← Chapters

“အင်ပါယာအရှင်သခင် ယရှင်း”

Vol. 39 Ch. 611

“အင်ပါယာအရှင်သခင် ယရှင်း”

Vol. 39 Ch. 611

“ယရှင်းက ဘယ်သူ့ထက်မှ မနိမ့်ကျဘူးကွ...” ဆံပင်အပြာရောင်နှင့်လူ ထိုကဲ့သို့ ပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် မီးတောက်ကမ္ယာထဲတွင်ရှိနေသည့်လူများအားလုံး သူတို့၏ခေါင်းများတစ်စုံတစ်ရာကို ရိုက်ခတ်သွားသလိုခံစားလိုက်ရ၏။

လူတိုင်း ဤစကားမည်သည့် အဓိပ္ပါယ်ကို ဆောင်သညိကု သိကြသည့်အတွက်ပင်။

ထိုအရာသည် ဒဏာရီတစ်ခုကို ကိုယ်စားပြသည့်အတါက်ပင်။ ဇီးနစ်အင်ပါယာ၏ မိုင်ပေါင်းသောင်းနှင့်ချီကာ ၀ေးလှံသည့်နေရာများသို့ ပင်ပြန့်နှံ့နေခဲ့သည့် ဒဏာရီတစ်ခုပင်။ နာမည်တစ်ခု၊ ဂုဏ်သရေတစ်ခု၊ ယောက်ျားတစ်ယောက်နှင့် အင်ပါယာတစ်ခုကိုလည်း ကိုယ်စားပြုနေ၏။

အင်ပါယာအရှင်သခင်ယရှင်း

ဤဆံပင်အပြာရောင်နှင့်လူသည် ဒဏာရီတစ်ပုဒ်ဖြစ်ပြီး ဇီးနစ်အင်ပါယာအား တည်ထောင်ခဲ့သူ အန်ဒရူး-ယရှင်းပင်။

ဖှေး သူ၏နှလုံးသားကို တစ်စုံတစ်ခုဖြင့် ထိုးနှက်လိုက်သကဲ့သို့ခံစားလိုက်ရပြီး သူ၏နှလုံးခုန်သံသည်လည်း မြန်ဆန်လာတော့သည်။

“ဒီလူက တကယ်ပဲ အင်ပါယာအရှင်သခင် ယရှင်းပဲလား။ ဒါက...ဒါက မယုံနိုင်စရာပဲ။ လူတိုင်းက သူ့ကို သေတော့မယ်ထင်ထားကြတာ...” ဘုရင်သည် သူကြားလိုက်သည့်အရာကို မယုံနိုင်ဖြစ်သွား၏။ အင်ပါယာအရှင်သခင်ယရှင်းသည် နှစ်ပေါင်းများစွာကြာရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးတော့မည်ဟု လူတိုင်းသိထားကြ၏။ သူ့အတွက် ဇီးနစ်အင်ပါယာအား မဟာရန်သူများဖြစ်သည့် စပါတပ်အင်ပါယာအား ပေးလိုက်ရရန်အချိန်တစ်ခုသာလိုတော့သည်ဖြစ်သည်။ သူတို့သည်လည်း အချိန်ပေါင်းများစွာစုံစမ်းထားခဲ့သည့်အတွက် အင်ပါယာအရှင်သခင်ယရှင်းသည် အမှန်တကယ်ပင်သေဆုံးတော့မည်ဟု တွက်ဆထားကြ၏။

သို့သော် အင်ပါယာအရှင်သခင် ယရှင်းသည် ဤနေရာတွင်ရောက်ရှိနေ၏။ သူသည် မြို့တော်စိန့်ပီတာစဘာ့တ်တွင် နေမကောင်းစွာဖြင့် လဲလျောင်းနေရမည်ဖြစ်သည်။

“သူက တကယ်ပဲ အင်ပါယာအရှင်သခင် ယရှင်းလား။ ဇီးနစ်အင်ပါယာပတ်၀န်ကျင်မှာရှိတဲ့ အင်ပါယာများစွာကိ ကြောက်လန့်စေခဲ့ပြီးတော့ ဇီးနစ်မြို့သားတွေအတွက် ငြိမ်းချမ်းမှုကို ယူဆောင်ပေးခဲ့တဲ့အင်ပါယာအရှင်သခင်လား...”

