သဲလွန်စ
Vol. 114 Ch. 4.1226
"သာမန်ဂိုဏ်းတွေရဲ့ ဘဏ္ဍာအများစုက အန္တရာယ်ရှိတဲ့ နေရာတွေမှာ ထားတတ်တယ်... သာမန်မိသားစုတွေရဲ့ ရတနာတွေက ဘိုးဘွားဗိမာန်ရှေ့မှာ ရှိတယ် သူတို့ကို ကာကွယ်ဖို့ ထိပ်တန်းလူကြီး တချို့ကို သုံးထားတတ်တယ်... ဒါပေမဲ့အခု မျက်လုံးတွေက နေရာတိုင်းမှာ ရှိနေတယ်"
ကျိုးယန်က နှာခေါင်းရှုံ့လိုက်ပြီး ပြောဆိုနေသည်။
"နင်ငါတို့ကို ဘာလုပ်စေချင်နေတာလဲ ငါတို့က မိသားစုဘဏ္ဍာတွေ ဘယ်မှာထားမယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
ဒီစကားတွေက တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ ကြိုးစားနေသလို ခံစားရလေသည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြီး "ဟုတ်တယ်.... ရတနာက ဘိုးဘွားခန်းမမှာ ရှိတယ် သွားရအောင်"
လေထဲမှာ ပျံဝဲနေတဲ့ လူများစွာဟာ မြို့တံခါးဆီကို ပျံဝဲနေတာကို တွေ့လိုက်ရ၏။ ဒါက သူတို့ မှားတယ်လို့ မပြောနိုင်သေးပါဘူး။ မဟုတ်ရင်တောင်မှ အာရုံစူးစိုက်မှု တချို့ကို ဆွဲဆောင်နိုင်တုန်းပဲလေ။
ဘိုးဘွားခန်းမရှေ့ ရောက်တော့ လူတချို့က စုပြီးနေပြီ။ ခန်းမရှေ့မှာ ဗလာကျင်းနေရင် သဘာဝအတိုင်း နေတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တခြားလူတွေ လာရင် ဒီပစ္စည်းတွေက ပိုင်ရှင်မဲ့ဖြစ်နေလို့ သဘာဝအတိုင်းတော့ ဘယ်သူမဆို ယူသွားနိုင်ပါသည်။
ဒါပေမဲ့ လုရွှမ် စိတ်ပူတာက ဒီလူတွေ ရူးသွားတဲ့အခါ ခန့်မှန်းလို့ မရနိုင်တော့တာပါပဲ။ ဘိုးဘွားခန်းမရှေ့တွင် တားမြစ်ပိတ်ပင်ထားသလို လူတိုင်းက ဝင်ပေါက်ကို ပိတ်ဆို့ထားသည်။
ပြီးတော့ လူတွေက အခင်းအကျင်း ကန့်သတ်ချက်တွေကို အရူးအမူး တိုက်ခိုက်ပြီး ဖယ်ထုတ်ဖို့ ကြိုးစားနေကြသည်။ သို့သော် အခင်းအကျင်း အတားအဆီးက ပါးလွှာသော်ငြား ကန့်သတ်ချက်သည် လူတိုင်း၏ တိုက်ခိုက်ခြင်းကို ခံရသော်လည်း ထိခိုက်မှု လုံးဝ မရှိပေ။
"ထွက်သွား... ဒါက ငါ့အတွက်ပဲ"
ကျိုးယန် အရမ်းစိတ်ပျက်နေပြီ။ သူမသည် ရှေ့သို့လှမ်းကာ ဓားစွမ်းအင်ဖြင့် တားမြစ်ထားသော အခင်းအကျင်းကို ဖျက်ဖို့ ကြိုးစားသည်။ သူမ ဓားသည် တောက်ပပြီး သိသိသာသာ အစွမ်းထက်သည်။
ယခင်ကနှင့်မတူ တားမြစ်ချက်သည် တောက်ပလာခဲ့သော်လည်း လူတိုင်း၏ မျှော်လင့်ချက်အတိုင်း မပြိုကွဲသွားဘဲ ၎င်း၏ မူလငြိမ်သက်မှုကို ပြန်လည်ရရှိခဲ့သည်။ ယခုမူ နားမလည်နိုင်စွာပင် အခင်းအကျင်း ကန့်သတ်ချက်သည် လူအနည်းငယ်အတွက် ပိုပြင်းထန်ပုံ ရလာသည်။
၎င်းတို့၏ တိုက်ခိုက်မှုပြီးနောက် အခင်းအကျင်း ကန့်သတ်ချက်က ပိုလို့တောင် အားကောင်းလာပုံရသည်။ တားမြစ်ချက်ကို ပျော့ပျောင်းစေမယ့်အစား လူတိုင်းက တားမြစ်ချက်ကို ပိုအားကောင်းအောင် လုပ်ခဲ့မိသလိုပင်။
အနီးတစ်ဝိုက်တွင် ကျင့်ကြံသူတွေ ပိုများလာကာ ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသည်ကို အားလုံး မြင်ကြသည်။ ဒါ့အပြင် ဤနေရာတွင် ကန့်သတ်ချက်တစ်ခု ရှိသောကြောင့် ဤနေရာတွင် ကောင်းမွန်သော အရာများ ဝှက်ထားရမည်မှာ ထင်ရှားပါသည်။
"ဒါက သဲလွန်စပဲ" လုရွှမ် ပြုံးပြီး ပြောလိုက်သည်။
"မင်းလုပ်နိုင်ရင် လာလိုက်ပါ...."
