မုန်တိုင်း
Vol. 4 Ch. 48
#ဘာသာပြန် = စနိုးဝှိုက်
"ငါတို့ အခုသွားမှ ရတော့မယ်.."
နစ်ဖီ သူ့ကို ပြောလိုက်တာနဲ့..ဆန်နီဟာ ကတ်စီကို တွဲပြီး မတ်တတ်ထရပ်ဖို့ ကူညီပေးလိုက်တယ်..။သူ့ မျက်နှာက ဖြူဖျော့နေပြီး..မျက်လုံးထဲမှာတော့ ထိပ်လန့်မူတွေ ရှိနေခဲ့ပါတယ်..။
"သူမကို သားရဲကျောပေါ်ကို ပြန်တင်ဖို့ ကူညီပေးဦး.."
ငွေရောင် ဆံပင်နဲ့ မိန်းကလေးဟာ..ကောင်းကင်ပေါ်ကို ကြည့်လိုက်တယ်..။မကြာခင်မှာပဲ သူမရဲ့ အမူအရာက နက်မှောင်သွားခဲ့ပါတယ်..။ဘာတစ်ခုမှ မပြောပဲ သူမက သူ ပြောတဲ့အတိုင်း လိုက်လုပ်လိုက်တယ်..။
ကတ်စီ ဟာ သိချင်နေခဲ့တယ်..။သူမ ဇက်ကြိုးကို ကိုင်ပြီး..အကူညီမဲ့စွာ မေးလိုက်ပါတယ်..။
"နစ်..ဘာတွေဖြစ်နေတာလဲ.."
ပြောင်းလဲ နေတဲ့ကြယ်ပွင့် ဟာ သူမကို ကြည့်လိုက်တယ်..။ပြီးမှ လေးနက်တဲ့ အသံနဲ့...
"မုန်တိုင်း တစ်ခု လာနေတယ်.."
အဲ့အချိန်မှာတော့ ဆန်နီ ဟာ..သူ့အရိပ်ကို သန္တာကျောက်တန်းရဲ့ နံရံပေါ်ကို တက်ပြီး..သူတို့ရဲ့ ဦးတည်ချက်နဲ့ ဘယ်လောက် ဝေးသေးလဲ ကြည့်ခိုင်းလိုက်ပါတယ်..။ဒီကနေ ကြည့်သလောက်ကတော့ တည်နေရာက အနည်းငယ် ဝေးနေပါသေးတယ်..။သို့ပေမယ့်..ကြီးမားတဲ့ ရုပ်ထုကြီးကတော့ ပိုပြီး ဝေးတဲ့ နေရာမှာ ကျန်နေခဲ့ပါပြီ..။
နောက်ပြန်သွားတာက ကိုယ့်ကိုကို သတ်သေ တာပါပဲ..။
သူ နစ်ဖီ ဘက်ကို လှည့်လိုက်ပြီး..
"ငါတို့ နောက်ထပ် အမြင့်ကို ရောက်ဖို့ ၃ /၄ ကီလိုမီတာ လောက် လိုသေးတယ်..။ငါ..ငါတို့..လုပ်နိုင်မယ်လို့ ထင်လား.."
သူမ ပြောလိုက်တယ်..။
"ငါတို့ လမ်းကြောင်း တည့်တည့်ပဲ သွားရင်တော့ ဖြစ်နိုင်တယ်.."
ဆန်နီ တွေဝေနေပြီးမှ မေးလိုက်တယ်..။
"သားရဲတွေကရော.."
ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ ရှေ့ကိုကြည့်ကာ အံကြိတ်လိုက်ပြီး..
"အကုန်သတ် ရမှာပေါ့.."
'ဒါပဲလား..။ဒါက အစီစဥ်လား '
သူ နောက်ထပ် အကြံလေးများ ထွက်လာမလား ဆိုပြီး စောင့်နေတုန်းမှာပဲ..နစ်ဖီဟာ သူ့ဘက်ကို လှည့်လာပြီး ပဟေဠိဖြစ်စွာ ပြောလိုက်ပါတယ်..။
"နင်က ဘာကို စောင့်နေတာလဲ ပြေးလေ.."
