အတွေ့အကြုံ
Vol. 4 Ch. 46
#ဘာသာပြန် = စနိုးဝှိုက်
ကတ်စီ ပုန်းကွယ်ဖို့ အတွက် နေရာကောင်းကို ရှာပြီးတဲ့ နောက်မှာတော့..ဆန်နီ နဲ့ နစ်ဖီဟာ..သားရဲကြီးတွေကို တိုက်ခိုက်ဖို့ ရှေ့ကို တက်သွားခဲ့တယ်..။မကြာခင်မှာပဲ..သိပ်မဝေးတဲ့ နေရာက အရိပ်နှစ်ခုကို တွေ့လိုက်ကြရပါတယ်..။
နှုတ်ခမ်းကို သပ်လိုက်ရင်း နစ်ဖီ ပြောလိုက်တယ်..။
" လိုက်လာခဲ့.."
ယင်းနောက် သူမဟာ အပြေးသမားတစ်ယောက်..ပြိုင်ပွဲအတွက် ပြင်ဆင်နေသလိုမျိုး ဒူးတစ်ဖက်ကို ထောက်ကာ..အသက်ကိုပြင်းပြင်းရူလိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို တစ်ဟုန်ထိုး ထိုးတက်သွားခဲ့ပါတယ်...။
'ချီး '
ဆန်နီဟာလည်း..ဝင်္ကပါ နံရံနားက အရိပ်တွေဆီကို ကပ်ကာ တတ်နိုင်သလောက် အမြန် ပြေးလိုက်သွားခဲ့တယ်..။သို့ပေမယ့် သူတို့ နှစ်ယောက်ကြားက အကွာအဝေးက ဆက်တိုက် မြင့်တက်နေခဲ့ပါတယ်..။
ရုတ်တရက်..သူ အကယ်ဒမီကို လာတုန်းက နစ်ဖီရဲ့ နောက်ကနေ တံတားကို ဖြတ်ကူးခဲ့ရတာကိုတောင် သတိရသွားခဲ့တယ်..။သူမ နောက်ကနေ လိုက်ရတာက ငါ့ရဲ့ ကံတရားများ ဖြစ်နေမလား..။
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ကတော့ မယုံနိုင်စရာ အမြန်နှုန်းနဲ့ ပြေးနေခဲ့ပါတယ်..။သူမက လေပေါ်မှာ ဝဲပျံ နေသလိုတောငိ ထင်နေရတယ်..။ဒါက လေးကနေ လွှတ်လိုက်တဲ့ မြားတစ်စင်းလိုပါပဲ..။သူမရဲ့ လက်တစ်ဖက်ကတော့..နောက်ဘက်မှာ ဓားကို ကိုင်ထားရင်း မြေကြီးကို ချိန်ရွယ်ထားခဲ့တယ်..။
သားရဲကြီး နှစိကောင်ကတော့ သူမကို မြင်ပြီးတာတောင် ဘာတွေဖြစ်နေတာလဲ ဆိုတာသိဖို့ စက္ကန့်အနည်းငယ် အချိန်ယူခဲ့ရပါတယ်..။သူတို့အသိဝင်လာတဲ့ အချိန်မှာတော့ နစ်ဖီက သူတို့အနားကို ရောက်နေခဲ့ပါပြီ..။
ရူးသွပ်မူတွေ သူတို့မျက်လုံးထဲမှာ လောင်ကျွမ်းလာခဲ့တယ်..။သားရဲကြီးတွေရဲ့ ပါးစပ်ကနေ သွားရည်တွေ ကျလာခဲ့ပြီး..ရှေ့ကို ပြေးတက်လာခဲ့ကြပါတယ်..။
နစ်ဖီ ရဲ့ အမြန်နှုန်းကတော့ လျော့ကျ မသွားခဲ့ပေ..။သူမ ရဲ့ အစီစဥ် အတိုင်း သားရဲကြီးတွေကို ထိပ်တိုက်ရင်ဆိုရင်ဖို့ ပြေးဝင်သွားခဲ့ပါတယ်..။
ဆန်နီ အနည်းငယ် ရင်ခုန်နေခဲ့တယ်..။
ကြောက်စရာကောင်းတဲ့ ညှပ်ကြီး လေးခုဟာ လေပေါ် ဝဲပျံလာခဲ့ပါတယ်..။
နောက်ဆုံး အခိုက်အတန့်လေးမှာပဲ..နစ်ဖီဟာ နောက်ပြန် လှဲချလိုက်တယ်..။သူမရဲ့ အရှိန်ကြောင့်..သူမဟာ ရွံ့တွေနဲ့အတူပဲ..သားရဲကြီးနှစ်ကောင် ကြားထဲကနေ လျောတိုက် ထွက်သွားခဲ့တယ်..။ယင်းနောက် သူမ ရဲ့ ခန္တာကိုယ်ကို ပြန်လှည့်လိုက်ကာ ဓားနဲ့ မြေကြီးကို ထောက်ပြီး ရပ်တန့်လိုက်ပါတယိ..။
အနည်းငယ်သာ နှေးသွားမယ် ဆိုရင် သူမက သားရဲကြီးတွေ ရဲ့ ခြေထောက်နဲ့ နင်းမိပြီး ပြားကပ်သွားမှာပါ..။
'ရူးနေပြီ..သူမက ရူးနေပြီ..'
