ပြတ်သားမူ
Vol. 4 Ch. 52
#ဘာသာပြန် = စနိုးဝှိုက်
အဲ့အချိန်မှာတော့ ဘာမှ မတည်ရှိမူတွေရဲ့ အစွန်းမှာရပ်နေရင်း ဆန်နီ သူ သေရတော့မယ် ဆိုတာကို နားလည်သွားခဲ့တယ်..။
သူ့ရဲ့ ပျံ့နှံ့နေတဲ့ စိတ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ခံစားချက်တွေကို လွတ်ချလိုက်ပါတယ်..။
ကြောက်ရွံ့မူကတော့ ရှိနေတုန်းပါပဲ..။
သူ့ခန္တာကိုယ်တစ်ခုလုံး ပျက်ဆီးသွားပြီဖြစ်ပေမယ့် ဆန်နီ ရဲ့ ခေါင်းမာမူတစ်ချို့က လက်လျော့လိုက်ဖို့ကို ငြင်းဆန်နေတုန်းပါပဲ..။သူ သေဆုံးဖို့ အတွက် အဆင်သင့် မဖြစ်သေးပေ..။အနည်းဆုံးတော့ သူ ရှင်သန်ဖို့ အစွမ်းကုန်တောင် မကြိုးစားရသေးပါဘူး..။
သူ ဒီကမ္ဘာကြီးကို အနိုင်ပေးလိုက်ရတော့မယ် ဆိုတဲ့ အတွေးက..စိတ်ပျက်စရာ ကောင်းလွန်းလှပါတယ်..။
ဒါက တကယ်ကို ဒေါသထွက်စရာပါ..။သူရဲကောင်းလေးကို သူ မပြောခဲ့ဘူးလား..။ဘာပဲဖြစ်ဖြစ် သူ ရှင်သန်အောင် လုပ်ပြီး အကုန်လုံးကို အဆုံးသတ် ပေးမယ်လို့..။
ဒါအမှန်ပါပဲ..။သူက အရှက်မရှိတဲ့ လူလိမ်တစ်ယောက် ဖြစ်နေရင်တောင်..ကတိတစ်ခုကတော့ ကတိတစ်ခုပါ..။
သို့ပေမယ့်..သူက ဘယ်လိုလုပ် ဆက်ပြီး ရှင်သန် နိုင်ဦးမှာလဲ..။ဘယ်လိုပဲကြည့်ကြည့် သူ့ရဲ့ လက်ရှိအခြေအနေက မျှော်လင့်ချက်မဲ့နေပါပြီ..။
အရိုးဓား ကြီးတွေ နီးကပ်လာတဲ့ အချိန်မှာတော့ ဆန်နီ စိတ်ထဲမှာ တစ်ခုခုကို ကြံစည်နေခဲ့တယ်..။သို့ပေမယ့် သူ့ရဲ့ ကြိုးစားမူတွေက ဦးတည်ချက်မဲ့ပြီး အားနည်းနေခဲ့ပါတယ်..။ဒီလို အခြေအနေမျိုးမှာ အဖြေထုတ်ဖို့က အတော်ခက်ခဲလှတာပါ..။
သူ တစ်စုံတစ်ယောက်ကို အားကိုးဖို့ လိုအပ်ပါတယ်..။
ရုတ်တရက် အတွေးစတစ်ခုက သူ့ခေါင်းထဲကို ဝင်လာခဲ့တယ်..။ဒါက သူ အကြိမ်ပေါင်း တစ်ထောင်လောက် လေ့ကျင့်ပြီး စိတ်ထဲမှာ စွဲမြဲ နေတဲ့ အရာပါပဲ..။
'ထပ်ကာထပ်ကာ လေ့ကျင့်မူ ၊ အတွေ့အကြုံ ၊ ပြတ်သားမူ '
ပြတ်သားမူ...