***
သူတို့ စတင်ထွက်ခွာတာနဲ့ ကြီးမားတဲ့ မိုးပေါက်ကြီးတွေဟာ မြေကြီးပေါ်ကို ကျလာခဲ့ပါပြီ..။ကြမ်းတမ်းလေထု ဟာလည်း ရွံ့တွေနဲ့ ရေမှော်တွေကို လွင့်ပျံနေစေခဲ့တယ်..။ကောင်းကင်မှာ တိမ်လိပ်တွေ စုဝေးနေတာကြောင့်..နေရောင်ဟာ မှိန်ကျသွားပြီး..အေးစက်မူက ဝင်ရောက်လာခဲ့ပါတယ်..။
ဆန်နီကတော့ သူ့အသက်က ဒီအပေါ်မှာ မူတည်နေသလိိုမျိုး အားကုန်ထုတ်ပြီး ပြေးနေခဲ့တယ်..။ဘာလို့လဲဆိုတော့ အမှန်တကယ်ပဲ မူတည်နေခဲ့တာပါ..။အရိပ်ရဲ့ လမ်းပြမူကြောင့် ဒီအဖွဲ့ငယ်လေးကို ဆန်နီကပဲ ဦးဆောင်ပြီး ရှေ့က ပြေးနေခဲ့တယ်..။နစ်ဖီကတော့ သူ့ရဲ့ နောက်မှာပါ..။ကြေးခွံသားရဲကတော့ ..ကတ်စီကို သယ်ဆောင်ရဲ့ သူ့ရဲ့ ခြေထောက် ရှစ်ချောင်းနဲ့ နောက်ဆုံးကနေ ပြေးနေခဲ့တယ်..။
မွန်းစတားတွေကို ရှောင်ကွင်းဖို့ မလိုတာကြောင့် သူတို့ရဲ့ အမြန်နှုန်းက ကြောက်ခမန်းလိလိ ပါပဲ..။ဘေးနားက လမ်းကြောင်းတွေ..နံရံတွေကတော့ သူတို့ဖြတ်သွားစဥ်မှာ ဝိုးတဝါးတား သာ မြင်နေခဲ့တယိ..။သူတို့ ဘာလို အကြောင်းနဲ့မှ ရပ်တန်လို့ မဖြစ်ပါဘူး..။တကယ်လို့ မိနစ်အနည်းငယ် အတွင်းမှာ နောက်ထပ် အမြင့်တစ်နေရာကို မရောက်ရင် သူတို့ဘဝက အဆုံးသတ်တော့မှာပါ..။
ဆန်နီကတော့ လမ်းမှာတွေ့သမျှ ရန်သူတိုင်းနဲ့ အသေအကြေ တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပါပြီ..။သို့ပေမယ့် အံ့ဩစရာက ဝင်္ကပါ လမ်းတစ်လျောက်လုံးမှာ ဘာပြသနာ မှ မရှိခဲ့ပေ..။သားရဲတွေကလည်း မုန်းတိုင်းကို ကြောက်ရွံ့ကြတဲ့ ပုံပါပဲ..။သားရဲတွေဟာ သန္တာကျောက်တောငိတွေ မြေအောက်တွေမှာ ပုန်းဖို့ လုပ်ရင်း အလုပ်ရှုပ်နေကြပါတယ်..။
တကယ်လို့ သူတို့ထဲက တစ်ကောင်ကောင်က တိုက်ခိုက်ဖို့ ဆန္ဒရှိနေသေးတယ်ဆိုရင်လည်း..ပြင်းထန်တဲ့ ဓားချက်တစ်ချက်နဲ့ ညှပ်တစ်ချောင်းကတင်..အဲဲဒီသားရဲကို စိတ်ပြောင်းသွားစေဖို့ လုံလောက်ပါတယ်..။
သိူ့ပေမယ့် သူတို့ ဘယ်လောက်ပဲ အမြန်ပြေးနေပါစေ..မုန်တိုင်းက ပိုပြီး မြန်ဆန်နေခဲ့တယ်..။မိုးရေစက်တွေကနေ သည်းထန်စွာ ရွာနေတဲ့ မိုးရေတွေ အဖြစ်ပြောင်းသွားပြီး ရေစက်တစ်စက် ချင်းစီးကလည်း..အရှိန်ပြင်းစွာ ကျဆင်းနေခဲ့ပါတယ်..။လေတိုက်ခိုက်မူက ကြမ်းတမ်းလာပြီး သူတို့ ခန္တာကိုယ်ကို ဟန်ချက်ပျက်အောင် လုပ်နေခဲ့တယ်..။
နောက်ဆုံးတော့ အမှောင်ထုထဲမှာ လျှပ်စီးတစ်ချက်လက်သွားပြီး..ပြင်းထန်တဲ့ မိုးကြိုးပစ်သံကြီးကိုပါ ကြားလိုက်ရတယ်..။
ခနအကြာမှာတော့ ဆန်နီရဲ့ ခြေထောက်အောက်က မြေကြီးဟာ တုန်လှုပ်သွားပြီး..ဟန်ချက်ပျက်ကာ လဲကျသွားပါတယ်..။သူ ရွံ့တွေတောမှာ လိမ့် သွားပြီး ပြန်ထဖို့ကြိုးစားလိုက်တယ်..။သို့ပေမယ့် ခြေချော်ပြီး ပြန်လဲကျသွားခဲ့ပါတယ်..။
တစ်စုံတစ်ယောက်ရဲ့ လက်ဟာ သူ့ရဲ့လက်မောင်းကို ဆွဲပြီး..ထူပေးလာခဲ့တယ်...။
မုန်တိုင်းရဲ့ အမှောင်ထုထဲမှာ ဆန်နီဟာ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ မျက်နှာကို မြင်လိုက်ရပါတယ်..။သူမ အော်ပြောလိုက်တယ်..။
"မရပ်နဲ့..ပြေး..."
