← Chapters

သေစေနိုင်တဲ့ ထောင်ချောက်

Vol. 4 Ch. 50

သေစေနိုင်တဲ့ ထောင်ချောက်

Vol. 4 Ch. 50

#ဘာသာပြန် = စနိုးဝှိုက်

ကြေးခွံသားရဲကတော့ သေနေတာ ကျိန်းသေပါတယ်..။သို့ပေမယ့်..သူ့ကို သတ်ခဲ့တာကတော့ ဆန်နီ ရဲ့ ဓားချက် မဟုတ်ခဲ့ပေ..။

ဆန်နီဟာ..ပစ်မှတ်ဆီကို လာတုန်းက ..သေချာဂရုမစိုက်မိပဲ..တိုက်ခိုက်မယ့် နေရာကိုသာ ဦးတည်နေခဲ့တာပါ..။ပြီးတဲ့ နောက်မှာတော့ သားရဲ ရဲ့ ကျောပေါ်ကို တက်လာခဲ့ပါတယ်..။

ဒါကြောင့်ပဲ သားရဲကြီးရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့ ဒဏ်ရာကြီး တစ်ခုကို သူ သတိမထားမိခဲ့ပါဘူး..။

ကြမ်းတမ်းပါတယ်ဆိုတဲ့ ကြေးခွံသားရဲကြီးဟာ..တိုဟူးလှီးသလို ဖြတ်တောက် ခံထားရပါတယ်..။ကြေးခွံသားရဲ ရဲ့ အတွင်း ကလီစာ တွေဟာ သူ့ရဲ့ ဒဏ်ရာကနေ တဆင့် မြင်နေခဲ့ရတယ်..။ဒီကနေပြီး အဇူရာသွေးတွေလည်း အဆက်မပြတ် စီးဆင်းနေခဲ့ပါတယ်..။

ဆန်နီ တံတွေးမြိုချလိုက်တယ်..။

သေဆုံးပြီးသား သားရဲတစ်ကောင် ကို သူရဲကောင်းတစ်ယောက်လို ဟန်ပန် နဲ့ တိုက်ခိုက်မိခဲ့တဲ့ အတွက် ဆန်နီ ရှက်ရွံ့သလိုတောင် ခံစားလိုက်ရပါတယ်..။

ဘေးပတ်လည်ကို ကြည့်ပြီးတာနဲ့ ဆန်နီ ခနလောက် စဥ်းစားပြီး အရိပ်ထဲကို ပြန်ဝင်နေလိုက်ပါတယ်..။

သေးငယ်တဲ့ ကျွန်းလေးဟာ..လေပြင်းတိုက်ခတ်တဲ့ အသံတွေသာ ရှိနေခဲ့ပါတယ်..။မိုးတွေကတော့ ဆက်တိုက် ရွာချနေတုန်းပါပဲ..။တစ်ခါတစ်ရံ ဖြစ်ပေါ်လာတဲ့ မိုးကြိုးလျှပ်စီး တွေကတော့..အဖြူရောင် အလင်းတန်းတွေကို ဖြစ်ပေါ်နေစေခဲ့ပါတယ်..။

ဆန်နီဟာ..အေးစက်မူ ဒဏ်ကို ခံစားနေရပေမယ့် နောက်ထပ် သားရဲတစ်ကောင် ဆီကို ဦးတည်လိုက်တယ်..။အဝေးကနေ ကြည့်ယုံနဲ့ ဒီအကောင်ကလည်း သေနေပြီဆိုတာကို ပြောနိုင်ပေမယ့် သူ သေချာ စစ်ဆေးကြည့်ချင်ပါသေးတယ်..။အမှန်တကယ်ပဲ..ဒီတစ်ကောင်လည်း..ဘာမှန်းမသိတဲ့ အရာတစ်ခုကြောင့် နှစ်ပိုင်းပြတ်လု နီးပါး ဖြစ်နေခဲ့ပါပြီ..။သူ့ရဲ့ ကိုယ်တွင်းကလီစာ တွေကတော့ ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေခဲ့တယ်..။

