ကမ္ဘာပေါ်မှာ အလေးဆုံး အရာ
Vol. 4 Ch. 56
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ မျက်မမြင် မိန်းကလေးကို ကြည့်ပြီး မျက်တောင် ခတ်လိုက်တယ်..။သူမရဲ့ စကားက သူ့ကို အတွေးနက်သွားစေခဲ့ပါတယ်..။သူမက ဘာလ်ို့ ဒီဟာကို လျို့ဝှက်ထားတာလဲ..။ဘာလို့ အခုမှ သူ့ကို ပြောဖို့လုပ်နေတာလဲ..။
စိတ်ရှုပ်ထွေးစွာပဲ သူ ဂရုတစိုက်မေးလိုက်တယ်..။
"ပိုပြီး မြင်တွေ့ထားတာတွေလား..။ဘာလို့ ငါတို့ကို မပြောတာလဲ.."
ပင်ပန်း တဲ့ အပြုံးတစ်ခုဟာ ကတ်စီ ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။သူမ ခေါင်းကို ငုံ့ထားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပါတယ်..။ယင်းနောက် သူမရဲ့ မျက်လုံးတွေကို မှိတ်ထားရင်း ပြောလိုက်တယ်..။
"နင် မသိလောက်ပါဘူး..။နင်က ဘယ်လိုလုပ် သိနိုင်မှာလဲ..။ဒါပေမဲ့ အသိဥာဏ်တွေ..အသိဥာဏ်တွေက သယ်ထားရတာ အရမ်းလေးတယ်..။ဒီအရာက ကမ္ဘာပေါ်မှာ အလေးဆုံး အရာတစ်ခုပဲ.."
ယင်းနောက် သူမ မျက်နှာမှာ ဝမ်းနည်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
"နင့်ကို ပြောလိုက်လို့ ရှိရင်..ငါမြင်ထားတဲ့ အရာတွေက အမှန်တကယ်ဖြစ်လာမှာကို စိုးရိမ် နေခဲ့တာ.."
သူမရဲ့ စကားလုံးတွေက ဆန်နီ ရဲ့ ခေါင်းထဲကို အချက်ပေး ခေါင်းလောင်းထိုးလိုက်သလို ဆူညံသွားခဲ့တယ်..။တကယ်လို့ သူမ ရဲ့ အမြင်တွေ မှန်လာမှာကို စိုးရိမ်နေတာဆိုရင်..ဒါက သူတို့ရဲ့ ဆက်ဆံရေးက ဆိုးဝါးသွားမယ်လို့ ဆိုလိုတာပါ..။ပြီးတော့ အမှန်တကယ်ပဲ ဆိုးဝါးသွားမယ် ဆိုရင်....
တကယ်လို့ သူတို့အပေါ်မှာ တစ်ခုခု ဆိုးဝါးတာ တွေ ဖြစ်လာမယ် ဆိုရင် ဆန်နီ အနေနဲ့ ကြိုပြီးသိထားတာက အားသာချက်တစ်ခုပါပဲ..။ဒီလိုနဲ့ ဘယ်လိုအခြေအနေပဲ ဖြစ်လာဖြစ်လာ..သူ ကြိုတင်ပြင်ဆင်ထားလို့ ရပါသေးတယ်..။တကယ်လို့ သူသာ ကြိုတင်ပြင်ဆင်ထားနိုင်မယ်ဆိုရင် ဖြစ်ပျက်လာတဲ့ ဆိုးဝါးမူတွေကို လျော့ချနိုင်ပါလိမ့်မယ်..။သို့ပေမယ့် သူ့ရဲ့ ကြိုတင်ပြင်ဆင်မူတွေကပဲ..ဆိုးဝါးတာတွေ ဖြစ်လာမယ့် အကြောင်းတရားတွေ ဖြစ်နေမယ်ဆိုရင်ရော..။ကတ်စီ ရဲ့ အမြင်တွေကို ကိုယ်တိုင်အကျိုးအမြတ်အတွက် အသုံးချသင့်ရဲ့လား..။
ဒါက အနာဂတ်ကို ကြိုသိထားခြင်းရဲ့ အန္တရာယ်ပါပဲ..။
'ချီးပဲ ခေါင်းတွေမူးလိုက်တာ...'