နစ်ဖီ သူ့ကို သင်ကြားပေးခဲ့တာကို သူ ပြန်မိသွားခဲ့တယ်..။ကိုယ်ခံပညာရဲ့ အဓိက အနှစ်သာရက သတ်ဖြတ်ခြင်းပါ..။တိုက်ပွဲတိုင်းမှာ ရည်ရွယ်ချက်က တစ်ခု နှစ်ခုပဲ ရှိပါတယ်..။အဲတာက မင်းက ရန်သူကို သတ်မှာလား..ဒါမှမဟုတ် ရန်သူရဲ့ သတ်ဖြတ်မူကို တားဆီးမှာလား ဆိုတာပါပဲ..။
တကယ်လို့ သူသာ ဒါကိုသင်ယူနိုင်ရင် စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် လုံလောက်တဲ့ ပြတ်သားမူတွေ ရှိနေပါပြီ..။
အရင်တုန်းကတော့ သူက နစ်ဖီ အသုံးပြုတဲ့..ပြတ်သားမူ ဆိုတဲ့ စကားလုံးကို နားမလည်ခဲ့ပေ..။သို့ပေမယ့် အခုတော့ သူ ဒီအရာကို ဆုပ်ကိုင်နိုင်ခဲ့ပါပြီ..။
ဒီအမှန်တရားနှစ်ခုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က အတော်လေးကို ရိုးရှင်းပြီး သိပ်သည်းပါတယ်..။သူ့ရဲ့ ခန္တာကိုယ်အခြေအနေ မကောင်းရင်တောငိမှ ဒီအရာကို စိတ်ရဲ့ အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်နိုင်ပါသေးတယ်..။ဒီအုတ်မြစ်ရဲ့ ဝန်းကျင်မှာ ဆန်နီ သူ့စိတ်ကို ရစ်ပတ်ပြီး..အလင်းတန်းတွေ အဖြစ် ဖန်တီးလိုက်တယ်..။
ရုတ်တရက် သူ နောက်တစ်ကြိမ် တွေးကြည့်လိုက်ပါတယိ..။
ဒီတစ်ကြိမ်မှာတော့ သူ့အတွေးတွေက ပိုရှင်းလင်းလာပြီး အရမ်းကို မြန်ဆန်လာခဲ့တယ်..။မလိုလား အပ်တဲ့ အနှောက်အယှက်တွေကလည်း မရှိတော့ပေ..။
ဒါက စိတ်ရဲ့ ပြတ်သားမူ ပါပဲ..။
***
ဆန်နီ သားရဲကြီးကို တည်ငြိမ်စွာ ကြည့်နေပြီး သူ့ရဲ့ ရွေးချယ်စရာတွေကို ကြည့်လိုက်တယ်..။
သူ့ ခန္တာကိုယ်က လုံးဝ မလှုပ်နိုင်တော့ပါဘူး..။သူ့ ခြေလက်တွေကလည်း မလှုပ်နိုင်တော့ပေ..။အရိပ်ကတော့ သူ့ရဲ့ စေခိုင်းမူတွေကို နာခံနေပါသေးတယ်..။သို့ပေမယ့် သူကလည်း ဆန်နီ ကို ချက်ချင်းမသေဆုံးသွားအောင် ကြိုးစားရင်း အလုပ်ရှုပ်နေခဲ့တာပါ..။
သူ့ရဲ့ အကူအညီနဲ့တောင်မှ ဆန်နီဟာ အချိန်အကြာကြီး တောင့်ခံနိုင်တော့မယ့် ပုံမရှိပေ..။
သို့ပေမယ့် ဒါက အသုံးမဝင်တဲ့ အတွေးတွေပါပဲ..။ဒီအတွက် သူလုပ်နိုင်တာ ဘာမှမရှိတော့ တွေးနေလည်း ဘာမှ ထူးမှာမဟုတ်ပါဘူး..။
သူ့ ခန္တာကိုယ် လှုပ်ရှားလို့ မရတာကြောင့် မှတ်သားမူ တွေကလည်း ထုတ်သုံးလို့ မရပေ..။
ဒီတော့ ထပ်တူညီမူ တစ်ခုတည်းသာ ကျန်ပါတော့တယ်..။
ကြေးခွံသားရဲက ရန်သူကို သတ်ဖို့ ဒါမှမဟုတ် ရန်သူသတ်ဖြတ်တာကို တားဆီးနိုင်ဖို့ သူ့ရဲ့ တစ်ခုတည်းသော လက်နက်ပါပဲ..။
သားရဲကြီးဟာ ဆန်နီ ဆီကို နီးကပ်လာခဲ့တယ်..။သူ့ ရဲ့ ပါးစပ်ကနေတော့ သွားရည်တွေ ကျဆင်းနေခဲ့ပါတယိ..။လျှပ်စီးတွေရဲ့ အလင်းရောင် အောက်မှာ သူ သတ္တဝါကြီးရဲ့ အစိတ်အပိူင်းတစ်ခုစီတိုင်းကို သေချာမြင်နေခဲ့ရတာပါ..။
.
