အရိုးကုန်းမြင့်
Vol. 4 Ch. 60
#ဘာသာပြန် = စနိုးဝှိုက်
ကတ်စီ ဘာကို ပြောချင်တာလဲ ဆိုတာကို နားလည်ဖို့ သူအတော် အချိန်ယူလိုက်ရပါတယ်..။
"နင့်ရဲ့ အမြင်အာရုံထဲက မြင့်မြတ်နယ်မြေလား..။တံဆိပ်တော် ခု နှစ်ခု နဲ့ဆိုတဲ့ဟာ..."
ကတ်စီ ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်..။ငါ့အိပ်မက်ထဲမှာတော့ အဲတာက တောင်ကြီးတစ်တောင် လောက် မြင့်မားတယ်..။ငါ လူသားတွေရဲ့ ရဲတိုက်ပေါ်ကနေ မြင်ရတာကတော့ ကြက်သွေးရောင် ကျောင်းတော်ကြီးက ကောင်းကင်ကို ထိုးဖောက်တော့မယ့် အတိုင်းပဲ..။နေဝင်တော့မယ့်အချိန်ဆိုရင် ကျောင်းတော်ကြီးရဲ့ အရိပ်က အရှေ့ဘက်ကို ကျလာတတ်တယ်.."
သူမ ခနလောက် တိတ်ဆိတ်သွားပြီးမှ ထပ်ပြောလိုက်ပါတယ်..။
"ငါ ဒီ ကြက်သွေးရောင် ကျောင်းတော်ကို မြင်တဲ့ အချိန်မှာ ဖြစ်တဲ့ ခံစားချက်က နင်ပြောတာနဲ့ တူနေတယ်လေ.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး ကတ်စီ သူမရဲ့ အမြင်ကို ပြောခဲ့တာကို ပြန်စဥ်းစားလိုက်ပါတယ်..။ခေါင်းကြီးခုနှစ်လုံးက တံဆိပ်တော် ခုနှစ်ကို စောင့်ရှောက်နေတယ်...သေအံ့ဆဲဆဲ နတ်သမီးက ဆာလောင်နေတဲ့ အရိပ်တွေရဲ့ စားသုံးခြင်းကို ခံနေရတယ်...အဆုံးမရှိတဲ့ ကြောက်ရွံ့မူ နဲ့ ဆုံးရှုံးမူတွေ...။
ကျောင်းတော်ကြီးနဲ့က အမှန်တကယ်ပဲ ဘယ်လို ပတ်သက်နေတာလဲ..။
"ဒါက ကြက်သွေးရောင်ဖြစ်နေတယ် ဆိုတော့ ဝင်္ကပါရဲ့ နံရံတွေနဲ့ တူနေလို့လား.."
ကြက်သွေးရောင် ' သန္တာကျောက် ' တွေက သူတို့ရဲ့ ဝန်းကျင်မှာ ရှိနေခဲ့တာပါ..။သူ့ရဲ့ သဘာဝတရားကတော့ ဆန်းကျယ်မူ ရှိနေတုန်းပါပဲ..။
ကတ်စီ တွေဝေနေခဲ့တယ်..။
"တစ်ခြားနည်း နဲ့လည်း ဖြစ်နိုင်တာပဲ..။ဝင်္ကပါနံရံ တွေကို..ကျောင်းတော်ကြီးနဲ့ တူညီတဲ့ အရာနဲ့ လုပ်ထားတာပေါ့.."
သေချာစဥိးစားကြည့်ရင် ကြက်သွေးရောင် ကျောင်းတော်ကြီးက ရူးသွပ်မူတွေရဲ့ အရင်းအမြစ် ဖြစ်နေနိုင်ပါတယ်..။သို့ပေမယ့် ဒါက သီအိုရီ အဖြစ်ပဲ ရှိနေသေးတာပါ..။အတည်ပြုဖို့ အတွက်ဆိုရင် တော့ အချက်အလက်က အရမ်းနည်းနေပါသေးတယ်..။
သို့ပေမယ့် ဆန်နီ ကတော့ သူတို့တွေ့ဆုံနေတဲ့ အရာတွေက ဒီကျောင်းတော်ကြီးနဲ့ တစ်နည်းနည်းတော့ ဆက်စပ်နေတယ် ဆိုတာကို ခံစားရပါတယ်..။
သူ့ရဲ့ မသက်မသာဖြစ်မူ နောက်က အကြောင်းပြချက်ကို သိလိုက်ရတဲ့အချိန်မှာ ဆန်နီဟာ နေလို့ ထိုင်လို့ ကောင်းသွားခဲ့တယ်..။ကြက်သွေးရောင် ကျောင်းတော်ကြီးရဲ့ တည်ရှိမူကို ခံစားနိုင်သ၍ သူက လူသား ရဲတိုက်ရဲ့ တည်နေရာကို ခန့်မှန်းကြည့်လို့ရပါတယ်..။ဒါက သူတို့ရှိနေတဲ့ နေရာနဲ့ ကျောင်းတော် ရဲ့ ကြားထဲမှာ ရှိနေခဲ့တာပါ..။
"အဆင်သင့်ဖြစ်ပြီလား.."
