← Chapters

အခန်း (၆၀၈)

Vol. 39 Ch. 608

အခန်း (၆၀၈)

Vol. 39 Ch. 608

“နေပါဦး ကျွန်တော်တို့ နားလည်မှုလွဲနေတယ်ထင်ပါတယ်။ ကျွန်တော်တို့ကို တိုက်ခိုက်စရာမလိုပါဘူး မှော်ဆရာကြီး။ ကျွန်တော်ကပဲ ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်တဲ့ အလတ်ဇန္ဒားအစားတောင်းပန်ပါတယ်။ ကျွန်တော်တို့ဒီမှာတင်ရပ်လိုက်ရအောင်...” လျို့၀ှက်သည့် မှော်ဆရာ၏မျက်လုံးများထဲတွင်ရှိသော အန္တရာယ်ရှိသည့်အရိပ်ယောင်များကို မြင်တွေ့လိုက်ရသုည့်အချိန်တွင် ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရီနီသည် ကြောက်လန့်သွားပြီး အလျှင်မြန်ပင် ပြောလိုက်၏။

ဤသည်မှာ မဟာဘုရားကျောင်းကိုယ်တိုင်ကပင် အရှုံးပေးနေသကဲ့သို့ဖြစ်သောကြောင့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာအတွက် နောက်ဆုတ်လိုက်ရန်အတွက် အခွ့င်ကောင်းတစ်ခုပင်။

အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် ပယ်လီဂရီနီအား တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် အန္တရာယ်ရှိသည့်အရိပ်ယောင်များရှိနေဆဲပင်။ သူသည်အရာအားလုံးကို ဒီတိုင်းလွှတ်ပေးလိုက်လိုခြင်းမရှိသည်မှာ ထင်ရှားလှ၏။ ခနတာခန့်တိတ်ဆိတ်သွားပြီးသည့်နောက်တွင် သူရယ်မောကာ မေးလိုက်၏။ “တကယ်လို့ ငါသဘောမတူဘူးဆိုရင်ရော...”

“ဟမ်...” ပယ်လီဂရီနီသည် ဤကဲ့သို့ တုန့်ပြန်မှုကို မျှော်လင့်ထားခဲ့ခြင်းမရှိပေ။

“ဒီမှော်ဆရာက ဖင်ယားလှချည်လား။ သူက မဟာဘုရားကျောင်းကိုတောင်မှ ဂရုမစိုက်ဘူးဆိုတဲ့သဘောပေါ့...” သူတွေးလိုက်မိသည်။ သို့သော် ထိုလူထံမှ စွမ်းအားမြင့်မားသည့်အရှိန်၀ါများကို အာရုံခံလိုက်မိပြီးသည့်အချိန်တွင် သူမည်ကဲ့သို့ တုန့်ပြန်ရမည်မှန်းမသိဖြစ်သွား၏။

“မိတ်ဆွက ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ် အလတ်ဇန္ဒားကို သတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာရှိနေတဲ့ လူတွေအကုန်လုံးကို သတ်မှရလိမ့်မယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီသတင်းပြန့်သွားတာနဲ့ မဟာဘုရားကျောင်းက ကွပ်မျက်ရေးတပ်ဖွဲ့ရောက်လာရင် မိတ်ဆွနောက်နေ့နေထွက်တာကို မြင်နိုင်တော့မှာမဟုတ်တော့ဘူး...” သူတော်စင်ဂျက်စီသည်အရှေ့သို့ ခြေတစ်လှမ်းတက်ကာ ဖှေး၏အရှေ့မှ ကာရပ်လိုက်သည်။ သူသည် စိတ်တည်ငြိမ်နေကာ သူ၏အသံနေထားသည် ယဥ်ကျေးသိမ်မွေ့နေသော်လည်း ပယ်ရီဂရီနီနှင့်နှိုင်းယှဥ်ကြည့်ပါက သူသည် ပို၍ ကြောက်လန့်ဖွယ်ပင်။

ဖှေး၏မျက်လုံးများလင်းလတ်သွားပြီး ပထမဆုံးအနေဖြင့် ဤသူတော်စင်ကို သေချာကြည့်လိုက်မိသည်။

