← Chapters

“စိတ်လှုပ်ရှားခြင်းနှင့် ကြောက်လန့်ခြင်း”

Vol. 39 Ch. 612

“စိတ်လှုပ်ရှားခြင်းနှင့် ကြောက်လန့်ခြင်း”

Vol. 39 Ch. 612

ဒိုမိန်းသည် အင်ပါယာအရှင်သခင် ယရှင်းပြောလိုက်သည့်အရာကြောင့် ထိတ်လန့်သွားသည်မျာထင်ရှားလှသည်။ အင်ပါယာာအရှင်သခင်ယရှင်းစကားပြောလို့ ပြီးလျှင်ပြီးခြင်းပင် သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်သွားပြီး သူ၏ခန္ဓကိုယ်သည်လည်း စတင်၍ တုန်ခါလာတော့သည်။ ဤသည်မှာ သူ၏ အသွေးများအသားများထဲမှ ထွက်ပေါ်လာသည့်အကြောက်တရားပင်။

ဖှေးသည် လွန်ခဲ့သည့်နှစ်ဆယ့်ခြောက်နှစ်က ဘာဖြစ်ခဲ့သည်ဆိုသည်ကို သိရှိခြင်းမရှိသော်လည်း အင်ပါယာအရှင်သခင်ယရှင်းသည် ဒီုမိန်း၏စိတ်ထဲတွင်နက်ရှိုင်းသည့် အမှတ်သားတစ်ခုကို ချန်ထားခဲ့ကြောင်းအား ကောင်းစွာသဘောပေါက်လိုက်သည်။ သို့မဟုတ်ပါက ဤနေအဆင့်သခင်တစ်ယောက်သည် အင်ပါယာအရှင်သခင်ယရှင်း၏စကားလုံးအနည်းငယ်ကြောင့် တုန်လှုပ်နေလိမ့်မည်မဟုတ်ပေ။ ကြည့်ရသည့်ပုံအရ အင်ပါယာအရှင်သခင် ယရှင်းစတင်တိုက်ခိုက်ပါက သူသည် ထွက်ပြေးတော့မည့်ပုံပင်။

ဤအခိုက်တန့်တွင် ချော်ရည်ပင်လယ်ပြင်ထဲမှ ပေါက်ကွဲသည့်အသံကြိးတစ်ခုထွက်ပေါ်လာ၏။

ထိုဆူညံသံကြောင့် ဒိုမိန်းသည် ကြောက်လန့်ခြောက်ခြားနေရာမှ ပြန်လည်ကာ နိုးထလာခဲ့သည်။ သူတစ်စုံတစ်ခုကို သတိရလိုက်ပြီးသည့်နောက်တွင်ပိုင်းတွင် ရန်သူ၏မျက်လုံးကို ပြန်လည်ကာကြည့်ရဲလာပြီဖြစ်သည်။ စက္ကန့်အနည်းငယ်ခန့်ကြာပြီးသည့်အချိန်တွင် သူ၏အစိမ်းရောင်မျက်လုံးများသည် ကြည်လင်လာပြီး ပျော်ရွှင်သည့်အမူယာတစ်ခုသည် မျက်နှာပေါ်တွင်ပေါ်လာတော့၏။ ထို့နောက်တွင် လီယွန်အင်ပါယာ၏ နံပါတ်၁တော်၀င်မှော်ဆရာကြီးသည် အရူးတစ်ယောက်ကဲ့သို့စတင်ပြီးရယ်မောတော့၏။ သူသည် အလွန်ပင်ရယ်မောနေလေကာ သူ၏မျက်လုံးများထဲတွင် မျက်ရည်စများပင် ထွက်ပေါ်လာတော့၏။