ဆန်နီ အတော်ကြာအောင် အကြပ်ရိုက်နေခဲ့တယ်..။သူ ကတ်စီရဲ့ အမြင်တွေကို ထုတ်ပြောလာအောင် ဖိအားပေးသင့်လားလို့ စဥ်းစားနေခဲ့တာပါ..။တကယ်လို့ ရလာဒ်က သူ့ကို မသက်မသာဖြစ်စေမယ် ဆိုရင် သူ ဘာလုပ်ရမှန်း သိမှာမဟုတ်ပါဘူး..။ဆုံးဖြတ်ချက် မချနိုင်တာကြောင့် ဆန်နီ တိတိဆိတ်ပြီးသာ နေနေခဲ့တယ်..။ကတ်စီလည်း ဘာမှ မပြောခဲ့ပါဘူး..။
အချိန်အတော်ကြာပြီးမှ သူမဟာ ပြောလာခဲ့တယ်..။
"နင် ငါ့ကို တစ်ခု ကတိပေး နိုင်လား..."
ဒါက သူမအနေနဲ့ အမှန်တရား ကို ဖွင့်ပြောပြီးတဲ့ နောက်မှာဘာမှ မလုပ်ဖို့ကို ကတိတောင်းခံ သလိုပါပဲ..။ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
"အဲတာက ဘာလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လေ ."
မျက်မမြင်မိန်းကလေးဟာ ဘာမှမပြောခင် တိတ်ဆိတ်နေခဲ့တယ်..။
"နစ် ကို ဂရုစိုက်ပေးပါ့မယ်လို့ ကတိပေးနိုင်မလား..။ဘယ်လ်ို ကိစ္စပဲ ဖြစ်လာ ဖြစ်လာ.."
ဆန်နီဟာ..သူ့ ခန္တာကိုယ်ထဲက နာကျင်မူကို တောင့်ခံရင် အချ်ိန်ဆွဲနိုင်သလောက် ဆွဲနေခဲ့တယ်..။သူ သည်းမခံနိုင်လောက်တဲ့ အချိန်ကျမှ ထုတ်ပြောလိုက်ပါတယ်..။
"ကတိ မပေးန်ိုင်ဘူး..။ငါက ကိုယ့်ကိုကိုတောင် မနည်း ဂရုစိုက်နေရတာလေ.."
သူ ဒီလို ကတိကို ပေးဖို့အတွက် နစ်ဖီကိုလည်း လုံလောက်အောင် မယုံကြည်သေးပါဘူး..။သူက ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ ဆန့်ကျင်ဘက်မှာနေဖို့ ဆန္ဒမရှိပေမယ့် သူတို့နှစ်ယောက်က သေချာ မသ်ိကြပေ..။သူတို့က လိုအပ်ချက်အရ ပူးပေါင်းနေကြတာပါ..။ဒါက ရွေးချယ်လို့ရတဲ့အရာ မဟုတ်ပါဘူး .။သူတို့ တစ်ယောက်ကို တစ်ယောက် မလိုအပ်တော့ရင် ဘာဖြစ်မလဲ ဆိုတာကို ဘယ်သူက သိမှာလဲ..။"ဘာကိစ္စပဲဖြစ်လာ ဖြစ်လာ "ဆိုတဲ့ စကားလုံးကတော့ များပြားလွန်းပါတယ်..။
ဒါပေမဲ့ သူ အဖြေကို ' ရက်စ် ' လို့ ပြောပြီး ကတ်စီကို လမ်းကြောင်းအမှားကို ပေးလိုက်လို့ ရပါတယ်..။ဘာပဲဖြစ်ဖြစ် မေးခွန်းက သူ ကတိကို တည်မှာလား..ကတိအတိုင်း လိုက်လုပ်မှာလား ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်..။သို့ပေမယ့် အခုအချိန်မှာ သူ ဒီမျက်မမြင် မိန်းကလေးကို မလိမ်ညာချင်ခဲ့ပေ..။
သူ့ ခန္တာကိုယ်ထဲမှာ ရိုးသားမူတွေနဲ့ ပြည့်နှက်နေတာ ဖြစ်နိုင်ပါတယ်..။
ကတ်စီ သက်ပြင်းချပြီး တစ်ဖက်ကို လှည့်လိုက်တယ်..။ရုတ်တရက် သူမရဲ့ ပြောင်းလဲသွားမူကို နားမလည်နိုင်သလို ခံစားလိုက်ရပါတယ်..။
"ငါ သိပြီး..။ဟုတ်ပါတယ်..ဒါက မျှတပါတယ်.."
