ထပ်တူညီမူ
Vol. 4 Ch. 47
#ဘာသာပြန် = စနိုးဝှိုက်
'ထပ်တူညီ...ဒါက ထပ်တူညီမူပဲ..'
ဆန်နီ သူ့ မျက်လုံးကိုတောင် မယုံကြည်နိုင်တော့ပေ..။
အိပ်မက်ဆိုးသားရဲတွေကို သတ်ဖြတ်ပြီးနောက်မှာ ထပ်တူညီမူ ကို ရရှိတယ် ဆိုတာက အရမ်းကို ရှားပါးတာပါ..။ဒီအရာကို ရဖို့ အခွင့်အရေးက အရမ်းကို နည်းလွန်းပါတယ်..။အစစ်မှန်ကမ္ဘာမှာသာ ဒီ ထပ်တူညီမူကို ပြန်ရောင်းမယ် ဆိုရင် သူ
ရမယ့် ပိုက်ဆံက အများကြီးပါပဲ..။ဒါက ဘာလို့လဲ ဆိုတော့ မှတ်သားမူ ထက်ပိုပြီး တန်ဖိုးရှိလို့ပါ..။
သူ ထပ်ပြီး အချိန်ဆွဲ မနေတော့ပဲ..သူ့ရဲ့ စိတ်ဝိဥာဥ် ပင်လယ်ထဲကို ဝင်လိုက်တယ်..။ဒီမှာတော့..တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်ထက်မှာ အထီးကျန်နေတဲ့ အနက်ရောင် နေတစ်စင်းဟာ ရှိနေခဲ့ပါတယ်..။အနက်ရောင်နေကို တော့ အဖြူရောင် အလုံးလေးတွေက ပတ်နေခဲ့တယ်..။ဒါတွေက..သူ့ရဲ့ မှတ်သားမူ တွေပါ..။သူတို့က သုံးခု ရှိနေခဲ့ပါတယ်..။
သို့ပေမယ့် ဒီတစ်ကြိမ်တော့ သူ ဒါကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ..။သူ ကြည့်ချင်တာက ထပ်တူညီမူ ကိုပါ..။
ထပ်တူညီမူဟာ လည်း အဖြူရောင် အလုံးလေး အဖြစ် ရှိနေခဲ့တယ်..။သို့ပေမယ့် ဒီ ဂြိုလ်ပုံစံ အလုံးလေးက ပိုကြီးပြီး..အရိပ်အမြုတေ နဲ့လည်း ပိုပြီး ဝေးပါတယ်..။အတွေး နဲ့အတူပဲ..သူ ဒီအရာကို အောက်ကို ဆင်းခိုင်းလိုက်တယ်..။
အလုံးလေးဟာ..ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး အနက်ရောင် ရေပြင်ကို ထိသွားခဲ့တယ်..။ဆန်နီ ရေပေါ်ကနေ အနားကို လမ်းလျောက်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ အလင်းရောင်တွေ ပျောက်ကွယ်သွားပြီး သားရဲ တစ်ကောင်ပုံစံ ပေါ်နေခဲ့တယ်..။
ကြီးမားတဲ့..ကြေးခွံသားရဲ တစ်ကောင်က သူ့ရှေ့မှာ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေခဲ့ပါတယ်..။သူ့ မျက်လုံးထဲမှာတော့ ဘာ ရူးသွပ်မူမှ ရှိမနေခဲ့ပေ..။ဘာပဲဖြစ်ဖြစ် ဒီအရာက အမှန်တကယ် ရှင်သန်နေတာ မဟုတ်ပါဘူး..။ဒါက ဒီတိုင်း ထပ်တူညီမူ တစ်ခုပါ..။
သားရဲ ရဲ့ ဘေးနားမှာတော့ အချက်အလက်ဇယား တစ်ခု ပေါ်လာခဲ့တယ်..။
ထပ်တူညီမူ : [ ကြေးခွံသားရဲ ]
အမျိုးအစား : သားရဲ
အမြုတေ : နိုးထမူ အဆင့်
စွမ်းရည် : [ သန်မာမူ ၊ ကာကွယ်နိုင်မူ ]
ဖော်ပြချက် : [ ကျရှုံးသွားတဲ့ စစ်တပ်ရဲ့ ကျိန်စာသင့် စစ်သားတစ်ယောက်..]