“ဟဟ ဒီနေရာမှာရှိတဲ့ လူတွေအားလုံးကို သတ်မှရမယ်ဟုတ်လား။ ငါမလုပ်နိုင်လောက်ဘူးလို့ မင်းထင်နေတာလား...” အဖြူရောင်၀တ်ရုံနှင့် မှော်ဆရာသည် ပို၍ရူးသွပ်လာသည့်အတိုင်းပင်။ အန္တရာယ်ရှိသည့်အရိပ်ယောင်များသည်လည်း လေထုထဲတွင်ပျံ့နှံ့သွား၏။ လူတိုင်းမတုန့်ပြန်နိုင်သေးခင်မှာပင် ဤအဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် သူ၏လက်ကို၀ှေ့ရမ်းလိုက်ရာ ကြိုတင်ပြင်ဆင်ထားသည့်မီးတောက်နှစ်ခုသည် ပယ်လီဂရီနီနှင့် ဂျက်စီတို့ထံသို့ ပျံသန်းသွား၏။

“မင်း...” ဤအန္တရာယ်ကြီးမားသည့် တိုက်ခိုက်မှုကို မြင်သည့်အချိန်တွင် ပယ်လီဂရီနီ၏ မျက်လုံးများသည်လည်း ချက်ချင်းပင် ကျဥ်းမြောင်းသွား၏။

ကံမကောင်းစွာပင် သူ၏ လယ်ဗယ်၇အလယ်လတ်လသစ်အဆင့်စွမ်းအင်များသည် မြန်ဆန်ခြင်းမရှိခဲ့ပေ။ သူ၏ မြင့်မြတ်သောစွမ်းအင်များတောက်ပလာသည့်အချိန်တွင် အနီရောင်မီးတောက်များသည် သူ့အား ၀ါးမျိုသွား၏။ ဓာတ်ဆီတိုင်ဂီအတွင်းသို့ မီးတောက်များပစ်ထည့်လိုက်သည့်အတိုင်းပင် မီးတောက်များသည် ပို၍ပင်ပြင်းထန်စွာတောက်လောင်လာတော့၏။ ပယ်လီဂရီနီသည် ချက်ချင်းပင်မီးလုံးတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး တစ်စက္ကန့်အချိန်မျှ အော်ဟစ်ပြီးသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်သည်လည်း မီးခိုးများအဖြစ်သို့ပြောင်းလဲသွားတော့၏။ ပြာမှုန့်များပင် ကျန်ခဲ့ခြင်းမရှိတော့ပေ။

တစ်ဖက်တွင် ပယ်လီဂရီနီထက်များစွာပို၍ စွမ်းအားမြင့်မားသည့် ဂျက်စီသည် လျှင်မြန်စွာတုန့်ပြန်နိုင်လိုက်၏။ သူ၏ ကောင်းချီးပေးခြင်းအတောင်ပံများပေါ်ပေါက်လာပြီး မြင့်မြတ်သောစွမ်းအားများသည်လည်းတောက်ပလာတော့၏။ ထိုအတောင်ပံများအား ရှေ့သို့ ဆန့်တန်းလိုက်ပြီး သေစေနိုင်သောမီးတောက်များကို ကာကွယ်လိုက်သည်။

ထိုတုန့်ပြန်မှုသည် သူ၏အသက်ကို ကယ်တင်နိုင်ခဲ့၏။

အတောင်ပံများသည် စွမ်းအားမြင့်မားသည့် မီးတောက်များကိုခံနိုင်ခြင်းမရှိသော်လည်း ဂျက်စီအော်ဟစ်လိုက်သည့်အချိန်တွင် နောက်ထပ်အတောင်ပံတစ်ခုထွက်ပေါ်လာ၏။ အတောင်ပံများသည် သူ၏ခန္ဓာကိုယ်အား ပတ်ထားလျှက် မီးတောက်များကို ကာရံပေးနေလျှက်ရှိသည်။

နောက်အခိုက်တန့်တွင် မီးတောက်များသည် သူ၏ အတောင်ပံများကို ထက်မံ၍လောင်မြိုက်သွား၏။ သို့သော်လည်း ထိုကဲ့သို့လောင်မြိုက်နေခြင်းကြေတာင့် ဂျက်စီသည် လွတ်မြောက်ရန်အတွက် အချိန်ရသွား၏။ ဤသူတော်စဥ္သ်သည် မည်ကဲ့သို့နည်းလမ်းကို အသုံးပြုလိုက်သည်ကို မည်သူမှသေသေချာချာမြင်လိုက်ရခြင်းမရှိပေ။ သို့သော်လည်းအဖြူရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး သူသည်မီတာ၂၀ခန့်၀ေးသည့်နေရာသို့ရောက်ရှိသွား၏။

“ဒါက ရူးသွပ်တာပဲ။ သူရူးနေတာပဲ...”