ဒီလို ပြောပြီးတာနဲ့ သူမ တုတ်ချောင်းကို ထုတ်ပြီး အဝေးကို လျောက်သွားလိုက်ပါတယ်..။ဆန်နီ ကတော့ သုန်မုန်ပြီး စိတ်မသက်သာတဲ့ အမူအရာနဲ့သာ ကျန်နေခဲ့တယ်..။
***
သူဘယ်လောက်ပဲ စိတ်ကို သက်သာအောင် ကြိုးစားကြိုးစား..သူ့အတွေးတွေကတော့ သိချင်နေတုန်းပါပဲ..။ဒီလို နဲ့ပဲ..ဆန်နီဟာ များပြားလှတဲ့ အချက်အလက်အပိုင်း အစတွေကို ဆက်ကြည့်ဖို့ တွေးတော နေခဲ့တယ်..။ဒါက အဇူရာဓားက ဖော်ပြထားတဲ့ ..ကြယ်မရှိတဲ့ လေဟာနယ် ဒါမှမဟုတ် မေ့ပျောက်နေတဲ့ တိုင်းပြည် အကြောင်းကိုပါ..။
ဒါက သူနဲ့ ကတ်စီ နောက်ပိုင်းပြောခဲ့တဲ့ စကားတွေ နဲ့တောင် ဆက်နွယ်နေနိုင်ပါတယ်..။
ပြီးတော့ အကြောင်းပြချက်တစ်ချို့ကြောင့် ပတ်ဝန်းကျင်အနေအထားကို သိရှိထားတာက ရုတ်တရက် အရေးပါလာ သလိုပါပဲ..။
သူ့ရဲ့ဓား..၊ ကြယ်အလင်း စစ်သည်များ၏ အကာအကွယ် ၊ ကြေးခွံ သားရဲတွေ ပြီးတော့ ခေါင်းမရှိတဲ့ ရုပ်ထုကြီးတွေက တစ်ခုခု ဆက်နွယ်နေသလို ထင်ရပါတယ်..။သို့ပေမယ့် သူ သေချာတော့ နားမလည်ခဲ့ပေ..။ဒီရုပ်ထုကြီးက ကြယ်အလင်း စစ်သည်ခုနှစ်ယောက် ထဲက တစ်ယောကိရဲ့ အထိမ်းအမှတ်ရုပ်ထုကြီးများ ဖြစ်နေတာလား..။
အကာအကွယ်မှာ ဖော်ပြချက်အရကတော့ သူတို့ရဲ့ နာမည်တွေ..ရုပ်ရည်တွေက အချိန်ကြောင့် ပျောက်ဆုံးသွားခဲ့ပြီလို့ ရေးထားတာပါ..။ဒီရုပ်ထုကြီး ခေါင်းမရှိတာက ဒီအချက်နဲ့ သွားပြီး ကိုက်ညီ နေခဲ့ပါတယ်..။
သူ့ရဲ့ ကြေးခွံသားရဲ ထပ်တူညီမူမှာလည်း.."ကျရှုံးသွားတဲ့ စစ်သည်တွေရဲ့ ကျိန်စာသင့် စစ်သည်တစ်ယောက်" လို့ ရေးထားခဲ့တာပါ..။ဒီကျရှုံးသွားတဲ့ စစ်သည်တွေက ကြယ်အလင်း စစ်သည် တွေ မဟုတ်ဘူးလား..။ကြေးခွံမွန်းစတားကြီးကို သတ်လိုက်လို့ ရလာတဲ့ 'ကြယ်အလင်း အကာအကွယ်' က ဒီဟာကို အတည်ပြုပေးနေခဲ့ပါတယ်..။
ကြယ်မရှိတဲ့ ဟင်းလင်းပြင် ၊ ကြယ်အလင်း စစ်သည်တွေ ..ဒါတွေက ဘာကို ဆိုလိုတာလဲ..။သူရဲကောင်း ခုနှစ်ယောက်ကို အမှောင်နယ်မြေထဲမှာ မွေးဖွားခဲ့တယ်လို့ ပြောထားတယ်..။သူတို့ရဲ့ သစ္စာ အဓိဌာန် က ကျိန်စာသင့် ကုန်းမြေကြီးကို အလင်းပြန်ရဖို့ပဲ..။သူက ဘယ်လ်ို အလင်းမျိုးကို ရှာဖွေ နေကြတာလဲ..။ကြယ်အလင်းလား..။ပြီးတော့ အမှောင်နယ်မြေ ရဲ့ သဘာဝ တရားကြီးကရော ဘယ်လိုရှိတာလဲ..။
ဒါက သူတို့ရဲ့ ကုန်မြေကို ကျိန်စာတိုက်ထားတာကြောင့် ဖြစ်ပေါ်နေတာလား..။ပြီးတော့ ကြယ်အလင်း စစ်သည်တွေကို ကြေးခွံမွန်းစတား တွေ အဖြစ် ပြောင်းလဲသွားစေတာကရော ဒီကျိန်စာကြောင့်ပဲလား..။
တကယ်လို့ ဒီကျိန်စာသာ တည်ရှိနေသေးရင် ဆန်နီ တစ်နေ့နေ့ နိုးလာရင် မွန်းစတားတွေလို ခန္တာကိုယ်တွေနဲ့ ဖြစ်နေနိုင်တာလား..။
'ဘယ်လို ရွံစရာ အတွေးမျိုးလဲ..'
