← Chapters

“ခင်ဗျားကျွန်တော့ကို မသတ်ရဲပါဘူး”

Vol. 39 Ch. 607

“ခင်ဗျားကျွန်တော့ကို မသတ်ရဲပါဘူး”

Vol. 39 Ch. 607

ဤတိုက်ခိုက်မှုများသည် မျက်စိတစ်မှိတ်အတွင်းမှာပင်ဖြစ်ပျက်သွားခြင်းပင်။

ဤမှော်ဆရာ၏ ရုတ်တရက်အဆင့်တန်းမရှိသည့် ချောင်းမြောင်းတိုက်ခိုက်ခြင်းသည် လူတိုင်းကို အံ့သြသွားစေသော်လည်း ဖှေး၏ ရူးလောက်ဖွယ်တုန့်ပြန်နိုင်စွမ်းသည် လူတိုင်းအား တုန်လှုပ်သွားစေ၏။ မိမိထက်များစွာပို၍ စွမ်းအားမြင့်မားသည့် လူတစ်ယောက်နှ့င်ရင်ဆိုင်နေရသော်လည်း ဖှေးသည် နောက်သို့ ဆုတ်ပေးခြင်းမရှိပဲ ရန်လိုစွာဖြင့် တိုက်ခိုက်နေလျှက်ရှိသည်။ သူ၏ တိုက်ခိုက်မှဒများသည် အညှာတာကင်းမဲ့ကာ ရက်စက်လှပြီး လူတိုင်းဇာတ်ကောင်၏ ရက်စက်ကြမ်းကြုတ်သည့်စရိုက်ကို ပြသနေ၏။ ဤတိုက်ပွဲကိုကြည့်နေကြသည့် သိုင်းဆရာများပင် အာခေါင်ခြောက်လာသကဲ့သို့ ခံစားနေရ၏။

ဤအဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် အံ့သြသွားသဖြင့် တုန့်ပြန်ရန်အတွက် အချိန်မရလိုက်ပေ။ သူ၏ မှော်စွမ်းအင်အကာရံသည် ဖှေး၏အကြိမ်ပေါင်းများစွာတိုက်ခိုက်ခြင်းကိုခံလိုက်ရ၏။ သူသည် အလွန်အန္တရာယ်များသည်အခြေအနေတစ်ခုထဲသို့ ပင်ရောက်ရှိသွားတော့သည်။

ကံကောင်းစွာပင် သူသည် စာသင်ကြားခြင်းသာ ပြုလုပ်နိုင်သည့်မှော်ပညာကျောင်းတော်မှ ဆရာတစ်ယောက်မဟုတ်ပေ။ သူသည်တိုက်ပွဲအတွေ့ကြုံများစွာရှိသည့် မှော်ဆရာတစ်ယောက်ပင်။

သူသည် ချက်ချင်းပင်အော်ဟစ်လိုက်ပြီး သူ၏လက်ကို ၀ှေ့ရမ်းလိုက်၏။

“၀ုန်း...”

အကန့်သက်မဲသည့် မီးဂုဏ်သတ္တိမှော်စွမ်းအင်များစွာသည် သူ့ထံသို့ ပျံသန်းလာ၏။

လယ်ဗယ်၃၆ဒေသတွင် သဘာ၀ဂုဏ်သတ္တိစွမ်းအင်များစွာပေါများသည့်အတွက်ကြောင့် မှော်အစွမ်းများ၏ စွမ်းအားသက်ရောက်မှုနှုန်းမှာပင် သိသိသာသာပင်ြမြင့်တက်လာ၏။ မန္တန်တစ်ချို့ရွတ်ဆိုလိုက်ပြီးသည့်နောက်တွင် ဤမှော်ဆရာ၏ အရှေ့တွင်ရှိနေသည့် အက်ကွဲခါနီးမှော်အကာရံသည်လည်း ပြန်လည်ကာ ခိုင်မာလာတော့၏။

တစ်ချိန်တည်းမှာပင် မှော်ဆရာသည်သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း အထောက်ပံ့မှော်အစွမ်းများစွာကိုအသုံးပြုလိုက်၏။

