တိုက်ပွဲ၏ အကျိုးအမြတ်
Vol. 4 Ch. 54
#ဘာသာပြန် = စနိုးဝှိုက်
အချိန်အတော်ကြာအောင် သူတို့ အတူတူ တိတ်ဆိတ်စွာပဲ ရှိနေခဲ့ကြတယ်..။နစ်ဖီကတော့..မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းကို ကြည့်ပြီး သူမ တစ်ယောက်တည်း သိမယ့် အရာတွေကို တွေးတော နေခဲ့ပါတယ်..။ဆန်နီရဲ့ စိတ်ကတော့ ထူးဆန်းစွာပဲ..ဗလာကြီး ဖြစ်နေခဲ့တယ်..။
အချိန်ရရင် ရသလို ဆန်နီဟာ သူ့ရဲ့ စိတ်ဝိဥာဥ်ပင်လယ်ကို ဝင်ကြည့်နေခဲ့တယ်..။သူက ထပ်တူညီမူကို လေ့လာကြည့်နေတာပါ..။ကြေးခွံသားရဲဟာ..မွန်းစတားကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်မှာကံကောင်းစွာပဲ တီတီလေး အသက်ရှင်နိုင်ခဲ့ပါတယ်..။အခုတော့ သူက စိတ်ဝိဥာဥ်ပင်လယ်ထဲမှာ အလင်းရောင်လေး အဖြစ် လွင့်မျောနေပြီး ပြန်လည် ပြုပြင်နေခဲ့တယ်..။
တကယ်လို့ ထပ်တူညီမူသာ စိတ်ဝိဥာဥ် ပင်လယ်ထဲကို အသက်ရှင်လျက် ဆုတ်ခွာနိုင်ခဲ့မယ် ဆိုရင် ဘယ်လို ဒဏ်ရာကနေ မဆို ပြန်ပြီး ကောင်းမွန်နိုင်ပါတယ်..။ကြေးခွံသားရဲ ရဲ့ ဒဏ်ရာ အပေါက်တွေဟာ ပြန်လည် ပိတ်ကာ နီးနေပါပြီ..။ဆုံးရှုံးသွားတဲ့ လက်တစ်ဖက်ကတော့ ချက်ချင်း ပြန်မပေါက်နိုင်သေးပါဘူး..။
ဆန်နီ သက်ပြင်းချပြီး အချက်အလက် ဇယားကို ထုတ်လိုက်တယ်..။
အရိပ် အပိုင်းအစ : [ 28 / 1000 ]
သူ့ရဲ့ ထပ်တူညီမူက နောက်ဆုံးတိုက်ခိုက်မူကို လုပ်နိုင်လိုက်တာကြောင့် ဒီသတ်ဖြတ်မူက သူ့အပိုင်ပါပဲ..။ဒါကြောင့် မွန်းစတားကြီးရဲ့ အမြုတေ တစ်ခုချင်းစီတိုင်းအတွက် သူ အရိပ်အပိုင်းအစ ၂ ခု ရရှိပါတယ်..။အမြုတေတွေကတော့ သူတို့ရဲ့ သဘောတူညီထားမူ အတိုင်း နစ်ဖီ ဆီကို ရောက်သွားခဲ့ပါပြီ..။သူမက တစ်ခုကို သူမ စုပ်ယူပြီး တစ်ခုကို ကတ်စီ ဆီ ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။
ဆုလာဒ်က ကျေနပ်စရာ ကောင်းပေမယ့် ဒီလို ကြောက်စရာ သားရဲကြီးနဲ့ ရင်ဆိုင်ချိန်မှာတော့ ပြသနာ အတော်များခဲ့တာပါ..။အမှန်ပြောရရင် သူတို့လို ပြောင်းလဲမူ အဆင့် လူသားတွေက နိုးထမူ အဆင့် သားရဲတွေနဲ့ တိုက်ခိုက်မူတွေ မလုပ်သင့်ပါဘူး..။
'တကယ် မဖြစ်သင့်ဘူး'