နစ်ဖီ ရဲ့ အသံက ဆန်နီ ကို အတွေးတွေ ထဲကနေ လှုပ်နှိုးလိုက်ပါတယ်..။
သူတို့က အရိုးကုန်းမြင်ကြီးနဲ့ ပိုပြီး နီးကပ်လာကြပါပြီ..။
သူတို့က ဒီကုန်းမြေကြီးကို ..မြင်လိုက်တာနဲ့ ဒီနာမည်က သူတို့ရဲ့ စိတ်ထဲကို တန်းရောက်လာခဲ့တာပါ..။ဒီအရာကြီးကို အကွာအဝေး တစ်ခုကတောင် လှမ်းပြီး မြင်နိုင်ပါတယ်..။
အမှန်တကယ်တော့ ဒီအရိုးကုန်းမြင့်ကို အရိုးတွေနဲ့ ပြုလုပ်ထားတာပါ..။ကြီးမားတဲ့ ရေသတ္တဝါကြီးရဲ့ အရိုးစုတွေက ဒီမှာ ကျန်ကျန်နေခဲ့ပြီး အချိန်တွေ ကြာလာတဲ့အခါမှာတော့ မြေပြင်နဲ့ တဖြည်းဖြည်းမြင့်လာခဲ့တယ်..။ဒီ ကြောက်စရာ သတ္တဝါကြီးတွေက အသက်ရှင်နေတုန်းမှာ ဘယ်လို ပုံစံတွေ ရှိလဲဆိုတာတော့ သူမသိပါဘူး..။သို့ပေမယ့် သေချာတာတစ်ခုက..အနက်ရောင်ပင်လယ်ကြီးရဲ့..စံချိန်တွေနဲ့ ပြောရင်တော့ ဒီအရာကြီးတွေက အတော်ကြီးမားတယ်လို့ ပြောလို့ရပါတယ်..။
ဒီ ကြီးမားတဲ့ အရိုးစုကြီးက သူတို့ ခရီးစဥ်မှာ ပထမဆုံးမြင်ရတဲ့ အရိုးစုကြီးတော့ မဟုတ်ပါဘူး..။တစ်ခါတစ်လေမှာ ဝင်္ကပါနံရံ တွေဖြစ်တဲ့ သန္တာကျောက်တွေက..သတ္တဝါကြီးတွေရဲ့ အရိုးစုတွေနဲ့ တူနေတာကို သူတို့တွေ့ခဲ့ရပါတယ်..။
သူ့အတွက်တော့ ဒီသန္တာကျောက်တန်းတွေကလည်း အရိုးတွေကနေ တဆင့် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတယ်လို့တောင် ထင်ရပါတယ်..။
သူ သေချာ ပြောနိုင်တာ တစ်ခုကတော့..တကယ်လို့ သူတို့သာ ရွံ့နွံတွေ အောက်ကို လုံလောက်တဲ့ အနက်အထိ တူးရင် အဆုံးမရှိတဲ့ အရိုးတွေကို တွေ့ရပါလိမ့်မယ်..။ဒါက သန္တာကျောက်တန်းတွေရဲ့ မူလအရင်းအမြစ် တွေပါ..။
ဘယ်လောက်တောက် ကြောက်ဖို့ကောင်းလိုက်လဲ..။
ဆန်နီ ဝင်္ကပါတွေ ရဲ့ သဘာဝကို ဘယ်လောက်ပဲ တွေးတွေး..ဒီလို အရိုး ကုန်းမြင့်အထိ ဖြစ်လာစေတဲ့ သတ္တဝါကြီးကတော့ အတော်ကြီးကို ကြီးမားနိုင်ပါတယ်..။ကျေးဇူးတင်စွာပဲ..ဒီဟာကြီးရဲ့ ထိပ်ပိုင်းက အနက်ရောင် ရေတွေရဲ့ အပေါ်မှာ ကျန်ရစ် နေခဲ့ပါတယ်..။ဒါကြောင့်ပဲ..သူတို့ရဲ့ စခန်းချမယ့် နေရာအဖြစ် ဒီနေရာကို ရွေးလိုက်တာပါ..။