သူသည် လေပေါ်တွင်ပျံ၀ဲကာ အနောက်သို့ ဆုတ်ခွာလိုက်၏။ ထို့အပြင်ကောင်းကင်ပေါ်တွင်မှော်သင်္ကေတများစွာပေါ်လာပြီး ငါးမီတာခကျော်ခန့်ရှည်လျားသည့် မှော်စွမ်းအင်အကာရံကြီးများကိုလည်း ဖန်တီးလိုက်သည်။ မှော်စွမ်းအင်အကာရံများသည် သူ့အား တောက်ပသည့်အလင်းရောင်များဖြင့် ၀န်းရံထားလျှက်ရှိပြီး ဖျက်ဆီး၍ မရနိုင်သကဲ့သို့ပင်။

ဤသည်မှာ မှော်ဆရာများ၏ တိုက်ခိုက်ပုံတိုက်ခိုက်နည်းပင်။ သမားရိုးကျနည်းလမ်းတစ်ခုပင်ဖြစ်၏။

မှော်ဆရာများသည် ကောင်းမွန်စွာအ၀ေးမှတိုက်ခိုက်နိုင်ကြသော်လည်း သိုင်းဆရာများနှင့်နှိုင်းယှဥ်ပါက များစွာပို၍အားနည်းသည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြသည်။ သိုင်းဆရာများသည် မာကျောကျစ်လစ်သည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း အနီးကပ်တိုက်ပွဲများတွင်သာ ထိထိရောက်ရောက်တိုက်ခိုက်နိုင်၏။ ထို့ကြောင့် မှော်ဆရာနှင့် သိုင်းဆရာတို့တိုက်ခိုက်ပါက အကွာ၀ေးသည်လွန်စွာပင်အရေးပါသည်ဟုဆိုရမည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် ဖှေးဒုက္ခရောက်သွားသည်ဟုဆိုနိုင်၏။

ဘုရင်သည် လျှင်မြန်စွာတုန့်ပြန်နိုင်စွမ်းရှိပြီး မှော်ဆရာအားဒုက္ခပေးနိုင်ခဲ့သော်လည်း သူတို့နှစ်ယောက်ကြားထဲမှ စွမ်းအားကွာခြားချက်သည် အလွန်ပင်ကြီးမားလှ၏။ ဤမှော်ဆရာသည် သူ၏စွမ်းအင်များကို ပို၍ ထုတ်လွှတ်လိုက်ပြီး မကြာမှီမှာပင် ဖှေး၏တိုက်ခိုက်မှုများသည် သိပ်ပြီးသက်ရောက်မှုမရှိတော့ပဲဖြစ်သွား၏။ ထို့နောက်တွင် အနောက်သို့အမြန်ပြန်ဆုတ်သွားခဲ့သဖြင့် ဖှေးပြင်ဆင်ထားခဲ့သည့်သိုင်းကွက်များကိုလည်း ဆက်လက်အသုံးပြု၍မရနိုင်တော့ပေ။

“ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား မင်းက တကယ်ပဲင့ါကို အံ့သြစေခဲ့ပါတယ်။ ဒါပေမယ့် မင်းရဲ့ကပွဲကတော့ အခုပဲပြီးသွားပြီ။ ဒီနေ့မင်းသေကို သေရလိမ့်မယ်။ မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာမဟုတ်တော့ဘူး....” မှော်ဆရာသည် သူ၏မျက်လုံးများကိုကျဥ်းမြောင်းလိုက်၏။ သူ၏မျက်လုံးများထဲတွင်အန္တရာယ်ရှိသည့်အရိပ်ယောင်များထွက်ပေါ်လာပြီး သူသည်ပို၍ပို၍ပင်စွမ်းအားများမြင့်တက်လာတော့သည်။

“လခြမ်းအလယ်လတ်အဆင့်...”

“လခြမ်းအမြင့်ဆုံးအဆင့်...”

“လပြည့်အနိမ့်ပိုင်းအဆင့်...”

“လပြည့်အလည်လတ်အဆင့်...”

“လပြည့်အမြင့်ဆုံးအဆင့်...”

“လပြည့်နောက်ဆုံးအဆင့်...”