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ရဲ့ ဓားက တော့ သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာ ရှိနေတုန်းပါပဲ..။
'ဘယ်လောက်တောငိ ရုပ်ဆိုးတဲ့ ခွေးသားလဲ '
အမှန်အတိုင်း ပြောရရင် သူ့ရဲ့ အနက်ရောင်ကြေးခွံတွေက ဆူးချွန်တွေနဲ့ ပြည့်နှက်နေပြီး ..အရိုးဓား တွေနဲ့ပါ ပေါင်းလိုက်ရင် တိုက်ခိုက်ဖို့ အတွက် အတော်လေးကို သင့်တော်လှတာပါ..။
မလှုပ်ရှားနိုင်စွာပဲ ဆန်နီဟာ မွန်းစတားကြီးကို အကူညီမဲ့စွာ ကြည့်နေခဲ့တယ်..။
အရိုးဓား ကြီးတွေကတော့ လေပေါ်ကို မြောက်လာပြီး ပိုင်းဖြတ်ဖို့ အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
မွန်းစတားကြီးရဲ့ မီးတောက် နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး ဆန်နီတွေးလိုက်တယ်..။
'ငရဲကို သွားလိုက်တော့..'
အရိုးဓားကြီးတွေဟာ သူ့ခန္တာကိုယ်ပေါ်ကို ဦးတည်ပြီး ဆင်းသက်လာခဲ့ပါပြီ..။
သို့ပေမယ့် နောက်ဆုံးအခိုက်အတန့်မှာပဲ ကြီးမားတဲ့ အရာတစ်ခုဟာ ဒေါသတကြီးပြေးဝင်လာပြီး မွန်းစတားကြီးကို ဘေးကို ဝင်တိုက်လိုက်ပါတယ်..။ဒါကတော့ ဆန်နီ ရဲ့ ကြေးခွံသားရဲပါ..။
သူ့ရဲ့ အသက်ကိုတောင် ဂရုစိုက်မနေတော့ပဲ ထပ်တူညီမူဟာ..ရန်သူနဲ့အတူ မြေကြီးပေါ်ပြုတ်ကျသွားပြီး လုံးထွေးသတ်ပုတ်နေခဲ့တယ်..။သူ့ခန္တာကိုယ်က ပိုသေးပြီး ..အားနည်းတယ် ဆိုပေမယ့် ..သူ့ရဲ့ အသေခံတိုက်ခိုက်မူက သားရဲကြီးကို ခနလောက် အချိန်ဆွဲထားဖို့ လုံလောက်ပါတယ်..။
ထပ်တူညီမူဟာ သူ့ရဲ့ညှပ်ကြီးတွေနဲ့ သတ္တဝါကြီးရဲ့ ကြေးခွံတွေကို အရူးအမူးတိုကိခိုက်လိုက်တယ်..။သတ္တဝါကြီးရဲ့ ကြေးခွံတွေက မာကျောတယ် ဆိုပေမယ့် ဒီတိုကိခိုက်မူကြောင့် အက်ကွဲရာတွေ ပေါ်လာခဲ့ပါတယ်..။
