အင်မော်တယ် မီးတောက်
Vol. 4 Ch. 53
#ဘာသာပြန် = စနိုးဝှိုက်
အံ့ဩစွာပဲ..ဆန်နီ သူ့ရဲ့ မျက်လုံးတွေကို အားတင်းပြီး ဖွင့်လိုက်တယ်..။သူ့ရဲ့ အမြင်အာရုံကို စူးစိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့ နစ်ဖီရဲ့ ဖြူဖျော့နေတဲ့ မျက်နှာ ကို တွေ့လိုကိရပါတယ်..။သူမရဲ့ ငွေရောင်ဆံပင်အတိုလေးဟာ မိုးရေတွေ စိုနေပြီး မျက်နှာပေါ်ကို ကပ်နေခဲ့တယ်..။
သူမက သူ့ရဲ့ ဘေးနားမှာ ဒူးထောက်ပြီး ထိုငိနေခဲ့တာပါ..။သူမရဲ့ လက်တွေကတော့ သူ့မျက်နှာကို ကြင်နာစွာ ပွတ်သတ်နေခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေထဲမှာတော့ ထူးဆန်းတဲ့ အမူအရာတစ်ချို့ကို မြင်နေခဲ့ရပါတယ်..။
ဒါက သူမ ကြောက်ရွံ့နေမူကြောင့်လား သိုမဟုတ် တစ်ခုခုကြောင့်လား ဆိုတာတော့ မသိပေ..။
'ဟင်..."
နစ်ဖီ ဟာ အံကိုကြိတ်လိုက်ပြီး သူမရဲ့ လက်တွေကို ဆန်နီ ရင်ဘတ်ပေါ်ကို တင်လိုက်တယ်..။ယင်းနောက် သူမရဲ့ လက်ကနေတဆငိ့ ဆန်နီ ရဲ့ ခန္တာကိုယ်ထဲကို အလင်းတန်းတွေ ဝင်လာခဲ့ပါတယ်..။
သူမ ရဲ့ အညိုရောင် မျက်လုံးတွေထဲမှာတော့ အဖြူရောင် အလင်းတန်းလေးတွေက တောက်ပ လာခဲ့ပါပြီ..။
ချက်ချင်းဆိုသလိုပဲ ပြောင်းလဲနေသော ကြယ်ပွင့် ရဲ့ မျက်နှာဟာ ဆိုးဝါးတဲ့ နာကျင်မူကြောင့် ရှုံ့မဲ့သွားခဲ့တယ်..။ယင်းနောက် သူမရဲ့ ချုပ်ထိန်းထားတဲ့ အော်သံဟာ ထွက်ပေါ်လာခဲ့ပါတယ်..။
သူမရဲ့ အသားအရည်ဟာ စက္ကူရွက်တစ်ရွက်လို ဖြူဖျော့နေပြီး သူမရဲ့ နှုတ်ခမ်းကတော့ သွေးတွေ စီးကျလာနေခဲ့တယ်..။
အလင်းတန်းတွေ ပိုပိုပြီး သိပ်သည်းလာတဲ့ အခါမှာတောါ နစ်ဖီဟာ..မျက်လုံးတွေကိုပါ မှိတ်ထားလိုက်တယ်..။သူမရဲ့ သွေးစွန်းနေတဲ့ မျက်နှာပေါ်မှာတော့.မျက်ရည်တွေ စီးကျလာခဲ့ပါတယ်..။
တစ်ခြားတစ်ဖက်မှာတော့ ဆန်နီဟာ နတ်ပြည်ရောက်နေသလို ခံစားနေခဲ့ရတယ်..။သူ့ခန္တာကိုယ်ထဲက နာကျင်မူတွေ အကုန်ပျောက်သွားပြီး အဲဒီအစား ထွေးနွေးမူတွေသာ ရှိနေပါတော့တယ်..။သူ့ခန္တာကိုယ်ထဲမှာ အံ့ဩစရာကောင်းတဲ့ အရာတစ်ခုက ရှင်းလင်း ပေးနေသလိုပါပဲ..။
အဖြူရောင် , ရှေးကျပြီး , စင်ကြယ်တဲ့ မီးတောက်..။