မီးဂုဏ်သတ္တိစွမ်းအင်များသည် ဤလျို့၀ှက်သောအဖြူရောင်၀တ်ရုံနငှ် မှော်ဆရာ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တောက်လောင်နေရင်းဖြင့် ကြည့်ရှုနေကြသည့်မျက်နှာများသည်လည်း အံ့သြနေရာမှ တုန်လှုပ်သည့်အသွင်ပြင်သို့ ပြောင်းလဲလာတော့၏။ ဤမှော်ဆရာသည် စွမ်းအားမြင့်မားသည့်လူတစ်ယောက်ဖြစ်ကြောင်းကို သူတို့အားလုံးရိပ်မိပြီးဖြစ်သော်လည်း ဤမျှလောက်ထိအဆင့်ရှိလိမ့်မည်ဟု သူတို့ထင်မထားခဲ့သည့်အတွက်ပင်။

လပြည့်နောက်ဆုံးအဆင့် မှော်ဆရာတစ်ယောက်ပင်။ ဤမှော်ဆရာသည် နေအဆင့်သခင်တစ်ယောက်ဖြစ်ရန်အတွက် ခြေတစ်လှမ်းခန့်သာလိုတော့၏။ သူသည် လယ်ဗယ်၉အင်ပါယာကြီးများကပင် လေးစားရသည့် သိုင်းဆရာတစ်ယောက်ဖြစ်ရန်အတွက် ခြေတစ်လှမ်းသာလိုတော့သည့်လူပင်။

အလွန်ပင်ကြောက်စရာကောင်းသည့်မှော်ဆရာတစ်ပါးပင်။

ချက်ချင်းပင် ကြည့်နေကြသည့်သိုင်းဆရာများသည် ဖှေးအား သနားသည့်မျက်လုံးများဖြင့်ကြည့်လိုက်ကြ၏။

ချမ်းဘော့ဒ်ဘုရင်တွင် အလားလာများစွာရှိသည်မှာ မှန်သော်လည်း ထိုအချက်သည်စွမ်းအားအစစ်မှန်ရှိနေခြင်းမဟုတ်ပေ။ သူသည် တစ်နေ့တွင် အလွန်စွမ်းအားမြင့်မားသည့်သိုင်းဆရာတစ်ယောက်ဖြစ်နိုင်သော်လည်း ယခုအချိန်တွင်မူ ဤမှော်ဆရာ၏ရှေ့တွင်အလွန်အားနည်းနေသေး၏။ သံသယဖြစ်စရာပင်မလိုတော့ပဲ လူတိုင်းသည်ချမ်းဘော့ဒ်ဘုရင် သေဆုံးတော့မည်ဟု ယုံကြည်လိုက်ကြ၏။

အခြေအနေသည်ပြောင်းလဲသွားပြီဖြစ်သောကြောင့် ဟေဇယ်-ဘန့်ခ်သည်လည်းတိုက်ခိုက်ရန်အတွက်အသင့်ပြင်လိုက်၏။ ဖှေးအန္တရာယ်ရှိလာပါက သူသည် သူ၏စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာစတင်တိုက်ခိုက်တော့မည်ဖြစ်သည်။

သို့သော် ဘုရင်ရွေ့လိုက်သည့်အကွက်သည် အလွန်တုန်လှုပ်ဖွယ်ဖြစ်သည့်အတွက်ကြောင့် လူတိုင်းကျက်သေသေသွားကြ၏။

“ဟားဟား င့ါကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူးဟုတ်လား။ အတော်ဆိုးတာပဲ ကျွန်တော်ခင်ဗျားကို စိတ်ပျက်အောင်လုပ်ရတော့မှာတော့ စိတ်မကောင်းပါဘူး။” ဖှေးသည် ကြောက်လန့်ခြင်းမရှိပေ။ သူသည် ထိုအစား ယုံကြည်ချက်ရှိစွာဖြင့် ဂုဏ်ယူစွာရယ်မောနေ၏။ “ခွေးသားကြီး ခင်ဗျားကျွန်တော့်ကို တိုက်ခိုက်ရဲမှာမဟုတ်ပါဘူး...”