ဤသည်မှာ ဘုရင့်အတွက် ပထမဆုံးအကြိမ်အနေဖြင့် ဒဏာရီထဲမှ အင်ပါယာအရှင်သခင်တစ်ယောက်ကို မြင်တွေ့ဖူးခြင်းပင်။

ဤအင်ပါယာအရှင်သခင်သည် လွန်ခဲ့သည့် သုံးလခန့်က အဖွဲ့၀င်တိုင်းပြည်များစစ်ရေးလေ့ကျင့်မှုပြိုင်ပွဲတွင် တစ်ခါထွက်လာခဲ့သေးသော်လည်း အလွန်ပင်မြန်မြန်ဆန်ဆန်ပင်ပြန်သွားခဲ့သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ကိုလည်း ထူထပ်သည့်စွမ်းအင်များဖြင့် ကာရံထားခဲ့သည်။ ထိုစဥ်က ဖှေးသည် ကြယ်ခြောက်လုံးအဆင့်သိုင်းဆရာတစ်ယောက်သာဖြစ်သေးသည့်အတွက် ထိုစွမ်းအင်ကို ထိုးဖောက်မြင်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် သူသည် အင်ပါယာအရှင်သခင် မည်မျှစွမ်းအားမြင့်မားသည်ဆိုသည်ကို အာရုံခံနိုင်ခဲ့သည်။ သူသည် အင်ပါယာအရှင်သခင်အားလုံး၀ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ဟု တွေးလိုက်မိခဲ့သည်။ အင်ပါယာအရှင်သခင်ထံမှ ထွက်ပေါ်လာသည့်စွမ်းအားအနည်းငယ်ကပင် ဖှေးအား သူ၏ပခုံးပေါ်တွင်တောင်ကြီးတစ်လုံးရောက်နေသလို ခံစားရသည့်အတွက်ပင်။

ဖှေးသည် အင်ပါယာအရှင်သခင်၏မျက်နှာကို မြင်နိုင်ခဲ့ခြင်းမရှိသော်လည်း သူသည် ရောဂါ၀ေဒနာခံစားနေရပုံကိုမူ အာရုံခံနိုင်နေဆဲပင်။ ဤအင်ပါယာအရှင်သခင်သည် အလွန်မာမကျန်းဖြစ်နေကာ ဆုံးပါးတော့မည့်အဖိုးကြီးတစ်ယောက်ဟုခံစားခဲ့မိသည်။ ဤအင်ပါယာအရှင်သခင်၏ စွမ်းအင်အရှိန်၀ါများသည် မြင့်မားနေကြောင်းကို ခံစားခဲ့ရသော်လည်း တက်ကြွနေခြင်းမရှိပေ။ အင်ပါယာအရှင်သခင် နာမကျန်းဖြစ်နေခဲ့သည်မှာ လူတိုင်းသိသည့်အချက်လက်တစ်ခုပင်။

သို့သော် ဆံပင်အပြာနှင့်လူ၏ ခံစားချက်မှာမူ တက်ကြွမှု၊ လန်းဆန်းမှုတို့ဖြင့် ပြည့်နှက်နေ၏။ ဤလူသည် စွမ်းအားအမြင့်ဆုံးအနေထားတွင်ရောက်နေသည့်အတိုင်းပင်ဖြစ်ပြီး ရောဂါဖြစ်နေသည့်အရိပ်ယောင်တစက်မှပင်မရှိတော့ပေ။