အမှောင်ထုက အဆင်ပြေမူ အစား..ကြောက်စရာ ကောင်းမူတွေ ဖုံးလွှမ်းလာခဲ့တယ်..။

သူ ရှစ်ကောင်လုံးကို စစ်ဆေးပြီးတဲ့ နောက်မှာတော့ အကုန်လုံးက သေနေတာကို တွေ့လိုက်ရပါတယ်..။ဆန်နီ အတော်လေး ထိပ်လန့်သွားခဲ့တယ်..။အစကတော့ သူ ဒီကြေးခွံသားရဲတွေ အများကြီးကို မြင်ပြီး အဆိုးဆုံး အခြေအနေ အထိ တွေးထားခဲ့တာပါ..။အခုတော့ သူကိုယ်တိုင်လည်း မသေချာတော့ပေ..။

အခုတော့ အခြေအနေတွေက ဆိုးဝါရာကနေ အဆိုးဆုံးတွေ ဖြစ်လာတော့မယ့် ပုံပါပဲ..။

ဆန်နီ နောက်ဆုံးသားရဲကို စစ်ဆေးပြီးတဲ့ နောက်မှာတော့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး နစ်ဖီ နဲ့ ကတ်စီ ဆီကို ပြန်သွားဖို့လုပ်လိုက်ပါတယ်..။ဖြစ်နိုင်တာက ဒီ ​သားရဲတွေကို သတ်ဖြတ်သွားခဲ့တဲ့ အရာက ဒီကျွန်းကနေ ထွက်သွားလောက်ပါပြီ..။သူတို့ ပုန်းနေပြီး အကောင်းဆုံး ဖြစ်ဖို့သာ မျှော်လင့်နေရတော့မှာပါ..။အနည်းဆုံးတော့ အခုချိန်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ..။

သို့ပေမယ့် မနက်မရောက်ခင်အထိ အမှောင်ကမ္ဘာထဲမှာ ဘယ်လို အန္တရာယ်တွေ ရှိနေမလဲ ဆိုတာ မပြောတတ်ပါဘူး..။သူ့ရဲ့ ကံစီမံရာ အရည်အသွေး နဲ့ ဆိုရင် 'အကောင်းဆုံးကို မျှော်လင့် ' နေတာက ရူးသွပ်မူတစ်ခုပါပဲ..။

ဒါကြောင့် ဆန်နီ အံကိုကြိတ်ပြီး..တစ်ခြား နေရာတွေကို သေချာကြည့်ရူ နိုင်မယ့် ကျောက်တုံး တစ်တုံးဆီကို သွားလိုက်ပါတယ်..။အနားကို ရောက်တာနဲ့ ..သူ အတတ်နိုင်ဆုံး တိတ်တဆိတ် တက်လိုကိတယ်..။

ကျောက်တုံးဟာ သိပ်ပြီးမမြင့်တာကြောင့် သူ သက်သောင့်သက်သာ တက်နိုင်ခဲ့ပါတယ်..။အပေါ်ကို ရောက်တာနဲ့ သူ အောက်ကို ငုံ့ကြည့်လိုက်တယ်..။

သူ့ရဲ့အောက်ဘက် မီတာ အနည်းငယ် အကွာမှာတော့ အနက်ရောင် အရိပ်တစ်ခုဟာ ကျောက်တုံးတွေ နားမှာ ရှိနေတာကို တွေ့လိုက်ရတယ်..။သူက ကြေးခွံသားရဲ တွေထက် ပိုပြီး ကြီးမားပါတယ်..။ကြီးမားတဲ့ ဆူးချွန်တွေဟာလည်း သူ့ရဲ့ ကြေးခွံတွေကနေ ထွက်နေခဲ့တယ်..။ညှပ်ကြီးတွေ နေရာမှာတော့..ကြောက်စရာ အရိုး ဓား ကြီးတွေ တည်ရှိနေခဲ့ပါတယ်..။