ညနေရောက်လာပြီ ဖြစ်တာကြောင့် နောက်တစ်ဆင့် သူတို့ လုပ်ရမယ့် အရာတွေက အရေးကြီးလာခဲ့ပါပြီ..။သူတို့ ဒီ သေနေတဲ့ သတ္တဝါကြီးရဲ့ အပေါ်ကို တက်ရပါလိမ့်မယ်..။ပြီးတော့ တစ်ခြား သတ္တဝါတွေလည်း ဒီအပေါ်ကို အကာအကွယ် အဖြစ် တက်မလာနိုင်အောင် လုပ်ရမှာပါ..။
တကယ်လို့ တစ်ခြား သတ္တဝါ တွေ တက်လာရင်လည်း ရွေးချယ်စရာ မရှိပဲ တိုက်ခိုက်ရမှာပါပဲ..။အခုချိန်မှတော့ သူတို့ရဲ့ အရင်စခန်းကို ပြန်သွားဖို့ ဆိုတာ အဖြစ်နိုင်တော့ပေ..။
ကြီးမားတဲ့ တောင်ကုန်းကြီးရဲ့ အောက်ခြေကို ရောက်လာတဲ့ အချိန်မှာတော့ သူတို့ အဆင်ပြေမယ့် လမ်းကြောင်းကို လိုက်ရှာနေခဲ့တယ်..။အမှန်တော့ သူတို့က သားရဲကြီးရဲ့ မပြည့်စုံတော့တဲ့ အရိုးဦးခေါင်း နားကို ရောက်လာခဲ့တာပါ..။
သတ္တဝါကြီးရဲ့ အောက်ဘက်..မေးရိုးကြီးဟာ..မြေကြီးထဲကို နစ်မြုပ်နေခဲ့ပြီး ..အပေါ်ဘက်ကတော့ ကြီးမားတဲ့ လှိုဏ်ဂူ ကြီးတစ်ဂူ လိုဖြစ်နေခဲ့ပါတယ်..။
ဆန်နီဟာ ..သူ့ရဲ့ သွားတွေအောက်ကနေ လှိုဏ်ဂူထဲကို ဝင်လိုက်တဲ့ အချိန်မှာတော့..ကြက်သီး ထသွားသလိုတောင် ခံစားလိုက်ရတယ်..။သူ့အရိပ်ရဲ့ လမ်းပြမူနဲ့အတူ သူတို့ဟာ..သားရဲကြီးရဲ့ အရိုးခေါင်း နောက်ဘက်ကို ဆက်ပြီး ဝင်သွားခဲ့ပါတယ်..။
အတွင်းထဲမှာတော့ သူတို့ ခြေထောက်အောက်က အရိုးမျက်နှာပြင်က လမ်းတစ်ခုစာလောက် ကျယ်ပါတယ်..။အမှန်တကယ်တော့ ဒါက ဥမင်ထဲက အဝေးပြေးလမ်းမ တစ်ခုနဲ့တောငိ တူနေပါသေးတယ်..။ဒီ ဥမင် လမ်းကြောင်းက တဖြည်းဖြည်း အပေါ်ကို တက်တက်သွားပြီး လမ်းကြောင်းတွေကတော့ အရိုးတွေ နဲ့ ကွယ်နေခဲ့တယ်..။
ထပ်တူညီမူ အရိုးလှိုဏ်ဂူ ထဲကို ဝင်လာတဲ့ အချိန်မှာတော့ ပဲ့တင်ထပ်သံ တွေ ထွက်လာခဲ့ပါတယ်..။
နစ်ဖီ တီးတိုးပြောလိုက်တယ်..။
"လှုပ်ရှားမူ ရှိလား.."
ဆန်နီ အရိပ်ကို စစ်ဆေးလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ရှေ့ကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်..။
"သွားရအောင်.."