“မင်းဘာတွေရီနေတာလဲ...” အင်ပါယာအရှင်သခင် ယရှင်းသည်ပြုံးလျှက်မေးလိုက်၏။

“ဟားဟား ငါရီနေတာက မင်းက ဘ၀တစ်လျှောက်လုံးလိမ်မာပါးနပ်ခဲ့သလောက်မင်း ရဲ့အသိဉာဏ်က မင်းကို ပြန်ပြီးတော့ အရူးလုပ်သွားတာပဲ။ ဟားဟား ငါအခုဆိုသိသွားပြီ မင်းသတင်းတုဖြန့်ပြီးတော့ ငါ့ကို မြှားခေါ်ဖို့ စီစဥ်နေခဲ့တုန်းက ငါက နေအဆင့်ကို ရောက်သွားပြီဆိုတာ မင်းမသိခဲ့ဘူးမလား။ ငါဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောခဲ့ဖူးဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းငါ့ကို လှည့်စားရဲမှာမဟုတ်ပါဘူး။ ဒီနှစ်တွေအကုန်လုံးမှာ မင်းက ပြန်လည်ကုသဖို့ပဲအာရုံစိုက်နေခဲ့လို့ မငးရဲ့စွမ်းအားတွေက တိုးလာခဲ့ဦးမှာမဟုတ်ဘူး။ မင်းက နေအဆင့်သခင်တစ်ယောက်မဟုတ်သေးဘူး။ ဟားဟား မင်းက အခုချိန်မှာ င့ါကို အနိုင်မယူနိုင်သေးပါဘူးကွာ...” ဒိုမိန်းသည် ရယ်မောကာ အော်ပြောလိုက်၏။

“မင်းက တစ်ခုတော့မှန်ပါတယ်။ ငါက နေအဆင့်သခင်တစ်ယောက်မဟုတ်သေးဘူး...” အင်ပါယာအရှင်သခင်ယရှင်းသည် ရိုးသားစွာပင်ပြန်ဖြေလိုက်၏။

“ဟားဟား ဒါက သေစေနိုင်တဲ့အမှားတစ်ခုပဲ။ မင်းကနေအဆင့်သခင်တစ်ယောက်တောင်မဟုတ်ပဲနဲ့ င့ါရှေ့ကိုရောက်လာရဲတယ်ပေါ့။ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတဲ့ကောင်ပဲ။

မင်းကို သေတော့မယ်လို့ထင်နေခဲ့တာကို မင်းက ဒီနေ့င့ါရှေ့ကို ရောက်လာခဲ့တယ်ပေါ့။ ကောင်းတယ် ငါမင်းကို မသတ်နိုင်ခဲ့တာကို နောင်တရခဲ့တာ အခုချိန်မှာတော့ နောက်တစ်ကြိမ်အခွင့်ရေးရလာပြီပေါ့ကွာ။” ဒိုမိန်းသည် အင်ပါယာအရှင်သခင်ယရှင်းအား ကြည့်ကာမေးလိုက်သည်။ “ငါနေအဆင့်ကို ဘယ်လိုရောက်ခဲ့တဲ့ဆိုတာကို မင်းသိလား...”

“မင်းပြောချင်တယ်ဆိုရင် နားထောင်ပေးတာပေါ့...” ယရှင်းသည် တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေလိုက်သည်။