တစ်ခုခြင်းစီတိုင်းက ရှည်လျားပြီး ထက်မြက် နေခဲ့တယိ..။ဒါကြောင့်လည်း ကြေးခွံသားရဲတွေ နှစ်ပိုငိးပြတ်လု နီးပါး ဖြစ်ကုန်ကြတာပါ..။

ဆန်နီ အေးခဲသွားပြီး လှုပ်ရှားရမှာတောင် ကြောက်ရွံ့သွားခဲ့တယ်..။သူ အသက်ရူနေတာကိုတောင် ရပ်တန့်လိုက်မိပါတယ်..။

'ဒီတော့ ဒါက သတ်သွားတဲ့ကောင်ပေါ့..'

ဒီသားရဲကြီးက ကြီးမားတဲ့ အလောင်းကောင်ဆီက အထွပ်အထိပ်အဆင့် အမြုတေကို ယူသွားတဲ့ မွန်းစတား နှစ်ကောင်ထဲက တစ်ကောင်ပါ..။ဒီနှစ်ကောင်က သူတို့လမ်းမှာပိတ်နေတဲ့ ကြေးခွံသားရဲတွေကို ဘယ်လို သတ်ဖြတ်သွားကြလဲ ဆိုတာကို သူ အခုထိမှတ်မိနေပါသေးတယ်..။သူ့အတွက်ကတော့..ကြေးခွံသားရဲ အနည်းငယ်ကို သတ်ရတာက ခက်ခဲတဲ့အရာ မဟုတ်ပါဘူး..။

အိပ်စက်သူ သုံးယောက်ကို သတ်ဖို့ဆိုရင် ပြောစရာတောင် မလိုတော့ပေ..။

ဘာ အသံမှ မထွက်အောက် ဂရုစိုက်ရင်း ဆန်နီ အောက်ကို ဖြည်းဖြည်းချင်း ဆင်းလိုက်တယ်..။ကံကောင်းချင်တော့ သားရဲကြီးက သူ့နေရာမှာပဲ ဆက်ပြီး ရှိနေခဲ့ပါတယ်..။

အောက်ကို ရောက်သွားတဲ့ အချိန်မှာတော့ ဆန်နီဟာ ကျောက်တုန်းကို မျက်နှာမူရင်း နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်တယ်..။တကယ်လို့ သူ နောက်လှည့်လိုက်ရင် သူ့ နောက်ကျောကို ဒီ တစ်ခုခုက ထိုးဖောက်သွားမှာကို ကြောက်နေခဲ့တာပါ..။

ပြီးတာနဲ့ သူ့ အပေါင်းအဖော်တွေ ရှိတဲ့ နေရာကို တိတ်တဆိတ် ပြန်သွားခဲ့တယ်..။

မိနစ် အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူ နစ်ဖီ နဲ့ ကတ်စီ ရှိတဲ့ နေရာကို ပြန်ရောက်လာခဲ့ပါတယ်..။မိန်းကလေးတွေကတော့ အမှောင်ထဲမှာ စောင့်ဆိုင်းနေရင်း ကြောက်ရွံ့နေကြတဲ့ ပုံပါပဲ..။အရိပ်ထဲက မထွက်လာခင်မှာပဲ ..ဆန်နီဟာ သူဖြစ်ကြောင်း အသိပေးလိုက်တယ်..။

"ငါပါ.."

နစ်ဖီ သူမရဲ့ ဓားကို အောက်ကို အနည်းငယ် ချပြီး လှုပ်ရှားလာခဲ့ပါတယ်..။

"အခြေအနေ ဘယ်လိုရှိလဲ.."

