← Chapters

လက်နက်များ၏ အသုံးဝင်ပုံ

Vol. 4 Ch. 57

လက်နက်များ၏ အသုံးဝင်ပုံ

Vol. 4 Ch. 57

#ဘာသာပြန် = စနိုးဝှိုက်

ညနေခင်းမှာတော့ ဆန်နီဟာ နစ်ဖီရဲ့ သင်ပြမူအောက်မှာ ဓားရေး လေ့ကျင့်နေခဲ့တယ်..။သူ့ရဲ့ အမြင်အသစ်တွေကြောင့်..လှုပ်ရှားမူ တိုင်းက အရင်ကနဲ့ အတူတော့ပါဘူး..။အကြိမ်တစ်ထောင် လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ သူ အနားယူရင်း အဇူရာဓားရဲ့ လျိုဝှက်ချက်ကို လေ့လာနေခဲ့ပါတယ်..။

အတော်ကြာပြီးမှ ဆန်နီ မေးလိုကိတယ်..။

"ငါက ဓား အသုံးပြုဖို့အတွက် သင့်တော်တယ်လို့ ထင်လား..။ငါ အနာဂတ်မှာ လက်နက်ပြောင်းလဲဖို့အတွက် စဥ်းစားသင့်လား.."

နစ်ဖီ ပုခုံးတွန့်လိုက်တယ်..။

"ဒါက နင့်ရဲ့ ရည်မှန်းချက် အပေါ်မှာမူတည်တယ်..။ဒါပေမဲ့ ဓားဆိုတာက လက်နက်တွေရဲ့ ဘုရင်လို့တောင် ပြောလို့ရတယ်.."

ဆန်နီ ပြုံးလိုက်တယ်..။

"ဘာလို့လဲ.."

သူမ အနည်းငယ် စဥ်းစားပြီးမှ ပြန်မေးလိုက်ပါတယ်..။

"သဘာဝ တရားက ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကို နင်သိလား.."

သူ မျက်ခုံးပင့်တင်လိုက်တယ်..။

"အသန်မာဆုံး မျိုးစိတ်က ရှင်သန်တယိ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သူ့ကိုကြည့်လိုက်ပြီး..

"တစ်ဝက်တော့ မှန်တယ်..။ဒါပေမဲ့ အသန်မာဆုံးက ရှငိသန်နိုင်တာမဟုတ်ဘူး..လိုက်လျောညီထွေ နေနိုင်တဲ့လူကသာ ရှင်သန်နိုင်တာ..။မဟုတ်ရင် လူသားတွေအစား..​ခြင်္သေ့တွေ ..ကျားတွေက ကမ္ဘာကြီးကို အုပ်ချုပ်နေကြမှာပေါ့.."

အဲ့အချိန်မှာတော့ နစ်ဖီဟာ ခါတိုင်းနဲ့မတူစွာပဲ ဆက်ပြော နေခဲ့တယ်..။သူမ ကြည့်ရတာ ဒီအကြောင်းအရာတွေကို ပြောတဲ့ အချိန်မှာ ပိုပြီး ယုံကြည်ချက် ရှိနေတဲ့ ပုံပါပဲ..။

"ကိုယ်ခံပညာမှာလည်း ဒီလို တူညီတဲ့ လောဂျစ် ရှိတယ်..။ဓား က နေရာတိုင်းမှာတော့ အသက်ရောက် ဆုံးဖြစ်နေတာ မဟုတ်ဘူး..။အဝေးမှာ ရှိနေတဲ့ ရန်သူကို လှမ်းပြီးတိုက်ခိုက်ဖို့ဆိုရင် လှံက ပိုပြီး သင့်တော်တယ်..။ပုဆိန် တစ်လက်က အကာအကွယ်တွေကို ချိုးဖျက်တဲ့ နေရာမှာ ပိုပြီး အသုံးဝင်လိမ့်မယ်..။တင်းပုတ်က ကိုင်တွယ်ရတာလွယ်ကူတယ်..။ဒါပေမဲ့ ဓားကတော့ ဘက်စုံသုံးလို့ရတယ်.."

သူမဟာ အဇူရာ ဓားကို လှမ်းကြည့်လိုက်ပြီး..

