← Chapters

ကံကောင်းတဲ့ လူတွေ

Vol. 4 Ch. 55

ကံကောင်းတဲ့ လူတွေ

Vol. 4 Ch. 55

#ဘာသာပြန် = စနိုးဝှိုက်

သူတို့ စခန်းချတဲ့နေရာကို ပြန်ရောက်တဲ့ အချိန်မှာတော့ နစ်ဖီ ပထမဆုံးလုပ်တဲ့ အရာက ကတ်စီ ဆီကို သွားတာ ပါပဲ...။

"ဟေး ကတ်..ဘာလဲ ခန့်မှန်းကြည့်လိုက်.."

မျက်မမြင်မိန်းကလေးဟာ သူမဘက်လှည့်ကာ ပြုံးလိုက်ပြီး..

"နင်နောက်ဆုံးတော့..အကာအကွယ် မှတ်သားမူကို ရသွားပြီပေါ့.."

ပျော်ရွှင်စွာပဲ နစ်ဖီဟာ ပြောလိုက်တယ်..။

"ငါ ဝတ်စရာ ရခဲ့ပြီ.."

ယင်းနောက် သူမတိတ်ဆိတ်သွားပြီး သူမရဲ့ ပြုံးနေတဲ့ သူငယ်ချင်းကို ကြည့်နေခဲ့ပါတယ်..။ကတ်စီ ရယ်မောလိုက်ပြီး..

"ဒါကြောင့် နင့်ရဲ့ခြေသံတွေက ပြောင်းနေတာ.."

ကတ်စီ မျက်တောင်ခတ်လိုက်တယ်..။

"အာ..အဲလိုလား..။ကောင်းပြီ..အဲတာက ကြေးခွံသားရဲ ခေါင်းဆောင် ဆီကနေ လာတာ.."

သူမက ​အင်္ကျီီအကြောာင်းပြောနေရင်းနဲ့ ကတ်စီရဲ့ လက်ကို ဆွဲပြီး သူမရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ကိုင်ကြည့်ခိုင်းခဲ့ပါတယ်..။ဆန်နီကတော့ မီးပုံ ဘေးနားမှာ အနားယူနေခဲ့တယ်..။

အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ နစ်ဖီက ညစာအတွက် ပြင်ဆင်နေခဲ့ပါပြီ..။ဆန်နီကတော့ ကျောက်တုံးတွေ ပေါ်မှာလဲလျောင်းရင်း ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်..။

ကောင်းကင်ကတော့ အမြဲတမ်းလိုလို ညို့မှိုင်းနေပြီး အတော် မရင်းနှီး လှပေ..။

သူတို့ သုံးယောက်စလုံး ကောင်းမွန်တဲ့ အကာအကွယ်တွေ ရှိပြီဆိုတော့ အခုဆိုရင် အတော်လေး အဆင်ပြေသွားခဲ့ပါပြီ..။တကယ်တော့ သူတို့အုပ်စုက နိုးထသူတွေထဲမှာတောင် အတော်လေး ဆွဲဆောင်မူ ရှိတဲ့အထဲမှာ ပါဝင်လောက်ပါတယ်..။

ပင်လယ်လှိုင်းတွေလို ဝတ်ရုံနဲ့ နူးညံ့ပြီး လှပတဲ့ ကတ်စီဟာ မင်းသမီးလေး တစ်ပါး လိုဖြစ်နေခဲ့တယ်..။နူးညံ့ပြီး တည်ငြိမ်တဲ့ နစ်ဖီကတော့ သူမကို ကာကွယ်နေတဲ့ စစ်သည် တစ်ယောက်လိုပါပဲ..။သို့ပေမယ့် ဆန်နီကတော့...

တကယ်လို့ သူ့ကိုယ်သူ မြှင့်တင်ပြီး ပြောရရင် သူက စစ်သည်တစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေတဲ့သူပါ..။

သို့ပေမယ့် တကယ်လို့ တစိမ်းတစ်ယောက်ကသာ သူတို့ကို မြင်ရင်..အဲ့လူက ဆန်နီ ကို နိမ့်ကျတဲ့ အစေခံ လို့ ထင်ပါလိမ့်မယ်..။ဒါမှမဟုတ်မင်းသမီးလေးရဲ့ စောင့်ရှောက်သူက ဖမ်းဆီးထားတဲ့လူလို့ပဲ ထင်ကောင်း ထင်မှာပါ..။

'ကောင်းပြီလေ..သူတို့အသက်ရှင်ဖို့ ငါ ကူညီပေးနေရတာကို သိရင်တော့ အံ့ဩသွားကြမှာပဲ..'