ဒိုမိန်း၏မျက်လုံးများထဲတွင် အမုန်းတရာများပေါ်လာပြီး သူပြန်လည်ကာ သတိရလိုက်သည်။ “မင်းကြောင့်ပဲ။ မင်းနဲ့ငါနဲ့က တစ်ချိန်က အတော်လေးငယ်ရွယ်ကြတယ်။ အန်ဒရူးယရှင်းဆိုတဲ့မင်းက င့ါထက် ပိုပြီးထက်မြတ်ခဲ့တာပေါ့။ လူတွေက မင်းကို ဒီကျယ်ပြန့်တဲ့ဒေသမှာ နှစ်တစ်ထောင်မှာတစ်ခါပဲပေါ်လာတတ်တဲ့ပါရမီရှင်တစ်ယောက်လို့ ပြောကြတယ်။ နဂါးလက်သီးလို့ ခေါ်တဲ့ မင်းရဲ့ကိုယ်ပိုင်သိုင်းကွက်ကိုလည်း ဖန်တီးခဲ့တယ်။ ဘယ်သူမှ မင်းကို မယှဥ်နိုင်ခဲ့ဘူး။ ငါက မှော်ပညာအဖွဲ့စည်းပြိုင်ပွဲမှာ ပွဲစဥ်ဆယ်ခုလုံးကို နိုင်ခဲ့ပေမယ့် မင်းကို တော့မနိုင်ခဲ့ဘူး။ ငါတို့တိုက်ခိုက်ခဲ့တဲ့အချိန်မှာ မင်းက င့ါရဲယုံကြည်ချက်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ အဲ့တာကြောင့် အဲ့အချိန်တွေမှာ ငါဆက်လက်ကျင့်ကြံခဲ့တာမရှိလို့ အဆင့်မတက်ခဲ့ဘူး။ ကံကောင်းစွာနဲ့ပဲ အင်ပါယာအရှင်သခင် ဂျူနင်ဟိုက မင်းကို အနိုင်ယူခဲ့ပြီးတော့ မင်းရဲ့ ဒဏာရီတွေကို အဆုံးသတ်ပေးခဲ့တယ်လေ။ အဲ့နေ့က မင်းမသေခဲ့ဘူးဆိုပေမယ့် မင်းက သေတော့မှာဆိုတော့ င့ါကို ချိမ်းခြောက်နိုင်တာမရှိတော့ဘူး။ တစ်နည်းနည်းနဲ့ င့ါကိုယ်ငါယုံကြည်ချက်တွေပြန်ရလာခဲ့တယ်။ လွန်ခဲ့တဲ့တစ်နှစ်က ငါပြန်ကောင်းလာပြီးနေအဆင့်ကို ရောက်တဲ့အဓိကျင့်ကြံနိုင်ခဲ့တယ်။ မင်းက င့ါရဲ့၂၅နှစ်ကြာအချိန်တွေကို ဖြုန်းတီးခဲ့တယ်ဆိုပေမယ့် အဆင့်တက်ဖို့အတွက် အကူညီပေးခဲ့တယ်ဆိုပါ့တော့။ အဲ့တာ နနအတော်လေးမိုက်တယ်လို့ မင်းမထင်ဘူးလား။ ကံကြမ္မာနတ်သမီးက င့ါဘက်မှာရှိတဲ့ပုံပဲ...”

“အံ့သြစရာပဲ့န့န...” အင်ပါယာအရှင်သခင်ယရှင်းသည် ခေါင်းငြိမ့်လိုက်ပြီး တည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်။ “မင်းက ပါရမီရှင်တစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ ငါ၀န်ခံရလိမ့်မယ်။ မင်းရဲ့ ယုံကြည်ချက်တွေ ပြန်ရလာခဲ့တယ်ဆိုတာက မယုံနိုင်လောက်အောင်ပဲ။ မင်းက အဆင့်လဲတတ်နိုင်ခဲ့တယ်။ ငါက ကံကြမ္မာနတ်သမီးကိုအယုံကြည်မရှိတာကအတော်လေးဆိုးတာပဲ။ ငါ့ကိုယ်ငါပဲ ယုံတယ်။ ကံကြမ္မာနတ်သမီးက မင်းကို ရွေးချယ်တယ်ဆိုရင်တော့ သူအမှားတစ်ခုလုပ်ခဲ့တယ်လို့ ငါသက်သေပြလို့ရတယ်။”

“မင်း...” အင်ပါယာအရှင်သခင်ယရှင်း၏ တည်ငြိမ်နေမှုကြောင့် ဒိုမိန်းဒေါသဖြစ်သွား၏။ သူသည် စိတ်ပျက်သွားကာ အနည်းငယ်ပင် ဒေါသဖြစ်နေ၏။ ရန်သူ၏မျက်နှာပေါ်တွင် နောင်တရခြင်းနှင့် ဒေါသဖြစ်နေခြင်းတို့ကို မြင်တွေ့ရခြင်းမရှိသည့်အတွက် သူအော်ဟစ်လိုက်သည်။ “မင်းက အရင်ကလိုပဲ ကမူးရူးထိုးနိုင်နေုတုန်းပဲ။ မင်း ငါ့ရှေ့မှာ ဒီလို လာလုပ်နေလို့မရတော့ဘူး...”