ဆန်နီတောင် မသိလိုက်တဲ့ အချိန်မှာပဲ..သူ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။ဒီသားရဲက အခုတော့ သူ့ အပိုင်ဖြစ်ပါပြီ..။ဒီအကောင်ကို အပြင်ထုတ်ပြီး ရန်သူကို တိုက်ခိုက်ခိုင်းတာ..ပစ္စည်းတွေကို သယ်ခိုင်းတာ နဲ့ တစ်ခြားအရာတွေကိုလည်း အသုံးချလို့ ရပါသေးတယ်..။ထပ်ပြောရရင် သူက သခင်ထက် တောင်မှ တစ်ဆင့် မြင့်နေပါသေးတယ်..။ဒီအကောင်က ပုံမှန်အားဖြင့် ပြောင်းလဲမူ အမြုတေသာရှိတဲ့ အိပ်မက်မက်သူ တွေထက် ပိုပြီး သန်မာပါတယ်..။
ဒီ မှတ်သားမူသာ သူတို့ဘက်မှာရှိနေရင် အရာရာက ပိုပြီး လွယ်ကူလာတော့မှာပါ..။
စိတ်ခံစားချက်အတိုင်းပဲ..ဆန်နီ လက်ကို မြောက်ပြီး..ဒီသားရဲရဲ့ အေးစက်နေတဲ့ အနက်ရောင် အရည်ပြားကို ထိလိုက်တယ်..။သူက သူ့ရဲ့ ပိုင်ဆိုင်မူ အသစ်ကို ထိတွေ့ချင်ခဲ့တာပါ..။
သို့ပေမယ့် သူ့ လက်က သားရဲကို ထိလိုက်တာနဲ့ ထူးဆန်းတဲ့ အရာဖြစ်လာခဲ့တယ်..။စိတ်ဝိဥာဥ် ပင်လယ်က လှုပ်ခါလာပြီး..နောက်ထပ် အချက်အလက် တွေပေါ်လာခဲ့ပါတယ်..။
[ ထပ်တူညီမူကို အရိပ်ထဲကို ပေါင်းထည့်မှာလား ]
ဆန်နီ အလျင်အမြန်ပဲ သူ့လက်ကို ပြန်ရုတ်လိုက်တယ်..။
'ဒါက ဘယ်လို သောက်ကျိုးနဲ မျိုးလဲ '
ထပ်တူညီမူကို အရိပ်ထဲ ပေါင်းထည့်လို့ ရတယ်လို့ သူ ဘယ်တုန်းကမှ မသိထားခဲ့ပေ..။ပြီးတော့ သူက အရိပ်အမြုတေ နဲ့ အပိုင်းအစ တွေအကြောင်းလည်း ဘယ်သူပြောတာမှ ကြားဖူးခဲ့တာ မဟုတ်ပါဘူး..။
'ကြည့်ရတာတော့ ငါ့ရဲ့ စွမ်းရည်က ငါထက်ထားတာထက် လျိုဝှက်ချက်တွေ ရှိနေတာပဲ..'
ဆန်နီ နှုတ်ခမ်းကို သက်လိုက်ပြီး တွေဝေနေခဲ့တယ်..။ပြီးမှ သူ ပြောလိုက်ပါတယ်..။
"ပေါင်းထည့်မယ်.."
သို့ပေမယ့် ဘာမှဖြစ်မလာခဲ့ပေ..။ခနကြာပြီးနောက်မှ ..အချက်အလက် ဇယားဟာ ပြောင်းလဲသွားခဲ့တယ်..။
[ ပြောင်းလဲမူ လုပ်ဆောင်ရန် အရိပ်အပိုင်းအစ မလုံလောက်ပါ ]
[ အရိပ်အပိုင်းအစ လိုအပ်မူ : 24 / 100 ]
သူ စိတ်ပျက်စွာ မျက်မှောင်ကျုတ်လိုက်တယ်..။
'ငါ သိပြီ..။ဒီတော့ ဒါက အပိုင်းအစတွေရဲ့ အသုံးပြုမူ နောက်တစ်ခုပေါ့..။သူတို့က ငါ့အမြုတေကိုလည်း တိုးမြင့်နိုင်တယ်..။ထပ်တူညီမူကိုလည်း ထူးဆန်းတာတွေ လုပ်နိုင်တာပဲ..။ပြောင်းလဲမူ မလုပ်ကြည့်ပဲနဲ့ ဘယ်ဟာက ပိုအသုံးဝင်လဲ ဆိုတာကို ငါဘယ်လိုလုပ် သိမှာလဲ..'