ကြမ်းတမ်းလှတဲ့ လေနဲ့ မိုးရေ တွေကြားမှာ သူမ အသံကတော့ ဝိုးတဝါးပါပဲ..။
ဆန်နီ အသိစိတ်ပြန်ဝင်ပြီး ပြေးဖို့ လုပ်လိုက်တဲ့ ပချိန်မှာတာ့..အမဲရောင် ရေတွေက သူ့ရဲ့ ညို့သကျည်း ရိုးလောကိ ရှိနေခဲ့ပါပြီ..။သူ အံကြိတ်လိုက်တယ်..။
ပင်လယ်ကြီးက ပြန်ရောက်တာလား..
ဒီရေတွေက ဘယ်ကနေ ရောက်လာလဲ သူလည်း မသိတော့ပါဘူး..။သို့ပေမယ့် တစ်မိနစ်ချင်းစီ တိုင်းမှာ ပိုပိုပြီး မြင့်တက်လာနေခဲ့တယ်..။မကြာခင်မှာပဲ သူ့ရဲ့ ဒူးလောက်ကို ရောက်ပြီး နောက်တော့ ခါး အထိပါ ရောက်လာခဲ့ပါတယ်..။သူတို့တစ်ဖွဲ့လုံးရဲ့ အမြန်နှုန်းက လျော့ကျသွားခဲ့တယ်..။
လျှပ်စီး တစ်ချက်လက်လိုက်တဲ့ အချိန်မှာပဲ..သူတို့ရှေ့နားမှာ ရှိနေတဲ့ ကြီးမားတဲ့ ကျောက်တုံးကြီးကို တွေ့လိုက်ကြရတယ်..။
သူတို့ ဒီနေရာအထိ ရောက်အောင် လာနိုင်ခဲ့ကြပါပြီ..။
တစ်ချိန်တည်းမှာပဲ ဝင်္ကပါလမ်းကြောင်းထဲကနေ ဆိုးဝါးတဲ့ အသံတွေကို ကြားလိုက်ကြရတယ်..။ဆန်နီ ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ကြီးမားကြမ်းတမ်းတဲ့ အနက်ရောင် ရေလှိုင်းတွေဟာ..သစ်တော ထဲကို စီးဝင်လာနေတာကို တွေ့လိုက်ရပါတယ်..။သိပ်မဝေးတဲ့ နေရာမှာတော့ နှေးကွေးနေတဲ့ သားရဲတစ်ကောင်ဟာ..ရေလှိုင်းရဲ့ ရိုက်ခတ်မူနဲ့အတူ ပါသွားပြီး နံရံ နဲ့ ပြေးဆောင့်သွားခဲ့တယ်..။မာကျောလွန်းတဲ့ သားရဲကြီးရဲ့ ကြေးခွံတွေဟာ..ကြက်ဥကို ပစ်ပေါက်လိုက်သလို အက်ကွဲသွားခဲ့ပါတယ်..။
' ချီးပဲ '
သူ နစ်ဖီ ဘက်ကို လှည့်လိုက်တယ်..။
"အချိန်ကျပြီ အပေါ်ကို တက်တော့.."
သူမ သူ့ရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး..
"နင့်ရဲ့ ထပ်တူညီမူကို ပြန်သိမ်းလိုက်.."
