← Chapters

ကြက်သွေးရောင် နန်းတော်ရဲ့အရိပ်

Vol. 4 Ch. 59

ကြက်သွေးရောင် နန်းတော်ရဲ့အရိပ်

Vol. 4 Ch. 59

#ဘာသာပြန် = စနိုးဝှိုက်

သေနေတဲ့ ကြေးခွံသားရဲ ပေါ်ကနေ ခုန်ဆင်းလာပြီး ..ဆန်နီဟာ ဓားကို ပြန်သိမ်းလိုက်တယ်..။ပြီးတာနဲ့..ကတ်စီကို လုံခြုံသွားပြီ ဆ်ိုတာ လှမ်းပြောလိုက်ပါတယ်..။မကြာခင်မှာပဲ သူမဟာ သန္တာကျောက် နံရံ တွေကြားကနေ ဂရုတစိုက်ထွက်လာခဲ့ပါတယ်..။မိန်းကလေးဟာ သူမရဲ့ တုတ်ချောင်းကို ထုတ်လိုက်ပြီး..ဆန်နီရဲ့ ခြေသံတွေကို ဂရုတစိုက်နားထောင်နေခဲ့တယ်..။

ဆန်နီ ကတ်စီ အနားကို ကပ်သွားပြီး သူမရဲ့ လက်ကို ယူကိုင်ကာ သူ့ ပုခုံးပေါ်ကို တင်ပေးလိုက်တယ်..။ယင်းနောက် သွေးစွန်းနေတဲ့ အလောင်းကောင်တွေကို ရှောင်ရှားပြီး သူမကို ထပ်တူညီမူဆီ ပို့ပေးလိုက်ပါတယ်..။

"အဲဲဒီ ကင်းခြေများ ကောင်းတွေ ပေါ်လာသေးလား.."

သူတို့ရဲ့ ဝင်္ကပါ ခရီးစဥ် တစ်လျောက်မှာတော့..ကြေးခွံသားရဲတွေပဲ ဒီနေရာမှာ ကျက်စားကြတာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်..။မတူညီတဲ့ သားရဲတွေဟာလည်း ဒီနေရာမှာ ရှိနေကြပါသေးတယ်..။သူတို့က ညဘက်တွေဆိုရင် ပုန်းအောင်းနေကြပြီး..နေ့ဘက်ရောက်လာတဲ့ အချိန်ကျမှ ..အပြင်ကို ထွက်လာကြတာပါ..။

ရွံ့နွံတွေ အောက်ကနေ အာရုံခံပြီး တိုက်ခိုက်တဲ့ အသားစား သားရဲတွေလည်း ရှိနေပါသေးတယ်..။သူတို့က ရွံ့နွံ့တွေထဲကနေ ထွက်လာပြီး..ကြေးခွံသားရဲတွေကို အောက်ကို ပြန်လည် ဆွဲခေါ်သွားခဲ့ကြတာပါ..။

ဒီ နေရာကြီးမှာ ဘယ်လို ထူးဆန်းတဲ့ သတ္တဝါတွေ ရှိနေသေးလဲ ဆိုတာကို သူတို့ မသိကြသေးပါဘူး..။ဆန်နီကတော့ ထပ်ပြီး မတွေ့ဖို့သာ ဆုတောင်း နေခဲ့ပါတယ်..။

ဒီ ဝင်္ကပါကြီးက ထိပ်လန့်စရာ သတ္တဝါတွေ အကုန်လုံးရဲ့ အိမ်ကြီး တစ်ခုလိုပါပဲ..။ပြီးတော့ သူတို့တစ်ကောင်ချင်းစီတိုင်းကလည်း အနည်းဆုံး နိုးထမူ အဆင့်တွေပါ..။သူတို့က အနက်ရောင် ပင်လယ်ထဲက သတ္တဝါကြီးတွေ ချန်ထားရစ်ခဲ့တဲ့ ..အရာတွေကို စားသောက်လေ့ ရှိကြပါတယ်..။အခွင့်အရေးရင် သူတို့က အချင်းချင်းတောင် ပြန်ပြီး စားသောက်ကြပါသေးတယ်..။အရသာရှိတဲ့ လူသားသုံးယောက်ဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး..။

