← Chapters

အလိုက်အထိုက် ရှင်သန်မူ

Vol. 4 Ch. 58

အလိုက်အထိုက် ရှင်သန်မူ

Vol. 4 Ch. 58

#ဘာသာပြန် = စနိုးဝှိုက်

ရက်အတော်ကြာပြီးနောက်..။

ဆန်နီဟာ သေဆုံးနေတဲ့ ကြေးခွံသားရဲ အပေါ်မှာ တက်ထိုင်ပြီး သူ့ မျက်နှာပေါ်က အဇူရာသွေးတွေကို သုတ်နေခဲ့တယ်..။

[ သင့်အရိပ်ပိုပြီး သန်မာလာခဲ့ပါပြီ ]

သူ့ရဲ့ ဓားကတော့ သားရဲကြီးရဲ့ ကြေးခွံတွေ ကြားထဲက အရည်ပြားထဲမှာ စိုက်ဝင်နေတုန်းပါပဲ..။

သူ့အနောက်မှာတော့..နစ်ဖီက သူတို့သတ်ထားတဲ့ သားရဲတွေရဲ့ အမြုတေကို ထုတ်ယူရင်း အလုပ်ရှုပ်နေခဲ့ပါတယ်..။ဒီလို တိုက်ပွဲ ဆယ်နဲ့ ချီတိုက်ပြီးတဲ့ နောက်မှာ သူတို့နှစ်ယောက်အတွက် သိပ်ပြီးမခက်ခဲတော့ပေ..။

သူ နောက်လှည့်ပြီး အလောင်းတွေ ပုံနေတဲ့ မြင်ကွင်းကို ကြည့်လိုက်တယ်..။

သန္တာကျောက်နံရံ နှစ်ဖက် ရဲ့ ကြားထဲမှာတော့ အလောင်းတွေ အများကြီးပါပဲ..။အစကတော့ သူတို့က ကြေးခွံသားရဲ အုပ်စုတစ်စုကို ဒီနေရာဆီ ဖျားယောင်းပြီး ခေါ်လာဖို့ ကြိုးစားခဲ့တာပါ..။သို့ပေမယ့် အခြေအနေတွေက အတော်မြန်ဆန်ခဲ့တယ်..။

ဒီနေရာနားမှာ ကြေးခွံသားရဲ တွေနဲ့ ထူးဆန်းတဲ့ ကင်းခြေများလို သားရဲ တွေဟာ အရူးအမူး တိုက်ခိုက် နေကြပါတယ်..။ဒီလိုနဲ့ ဆန်နီ တို့ နောက်ကပါလာတဲ့ သားရဲတွေပါ ဒီတိုက်ပွဲမှာ ဝင်ပြီး တိုက်ခိုက်ကုန်ကြတယ်..။ဆန်နီ နဲ့ နစ်ဖီ တို့က တော့ သားရဲတွေကြားက အမုန်းတရားတွေကို အခွင့်ကောင်းယူပြီး နောက်ဆုံး အောင်နိုင်သူတွေ ဖြစ်လာခဲ့ကြတာပါ..။

ဆန်နီ နဲ့ သိပ်မဝေးတဲ့ နေရာမှာတော့ ထပ်တူညီမူ ရှိနေခဲ့တယ်..။သူ့ရဲ့ ပြတ်တောက်ထားတဲ့ လက်တစ်ဖက်ကတော့ ပြန်ပြီးပေါက်နေခဲ့ပါပြီ..။အခုတော့ ဒီသားရဲဟာ..မွန်းစတားရဲ့ အသားတွေကို ညှပ်ကြီးနဲ့ လှီးဖြတ်ပြီး စားသောက်နေခဲ့တယ်..။

ပုံမှန်ဆိုရင်တောင် ထပ်တူညီမူက စားသောက်တားမျိုးတွေကို လုပ်လေ့ မရှိပါဘူး..။သို့ပေမယ့် ဒီအကောင်ကတော့..မုန်တိုင်းထန်တဲ့ညက တိုက်ပွဲအပြီးမှာ..သားရဲတွေကို အတော်မုန်းတီးနေပုံရပါတယ်..။

