← Chapters

အခန်း (၆၀၉)

Vol. 39 Ch. 609

အခန်း (၆၀၉)

Vol. 39 Ch. 609

ဖှေးအတွက် နေအဆင့်သခင်များသည် ဒဏာရီလာများကဲ့သို့ပင်။ ဤကမ္ဘာပေါ်တွင် ကျင့်ကြံသူများစွာရှိသော်လည်း သူတို့ထဲမှအများစုသည် နေအဆင့်သခင်များကို မတွေ့ဖူးကြပေ။ အေဇာရုတိုက်ပေါ်တွင် နေအဆင့်ရှိသည့် ကျင့်ကြံသူများသည် လျို့၀ှက်ခြင်း၊ စွမ်းအား၊ ပြိုင်ဘက်ကင်းမဲ့ခြင်းနှင့် နှိုင်းယှဥ်၍မရနိုင်သည့် ဂုဏ်သရေတို့ကို ကိုယ်စားပြုကြ၏။ ဘုရင်သည် နေအဆင့်သခင်တစ်ယောက်ဖြစ်လိုနေခဲ့ပြီး ယခုအချိန်တွင် သူ၏မျက်လုံးများဖြင့် ကိုယ်တိုင်နေအဆင့်သခင်တစ်ယောက်အားမြင်တွေ့ခွ့င်ရလိုက်၏။

နေအဆင့်သခင်များပြိုင်ဘက်ကင်းမဲ့ရခြင်းမှာ သူတို့သည် သဘာ၀နိယာမများကိုပို၍ ထိန်းချုပ်လာနိုင်ပြီး နေမမူမမှန်ခြင်းဟုခေါ်သည့် နည်းပညာတစ်ခုကို ပိုင်ဆိုင်ထားသည့်အတွက်ပင်။ မှော်စွမ်းအင်များ၊ အတွင်းအားစွမ်းအင်များသည် နေမူမမှန်ခြင်းနှင့် နှိုင်းယှဥ်ကြည့်ပါက ဘာမှမဟုတ်လှပေ။

နေမူမမှန်ခြင်း။

နေမူမမှန်ခြင်းဆိုသည်မှာ နေအဆ့င်သခင်များဖန်တီးထားသည့် ကမ္ဘာငယ်များကို ခေါ်ခြင်းပင်။ စွမ်းအားမြင့်သိုင်းဆရာများသည် ဤလောက၏ နိယာမများကို ပို၍နားလည်လာသည့်အချိန်တွင် သူတို့အတွက် ပို၍အားသာနိုင်သည့် စစ်မြေပြင်များကို ဖန်တီးနိုင်လာကြသည်။ နေမူမမှန်ခြင်းများသည် သူတို့ဖန်တီထားသည့် ကမ္ဘာများဖြစ်သောကြောင့် ထိုထဲတွင် သူတို့နှင့်အဆင့်တူသိုင်းဆရာများနှင့် တိုက်ခိုက်လျှင်ပင် ပြိုင်ဘက်ကင်းလုနီးနီးပင်။ လူတစ်ယောက် သူတို့အား အနိုင်ယူနိုင်သည့် တစ်ခုတည်းသောနည်းလမ်းသည် နေမူမမှန်ခြင်းကို ဖျက်ဆီးပစ်ရန်ပစ်ပြီး ထိုကဲ့သို့ ပြုလုပ်ရန်မှာလည်း စွမ်းအားများစွာလိုအပ်၏။

သိုင်းဆရာတစ်ယောက်အတွက် နေမူမမှန်ခြင်းထဲသို့ ဆွဲသွင်းခံလိုက်ရခြင်းသည် သူသို့မဟုတ် သူမအတွက် အိမ်မက်ဆိုးတစ်ခုပင်။

အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် နေအဆင့်သခင်တစ်ယောက်ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ထားခဲ့ခြင်းမရှိသည့်အတွက် သူတို့သည် ဤမှော်ဆရာ၏ ကမ္ဘာထဲသို့ လွယ်လွယ်ကူကူဖြင့် ဆွဲသွင်းခံလိုက်ရခြင်းပင်။ တစ်ချက်ခြေလှမ်းမှားလိုက်ခြင်းကြောင့် သူတို့သည် အသက်ဖြင့် ပြန်လည်ကာ ပေးဆပ်ရတော့မည်ဖြစ်သည်။

ဤလူသည် မီးဂုဏ်သတ္တိစွမ်းအင်အသုံးပြုသည့် မှော်ဆရာတစ်ယောက်ဖြစ်သည့်အတွက် ဤကမ္ဘာထဲတွင် မီးများဖြင့် ပြည့်နှက်နေခြင်းပင်။ အပူရှိန်များသည် နေရာအနှံ့တွင်ရှိနေပြီး မီးစွမ်းအင်မှော်ဆရာများတိုက်ခိုက်ရန်အတွက် အကောင်းဆုံးနေရာတစ်ခုပင်။

“သေစမ်း မင်း ဒီကောင်လေးကို သတ်ချင်သတ်လိုက်လေ။ င့ါကိုပါ ဘာလို့ ဒီထဲကို ဆွဲထည့်လာတာလဲ...” ခေါင်းပြောင်လူသန်ကြီး အင်ပါယာအရှင်သခင် ခရွန်ကန့်မှ အော်ဟစ်လိုက်သည်။ သူသည် ဤမှော်ဆရာထက်သာစွမ်းအားကြီးမားနေပါက စတင်တိုက်ခိုက်ပြီးနေလောက်ပြီဖြစ်သည်။

“ဟားဟားဟား မိုက်မဲတဲ့မေးခွန်းတစ်ခုပဲ။ ဒါက င့ါရဲ့နေမူမမှန်ခြင်းကို အသုံးပြုဖူးတာ ပထမဆုံးအကြိမ်ပဲ။ င့ါရဲ့ စွမ်းအင်ပိုပြီးကောင်းလာဖို့အတွက် ဒီကမ္ဘာထဲမှာ စွမ်းအားမြင့်သိုင်းဆရာတွေကို စတေးခံဖို့လိုတယ်။ မင်းကလည်း အတော်လေးတော့ စွမ်းအားမြင့်တဲ့ကောင်ပဲ ဟန်ကျတာပေါ့...”

ဤမှော်ဆရာသည် အိုက်ဟိုဗင်အင်ပါယာအရှင်သခင်အား လုံး၀ပင်ဂရုစိုက်ပုံမရပေ။ သူသည်အပေါ်စီးမှ ပြောလိုက်ပြီး လက်ထဲတွင် ကိုင်ထားသည့် ချော်ရည်များဖြင့် ပြုလုပ်ထားသော မှော်ကြိမ်လုံးအား ၀ှေ့ရမ်းလိုက်၏။ သူ၏ခြေထောက်အောက်တွင်ရှိနေသည့် ချော်ရည်သတ္တ၀ါကြီးသည်လည်း အမိန့်ကို နာခံသည့်အနေဖြင့် ဟိန်းဟောက်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် မီးတောက်များသည် ပို၍ပြင်းပြင်းထန်ထန်လောင်မြိုက်လာပြီး ၁၀မီတာခန့်ရှိသည့် လက်သီးကြီးဖြင့် ခရွန်ကန့်အား ထိုးလိုက်၏။ အိုက်ဟိုဗင်အင်ပါယာအရှင်သခင်၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများအားလုံးသည်လည်း သူတို့အပေါ်သို့ တောင်ကြီးတစ်လုံးပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရ၏။

“သေစမ်း...”

ခရွန်ကန့်သည် ဒေါသဖြစ်သွားပြီး အစိမ်းရောင်စွမ်းအင်မီးတောက်များသည်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင်တောက်ပလာတော့၏။

ဤတိုက်ခိုက်မှုအား ရှောင်ရန်စိတ်ကူးပင်မရှိပေ။ သူ၏လက်သီးများကို ၀ှေ့ရမ်းလိုက်ပြီး ဤချော်ရည်သတ္တ၀ါကြီးကို တိုက်ရိုက်ပင် တိုက်ခိုက်လိုက်၏။

“ဘုန်း...”

