← Chapters

သဘာဝ တရား.

Vol. 4 Ch. 49

သဘာဝ တရား.

Vol. 4 Ch. 49

#ဘာသာပြန် = စနိုးဝှိုက်

မိနစ်အနည်းငယ်ကြာအောင်..ဆန်နီ ကြမ်းပြင်ပေါ်မှာလှဲနေပြီး..မိုးစက်တွေကို သူ့မျက်နှာပေါ် ကျနေစေခဲ့တယ်..။မကြာခနဆိုသလိုပဲ..ကောင်းကင်ထက်မှာ လျှပ်စီးတွေလက်နေပြီး..ပစ်ချင်တဲ့ နေရာကို ပစ်ချနေခဲ့ပါတယ်..။တစ်ဖက်မှာတော့ အပြည့်အဝ နီးပါးကို အမှောင်ကျနေခဲ့တယ်..။သူ့ရဲ့ စွမ်းရည်ကြောင့်သာ မဟုတ်ရင်..နစ်ဖီ နဲ့ ကတ်စီ တို့ကို မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။

အချိန်တစ်ချို့ ကြာပြီးတဲ့နောက်မှာတော့..စိတ်မသက်မသာ ဖြစ်မူဟာ..သူ့စိတ်ထဲကို ဝင်လာခဲ့တယ်..။တစ်စုံတစ်ခုကတော့ မူမမှန် တော့ပါဘူး..။ဆန်နီ ဒီခံစားချက်က ဘယ်ကနေ လာနေတာလဲ ဆိုတာကို ရှာဖွယ်လိုက်တယ်..။နောက်ဆုံးတော့ ဒါက သူ့အရိပ်ဆီက လာနေတယ် ဆိုတာကို ..နားလည်လိုက်ပါတယ်..။သူက တစ်ခုခုဆီကို ညွှန်ပြချင်နေခဲ့တာပါ..။

'ကျေးဇူးပြုပြီး ငါ့ကို အနားပေးပါဦး..။ငါ ခနလောက် နားချင်လို့..'

သူ တစ်ခုခုကို လုပ်ဖို့ အတော်ပင်ပန်းနေခဲ့တယ်..။သူ့ရဲ့ စိတ်ရော ခန္တာကိုယ်ရော အတော်လေး ပင်ပန်းနေခဲ့ပါပြီ..။သို့ပေမယ့် အရိပ်ဟာ..ဇွဲမလျော့ပဲ ဆက်တိုက် လှုံ့ဆော်နေခဲ့ပါတယ်..။

အဆုံးမှာတော့ ဆန်နီ ညဥ်းတွားပြီး ဖြည်းဖြည်းချင်း ထလိုက်တယ်..။နစ်ဖီဟာ သူ့ဘက်ကို ကြည့်လိုက်ပြီး...

"ဘာဖြစ်လို့လဲ.."

သူ ပြန်ဖြေလိုက်တယ်..။

"မသိသေးဘူး..။ခံစားချက် သိပ်မကောင်းလို့.."

ကတ်စီဟာ..ကြောက်ရွံ့ပြီး နစ်ဖီ ရဲ့ အနားကို ကပ်လိုက်တယ်..။သူ့ အရိပ်ရဲ့ သတိပေးချက်အရ ဆန်နီ ဘေးပတ်ဝန်းကျင်မှာ အန္တရာယ်ရှိမရှိ စစ်ဆေးကြည့်လိုက်ပါတယ်..။

သူ့ ရဲ့ အမြင်အာရုံနဲ့တောင်မှ ဆန်နီ ဘာတစ်ခုမ မတွေ့ခဲ့ရပါဘူး..။သူတို့နေတဲ့ နေရာကတော့ပင်လယ်ရေပြင်ရဲ့ အထက်မှာ ကောင်းမွန်စွာ ရှိနေခဲ့ပြီး..ကျွန်းပုံစံလေး ရှိနေခဲ့ပါတယ်..။သူ့ မျက်နှာပြင်က ကြမ်းတမ်းနေခဲ့ပြီး..အပေါ်ကိုထွက်နေတဲ့ကျောက်တုံးကြီးတွေ တစ်ချို့က မြင်ကွင်းကို ဖုံးကွယ်နေခဲ့တယိ..။

နစ်ဖီ မတ်တတ်ထရပ်လိုက်ပြီး ဓားကို ထုတ်လိုက်ပါတယ်..။

"တစ်ခုခု တွေ့လို့လား.."