သူရဲ့ကောင်း ခုနှစ်ယောက်ကို မေ့ပျောက်သွားကြပြီဖြစ်ပေမယ့် သူတို့ရဲ့ သစ္စာအဓိဌာန် တွေကတော့ တည်ရှိနေတုန်းပဲ..။' ဒီမေ့ပျောက်နေတဲ့ ကုန်းမြေကြီးမှာ..လက်နက်တွေကပဲ မှတ်မိကြတော့တယ် ' ..ဒါက အဇူရာ ဓားရဲ့ ဖော်ပြချက်ပါ..။ဒီနောက်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တွေ ရှိနေသေးတာလား..။မေ့ပျောက်နေတဲ့ ကုန်းမြေမှာရတဲ့ မှတ်သားမူတွေရဲ့ နောက်မှာ လျို့ဝှက်ချက် တွေ ရှိနေတာလား..။
ဆန်နီ ညဥ်းတွားလိုက်တယ်..။
"မေးခွန်းတွေ များနေပေမယ့် အဖြေကတော့ တစ်ခုတောင် မရှိဘူး "
ပြီးတော့ ကတ်စီ သူတို့ကို ထုတ်ပြောတဲ့ အမြင်ထဲမှာလည်း ဆန်းကျယ်မူ တွေ ရှိနေပါသေးတယ်..။သူမက အကန့်သတ်မဲ့တဲ့ အမှောင်ထုကြီးကို တံဆိပ်တော် ခုနှစ်ခုက ပိတ်လှောင်ထားတယ် လို့ အိပ်မက်မက်ခဲ့တာပါ..။တံဆိပ်တော်တွေ ကျိုးပျက်သွားတာနဲ့ အမှောင်ထုက လွတ်မြောက်သွားခဲ့ပါတယ်..။သူမက ဦးခေါင်းခုနှစ်လုံးက မြင့်မြတ်နေရာ တစ်ခုရဲ့ သော့တွေကို စောင့်ကြပ်နေတာကိုလည်း တွေ့ခဲ့ပါသေးတယ်..။ဒီ သော့တွေက တံဆိပ်တော်တွေနဲ့ ဆက်စပ်နေတာလား..။
ပြီးတော့ စစ်သည် ရုပ်ထုကြီး ရဲ့ ပျောက်နေတဲ့ ခေါင်းကြီးက အဲဒီခေါင်းတွေထဲက တစ်ခုလား...
ဒါမှ မဟုတ် သူ့ရဲ့ ဦးတည်ချက်တွေ အကုန်လွဲမှားနေတာလည်း ဖြစ်နိုင်ပါတယ်..။သူက မတည်ရှိတဲ့ အရာတွေကို လိုက်ဆက်စပ်ပြီး အဖြေရှာနေတာများ ဖြစ်နေမလား..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။သူ့ရဲ့ သ်ိချင်စိတ်က ငြိမ်းသတ်လို့ မရနိုင်ဘူးဆိုတာကို သိထားလိုက်ပါတယ်..။သူက သီအိုရီ တစ်ခုထုတ်ဖို့ အတွက်တော့ အချက်အလက်တွေက အတော်လေး နည်းနေခဲ့တာပါ..။ဒီတိုင်းဆိုရင်တော့ အခုချိန်မှာ သူ့ကိုယ်သူ နိပ်စက်နေရင်လည်း ထူးခြားမှာ မဟုတ်ပေ..။
အနာဂတ်မှာ အရာရာတိုင်းက ပိုပြီး ရှင်းလင်းလာတာလည်း ဖြစ်နိုင်ပါတယ်..။