လက်သီးသုံးလုံးတွေ့ဆုံသွားပြီး မီးတောက်ကမ္ဘာကြီးတစ်ခုလုံးပင် လှုပ်ခါလာတော့၏။

မီးတောက်များသည် ကောင်းကင်ပေါ်သို့ ပျံတက်ကုန်ပြီး ကျောက်တုံးများသည်လည်း ဥက္ကာပျံခဲများကဲ့သို့ပင် အောက်သို့ ပြုတ်ကျလာကြ၏။ အဆိပ်ရှိသည့် အမဲရောင်အငွေ့များထွက်ပေါ်လာပြီး တောင်ကြီးတစ်ခုလုံးသည် စတင်၍ တုန်ခါလာတော့၏။ သို့သော် ခရွန်ကန့်သည် ချော်ရည်သတ္တ၀ါကြီး၏ ကြီးမားလှသောကျောက်လက်သီးအား ထိုးဖောက်ပစ်လိုက်၏။

“ဟားဟား ဒါလားကွ နေမူမမှန်ခြင်းဆိုတာ...” သူအောင်မြင်သွားသည်ကို တွေ့လိုက်ရသဖြင့် အိုက်ဟိုဗင်အင်ပါယာအရှင်သခင်သည် ရယ်မောကာ အော်ဟစ်လိုက်သည်။ “ပေါက်ကွဲစမ်းကွာ...”

ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်စွမ်းအင်မီးတောက်များ တောက်ပနေရင်းဖြင့် သူ၏ စွမ်းအားများသည်လည်း ပို၍ပို၍မြင့်တက်လာ၏။ သူ၏စွမ်းအားများကိုအသုံးပြုကာ ချော်ရည်သတ္တ၀ါကြီး၏ လက်မောင်းကို ဖျက်ဆီးပစ်ရန်အတွက် ကြိုးစားနေခြင်းပင်။

ဤသေးငယ်သည့် အောင်မြင်မှုလေးသည် သူ၏ယုံကြည်ချက်ကို မြင့်တက်လာစေ။ ဖှေးနှင့် ဂျက်စီကဲ့သို့သော တစ်ခြားသိုင်းဆရာများသည်လည်း နေမူမမှန်ခြင်းသည် ဤမျှကြောက်စရာမကောင်းဟု ယူဆလာကြ၏။ ဤသည်သာ နေမူမမှန်ခြင်း၏ အမြင့်ဆုံးစွမ်းအားဆိုလျှင် ဤနေရာတွင်ရှိနေသည့်လူတိုင်းအတွက် အသက်အန္တရာယ်စိုးရိမ်စရာမရှိလှပေ။

“ဟားဟား မင်းက ဖျက်ဆီးပစ်ချင်တာလား။ မင်းလုပ်နိုင်လို့လား...” မှော်ဆရာသည် ရယ်မောလိုက်၏။

ခရွန်ကန့်၏ အဆင့်မြင့်လပြည့်စွမ်းအားများပေါက်ကွဲသွားသည့်အချိန်တွင် ရေထဲတွင်ပူပေါင်းလေးများသာ ထလာသလိုပင်။ ချော်ရည်သတ္တ၀ါကြီး၏ လက်မောင်းသည် ပျော့ပြောင်းသွားကာ ချော်ရည်အရည်များအဖြစ်သို့ပြောင်းလဲသွား၏။ မီးပွားစများထွက်ပေါ်လာသော်လည်း ကျိုးပဲ့သွားခြင်းမရှိပေ။ ထို့နောက်တွင် တွင် သူ၏ ခန္ဓာကိုယ်မှ အကန့်သက်မရှိသည့် ချော်ရည်များစီးဆင်းလာပြီး လက်မောင်းအား ပို၍သန်မာအောင်ပြုလုပ်လိုက်၏။ အိုက်ဟိုဗင်အင်ပါယာအရှင်သခင် မတုန့်ပြန်နိုင်သေးခင်မှာပင် သူ့အား ချော်ရည်သတ္တ၀ါကြီး၏လက်ဖ၀ါးဖြင့် ဆုပ်ကိုင်ခြင်းကို ခံလိုက်ရ၏။