ဆန်နီ မျက်မှောငိကျုတ်လိုက်တယ်..။

"မတွေ့ဘူး.."

အဲ့အချိန်မှာတော့..နောက်ထပ် လျှပ်စီးတစ်ချက် လက်လိုက်တဲ့ အချိန်မှာ..သူ မျက်လုံးပြူးသွားခဲ့တယ်..။

သူတို့ ဘေးနားမှာ ရှိနေတဲ့ ကျောက်တုံးကြီးတွေက အရမ်းကိုကြီးမားပြီး..ပုံမှန် ဆိုဒ်တွေ မဟုတ်ပါဘူး..။ကျောက်တုံးတွေရဲ့ အရောင်က အနက်ရောင် ဖြစ်တာကြောင့်..ဆန်နီ ပထမဆုံးမြင်တဲ့ အချိန်မှာ သတိမထားမိခဲ့ပေ..။

ကျောက်တုံးတွေရဲ့ ပတ်လည်မှာတော့..သားရဲတွေဟာ..တိတိဆိတ်စွာ လဲလျောင်းနေကြပါတယ်..။

ဆန်နီ အေးခဲပြီး ထိပ်လန့်သွားခဲ့တယ်..။တစ်..နှစ်..သုံး..သူ ရေတွက်နေရင်းနဲ့ အံကို ကြိတ်လိုက်တယ်..။ခုနှစ် .မဟုတ်ဘူး..ရှစ်ကောင်....။

ကြည့်ရတာတော့ ဒီ ချောက်နက်ကြီးတွေကို ပင်လယ်ရေ ရဲ့ အကာအကွယ်အဖြစ် အသုံးချလို့ရမှန်း သိနေတာက ဒီလူသား သုံးယောက်ထဲ မဟုတ်ပါဘူး..။

တစ်ခုခု ကို သတိထားမိ သွားတဲ့ နစ်ဖီဟာ ပြောလိုက်တယ်..။

" ဆန်နီ "

သူ သူမဘက်ကို ဖြည်းညှင်းစွာလှည့်ပြီး ပြောလိုက်တယ်..။

"စကားမပြောနဲ့..မလှုပ်နဲ့..။ဒီတိုင်း..ကိုယ့်နေရာမှာပဲ နေ.."

သူမဟာ အကြောင်းပြချက် မမေးပဲ..ဆန်နီရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာလိုက်တယ်..။သို့ပေမယ့် မေးခွန်းတွေကတော့ သူမ မျက်နှာပေါ်မှာ ပေါ်နေခဲ့ပါတယ်..။

ကတ်စီ လည်း အတူတူပါပဲ..။

ဆန်နီဟာ မျက်လုံးမှိတ်ကာ အသက်ကို ရူးသွင်းပြီး..သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်တယ်..။မျှော်လင့်ချက် မဲ့တဲ့ အခြေအနေ ဆိုတာ မရှိပါဘူး..။ပြသနာ တိုင်းမှာ အဖြေ ဆိုတာ ရှိပါတယ်..။သူက ဒီအဖြေကို ရအောင်စဥ်းစားဖို့ ပဲလိုအပ်တာပါ။