ခနလေး..ငါက ဘာလို့ တစိမ်းတစ်ယောက်ကို ဂရုစိုက်နေရမှာလဲ...

အဲ့အချိန်မှာပဲ ကတ်စီဟာ သူ့ဘေးနားကို ရောက်လာခဲ့တယိ..။ဆန်နှ ခေါင်းကို လှည့်လိုက်ပြီး မျက်မမြင်မိန်းကလေးကို အံ့ဩသင့်စွာ ကြည့်လိုက်ပါတယ်..။

သူမ နှုတ်ခမ်းကို ကိူက်လိုက်ပြီး..

"မနေ့က နင်သေမလို ဖြစ်ခဲ့တယ်လို့ နစ် က ပြောတယ်.."

'အိုး..အဲတာ ပြောချင်တာလား..'

သူ ပုခုံးတွန့်လိုက်ပြီး..

"အင်း.."

ယင်းနောက် ဆန်နီ တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး

"ဒါပေမဲ့ အရမ်းလည်း စိတ်မပူပါနဲ့..။ငါ သေမလိုဖြစ်တာက ဒါ ပထမဆုံးမဟုတ်ဘူး.."

သို့ပေမယ့် ဒီတစ်ကြိမ်ကတော့ သေခြင်းတရားနဲ့ အနီးကပ်ဆုံးပါပဲ..။အဲနေ့က မှတ်ဥာဏ်တွေကို ပြန်တွေးမိတိုင်း ကျောရိုးအထိ အေးစိမ့်လာသလို ခံစားရပါတယ်..။

ကတ်စီဟာ တစ်ချိန်လုံးတိတ်ဆိတ်နေပြီးမှ တီးတိုးပြောလိုက်တယ်..။

"ငါတောငိးပန်ပါတယ်.."

ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..

"တောင်းပန်တယ်လား..။နင်က ဘာလိူ့ တောင်းပန်တာလဲ.."

မျက်မမြင်မိန်းကလေးဟာ အောက်ကိုသာ ကြည့်နေခဲ့တယ်..။

"ငါက အသုံးမဝင်ဖြစ်နေတာလေ.."

ဆန်နီ မျက်မှောင်ကျုတ်ပြီး အဝေးကို ကြည့်လိုက်ပါတယ်..။တစ်စက္ကန့် နှစ်စက္ကန့် လောက်ကြာပြီးကာမှ..သူ ပုံမှန်လေသံ နဲ့ ပြောလိုက်တယ်..။

"နင်က အသုံးမဝင်တာ မဟုတ်ပါဘူး.."

ကတ်စီ ညှင်သာစွာ ရယ်မောလိုက်တယ်..။

"မဟုတ်ဘူးလား..။တကယ်လို့ ငါလမ်းလျောက်ချင်ရင် နင် နဲ့ နစ် ကို မှီခိုရတယ်..။တကယ်လို့ ငါ ဗိုက်ဆာလာရင် တစ်ယောက်ယောက်က ကျွေးလာမှာကို စောင့်နေရတယ်..။အဲတာက အခု ငါ့ရဲ့ လက်ရှိဘဝ ပဲ..။အရိုးရှင်းဆုံး အရာတွေကိူတောင် တစ်ခြားလူ အကူအညီမပါပဲ မလုပ်နိုင်ဘူး..။နင်တို့ကို ပြန်ကူညီဖို့ဆိုတာကိုတော့ ပြောမနေနဲ့တော့..."

ဖြည်းဖြည်းချင်းပဲ သူမရဲ့ အသံက အက်ကွဲလာပြီး စိတ်ခံစားချက် ဖြစ်လာခဲ့ပါတယ်..။ဒါက သူ့ရှေ့မှာ သူမရဲ့ မျက်နှာဖုံးကွာကျတာ ပထမဆုံး အချိန်ပါပဲ...။သူမဟာ မခံမရပ်နိုင်မူ ၊ ဒေါသထွက်မူ ၊ ကြောက်ရွံ့မူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။

ဆန်နီ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်တယ်..။

"ဟေး..ငါ နင့်ကို ငါ့ရဲ့ ပထမဆုံး အိပ်မက်ဆိုး အကြောင်းပြောဖူးလား.."