ဒီသားရဲက အပေါ်ကို တက်နိုင်လား ဆိုတာတော့ ဆန်နီလည်း မသိပေ..။တကယ်လို့ တက်နိုင်တယ် ဆိုရင်တောင် ကတ်စီကတော့ သူ့အပေါ်ကနေ လိုက်ပြီး ဖက်တွယ်ထားဖို့က မဖြစ်နိုင်ပါဘူး..။သူ မျက်မမြင်မိန်းကလေးကို အောက်ကို ဆင်းဖို့ ကူညီပေးလိုက်ပြီး..သားရဲကို စိတ်ဝိဥာဥ်ပင်လယ်ထဲကို ပို့လိုက်တယ်..။
နစ်ဖီဟာ အောက်ကို နိမ့်လိုက်ပြီး ကတ်စီကို သူမရဲ့ ကျော်ပေါ်တကိစေခဲ့တယ်..။ပြီးတာနဲ့ သူတို့နှစ်ယောက်ကို ရွှေရောင်ကြိုးနဲ့ ပူးပြီး ချည်လိုက်ပါတယ်..။အချိန်ဖြုန်းမနေတော့ပဲ..သူမက အံကိုကြိတ်ကာ ရေစိုနေတဲ့ ကျောက်တုံးတွေကို ဖက်တွယ်ပြီး တက်ပါတော့တယ်..။
သူတို့ ဟာ အနက်ရောင် ရေလှိုင်းတွေရဲ့ ရိုက်ခတ်မူကနေ လွတိအောင် တတ်နိုင်သမျှ မြင့်မြင့် တက်လိုက်ကြတယ်..။အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာ ဆန်နီ အော်ဟစ်လိုက်ပါတယ်..။
"ကိုင်ထား.."
ခနအကြာမှာတော့ အနက်ရောင်ရေလှိုင်းကြီးဟာ သူတို့ရဲ့ ခြေထောက်အောက် မီတာ အနည်းငယ်ကို ရိုက်ခတ်လာခဲ့တယ်..။ဆန်နီ ဘုရားတ နေတုန်းမှာပဲ..ချောက်နက်ကြီး တစ်ခုလုံးဟာ တုန်လှုပ်သွားခဲ့ပါတယ်..။ကျောက်တုန်း အချို့ဟာ သူတို့အပေါ်ကနေ ပြုတ်ကျလာခဲ့ပြီး..ကံကောင်းချင်တော့ သူ့ခေါင်းပေါ်ကို မကျလာခဲ့ပေ..။
ထပ်ပြောရရင် သူတို့ သုံးယောက်လုံး အသက်ရှင်နေပါသေးတယ်..။
သို့ပေမယ့် အရာရာက ပြီးဆုံးဖို့ ဝေးကွာနေပါသေးတယ်..။အနက်ရောင် ရေတွေဟာ ကြောက်လန့်စရာ အရှိန်နှုန်းနဲ့ မြင့်တက်နေတုန်းဖြစ်ပြီး..သူတို့ကို စက္ကန့်တိုင်းမှာ ဝါးမြိုသွားဖို့ ခြိမ်းခြောက်နေခဲ့ပါတယ်..။သူတို့ ဆက်ပြီး တက်နေခဲ့တယ်..။
ဆန်နီ သူ လက်နဲ့ဆွဲလို့ ရမယ့် နောက်ထပ် အပေါက်ကို ရှာနေခဲ့တယ်..။ရှင်သန်နိုင်ဖို့ဆိုရင် သူတို့က ကျောက်တုန်းထိပ်ကို ပိုမြန်တဲ့ အရှိန်နဲ့ တက်ဖို့ လိုအပ်ပါတယ်..။သို့ပေမယ့် ရေစိုနေတဲ့ ကျောက်တုံးတွေပေါ်ကို တက်နေရတာက ကပ်ဆိုးတစ်ခုလိုပါပဲ..။တစ်ချက်မှားလိုက်တာနဲ့..ကျောက်တုံးတွေ နဲ့ တိုက်မိသွားမလား..ရေထဲက သတ္တဝါကြီးတွေရဲ့ စားသုံးတာ ခံရမလား ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ..။
ပြင်းထန်တဲ့ မိုးရေစက်တွေနဲ့ ကြမ်းတမ်းတဲ့ လေထုကလည်း အခြေအနေကို ပိုပြီး ဆိုးဝါးအောင် လုပ်နေခဲ့တယ်..။
ဒါတောင်မှ သူတို့်မှာ ရွေးချယ်စရာ မရှိပါဘူး..။
သူ့ အရည်ပြားတွေကို ကျောက်တုံး အချွန်တွေနဲ့ ထိုးနေတာတောင် ဆက်ပြီးတက်နေခဲ့တယိ..။သူ့ ခန္တာကိုယ်ကို အရိပ်နဲ့သာ မရစ်ပတ်ထားရင် ဆန်နီ အစောကတည်းက သေနေလောက်ပါပြီ..။သိူ့ပေမယ့် အရိပ်ရဲ့ အကူအညီနဲ့တောင် အနက်ရောင် ရေတွေက ပိုပိုပြီး နီးကပ်လာနေခဲ့တယ်..။
"ချီးပဲ....ချီး....ပဲ...."