"ဓား တစ်ချောင်းက ထိုးဖောက်နိုင်တယ် ၊ ဖြတ်တောက်နိုင်တယ် ၊ ထုရိုက်နိုင်တယ်..။သူက အကွာအဝေး မျိုးစုံကိုလည်း သက်ရောက်မူ ရှိအောင် သုံးနိုင်တယ်..။ဓားတစ်ချောင်းရဲ့ အစိတ်အပိုင်းတိုင်း က အသုံးဝင်တယ်..။ဓားရဲ့ ထိပ်ကနေ ပြီးတော့ လက်ကိုင်အထိကို တိုက်ခိုက်ဖို့အတွက် အသုံးပြုလို့ရတယ်..။ဓား ကို အသုံးပြုမယ်ဆိုရင် အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်နေမှာ မဟုတ်ဘူး..။ဒါပေမဲ့ နင်က လိုက်လျောညီထွေမူ အရှိဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မယ်.."

နစ်ဖီ သူ့ ဘက်ကို လှည့်လိုက်ပြီး..

"နားလည်ရဲ့လား.."

ဆန်နီ အနည်းငယ် တွေးပြီးမှ ပြန်ဖြေလိုက်တယ်..။

"နားလည်ပါပြီ.."

သူမ ခေါင်းညိမ့်ပြလိုက်ပြီး အဝေးကို ကြည့်လိုက်တယ်..။

"ဒါပေမဲ့ အဆုံးမှာတော့ နင်တစ်ခုကိုပဲ မှတ်ထားဖို့ လိုအပ်တယ်..။နင့်လက်ထဲမှာ ဘာရှိနေလဲ ဆိုတာက အရေးမပါဘူး..။ဓားတစ်ချောင်းပဲဖြစ်ဖြစ် ၊ လှံတစ်ချောင်းပဲဖြစ်ဖြစ်...အဲတာတွေက ဒီတိုင်း သက်မဲ့ ပစ္စည်းတွေပဲ..။နင်ကိုယ်တိုင် ကသာ လက်နက် တစ်ခုဖြစ်တယ်.."

သူ သက်ပြင်းချပြီး အဇူရာ ဓားကို ပြန်သိမ်းလိုက်တယ်..။အမြဲတမ်းတမ်းလိုလိုပဲ..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ သင်ခန်းစာတွေက သူ့အတွက် တွေးစရာတွေကို ကျန်နေခဲ့ပါတယ်..။

'နင်ကိုယ်တိုင်က လက်နက်ပဲ'

သူစိတ်ထဲမှာ ထပ်ပြီး ရေရွတ်လိုက်တယ်..။တွေးစရာ ပဟေဠိ နောက်တစ်ခုက သူ့ ဦးနှောက်ထဲကို ရောက်လာခဲ့ပြန်ပါပြီ..။

သူတို့ နှစ်ယောက်ဟာ ..နေဝင်သွားတာကို အတူတူ ဆက်ပြီး ကြည့်နေခဲ့ကြတယ်..။ညရောက်လာတဲ့ အချိန်မှာတော့ အနက်ရောင် ဒီရေတွေဟာ ပြန်ရောက်လာခဲ့ပြီး အမှောင်ထုကြီး ဖုံးလွမ်းလာခဲ့ပါပြီ..။သူတို့ရဲ့ အောက်မှာတော့ ကြေးခွံသားရဲတွေဟာ..ပုန်းကွယ်ဖို့ နေရာတွေကို ရှာဖွေနေခဲ့ကြတယ်..။သူတို့ထဲက အနည်းငယ်ကတော့ ချောက်နက်ကြီးပေါ်ကို တက်လာကြပြီး တစ်ညတာ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေခဲ့ကြတယ်..။

ဆန်နီ ရဲ့ အရိပ်ကတော့ သူတို့ကို အပေါ်ကနေ စောင့်ကြည့်နေခဲ့ပါတယ်..။

"ငါတို့ ဆီကို ဧည့်သည်တွေ လာနေကြပြီ.."

ဆန်နီ ပြောလိုက်တာပါ..။

နစ်ဖီ သက်ပြင်းချလိုက်တယ်..။

"ကောင်းပြီလေ..။ငါတို့က အပေါ်မှာဆိုတော့..သူတို့ကို ရင်ဆိုင်ဖို့က ခက်ခဲမှာမဟုတ်ဘူး.."

