြသော်လည်း ယခုမှာ ပြဿနာနှင့် ရင်ဆိုင်ရသလိုပင်။

"လုရွှမ် ရှင်က တကယ်ပဲ မြေကမ္ဘာက မဟုတ်ဘူးလား" ဟွေ့လင် စပ်စုစွာ မေးလိုက်သည်။

လုရွှမ် ရုတ်​တရက်​ လှုပ်ရှားလိုက်​ပြီး ကျိုးယန်ရဲ့မျက်​နှာကို အပြင်းအထန်​ ပွတ်​သပ်​သွားသည်။

"ပျော်​စရာ​ကောင်းသားပဲ.... ငါ့ရဲ့အကြီးမားဆုံး လျှို့ဝှက်​ချက်​ကို မင်း​တို့တွေ သိသွားပြီ ငါက လူသတ်​ပြီး နှုတ်​ပိတ်​ရတော့မှာပေါ့"

ကျိုးယန်က လုရွှမ်ရဲ့ လက်ဖဝါးကို ဖယ်ချလိုက်ပြီး "အမြင်ကတ်စရာကြီး!"

ဒါပေမဲ့ သူမ မျက်လုံးထဲမှာတော့ အံ့အားသင့်နေသော အကြည့်တွေသာ ရှိနေသည်။

"နင်က မြေကမ္ဘာက မဟုတ်ဘူးဆိုတော့ ဘယ်သူလဲ.... နင် ဒီလောက်တော်နေတာ ကောင်းကင်ကမ္ဘာကလား... ကောင်းကင်ကမ္ဘာက တကယ်ရှိလား?"

ဟွေ့လင်လည်း မျက်လုံးများကို ပြူးကျယ်ဖွင့်ကာ လုရွှမ်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူတို့၏ အန္တရာယ်ရှိသော အခြေအနေကိုပင် မေ့သွားခဲ့သည်။

"ဟုတ်တယ်.... ကောင်းကင်ကမ္ဘာ တစ်ခုရှိတယ်.... ဒါကို ငါယုံကြည်တယ် မမြင်ဖူးပေမယ့် အရမ်းသေးငယ်တဲ့ ကမ္ဘာမှာ ရှိစဉ်တုန်းကလိုပဲ အပြင်မှာ ပိုကျယ်ပြန့်တဲ့ ကမ္ဘာတစ်ခု ရှိတယ်ဆိုတာ ငါသိတယ်....ရှေးဟောင်းကမ္ဘာ၊ တစ်သောင်းကမ္ဘာ၊ မြေကမ္ဘာ ရှိတယ် ဆိုတာကို ငါရှာတွေ့ခဲ့တယ်... နောက်ဆုံးတော့ ငါဒီမြေကမ္ဘာကို ရောက်လာတာပဲ... ကောင်းကင်ကမ္ဘာကလည်း ရှိမှာ သေချာတယ်"

ဟွေ့လင်: "ဒါပေမဲ့ ဆရာက ကောင်းကင်ကမ္ဘာက ဟိုးအရင်ကတည်းက ပျက်စီးသွားပြီ.... ဘယ်သူမှ မတက်သွားနိုင်ဘူးလို့ ပြောတယ်"

"ကောင်းပြီ... အဲ့ကိုရောက်အောင် ပျံသန်းဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ဘူး... ဒါကြောင့် ငါကိုယ်တိုင် လမ်းကြောင်းတစ်ခု ဖန်တီးပြီး မြေကမ္ဘာကို အမြန်တက်လာခဲ့တာလေ....ဟာဟား နောက်တာပါ ငါ့ရဲ့ ခွန်အားလောက်နဲ့ အဆင်ပြေမယ်လို့ မင်းထင်လား.... မြေကမ္ဘာမှာ ဘယ်လိုအဆုံးသတ် သွားရမှန်းတောင် မသိဘဲ ဖြစ်သွားမှာပေါ့"

All Chapters