သူမ အသံကို ဂရုစိုက်ပြီး မေးလိုက်တာပါ..။

ဆန်နီ အသက်ကို ဖြည်းဖြည်းချင်း ရူလိုက်တယ်..။သူ အခုမှ လုံခြုံမူကို အနည်းငယ်ခံစားလိုက်ရသလိုပါပဲ..။

"ငါတို့ ဘေးနားမှာ ကြေးခွံသားရဲ ရှစ်ကောင် ရှိတယ်..။ဒါပေမဲ့ အကုန်သေနေကြပြီ..။သတ်သွားတဲ့ အကောင်က ဟိုနေ့က အထွပ်အထိပ် အမြုတေကို ယူသွားတဲ့ မွန်းစတားပဲ..။သူက ဒီနေရာနဲ့ သိပ်မဝေးတဲ့ ကျောက်တုံးတစ်တုံးရဲ့ အောက်မှာ ပုန်းနေတယိ.."

အဲ့အချိန်မှာပဲ လျှပ်စီး တစ်ချက်လက်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို သေချာ မြင်လိုက်ရပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ မျက်လုံးဟာ ခနလောက် အရောင်တောက်သွားခဲ့ပြီး မူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်..။

သူမ ခေါင်းကို ငုံ့လိုက်ပြီး..ကိုယ့်ကိုကို ပြောနေသလို ပြောလိုက်ပါတယ်..။

"နိုးထမူ အဆင့် မွန်းစတား.."

ဆန်နီ နှုတ်ခမ်းကို သတ်လိုက်ပြီး..

"ဟုတ်တယ် ဒီတော့ ငါတို့ ဘာလုပ်ကြမလဲ.."

နစ်ဖီ ခနလောက် တွေးလိုက်ပြီးမှ ဓားကို ကျစ်ကျစ်ပါ အောင်ဆုပ်လိုက်တယ်..။ပြီးတာနဲ့ သူမဟာ ဆန်နီကို စိုက်ကြည့်လိုက်ပြီး...

"သတ်မယ်.."

***

ဆန်နီ သူမကို ပြန်စိုက်ကြည့်လိုက်ပြီး ဘာပြောရမလဲ ဆိုတာတောင် မသိတော့ပေ..။နောက်ဆုံးတော့ သူ အသိစိတ်ပြန်ဝင်လာပြီး..စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောလိုက်မိပါတယ်..။

"နင် ရူးနေတာလား.."

ဒီအကောင်ကြီးကို တိုက်ခိုက်ဖို့ စဥ်းစားတာက တကယ်ကို ဟာသ တစ်ခုလိုပါပဲ..။သူ့ စကားလုံးက အနည်းငယ် ရိုင်းသွားတာကို သတိထားမိလိုက်ပြီး ဆန်နီ လည်ချောင်းကို ရှင်းကာ ထပ်ပေါင်းပြောလိုက်တယ်..။

"ငါ ပြောချင်တာက ...သေချာအရင် စဥ်းစားသင့်တယ်..။ငါတို့ ဒီ မွန်းစတားကြီးကို ဘယ်လို သွားသတ်မှာလဲ.."

နစ်ဖီ ဖြည်းညှင်းစွာ အသက်ရူလိုက်ပြီး..

"ဒါက သေချာစဥ်းစားတာ နဲ့ မဆိုင်ဘူး..။ငါတို့မှာ ရွေးချယ်စရာကို မရှိတာ.."

သူမ ဖြူဖျော့တဲ့ မျက်နှာနဲ့ တစ်ချိန်လုံး နားထောင်နေတဲ့ ကတ်စီကို ကြည့်ကာ ရှင်းပြလိုက်တယ်..။

"ငါတို့က မနက်မရောင်ခင်အထိ ဒီ နေရာကနေ ထွက်သွားလို့ မရသလို..မွန်းစတားလည်း ရမှာမဟုတ်ဘူး..။ဒါပေမဲ့ နေထွက်လာပြီဆိုရင် သူက ငါတို့ကို မြင်သွားပြီး တိုက်ခိုက်လိမ့်မယ်..။ဒါဆို ငါတို့ရဲ့ တစ်ခုတည်းသော အားသာချက်ကလည်း ရှိတော့မှာမဟုတ်ဘူး..။တကယ်လို့ ငါတို့ တိုက်ခိုက်ကြရမယ်ဆိုရင်..သူ သတိမထားမိခင်မှာ အရင်တိုက်ခိုက်သင့်တယ်.."