သူ ကိုယ့်ကိုကို တွေးလိုက်တာပါ..။
အိပ်မက်ကမ္ဘာရဲ့ ဒီနယ်မြေ ထဲမှာ သူတို့နဲ့ အဆင့်တူတဲ့ သားရဲတွေ ရှိမနေတာကိုက သူတို့ရဲ့ ကံဆိုးမူ ပါပဲ..။
ဆန်နီ သူ့ရဲ့ အရင်တုန်းက အစီစဥ်ကို ပြန်တွေးမိသွားပြီး ခါးသက်စွာ ရယ်မောလိုက်မိတယ်..။ဒါက အားနည်းတဲ့ မွန်းစတားတွေကို အမဲလိုက်ပြီး သူတို့ရဲ့ တိုက်ခိုက်မူတွေကို သူ့ရဲ့ နိုးထမူ အဆင့် အကာအကွယ်နဲ့ အေးဆေးကာကွယ်ဖို့ပါ..။
ဒီလို ကြမ်းတမ်းတဲ့ သားရဲကြီးတွေရဲ့ ရှေ့မှာ ရုပ်သေးဆရာရဲ့ဝတ်ရုံတော်က ကာကွယ်မူ အနည်းငယ်ပဲ ပြုလုပ်ပေးနိုင်မယ်လို့ ဘယ်သူက သိခဲ့မှာလဲ..။
ဒါတောင်မှ ဒီအကာအကွယ်က သူ့အသက်ကို နှစ်ကြိမ်လောက် ကာကွယ်ပေးခဲ့ပါသေးတယ်..။
အကာအကွယ် အကြောင်း ပြောနေရင်းနဲ့..
သူ အောက်ကို ကြည့်လိုက်တယ်...
မှတ်သားမူ : [ ကြယ်အလင်း စစ်သည်များ၏ အကာအကွယ် ]
အဆင့် : နိုးထမူ
အမျိုးအစား : အကာအကွယ်
မှတ်သားမူ ဖော်ပြချက် : [ အမှောင်ထု ဖုံးလွမ်းတဲ့ နေရာမှာ မွေးဖွားခဲ့တဲ့ သူရဲကောင်း ၇ ယောက်ဟာ ..ကျိန်စာသင့်နယ်မြေကို အလင်းပြန်ရစေဖို့ သစ္စာဆိုခဲ့ကြသည် ။အချိန်ရဲ့တိုက်စားမူ က သူတို့ရဲ့ နာမည်နဲ့ ရုပ်ရည် တွေကို ဖယ်ရှားပစ်ခဲ့ပေမယ့်..သူတို့၏ ပြင်းထန်တဲ့ သစ္စာတရားကတော့ ကျန်ရှိနေဆဲဖြစ်သည် ]
'ဆရာ ဂျူးလီးယက်ကတော့ ဒီဟာတွေကို ဖတ်ရတာ တကယ်သဘောကျမှာပဲ.."
ဒီလူအိုကြီးက ပရော်ဖက်ဆာ ဖြစ်မလာချိန်မှာ စူးစမ်းရှာဖွေရတာကို စိတ်အားထက်သန်တဲ့ လူတစ်ယောက်ပါ..။သူက အိပ်မက်ကမ္ဘာရဲ့ သမိုင်းကြောင်းတွေကို စိတ်ဝင်စားပါတယ်..။သူက အခုချိန်အထိ ထိပ်တန်း သုတေသန ပညာရှင်တွေထဲက တစ်ယောက်ဖြစ်နေပြီး မကြာခန ဆိုသလို ပျက်စီးနေတဲ့ နယ်မြေတွေကိုလည်း လေ့လာပေးပါသေးတယ်..။
စိတ်မကောင်စွာနဲ့ သူတို့ ဘယ်ချိန်ပြန်တွေ့ရမလဲ ဆိုတာကို ဆန်နီ မသိပေ..။
သူ လည်ချောင်းရှင်းလိုက်ပြီး နစ်ဖီကို ကြည့်လိုက်တယ်..။
"နစ်..ငါ့မှာ နင့်အတွက် လက်ဆောင်တစ်ခု ရှိတယ်.."
သူမ သူ့ဘက်ကို လှည့်လာပြီး စိတ်ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယိ..။
"လက်ဆောင် တစ်ခုလား.."