မီးတောက်ရဲ့ လွှမ်းမိုးမူအောက်မှာတော့ သူ့ရဲ့ သေခါနီး ခန္တာကိုယ်ကြီးဟာ အလိုလျောက်ပြန်လည်ပြင်ဆင်နေခဲ့တယ်..။သူ့ရဲ့ အရိုးအစအန တွေက ပြန်လည်ပြီး ဆက်သွယ်နေခဲ့တယ်..။သူ့ရဲ့ စုတ်ပြဲနေတဲ့ အသွေးအသားတွေဟာလည်း နေရာမှန်ကို ပြန်ရောက်လာကြပါပြီ..။သူ့ရဲ့ ပျက်ဆီးနေတဲ့ အဆုပ်တွေ ၊ ထိခိုက်ထားတဲ့ နှလုံးသားတွေဟာ..ပြန်လည် သန်မာပြီး ကျန်းမာ လာခဲ့တယ်..။
ရုတ်တရက် သူ အသက်ပြန်ရူလာနိုင်ခဲ့ပါပြီ..။
သူ အသက်ရူပြီး ရင်ဘတ်ပြန်လှုပ်လာတာနဲ့ နစ်ဖီဟာ ညဥ်းတွားပြီး လက်ကို ပြန်ဖယ်လိုက်တယ်..။သူမ အရည်ပြားအောက်မှာ ရှိနေတဲ့ အဖြူရောင် အလင်းတန်းတွေဟာ မှိန်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်..။
ဘေးနားကို အနည်းငယ် လေးဘက်ထောက်သွားလိုက်ပြီး ပြောင်းလဲနေသော ကြယ်ပွင့်ဟာ..ပြင်းပြင်းထန်ထန် သွေးအန် နေခဲ့တယ်..။သူမရဲ့ တစ်ကိုယ်လုံးကတော့ ဆိုးဆိုးဝါးဝါးကို တုန်ရီ နေခဲ့ပါတယ်..။
တုန်ရီမူတွေ ငြိမ်သွားတဲ့ အချိန်မှာတော့ သူမဟာ မြေကြီးပေါ်ကို ဖြည်းဖြည်းချင်း လျောကျသွားပြီး ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့တယ်..။သူမရဲ့ မျက်နှာပေါ်ကိုတော့ မိုးစက်တွေ ဆက်တိုကိ ကျဆင်းလာနေခဲ့ပါတယ်..။
အဲ့အချိန်မှာတော့ ဆန်နီဟာ သူ့ရဲ့ လက်ကိုမြှောက်ပြီး ခန္တာကိုယ်ကို ကိုင်ကြည့်နေခဲ့တယိ..။
အံ့ဩဖို့ကောင်းတာက သူ့မှာ နာကျင်မူတွေ မရှိတော့ပါဘူး..။ဒါက သူဘယ်တုန်းကမှ ဒဏ်ရာတွေ ရပြီး သေမလို မဖြစ်ခဲ့သလိုပါပဲ..။
နစ်ဖီ အကူအညီ ၊ သူမရဲ့ ဆန်းကျယ်တဲ့ စွမ်းရည်အကူအညီနဲ့အတူပဲ သူက လုံးဝကို ပြန်ကောင်းမွန်လာခဲ့ပါပြီ..။
ဒါက တကယ်ကို ဆန်းကျယ်မူ တစ်ခုပါ..။
***
မုန်တိုင်းပြီးဆုံးသွားတဲ့ အချိန်မှာတော့ အတော်လေးကို ညနက်နေခဲ့ပါပြီ..။ဆန်နီ နစ်ဖီ နဲ့ ကတ်စီတို့ဟာ နွေးထွေးမူရအောင် အတူတူ ပူးကပ်ပြီး အိပ်နေခဲ့တယ်..။သူတို့က အရမ်းပင်ပန်းလွန်းလို့ အသေကောင်တွေလို အိပ်နေခဲ့ကြပြီး ဘယ်သူမှ ကင်းမစောင့်နိုင်တော့ပေ..။
တကယ်လို့ တစ်ခုခုသာ ဖြစ်လာမယ် ဆိုရင် အရိပ်က သူတို့ကို သတိပေးမှာပါ..။
သတိမပေးရင်လည်း..မတတ်နိုင်ပါဘူး..။သူတို့ကတော့ ဒါတွေကို ဂရုစိုက်ဖို့အတွက် အတော်ပင်ပန်းနေကြပါပြီ..။
ကံကောင်းချင်တော့ ကျန်တဲ့ ညတစ်လျောက်လုံး ဘာမှ ဖြစ်ပေါ်မလာခဲ့ပေ..။