မျက်မမြင်မိန်းကလေးဟာ ခေါင်းခါယမ်းလိုက်တယ်..။

"ငါ့ရဲ့ ပထမဆုံး အိပ်မက်ဆိူးက အဆိုးဆုံးပဲ..။အမှန်အတိုင်းပြောရရင် အခြေအနေက အတော်လေးကို မျှော်လင့်ချက် မဲ့နေခဲ့တာ..။ငါက အေးခဲပြီး..မတရားတဲ့ ဆက်ဆံရေးတွေကြောင့် သေမလို ဖြစ်ခဲ့ရတာလေ..။သံကြိုးတွေနဲ့ ချည်ထားတယ် ။ သွေးတွေ ထွက်ပြီး အကာအကွယ် မဲ့နေတယ်..။ပိုပြီးဆိုးတာက ငါ့ရဲ့ စွမ်းရည်က ဘာမှ သုံးစားလို့ မရဘူး..။ငါ ပြောချင်တာက..တကယ်လို့ ငါမှတ်မိတာသာ မှန်မယ် ဆိုရင် အခိုက်အတန့်ကတောင်..ထုတ်ပြောဖို့ ထိုက်တန်တဲ့ အရည်အသွေးတွေ မရှိဘူးလိူ့ ပြောခဲ့သေးတယ်.."

ကတ်စီဟာ ခေါင်းကို မော့လာခဲ့ပြီး သူ့စကားလုံးတွေ အောက်မှာ နစ်မြောသွားခဲ့ပါတယ်..။

"ဒါဆို နင်ဘယ်လို ရှင်သန်လာတာလဲ..။တစ်ခုခု ကောင်းတာ ပေါ်လာခဲ့လို့လား.."

ဆန်နီ ပြုံးလိုက်တယ်..။

"အိုး မိုင် ဂေါ့...။တကယ်တော့ ပိုပိုပြီးတောင် ဆိုးဝါးလာသေးတယ်..။ဒါပေမဲ့ တစ်ခုတော့ ရှိတယ်..။ဆိုးဝါးတဲ့ အခြေအနေတွေမှာ ငါ့ရဲ့ အသုံးမဝင်တဲ့ စွမ်းရည်ကပဲ ဘာတွေလုပ်ရမလဲဆိုတာကို လမ်းညွှန်ပေးသွားတာလေ..။အဲ့အချိန်မှာတော့ ငါအတော်ကံကောင်းတယ် ပြောရမယ်.."

သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ကတ်စီရဲ့ မျက်နှာပေါ်မှာ အတွေးနက်နေတာကို တွေ့လိုက်ရပါတယ်..။

"ဒါပေမဲ့ ကံတရား ဆိုတာက တစ်ခုတော့ ရှိတယ်..။လူတွေက ကံဆိုးဆိုတာနဲ့ မင်းဆီမှာ ဖြစ်ပေါ်လာတဲ့ အရာလို့ ပြောကြတယ်လေ..။အဲလို မဟုတ်ဘူး..။ကံတရားဆိုတာက ၅၀ ရာခိုင်းနှုန်း အခြေအနေကို ဖြစ်ပေါ်စေပြီး..၅၀ ရာခိုင်နှုန်းက မင်း ဆုပ်ကိုင်နိုင်တဲ့ အပေါ်မှာပဲ မူတည်တာ..။ကံတရားဆိုတာက ကိုယ့်ဟာကို ဖန်တီးရမယ့် အရာပဲ..။ငါ ရှင်သန်ဖို့အတွက် လူတ်ိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်..။ဒါက ငါ ဒီမှာရှိနေနိုင်တဲ့ အကြောင်းပြချက် နှစ်ခုထဲက တစ်ခုပဲ."

ဒါကို ပြောနေရင်းနဲ့ ဆန်နီ အနက်ရောင် တောင်ပေါ်က အခြေအနေတွေကို ပြန်အမှတ်ရလိုက်ပါတယ်..။ယင်းနောက် ဒီအရာတွေကို အမြန် ဖယ်ပျောက်ပြီး ပြောလ်ိုက်တယ်..။

"ဒုတိယ အကြောင်းပြချက်ကတော့ အခိုက်အတန့် က်ိုယ်တိုင်ပဲ..။ငါက သူကို အကြောင်းကျိုးဆီလျော်တယ်လို့ မပြောချင်ပေမယ့် ကိုယ်ပိုင် မျှတမူ တော့ ရှိနေသလိုပဲ..။အခိုက်အတန့်က လက်တစ်ဖက်နဲ့ ယူပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ ပြန်ပေးနေတာ..။ငါ့ရဲ့ ပထမအိပ်မက်ဆိုး အခြေအနေက အခု နင့်ရဲ့ အခြေအနေနဲ့ အတူတူပဲ.."