ပြောင်းလဲ နေတဲ့ကြယ်ပွင့် မတ်တတ်ထရပ်ပြီးတဲ့ အချိန်မှာတော့ သားရဲကြီးတစ်ကောင်က ပြန်လှည့်ပြီးနေခဲ့ပါပြီ..။သို့ပေမယ့် ဆန်နီရဲ့ မြင်ကွင်းကို ကြေးခွံသားရဲ တစ်ကောင်က ကွယ်ထားတာကြောင့် ဘာတွေဖြစ်နေလဲ ဆိုတာကို မမြင်ရပေ..။သူက ဓားနဲ့ ညှပ်ကြီး တွေ ထိတွေ့တဲ့ အသံကိုပဲ ကြားနေခဲ့ရပါတယ်..။
သူ့မှာလည်း ဖြေရှင်းဖို့ ပြသနာ တွေ ရှိနေသေးတာကြောင့်..သူမကို စိတ်ပူနေဖို့ အချိန်မရှိပါဘူး..။
နစ်ဖီ ရဲ့ မြန်လွန်းတဲ့ အရှိန်ကြောင့် ဒုတိယ သားရဲဟာ ပထမတစ်ကောင်ထက် အနည်းငယ် နောက်ကျနေခဲ့တယ်..။သူက နောက်ပြန်လှည့်တော့ မယ့်အချိန်မှာတော့ ဆန်နီက သူ့ကို တိုက်ခိုက်ဖို့ အနားကို ရောက်နေခဲ့ပါပြီ..။
ဆန်နီဟာ..ကျဥ်းမြောင်းတဲ့ သန္တာကျောက် နံရံပေါ်တွေကနေ ပြေးလာခဲ့ပြီး..အပေါ်ကို ခုန်လိုက်ကာ..သားရဲကြီးထဲရဲ့ အားနည်းချက် နေရာကို လှမ်းထိုးလိုက်တယ်..။သူ့ရဲ့ အရိပ်ကတော့
အဇူရာ ဓား ကို ဝန်းရံထားခဲ့ပါတယ်..။
သို့ပေမယ့် အဲ့အချိန်မှာပဲ သားရဲကြီးဟာ..ရုတ်တရက် လှုပ်လာခဲ့ပြီး သူ့ခန္တာကိုယ်က ညာဘက်ကို ရောက်သွားခဲ့တယ်..။ဓားဟာ..သူ့ရဲ့ အားနည်းချက် နေရာကို လွဲချော်သွားခဲ့ပြီး..အဲဲဒီအစား ကြေးခွံကိုသာ သွားထိခဲ့ပါတယ်..။
"ခရက် "
သားရဲကြီးကို တစ်ချက်တည်းနဲ့ အသေသတ်ဖို့ လုပ်ခဲ့ပေမယ့်..ဆန်နီဟာ ဘာ ဒဏ်ရာမှ မပေးနိုင်ခဲ့ပေ..။ပိုပြီးဆိုးတာက..သူက သားရဲကြီးရဲ့ အပေါ်မှာရောက်နေပြီး နောက်ကနေ တွဲလောင်း ကပ်တွယ်နေရတာပါ..။
ခနအကြာမှာတော့ သားရဲကြီးဟာ သူ့ရဲ့ ခန္တာကိုယ်ကို လှုပ်ရမ်းပြီး..လူသားကို ပြုတ်ကျအောင် လုပ်လိုက်တယ်..။
ဆန်နီ ဘေးနားကို လွင့်သွားပြီး ..နံရံ နဲ့ တိုက်မိသွားခဲ့ပါတယ်..။ပြင်းထန်တဲ့ အရှိန်ကြောင့် သူ ရွံ့တွေထဲကို အခြေနေမကောင်းစွာ ကျသွားခဲ့တယ်..။
'မကောင်းတော့ဘူး..'