ကံကောင်းချင်တော့ ကြေးခွံသားရဲ့ စစ်သည်တွေက ဒီနယ်မြေမှာ..လွှမ်းမိုး ထိန်းချုပ်ထားကြတဲ့ သူတွေပါ..။သူတို့ရဲ့ အကာအကွယ် ၊ အရွယ်အစား နဲ့ ခွန်အားတွေက တစ်ခြားသားရဲတွေနဲ့ ရင်ဆိုင်တဲ့ အချိန်မှာ အားသာစေပါတယ်..။

ကင်းခြေများ မွန်းစတားတွေ နဲ့ ကြေးခွံသားရဲတွေရဲ့ တိုက်ပွဲကတော့ သူတို့ နောက်ဆုံးတွေ့ခဲ့ရတဲ့ တိုကိပွဲပါပဲ..။သူတို့ တစ်ကောင်ချင်းစီတိုင်းက လျှင်မြန်ပြီး သွက်လက်ကြပါတယ်..။သူတို့တွေက ရွံ့တွေကို ဖြတ်သန်းနိုင်ပြီး..သန္တာကျောက် နံရံ တွေပေါ်ကိုလည်း လျင်လျင်မြန်မြန် တက်နိုင်ကြပါသေးတယ်..။

ပိုပြီးဆိုးဝါးတာက သူတို့ ခန္တာကိုယ်က ထုတ်လွတ်လိုက်တဲ့ အနက်ရောင် အဆီတွေက သန်မာတဲ့ အကာအကွယ်တွေကို အရည်ပျော်သွားစေနိုင်တာပါ..။ကင်းခြေများ သားရဲတွေရဲ့ တစ်ခုတည်းသော အားနည်းချက်က သူတို့ရဲ့ ခန္တာကိုယ်က မမာကျောတာပါပဲ..။ဒီတော့..ဓားချက်တစ်ချက်ကတင် သူတို့ ခန္တာကိုယ်ထဲကို ထိုးဖောက် ဝင်သွားနိုင်ပါတယ်..။

ဆန်နီ ပြန်လှည့်မကြည့်ပဲ ဖြေလိုက်တယ်..။

"အင်း ခြောက်ကောင်လောက် ရှိမယ်..။ပြီးတော့ ကြေးခွံသားရဲ အနည်းငယ် ရောပဲ..။သူတို့က အချင်းချင်း တိုက်ခိုက်နေကြတာ..ငါတို့က အသက်ရှင်ကျန်နေတဲ့ သားရဲတွေကို သတ်လိုက်ယုံပဲ.."

ကတ်စီ တံတွေးမြိုချလိုက်တယ်..။

"နင် ဒဏ်ရာ ရသေးလား.."

"ငါတို့ရဲ့ အကာအကွယ်ကိုပဲ ကျေးဇူးတင်ရမယ်.."

"နောက်ထပ် ကြေးခွံသားရဲ မွန်းစတား တစ်ကောင်ရော.."

ဆန်နီ တစ်ဝက်လောက် ကုန်နေတဲ့ အလောင်းကောင်ကြီးကို ကြည့်ကာ ပြုံးလိုက်ပြီး..

"ငါတို့ ထပ်ပြီး နှောက်ယှက်နိုင်တော့မှာ မဟုတ်ဘူး.."

ဒါက အိပ်မက်ကမ္ဘာထဲကို ဝင်လာပြီး သူတို့ဒုတိယအကြိမ် သတ်တဲ့ နိုးထမူအဆင့် မွန်းစတား ပါ..။ပထမ တစ်ကောင်ကို သတ်တုန်းကထက် စာရင် သူတို့ အများကြီး အဆင်ပြေခဲ့ပါတယ်..။ဘယ်သူမှ မသေသလို ၊ ဒဏ်ရာလည်း မရရှိခဲ့ပေ..။

.

ထပ်တူညီမူတောင်မှ..သူ့ရဲ့ ညှပ်ကြီးတွေကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်..။

"အမြုတေ ဘယ်လောက် ရလိုက်လဲ.."

ဆန်နီ ရေတွက်လိုက်တယ်..။

"၁၁ ခုလောက်တော့ ရှိမယ်.."

ဒီတစ်ကြိမ်မှာတော့ ကတ်စီ ရယ်မောလိုက်ပါတယ်..။

"ဒါက ငါတို့ အများဆုံး ရဖူးတဲ့ အကြိမ်ပဲ.."

သူ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်.."