သူတို့ အဲ့နေရာကနေ စွန့်ခွာလာခဲ့တာ အခုဆိုရင် နှစ်ပတ်ရှိနေခဲ့ပါပြီ..။ဒီအတောအတွင်းမှာ တော်တော်များများ ပြောင်းလဲသွားခဲ့ပြီး..မပြောင်းလဲတာတွေလည်း ရှိနေခဲ့တယ်..။

အမြင့်ပ်ိုင်း တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းရင်း သူတို့ အနောက်ဘက်ကို တိတ်တဆိတ် ခရီးဆက်နေခဲ့ကြပါတယ်..။

ကတ်စီ က ထပ်တူညီမူရဲ့ အပေါ်ကနေ စီးနေတာကြောင့် သူတိုရဲ့ အရှိန်က ပိုမြန်ဆန်နေခဲ့တယ်..။ဒါတောင်မှ သူတို့က တစ်နေ့တာ ခရီးမထွက်ခင်မှာ..နောက် တစ်နေရာအတွက် လမ်းကြောင်းကို သေချာဂရုစိုက်ပြီး လေ့လာနေခဲ့ကြသေးတာပါ..။

ဒီလို ဂရုစိုက်ခြင်းအားဖြင့် သူတို့သာ မုန်တိုင်းနဲ့ ကြုံတွေရမယ်ဆိုရင်..ရှေ့ကို ဆက်သွားမလား..မူလစခန်းကို ပြန်မှာလား ဆိုတာကို သေချာရွေးချယ်လို့ရပါတယ်..။

သူတို့ ဝင်္ကပါထဲမှာ ခရီးသွားတဲ့ ပုံစံကတော့ မပြောင်းလဲပါဘူး..။အရင်တုန်းကဆိုရင် နစ်ဖီနဲ့ ဆန်နီ တို့ဟာ သားရဲတွေကို ရှောင်ကွင်းသွားကြပြီး ရွေးချယ်စရာ မရှိမှသာ တိုကိခိုက်ကြပါတယ်..။သို့ပေမယ့် ကြေးခွံ မွန်းစတားနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ သူတို့ ပိုပြီး မြန်မြန် သန်မာလာဖို့ လိုအပ်တယ် ဆိုတာကို နားလည်သွားခဲ့ကြပါတယ်..။

ဒါကြောင့် သူတို့ဟာ ကြေးခွံသားရဲတွေကို တက်တက်ကြွကြွ အမဲလိုက်နေခဲ့ကြတယ်..။သူတို့က အဖွဲ့က ကွဲလာတဲ့ သားရဲတွေ..သုံးကောင်ထက် မပိုတဲ့ သားရဲ အုပ်စုတွေဆိုရင် ချက်ချင်း တိုက်ခိုက်ပါတယ်..။အိပ်စက်သူ နှစ်ယောက်က နိုးထမူအဆင့် သားရဲတွေကို..အမဲလိုက်နေတယ် ဆိုတာ တကယ်ကို ရယ်စရာပါပဲ..။သို့ပေမယ့် သူတို့ကတော့ ဒါကို လုပ်နိုင်ခဲ့ကြပါတယ်..။

နစ်ဖီ ပြောပုံအရဆိုရင်..သူတို့ နှစ်ယောက်လုံးက သာမန်လူတွေ မဟုတ်ပါဘူး..။

ကြယ်အလင်း အကာအကွယ် ရဲ့ အကူအညီ ရှိနေတဲ့ အချိန်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ သူမရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို အပြည့်အဝ အသုံးချနေနိုင်ပါပြီ..။ကြည့်ရတာတော့ သူမ ရဲ့ ငွေရောင်ဓား မှာလည်း စိတ်ဝိဥာဥ် ရှိနေတဲ့ ပုံပါပဲ..။သူမ ပေါ်လာတဲ့ အချိန်တိုင်းမှာ..အဇူရာသွေးတွေကို အမြဲတမ်း မြင်တွေ့နေရပါတယ်..။