ဆန်နီ ပြုံးလိုက်ပြီး..
"ဟုတ်တယ်..ငါတို့ မွန်းစတားကြီးကို သတ်ပြီးတော့ မှတ်သားမူ ရခဲ့တယ်ဆိုတာ ပြောဖို့ မေ့နေတာ..။ဘာ အမျိုးအစားလဲဆိုတာ ခန့်မှန်းကြည့်လိုက်..."
သူ မျှော်လင့်စွာပဲ သူမကို ကြည့်နေခဲ့တယ်..။သို့ပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ မခန့်မှန်းခဲ့ပေ..။တကယ်တော့ သူမရဲ့ အမူအရာက သိချင်စိတ်လေးတောင် ဖြစ်မနေခဲ့ပါဘူး..။ရှက်ရွံ့စွာပဲ အချိန်ခနလောက် ရပ်တန့်သွားခဲ့တယ်..။ယင်းနောက် ဆန်နီကပဲ ပြောပြလိုက်ပါတယ်..။
"အာ..ဒါက အကာအကွယ်ပဲ..။ဒီတော့..ငါ့ကို လက်ပေး.."
မှတ်သားမူ တွေကို လွှဲပြောင်းပေးတော့မယ် ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မူက လိုအပ်ပါတယ်..။မဟုတ်ရင် သူလည်း အခုလိုမျိုး အကြာကြီး ထိတွေ့ထားချင်တာ မဟုတ်ပါဘူး..။သူတို့နှစ်ယောက်က လုံလောက်အောင် ထိတွေးထားပြီးကြပါပြီ..။ဒီလို ထိတွေ့မူက သူ့ရဲ့ စိတ်တွေကို မတည်မငြိမ်ဖြစ်စေပါတယ်..။
အထူးသဖြင့် သူ့ကို အသက်ရှင်အောင် ကယ်တင်ပေးခဲ့တဲ့ အချိန်ကိုပါပဲ..။သူမရဲ့ နူးညံ့ ထိတွေ့မူတွေက အခုထိ သူ့မှတ်ဥာဏ်ထဲမှာ ရှိနေပါသေးတယ်..။
သူ့ကို စိုက်ကြည့်နေရင်း နစ်ဖီဟာ သူမရဲ့ လက်ကို ဖြည်းညှင်းသွာ ထုတ်ပေးလိုက်တယ်..။ဆန်နီ သူ့ဟာသူ ပဲ အလျင်အမြန် လှမ်းကိုင်လိုက်ပါတယ်..။သူ ဒီအပိုင်းကို မြန်နိုင်သမျှ မြန်မြန် ပြီးဆုံးချင်နေခဲ့တာပါ..။
သူမရဲ့ အသားအရည်က အေးစက်ပြီး နူးညံ့နေခဲ့တယ်..။
စိတ်တည်ငြိမ်အောင် ကြိုးစားပြီး သူ့ရဲ့ စိတ်ဝိဥာဥ်ပင်လယ်ထဲက ကြယ်အလင်း စစ်သည်များ၏ အကာအကွယ် ကို ထုတ်လိုက်တယ်..။အရိပ်အမြုတေ ဝန်းကျင်က အလင်းရောင်လေးတစ်ခုဟာ ပျောက်ကွယ်သွားခဲ့ပါပြီ..။ချက်ချင်းဆိုသလိုပဲ သူ့လက်ကနေ ပြောင်းလဲနေတဲ့ ကြယ်ပွင့်လက်ဆီကို လျှပ်စစ်လိုအရာမျိုး စီးဆင်းသွားတာ ခံစားလိုက်ရတယ်..။
သူမ မျက်တောင်ခတ်ပြီး လက်ကို ပြန်ဆွဲယူလိုက်ပါတယ်..။
ယင်းနောက် နစ်ဖီ မတ်တတ်ရပ်ပြီး ချောက်ရဲ့ အနောက်ဘက်ကို ဆုတ်လိုက်တယ်..။ပြီးတာနဲ့ မှတ်သားမူကို ထုတ်လိုက်ပါတယ်..။