“ဟုတ်လား ငါတို့တိုက်ခိုက်ပြီးရင် သိရမှာပေါ့...” အင်ပါယာအရှင်သခင်ယရှင်းသည် ပြုံးကာ ပြန်ဖြေလိုက်သည်။

ဒိုမိန်းသည် ခေါင်းမေ့ါကာ ရယ်မောလျှက် “ကောင်းတယ် အရည်ချင်းရှိတာက စွမ်းအားခြင်းကွာဟတာကို ယှဥ်နိုင်မှာမဟုတ်ဘူးဆိုတာ မင်းကို ပြပေးရတာပေါ့။ နေအဆင့်သခင်တစ်ယောက်နဲ့ အမြင့်ဆုံးလအဆင့်ကြားမှာရှိတဲ့ ကွာခြာချက်က မင်းကို မျှော်လင့်ချက်မဲ့စေမဲ့အရာတစ်ခုပဲ။ ဟားဟား ၂၆နှစ်ကြာပြီးတဲ့နောက်မှာ မင်းက မင်းဖြစ်နေတုန်းဆိုပေမယ့် ငါကတော့ အရင်ကငါမဟုတ်တော့ဘူး။ အရင်လိုမဟုတ်တော့ဘူးကွ...”

“ငါထင်တာမမှားဘူးဆိုရင် မင်းအရင်ကလဲ ဒီလိုပဲဖြစ်ခဲ့တာပဲ။ နောက်ဆုံးလပြည့်မှော်ဆရာတစ်ယောက်ဖြစ်တဲ့မင်းက လပြည့်အနိမ့်ဆုံးရှိတဲ့င့ါကို မနိုင်ခဲ့ဘူး။ မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရလဒ်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ မင်းက င့ါရဲ့ပြိုင်ဘက်မဟုတ်ဘူး” ယရှင်းထိုကဲ့သို့ပြောပြီးသည့်နောက်တွင် သူ၏အရှိန်၀ါသည်လည်း အားကောင်းသည်ထက်ပို၍အားကောင်းလာ၏။ သူအော်ဟစ်လိုက်သည်။ “စကားတွေအများကြီးပြောနေစရာမလိုဘူး။ နေအဆင့်သခင်တစ်ယောက်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို င့ါကိုပြစမ်းပါ...”

“ကောင်းပြီလေ ငါမင်းကို မြေဖို့ပေးလိုက်မယ်...” ဒိုမိန်းသည် မန္တန်တစ်ခုကို စတင်၍ရွတ်ဆိုတော့သည်။

သူ၏ပါးစပ်မှ ရွတ်ဖတ်သံများထွက်လာရင်းဖြင့် မီးတောက်ကမ္ဘာကြီးတစ်ခုလုံးသည် သူ၏မန္တန်အား စတင်၍တုန့်ပြန်လာတော့သည်။ ဤကမ္ဘာထဲတွင်ရှိနေသည့် မီးတောက်များအားလုံးသည် ပိုမိုကာပြင်းထန်လာ၏။ မကြာမှီတွင် အပူရှိန်များမြင့်တက်လာကာ အရာအားလုံးသည် လိမ္မော်ရောင်အဖြစ်သို့ စတင်ကာ ပြောင်းလဲလာတော့၏။

မင်းသားဖာရင်တန်သည် ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်သောကြောင့် သူသည် ဤနေရာတွင်ရှိသည့်လူများထဲတွင် အားအနည်းဆုံးပင်။ သူ၏အတွင်းအားစွမ်းအင်များ ဖိသိပ်ခြင်းခံရပြီး ခန္ဓာကိုယ်ပေါ်တွင်၀တ်ဆင်ထားသည့် သတ္တုချပ်၀တ်သည်လည်း ဖယောင်းကဲ့သို့ပင်စတင်၍ အရည်ပျော်ကျလာတော့၏။ ဂျက်အင်ပါယာမှ တော်၀င်သိုင်းဆရာသည် မျက်မှောင်ကြုံ့လိုက်ရာ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သည့် ကန္တာရအမျက်ဒေါသသည် လေပေါ်သို့ ပျံတက်သွားကာ ဖာရင်တန်၊ မိုဒေ့ါတ်နှင့် သူ၏ ကိုယ်ရံတော်တို့ကို အ၀ါရောင်မြေကမ္ဘာစွမ်းအင်များဖြင့် အပူရှိန်မှကာကွယ်ပေးလိုက်သည်။ သူတို့၏ဘေးတွင် စိန့်ဂျာမိန်းအင်ပါယာ၏ မင်းသားဖြစ်သူ ဂါရာနိုသည်လည်းနတ်ဘုရားတစ်ပိုင်းအဆင့်လက်နက် မဟူရာမှော်တောင်၀ှေး၏ အစွမ်းများကို ထုတ်လွှတ်လိုက်ပြီး သူ၏လှပသောအစေခံကောင်မလေးလေးယောက်တို့ကို ကာကွယ်ပေးထား၏။