အခိုက်တန့်တစ်ခုကြာခန့်မီးတောက်ကမ္ဘာထဲတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ “မင်းက ယရှင်းဟုတ်လား။ မဖြစ်နိုင်ဘူး မင်းက သေတော့မှာ မဟုတ်ဘူးလား” မျှော်လင့်ချက်မဲ့ခြင်းများသည် ဒိုမိန်း၏မျက်လုံးများထဲတွင်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည်လည်း တုန်ယဥ်လာကာ စတင်၍ အော်ဟစ်တော့သည်။ “မင်း အဲ့တုန်းက အတော်လေးဒဏ်ရာရသွားတာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကပေါ့။ အဲ့တာကို မင်းက နှစ်နှစ်ဆယ်အတွင်းမှာ ပြန်ကောင်းလာတယ်ဟုတ်လား။ အင်ပါယာအရှင်သခင်ဂျူနင်ဟိုကိုယ်တိုင်က မင်းရဲ့ဒဏ်ရာတွေပြန်ကောင်းလာနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တာလေ။ မင်းက အတုပဲ အတုအယောင်ပဲဖြစ်ရမယ်...”

ဒိုမိန်းပြောလိုက်သည့်အရာများသည် အချက်လက်များစွာကို ပေးနေလျှက်ရှိ၏။

“အင်ပါယာအရှင်သခင် ဂျူနင်ဟိုသည် လယ်ဗယ်၆ လီယွန်အင်ပါယာ၏ အရှင်သခင်ဖြစ်ပြီး သူသည်လည်း ကြောက်မက်ဖွယ်နေအဆင့် သခင်တစ်ယောက်ပင်။ လီယွန်အင်ပါယာသည် ဇီးနစ်အင်ပါယာနှင့် မိုင်သန်းပေါင်းကွာ၀ေးသည့်နေရာတွင်တည်ရှိသည့် စွမ်းအားမြင့်အင်ပါယာတစ်ခုဖြစ်သည်။ ယရှင်းထွက်ပေါ်လာခြင်းသည် လီယွန်အင်ပါယာအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်လိမ့်မည်ဟု လူပေါင်းများစွာမှ တွက်ဆခဲ့ကြသည်။ အင်ပါယာအရှင်သခင် ယရှင်းသည် လျို့၀ှက်ဆန်းကျယ်စွာပင် အောက်သို့ ပြန်လည်ကျဆင်းလာခဲ့သည့်အတွက်ကြောင့် ဇီးနစ်အင်ပါယာသည်လည်း တစ်နေ့တစ်ခြားပို၍ပို၍အားနည်းလာခဲ့သည်။ ထို့ကြောင့် လီယွန်အင်ပါယာသည် မိုင်လေးသန်းပတ်လည်တွင် အာဏာအရှိဆုံးအင်ပါယာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့၏။

လူတိုင်းသည် အင်ပါယာအရှင်သခင်ယရှင်းအတွက် စိတ်မကောင်းဖြစ်မိကြပြီး လီယွန်အင်ပါယာအတွက် ကံမကောင်းသလို ခံစားလိုက်ရသည်။ သို့သော် လီယွန်အင်ပါယာထဲတွင် နံပါတ်၁မှော်ဆရာဖြစ်သည့် ဒိုမိန်းပြောသည့်ပုံအရ လီယွန်အင်ပါယာသည် အင်ပါယာအရှင်သခင်ယရှင်းကျရှုံးရခြင်းနှင့် ပတ်သက်နေသည့်ပုံပင်။

အပြာရောင်ဆံပင်နှင့်လူ၏မျက်နှာပေါ်တွင် ဒေါသဖြစ်သည့်အရိပ်ယောင်များထွက်ပေါ်လာသော်လည်း မကြာမှီတွင်ပြန်လည်ကာ တည်ငြိမ်သွား၏။ သူသည် ရယ်မောကာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် အဲ့သိုင်းကွက်က င့ါကို သတ်နိုင်လုနီးပါးပဲ...အခုချိန်မှာ ပြန်တွေးကြည့်မယ်ဆိုရင် မယုံနိုင်စရာပဲပေါ့။ လယ်ဗယ်၆ အင်ပါယာတစ်ခုရဲ့ အရှင်သခင်တစ်ယောက် နေအဆင့်သခင်တစ်ယောက်လည်းဖြစ်တဲ့ ဂျူနင်ဟိုက သူ့ရဲ့ ဂုဏ်သရေကိုတောင်ဂရုမစိုက်ပဲ အဆင့်နိမ့်လပြည့်စစ်သည်တစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကိုလေ...”