ချက်ချင်း ဆိုသလိုပဲ ဆန်နီ ဘေးဘက်ကို အမြန်လှိမ့်လိုက်တယိ..။တစ်စုံတစ်ခုက သူရှိခဲ့တဲ့ နေရာကို ထိုးဖောကိပြီး နံရံကို ထိမှန်သွားခဲ့တယ်..။သန္တာကျောက် အပိုင်းအစတွေဟာ ဘေးနားကို ချက်ချင်း လွင့်စင်လာခဲ့ပါတယ်..။
သို့ပေမယ့် အခုချိန်မှာတော့ သူ အသိစိတ်ပြန်ဝင်နေခဲ့ပါပြီ..။
သူ့ ခန္တာကိုယ်ကို ပြန်လှည့်လိုက်ပြီး ဆန်နီ မတ်တတ်ထရပ်ကာ..နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်တယ်..။နောက်တစ်စက္ကန့် အကြာမှာတော့ နစ်ဖီ သင်ပေးထားတဲ့ အတိုင်း သူ့ ဓားကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားခဲ့ပါတယ်..။
သားရဲကြီးကတော့..မျက်လုံးထဲမှာ လောင်ကျွမ်းနေတဲ့ မီးတောကိတွေနဲ့အတူ သူ့ဆီကို ထပ်ပြီး ပြေးလာနေခဲ့ပါပြီ..။
"ထပ်ကာထပ်ကာ လေ့ကျင့်မူ ၊ အတွေ့အကြုံ.."
အရိပ်ဟာ..အဇူရာ ဓားကနေ ဆုတ်ခွာပြီး..သူ့ရဲ့ လက်တွေ ၊ လက်မောင်းတွေ ၊ ပုခုံးတွေနဲ့ ခန္တာကိုယ် တစ်ခုလုံးကို ကာကွယ်သွားခဲ့တယ်..။ဆန်နီ ချက်ချင်းပဲ..ပိုသန်မာ ၊ မြန်ဆန် ပြီး ခံနိုင်ရည် ပိုရှိလာသလို ခံစားလိုက်ရပါတယ်..။
ဒါပေမဲ့ ဒါကလုံလောက်ပါ့မလား..။မရသေးဘူး..ရှင်သန်ဖို့အတွက် ဆိုရင် သူ ကျိန်းသေ ကံတရားလည်း လိုအပ်ပါသေးတယ်..။
ညှပ်ကြီးတစ်ခုဟာ..ညာဘက်ကနေ လွင့်ပျံလာပြီး တစ်ခုက ဘယ်ဘက်ကနေ လွင့်ပျံလာခဲ့တယ်..။သူ့မှာ နောက်ဆုတ်ဖို့ ဒါမှမဟုတ် ရှောင်တိမ်းဖို့ အချိန်မရှိပါဘူး..။ဒီတော့ အဲဒီအစား ဆန်နီဟာ သူ့ခန္တာကိုယ်ကို ကာကွယ်တဲ့ ပုံစံ လုပ်လိုက်တယ်..။
.