“မင်းက မဟာဘုရားကျောင်းတဲ့ ၀တ်ရုံနီ၀တ်သူတော်စင်တစ်ယောက်ကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်းတော့ သေပြီ။ မင်းတော့ သေချာပေါက်သေပြီ။ မင်းက ၀ေလုတောင်ပေါ်မှာ အရှင်လတ်လတ်မီးရှို့သတ်တာခံရတော့မှာ...”

တစ်ဖက်တွင် တိုက်ခိုက်ခြင်းမခံရသည့် မဟာဘုရားကျောင်းမှလူများလည်း တုန်လှုပ်သွား၏၊ တစ်စက္ကန့်အတွင်းမှာပင် ဤ၀တ်ရုံအဖြူနှင့်မှော်ဆရာသည် မဟာဘုရားကျောင်းမှ အဖွဲ့၀င်တစ်ယောက်ကို သတ်ဖြတ်လိုက်၏။ ဤသည်မှာ မဟာဘုရားကျောင်းအား ပွင့်ပွင့်လင်းလင်းပင်စစ်ကြေငြာလိုက်ခြင်းပင်။ အလွန်ရဲတင်းလှ၏။

“ဟမ် မင်းက င့ါသိုင်းကွက်ကို ရှောင်လိုက်တာလား။ အံ့သြစရာပဲ...” သတ်ဖြတ်လိုစိတ်များပြင်းထန်နေသည့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် ဂျက်စီသည် သူ၏သိုင်းကွက်ကို ရှောင်နိုင်လိုက်သည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့်အံ့သြသွား၏။

သို့သော် သူသည် အနည်းငယ်သာ အံ့သြသွားခြင်းပင်။

နောက်အခိက်တန့်တွင် သူသည် ရူးနေသူတစ်ယောက်ကဲ့သို့ ရယ်မောကာ လေပေါ်သို့ ပျံတက်သွားရင်းဖြင့် သူ၏လက်များကို ၀ှေ့ရမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရူးလောက်သည့်စွမ်းအင်အရှိန်၀ါများစွာထွက်ပေါ်လာပြီး လူတိုင်းထိတ်လန့်သွားကြ၏။ သူတို့၏မျက်လုံးများရှေ့တွင် ကမ္ဘာကြီးတစ်ခုလုံးပြောင်းလဲသွားသကဲ့သို့ သူတို့ခံစားလိုက်ရသည်။ သူတို့၏အမြင်အာရုံများ၀ေ၀ါးသွားပြီး သူတို့သည် တစ်ခြားကမ္ဘာတစ်ခုသို့ ရွေ့ပြောင်းခြင်းခံလိုက်ရသလိုပင်။

ဤအခိုက်တန့်တွင် လူတိုင်းသည် ရာစုနှစ်များစွာအား ဖြတ်သန်းလာရသလိုခံစားလိုက်ရ၏။

သူတို့၏အမြင်အာရုံများပုံမှန်ပြန်ဖြစ်လာသည့်အချိန်တွင် အရာအားလုံးပြောင်းလဲသွား၏။

တောင်တန်းများမရှိတော့ပေ၊ အစိမ်းရောင်မြက်ပင်များလည်းမရှိတော့ပေ။ အနီးနားတွင်ရှိနေသည့် အိုဟောင်းနေသည့် အဆောက်ဦးများလည်းမရှိတော့ပေ။ လျှင်မြန်စွာစီးဆင်းနေသည့် မြစ်ချောင်းများလည်းမရှိတော့ပေ။ အရာအားလုံးသည် ကွဲပြားသွား၏။

ယခုအချိန်တွင် သူတို့သည် ထူးဆန်းသည့်နေရာတစ်ခုတွင်ရောက်ရှိနေကြ၏။ သူတို့သည် တောင်ထိပ်တစ်ခုပေါ်တွင်တည်ရှိသည့် အချင်း၀က်၁၀၀မီတာခန့်ကျယ်၀န်းသည့်နေရာတစ်ခုတွင်ရောက်ရှိနေကြခြင်းပင်။ တောင်အောက်တွင်လည်း တိမ်များပျံသန်းနေရမည့်အစား ဆူပွက်နေသည့် ချော်ရည်ပူများရှိနေ၏။