သို့ပေမယ့် ဒီဟာက ကြေးခွံသားရဲတွေ ထက်တော့ အများကြီး ပိုပြီး မာကျောတေပါသေးတယ်..။သူ့မှာ ရှိနေတဲ့ အရိုးဓားကြီးတွေက ဟန်ချက်ပျက်နေရာကနေ ပြန်လည် တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
ယင်းနောက် ဒေါသတကြီးပဲ သူ့ရဲ့ အရိုးဓားနဲ့ ကြေးခွံသားရဲ ရဲ့ ညှပ်ကြီးတွေထဲက တစ်ဖက်ကို ဖြတ်တောက်လိုက်တယ်..။ယင်းနောက် သေးငယ်တဲ့ ကြေးခွံသားရဲကို ရိုက်ထုတ်လိုက်ပါတယ်..။
ဆန်နီ အစောက ခုတ်ချထားခဲ့တဲ့ မွန်းစတားကြီးရဲ့ ခြေထောက်မှာ ဒဏ်ရာတွေ ရနေပြီဆိုပေမယ့် မွန်းစတားကြီးကတော့ ဂရုမစိုက်ခဲ့ပါဘူး..။
မျက်လုံးထဲမှာ ရူးသွပ်မူတွေ အပြည့်နဲ့အတူပဲ သူဟာ ပြန်ထလာခဲ့တယ်..။
'အခုဘာဆက်လုပ်မှာလဲ..'
သူလည်း အကြံတွေ ပျောက်ဆုံးနေခဲ့ပါပြီ..။
သို့ပေမယ့် တစ်ခုခု မထင်မှတ်ထားတာ ဖြစ်လာခဲ့တယ်..။
မွန်းစတားကြီး ဟာ ထပ်တူညီမူကို အဆုံးသတ်ဖို့ ရွေ့လျားသွားတဲ့ အချိန်မှာပဲ လျှပ်စီးတွေ လက်လာပြီး ကျွန်းကြီးရဲ့ အလယ်ကို မိုးကြိုးပစ်ချလိုက်ပါတယ်..။
မွန်းစတားကြီးရဲ့ မြင့်မားမူကြောင့် လျှပ်စီးတွေဟာ ချက်ချင်းပဲ သူ့ကိုယ်ထဲမှာ ရှိနေတဲ့ ဓားလက်ကိုင်ရိုး ဆီကို စီးဝင်သွားခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ဓားလက်ကိုင်က လျှပ်စီးတွေကို ဆွဲဆောငိပေးနေသလို ဖြစ်နေခဲ့တာပါ..။
ချက်ချင်းဆိုသလိုပဲ..သန်းချီတဲ့ လျှပ်စစ် ဗို့အားတွေဟာ သားရဲကြီးရဲ့ ခန္တာကိုယ်ထဲ ဝင်သွားခဲ့ပါတယ်..။
သူ ဟာ ချက်ချင်းပဲ မြေကြီးပေါ်ကို လွင့်စင်သွားခဲ့တယ်..။ခနအကြာမှာတော့ သူ့ရဲ့ ကြေးခွံကနေ မီးခိုးငွေ့တွေ ထွက်ပေါ်လာခဲ့ပါတယ်..။
ဆန်နီ အံ့ဩသင့်စွာ စိုက်ကြည့်နေမိခဲ့တယ်..။
'သေသွားပြီလား..'
