← Chapters

သတင်းကို ဖြတ်တောက်

Vol. 114 Ch. 4.1219

သတင်းကို ဖြတ်တောက်

Vol. 114 Ch. 4.1219

လုရွှမ်က အရာအားလုံးကို ပြောပြလိုက်တော့ မိန်းက​လေး နှစ်ယောက်လည်း မှန်းဆရင်း အံ့သြသွားခဲ့သည်။

သူတို့နှစ်ယောက်စလုံးက ထက်မြက်လို့ လျှို့ဝှက်ထားရမယ်၊ အရေးကြီးတယ် ဆိုတာ သိပါသည်။ လျှို့ဝှက်ထားချင်ပါက ဘယ်သူမေးမေး ထုတ်ပြောမှာ မဟုတ်သလို ၎င်းကို လျှို့ဝှက်ထားရန် ဆန္ဒမရှိပါက ထပ်ခါထပ်ခါ သတိပေးနေလျှင်ပင် အသုံးမဝင်ပေ။

ထိုအချိန်တွင် သူနှင့် အမျိုးသမီး နှစ်ယောက်သည် သူစိမ်း ဖြစ်သွားလိမ့်မည်။

"လုရွှမ် ငါတောင်းပန်ပါတယ် ငါ့အစ်ကိုကိုတောင် လျှို့ဝှက်ထား​ပေးပါ့မယ်"

ဟွေ့လင်က ခေါင်းညိတ်ပြီး "ဟုတ်တယ် ကျွန်မတို့ အဲဒါကို လျှို့ဝှက်ထားရမယ်... ရှင့်ရဲ့လျှို့ဝှက်ချက်တွေကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ပါဘူး"

လုရွှမ်က ပြုံးပြီး ခေါင်းညိတ်ပြသည်။

"ကောင်းပြီ အခု အရေးကြီးဆုံးက ထွက်ပေါက်ရှာဖို့ပဲ... ဒီစာအုပ်ကို ဘာလို့ ဒီမှာ ထားရတာလဲ....ဒီစာအုပ်က ပြဿနာတိုင်းကို ဖြေရှင်းနိုင်တယ် အဲဒါက ငါတို့ကိုလည်း ဖြေရှင်းနိုင်တယ်လို့ မြင်ရင် ပြဿနာကြီးကြီးမားမား ရှိမယ် ထင်တယ်”

ဟွေ့လင်လည်း တစ်ခုခုကို သတိရသွားသလို ရုတ်တရက် အော်ပြောလိုက်သည်။

"နတ်နဂါး မိသားစုက သူတို့ ပျက်သုဉ်းမယ့် အန္တရာယ် ကျရောက်နေပြီလို့ ပြောခဲ့တယ်... ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စကားလုံးမဲ့ စာအုပ်က အဲဒါကို ထောက်ပြခဲ့တာ ဖြစ်နိုင်လား"

"အဓိပ္ပာယ်ရှိတယ်!"

"ဒါဆို ကြီးမားတဲ့ စျေးတစ်ခု လိုအပ်တယ်ဆိုတာ သိသာတယ်... ဒီစျေးနှုန်းကို နတ်နဂါး မိသားစုက မပေးနိုင်​လောက်ဘူး"

"ငါတို့ ဒီစာအုပ်ကို ယူသွားလို့ရမလား"

ကျိုးယန်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်ပါ၏။ လုရွှမ် ဟွေ့လင်ဘက်ကို ကြည့်သော်လည်း သူမက ထင်ကြေးမပေးချေ။ လုရွှမ်ကတော့ ခေါင်းခါလိုက်ပြီး။

"မင်း ယူသွားချင်ရင် အများကြီးကုန်မှာကို ကြောက်ရတယ်"

ကျိုးယန် စကားလုံးမဲ့ ကောင်းကင်စာအုပ်ကို အမြန်ကြည့်ကာ "နင့်ကို သယ်သွားရတာ ဘယ်လောက်ကုန်ကျမှာလဲ" လို့ မေးလိုက်တော့သည်။

စကားလုံးမရှိသော ကောင်းကင်စာအုပ်တွင် စကားလုံးများ ပေါ်လာသည်။

"အသက်နဲ့ ငါ့ကို ချည်နှောင်ထားပါ!"

"အဲ့ဒါမဆိုးပါဘူး!"

ကျိုးယန်က ပြုံးပြုံးလေး ပြောလိုက်သည်။ ဒါက သူမတွေးထားတဲ့ အခြေအနေတွေထက် အများကြီး ပိုလွယ်နေတယ်လေ။

"ခဏစောင့်ပါဦး!"