သူ၏အသံသည် ယုံကြည်ချက်၊ စိုးမိုးနိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ “မင်းနဲ့ ဂျူနင်ဟိုတို့က အသေးစိတ်တွေကို စီစဥ်ခဲ့ပြီး ယုတ်မာခဲ့ကြပေမယ့် င့ါကို အဲ့နေရာမှာတင်အသေမသတ်နိုင်ခဲ့ဘူး။ ဟားဟား ငါထွက်ပြေးနိုင်ခဲ့တယ်လေ။ အဲ့နေ့ကစပြီး မင်းတို့အားလုံး ဒီနေ့မှာဘာဖြစ်လာမယ်ဆိုတာကို ကြိုတွေးထားခဲ့သင့်တယ်။ မင်းတို့ကောင်တွေကို ငါပြန်လာခဲ့မယ်လို့ ပြောခဲ့တာပဲ...”

သူထိုကဲ့သို့ပြောလိုက်ပြီးသည့်အချိန်တွင် အပြာရောင်ဆံပင်နှင့်လူသည် စတင်၍ ပြောင်းလဲလာတော့၏။

သူ၏မျက်နှာအသွင်ပြင်များ၊ အရပ်မောင်း၊ အသားရောင်၊ ဆံပင်အရောင်တို့နှင့် ဟန်ပန်သွင်ပြင်တို့ပြောင်းလဲလာတော့၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည်မတူညီသည့်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။

ယခုအချိန်တွင် ဤလူသည် ပါရမီရှင် ယရှင်းဖြစ်သည်ကို ဖှေးယုံကြည်သွား၏။

ပြောင်းလဲပြီးသည့်အချိန်တွင် သူ၏ရွှေရောင်ဆံပင်များသည် လေထဲတွင် လွှင့်ပျံနေ၏။ မီးတောက်တစ်ခုနှင့်တူသော်လည်း သတ္တုအရောင်သွေးတစ်ခဒှရိနေ၏။ သူ၏ တောင့်တင်းသည့်ခန္ဓာကိုယ်ပါပေါင်းထည့်လိုက်ပါက သူသည် ယှဥ်ပြိုင်၍မရနိုင်သလိုပင်။ သူ၏ အတွင်းအားစွမ်းအင်များကို ထုတ်လွှတ်ခြင်းမရှိသေးသော်လည်း တုနှိုင်း၍မရနိုင်သည့်အရှိန်၀ါတစ်ခုကြောင့် လူတိုင်းသည် သူ့အား ဒူးထောက်ကာ ကိုးကွယ်လိုသည့်စိတ်များပေါ်ပေါက်လာ၏။ နေမင်းကဲ့သို့ပင် သူ၏ဖြစ်တည်မှုတစ်ခုတည်းကပင် လူတိုင်းကိုလွှမ်းမိုးသွား၏။

ဖှေး တွင်ခံစားချက်တစ်ခုရှိနေ၏။ နတ်ဘုရားအစစ်မှန်တစ်ပါးပင် ဤလူ၏ဘေးတွင်ရပ်နေစေကာမူ ထိုနတ်ဘုရားသည် သူ၏ဖြစ်တည်မှုကို ခိုးယူနိုင်လိမ့်မည်မဟုတ်ပေ။

“မင်း...မဖြစ်နိုင်ဘူး တကယ်မင်းပဲ။ မင်းပြန်လာခဲ့တာပဲ...” ဒိုမိန်းသည် နေအဆင့်သခင်တစ်ယောက်ဖြစ်နေပြီး သာမန်စစ်သည်များ၏မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေသော်လည်း သူသည် ဖြစ်ပျက်နေသည့်အရာများကြောင့် တုန်လှုပ်သွားကာ စကားပင် ဖြောင့်အောင်ပြောနိုင်ခြင်းမရှိတော့ပေ။ ကြောက်လန့်နေသည့်ကလေးငယ်တစ်ယောက်လိုပင် သူသည်တစ်ခုတည်းကိုပင် ထပ်ခါထပ်ခါပြောမိနေ၏။