ဆန်နီ ခေါင်းညိမ့်လိုက်ပြီး ပျောက်ကွယ်ခါနီးနေတဲ့ နေကို ကြည့်နေခဲ့တယ်..။ရုတ်တရက် သူ့ ခံစားချက်တွေက သုန်မုန်သွားခဲ့ပါတယ်..။သူ့ စိတ်ထဲမှာ သံသယတွေ ဝင်ရောက်လာပြီး စိတ်ပူမူတွေ မြင့်တက်လာခဲ့တယ်..။

"ငါတို့ အဲဒီရဲတိုက်ကို ရောက်နိုင်လိမ့်မယ်လို့ ထင်လား..."

သူမဟာ ခံစားချက်မဲ့တဲ့ အမူအရာနဲ့ သူ့ကိုကြည့်လိုက်တယ်..။

"အင်း.."

ဆန်နီ ...သူမ ဆီကို လှည့်ကာ အားတင်းပြုံးလိုက်ပြီး ..

"ဘာလို့ အဲလောက်တောင် သေချာနေတာလဲ.."

နေဝင်ခါနီး အလင်းရောင်အောက်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ တည်ငြိမ်တဲ့မျက်လုံးတွေဟာ..တလက်လက်တောက်ပ လာခဲ့ပါတယ်..။အနောက်ဘက်ကို ကြည့်ပြီး သူမရဲ့ ဓားကို ထုတ်ကာ..ပြန်ဖြေလိုက်တယ်..။

"တကယ်လို့ ငါတို့က သွားချင်တယ်ဆိုရင်..ဘယ်သူတွေက တားဆီးရဲမှာလဲ..."

***

အပေါ်ကို တက်လာတဲ့ သားရဲတွေကို ဖြေရှင်းရတာက အတော်လေးကို လွယ်ကူလှပါတယ်..။ဆန်နီ နဲ့ နစ်ဖီ တို့ဟာ သားရဲကြီးတွေ ​အပေါ်ကို ကြိုးစားတက်နေတုန်းမှာ အကုန်လုံးကို ကန်ချလိုက်ယုံပါပဲ..။ဒီကနေ တဆင့် သူက အရိပ်အပိုင်းအစ တွေကို အလကား ရရှိနေခဲ့တယ်..။စိတ်မကောင်းစွာပဲ စိတ်ဝိဥာဥ် အမြုတေ တွေတော့ မရနိုင်ခဲ့ပါဘူး..။

သူတို့နောက်တစ်ရက်လည်း ဒီအပေါ်မှာပဲ နေပြီး အနားယူရင်း လေ့ကျင့်နေခဲ့ကြတယ်..။ဆန်နီကတော့ ဓားရေးကိုပဲ လေ့ကျင့်နေပြီး သူ့ရဲ့ အရိပ်ကတော့ ဝင်္ကပါ လမ​်းကြောင်းတွေကို လေ့လာနေခဲ့ပါတယ်..။ထပ်တူညီမူက ပြန်ကောင်းလာအောင် ကြိုးစားနေတုန်းဖြစ်တာကြောင့် သူတို့ အုပ်စုဟာ အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ပေ..။

ဒါကြောင့်ပဲ သူတို့က လက်ရှိ စခန်းချ နေတဲ့ နေရာကို အလျင်စလို မစွန့်ခွာကြသေးတာပါ..။

သို့ပေမယ့် မကြာခင် အချိန်အတွင်းမှာ သူတို့လူသားခံတပ်ကို ရောက်တဲ့အထိ ခရီးဆက်ရပါဦးမယ်..။

ဒီတစ်ကြိမ်တော့ သူတို့အနေနဲ့ လုံလောက်အောင် မပြင်ဆင်ပဲ သွားကြမှာ မဟုတ်ပါဘူး..။ဒီနေရာမှာ မုန်တိုင်းက အချိန်မရွေး ရောက်လာနိုင်တယ်ဆိုတာကို သူတို့သိလိုက်ကြပါပြီ..။ဒါကြောင့်ဘနောက်ထပ် ပစ်မှတိနေရာတစ်ခုကို သေချာရွေးချယ်ပြီးမှ သူတို့ ခရီးဆက်ဖို့ ဆုံးဖြတ်ထားကြပါတယ်..။