လုရွှမ် ဖြတ်ပြောလိုက်၏။

"နတ်နဂါး မိသားစုရဲ့နောက်က လူတချို့ဆီကနေ အဲဒါကို ကြားဖူးတယ်... စကားလုံးမဲ့ ကောင်းကင်စာအုပ် တစ်အုပ် ရှိဖူးတယ်တဲ့ ဆိုလိုတာက စကားလုံးမဲ့ ကောင်းကင်စာအုပ်က နတ်နဂါး မိသားစု ပျက်ဆီးသွားလို့ ဒီနေရာမှာပဲ ပျက်စီးသွားတာ ဖြစ်နိုင်တယ်”

"ကျိုးယန် မင်း ဒီစကားလုံးမဲ့စာအုပ်ကို ဖယ်ချင်ရင် ဒီစာအုပ်ရဲ့ ကံကြမ္မာကို မင်းပြောင်းလဲပစ်ရမယ်.... သူ့ ကံကြမ္မာကိုရော မင်း ပြောင်းလဲနိုင်မယ် ထင်လား ဒါမှမဟုတ် မင်းကံကြမ္မာကို ပြောင်းလဲနိုင်မှာလား "

"နတ်နဂါး မိသားစုမှာ ဒီနှစ်ထဲ မင်း သေဆုံးရလိမ့်မယ်လို့ ညွှန်ပြထားတယ်ဆိုတာ သတိရဖို့လိုတယ်နော်.... ဘာကြောင့်လဲ မင်းက ဒီစကားလုံးမဲ့စာအုပ်ကို ချည်နှောင်ပြီး မကြောက်မရွံ့ စတေးခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်"

"တချို့အရာတွေက ကောင်းပေမယ့် အသက်နဲ့ယှဉ်ရင် နောက်ကျ ကျန်နေခဲ့ပြီးသား!"

ကျိုးယန် မျက်လုံးများကို မှိတ်ထားပြီး အသက်အနည်းငယ် ရှူရှိုက်လိုက်သည်။ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါတွင် သူမစိတ်က ငြိမ်သက်သွားလေ​ပြီ။

"နင်ပြောတာ မှန်တယ် သွားရအောင်!"

သို့သော် ခန်းမတစ်ခုလုံးရှိ အလင်းရောင်များ ရုတ်တရက် ပျောက်ကွယ်သွားကာ အမှောင်ထဲသို့ ထိုးကျသွားသည်။ လေထု တစ်ခုလုံးက စကားလုံးမဲ့စာအုပ်၏ စာမျက်နှာများနဲ့သာ တောက်ပနေခဲ့သည်။

စကားလုံးမဲ့ ကောင်းကင်စာအုပ်ကြီးက လေထုအလယ်ကို လွင့်ပျံလာပြီး စာလုံးကြီးများ အလိုလိုပေါ်လာသည်။

"မင်းတို့ငါ့ကို လက်လွှတ်ခဲ့လို့ မရဘူး မဟုတ်ရင် မင်းတို့ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်ဘူး..... ငါနက္ခတ္တဗေဒနဲ့ ပထဝီဝင်ကို သိတယ် အရာအားလုံးကို ငါသိတယ်... တံခါးရဲ့ အခင်းအကျင်း ကန့်သတ်ဖွဲ့စည်းမှုကို ငါပြောင်းလိုက်ရင် မင်းတို့ဒီမှာ ထာဝရ ပိတ်မိနေလိမ့်မယ်.... ငါ့ နတ်နဂါး မိသားစုက ပျက်ဆီးသွားပြီ"

လုရွှမ်: "မျှော်လင့်ထားသလိုပဲ... မင်းလုပ်ခဲ့တာကိုး.... ငါသိတယ် အဲဒါကို စိတ်မပူပါနဲ့ တံခါးဖွင့်နည်းကို ငါသိတယ်။"

"ဟမ့် မင်းက အခင်းအကျင်း ဖွဲ့စည်းမှုကို ဘယ်လောက်သိမှာလဲ?"

လုရွှမ် တံခါးဆီသို့ ရောက်လာပြီး သူ့မျက်လုံးများက အလင်းမှုန်များဖြင့် တောက်ပလာခဲ့သည်။ တံခါးကို ကြည့်လိုက်သော အခင်းအကျင်း၏ ပြေးလွှားမှု လှိုင်းများက တဖြည်းဖြည်း တောက်ပလာသည်။ ရင်းနှီးသောအရာများကို ကြည့်ရင်း လုရွှမ် ကန့်သတ်ချက်များကို စတင် ချိုးဖျက်လိုက်သည်။

"မင်း.... တားမြစ်ထားတဲ့ ဖွဲ့စည်းမှုကို သော့ဖွင့်ဖို့ ဒါက ဘယ်လိုနည်းလမ်းမျိုး သုံးလိုက်တာလဲ ငါသိတယ်... အဲဒါက ရှင်းရှင်းပဲ ဟေး ကောင်းကင်ဘုံ စာအုပ်ရှစ်အုပ်ကို မင်းမြင်ဖူးနေလို့ပဲ... မင်းရဲ့ အသက်ရှုသံကို ငါ ရင်းနှီးနေသလို ခံစားရတယ်...."