စက္ကန့်အနည်းငယ်လောက်အထိ သူက မွန်းစတားကြီး သေသွားဖို့ပဲ မျှော်လင့်နေခဲ့တာပါ..။သို့ပေမယ် မိုးကြိုးတစ်ချက် ပစ်တာက သတ္တဝါကြီးကို အဆုံးသတ်ဖို့အတွက် မလုံလောက်ခဲ့ပေ..။
အချိန်ခနလောက်ကြာပြီးတဲ့နောက်မှာတော့ သားရဲကြီးရဲ့ ခန္တာကိုယ်ဟာ လှုပ်ရှားလာခဲ့တယ်..။
သူ့ အခြေအနေ က အတော်ဆိုးနေပြီဆိုပေမယ့် သတ်ဖြတ်လိုစိတ်တွေတော့ ရှိနေတုန်းပါပဲ..။
မွန်းစတားကြီးဟာ သူ့ရဲ့ လက်တွေကို ပြန်လည်စုစည်းပြီး မတ်တတ်ထရပ်ဖို့ လုပ်လိုက်တယ်..။ဖြည်းညှင်းစွာပဲ သူက အသိစိတ်ပြန်ဝင်လာခဲ့ပါပြီ..။
သို့ပေမယ့် နစ်ဖီဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့တယ်..။
သူ ဓားလက်ကိုင်ရှိရာကို အမြန်သွားလိုက်ပြီး..အားကုန်သုံးကာ ထိုးမွှေလိုက်တယ်..။သားရဲကြီးရဲ့ ခန္တာကိုယ်မှာ အပေါက်ဖြစ်သွားတဲ့ အချိန်ကျမှ သူမ ဓားကိုပြန် ဆွဲထုတ်လိုက်ပါတယ်..။
မွန်းစတားဟာ သူမကို အရိုးဓားနဲ့ ပိုင်းဖြတ်ဖို့ လုပ်လိုက်ပေမယ့် သူမက ပိုပြီး လျှင်မြန်နေခဲ့တယ်..။သူမဟာ ဘေးဘက်ကို ခုန်ရှောင်လိုက်ပြီး သားရဲကြီးရဲ့ လက်တစ်ဖက်ရဲ့ အဆစ်ကို ခုတ်ပိုင်းလိုက်ပါတယ်..။အဇူရာသွေးတွေဟာ ချက်ချင်း ဖြာထွက်သွားပြီး အရိုးဓားကြီးတစ်ဖက်ဟာ လေပေါ်ပျံဝဲသွားခဲ့တယိ..။
သတ္တဝါကြီးဟာ အလျင်အမြန်ပဲ နောက်ထပ် လက်တွေနဲ့ သူမကို ရိုက်ထုတ်လိုက်တယ်..။နစ်ဖီ နောက်ကို လွင့်ထွက်သွားပြီး ကျောက်နံရံနဲ့ တိုက်မိသွားခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေကတော့ အာရုံစူးစိုက်မူ မဲ့နေခဲ့ပါပြီ..။
မွန်းစတားကြီးဟာ အသိစိတ် အပြည့်အဝ ပြန်ဝင်လာခဲ့ပါပြီ..။ကြည့်ရတာတော့ သူ့ရဲ့ လက်တစ်ဖက် ဆုံးရှုံးသွားမူက သူ့ကို လှုပ်နှိုးလိုက်သလိုပါပဲ..။
ယင်းနောက် သူက အမုန်းတရားတွေ အပြည့်နဲ့ နစ်ဖီကို ကြည့်လိုက်တယ်..။
သို့ပေမယ့် ဒါက သိပ်ပြီး မကြာခဲ့ပါဘူး..။
မွန်းစတားကြီးက နစ်ဖီကို တိုက်ခိုက်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ထပ်တူညီမူဟာ သူ့ရဲ့ လမ်းကြောင်းမှာ ပြန်ပေါ်လာခဲ့တယ်..။သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ညှပ်ကြီးတစ်ဖက်နဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ဓားကြောင့် ဖြစ်လာတဲ့ အပေါက်ကြီးဆီကို အရူးအမူး ထိုးဖောက်လိုက်ပါတယ်..။သူ့ရဲ့ လက်ကို ဝေ့ယမ်းပြီး ရန်သူရဲ့ ကိုယ်ထဲကို ဝင်နိုင်သလောက်ဝင်အောင် ထိုးသွင်းနေခဲ့တယ်..။