“အား...” ခရွန်ကန့်၏ မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်သွား၏။

သူသည် အန္တရာယ်ကိုအာရုံလိုက်မိပြီး လူသန်ကြီးသည် စတင်၍ ရုန်းကန်တော့သည်။ သူ၏ အတွင်းအားစွမ်းအင်မီးတောက်များ တောက်လောင်နေရင်းဖြင့် ပူလောင်နေသည့် ချော်ရည်များနှင့် မီးတောက်များကို ကာကွယ်နိုင်ရန်အတွက် ကြိုးစားကာ ဆိုး၀ါးသည့်အခြေအနေမှ ထွက်နိုင်ရန်အတွက် ကြိုးစားနေလျှက်ရှိသည်။ သို့သော် သူနှင့် မှော်ဆရာတို့၏စွမ်းအင်ကွာဟမှုမှာ ကြီးမားလွန်းလှသည်။ ချော်ရည်များသည် သတ္တ၀ါကြီး၏လက်အတွင်းသို့ ဆက်လက်ကာ စီးဆင်းလျှက်ပင်ရှိနေပြီး သူ၏လက်သည်လည် ခရွန်ကန့်အား လွှမ်းခြုံထားသည့် ချော်ရည်လုံးကြီးတစ်ခုကဲသို့ ပြောင်းလဲသွားတော့၏။

မကြာမှီတွင် အိုက်ဟိုဗင်အင်ပါယာ၏ အရှင်သခင်သည် အော်ဟစ်ရုန်းကန်နိုင်ခြင်းမရှိတော့ပဲ တုန်ခါနေသည့် ချော်ရည်လုံးကြီးမှာလည်း ငြိမ်သက်ကာ တိတ်ဆိတ်သွား၏။

ဤအင်ပါယာအရှင်သခင် သေဆုံးသွားသည်မှာ ထင်ရှားလှသည်။ သူသည် ချော်ရည်လုံးထဲတွင် အရှင်လတ်လတ်မီးရှိ့သတ်ဖြတ်ခံလိုက်ရခြင်းပင်။ သူ၏ အလောင်းသည်ပင်လျှင် အရည်ပျော်သွားလောက်ပြီဖြစ်၏။ ဤမြင်ကွင်းသည် လူတိုင်းအား တုန်လှုပ်သွားစေသည်။

အဆင့်မြင့်လပြည့်သိုင်းဆရာတစ်ယောက်ကို ကြက်ကလေးငှက်ကလေးတစ်ကောင်လို သတ်ဖြတ်လိုက်တာလား။

ဤအချက်သည် နေမူမမှန်ခြင်းထဲတွင်ရောက်ရှိနေကြသည့်လူတိုင်းလိုလိုကို ထိတ်လန့်သွားစေ၏။ အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် စွမ်းအားမြင့်မားလှသည်။ သူသည် လက်ရှိလူများထဲတွင် ပြိုင်ဘက်ကင်းမဲ့နေ၏။ ဤမှော်ဆရာသည် အိုက်ဟိုဗင်အင်ပါယာအရှင်သခင်အား လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်လိုက်သည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံးသေရတော့မည်ဟု တွက်လိုက်မိကြ၏။ သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်စေကာမူ အနိုင်ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

သေခြင်းအရိပ်ယောင်များသည် သူ့တို့အားလုံးကို လွှမ်းခြုံနေ၏။

“ဟားဟား ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား ငါကမင်းကို မသတ်ရဲဘူးလို့ မင်းထင်နေတုန်းလား...” အရာအားလုံးသူ့ဘက်တွင်ရှိနေသည့်အတွက်ကြောင့် မှော်ဆရာသည် ရယ်မောကာ ဖှေးအား လူပျက်တစ်ယောက်ကဲ့သို့ကြည့်လိုက်၏။ သူသည် ဖှေးဒူးထောက်ကာအသနားခံမည့်အချိန်ကို စောင့်နေခြင်းပင်။