အောက်လမ်းဆရာနှင့် ဖှေးတို့သည်စွမ်းအားမြင့်မားသည့်လူများဖြစ်သည့်အတွက်ကြောင့် သူတို့သည် အပူရှိန်ကိုကာကွယ်ရန်အတွက် စွမ်းအင်စက်လုံးအကာရံများကို ဖန်တီးထားကြ၏။ သို့သော် မဟာဘုရားကျောင်းမှလူလေးယောက်အတွက်မှာမူ ခက်ခဲနေ၏။ ၀တ်ရုံနီ၀တ်သူတော်စင် ပယ်လီဂရီနီအသတ်ခံလိုက်ရပြီး၊ သူတော်စင် ဂျက်စီသည်လည်း ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည့်အတွက်ကြောင့် မဟာဘုရားကျောင်းမှလူများသည် အပူရှိန်ကိုကာကွယ်ရန်အတွက် စွမ်းအားမလုံမလောက်ဖြစ်ကာ အခက်ကြုံနေရ၏။ မကြာမှီတွင် သူတို့၏ဆံပင်များခြောက်သွေ့လာကာ သူတို့၏အဖြူရောင်၀တ်ရုံများသည်လည်း မီးခိုးများထွက်လာတော့သည်။ သူတို့သည် အသက်အန္တရာယ်ရှိနေကြ၏။

ဖှေးဘာမှပြောခြင်းမရှိသော်လည်း သူ၏စွမ်းအင်အကာရံကို ဖြန့်ကျက်လိုက်ကာ မဟာဘုရားကျောင်းမှလူများကို ကာကွယ်ပေးလိုက်၏။

ဘုရင်သည် မဟာဘုရားကျောင်းကို နှစ်သက်ခြင်းမရှိသော်လည်း ဤကိစ္စကြီးတစ်ခုလုံးသည် သူ့ကြောင့်ဖြစ်ပေါ်လာခြင်းပင်။ ထို့အပြင် ဤလူများသည် သူ့ဘက်မှ ရပ်တည်ခဲ့ကြခြင်းဖြစ်သည့်အတွက်ကြောင့်ပင်။ အထူးသဖြင့် သူ၏ရှေ့မှကာရံပေးခဲ့သည့်သူတော်စင်ဂျက်စီအား ဖှေးသဘောကျမိခဲ့သည်။ ထို့ကြောင့် ဤမဟာဘုရားကျောင်းမှအပြစ်ကင်းမဲ့သောလူများကို ကယ်တင်ခြင်းသည် အကျိုးကြောင်းဆီလျော်သည့်အလုပ်တစ်ခုပင်။

“ကျေးဇူးပါ ဘုရားသခင်ရဲ့ အနှစ်သက်ဆုံးကလေးငယ် အလတ်ဇန္ဒား...” ဒဏ်ရာပြင်းထန်စွာရရှိနေသည့်ဂျက်စီသည် သူ၏ ကျေးဇူးတင်ကြောင်းကို ပြသလိုက်၏။

ဖှေးပြုံးကာ ဘာမှပြောခြင်းမရှိပေ။ ထိုအစား သူ၏ခေါင်းကို လှည့်ကာတိုက်ခိုက်နေကြသည့်လူနှစ်ယောက်ကိုကြည့်လိုက်၏။ လူတိုင်း၏ အသက်ရှင်သန်နိုင်ရေးသည် တိုက်ပွဲရလဒ်အပေါ်တွင် မူတည်နေသည့်အတွက်ပင်။