ပြီးတာနဲ့ ရှေ့ကို ခုန်တက်ပြီး..မွန်းစတားနဲ့ နီးကပ်အောင် လုပ်လိုကိပါတယ်..။ညှပ်ကြီး နှစ်ခုဟာ သူ့ရဲ့ နောက်ကျောဘက်မှာ အချင်းချင်း တိုက်မိသွားခဲ့တယိ..။
ဒါက တစ်ခုတည်းသော သူ လှုပ်လို့ရတဲ့ အကွက်ပါ..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဓားနဲ့ တိုက်ခိုက်လို့ရတဲ့ အကွာအဝေးက ညှပ်ကြီးတွေထက် ပိုပြီး တို နေခဲ့ပါတယ်..။သူ တိုက်ခိုက်ချင်တယ် ဆိုရင်တော့ အနီးကို ကပ်သွားရုံပဲ တတ်နိုင်ပါတယ်..။
သားရဲကြီး ထပ်ပြီး မတုန့်ပြန်နိုင်သေးခင်မှာပဲ ဆန်နီဟာ လတ်တလော သူ အကြိမ်တစ်ထောင်လောက် လေ့ကျင့်ထားတဲ့ အကွက်ကို ထုတ်သုံးလိုက်တယ်..။သူ့ရဲ့ ကြွက်သားတွေဟာ သူ့ စိတ်က ခိုင်းစေတဲ့ အတိုင်း ရွေ့လျားနေခဲ့ပါတယ်..။
ဆုံးဖြတ်ချက်ပြတ်သားစွာပဲ..သူ ဓားကို ခေါင်းပေါ်အထိ မြောက်လိုက်ပြီး အောက်ကို ခုတ်ချလိုက်တယ်..။သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက ပြင်းထန်တဲ့ ဓားချက်ကြောင့် လှုပ်ခါသွားခဲ့ပါတယ်..။
အဇူရာ ဓားဟာ..လေထဲကနေတဆငိ့..သားရဲကြီးရဲ့ ခြေထောက်က အဆစ် ဆီကို ရောက်သွားခဲ့တယ်..။ချက်ချင်း ဆိုသလိုပဲ အဇူရာသွေးတွေဟာ နေရာတိုင်းကို ဖြာထွက်လာခဲ့ပါတယ်..။
ဆန်နီ စက္ကန့် ဝက်လောက် အံဩသွားခဲ့တယ်..။
'ငါ လုပ်နိုင်လိုက်တာလား..'
သို့ပေမယ့် သူ့မှာကျေနပ်နေဖို့ အချိန်မရှိပေ..။ရှေ့ခြေထောက် ထိခိုက်သွားတာကြောင့် သားရဲကြီးရဲ့ မျှခြေဟာ ပျက်ဆီးသွားပြီး ရှေ့ကို ယိုင်ကျသွားခဲ့တယ်..။သို့ပေမယ့် သူ့မှာ နောက်ထပ် ခြေထောက်တွေ ရှိနေပါသေးတယ်..။ဒီလိုမျိုးအခိုက်အတန့်က အကြာကြီး ရမှာမဟုတ်ပေ..။
တိုက်ဆိုင်စွာပဲ ..သားရဲကြီးရဲ့ နောက်ထပ် ရှေ့ခြေထောက် တစ်ချောငိးဟာ..ရွံ့တွေနဲ့ ချော်သွားပြီး..အောက်ကိုပိုပြီး နိမ့်ကျလာစေခဲ့ပါတယ်..။
.
ဆန်နီ ဒီ အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ..။
ရှေ့ကို တစ်လှမ်းထပ်တိုးလိူက်ပြီး အဇူရာဓားနဲ့ သားရဲကြီးရဲ့ ပါးစပ်ကို ထိုးစိုက်လိုက်ပါတယ်..။သူ့ရဲ့ ပါးစပ်ဟာ အောက်ကို နိမ့်ကျလာပြီး..သားရဲကြီးက သူ့ခန္တာကိုယ် ဝိတ်နဲ့အတူပဲ..ဓားကို ပိုပိုပြီး ထိုးစိုက်သလို ဖြစ်နေခဲ့တယ်..။
အိပ်မက်ဆိုးသားရဲကြီးရဲ့ ခန္တာကိုယ်ကြီးဟာ..ပြင်းထန်စွာ လှုပ်ခါပြီး မြေကြီးပေါ်ကို လဲကျသွားခဲ့ပါတယ်..။
ဒါက သေသွားပြီ..။
ဆန်နီ အသက်ကို ဖြည်းဖြည်းချင်း ရူသွင်းလိုက်တယ်..။သူ့ ရဲ့ ရင်ဘတ်နဲ့ ခေါင်းနောက်ဘက်ကတော့ နာကျင်မူကို ခံစားနေခဲ့ရပါတယ်..။သူ ဂရုတစိုက် ထိကြည့်လိုက်တယ်..။ချက်ချင်းပဲ သူ့လက်မှာ သွေးတွေ ပေနေတာ တွေ့လိုက်ရပါတယ်..။
'အနည်းဆုံးတော့ ငါ အသက်ရှင်နေသေးတာပဲ '
[သင်ဟာ နိုးထမူအဆင့် ကြေးခွံသားရဲကို သတ်လိုက်ပါပြီ ]
[ သင့်အရိပ်ဟာ ပိုသန်မာလာခဲ့သည် ]
[သင့်မှာ...]