ဆန်နီ ဘယ်လောက်ပဲ ကြိုးစား တက်တက် အကွာအဝေးကို မလျော့ချနိုင်ခဲ့ပေ..။မကြာခင်မှာပဲ ရေတွေဟာ သူ့ခြေထောက်ကို ထိလာခဲ့တယ်..။ပင်လယ်ကြီးဟာ ဖြည်းဖြည်းချင်းပဲ..သူ့ခြေထောက်တွေကို ဝါးမြိုသွားပြီး..နောကိတော့ သူ့ ရဲ့ ခန္တာကိုယ်ဆီကိုပါ ရောက်လာခဲ့ပါတယ်..။သူ ဆက်ပြီး တက်နေခဲ့တယ်..။အခုဆိုရင် ရေတွေ ရဲ့ အလေးချိန်ပါ ရောက်လာခဲ့ပြီး..သူ့ခန္တာကိုယ်ကို ချောက်နဲ့ ဝေးရာဆီကို ဆွဲခေါ်သွားချင်နေသလိုပါပဲ..။
သို့ပေမယ့် ကြိုးစားမူက အသုံးမဝင်ခဲ့ပါဘူး..။
ရေတွေက သူ့ရဲ့ ပုခုံးအထိ ရောက်လာတဲ့ အချိန်မှာတော့ သူ့ ခြေထောက်တွေက ရေစိုနေတဲ့ ကျောက်တုံးတွေကို ချော်ပြီး နင်းနေတာကို သတိထားမိလိုက်တယ်..။ဆန်နီ ထိန်းထားဖို့ ကြိုးစားလိုက်ပေမယ့် ရေဖိအားက သန်မာလွန်းပါတယ်..။သူ့က အလေးချိန်မရှိတဲ့ အရုပ်တစ်ရုပ်လို တွန်းထုတ်ခံလိုက်ရပြီး..ဟန်ချက်မထိန်းနိုင်တော့ပေ....။
'မဟုတ်ဘူး.."
နောက်ဆုံး စက္ကန့်လေးမှာပဲ..ရွှေရောင်ကြိုးလေး တစ်ချောင်းဟာ..သူ့ဘေးနားက ရေထဲကို ကျလာခဲ့တယိ..။တုန်လှုပ်သွာပဲ..ဆန်နီ ဒီကြိုးကို ဖမ်းဆွဲလိုက်ပြီး..ခွန်အားရှိသမျှ ဆွဲထားခဲ့ပါတယ်..။ကြိုးဟာ တင်းလာပြီး သူ့ကို ရေပေါ်ကို ဆွဲတင်သွားခဲ့တယ်..။သူ့ ခြေထောက်တွေကတော့ ကျောက်နံရံတွေဆီကို ပြန်ရောက်သွားခဲ့ပါပြီ..။
အချိန်ဖြုန်းမနေပဲ..ဆန်နီ ကြိုးရဲ့ အကူအညီနဲ့ ဆက်ပြီး တက်လိုက်တယ်..။နောက်ဆုံးမှာတော့ သန်မာတဲ့ လက်တစ်ဖက်ဟာ..အပေါ်ကနေ ရောက်လာခဲ့ပြီး သူ့ ခန္တာကိုယ်ကို ချောက်ကမ်းပါး ရဲ့ အစွန်းကို ဆွဲ တင်ပေးလိုက်ပါတယ်..။
ဆန်နီ ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပြီး..အသက်ကို ဝအောင် ရူနေခဲ့ရတယ်..။အချိန်တစ်ချို့ကြာပြီးမှာ သူ့လိုပဲ အားအင်ကုန်ခမ်းစွာ လဲလျောင်းနေတဲ့ နစ်ဖီကို လှည့်ကြည့်လိုက်ပါတယ်..။သူမရဲ့ လက်မှာတော့ ရွှေရောင်ကြိုးကို ကိုင်ထားတုန်းပါပဲ..။ကတ်စီကတော့ သူတို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ထိုင်နေခဲ့ပါတယ်..။
သူ ရယ်မောလိုက်ချင်ပေမယ့်..ဘာခွန်အားမှ ရှိမနေခဲ့တော့ပေ..။
သူတို့ ရှင်သန်နိုင်ခဲ့ပါပြီ...။