“ဘာ မင်းဘာပြောတယ်။ ဟားဟား...ဟားဟားဟား စောက်ပိန်းပဲ။ မင်းက တကယ့်စောက်ပိန်းပဲ။ မင်းက ဇီးနစ်အင်ပါယာက ဆွေကြီးမျိုးကြီးဆိုတဲ့ ရာထူးအရှိန်၀ါက င့ါကို ကြောက်လန့်စေမယ်ထင်နေတာလား။ ဟားဟား ငါကမင်းတို့ရဲ့ အင်ပါယာအရှင်သခင်ယရှင်းကိုတောင် ကြောက်ခဲ့တဲ့ကောင်မဟုတ်ဘူးကွ။ မင်းတို့ အင်ပါယာဆိုတာက င့ါမျက်လုံးထဲမှာ ပုရွတ်ဆိတ်လေးတစ်ကောင်လိုပဲ...” မှော်ဆရာသည် ဖှေး၏အပြုမူကြောင့် ဒေါသထွက်သွား၏။

သူသည် ဖှေးအား လူသေတစ်ယောက်ကဲ့သို့ပင် စတင်၍ မြင်ယောင်လာနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် စွမ်းအားမြင့်မားသည့်အဆင့်မြင့် မှော်မန္တန်တစ်ခုကိုပင် စတင်၍ ရွတ်ဆိုနေပြီဖြစ်သည်။ သူသည် ဒေါသကို ဖြေဖျောက်ရန်အတွက် မာနထောင်လွှားသည့်မှော်ဆရာအား အစွမ်းတစ်ခုတည်းဖြင့်ပင် အသေသတ်ရန်စီစဥ်နေခြင်းပင်။

သို့သော် မှော်ဆန်သည့်အရာတစ်ခုဖြစ်ပျက်သွား၏။

သူကောင်းမွန်စွာမှတ်သားထားသည့်မှော်မန္တန်ကို ပြီးအောင်မရွတ်ဆိုနိုင်သေးခင်မှာပင် သူ၏မျက်နှာအမူယာသည်ပြောင်းလဲသွားပြီး မန္တန်ကို ဆက်လက်ရွတ်ဆိုနိုင်ခြင်းမရှိတော့ပေ။

ဖှေး၏ခြေထောက်အောက်မှ ရွှေရောင်စွမ်းအင်မီးတောက်များအဆက်မပြတ်စတင်၍ တောက်လောင်လာတော့သည်။ ထိုမီးတောက်များသည် အလွန်ခမ်းနားကာမြင့်မြတ်သည့်အရှိန်၀ါများကို ထုတ်လွှတ်နေ၏။ သူတို့သည် နတ်ဘုရားများ၏ စွမ်းအင်ကို ပြသနေသည့်အတိုင်းပင် ပို၍အားနည်းသည့်လူများဆိုလျှင် ဒူးထောက်လိုစိတ်များပင်ပေါ်ပေါက်လာ၏။

ဤသည်မှာ မဟာဘုရားကျောင်း၏ရွှေရောင်မြင့်မြတ်သောစွမ်းအင်များပင်။

မဟာဘုရားကျောင်းမှလူများနှင့် ဖှေးအကြောင်းကို သိပြီးသားဖြစ်သည့်ဟေဇယ်-ဘန့်ခ်မှ လွှဲ၍ ကျန်ရှိနေသည့်လူများသည် ဖှေးအား တစ္ဆေတစ်ကောင်ကဲ့သို့ပင် ၀ိုင်းကြည့်နေကြ၏။

“ချမ်းဘော့ဒ်ဘုရင်က တကယ်တန်း မဟာဘုရားကျောင်းက သူတော်စင်တစ်ယောက်လား...” သူတို့ဦးနှောက်များသည် ဤအချက်ကို မလိုက်နိုင်တော့သလိုပင်။

ပို၍မယုံနိုင်သလို ခံစားလိုက်ရသည့်လူသည် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာပင်။

သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်နေရာမှ အနီရောင်သန်းလာ၏။ အနီရောင်မှ မဲမှောင်လာ၏။ သူ၏နှုတ်ခမ်းများတွန့်လိမ်လာကာ သူ၏အညိုရောင်ဆံပင်များသည် သူ့အား လူပျက်တစ်ယောက်နှင့်ပင်တူနေစေ၏။ သူ၏ကြောက်မက်ဖွယ်လပြည့်နောက်ဆုံးအဆင့်စွမ်းအားများသည် သူ့အား စိုးမိုးနိုင်သည့်ပုံပေါက်မနေစေတော့ပဲ ပို၍ပင် သနားစဖွယ်ကောင်းသည့်ပုံဖြစ်လာ၏။

သူ၏ ရှေ့တွင်ရှိနေသည့်ဘုရင်ငယ်ကို မသတ်နိုင်တော့ပေ။

သူမသတ်ရဲတော့ပေ။

မဟာဘုရားကျောင်းမှ ခွေးတစ်ကောင်ကိုပင် လွယ်ကူစွာသတ်ဖြတ်၍မရနိုင်ပေ။ အဖိုးတန်ရတနာတစ်ခုကဲ့သို့ဖြစ်နေသည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ဆိုပါက ဆံပင်တစ်ချောင်းကိုပင် ထိုလို့ရလိမ့်မည်မဟုတ်ပေ။ အကယ်၍ ဤအဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည်သာ ဖှေးအားသတ်လိုက်ပါက သူအေဇာရုတိုက်ပေါ်သို့ ပြန်ရောက်သည်နှင့်တပြိုင်နက် မဟာဘုရားကျောင်းကွပ်မျက်ရေးဌာန၏ လိုက်လံသတ်ဖြတ်ခြင်းကိုခံရတော့မည်ဖြစ်သည်။ နေအဆင့်သခင်များကိုပင် မဟာဘုရားကျောင်းကွပ်မျက်ရေးဌာနမှ လိုက်လံရှာဖွေကာ သတ်ဖြတ်ခဲ့ဖူးသည့်အတွက်ကြောင့်ပင်။

ထို့အပြင် ကွပ်မျက်ရေးဌာနမှ အဖွဲ့တစ်ခုသည်လည်း ယခုနေရာတွင်ရောက်ရှိနေကြ၏။

လူတိုင်းမှ သူတို့အားကြည့်နေကြသည့်အတွက် မဟာဘုရားကျောင်းမှလူများသည်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာလုပ်လို့ လုပ်ရမလဲမသိပဲဖြစ်နေကြ၏။ နောက်ဆုံးတွင် သူတော်စင်ဂျက်စီသည်လမ်းလျှောက်ထွက်သွားကာ ဖှေး၏အနောက်တွင် ရပ်လိုက်ပြီး သူ၏ထောက်ခံခြင်းကိုပြသလိုက်သည်။ မဟာဘုရားကျောင်း၏ ကျောင်းတော်များထဲတွင် တိုက်ပွဲမည်မျှပင် ပြင်းထန်စေကာမူ မဟာဘုရားကျောင်း၏ ဂုဏ်ရှိန်ကိုကာကွယ်ရန်အတွက် သူသည် ဖှေးနှင့်အတူရပ်တည်ပေးရမည်ဖြစ်သည်။

“ဘယ်လိုထင်လဲခွေးသားကြီး ခင်ဗျားကျွန်တော့ကို သတ်ရဲသေးလား...” ဖှေးသည် သူ၏ ဂုဏ်ယူ၀င့်ကြွားခြင်းနှင့် ခနဲ့လိုခြင်းတို့ကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူသည် လေပေါ်ပျံ၀ဲနေသည့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာကို မထီမဲ့မြင်ကြည့်ကာ မေးလိုက်၏။

အကယ်၍ ဖှေးသည် ဟေဇယ်-ဘန့်ခ်နှင့်ပူးပေါင်းတိုက်ခိုက်ပါက ဤမှော်ဆရာအား ခက်ခက်ခဲခဲဖြင့် အနိုင်ယူကောင်းယူနိုင်လောက်သည်။ သို့သော်လည်း ထိုအကြံမှာကောင်းသည့်အကြံတစ်ခုမဟုတ်ပေ။ ဟေဇယ်-ဘန့်ခ်၏ သရုပ်မှန်နှင့် သူ၏ ဆက်သွယ်ချက်တို့အားလူတိုင်းသိရှိသွားမည်ဖြစ်ပြီး ဖှေးသည် နတ်ဆိုးများနှင့် အပေးယူလုပ်ခဲ့သည့်လူတစ်ယောက်အဖြစ် အေဇာရုတိုက်ပေါ်တွင် တစ်နေ့အတွင်းမှာပင် ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။ ဤတိုက်ကြီးသည်ကြီးမားလှသော်လည်း ထိုကဲ့သို့သော် သတင်းသာပြန့်နှံ့သွားပါက ချမ်းဘော့ဒ်တိုင်းပြည်မှ ပြည်သူ၂၀၀၀သည်ပုန်းအောင်းစရာနေရာရှိတော့မည်မဟုတ်ပေ။