"ကောင်းကင်စာအုပ် အစိတ်အပိုင်း ရှစ်ခု" ဟူသော စကားလုံး ထွက်လာသည်နှင့် တပြိုင်နက် ကျိုးယန်နဲ့ ဟွေ့လင်တို့ နှစ်ယောက်လုံးသည် လုရွှမ်ကို တုနှိုင်းမရတဲ့ အထိတ်တလန့်နှင့် ငြူစူသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ကောလာဟလတွေအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကောင်းကင်စာအုပ် ရှစ်အုပ်ရဲ့ နာမည်ဟာ နာမည်ကြီးလှသည်။ စာအုပ်ပေါင်း ရှစ်အုပ်ရှိပေမယ့် အခင်းအကျင်း ဖန်ဆင်းခြင်းနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကတော့ နှစ်ပေါင်းများစွာကြာအောင် လူသားမျိုးနွယ်​ အားလုံးကြားမှာ ပျောက်ဆုံးနေပါ​ပြီ။ သူတို့ အစစအရာရာ ကြိုးစားခဲ့ပေမယ့် ဘာမှမရခဲ့ဘူး။

တဖြည်းဖြည်းဖြင့် အခင်းအကျင်း ကောင်းကင်စာအုပ်က လုံးဝ မရှိနိုင် သို့မဟုတ် မည်သည့်အခါမျှ မပေါ်ထွန်းနိုင်ဟူသော အချက်ကို လူတိုင်း အသိအမှတ် ပြုခဲ့ကြသည်။ ယခုမူ လုရွှမ်သည် အခင်းအကျင်း ကောင်းကင် စာအုပ်ကို မြင်တွေ့ခဲ့ရကြောင်း စကားလုံးမဲ့ ကောင်းကင်စာအုပ်မှ အမှန်တကယ် ထောက်ပြနေပြီ။

"ဟားဟားဟား!"

လုရွှမ်ကတော့ တခစ်ခစ်ရယ်ပြီး ရွှေကျီးကန်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခင်းအကျင်း ဖွဲ့စည်းမှုကို ဖြိုဖျက်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

ဒင်းဒင်းဒင်း!

လွန်​ခဲ့တဲ့ ဆယ်​ရက်​က သူကြားခဲ့ရတဲ့ ဝိညာဥ်ခေါင်းလောင်းရဲ့ အသံပါပဲ။ ဤစကားလုံးမဲ့ ကောင်းကင်စာအုပ်က ဝိညာဥ်ခေါင်းလောင်းကို တကယ်ကြီး သွားထိနေပြီ။

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်လေ၏။ စကားလုံးမဲ့ ကောင်းကင်စာအုပ်သည် အခင်းအကျင်း ကောင်းကင်စာအုပ်ကို သူ့ဆီက ရှာဖွေတွေ့ရှိသွားတာကြောင့် ရယူချင်နေခြင်း ဖြစ်သည်။

လုရွှမ် ထိုသို့သော အရာများအတွက် စိတ်ကောင်းမရှိပေ။ သဘာဝအားဖြင့် မီးတောက်တစ်ခု ပေါက်ကွဲသွားပြီး စကားလုံးမဲ့ စာအုပ်ကို မီးတောက်ထဲတွင် ထုပ်ထားလိုက်သည်။ ဝုန်းကနဲ ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ မီးတောက်များ တက်လာသော်လည်း စကားလုံးမဲ့ စာအုပ်သည် လုံခြုံနေဟန် အသံထွက်နေသည်။

"ထူးဆန်းတဲ့ မီးလား ... အံ့သြစရာပဲ ငါ့ကို ဖျက်ဆီးပစ်ချင်ရင်တော့ ပါးပါးလေးပဲ ရှိသေးတယ်"

"တကယ်လား?"