အခိုက်အတန့်က ကြေညာနေတဲ့ အသံကို ဆက်ပြီး နားထောင်ဖို့ အချိန်မရှိပဲ..ဆန်နီဟာ သားရဲကြီးရဲ့ ခေါင်းက ဓားကို ဆွဲထုတ်ကာ နစ်ဖီီကို ကူညီဖို့ အမြန်သွားလိုက်ပါတယ်..။
သို့ပေမယ့် ဒါက နောက်ကျသွားခဲ့ပါပြီ..။
သားရဲနောက်တစ်ကောင်ဟာ..ရွံ့တွေထဲမှာ လဲကျနေပြီး သူက သေနေပြီဆိုတာ သိသာပါတယ်..။သူ့ရဲ့ ခြေလက်တွေဟာ လှုပ်နေဆဲပြီး အစောက တိုက်ပွဲက ဘယ်လောက်တောငိ ကြမ်းတမ်းလဲ ဆိုတာ ပြသနေခဲ့တယ်..။ကြည့်ရတာတော့ နစ်ဖီက သူ့ရဲ့ အားနည်းချက်တွေကနေ တဆင့် ကျောရိုးအထိ ဓားနဲ့ ထိုးဖောက်နိုင်ခဲ့ပုံပါပဲ..။
သားရဲ အလောင်းရဲ့ ဘေးနားမှာတော့ သူ ငွေရောင် ဆံပင်နဲ့ မိန်းကလေးကို မတွေ့ခဲ့ပေ..။ဆန်နီ အနားကို ကပ်သွားတဲ့ အချိန်မှာတော့..ပြင်းထန် ကြမ်းတမ်းတဲ့ အသက်ရူသံကို ကြားလိုက်ရပါတယ်..။
"အ...အနားကို..မလာနဲ့..."
ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အသံဟာ ထူးဆန်းနေခဲ့တယ်..။ဆန်နီဟာ ရုတ်တရက် သူ့ နှလုံးသားကို တစ်ခုခုက ညှစ်ထားသလို ခံစားလိုက်ရပါတယ်..။သူကိုယ်တိုင် မသိလိုက်စွာပဲ သူ ရှေ့ကို နောက်တစ်လှမ်းတက်သွားခဲတယ်..။
နစ်ဖီဟာ အလောင်းဘေးနားမှာ ရပ်နေပြီး အသက်ကို ပြင်းပြင်းရူ ဖို့ ကြိုးစားနေခဲ့တာပါ..။သူမရဲ့ ပုခုံးမှာတော့ ဟက်တက်ကွဲ နေတဲ့ ဒဏ်ရာတစ်ခု ရှိနေခဲ့တယ်..။သို့ပေမယ့် ဒါက အသက်အန္တရာယ်တော့ မရှိပါဘူး..။
ဆန်နီရဲ့ မျက်လုံးကို..တစ်ခုခုက ဖမ်းစားသွားခဲ့တယ်..။
ကြည့်ရတာတော့ ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ မိန်းကလေးရဲ့ ရေမှော်အင်္ကျီက ဆုတ်ပြဲသွားပြီး..သူမ ရဲ့ ရင်ဘတ်တွေက်ိုပေါ်နေ စေခဲ့ပါတယ်..။သူမက ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ကာထား ခဲ့တယ်..။သူမရဲ့ လက်နောက်မှာတော့..ဖုံးအုပ်ထားတဲ့ နူးညံ့တဲ့ အရာတစ်ခုဟာ....
ဆန်နီဟာ တစ်ယောက်ယောက်က သူ့ကို လှမ်းဆွဲလိုက်သလိုပဲ..ချက်ချင်း နောက်ပြန်လှည့်လိုက်ပါတယ်..။သူ့ မျက်နှာက နီရဲ နေခဲ့တယ်..။သူ ထပ်ပြီးတောငိ တွေးမနေခဲ့ပဲ..အရိပ်ကိုပါ အကြည့်လွှဲခိုင်းလိုက်ပါတယ်..။
ရှက်ရွံ့မူကြောင့် တိတ်ဆိတ်မူသာ ရှိနေခဲ့တယ်..။
အချိန်တစ်ချို့ကြာပြီးနောက်မှ ဆန်နီ အားယူလိုက်ပြီး..