အရိပ် အန္တရာယ် တစ်စုံတစ်ခုကို သတိမပြုမိမှာကြောင့် သူတို့ လက်ထဲမှာတော့ ဓားတွေကို ကိုင်ထားကြပါသေးတယ်..။ဘာပဲဖြစ်ဖြစ် သတိလက်လွတ် နေတာက ကောင်းတဲ့ အရာ မဟုတ်ပါဘူး..။
ကံကောင်းချင်တော့ သူတို့ရဲ့သတိထား ပြင်ဆင်မူတွေက မလိုအပ်ခဲ့ပေ..။သူတို့ရဲ့ လမ်းကြောင်းတစ်လျောက်မှာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး..။ဒါကြောင့် သူတို့ဟာ အမြင့်ဆုံးနေရာကို အလွယ်တကူပဲ ရောက်လာနိုင်ခဲ့ကြပါတယ်..။
သူတို့ လုံခြုံတဲ့ နေရာကို ရောက်တဲ့ အချိန်မှာတော့ နေက ဝင်နေခဲ့ပါပြီ..။အနက်ရောင် ဒီရေတွေဟာ ပြန်လည် ဝင်ရောက်လာခဲ့ပြီး သတ္တဝါကြီးရဲ့ အရိုးကို ရိုက်ခတ်တဲ့ အသံတွေ ကြားနေခဲ့ရတယ်..။ဆန်နီဟာ..ထပ်တူညီမူ ရဲ့ ကိုယ်ပေါ်က အိတ်တွေကို ယူလိုက်ပြီး..စိတ်ဝိဥာဥ် ပင်လယ်ထဲ ပြန်ထည့်ထားလိုက်တယ်..။သူတို့ရဲ့ စခန်းကို ထျပြီးတဲ့ အချိန်မှာတော့ ခံစားချက် ပိုကောင်းလာကြပါပြီ..။
သူတို့ သုံးယောက်စလုံးကတော့ ရေချိုးဖို့ လိုအပ်နေခဲ့ပါပြီ..။ဆန်နီဟာ မိန်းကလေးတွေကို ရေချိုးဖို့ အခွင့်အရေး ပေးချင်တာကြောင့် အတော်ဝေးဝေးကို လျောက်သွားပြီးကာမှ ထိုင်ချလိုက်ပါတယ်..။သူ့ ခန္တာကိုယ်ကတော့ အတော်ပင်ပန်းနေခဲ့တာပါ..။
သူ့ရဲ့ အရိပ်ကတော့ သူ့ရဲ့ ခြေထောက်အောက်ကို ပြန်ရောက်လာခဲ့ပါတယ်..။ဆန်နီ အချက်အလက် ဇယားကို ထုတ်လိုက်ပြီး အရိပ်အပိုင်းအစ အရေအတွက်ကို စစ်ဆေးလိုက်တယ်..။
အရိပ် အပိုင်းအစ : [ 96 / 1000 ]
မဆိုးဘူး..အစတုန်းက သူ့မှာ အပိုင်းအစ ၁၂ ခုပဲ ရှိတာပါ..။အခုတော့ တစ်လမပြည့်ခင်ပဲ ပမာဏက အတော်လေးမြင့်တက်လာခဲ့ပါတယ်..။အခုဆိုရင် သူက ပိုသန်မာပြီး ပိုမို မြန်ဆန် လာခဲ့ပါပြီ..။အတွေ့အကြုံတွေလည်း ပိုပြီး ရလာခဲ့ပါတယ် .။
သို့ပေမယ့် ဒီကမ္ဘာထဲက အားအနည်းဆုံး အိပ်မက်ဆိုး သတ္တဝါကိုတောင် သူ့ရဲ့ ခွန်အားနဲ့ တိုက်ခိုက် အနိုင်ယူနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး..။
'ကြေးခွံသားရဲ တစ်ကောင်ကို လက်ဗလာနဲ့ တိုက်ခိုက်နိုင်ဖို့ ဘယ်လောက်အထိတောင် စောင့်ရဦးမှာလဲ..'