သားရဲတွေဟာ အခုထိ တိုက်ခိုက်ကြမယ့်ပုံ မရှိပေ..။ဖြစိနိုငိတာက သူတို့က အိပ်ပျော်နေတာ ဒါမှမဟုတ် မုန်တိုင်းပြီးဆုံးအောင် စောင့်နေတာ ဖြစ်နိုင်ပါတယိ..။သူတို့က လူသားတွေကို သတိမထားမိသေးတာလည်း ဖြစ်နိုင်တာပါပဲ..။ဘာပဲဖြစ်ဖြစ် ဒီသတ္တဝါ တွေရဲ့ အမြင်အာရုံက ဘယ်လိုလဲ ဆိုတာကို သူလည်း မသိပေ..။သူတို့က အမှောင်ထဲမှာ မြင်နိုင် လောက်လား..။ဒါက မဖြစ်နိုင်ပါဘူး..။အနည်းဆုံးတော့ သူ့ လောက်ကောင်းကောင်း မမြင်ရလောက်ပေ..။

မျှော်လင့်ချက်တော့ ရှိပါသေးတယ်..။

ဆန်နီ မျက်လုံးကို ဖွင့်ပြီး ကျွန်းသေးသေးလေးကို ကြည့်လိုက်တယ်..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ အမြင်အာရုံက ပြောင်းလဲသွားခဲ့တယ်..။မုန်တိုင်းရဲ့ ပြင်းထန်လွန်းတဲ့ အသံတွေကြားထဲမှာပဲ..သားရဲတွေ အကွာအဝေးကို မြင်လိုက်ရပါတယ်..။

ဒါက သူ့ရဲ့ ပိုင်နက်ပါပဲ..။ဒီအချိန်က သူ့ရဲ့ အရိပ်နဲ့ အလုပ်လုပ်လို့ အကောင်းဆုံး အချိန်ပါ..။သူက တိတ်တဆိတိ လူသတ်သမား ဖြစ်ချင်ခဲ့တာ မဟုတ်ဘူးလား..။ကောင်းပြီ..အခုက အခွင့်အရေး ပါပဲ..။သူက အမှောင်ထဲမှာ တိတ်တဆိတ် နေရာယူပြီး ရန်သူမသိလိုက်ခင်မှာ တစ်ကောင်ချင်းဆီကို အဆုံးသတ်ဖို့ပဲလိုအပ်တာပါ..။

သူက ဒီအကောင်တွေရဲ့ ခွန်အားနဲ့ အားနည်းချက်တွေကို လည်း သတိထားပြီးနေပါပြီ..။သူ လုပ်ဖို့လိုအပ်တာဆိုလို့ ဒီအသိပညာတွေကို လကိတွေ့အသုံးချဖို့ပါပဲ..။ပြီးတော့ သူ အမှားလုပ်မိရင်တောင် နောက်ပြန်ဆုတ်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်..။တကယ်လို့ သူ အန္တရာယ်နဲ့ တွေ့ရဲ့..ထပ်တူညီမူ နဲ့ နစ်ဖီက နောက်ကနေ ကူညီပေးနိုင်ပါသေးတယ်..။

ဟုတ်တယ်..ဒါက အလုပ်ဖြစ်လောက်တယ်..။

ဆန်နီ ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ ကတ်စီကို ကြည့်လိုက်ပြီး..

"ငါ ကြည့်ပြီး ရှင်းလိုက်မယ်.."

သူတို့ မတုန့်ပြန်နိုင်ခင်မှာပဲ..ဆန်နီဟာ အရိပ်ထဲကို တိုးဝင်သွားခဲ့ပါပြီ..။

အမှောင်ထုရဲ့ အောက်မှာတော့ ဆန်နီ တိတ်တဆိတ် ရွေ့လျားနေခဲ့တယ်..။သူ့ ခြေလှမ်းတွေက ညှင်သာနေပြီး အသက်ရူသံကို ထိန်းချုပ်ထားခဲ့ပါတယ်..။သူ အလျငိအမြန်လှုပ်ရှားပြီး..ပထမဆုံးဦးတည်ချက်ကို သားရဲအုပ်စုနဲ့ ဝေးကွာနေတဲ့ ကြေးခွံသားရဲကို ရွေးချယ်လိုက်ပါတယ်..။