အင်ပါယာအရှင်သခင်ယရှင်းသူ သူ၏သရုပ်မှန်အားပြသလိုက်ပြီးသည့်အချိန်တွင်အရှေ့တွင်ရှိနေသည့်လူသည် အမှန်တကယ်ပင်ယရှင်းဖြစ်ကြောင်းကို ဒိုမိန်းသိရှိလိုက်ပြီး လွန်ခဲ့သည့်နှစ်ဆယ့်ခြောက်နှစ်က အိမ်မက်ဆိုးတစ်ခုကို ပြန်လည်ကာ မြင်ယောင်လာတော့သည်။

“မင်းက ဒီနေရာကို င့ါကို သတ်ဖို့ရောက်လာတာပေါ့။ အေးငါသိပြီ။ နတ်ဘုရားလက်နက်တစ်ခုဖြစ်တဲ့ နေစက်လုံးက လယ်ဗယ်၃၆ဒေသမှာရှိတဲ့ လက်ဆွဲတော်လက်နက်အုတ်ဂူမှာပေါ်လာမယ်ဆိုတဲ့ သတင်းပဲ...မင်းက အဲ့သတင်းကို ဖြန့်လိုက်တဲ့ကောင်ပဲ။ သတင်းတုဖြန့်ပြီးတော့ င့ါကို မြှားခေါ်လိုက်တာပဲ...” ဒိုမိန်းသည် ရုတ်တရက်တစ်စုံတစ်ရာကို သတိရလိုက်ပြီး ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

နေအဆင့်သခင်တစ်ပါးဖြစ်သည့်အတွက် သူသည် ဒဏာရီလာနန်းတော်ကို စိတ်၀င်စားခြင်းမရှိပဲ မိုင်သောင်းနှင့်ချီသည့် ခရီးတစ်ခုကို ထွက်ခွာလာလိမ့်မည်မဟုတ်ပေ။ မကြာသေးမှီအချိန်က သူသည် နတ်ဘုရားအဆင့်လက်နက်တစ်ခုဖြစ်သည့် နေစက်လုံးသည် ဒဏာရီလာနန်းတော်၏ ဗဟိုချက်ဒေသတွင်ထွက်ပေါ်လာလိမ့်မည်ဟူသည့် သတင်းကို ကြားခဲ့ရသည်။ သင်လျှော်သည့် လက်ဆွဲတော်လက်နက်တစ်ခုမရှိသေးသော သူ့လိုစွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်အတွက် ဤသည်မှာ အလွန်ကောင်းသည့်အခွင့်ရေးတစ်ခုပင်။ ထို့ကြောင့်သူသည် လီယွန်အင်ပါယာတော်၀င်မိသားစုကိုပင်အကြောင်းကြားခဲ့ခြင်းမရှိပဲ ဒဏာရီလာနန်းတော်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူသည် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် နတ်ဘုရားအဆင့်လက်နက်အားလွယ်ကူစွာပင်ရရှိနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုသတင်းသည့် သူ့အား မြှားခေါ်ထားသည့် သတင်းတုတစ်ခုဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။

“ဟုတ်တယ် အဲ့လိုပဲ..”

သူသည် မိတ်ဆွေဟောင်းတစ်ယောက်နှင့် စကားပြောနေသည့်အတိုင်းပင် အင်ပါယာအရှင်သခင်ယရှင်းသည် ပြုံးကာရှင်းပြလိုက်သည်။ “မင်းရဲ့လုပ်ရပ်တွေက င့ါကိုတော့ စိတ်မပျက်စေခဲ့ပါဘူး။ မင်းကလွန်ခဲ့တဲ့ ၂၆နှစ်ကလည်း စောက်ပိန်း အခုလည်း စောက်ပိန်းတစ်ယောက်ဖြစ်နေတုန်းပဲ။ မင်းက ပိန်းတိန်းနေတဲ့အပြင် လောဘကလည်းကြီးနေတုန်းပဲ။ လောဘကတော့ ပိုပြီးကြီးလာတာလို့ ပြောရမယ့်။ လူတော်တော်များများ မယုံကြမယ့် သတင်းတုတစ်ခုကြောင့် မင်းက ဒီနေရာထိတောင် သေဖို့ရောက်လာခဲ့တယ်လေ...”

All Chapters