သို့ပေမယ့် သူတို့ မှတ်သားမူတော့ ထပ်မရတော့ပါဘူး..။ဆန်နီကတော့ သူ့ ကံတရားကိုပဲ အပြစ်တင်ရမလား..ပြီးခဲ့တဲ့ နှစ်ပတ်လုံး တစ်ခုမှ မရခဲ့တဲ့ နစ်ဖီကိုပဲ အပြစ်တင်ရမလား မသိတော့ပေ..။အခိုက်အတန့်က သူတို့ ရရှိထားတာ လုံလောက်နေပြီီလို့ ဆုံးဖြတ်ချက် ချထားသလားလို့တောင် ထင်ရပါတယ်..။

'လုံလောက်တယ် ဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး..'

သူ သက်ပြင်းချလိုက်တယ်..။

စခန်းချပြီဆိုရင် သူ နဲ့ ကတ်စီ ကစားတတ်တဲ့

ဂိမ်း တစ်ခုက အစစ်အမှန်ကမ္ဘာကို ပြန်ရောက်လို့ သူဌေးဖြစိရင် ဘာတွေ ဝယ်ကြမလဲ ဆိုတာပါ..။သို့ပေမယ့် လေလံတင်နိုင်ဖို့ဆိုရင် သူ မှတ်သားမူတွေ ပိုပြီး စုဆောင်းဖို့ လိုအပ်ပါသေးတယ်..။မဟုတ်ရင် ပိုက်ဆံက ဘယ်ကနေ ရလာမှာလဲ..။

လောဘတွေ ဖုံးလွှမ်းသွားတဲ့ ဆန်နီဟာ ..ထပ်တူညီမူ နားကို သွားပြီး မလိုမကျစွာ ကြည့်လိုက်တယ်..။

"ဟေး..မင်း..စားနေတာကို ရပ်လိုက်တော့.."

ကြေးခွံသားရဲဟာ ပါးစပ်ထဲမှာ အသားတုန်းကို တွဲလောင်းဖြစ်နေရင်း နာခံစွာ အေးခဲ သွားခဲ့ပါတယ်..။

"ထွေးထုတ်လိုက်.."

ခေါင်းခါယမ်းလိုက်ပြီး ဆန်နီဟာ ကတ်စီကို အပေါ်ကို တင်ပေးလိုက်ကာ..သူမရဲ့ ဇက်ကြိုးကို ပေးလိုက်တယ်..။

"ဒီထူးဆန်းတဲ့ ကောင်က သားရဲခေါင်းဆောင်ရဲ့ အလောင်းကို တစ်ဝက်လောက်အထိ စားပြီးနေပြီ..။ဘာဖြစ်နေတာလဲ..။တစ်ကမ္ဘာလုံးက ထပ်တူညီမူ တွေထဲမှာမှ ..ငါ့ကျမှ ကျပ်မပြည့်တဲ့ အကောင်ကို ရထားတယ်.."

သူ့ရဲ့ အရိပ်ကတော့ သူပြောတဲ့အဓိပ္ပါယ်ကို နားလည်တဲ့ ပုံနဲ့ ခေါင်းတဆတ်ဆတ် ညိမ့်နေခဲ့ပါတယ်..။ဆန်နီ သူ့ကို စောင်းပြီး ကြည့်လိုက်တယ်..။အရိပ်မှာထပ်တူညီမူ ဆိုတာ ရှိလို့လား..ဟင်း....။

'ခွေးသား '

ကတ်စီ ရယ်မောလိုက်တယ်..။

"ငါ့ရဲ့ စီးစရာ မကောင်းမပြောနဲ့..။သူက တကယ်ကို ကောင်းမွန်တဲ့ ထပ်တူညီမူပဲ..။ငါသူ့ကို တော်တော် သဘောကျတယ်.."

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး ကြေးခွံမွန်းစတားရဲ့ ကျန်နေတဲ့ အသားတွေကို လှီးဖြတ်လိုက်ပါတယ်..။ယင်းနောက် သူ ဒီအသားတွေကို ကြေးခွံသားရဲမှာ ချိတ်ထားတဲ့ ရေမှော်အိတ် တွေထဲကို ထည့်လိုက်တယ်..။သူက ဒီအိတ်တွေကို သယ်စရာ ရှိတာတွေ သယ်ဖို့ ပြုလုပ်ထားခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် ကြေးခွံသားရဲတွေက အရမ်းကို သန်မာတာကြောင့် ဒီအလေးချိန်လောက်ကို စာမဖွဲ့ပါဘူး..။