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ ပတ်ဝန်းကျင်ကို ကြည့်ပြီး ထပ်ပြောလိုက်တယ်..။

"အခုက သိပ်ပြီး မှောင်သေးတာမဟုတ်ဘူး..။နည်းနည်းလေးပဲ ဆိုပေမယ့် ငါ မြင်နိုင်သေးတယ်..။ညရောက်လာတဲ့ အချိန်ကျရင် ဒီလိုမြင်ရတော့မှာ မဟုတ်ဘူး..။ဒီတော့ ငါတို့ အရင်ဆုံး တိုက်ခိုက်ပြီး မြန်မြန် အဆုံးသတ်မှရမယ်.."

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..

"အခုထိ ဘယ်လို သတ်မယ် ဆိုတာ မပါသေးဘူးနော်..။ဒီအကောင်ကြီးက ကြေးခွံသားရဲတွေကို တောင် ဘာမှမဟုတ်သလိုပဲ သတ်သွားတာ..။ငါတို့က သူ့ရဲ့ ဘက် မဟုတ်ဘူး..။သူ့ရဲ့ အားနည်းချက်ကိုလည်း ငါတို့က မသိဘူးလေ.."

နစ်ဖီ မျက်မှောင်ကျုတ်လိုက်တယ်..။ခနကြာပြီးမှ သူမ ပြောလိုက်ပါတယ်..။

"ဒါက နိုးထမူအဆင့် မွန်းစတား လေးပါပဲ.."

ဆန်နီ အကူညီမဲ့စွာပဲ သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်တယ်..။

"နိုးထမူ အဆင့် သားရဲလေးပါပဲ ဆိုတာ ဘာကို ဆိုလိုတာလဲ..။ငါတို့ သုံးယောက်လုံးက အိပ်စက်သူ တွေ အဆင့်မှာပဲ ရှိတယ် ဆိုတာ မေ့နေပြီလား..။ပြောင်းလဲမူ အဆင့်လူသားတွေက မွန်းစတားတွေကို မပြောနဲ့ နိုးထမူအဆင့် သားရဲတွေကိုတောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူး..။ငါတို့ ကြေးခွံသားရဲတွေကို ဒီလိုမျိုး သတ်နိုင်နေတာကတောင် ပုံမှန်အခြေအနေ မဟုတ်ဘူးလေ.."

သူမဟာ သူ့ကို ပြန်ကြည့်ပြီး ရိုးရှင်းစွာပဲ ပြန်ဖြေလိုက်တယ်..။

"ဒါပေမဲ့ ငါတို့က သာမန်မှ မဟုတ်တာ.."

ဆန်နီ ပါးစပ်အဟောင်းသားနဲ့သာ ရပ်နေခဲ့ပြီး ဘာပြောရမလဲတောင် မသိခဲ့ပေ..။

နစ်ဖီ သက်ပြင်းချလိုက်တယ်..။

"နင်ရော ငါရော နှစ်ယောက်လုံးက သာမန် အိပ်စက်သူ တွေ မဟုတ်ဘူး..။ဟုတ်တယ်မလား..။ငြင်းဖို့ မကြိုးစားလိုက်နဲ့..။သာမန်လူတစ်ယောက်က ဒီလို နေရာမျိုးမှာ ရှင်သန်နိုင်စရာ အကြောင်းမရှိဘူး.."