အရိပ်ထဲမှာ ရှိနေတုနိး ဆန်နီဟာ ရုတ်တရက် တည်ငြိမ်ပြီး အာရုံစူးစိုက် လို့ ပိုကောင်းသလို ခံစားလိုက်ရတယ်..။ဒါက သူ့ရဲ့ သဘာဝ ဖြစ်တည်မူတစ်ခုလိုတောင် ခံစားလိုက်ရတယ်..။

သားရဲ ကြီးအနားကို ရောက်တဲ့ အချိန်မှာတော့ ဆန်နီ အရှိန်ကို လျော့ချလိုက်တယ်..။သားရဲကြီးကတော့ သတိမထားမိစွာပဲ လှုပ်လည်း မလှုပ်ရှားခဲ့ပေ..။ဆန်နီ အသက်ကို ရူသွင်းလိုက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်..။

သူ့မှာ အခွင့်အရေး တစ်ခုပဲ ရှိပါတယ်..။

'သေချာလုပ်'

ဒီအတွေးနဲ့အတူ ပဲ သူ တိတ်တဆိတိ ရှေ့ကို တက်သွားခဲ့တယ်..။

တစ်လှမ်း..နှစ်လှမ်း..။ဆန်နီ ခုန်ပြီးတော့ မွန်းစတား ရဲ့ ကျော်ပေါ်ကို လွယ်ကူစွာ တက်လိုက်တယ်..။သူ့လက်ထဲမှာတော့ အဇူရာ ဓား ရှိနေပြီး ပတ်ပတ်လည်မှာ အရိပ်က လှည့်ပတ်ထားခဲ့ပါတယ်..။ခနအကြာမှာတော့ ဒီအရာက သားရဲ နောက်ကျောက အားနည်းချက် နေရာကို စိုက်ဝင်သွားပြီး ဦးနှောက်ကိုပါ ထိုးဖောက်သွားခဲ့တယ်..။တိတ်တဆိတ် ထွက်လာတဲ့ ဓားရဲ့ ထိုးဖောက်မူအသံကတော့ မိုးတွေရွာသွန်းမူ အောက်မှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။

ဒါက ပြီးသွားပြီ..။

ဆန်နီ စိတ်ထဲမှာ ပျော်ရွှင်မူ အချို့ပေါ်လာခဲ့ပေမယ့် အမြန် ဖြေဖျောက်လိုက်တယ်..။အခုက အောင်ပွဲခံရမယ့် အချိန်မဟုတ်ပါဘူး..။အမှောင်ထဲမှာ နောက်ထပ် ပစ်မှတ် ၇ ခုက သူ့ကို စောင့်နေပါသေးတယ်..။

ဆန်နီ ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး..သားရဲကြီးရဲ့ အလောင်းပေါ်ကနေ ခုန်ချလိုက်တယ်..။

ယင်းနောက် ဆန်နီ မျက်မှောင်ကျုတ်လိုက်ပါတယ်..။

အခိုက်အတန့်က ဘာလို့ တိတ်ဆိတ်နေတာလဲ..

ဒါက သူ့ရဲ့ သတ်ဖြတ်မူကို မကြေညာခဲ့သလို..အရိပ် အပိူင်းအစကို စုပ်ယူပြီးပြီလို့လဲ..မပြောခဲ့ပါဘူး..။

ဆန်နီ ကြက်သီးမွေးညှင်း ထသွားပြီး သားရဲကြီး ဘက်ကို ပြန်ကြည့်လိုက်တယ်..။အစကတော့ သားရဲကြီး မသေမှာကို ​ထိပ်လန့်သွားခဲ့ ပေ

မယ့်..ဒီလိုလည်း မဟုတ်ပြန်ပါဘူး..။

သူက သေနိုင်သလောက်ကို သေနေခဲ့ပါပြီ..။

သို့ပေမယ့် သူ စစ်ဆေးမူလုပ်ခဲ့တုန်းက တစ်ခုခု လွဲချော်သွားခဲ့တာကို သတိထားမိလိုက်ပါတယ်..။

သူ ဒါကို သိလိုက်တဲ့ အချိန်မှာ မျက်နှာဖြူဖျော့သွားခဲ့တယ်..။

All Chapters