ပြီးတာနဲ့ ဆန်နီဟာ ကင်းခြေများ သားရဲတွေဆီ သွားပြီး သူတို့ရဲ့ အဆီအိတ်တွေကို ထုတ်ယူလိုက်တယ်..။သူတို့တစ်ကောင်ချင်းစီတိုင်းမှာ အဆီဂလင်း နှစ်ခုစီ ရှိကြပြီး ..နောက်မှ အဆီဂလင်း တစ်ခုဆီကို ရောသွားကြတာပါ..။ဖြစ်စဥ်တစ်ခုလုံးက အန္တရာယ်များတာထက်တောင် ပိုပြီး စိတ်ရှုပ်ဖို့ကောင်းပါသေးတယ်..။တိုက်စားပျက်စီး စေတဲ့ သက်ရောက်မူက ဒီ အဆီ နှစ်ခုကို ရောနှောလိုက်မှ ဖြစ်ပေါ်လာတာပါ..။

သူတို့ ဒီ အဆီတွေကို ဘယ်မှာသုံးရမယ်မှန်း မသိသေးပေမယ့် နစ်ဖီကတော့..ရနိုင်သလောက် များများ စုဆောင်းခိုင်းခဲ့ပါတယ်..။သူမက တစ်နေ့မှာ ဒီအရာတွေက အသုံးဝင်လာမယ်လို့ပဲ သေချာပြောနေခဲ့တာပါ..။

နစ်ဖီ ပြောဆိုမူကြောင့် ဆန်နီ အဆီဂလင်းတွေ စုဆောင်းအပြီးမှာတော့..သူမလည်း စိတ်ဝိဥာဥ် အမြုတေတွေကို ထုတ်ယူလို့ ပြီးသွားပါပြီ..။

"ပြီးသွားပြီလား.."

သူမ ခေါင်းညိမ့်လိုက်တယ်..။

ဆန်နီ ကောင်းကင်ကို ကြည့်ပြီး အချိန်ကို တွက်ကြည့်လိုက်တယ်..။နေကတော့..သူတို့ရဲ့ အထက်အညိုရောင် ကောင်းကင်ပေါ်မှာ ပဲ ရှိနေပါသေးတယ်..။

"နင် ဘယ်လိုထင်လဲ..။ငါတို့က အခု ..အရင်တောင်ကုန်း နဲ့ အရိုး ကုန်းမြင့် ကြားထဲမှာ ရှိနေတာ..။နောက်ကိုပြန်လှည့်မလား ကုန်းမြင့်ဆီကို ဆက်သွားကြမလား.."

နစ်ဖီ ခနလောက်တွေးပြီးကာမှ ပြောလိုက်တယ်..။

"အရိုး ကုန်းမြင့်ဆီကို ဆက်သွားကြတာပေါ့.."

သူတို့ မနေ့က ကတည်းက လမ်းအခြေအနေကို လေ့လာကြည့်ပြီးပါပြီ..။ဒီတော့ ဝင်္ကပါထဲမှာ လမ်းပျောက်မှာ..အချိန်မှီ မရောက်မှာကို စိတ်ပူစရာ မရှိပေ..။ကြေးခွံသားရဲ ခေါင်းဆောင် သေသွားပြီးတဲ့ နောကိမှာတော့ သူတို့ကို ခက်ခဲအောင် လုပ်မယ့် အရာက ရှိမနေတော့ပါဘူး..။ဒီတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ သုံးသပ်မူ က သင့်တော်ပါတယ်..။

ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ.."

ဒါကိုပြောပြီးတာနဲ့ ဆန်နီ သူ့ရဲ့ အရိပ်ကို ရှေ့ကို လွှတ်လိုက်ပါတယ်..။

***

အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ သူတို့ အရိုး ကုန်းမြင့်နားကို ရောက်လာခဲ့တယ်..။နေ ဝင်ခါ နီးနေပြီဆိုပေမယ့်..သူတို့အတွက် ပြင်ဆင်မူတွေလုပ်ဖို့ အချိန်ရနေတုန်းပါပဲ..။သို့ပေမယ့် ဆန်နီကတော့ မသက်မသာ ခံစားနေခဲ့ရတယ်..။