အမှန်ပင် ဖှေးထံတွင်တစ်ခြားသော ၀ှက်ဖဲများလည်းရှိနေဆဲဖြစ်သော်လည်း လက်ရှိတွင် အသုံးပြုလိုခြင်းမရှိသေးပေ။

သူသည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်သည်ဟူသည့်အချက်ကို ထုတ်ဖော်လိုက်ခြင်းသည် အကြောင်းပြချက်များစွာရှိ၏။ သူသည် လက်ရှိတွင်မဟာဘုရားကျောင်းမှအဖွဲ့၀င်တစ်ယောက်အဖြစ် ဟန်ဆောင်နေခြင်းဖြစ်သော်လည်း တစ်နေ့နေ့တွင်အဖွဲ့၀င်အစစ်မှန်တစ်ယောက်ဖြစ်လာနိုင်၏။ အကယ်၍ တစ်စုံတစ်ယောက်သည် မဟာဘုရားကျောင်း၏ ရန်ဘက်မဟုတ်ပဲ ရွှေရောင်မြင့်မြတ်သောစွမ်းးအားများကို ပိုင်ဆိုင်ထားပါက သူ့အား ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်လာမည့်လူဟုသတ်မှတ်နိုင်၏။ သူသည် ဤနေရာတွင်ရှိနေသည့်လူများအား ဖော်ထုတ်ပြသလိုက်ခြင်းဖြင် မဟာဘုရားကျောင်းမှလူများလာရောက်ခေါ်ဆောင်မည့်အချိန်ကို စောင့်နေနိုင်ရန်လည်းဖြစ်သည်။

သို့သော် ဖှေးသည် မဟာဘုရားကျောင်းနှင့် အလုပ်လုပ်လိုခြင်းမရှိပေ။ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ဟူသောအချက်နှင့်မဟာဘုရားကျောင်း၏ နာမည်တို့ကိုအသုံးချ၍ ချမ်းဘော့ဒ်တိုင်းပြည်အား ပို၍လုံခြုံအောင်ပြုလုပ်လို၍လည်းဖြစ်သည်။ ဖှေအား တိုက်ခိုက်လိုသည်လူတိုင်းသည် ဖြစ်လာနိုင်သည့်အကျိုးဆက်များကို ပြန်လည်ချင့်ချိန်လာမိစေမည်ဖြစ်၏။

အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် ဒေါသဖြစ်နေသာ်လည်း ဘာမှပြောခြင်းမရှိပေ။

သူ၏ အစိမ်းရောင်မျက်လုံးများထဲတွင် အလင်းရောင်များတောက်ပနေလျှက်ရှိပြီး ထိုအလင်းရောင်များသည် တစ်ခါတစ်ရံတွင် အန္တရာယ်များနေ၏၊ တစ်ခါတစ်ရံတွင် နူးညံ့နေပြီး တစ်ခါတစ်ရံတွင် ဒေါသကြောင့် ရူးသွပ်နေသည့်အတိုင်းပင်။ သူသည် တွေ၀ေနေသည်မှာ ထင်ရှားလှသည်။ သူသည် ဖှေးအားသတ်ဖြတ်လိုပါက မဟာဘုရားကျောင်းမသိအောင်သတ်ဖြတ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ဆိုပါက ဤနေရာတွင်ရှိနေသည့်လူများအားလုံးကိုပါ နှုတ်ပိတ်သည့်အနေဖြင့် သတ်ဖြတ်ပစ်ရမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ခုပင်။

All Chapters