“ကောင်းပြီလေ ခွေးသာကြီး။ ခင်ဗျားက ဇရှိတဲ့လူတစ်ယောက်ဆိုတာတော့ ယုံပါပြီ။ ခင်ဗျားက မဟာဘုရားကျောင်းက လူတွေကိုတောင်သတ်ဖြတ်ရဲတာပဲ။ ဒါပေမယ့် ဇရှိတယ်ဆိုတာက ခင်ဗျားလုပ်နိုင်လိမ့်မည်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး...” ဖှေးသည် တည်ငြိမ်သည့်အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

“ဟားဟား မင်းက ပိုးကောင်လေးတစ်ကောင်လိုပါပဲ။ သေရတော့မယ့်ကောင်က စကားနဲ့အနိုင်ယူဖို့ လုပ်နေတုန်းပဲလား။ အတော်သနားစရာကောင်းတဲ့ကောင်ပဲ။ မင်းက မဟာဘုရားကျောင်းဘက်ကနေရပ်တည်ပြီးတော့ မင်းကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဇီးနစ်အင်ပါယာကို သစ္စာဖောက်ခဲ့တာပဲ။ မင်းက အင်ပါယာအရှင်သခင် ယရှင်းကို သစ္စာဖောက်ခဲ့တယ်။ အတော်အရှက်မဲ့တဲ့ခွေးသားလေးပဲ။ မင်းက ဘာလို့ မင်းကိုယ်မင်းဂုဏ်ယူနေတာလဲ...” ဖှေး၏ တည်ငြိမ်သည့်အမူယာသည် ဤမှော်ဆရာအား ဒေါသဖြစ်သွားစေ၏။ သူသည် ဖှေးအား သတ်ဖြတ်လိုက်ရုံဖြင့် ကျေနပ်မည်မဟုတ်သောကြောင့် ဖှေးအား ဒေါသဖြစ်အောင်ပြောခြင်းပင်။

“သစ္စာဖောက်တယ်ဟုတ်လား။ ရယ်စရာပဲ။ ငါက ဘယ်တုန်းကများ ဇီးနစ်အင်ပါယာကို သစ္စာဖောက်ခဲ့တာလဲ...” ဖှေးသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသည့်အတိုင်းပင် ရယ်မောကာပြောလိုက်သည်။ “ငါ့ကို ဘုရင်တစ်ပါးအနေနဲ့ တင်မြောက်ပြီးကတည်းက ဇိးနစ်အင်ပါယာကို အန္တရာယ်ဖြစ်စေမယ့်ဟာ တစ်ခါမှမလုပ်ဖူးသေးဘူး။ လုပ်မှာလည်းမဟုတ်ဘူး။ ဇီးနစ်အင်ပါယာနဲ့ မဟာဘုရားကျောင်းတို့ကြားထဲမှာ ဆက်ဆံရေးတွေတင်းမာနေတယ်ဆိုပေမယ့် လက်ရှိမှာ လူတွေသေစေတဲ့တိုက်ခိုက်မှုတွေမရှိသေးဘူး။ ငါ့မှာ ရွှေရောင်မြင့်မြတ်သန့်စင်တဲ့စွမ်းအားတွေရှိနေတာပဲ။ ဘုရားသခင်က င့ါကို ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်ပေ့ါ။ အဲ့တာက အင်ပါယာအတွက်လည်း အကျိုးရှိစေတယ်။ ဟားဟား အဖိုးကြီး ခင်ဗျားတစ်ခြားလူကို သွားပြောလိုက်။ ခင်ဗျားပြောနေတာတွေက ကျွန်တော့ကို ဘယ်လိုမှ ခံစားစေမှာမဟုတ်ဘူး စောက်ရူး...” ဖှေးသည် ဒဲ့ပင်ပြန်ဖြေလိုက်၏။

အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆစ်၏ လက်အောင်တွင်ပညာသင်ကြားခဲ့ဖူးသည့်အတွက်ကြောင့် ဖှေးသည် ဇီးနစ်အင်ပါယာအား တစ်သက်လုံးကာကွယ်ပေးမည်ဟု ကတိထားခဲ့သည်။ သူသည် စွမ်းအားမြင့်မားလာသည့်အချိန်တွင်လည်း အင်ပါယာအား သိမ်းပိုက်ရန်စိတ်ကူးမရှိပေ။ ထို့ကြောင့် သူပြန်ဖြေလိုက်သည့်အချိန်တွင် သူ၏အရှိန်၀ါသည် လျို့၀ှက်သည့် မှော်ဆရာအား တိတ်ဆိတ်သွားစေ၏။

ဖှေးနှင့် သိပ်မ၀ေးသည်နေရာတွင် ဆံပင်အပြာရောင်နှင့်လူသည်လည်းအနည်းငယ်အံ့သြသွားသည့်ပုံပင်။ သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အတိုင်းပင်။ သူ၏မျက်နှာပေါ်တွင် ညင်သာသည့်အပြုံးတစ်ခုပေါ်လာပြီး ခေါင်းငြိမ့်လိုက်သည်။ သူဘာတွေးနေသည်ကို မည်သူမှမသိကြပေ။

သို့သော် ဤအဖြူရောင်၀တ်ရုံနှင့် မှော်ဆရာသည် ဒေါသဖြစ်သွား၏။ ဤကောင်လေးသည် မည်သည့်အတွက်ကြောင့် သူ့အား စကားလုံးအနည်းငယ်ဖြင့် ဒေါသဖြစ်အောင်လုပ်နိုင်နေသည်ကို သူမသိပေ။ ထို့ကြောင့် သူသည် စိတ်ထိန်းနိုင်ခြင်းမရှိတော့ပေ။

“စောက်ဂရုမစိုက်ဘူး။ မင်းဒီနေ့သေကို သေရလိမ့်မယ်။ အဲ့တာမတိုင်ခင် ငါဒီနေရာမှာရှိနေတဲ့ လူတွေအကုန်လုံးကို အရင်သတ်ပြီးတော့ ပြီးရင်မင်းကို နှိပ်စက်မယ်။ နောက်ပြီးကျရင်မင်းနဲ့ ဆက်စက်နေတဲ့လူတွေအကုန်လုံးကို သတ်ဖြတ်ပြီးတော့ ဇီးနစ်အင်ပါယာကို ဖျက်ဆီးပစ်မယ်...”

ဤမှော်ဆရာမှ အော်ဟစ်လိုက်သည်။ မီးတောက်ကမ္ဘာထဲတွင်ရှိနေသည့် ချော်ရည်များသည်လည်း ပို၍ပြင်းထန်လာတော့သည်။ နေအဆင့်သခင်တစ်ယောက်အနေဖြင့် သူသည် ပုံကြီးချဲ့ပြောနေခြင်းမဟုတ်ပေ။ သူအလိုရှိပါက လယ်ဗယ်၁အင်ပါယာတစ်ခုအား လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်နိုင်၏။

“ဇီးနစ်အင်ပါယာကို ဖျက်ဆီးမယ်ဟုတ်လား ဒိုမိန်း။ တကယ်လို့ ငါသဘောမတူဘူးဆိုရင်ရော...”

ရုတ်တရက်ပင် တည်ငြိမ်သည့်အသံတစ်ခုထွက်လာပြီးအဖြူရောင်၀တ်ရုံနှင့်မှော်ဆရာကို ပြောလိုက်သည်။

ထိုအသံပိုင်ရှင်သည် ဖှေးမဟုတ်ပေ။

[ဘယ်သူလို့ ထင်ကြလဲ😁😁။ မနေ့က တနေကုန်မီးပျက်နေလို့ မတင်ဖြစ်တာဗျ။]

All Chapters