ဒီ ခံစားချက်က ..သူတို့ ချောက်ကမ်းပါးတွေကနေ ထွက်ခွာလာပြီးကတည်းက ဆက်တိုက် ခံစားနေရတာပါ..။ဒီအရာက နေဝင်ခါနီး အချိန်ဆိုရင် ပေါ်လာတတ်ပြီး..နေဝင်ဖို့ နောက်ဆုံးမိနစ်တွေအထိ ရှိနေပြီးမှ ပျောက်ကွယ်သွားတ်ပါတယ်..။ဒါက သူ့ကို ပဟေဠိ ဖြစ်စေပြီး မသက်မသာ ခံစားရစေပါတယ်..။သူတို့ အနောက်ဘက်ကို ဆက်ပြီး ရောက်လာလေလေ..ဒီခံစားချက်က မြင့် တက်လာလေလေ ပါပဲ..။

သို့ပေမယ့် ဆန်နီ ဘယ်လောက်ပဲ နားလည် အောင် ကြိုးစားကြိုးစား..ဘာမှားနေတာလဲ ဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး..။

.

အဆုံးမှာတော့ ဒီမသက်မသာဖြစ်မူ တွေကို သူ့အဖွဲ့ဆီ ပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်..။သူပြောတာကို နားထောင်ပြီး နောက်မှာတော့..မိန်းကလေး တွေဟာ အံ့ဩသင့်သွားခဲ့ကြတယ်..။ကတ်စီတောင်မှ ဒီလို ခံစားချက်မျိုးကို မရရှိပါဘူး..။

သို့ပေမယ့် သူမက သီအိုရီတစ်ခုကို ပေးခဲ့ပါတယ်..။ဆန်နီ တစ်ယောက်တည်း ဒီလို ခံစားရျာ ဆိုတော့ သူ့ဆီမှာပဲ တစ်ခုခု ထူးခြားတာ ရှိနေခဲ့လို့ပါ..။ပြီးတောါ သူနဲ့ မိန်းကလေးတွေ နဲ့ မတူညီတာဆိုလို့ သူ့ရဲ့ အရိပ်အပေါ် ခံစားနိုင်စွမ်းပါပဲ..။

ဒီတော့ မှားယွင်းနေတဲ့ အရင်းအမြစ်က အရိပ်တွေ ဆီကနေ ရောက်လာတယ်လို ဆိုလိုတာပါ..။

သူမရဲ့ အကြံပေးမူနဲ့ပဲ..ဆန်နီဟာ နောက်ဆုံးမှာ အသက်မသာဖြစ်နေမူရဲ့ အကြောင်းပြချက်ကို နားလည်သွားခဲ့တယ်..။ကတ်စီ ပြောတာတွေက မှန်ပါတယ်..။နေဝင်ချိန်ကို နီးလာတဲ့ အချိန်တွေဆိုရင်..နေလုံးကြီးက အနောက်ဘက် ကောင်းကင် အောက်ကို အောက်သွားတာပါ..။ဒီကနေ တဆင့်..ဝင်္ကပါထဲကို ကျယ်ပြန့်တဲ့ အရိပ်ကြီး တစ်ခု ဖြစ်ပေါ်လာစေပြီး သူ့ရဲ့ အသိစိတ်ကို လာပြီး သက်ရောက်စေပါတယ်..။

အရိပ်က ကြီးမားပြီး ဝေးကွာနေပေမယ့် သူ ဒီအရာရဲ့ တည်ရှိမူကို ခံစားမိနေခဲ့ပါတယ်..။

သူ ကတ်စီ ကို ကြီးမားတဲ့ အရိပ်ကြီး အကြောင်းကို ပြောပြတဲ့ အချိန်မှာ သူမ ခေါင်းညိမ့်လိုက်တယ်..။သူမကြည့်ရတာ အရာအားလုံး ရှင်းလင်းသွားတဲ့ အတိုင်းပါပဲ..။

ပြီးတော့မှ သူမဟာ ပြောလိုက်တယ်..။

"အဲတာက ကြက်သွေးရောင် ကျောင်းတော်ကြီးရဲ့ အရိပ်ပဲ.."

မှတ်ချက် = ဦးခေါင်း ခုနှစ်လုံး စောင့်ကြပ်နေတဲ့ မြင့်မြတ် နယ်မြေ ဆိုတာက..ကြက်သွေးရောင် ကျောင်းတော်ကြီးကို ပြောခြင်းဖြစ်သည် ။

All Chapters