အဖြေကတော့ ရှင်းပါတယ်..။သူ့ရဲ့ အရိပ်အမြုတေ နိုးထမူ အဆင့်ကို ရောက်တဲ့အချိန် မှာ သူလုပ်နိုင်မှာပါ..။ဒါကလည်း အစစ်အမှန်ကမ္ဘာကို ပြန်ရောက်မှ ဖြစ်လာမှာပါ..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
မကြာခင်မှာတော့ သူ ရေချိုးရမယ့် အချိန်ရောက်လာခဲ့တယ်..။ဆန်နီဟာ ကတ်စီ ဆီက ရေပုလင်းကို ယူပြီး အစောက နေရာကို ပြန်သွားကာ ရေချိုးလိုက်ပါတယ်..။
အေးစက်တဲ့ လေထုဟာ..သူ့ရဲ့ အရည်ပြားတွေကို ချမ်းစိမ့်သွားခဲ့တယ်..။သူ အောက်ကို ငုံကြည့်လိုက်တဲ့ အချိန်မှာတော့ အညစ်အကြေးတွေ ၊ ချွေးတွေ ၊ ခြောက်သွေ့နေတဲ့ သွေးတွေဟာ အောက်ကို စီးကျနေတာ တွေ့လိုက်ရပါတယ်..။
နိုးထသူ တစ်ယောက်ဖြစ်လာတာက အမြဲတမ်း သန့်ရှင်းနေတယ်လို့ မဆိုလိုပါဘူး..။
သူ သန့်ရှင်းရေး လုပ်နေတုန်းမှာတော့ နစ်ဖီဟာ ညအမှောင်ထု မကျခင် မီးဖိုပြီး အသားတွေကို မီးကင် နေခဲ့ပါတယ်..။ဒီရက်တွေမှာတော့ သူတို့ဆီမှာ ဆား ပါ ရှိနေခဲ့ပါပြီ..။အစကတော့ အနက်ရောင် ဒီရေ တွေက ဖြစ်လာတဲ့ ဆားကို အသုံးမပြုချင်ကြပေမယ့်..နောက်ပ်ိုင်းမှာ စမ်းသုံးကြည့်ခဲ့ကြတယ်..။
ဆား ဆိုတာက ဟင်းပွဲ တိုင်းကို အရသာပိုရှိစေတဲ့ အရာပါ..။
သူတို့ ဆာလောင်စွာပဲ တိတ်တဆိတ် စားသောက်လိုက်ကြပြီး ပင်ပန်းစွာနဲ့ ဘာစကားမှ မပြောကြပေ..။မကြာခင်မှာပဲ အိပ်ဖို့ အချိန် ရောက်လာခဲ့ပါတယ်..။
ဆန်နီ ပထမဆုံး ကင်းစောင့်ဖို့ကို တာဝန်ယူထားခဲ့တယ်..။သူ့ရဲ့ အိပ်ချိန်မရောက်ခင်မှာ သူက ဓားရေး လေ့ကျင့်နေမှာပါ..။ယင်းနောက် သူ့ရဲ့ စိတ်ကို နှစ်ပိုင်းခွဲ လိုက်တယ်..။
တစ်ပိုင်းကတော့ သူ့ ခန္တာကိုယ်ရဲ့ လှုပ်ရှားမူ တွေကို အာရုံစိုက်ထားပြီး သေးငယ်တဲ့ အပိုင်းကတော့ အရိပ်ကနေ တဆင့် အနက်ရောင် ရေမျက်နှာပြင်ကို စောင့်ကြည့်နေခဲ့ပါတယ်..။
လေ တိုက်ခတ်မူ မရှိတာကြောင့် ရေမျက်နှာပြင်က ထူးဆန်းစွာ တည်ငြိမ်နေခဲ့ပါတယ်..။အနက်ရောင် ရေမျက်နှာပြင်မှာ..လှိုင်းလုံးတွေကို မတွေ့ရတာက သူ့အတွက်တော့ ပထမဆုံး အကြိမ်ပါပဲ..။
ဒါက စစ်မှန်တဲ့ အမှောင်ထု နဲ့ ပြုလုပ်ထားတဲ့ မှန်ကြီး တစ်ချပ်နဲ့တောင် တူနေခဲ့တယ်..။
ရုတ်တရက် ဆိုသလိုပဲ..သူ့စိတ်ထဲမှာ ရေမျက်နှာပြင်ထဲက ပုံရိပ်ကို သွားကြည့်ချင်စိတ် ပြင်းထန်းလာခဲ့ပါတယ်..။
သို့ပေမယ့် ဆန်နီ သွားမကြည့်ခဲ့ပေ..။
ရေထဲမှာ ဘယ်လိုပုံရိပ်မျိုးတွေ မြင်တွေ့ရမလဲ ဆိုတာကို သူက ကြောက်ရွံ့နေခဲ့တာပါ..။
စာစဥ် ( ၄ ) ြပီးပါြပီ..။