ကတ်စီ မျက်မှောင်ကျုတ်နေခဲ့တယ်..။ဆန်နီ နောက်ထပ် စကားလုံးတွေကို သေချာရွေးချယ်လိုက်ပါတယ်..။

"နင့်ရဲ့ အားနည်းချက်က ငါ မြင်ဖူးသမျှ ကြားဖူးသမျှတွေထဲမှာ အားအနည်းဆုံး ပဲ..။နင်ပြောတာ မှန်တယ်..နစ် လိုမျိုး ကူညီမယ့်လူ မရှိရင်တော့ သေရမယ် ဆိုတာ ကျိန်းသေပဲ..။ပြီးတော့ ..သူမလို လူမျိုးကလည်း..ငါထင်တယ်..ဒီလိုလူမျိုး နောက်ထပ် မရှိလောက်ဘူး..။ဒါပေမဲ့...."

မျက်မမြင် မိန်းကလေးဟာ အံကိုကြိတ်ထားခဲ့တယ်..။

"ဒါပေမဲ့ ဘာဖြစ်လဲ"

ဆန်နီ သူမကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး...

"ဒါပေမဲ့ ..ဒါက နင့်ရဲ့အားနည်းချက် တစ်ဖက်မှာ သူနဲ့ ထပ်တူညီတဲ့ သဘာဝလွန်စွန်းအားတွေ ရှိနေတယ်လို့ ဆိုလိုတာပဲ..။နင်က ဒါကို ဆုပ်က်ိုင်နိုင်ဖို့ နည်းလမ်းကို မသိသေးတာပဲ ရှိတာ..။နင် နားလည်သွားတဲ့ အချိန်ကျရင်...ငါ့ကိုယုံကြည်လ်ိုက်..နင်အခုငါတို့ စကားပြောနေတာတွေကို ပြန်သတိရသွားပြီး နင်ဘယ်လောက်တောင် တုံးအ ခဲ့လဲဆိုတာကို ရှက်ရွံ့မိနေလိမ့်မယ်.."

ကတ်စီရဲ့ အမူအရာဟာ သံသယတွေ စိတ်ရှုပ်ထွေးမူတွေ အဖြစ် ပြောင်းလဲသွားခဲ့တယ်..။

"နင်တကယ်ပဲ အဲလိုထင်တာလား.."

သူမ တီးတိုး ပြောလိုက်တာပါ..။

သူမရဲ့ အသံထဲမှာတော့ စိတ်လှုပ်ရှားမူ တွေ အထင်းသား တွေ့မြင်နေရတယ်..။သို့ပေမယ့် ဒီမေးခွန်းကို ပြန်တွေးကြည့်ရင်း ဆန်နီ ဟာ ရယ်ချင်စိတ်တောင် ပေါက်လာခဲ့ပါတယ်..။

"ငါ့ကို ယုံကြည်လိုက် ငါက ကမ္ဘာပေါ်မှာ အရိုးသားဆုံး လူပဲ..။တကယ်တော့ ကမ္ဘာနှစ်ခု ပေါ်မှာပေါ့.."

ဆန်နီကတော့..တစ်ခြားဘာကိုမှ သဘောမကျရင်တောင်..အခုလို မရိုးမသား ပြောရတာကိုတော့ သဘောကျမိပါတယ်..။စိတ်မကောင်းစွာနဲ့ သူက ဒီလို ပြောတဲ့ နေရာမှာကို တော် နေခဲ့တာပါ..။ဒါပေါ့ သူမကတော့ အမှန်ကို သိစရာ မလိုပါဘူး..။

ကတ်စီကတော့ အချိန်အတော်အကြာ တိတ်ဆိတ်နေပြီး အတွေးနက်နေခဲ့တယ်..။ကြည့်ရတာတော့ သူမရဲ့ စိတ်ထဲမှာ လွန်ဆွဲမူ တွေ ရှိနေတဲ့ ပုံပါပဲ..။သူတို့ စကားပြောတာ ပြီးဆုံးသွားပြီလို့ ဆန်နီ ယူဆလိုက်တဲ့ အချိန်ကျမှ သူမဟာ အသံကို နိမ့်ပြီး ပြောလာခဲ့ပါတယ်..။

"တကယ်တော့ နင့်တို့ကို ပြောပြထားတာထက် ..ငါ ပိုပြီး မြင်တွေ့ထားတာ တွေ ရှိတယ်.."

All Chapters