ဒီထက်ပိုတာက စိတ်ဝိဥာဥ် အမြုတေ တွေစုပ်ယူပြီးတိုင်းမှာ နစ်ဖီ ရဲ့ စွမ်းအားတွေ ပိုပိုပြီး တိုးတက်လာခဲ့တာပါ..။တိုးတက်မူ တိုင်းက အနည်းငယ်သာ ဆိုပေမယ့်..အချိန်တွေကြာလာတဲ့ အခါမှာတော့ အတော်လေး သိသာလာခဲ့တယ်..။သူမက လူသားတွေ ရှိသင့်တဲ့ ကိုယ်ခန္တာ ကြံ့ခိုင်မူရဲ့ အထွပ်အထိပ်ကို ရောက်နေပါပြီ..။မကြာခင်မှာ သူမက ဒီထက်ပိုတဲ့ အနေအထားကို ဝင်ရောက်နိုင်ပါတော့မယ်..။

တူညီစွာပဲ ဆန်နီဟာလည်း အိပ်မက်ကမ္ဘာရဲ့ ကြမ်းတမ်းမူကြောင့် ပိုပြီး သန်မာလာခဲ့ပါပြီ..။သို့ပေမယ့် ကြံ့ခိုင်မူ အထွပ်အထိပ်ကို ရောက်ဖို့တော့ အတော်လိုနေပါသေးတယ်..။

နစ်ဖီက စိတ်ဝိဥာဥ် အပိုင်းအစတွေကို စုပ်ယူရင်း ပိုပြီး သန်မလာလာတဲ့ အချိန်မှာ..သူကတော့ အရိပ်အပိုင်းအစတွေကို ပိုပြီး စုဆောင်းနေခဲ့တယ်..။ဒါပေါ့..သူက အကောင်တိုင်းကို ကိုယ်တိုင် မသတ်နိုင်တာကြောင့်..စိတ်ဝိဥာဥ် အမြုတေ ရတဲ့ ပမာဏထက်တော့ ပိုပြီး နည်းပါတယ်..။သို့ပေမယ့် သူက ဘယ်သူနဲ့မှ မျှဝေပေးစရာ မလိုပဲ လုပ်စရာရှိတာကိုသာ လုပ်နေခဲ့ပါတယ်..။

ရလာဒ်အနေနဲ့ သူတို့ရဲ့ တိုးတက်မူ နှုန်းဟာ ပုံမှန်အတိူင်း ရှေ့ဆက်နေခဲ့ပါတယ်..။

သို့ပေမယ့် သူတို့ရဲ့ ခွန်အားတွေ တိုးတက်လာတာက သူတို့ရဲ့ ကိုယ်ခံပညာ တိုးတက်လာမူ နဲ့ မဆိုင်ပါဘူး..။

ဆန်နီ ရဲ့ ကျွမ်းကျင်မူနဲ့ တိုက်ပွဲ အသိစိတ်တွေက နည်းနည်းချင်းစီ တိုးတက်လာနေခဲ့တယ်..။ဓားနတ်သမီး နစ်ဖီ ရဲ့ နစ်ဖဖိ ရဲ့ ကိုယ်တိုင် သင်ပြမူတွေ အောက်မှာ ဆန်နီဟာ ဓားနဲ့ တိုက်ပွဲ အဝင်အထွက်တွေကို သင်ယူနိုင်ခဲ့ပါတယ်..။

ယင်းနောက် သူ က ဒီသင်ခန်းစာတွေကို တိုက်ပွဲတိုင်းမှာ လက်တွေ့အသုံးချလို့ ရနေခဲ့တာပါ..။သူက သွေးစွန်းတဲ့ တိုက်ပွဲတွေတိုင်းမှာ အသက်ကိုရင်းပြီး လေ့ကျင့်နေခဲ့တယ်..။ဒီ ရက်စက်တဲ့ အခြေအနေက..စစ်မှန်တဲ့ ဖိုက်တာတစ်ယောက်အတွက် တကယ်ကို အကောင်းဆုံး လေ့ကျင့်ရေး ကွင်းပါပဲ.။အမှားလုပ်မိဖို့ အတွက် အခွင့်အရေး ဆိုတာ မရှိပေ..။ဘာလို့လဲ ဆိုတော့ အမှားတစ်ခုက သူ့ရဲ့ နောက်ဆုံးအမှား ဖြစ်သွားစေနိုင်လို့ပါ..။