ထပ်တူညီမူက သူ့အတွက် အများကြီး အသုံးဝင်ပါတယ်..။အခုတော့..သူ့ကိုယ်သူ ပိုသန်မာဖို့ အာရုံစိုက်ထားတာက ပိုကောင်းတယ်လို့ ဆန်နီ ခံစားနေရပါတယ်..။
'ငါ နောက်မှ လေ့လာကြည့်တာပေါ့..'
ပြီးတာနဲ့ သူ စိတ်ဝိဥာဥ်ပင်လယ် ထဲကနေ ထွက်လိုက်တယ်..။
သူ အချိန်အတော်ကြာအောင် ရပ်နေခဲ့တာကြောင့် နစ်ဖီဟာ သူ့ကို မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်..။
ဆန်နီ ပြုံးလိုက်ပြီး..
"ငါ ထပ်တူညီမူ တစ်ခု ရခဲ့တယ် "
သူမ မျက်လုံးတွေဟာ ပြူးကျယ်သွားခဲ့ပါတယ်..။
တစ်ဖက်မှာတော့ ကတ်စီဟာ ပိုပြီးတော့တောင် အံ့ဩနေခဲ့တယ်..။
"ထပ်တူညီမူလား..။နင်တကယ် ထပ်တူညီမူကို ရခဲ့တာလား.."
"အင်း.."
သားရဲတွေ အုပ်စုက သူတို့ရဲ့ နောက်ဘက်မှာ ရှိနေသေးတာကြောင့် ဆန်နီ အချိန်ဖြုန်းမနေတော့ပဲ..သားရဲကို အပြင်ထုတ်လိုက်ပါတယ်..။
ကြီးမားတဲ့ သားရဲကြီးဟာ..သူတို့ရဲ့ ရှေ့မှာ ချက်ချင်း ပေါ်ထွက်လာခဲ့တယ်..။နောက်ဆုံးမှာတော့ သူ့ရဲ့ အနက်ရောင် အသွင်အပြင်ဟာ အပြည့်အဝ ထွကိပေါ်လာခဲ့ပါပြီ..။ဆန်နီ ရဲ့ ညွှန်ကြားမူ အတိုင်း..သားရဲကြီးဟာ သူ့ရဲ့ညှပ်ကြီးတွေကို မြှောက်လိုက်တယ်..။
နစ်ဖီဟာ..ထပ်တူညီမူကို ခန့်မှန်းလို့ မရနိုင်တဲ့ အမူအရာနဲ့ လေ့လာနေခဲ့ပါတယ်..။ယင်းနောက် သူမရဲ့ နှုတ်ခမ်းထောင့်စွန်းက ပြုံးသွားခဲ့ပြီး..
"ကောင်းတယ်.."
ဆန်နီ သူမကို ကြည့်ပြီး ပြုံးလိုက်တယ်..။
"ငါထင်တာတော့..ကတ်စီကို ဒီအပေါ်တက်စီးခိုင်းတာ ကောင်းလိမ့်မယ် ထင်တယ်..။ဒါက အများကြီး အကူအညီဖြစ်လိမ့်မယ်.."
မျက်မမြင် မိန်းကလေး ဟာ ပါးစပ်ပွင့်လာခဲ့တယ်..။
"ငါ့ကို သယ်သွားမှာလား..။တက်ပြီး စီးရမှာပေါ့.."
သူ ရယ်မောပြီး သားရဲရဲ့ ကြေးခွံကို ရိုက်လိုက်တယ်..။
"ဒီကောင်ဆိုးလေးက မင်းလို မိန်းမလှလေးကို တော့ အေးဆေးသယ်နိုင်ပါတယ်..။ငါ့ကိုယုံလိုက်..။ငါ ဒီအကောင်တွေကို သေချာလေ့လာထားတယ်..။သူတို့သာ အန္တရာယ် မပြုဘူးဆိုရင် ..ကျောပေါ်မှာ အေးအေးဆေးဆေး တက်စီးလို့ ရတယ်လေ.."
ကတ်စီ တွေဝေနေပြီးမှ..
"အိုကေ ကောင်းပြီလေ..။နင်က ဒီလိုက ပိုကောင်းမယ် ထင်တော့လည်း.."