ဟွေ့လင်လည်း ကျိုးယန်နောက်သို့ လိုက်သွားပြီး စမ်းသပ်လိုက်သည်။ ထို့နောက် သူမ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ လုရွှမ်က ပြုံးပြီး ကြည့်နေသည်။ နှစ်ယောက်စလုံး ကြိုးစားထားပြီးပြီ ဖြစ်သော်လည်း ကန့်သတ်ချုပ်ချယ်မှုကို လုံးဝ မချိုးဖောက်နိုင်ပေ။
လုရွှမ်ရယ်ကာ သူ့လက်ကို ဆန့်ထုတ်ကာ ဘိုးဘွားခန်းမ တစ်ခုလုံးကို ဆန့်ကျင်ရန် ကြံစည်နေလေသည်။
သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို ပိုလို့တောင် မထီမဲ့မြင် ကြည့်နေကြ၏။ တော်ဝင် မင်းဆက်မိသားစုက မင်းသမီးလေးတစ်ပါးနဲ့ နျဲ့ဖန်သန့်ရှင်းတဲ့မြေက သီလရှင်လေးတစ်ပါးက ဝန်းရံထားလို့သာ လုရွှမ်ကို အစောကတည်းက အသံထွက် ကျိန်ဆဲနေလောက်ပြီ။
နောက်ဆုံးတွင် လုရွှမ် နတ်နဂါးတံတိုင်းရှေ့တွင် သူ၏စွမ်းအားကို ပြသနေသည့် မြင်ကွင်းကို ဤလူအများက မမြင်ခဲ့ကြပေ။ လုရွှမ်ကတော့ ထိုလူများကို ဂရုမစိုက်ဘဲ လူတိုင်း၏ အထင်အမြင်သေးမှုနှင့် ရှုတ်ချမှုများကြားတွင် ထိုကန့်သတ်ထားသော အခင်းအကျင်းကို ကြည့်နေသည်။
မကြာခင်မှာပဲ လုရွှမ်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး တစ်နေရာကို ထိတွေ့လိုက်ကာ ကျိုးယန်ဆီကို လှည့်ပြောလိုက်သည်။
"အဲဒီနေရာက ဓားနဲ့ထိုးလိုက်!"
"လာပြီ!"
ဓားစွမ်းအင်တစ်ခုက ရှေ့သို့ တိုးလာသည်။ ချွင်းကနဲ အသံနှင့်အတူ ဓားစွမ်းအင်သည် အလွန်ပြင်းထန်ပုံ မပေါ်သော်လည်း ဓားစွမ်းအင်သည် ကန့်သတ်ချုပ်ချယ်မှုထဲသို့ ထိုးဖောက်ဝ င်ရောက်သွားပြီး နောက်အခိုက်အတန့်တွင် ကန့်သတ်ချက်သည် အလင်းရောင်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ကျိုးယန်သည် အံ့အားသင့်စွာ ပေါက်နေသော အပေါက်ကို ကြည့်လိုက်ကာ သူမ၏ ပါးစပ်က ပိုကျယ်လာသည်။
"မင်း.... မင်း"
"ငါဘာလုပ်လို့လဲ.... သွားမယ်လေ!"
အားလုံးက တစ်ယောက်ကို တစ်ယောက် ခဏလောက်ကြည့်ရင်း မယုံနိုင်လောက်အောင် အံ့သြနေကြသည်။
သူတို့သည် အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ဘာလှုပ်ရှားမှုမှ မရှိလာခဲ့ပေ။ မထင်မှတ်ဘဲ နတ်မီးနယ်ပယ် တတိယအဆင့်မှ ကောင်လေးက လှည့်ပတ်ကြည့်ကာ အောင်မြင်မှုတစ်ခုကို တွေ့ရှိခဲ့သည်။
သို့သော်လည်း သိပ်တွေးချိန်မရဘဲ တစ်ယောက်ပြီး တစ်ယောက် အမြန်လိုက်သွားကြသည်။
"သတိထားပါ.... နတ်နဂါး မိသားစုက ငါတို့ကို သဲလွန်စတွေ ညွှန်ပြထားပေမယ့် မင်း ပစ္စည်းတွေကို လိုချင်ရင် သူတို့သတ်မှတ်ထားတဲ့ စာမေးပွဲတွေကို အောင်မြင်ဖို့ လိုအပ်နေသေးတာ သေချာတယ်... တချို့ လူတွေက ဒီမှာသေရလိမ့်မယ် ဒီစမ်းသပ်မှုတွေကို မခံနိုင်ရင် မင်းအသက်ရှင်နေရင် အသာထား သေသွားရင်တော့ အချည်းနှီးပဲ"