မနက်ခင်းရောက်တဲ့ အချိန်မှာတော့ ဒီနေရာကနေ ထွက်သွားဖို့ ဘယ်သူမှ အလျငိစလို အစီစဥ်မဆွဲကြပါဘူး..။သူတို့ အလောင်းကောင်တွေ ဆီက အသားတွေ နဲ့ စိတ်ဝိဥာဥ်အမြုတေ နှစ်ခုကို ယူလိုက်ပြီး ကျန်တာတွေကို ကျွန်းရဲ့တစ်ခြားတစ်ဖက်ကို ရွှေ့ပြောင်းလိုက်ကြပါတယ်..။တစ်ခြား သားရဲတွေ ဒီကို သတိထားမိပြီး ထပ်ရောက်လာကြမှာကို သူတို့က စိုးရိမ်နေကြတာပါ..။
သူတို့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ပြောရပါလိမ့်မယ်..။သိပ်မကြာခင်မှာပဲ သူတို့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာကို အနက်ရောင် အစက်တစက်က ကောင်းကင်ပေါ်ကနေ ကျလာခဲ့တယ်..။မကြာခင်မှာပဲ ဒီအကောင်က ပိုပိုကြီးလာခဲ့ပြီး မွန်းစတားကြီး အလောင်းရှိတဲ့ နေရာနားကို လျင်မြန်စွာ ဆင်းသက်လိုက်ပါတယ်..။
ဆန်နီ ဒီလို အကောင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ..။ဒီအကောင်ကြီးက အတော်ကြီးမားပြီး ကြေးခွံ မွန်းစတားထက် နှစ်ဆလောက် ရှိတယ်လို့တောင် ပြောလို့ရပါတယ်..။သူ့ခန္တာကိုယ်က အဖြူရောင်ဖြစ်ပြီး ..ခြင်္သေတစ်ကောင်လို ကြွက်သားတွေ ရှိနေခဲ့တယ်..။သူ့နောက်ဘက်မှာတော့ ခြေထောက် နှစ်ချောင်းရှိပြီး..ရှေ့ဘက်မှာ ခြေထောက် ခြောက်ချောငိး ရှိနေခဲ့တယ်..။တစ်ချောင်းခြင်းစီတိုင်းမှာ ရှည်လျှားပြီး ချွန်ထက်တဲ့ ခြေသည်းတွေ ရှိနေခဲ့တယ်..။
ပြန်သန်းလာတဲ့ သားရဲကြီးရဲ့ လည်ပင်းတွေမှာတော့ အနက်ရောင် အမွှေးတွေ ရှိနေခဲ့တယ်..။ပြီးတော့ ကြီးမားတဲ့ အတောင် ကြီးတွေလည်း ရှိနေပါသေးတယိ..။
သူတို့ ကျောက်တုံးနောက်မှာ ပုန်းနေကြတဲ့ အချိန်မှာပဲ ဒီသားရဲကြီးဟာ သေဆုံးနေတဲ့ မွန်းစတားကြီးကို ခြေသည်းတွေနဲ့ လွယ်ကူစွာ ဆွဲခွဲလိုက်တယ်..။ယင်းနောက် ကျေနပ်သွားပြီး သားရဲကြီး ဆီက အသားတစ်ချို့ကို ယူဆောင်လိုက်ပါတယ်..။ပြီးတာနဲ့ သူ့ရဲ့ အနက်ရောင် အတော်ကြီးတွေဟာ တဖြတ်ဖြတ် ခတ်လာခဲ့တယ်..။
သားရဲကြီးဟာ ချောက်ကမ်းပါးကနေ ထွက်ခွာပြီး လာရာလမ်းအတိုင်း ပြန်ထွက်သွားခဲ့ပါတယ်..။
သူက အနောက်ဘက်ကို ပျံသန်းသွားခဲ့တာပါ..။
အနက်ရောင် အစက်ကလေး ပျောက်ကွယ်သွားတဲ့ ဘက်ကို ကြည့်ပြီး ဆန်နီ သက်ပြင်းချလိုက်တယ်..။
"နစ်..ဒီအကောင်ကြီးက ဘာလို့ထင်လဲ.."