ပင်လယ်ပြင်ကြီးလိုပင် ထိုချော်ရည်ပူများသည် မိုးကုက်စက်၀ိုင်းထိပင်ရောက်နေလျှက်ရှိပြီး ဆူပွက်ကာ အပူရှိန်များကိုထုတ်လွှတ်နေ၏။ ဤနေရာတွင်ရှိနေသည့်လူများအားလုံးသည် သိုင်းဆရာများဖြစ်ကြသော်လည်း သူတို့သည် အပူရှိန်ကြောင့် ချွေးများအပြိုင်းပြိုင်းကျနေ၏။

“ဘာတွေဖြစ်ကုန်တာဲ...” မဟာဘုရားကျောင်းမှ သူတော်စင်တစ်ယောက်သည် အံ့သြကာ ကြောက်လန့်နေသည့်ပုံပင်။ သူသည် တုန်ယဥ်နေသည့် အသံတစ်ခုဖြင့်မေးလိုက်သည်။ “ငါတို့ တွေဘယ်လိုဖြစ်ပြီးတော့ ဒီနေရာကို ရောက်လာတာလဲ...”

“ဒါက...” အောက်လမ်းဆရာ ဟေဇယ်-ဘန့်ခ်တွင် ဤနေရာတွင်ရှိနေသည့် ထိပ်တန်းသိုင်းဆရာများထဲမှတစ်ယောက်ဖြစ်သည့်အတွက် တစ်စုံတစ်ရာကို နားလည်သွား၏။ သူ၏ အမူယာသည် ပြောင်းလဲသွားပြီး ဖှေး၏ ဘေးသို့ ရောက်ရှိသွားကာ ဖှေး၏နားအနီးသို့ ကပ်ပြောလိုက်သည်။ နောက်အခိုက်တန့်တွင် ဖှေးသည်လည်း တုန်လှုပ်သွားတော့၏။

“ဟားဟားဟား...” ကြောက်မက်ဖွယ်ကောင်းသည့် ရယ်သံတစ်ခုကျယ်လောင်စွာပင် ထွက်ပေါ်လာ၏။ သူ၏စွမ်းအားများကို ထုတ်ဖော်ပြသနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် လျို့၀ှက်သည့်မှော်ဆရာ၏အသံသည် ထက်မံ၍ ထွက်ပေါ်လာပြန်၏။ “ဟားဟား ပုရွတ်ဆိတ်လိုကောင်တွေ မရဏကမ္ဘာကနေကြိုဆိုပါတယ်...”

သူ၏ စကားမဆုံးသေးခင်မှာပင် ချော်ရည်များသည် စတင်၍ ဆူပွက်လာတော့၏။

ချော်ရည်များထဲတွင်ကြီးမားသည့် ပူပေါင်းကြီးတစ်ခုပေါ်လာကာ မီတာ၁၀၀ခန့်ရှည်လျားသည့် ချော်ရည်တိုင်လုံးကြီးတစ်ခုအဖြစ်ထွက်ပေါ်လာတော့သည်။

လူတိုင်းထိထ်လန့်စွာဖြင့် ကြည့်နေသည့်အချိန်မှာပင် ပို၍ထူးဆန်းသည့်အရာများစတင်၍ ဖြစ်ပေါ်လာတော့သည်။

ထိုချော်ရည်သည် ကိုယ်ပိုင်အသက်၀င်နေသည့်အတိုင်းပင် စတင်၍ လှုပ်ရှားလာ၏။ အဖြည်းဖြည်းဖြင့် ခေါင်းများ၊ ခြေလက်များ၊ ခြေချောင်းများ၊ မျက်နှာအမူယာများထွက်ပေါ်လာတော့သည်။ နောက်ဆုံးတွင် ကြီးမားသည့် ချော်ရည်ပူလူသားကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီး သူ၏လက်နှစ်ဖက်တွင်လည်းမီးများတဟုန်းဟုန်းတောက်လောင်နေတော့သည်။ ထို့အပြင် ထိုသတ္တ၀ါကြီး၏မျက်လုံးများထဲတွင် အစိမ်းရောင်မီးတောက်များရှိနေပြီး ထိုအစိမ်းရောင်မီးတောက်များသည် ပတ်ပတ်လည်တွင်ရှိနေသည့် ချော်ရည်များထက်ပင် အဆပေါင်းများစွာပို၍ ပူလောင်သည့်ပုံရှိနေ၏။