တောက်ပနေတဲ့ အလင်းရောင်တွေဟာ ပေါ်ထွက်လာခဲ့တယိ..။အချိန်ခနကြာပြီးတဲ့နောက်မှာ ဒါက သူမရဲ့ ခန္တာကိုယ်ပေါ်ကို အနက်ရောင် ဝတ်စုံအဖြစ် ကွက်တိကျရောက်သွားခဲ့ပါတယ်..။ဒီဝတ်စုံကို ဘာအမျိုးအစားနဲ့ ထုလုပ်ထားတာလဲ ဆိုတာတော့ မသိနိုင်ပါဘူး..။
ရှေးဟောင်းကျတဲ့ အဖြူရောင် အကာအကွယ်အပြားတွေကတော့ ဒီဝတ်စုံပေါ်မှာ ရှိနေခဲ့တယ်..။ဒီအပြားတွေ ပေါ်မှာတော့ နစ်ဖီရဲ့ ခန္တာကိုယ်ကို ကာကွယ်ဖို့ ကြယ်ခုပွင့် ဟာ တောက်ပ နေခဲ့ပါတယိ..။ဒီဝတ်စုံက သူမရဲ့ လှုပ်ရှားမူတွေကို လုံးဝ သက်ရောက်မူ ရှိစေမှာမဟုတ်ပါဘူး..။အင်္ကျီနဲ့တစ်ဆက်တည်း ငှက်အတောင်ပါတဲ့ ခေါင်းဆောင်းပါ ပါနေခဲ့တယ်..။
ဒီဝတ်စုံက ..သူတို့တွေ့ခဲ့တဲ့ ရုပ်ထုကြီးရဲ့သံချပ်ကာ အင်္ကျီနဲ့တောင် ဆင်တူနေပါသေးတယ်..။
အကာအကွယ်က ပေါ့ပါးပြီး ခန့်ညားနေခဲ့တယ်..။ဒီအရာက ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ခန္တာကိုယ်ကို အတော်လေး ကာကွယ်ပေးနိုင်မယ့် ပုံပါပဲ..။
နစ်ဖီ ခေါင်းဆောငိးကို ချွတ်လိုက်တဲ့ အချိန်မှာတော့ သူမရဲ့ ငွေရောင်ဆံပင်တွေဟာ ပြန်ပေါ်လာခဲ့ပါတယ်..။ယင်းနောက် သူမ ဓားကို ထုတ်လိုက်ပြီး ခန္တာကိုယ်ကို တစ်ပတ်လှည့်ကာ အလေးချိန်ကို စမ်းလိုက်တယ်..။သူမက ကျေနပ်သွားသလိုပဲ ဓားကို ပြန်သိမ်းလိုက်ပါတယ်..။
ဆန်နီ သူမကို တ်ိတ်တဆိတ်ပဲ ကြည့်နေခဲ့တာပါ..။သူမ စမ်းသပ်လို့ ပြီးဆုံးသွားကာမှ သူ မေးလိုက်တယ်..။
"ကောင်းပြီ..ဘယ်လိုနေလဲ..
သူမ သူ့ကို လှည့်ကြည့်လိုက်တယ်..။မကြာခင်မှာပဲ သူမရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။ကျေနပ်စွာ အားရပါးရ ပြုံးနေပြီးကာမှ နစ်ဖီဟာ ရှက်ရွံ့စွာ ပြန်ဖြေလိုက်တယ်..။
"ပိုကောင်းသွားပြီ.."
ဆန်နီ စိတ်သက်သာရာရသွားခဲ့တယ်..။
အနည်းဆုံးတော့ သူတို့ သုံးယောက်လုံးမှာ သင့်တော်တဲ့ အဝတ်အစားတွေ ရှိခဲ့ပါပြီ..။ဒါက ကောင်းမွန်တဲ့ အရာပါ..။
တကယ်ကောင်းတယ်..။
ဒီအကာအကွယ်ကြောင့်..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ခုခံကာကွယ်မူ တွေတင် တိုးတက်လာတာမဟုတ်ပါဘူး..။နောက်ပိုင်းကျရင် ဆန်နီ သူမကို မြင်တိုင်း စိတ်တွေ မတည်မငြိမ်ဖြစ်တော့မှာ မဟုတ်ပေ..။