နစ်ဖီဟာလည်း ကောင်းကင်ကို ကြည့်နေခဲ့တယ်..။စက္ကန့်အနည်းငယ် ကြာပြီးမှ အကြည့်ကို လွှဲလိုက်ပြီး..
"ငါလည်း မပြောတတ်ဘူး.."
ဆန်နီ ခေါင်းညိမ့်လိုက်ပြီး သူ့ အလုပ်သူ ဆက်လုပ်လိုက်ပါတယ်..။သူက ဓားချက်ကို အကြိမ်တစ်ထောင် လေ့ကျင့်နေခဲ့တာပါ..။
မီးမွှေးပြီးတဲ့ နောက်မှာတော့ သူတို့ ကြေးခွံ မွန်းစတားကြီး ရဲ့ အသားတွေကို ကင်လိုက်ကြတယ်..။ဒီအသားက တကယ်ကို အရသာရှိတဲ့ မနက်စာ ပါပဲ..။ပြီးတဲ့ နောက်မှာတော့ သူတို့ ပျင်းရိစွာပဲ လဲလျောင်းပြီး အနားယူလိုက်ကြပါတယ်..။
ကြေးခွံသားရဲ နှစ်ကောင်ကို တစ်ပြိုင်တည်း တိုက်ခိုက်တာ ..ရေတွေကြီး လာလို့ ခြေဗလာနဲ့ အသက်ရှင်အောင် ထွက်ပြေးရတာ..မုန်တိုင်းရဲ့ အလယ်မှာ ချောက်ကမ်းပါးကြီးပေါ်ကို တက်ရတာ..နိုးထမူ အဆင့် မွန်းစတားကြီးနဲ့ တိုက်ခိုက်ရတာ..။ဒါတွေ အကုန်လုံးက တစ်ရက်တည်းနဲ့ ဖြစ်ပျက်သွားခဲ့တာပါ..။သူတို့ အချိန်တစ်ချို့ အနားယူဖို့တော့ ထိုက်တန်ပါတယ်..။
ထပ်ပြောရရင် ဆန်နီမှာလည်း တွေးစရာတွေ ရှိနေပါသေးတယ်..။သူက ထူးဆန်းတဲ့ ခံစားချက်တစ်ချို့ကို ရနေခဲ့တာပါ..။
သူ မနေ့က မွန်းစတားကြီးနဲ့ တိုက်ခိုက်နေတုန်း တစ်ခုခု အလင်းပွင့်သွားသလို ခံစားခဲ့ရပါတယ်..။ဒီအရာကို ခံစားပြီးကတည်းက သူတစ်ခုခု ပြောင်းလဲသွားသလို ပါပဲ..။
ဘာလို့လဲ ဆိုတော့ သူရရှိထားတဲ့ ပြတ်သားမူက ဘယ်တော့မှ ပျောက်ကွယ်မသွားလို့ပါ..။
ဒါက သူ့ တည်ရှိမူရဲ့ အလယ်ဗဟိုမှာ ရှိနေတုန်းပါပဲ..။သူ့ရဲ့ ကမ္ဘာကြီးအပေါ် ရူမြင်ပုံတွေက ပြောင်းလဲသွားပြီလို့တောင် ဆန်နီ ခံစားနေခဲ့ရတယ်..။ဒါက ခိုင်မာခြင်း ၊ ရိုးရှင်းမူ နဲ့ ကြောက်လန့်မူ ကင်းစင်ခြင်းတွေပါ..။
သူက ပိုပြီးတော့ တည်ငြိမ်လာသလို ခံစားနေခဲ့ရတယ်..။သူက အခုဆိုရင် မြန်မြန်တွေးတောနိုင်ပြီး..တွေဝေခြင်းမရှိ တုန့်ပြန်နိုင်နေပါပြီ..။
ဒါက သူ ကမ္ဘာကြီးက ဖုံးကွယ်ထားတဲ့ အရာတစ်ခုကို ရှာတွေ့လိုက်တဲ့ ခံစားချက်မျိုးနဲ့တောငိ တူနေပါသေးတယ်..။စိတ်ခံစားချက်နဲ့ နားလည်လိုက်တဲ့ အရာတစ်ခုက..စကားလုံးတွေနဲ့ ပြန်လည်ရှင်းပြနိုင်ဖို့ မလွယ်ကူလှပါဘူး..။