အစစ်အမှန် တိုက်ခိုက်မူ တစ်ကြိမ်က အကြိမ်တစ်ထောင် လေ့ကျင့်နေတာနဲ့ ညီမျှတယ်..။အတွေ့အကြုံတွေကနေ တဆင့် ဆန်နီဟာ အသိဥာဏ်တွေကို ရရှိပါတယ်..။ပြတ်သားမူနဲ့ အတူပဲ သူက အသိဥာဏ်တွေကို နားလည်မူအဖြစ် ပြောင်းလဲနိုင်နေခဲ့တယ်..။

ဒီအတောအတွင်းမှာ တိုးတက်မူ အရှိဆုံးဆိုရင်တော့ အံ့ဩသင့်စွာပဲ ..ပူးပေါင်းဆောင်ရွက်မူလို့ ပြောရမှာပါ..။

ဆန်နီ နဲ့ နစ်ဖီ တို့ဟာ အချိန်တွေ အကြာကြီး ဘေးချင်းယှဥ် တိုက်ခိုက်လာခဲ့တာကြောင့် တစ်ယောက်ကို တစ်ယောက် နားလည်လာခဲ့ကြပါတယ်..။အချက်ပြမူ တွေ ၊ စကားလုံးတွေ မလိူပဲနဲ့တောင် သူတို့ ပြီးပြည့်စုံစွာ ပူးပေါင်း တိုက်ခိုက်နိုင်နေကြပါပြီ..။

သူတို့ရဲ့ အဖွဲ့လေးဟာ..အခုဆိုရင် လမ်းပျောက်နေတဲ့ ကလေး သုံးယောက်အဆင့်ကနေ ..စိတ်တူကိုယ်တူ ၊ အတွေ့အကြုံ ရှိပြီး ၊ တိုက်ပွဲဆာလောင်တဲ့ ရှင်သန်သူ တွေအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ..။

ကတ်စီတောင်မှ ပိုပြီး သန်မာလာခဲ့တယ်..။စိတ်ဝိဥာဥ် အမြုတေတွေ စုပ်ယူပြီး သန်မာလာတာကို ထည့်မပြောရင်တောင် သူမက ဘယ်လို ရှင်သန်နေထိုင် ရမလဲဆိုတာကို သိလာခဲ့ပါပြီ..။

ဘာပဲဖြစ်ဖြစ် ..သူမ အမြင်အာရုံ ပျောက်ဆုံးတာ နှစ်လ ဝန်းကျင်တော့ ရှိတော့မှာပါ..။ကတ်စီက သူမရဲ့ အခြေအနေနဲ့ အသားကျအောင် ကြိုးစားနေဆဲ ဖြစ်ပေမယ့် အံ့ဩစရာ ကောင်းတာတွေကို တော့ လုပ်နိုင်နေပါပြီ..။

သူမက မွန်းစတားတွေကိုတော့ ကူညီပြီး မတိုကိခိုက် နိုင်သေးပေမယ့်..တစ်ခြားလူတွေ အပေါ်ပေးထားတဲ့ ဝန်ထုတ် ဝန်ပိုးကိုတော့ နည်းနည်းချင်းစီ လျော့ချလာနိုင်ခဲ့တယ်..။အချိန်တွေ ကြာလာတာနဲ့အမျှ သူမက ပိုပိုပြီး တည်ငြိမ်လာတာကိုလည်း တွေ့မြင်နေရပါတယ်..။

လူသားခံတပ် ကိုသွားမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ဟာလည်း အရင်ကလို မဖြစ်နိုင်တဲ့ ပုံစံ မရှိတော့ပေ..။

အခုတော့ သူတို့က ပိုပိုပြီး နီးကပ်လာပြီး လို့ ခံစားနေကြရပါတယ်..။

All Chapters