အဆုံးမှာတော့ ဒီတိုက်ခိုက်မူက မွန်းစတားကြီးရဲ့ ခန္တာကိုယ်တစ်ခုလုံးကိုတောင် လေပေါ်ကို အနည်းငယ် မြောက်တက်လာခဲ့ပါတယ်..။
သတ္တဝါကြီးဟာ သူ့ရဲ့ အရိုးဓား တစ်ချောင်းကို မြှောက်ပြီး ထပ်တူညီမူ ရဲ့ ရင်ဖတ်ကို ထိုးဖောက်လိုက်တယ်..။
ပြီးတာနဲ့ အကြိမ်အနည်းငယ် လောက် လှည့်လိုက်ပါတယ်..။
ကြေးခွံသားရဲကတော့ ဒေါသတကြီးပဲ သူ့ရဲ့ ညှပ်ကြီးကို မွန်းစတားရဲ့ ခန္တာကိုယ်ထဲကိူသာ အဆက်အပြတ် ထိုးနှက်နေခဲ့တယ်..။သူ့ ရဲ့ ရန်သူကို နောက်ဆုံးတစ်ကြိမ် ဂုဏ်ယူစွာ ကြည့်လိုက်ပြီးတဲ့ နောက်မှာတော့..သူက မြေကြီးပေါ်ကို လဲကျသွားခဲ့ပါပြီ..။
ဆန်နီ ပင်ပန်းစွာပဲ ထပ်တူညီမူကို စိတ်ဝိဥာဥ်ပင်လယ် ထဲ ပြန်ထည့်လိုက်ပြီး သူ့ကို အသက်ရှင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်..။
သူ့ ကိုယ်တိုင်ကတော့ သိပ်ပြီး အခြေအနေ မကောင်းတော့ပါဘူး..။
အမှန်တကယ်တော့ သူက ပိုပြီးတော့တောင် အခြေအနေဆိုးနေ ခဲ့တာပါ..။
[ သင်ဟာ န်ိုးထမူ အဆင့် မွန်းစတား,ကြေးခွံသားရဲ တပ်မူး ကို သတ်နိုင်ခဲ့သည် ]
အခိုက်အတန့်ရဲ့ အသံဟာ သူ့ရဲ့ မကြားရတော့တဲ့ နားတွေဆီကို ဝင်လာနေခဲ့တယ်..။
[သင်ဟာ မှတ်သားမူ တစ်ခု ရရှိခဲ့သည် : ကြယ်အလင်း စစ်သည်တော်တို့၏ အကာအကွယ် ]
[သင့်အရိပ်ဟာ ပိုသန်မာလာခဲ့သည် ]
' ငါ နိုင်သွားပြီ '
ဆန်နီ မျက်လုံးကို မှိတ်လိုက်တယ်..။နောက်ဆုံးမှာတော့ နာကျင်မူတွေ ပင်ပန်းနွမ်းနယ်မူတွေသာ သူ့စိတ်ထဲကို ဝင်လာခဲ့ပါတယ်..။
သူ အတော်ပင်ပန်းနေခဲ့ပါပြီ..။
ပြီးတော့ အသက်လည်း မရူနိုင်တော့ပေ..။
သွေးအိုင်ထဲမှာ လဲနေရတာက တကယ်ကို ပျော်ဖို့ မကောင်းပါဘူး..။
သူ့ရဲ့ အသ်ိစိတ်တွေ ဝေဝါးလာတဲ့ အချိန်မှာတော့ တစ်စုံတစ်ယောက်ရဲ့ အလျင်စလို ခြေသံတွေကို သူ ကြားလိုက်ရပါတယ်..။
ပြီးတော့ ညှင်သာပြီး နူးညံ့တဲ့ လက်နှစ်ဖက်က သူ့ရဲ့ မျက်နှာဆီကို ထိတွေ့ လာခဲ့တယ်....