လုရွှမ် ထိုမိန်းကလေး နှစ်ယောက်ဘက် လှည့်ပြောလိုက်သည်။ သူတို့နှစ်ယောက်ကလည်း ခေါင်းညိတ်၍ လုရွှမ်နောက်မှ လိုက်ရင်း သူတို့အစ်ကိုတွေ ပြောသော စကားများကို သတိရသွား၏။ သူတို့ဟာ လုရွှမ်ဆီက တစ်ခုခုကို သိထားတဲ့သူတွေလည်း ဖြစ်နိုင်သည်။
ကျိုးယန် စိတ်စွမ်းအားဖြင့်: "လုရွှမ် နင်နဲ့ ငါ့အစ်ကို တစ်ခုခုသိထားကြလား"
ဒါက လျှို့ဝှက်ထားရမယ့် ကိစ္စဖြစ်ပြီး တခြားလူတွေ ကြားရင် တစ်ခုခု ဖြစ်သွားနိုင်၏။
အထူးသဖြင့် ယခုအချိန်တွင် လူတိုင်းသည် ထွက်ပေါက် လမ်းရှာရန်နှင့် ၎င်းတို့၏ ကျင့်ကြံမှု တိုးတက်စေရန် အရူးအမူး ကြိုးစားနေကြသည်။ အနာဂတ်၏ ထိတ်လန့်စရာကို သိသောကြောင့် အနာဂတ်ကို ပိုသတိထားလေဖြစ်သည်။
ထို့ကြောင့် သူမသည် နောက်ထပ် သတင်းများကို ရယူလိုသည်။ တိုင်ပင် ဆွေးနွေးမှုများဖြင့် အရာအားလုံးကို ထိန်းချုပ်ရန် ကြိုးစားလိုပါသည်။ သူတို့ဘေးမှာ ပူးပေါင်းကြံစည်မှုနှင့် တွက်ချက်မှုများ အမျိုးမျိုး ပေါ်လာတတ်လို့ သတိထားဖို့လည်း လိုနေသေး၏။
"အင်း ဒါအမှန်ပဲ ဒါပေမဲ့ မင်းကို ငါပြောလို့ မရဘူး မဟုတ်ရင် မင်းကို သေစေလိမ့်မယ်.... မင်းအစ်ကိုကို မင်းမေးလို့ရတယ်... သူလည်းငါ့လိုပဲ ပြန်ပြောလိမ့်မယ်"
ကျိုးယန်: "ဟုတ်ပြီ ဒီလိုဆိုရင် ငါနင့်ကို ယုံလိုက်မယ်... ဒါပေမဲ့ နင်ငါ့ကို ဒုက္ခပေးရဲလို့ကတော့ နင့်ကို အနှစ်ငါးရာလောက် ကျောက်တုံးအောက်မှာ ဖိသတ်ပစ်မယ်"
လုရွှမ်က ရယ်ပြီး "ကောင်းပြီ ငါအခုလည်း အရမ်းကြောက်နေပါပြီ"
သူတို့ သုံးယောက်သည် ရှေ့သို့ လျှောက်သွားကာ လူအုပ်ကြီးက အနောက်မှ လိုက်သည်။ သူတို့က လုရွှမ်နှင့် အခြားလူများကို ရှေ့ပြေးအဖြစ် ထားကာ အန္တရာယ်ကို ဦးစွာခံရန် ဆုံးဖြတ်လိုက်ကြသည်မှာ ထင်ရှားပေသည်။ လုရွှမ်ဘက်ကတော့ ထိုလူများကို မထီမဲ့မြင်ပြုရုံမျှသာ ရှိသည်။
သာမာန် အခြေအနေများတွင် ဤကဲ့သို့သော တွေးခေါ်မှုမှာ မှားသည်ဟု မပြောနိုင်သော်လည်း ဤနေရာတွင် လိမ္မာပါးနပ်မှုက အရေးပါသည်။ ဤကန့်သတ်ချက်များသည် စမ်းသပ်မှု အားလုံးထဲ ပါဝင်ပြီး အလျင်စလို လုပ်ဆောင်ရန် သတ္တိမရှိပါက နတ်နဂါး မိသားစု၏ သဘောတူညီချက်ကို ရယူလိုသေးသည်။
လုရွှမ်: "မင်းတို့နှစ်ယောက် ငါ့အဝတ်တွေကို ဆွဲထား!"
နှစ်ယောက်သား အနည်းငယ် အံ့အားသင့်သွားသော်လည်း လုရွှမ်၏ အဝတ်စများကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
ရုတ်တရက်ပင် ပြင်းထန်သော လေတိုက်မှုကြောင့် လုရွှမ်သည်ပင် အံ့သြသွား၏။ သူ မမျှော်လင့်ခဲ့ပေ။ တစ်စုံတစ်ခု ပြောင်းလဲသွားတော့မည်ဟု ခံစားချက်တစ်ခု သူ့စိတ်တွင် ရှိနေခဲ့ရုံသာ ဖြစ်လေသည်။
ပေါက်ကွဲသံ ကြားတော့ တံခါးတွေ ပွင့်ထွက်သွားကာ အားလုံး လွင့်ထွက်သွားတော့သည်။