နစ်ဖီကတော့ တစ်နေ့လုံး တရားထိုင်နေခဲ့တယ်..။သူမရဲ့ မျက်လုံးတွေကတော့ မျက်လုံးပိတ်ထားခဲ့ပါတယ်..။မကြာခန ဆိုသလိုပဲ သူမရဲ့ မျက်ခွံအောက်မှာ အဖြူရောင် အလင်းတန်းတွေ လက်နေသလို ခံစားနေရတယ်..။သို့ပေမယ့် ဆန်နီ သေချာကြည့်လိုက်တဲ့ အချိန်တိုင်းမှာ ပျောက်ကွယ်သွားခဲ့ပါတယ်..။ဒါက သူ စိတ်ထင်ယောင် ထင်မှား ဖြစ်နေသလိုပါပဲ..။

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ..သူမရဲ့ အားနည်းချက်ဖြစ်တဲ့ နာကျင်မူကို ကျင့်သားရအောင် လေ့ကျင့်နေတယ်လို့တောင် သူ သံသယဖြစ်မိပါတယ်..။

ဒီလိုဆိုရင်တော့ သူမ ကံကောင်းပါစေလို့ ဆုတောင်းပေးရမှာပါ..။

ကတ်စီကတော့ သူ့ရဲ့ ပုံမှန်အတိုင်း ရင်းရင်းနှီးနှီးနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတိပါတယ်..။ဒါက သူတို့ရဲ့ ထူးဆန်းတဲ့ ပြောဆိုမူတွေ ဘယ်တုန်းကမှ မရှိခဲ့သလိုပါပဲ..။သို့ပေမယ့် ဆန်နီကတော့ သူမက တစ်ခုခု တူညီဘူးဆိုတာကို ခံစားနေခဲ့ရတယ်..။သူမ ဘာမှားနေတယ် ဆိုတာကို ဆန်နီ

မထောက်ပြနိုင်ပေမယ့်..သူမကြည့်ရတာ..တစ်ခုခုကို စိတ်ပိုင်းဖြတ်ထားသလိုပါပဲ..။ဒါကလည်း ဆိုးဝါးတဲ့ အရာမဟုတ်ပေ...။

သူတို့ အချိန်တစ်ချို့ကြာအောင် စကားပြောပြီး အကယ်ဒမီက နေ့ရက်တွေကို ပြန်အမှတ်ရစေ ခဲ့ကြတယ်..။ဆန်နီက သူမကို ဆရာဂျူးလီးယက် ရဲ့ သင်ခန်းစာတွေ အကြောင်း ပြန်ပြောပြခဲ့ပါတယ်..။သူမရဲ့ သေဆုံးနေတဲ့ ဘာသာစကားတွေ အကြောင်းကြားတဲ့ အချိန်ဖြစ်သွားတဲ့ အမူအရာက ဆန်နီ ပထမဆုံး ဖြစ်တဲ့အမူအရာ နဲ့ တစ်ပုံစံတည်းပါပဲ..။

မကြာခင်မှာပဲ..ညအချိန်ရောက်လာခဲ့ပါပြီ..။ဒီတစ်ကြိမ်တော့ ကြေးခွံသားရဲတွေ တစ်ကောင်မှ အပေါ်ကို တက်မလာကြတော့ပေ..။ဒီတော့ ဆန်နီနဲ့ နစ်ဖီ တို့ အေးဆေး အနားယူကြရပါတယ်..။သို့ပေမယ့် သူတို့က တစ်ခုခု ဖြစ်မလာအောင်လို့ အလှည့်ကျ ကင်းစောင့်ကြပါသေးတယ်..။

မနက်ရောက်တဲ့ အချိန်မှာတော့ သူတို့ဟာ ကြေးခွံ မွန်းစတားရဲ့ နောက်ဆုံးကျန်တဲ့ အသားကို စားလိုက်ပြီး..ဝင်္ကပါထဲကို ပြန်ဆင်းဖို့ ပြင်ဆင်လိုက်ကြပါတယ်..။

အခုက သူတို့ ခရီးဆက်ကြရမယ့် အချိန်ပါပဲ..။

All Chapters