ဒီပြောင်းလဲမူက သူ ပထမဆုံးအိပ်မက်ဆိုး အပြီးခန္တာကိုယ် ပြောင်းလဲမူထက်တောင် ပိုပြီး ကြီးကျယ်တယ်လို့ ခံစားရပါတယ်..။သူက ကိုယ်ခံပညာကမှာ ကြီးမားတဲ့ ခြေလှမ်းကြီးကို လှမ်းလိုက် နိုင်လိုက်သလို ခံစားနေရတာပါ..။ဒါက အရိပ်အပိုင်းအစ စုပ်ယူတာတွေ ၊ စွမ်းရည်တွေနဲ့ မဆိုင်ပါဘူး..။
ကောင်းကင်ကို ကြည့်လိုက်ပြီး နစ်ဖီက အမြဲဒီလို ခံစားနေရတာလား ဆိုတာကို ဆန်နီ သိချင်သွားခဲ့တယ်..။
'ဖြစ်နိုင်လောက်တယ်..။စိတ်ကို ကျွမ်းကျင်မူ ၊ ခန္တာကိုယ် ကို ကျွမ်းကျင်မူ ဟုတ်တယ်မလား..
သူက ကျွမ်းကျင်တဲ့ အဆင့်အထိရောက်ဖို့ အဝေးကြီး လိုအပ်နေပါသေးတယ်..။သို့ပေမယ့် သူ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီဆိုတာတော့ အသေအချာပါပဲ..။
**
အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီဟာ ချောက်ကမ်းပါရဲ့ အနောက်ဘက် အစွန်းကို လျောက်သွားခဲ့တယ်..။
အဲဒီမှာ နစ်ဖီက သူမရဲ့ ခြေထောက်ကို တွဲလောင်းချပြီး ထိုင်နေခဲ့တာပါ..။သူမက အနောက်ဘက်ခြမ်းကို ကြည့်ပြီး အတွေးနက်နေခဲ့ပါတယ်..။
သူ ငွေရောင်ဆံပင်နဲ့ မိန်းကလေးရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်ပြီး သူမ ကြည့်နေတဲ့ နေရာကို လိုက်ပြီး ကြည့်လိုက်ပါတယ်..။သူက သူမ ဘာတွေ တွေးနေလဲ ဆိုတာကို ခန့်မှန်းကြည့်ချင်ခဲ့တာပါ..။
သို့ပေမယ့် ကျရှုံးသွားခဲ့ပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဘာတွေ တွေးနေတာလဲ ဆိုတာ ခန့်မှန်းဖို့ မလွယ်ကူပါဘူး..။
ဆန်နီ အကြည့်ကို လွှဲလိုက်ပြီး ရှက်ရွံ့သွားခဲ့ပါတယ်..။နောက်ဆုံးမှာတော့ သူ သတ္တိမွေးပြီး စကား စပြောလိုက်တယ်..။
"မနေ့က ငါ့ကို နှစ်ကြိမ်တောင် ကယ်ခဲ့တာပဲ.."
ဆန်နီ သူ့ကို တစ်ချက်ကြည့်ပြီး အဝေးကို သာ ပြန်ကြည့်လိုက်ပါတယ်..။
"အင်း.."
သူ တွေဝေနေပြီး ..မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်နေခဲ့တယ်..။အဆုံးမှာတော့သူ့ဦးနှောက်က ဘာမှ ထွက်မလာပဲ ရိုးရှင်းစွာသာ ပြောလိုက်ပါတယ်..။
"ကျေးဇူးပါ.."
ဒီတစ်ကြိမ်တော့ သူမက သူ့ကို အချိန်အတော်ကြာတဲ့ အထိ စိုက်ကြည့်နေခဲ့ပါတယ်..။သူမရဲ့ မျက်နှာကတော့ တည်ငြိမ်နေပြီး မပြောင်းလဲပါဘူး..။
"ငါ့ကို ကျေးဇူးတင်ဖို့ မလိူပါဘူး..။နင်နဲ့ နင့်အရိပ် မရှိရင် ငါတို့ ဒီအပေါ်ကို အရောက်လာနိုင်မှာမဟုတ်ဘူး..။ဒါမှမဟုတ်ရင်လည်း ဝင်္ကပါထဲမှာ သားရဲတွေကြောင့် သေနေလောက်ပြီ.."