လုရွှမ် ရယ်လိုက်ပြီး အနက်ရောင်နဲ့ ခရမ်းရောင် မိုးခြိမ်းသံများ၊ လျှပ်စီးကြောင်းများက ဘယ်လက်က ထွက်လာပြီး သူ့ရဲ့ ညာလက်မှာ မြေကြီးမီးလုံးကြီး ပေါ်လာကာ စကားမဲ့ ကောင်းကင်စာအုပ်ကို တစ်ချိန်တည်း ရိုက်ချလိုက်သည်။

ကျိုးယန်: "ကောင်းကင်က မိုးခြိမ်းသံက မြေကြီးကနေ မီးကို ဖြစ်ပေါ်စေတယ်တဲ့.... ပေါင်းစပ်လိုက်တဲ့အခါ စွမ်းအားက ဆယ်ဆကျော် တိုးလာလိမ့်မယ်"

အလင်းရောင်သည် တောက်ပစွာ လင်းလက်နေပြီး ကျယ်လောင်သော အသံနှင့်အတူ စကားလုံးမဲ့ စာအုပ်က ပျောက်ကွယ်သွားသည်။

"ဟမ့် မင်း ဆက်ပြီး မိုက်မဲနေဦးမလား ငါကြည့်ရသေးတာပေါ့"

လုရွှမ် ကျိန်ဆဲပြီး ထိတ်လန့်နေပြီ ဖြစ်သော အမျိုးသမီးနှစ်ယောက်ကို ဆွဲကိုင်ကာ အမြန်ပြေးသွားခဲ့သည်။

"စကားလုံးမဲ့စာအုပ်က ပျောက်ကွယ်သွားဖွယ် ရှိတယ်.... ပေါက်ကွဲမှုကြောင့် တကယ်ပဲ ပျက်စီးသွားတာလား... ကောင်းကင်က မိုးခြိမ်းသံတွေနဲ့ မီးတွေ ပေါင်းစည်းသွားရင် တကယ်ကို ကြောက်စရာကောင်းတာလား?"

ဟွေ့လင်လည်း အံ့သြစွာ ဆိုလိုက်သည်။ အရင်က စကားလုံးမဲ့စာအုပ်ကို ရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် သက်ရောက်မှု လုံးဝ မရှိခဲ့ဘူး မဟုတ်လား။

ထို့အပြင် စကားလုံးမဲ့ ကောင်းကင်စာအုပ်ကလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသား။ အကယ်၍ ၎င်းကို သင်၏အသက်နှင့် မချည်နှောင်ထားပါက ယူဆောင်သွား၍ မရပေ။ လုရွှမ်က ကောင်းကင်စာအုပ်ကို ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ။

သူ ကောင်းကင်စာအုပ်ကို အခုလို ဆက်ဆံနေတာကို ကောင်းကင်စာအုပ်က သဘောမတူသည်မှာ သိသာထင်ရှားလှသည်။ တကယ် ဖြစ်နိုင်ချေက တစ်ခုပဲရှိတော့၏။ ဆိုလိုတာက မိုးခြိမ်းသံနဲ့ မီးတွေဟာ စကားလုံးမဲ့စာအုပ်ကို တကယ် ဖျက်ဆီးပစ်လိမ့်မယ်။

လုရွှမ်က စကားလုံးမဲ့ ကောင်းကင်စာအုပ်ကို အာကာသ ​ကျောက်စိမ်းပြားထဲ ဆွဲထုတ်ခဲ့ပြီးသား ဖြစ်ကြောင်း သူတို့နှစ်ဦးအား ရှင်းပြရန် အချိန်မရှိပေ။ ဤစကားလုံးမဲ့ ကောင်းကင်စာအုပ်သည် မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းကို ပြုစုစောင့်ရှောက်ရန် ရွှေကျီးကန်းနဲ့ အာကာသကျောက်စိမ်းပြား ရှိသေးသည်။

သူ့အား သင်ခန်းစာတစ်ခု သင်ပေးပြီးနောက် ထိုမိုက်မဲသော စကားလုံးမဲ့ စာအုပ်သည် သူ့အား သဘာဝအတိုင်း ရိုးသားလာလိမ့်မည် ဖြစ်သည်။

ကျုံးယိခန်းမဆီသို့ လူများစွာ ရောက်ရှိလာကြပြီး သူတို့ သုံးယောက်သည် အချိန်မနှောင်းသေးဘဲ လူအုပ်ထဲသို့ လျင်မြန်စွာ ရောနှောသွားကြသည်။

"လုရွှမ် နင့်လက်ထဲမှာ စာအုပ်ရှစ်အုပ်ထဲက တစ်အုပ် တကယ်ရှိလား"

ဟွေ့လင်နဲ့ ကျိုးယန်တို့က တစ်ချိန်တည်းနီးပါး မေးလာကြရာ လုရွှမ်လည်း သက်ပြင်းချလိုက်ပြီး။

"သူက သိ​နေတယ်.... ငါက​တော့ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘူး"

All Chapters