ဆန်နီ နဲ့ နစ်ဖီဟာ ..မျက်မမြင်မိန်းကလေးကို ထပ်တူညီမူအပေါ် ကူတင်ပေးလိုက်ကြတယ်..။ယင်းနောက် သူတို့ ရွှေရောင်ကြိုးကို ဇက်ကြိုးအဖြစ် ပြုလုပ်ပြီး ကတ်စီီကို ကိုင်ခိုင်းထားလိုက်ပါတယ်..။
သေဆုံးနေတဲ့ သားရဲတွေဆီက စိတ်ဝိဥာဥ် အမြုတေကို ယူပြီးတဲ့နောက်မှာတော့ အိပ်စက်သူတွေဟာ..နောက်ထပ် တိုက်ပွဲကို ရှောင်ဖို့ အလျင်အမြန် ထွက်သွားလိုက်ကြပါတယ်..။
***
ကတ်စီ က သားရဲပေါ်မှာ သက်သောင့်သက်သာ စီးနေတာကြောင့်..သူတို့ရဲ့ အမြန်နှုန်းကို ပိုမြင့်တက်လာခဲ့တယ်..။ဆန်နီနဲ့ နစ်ဖီတို့ဟာ ရှေ့ကနေ သွားရင်း နောက်ထပ် အမြင့်တစိနေရာကို အမြန်ရောက်ဖို့ မျှော်လင့်နေခဲ့ကြပါတယ်..။
မကြာခနဆိုသလိုပဲ..ကြေးခွံသားရဲ အုပ်စုတွေနဲ့ ထိပ်တိုက်မတွေ့စေဖို့ လမ်းကြောင်း ပြောင်းနေကြရတယ်..။သို့ပေမယ့် သူတို့ဘက်မှာ သားရဲတစ်ကောင် ရှိနေကြောင့် အိပ်စက်သူသုံးယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာဟာ ပိုပြီး ကောင်းမွန်နေခဲ့ပါပြီ..။
ဒီနေရာကို ရောက်ပြီးတဲ့အချိန်ကစပြီး ပထမဆုံးအကြိမ်အနေနဲ့ ဆန်နီရဲ့ စိတ်တွေဟာ တည်ငြိမ်နေခဲ့တယ်..။
ဒါပေါ့ ဒီတည်ငြိမ်မူက သိပ်ပြီး ကြာရှည်မခံခဲ့ပါဘူး..။
အချို့အချိန်တွေဟာ လေတိုက်မူက ကြမ်းလာခဲ့တယ်..။တစ်ချိတည်းမှာပဲ..ကတ်စီဟာ သူတို့ကို ရပ်တန့်ဖို့ ပြောလာခဲ့ပါတယ်..။
နစ်ဖီ နဲ့ ဆန်နီ တို့ဟာ သူမကို မျကိမှောင်ကျုတ်ပြီး ကြည့်လိုက်တယ်..။သူတို့ နှစ်ယောက်စလုံး နိမိတ် မကောင်းသလို ခံစားလိုက်ကြရပါတယ်..။
"ဘာဖြစ်လို့လဲ.."
မျက်မြင် မိန်းကလေးဟာ ဇက်ကြိုးကို လွှတ်လိုက်ပြီး..
"နင်တို့ တစ်ခုခုကြားရလား.."
သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းခါယမ်းလိုက်တယ်..။
"မကြားရဘူး..ဘာလို့လဲ.."
ကတ်စီ ပြောလိုက်တယ်..။
"ငါ့ကို ဒီဟာကြီးပေါ်က ချပေးဦး.."
သူမကို ချပေးပြီး နောက်မှာတော့ ကတ်စီဟာ ခံစားချက်မဲ့စွာ နဲ့ နားထောင်နေခဲ့တယ်..။ယင်းနောက် သူဟာ ဒူးထောက်ချလိုက်ပြီး မြေကြီးကို ကပ်ခါ နားထောင်လိုက်ပါတယ်..။
"နင် ဘာကြားလို့လဲ.."
ကတ်စီ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး..
"ဒါက ညဥ်းတွားနေတယ်.."
ရုတ်တရက် ရေတစ်စက်ဟာ ဆန်နီ ရဲ့ မျက်နှာပေါ် ကျလာခဲ့တယ်..။သူ ခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်လိုက်ပါတယ်..။
ကောင်းကင်ပေါ်မှာတော့ အနက်ရောင် တိမ်တိုက်တွေဟာ..မြန်ဆန်လွန်းတဲ့ အရှိန်နဲ့ စုဝေးနေခဲ့ကြတယ်..။မကြာခင်မှာပဲ..တိမ်တိုက်တွေဟာ..ကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်သွားခဲ့ကြပါတယ်..။
သူတို့က နေ ကိုပါ ဖုံးကွယ်သွားခဲ့တာပါ..။
ဒါတွေကို မြင်လိုက်တဲ့အချိန်မှာတော့ ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။