ဒီလို စကားလုံးအများကြီး ပြောပြီးတဲ့ နောက်မှာ သူမ တိတ်ဆိတ်သွားခဲ့တယ်..။ပြီးကာမှ ထပ်ပြောလိုက်ပါတယ်..။
"ငါတို့က အပြန်အလှန် မှိီခိုနေတာပဲ.."
ဆန်နီ သူမပြောတာ မှန်နေတာကြောင့် ခေါင်းညိမ့်လိုက်ပါတယ်..။ဒါတောင်မှ နစ်ဖီက သူ့အပေါ်မှာ ကောင်းနေတုန်းပါပဲ..။သူက ကိုယ့်တာဝန်ကိုယ် လုပ်ခဲ့တာဆိုရင်တောင် လူတိုင်းကတော့ ဒီလို လုပ်ပေးချင်မှ လုပ်ပေးမှာပါ..။
သို့ပေမယ့် သူ ဘာမှထပ်မပြောတော့ပေ..။ဘာလို့လဲ ဆိုတော့ သူမ ဘယ်လိုပြန်ဖြေမလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး..။
သူမက ..အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ .
'ငါလုပ်ချင်လို့ လုပ်ခဲ့တာ' လို့တောင် ပြန်ဖြေနိုင်ပါတယ်..။ပြီးရင်တော့..အနေခက်တဲ့ တိတ်ဆိတ်မူမျိုးကိုပဲ ဖြစ်စေတော့မှာပါ..။
ဆန်နီ တစ်ယောက်တည်း ပြုံးလိုက်ပြီး အဝေးကို ကြည့်လိုက်တယ်..။
တစ်မိနစ် ၊ နှစ်မိနစ် လောက် နေပြီးမှ သူ ပြောလိုက်ပါတယ်..။
"အဲတာက နင့်ရဲ့ အားနည်းချက် ဟုတ်တယ်မလား..။နင့်ရဲ့ စွမ်းရည်ကို ထုတ်သုံးလိုက်တိုင်း နာကျင်မူကို ခံစားရတာ.."
နစ်ဖီ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ရိုးရှင်စွာပဲ ပြန်ဖြေလိုက်တယ်..။
"အင်း.."
ဆန်နီ သူမကို ကြည့်လိုက်ပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အမူအရာဟာ တည်ငြိမ်ပြီး စိတ်တွေ လွင့်ပါးနေခဲ့တယ်..။သူမရဲ့ ငွေရောင်ဆံပင်ကိုတော့ လေညှင်းလေးက တိုက်ခတ်ပြီး ဆော့ကစား နေခဲ့ပါတယ်..။
"ဘယ်လို ခံစားရလဲ.."
သူမ အဝေးကို ကြည့်နေခဲ့ပြီး..
"အသက်ရှင်လျက် လောင်ကျွမ်းနေသလိုပဲ.."
အသက်ရှင်လျက် လောင်ကျွမ်းတာက ဘယ်လိုခံစားချက်လဲ ဆိုတာကို တွေးကြည့်ရင်း ဆန်နီ သက်ပြင်းချလိုက်တယ်..။အခိုက်အတန့်က အမြဲတမ်းလိုလို ရက်စက်ပြီး ၊ စက်ဆုပ်ဖို့ ကောင်းပါတယိ..။
"တောင်းပန်ပါတယ် "
သူ အချိန်အတော် ကြာပြီးမှ တီးတိုး ပြောလိုက်တာပါ..။
နစ်ဖီ ပုခုံးတွန့်လိုက်ပြီး ပြန်တောင် လှည့်မကြည့်ခဲ့ပေ..။
"ဒါက နာကျင်မူလေးပါပဲ.."
ဆန်နီ အဝေးကို ကြည့်လိုက်ပြီး သူ့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ ကြိုးစားလိုက်ပါတယ်..။
'နာကျင်မူလေး တဲ့လား..'
ဒီစကားက သူကြားဖူးသမျှ စကားလုံးတွေထဲမှာ ဝမ်းနည်းဖို့ အကောင်းဆုံး ပါပဲ..။