ဆန်နီ တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ဆက်ပြောလိုက်ပါတယ်..။

"နင်ရယ် ၊ ငါရယ် ပြီးတော့ နင့်ရဲ့ နိုးထမူ အဆင့်သားရဲ ရယ် ၊ နောက်ပြီး ရုတ်တရက် တိုက်ခိုက်မူ ရဲ့ အားသာချက်ရယ်..။ဒါက လွယ်ကူလိမ့်မယ်လို့ ငါ ပြောနေတာ မဟုတ်ဘူးနော်..။ငါတို့ သေသွားနိုင်တယ်..။ဒါပေမဲ့ ငါတို့ မသေဖို့အတွက် အခွင့်အရေး ကောင်းတွေ ရှိနေတယ်.."

သူမဟာ..သူမရဲ့ ငွေရောင်ဓားကို ကြည့်လိုက်ကာ စက္ကန့်အနည်းငယ် ကြာပြီးကာမှ

"ဘယ်အခြေအနေပဲ ဖြစ်ဖြစ်..။ငါ အစောက ပြောခဲ့သလိုပဲ..ငါတို့မှာ ရွေးချယ်စရာ မရှိဘူး.."

ဆန်နီ အံကို ကြိတ်ပြီး ပြန်ငြင်းခုန်ဖို့ ကြိုးစားလိုက်တယ်..။သို့ပေမယ့် သူမရဲ့ အကြောင်းပြချက် တွေက ဆီလျော်နေတာကြောင့် တုန့်ပြန်လို့ မရခဲ့ပါဘူး..။ဒီမွန်းစတားကြီးနဲ့ တိုက်ခိုက်ဖို့ အတွက်ကတော့ သူ့ ခံစားချက်တွေက ကောင်းမနေခဲ့ပေ..။

အဲ့အချိန်မှာပဲ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ဆန်နီဟာ ရုတ်တရက် ပြောလိုက်ပါတယ်..။

"ငါတို့ သူ့ထက်ပ်ိုပြီး အားသားတဲ့ အချက်ကို မေ့နေကြတာပဲ.."

သူတို့နှစ်ယောက်လုံး သူမကို အံ့ဩစွာ ကြည့်လိုက်ပါတယ်..။

မျက်မမြင် မိန်းကလေးဟာ သူတို့ဘက်ကို လှည့်လိုက်ပြီး...

"ငါတို့က ဥာဏ်ရည်ရှိတယ်..ဒါပေမဲ့ မွန်းစတား ကြီးမှာ မရှိဘူး..."

သူမရဲ့ စကားလုံးတွေက အမှောင်ထဲမှာ ပဲ့တင်ထပ် နေခဲ့ပါတယ်..။ဆန်နီ သက်ပြင်းချလိုက်တယ်..။

ကြည့်ရတာတော့ အရိုးဓားတွေ ရှိတဲ့ မွန်းစတားနဲ့ တိုက်ခိုက်ဖို့က ရှောင်လွှဲလို့ မရနိုင်တော့တဲ့ ပုံပါပဲ..။

***

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီဟာ အမှောင်ထဲမှာ မတ်တတ်ရပ်နေရင်း သူ့ရှေ့မှာ ရှိတဲ့ သတ္တဝါကြီးကို ကြည့်နေခဲ့တယ်..။အဇူရာ ဓားကို ဆုပ်ကိုင်ထားရင်းပဲ ဆန်နီ အသက်ကို ဖြည်းညှင်းစွာ ရူသွင်းလိုက်ပါတယ်..။

နိမိတ်မကောင်းတဲ့ ခံစားချက်ကတော့ သူ့ရင်ထဲမှာ ပိုပိုပြီး သန်မာလာခဲ့တယ်..။

'ငါတကယ် မလုပ်ချင်ဘူး '

ဒီအတွေးနဲ့အတူပဲ သူ အသက်ကို ရူထုတ်ကာ လက်ကို မြှောက်လိုက်တယ်..။

All Chapters