မီးတောက်ကမ္ဘာကြီးတစ်ခုလုံးထဲတွင် မန္တန်ရွတ်ဆိုသည့်အသံများဖြင့် ပြည့်နှက်နေ၏။ ဒိုမိန်း၏ခန္ဓာကိုယ်မှ စွမ်းအင်များကို အဆက်မပြတ်ထုတ်ပေးနေလျှက်ရှိပြီး ဤကမ္ဘာထဲတွင်ရှိနေသည့် ချော်ရည်ပူများကို ပူသထက်ပူလာအောင်လုပ်နေ၏။ ချော်ရည်ပူသတ္တ၀ါကြီးအကောင်နှစ်ဆယ်သည်လည်း အမြင့်၂၀၀မီတာခန့်သို့ရောက်သည်အထိ ပို၍ပို၍ကြီးမားလာတော့၏။ သူတို့သည် ချော်ရည်ပူများထဲတွင် လမ်းလျှောက်နေကြ။

သူတို့၏ပတ်ပတ်လည်တွင်ရှိနေသည့် အရာမှန်သမျှကိုအရည်ပျော်အောင်ပြုလုပ်နိုင်သည့်အပူရှိန်မျိုးဖြင့် ထိုသတ္တ၀ါကြီးများသည် လေပေါ်တွင်၀ဲပျံနေသည့် အင်ပါယာအရှင်သခင်ယရှင်းထံသို့ ကိုယ်ပိုင်အသိဉာဏ်ရှိနေသည့်အတိုင်းပင် ပြေးသွားကြ၏။

ဖှေးမျက်မှောင်ကြုံ့လိုက်မိသည်။

သူသည်အင်ပါယာအရှင်သခင်ယရှင်းကို ယုံကြည်သော်လည်း မေးခွန်းထုတ်မိ၏။

“သူက ဒိုမိန်းကို ဘာလို့ မန္တန်ပြီးအောင်ရွတ်ဖို့အချိန်ပေးထားတာလဲ။ သိုင်းဆရာတွေက မှော်ဆရာတွေမန္တန်ပြီးအောင် မရွတ်နိုင်အောင်လုပ်ပြီးတိုက်ခိုက်ကြတာမဟုတ်ဘူးလား။ သူတို့ပြောနေတာတွေအရဆို အင်ပါယာအရှင်သခင်ယရှင်းက အခုချိန်မှာနေအဆင့်သခင်တစ်ယောက်တောင်မဟုတ်သေးပါဘူး။ ဘာလို့ သူက ဒီလောက်ထိုရဲတင်းနေရတာလဲ...” သူတွေးလိုက်မိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချော်ရည်ပူသတ္တ၀ါကြီဲးများသည် အင်ပါယာအရှင်သခင်ယရှင်း၏အနီးသို့ရောက်ရှိသွားကာ သူတို့၏လက်သီးကြီးများဖြင့် ထိုးနက်လိုက်တော့သည်။

ဤသည်မှာ ကြောက်မက်ဖွယ်မြင်ကွင်းပင်။ လက်သီးချက်တစ်ခုခြင်းစီတိုင်းသည် နောက်ဆုံးလပြည့်သိုင်းဆရာတစ်ယောက်ကို သတ်ဖြတ်ရန်အတွက်လုံလောက်၏။ နေအဆင့်နှင့် လအဆင့်တို့နှစ်ခုကြားထဲတွင် ရှိနေသည့်စွမ်းအင်ကွာြခားချက်ကို လွယ်ကူစွာပင် တွက်ချက်နိုင်၏။ ပုရွတ်စိတ်တစ်ကောင်နှင့် နဂါးတစ်ကောင်ကဲ့သို့ပင်။

“နေအဆင့်အောက်က ဘယ်သူမဆို ပုရွတ်ဆိတ်တစ်ကောင်ပါပဲ...” ဟူသည့်စကားသည် တင်စားထားခြင်းသာမဟုတ်ပေ။

All Chapters