ဖှေးသည် ထို ချော်ရည်ပူသတ္တ၀ါကြီးအား အသေချာကြည့်လိုက်ရင်းဖြင့် ရင်းနီးသည့်အရှိန်၀ါတစ်ခုကို အာရုံခံလိုက်မိ၏။

“အား ဘုရားရေ ဒါက နေမူမှားခြင်းပဲ။ ဒီလူက နေအဆင့်သခင်တစ်ယောက်ပဲ။ သူက နေအဆင့်သခင်တစ်ယောက်ပဲ ငါတို့တွေတော့ သေပြီ...” နောက်ဆုံးတွင် မဟာဘုရားကျောင်းမှ သူတော်စင်တစ်ယောက်သည် ဖြူဖကဖြူယော်ဖြစ်နေသည့်မျက်နှာဖြင့် အော်ဟစ်လိုက်၏။

“ဟားဟား မင်းတို့တွေထဲမှာ ဉာဏ်ကောင်းတဲ့လူတစ်ချို့ရှိနေသေးတာပဲ။ အေးဟုတ်တယ် ငါက လွန်ခဲ့တဲ့တစ်နှစ်က နေအဆင့်ကို ရောက်ရှိခဲ့တာပဲ။ င့ါရဲ့ နေမူမှားခြင်းကိုလည်းရရှိခဲ့တယ်။ ဟားဟားဟား အခုတော့နောက်ကျသွားပြီလေ။ မင်းတို့တွေအကုန်လုံး ငါ့ရဲ့[မီးတောက်ကမ္ဘာ]ထဲမှာရောက်နေကြပြီ။ င့ါရဲ့လက်တစ်ချာင်းကို ရွေ့လိုက်ရုံနဲ့ မင်းတို့တွေအားလုံးကို သတ်ပစ်လိုက်လို့ရတယ်။ ငါက ၀တ်ရုံနီ၀တ်သူတော်စင်တစ်ယောက်ကို သတ်ခဲ့တာကို ဘယ်သူမှသိမှာမဟုတ်တော့ဘူးလေ...” နောက်ထပ်ရယ်မောသံများထွက်ပေါ်လာပြန်၏။

ရုတ်တရက်ပင် ထိုချော်ရည်ပူသတ္တ၀ါကြီး၏ခေါင်းပေါ်တွင် အစိမ်းရောင်မျက်လုံးများနှင့် အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာ သူ၏မှောင်တောင်၀ှေးကို ကိုင်ဆွဲထားလျှက်ပေါ်လာတော့၏။ ဤအခိုက်တန့်တွင် သူသည် လိမ္မော်ရောင်မီးတောက်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကာရံထားသည်။ ခေါင်းကိုသာဖော်ထားပြီး အောက်တွင်ရှိနေသည့် လူများအားလုံးကို နတ်ဘုရားတစ်ပါးကဲ့သို့ ငုံ့ကြည့်နေ၏။ သူသည်အရာအားလုံးကို ထိန်းချုပ်ထားနိုင်သလိုပင်။

အခြေအနေအားမသိသေးသည့် ပို၍အားနည်းသောလူများသည်လည်း နားလည်သွားကြ၏။

“ဒီမှော်ဆရာက နေအဆင့်သခင်တစ်ပါးလား...” သူတို့အားလုံးတွေးလိုက်မိကြသည်။

ဖှေးသည်လည်း အနည်းငယ်အံ့သြသွား၏။

သူသည် အတွက်မှားသွားခဲ့ခြင်းပင်။ ဤမှော်ဆရာသည် မာနထောင်လွှားနေကာ ဤနေရာတွင်ရှိနေသည့်လူတိုင်းကို သတ်နိုင်သည်ဟုထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်ပေ။ သူသည်အမှန်တကယ်ပင် သတ်နိုင်နေခဲ့ခြင်းပင်။

သို့သော်ဘုရင်သည် စိုးရိမ်ခြင်းမရှိပေ။ ထိုအစားသူသည် အနည်းငယ်ပင်စိတ်လှုပ်ရှားနေ၏။

All Chapters