"နင်...နင် အဆင်ပြေရဲ့လား.."
နစ်ဖီ ဖြည်းဖြည်းချင်းပြန်ဖြေလိုက်တယ်..။
"အင်း.."
"ကောင်းတယ်..အင်း..ကောင်းတယ်..။ဒါဆို..ငါ..ငါ ကတ်စီကို သွားခေါ်လိုက်ဦးမယ်..."
"ကောင်းပြီလေ.."
ပြီးတာနဲ့ နောက်ကနေ သားရဲစစ်တပ်ကြီး လိုက်လာသလိုမျိုး ဆန်နီ အမြန်ပဲ လျောက်ထွက်သွားခဲ့ပါတယ်..။ဒါက သူ ပြေးမသွားယုံ တမယ်ပါပဲ..။
'သူမ အပြစ်ပဲ..။ဒါက သူမ အပြစ်ပဲ..။သူမက ရှင်းရှင်းလင်းလင်း ပြောခဲ့သင့်တာ..'
သူ့ မျက်လုံးထဲက မြင်ကွင်းကို အတတ်နိုင်ဆုံး ဖျောက်ဖို့ ကြိုးစားပြီး..ဆန်နီဟာ ကတ်စီ စောင့်နေတဲ့ နေရာကို အမြန်သွားလိုက်တယ်..။
သူတို့ ပြန်ရောက်လာတဲ့ အချိန်မှာတော့ နစ်ဖီဟာ သူမရဲ့ အင်္ကျီကို ပြန်ပြင်ဆင်ထားပြီး ဘာမှ မဖြစ်သလို နေနေခဲ့တယ်..။သို့ပေမယ့် အကူညီမဲ့စွာပဲ သူမ သူ့ကို ကြည့်တဲ့ အကြည့်တွေက ထူးဆန်းနေတာကို ဆန်နီ ခံစားမိပါတယ်..။
'ထားလိုက်တော့ '
သူ့ခေါင်းက ဒဏ်ရာကို စစ်ဆေးပြီးတာနဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပြောလိုက်တယ်..။
"ဒါက သွေးထွက်ရုံလောက်ပဲ..။သိပ်ပြီး မပြင်းထန်ဘူး..။တကယ်လို့ ခေါင်းမူးတာတွေ ခေါင်းကိုက်တာတွေ ဖြစ်လာရင်သာ ငါ့ကိုပြော.."
ဆန်နီ ဒီလိုတွေ မခံစားရတာကြောင့် တ်ိတ်တဆိတ်သာ နေနေခဲ့တယ်..။
နစ်ဖီ သူ့ အင်္ကျီတွေကို ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
"မှတ်သားမူ ရလား.."
ဆန်နီ ဟင့်အင် လို့ ပြောဖို့ လုပ်လိုက်ပေမယ့် ပြန်တိတ်ဆိတ်နေခဲ့တယ်..။
ပြန်တွေးကြည့်လိုက်တော့ သူ သားရဲကို သတ်တဲ့ အချိန်မှာ အခိုက်အတန့်က သူ့ကို တစ်ခုခု ပြောခဲ့ပါတယ်..။အဲ့အချိန်မှာ သူက အလုပ်ရှုပ်နေတာကြောင့် အာရုံမစိုက်နိုင်ခဲ့ပေ..။
"စစ်ကြည့်လိုက်ဦးမယ် "
သူ အချက်အလက်ဇယား ကိုထုတ်ပြီး အလျင်အမြန် မှတ်သားမူ နေရာကို ကြည့်လိုက်တယ်..။
မှတ်သားမူ : [ ငွေရောင် ခေါင်းလောင်း ၊ ရုပ်သေးဆရာ၏ ဝတ်ရုံတော် ၊ အဇူရာ ဓား..]
'ဟင်..အသစ်လည်း မရှိဘူး '
ဒါဆို အခိုက်အတန့် က ဘာတွေ ပြောခဲ့တာလဲ..
ရုတ်တရက် ဆန်နီဟာ မှတ်သားမူ ဘေးနားက အချက်အလက် အသစ်ကို သတိထားမိလိုက်တယ်..။ဒါကိုမြင်ပြီး သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါတယ်..။
ထပ်တူညီမူ : [ ကြေးခွံ သားရဲ ]