အခန်း (၆၁၃)
Vol. 39 Ch. 613
ချော်ရည်ပူသတ္တ၀ါကြီးများသည် ကြီးမားသော်လည်း သူတို့၏ခန္ဓာကိုယ်အရွယ်စားကြောင့် နှေးကွေးနေခြင်းမရှိပဲ လျှပ်စီးကဲ့သို့ပင် လျှင်မြန်နေ၏။ သူတို့၏လက်သီး၄၀သည် အရပ်မျက်နှာပေါင်းစုံမှ ပျံသန်းလာနေပြီးမည်သူမှ ရှောင်လွှဲနိုင်ခြင်းမရှိသည့်ပုံပင်။
အင်ပါယာအရှင်သခင်ယရှင်းသည် ချက်ချင်းပင်အ၀ိုင်းခံလိုက်ရပြီး လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
ဤမြင်ကွင်းသည် တောင်ပေါ်တွင် တိုက်ပွဲကိုကြည့်နေကြသည့်သိုင်းဆရာများအားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေ၏။
“ဒီအင်ပါယာအရှင်သခင်က လပြည့်နောက်ဆုံးအဆင့်စစ်သည်တစ်ယောက်ပဲရှိသေးတာကို အတော်လေးရဲတင်းနေတာပဲ။ သူက ဒိုမိန်းကိုသာ မန္တန်ပြီးအောင်မရွတ်ခိုင်းပဲ တိုက်ခိုက်မယ်ဆိုရင် သူ့နည်းနည်းတော့ ကြာကြာခံနိုင်လိမ့်ဦးမယ်။ အခုတော့....” သူတို့အားလုံးတွေးလိုက်မိကြသည်။
“ဟားဟားဟား ယရှင်း သေစမ်းကွာ။ မင်းက အရင်လို မာနကြီးနေတုန်းပဲ။ ဒါမယ့် င့ါမျက်လုံးထဲမှာဆိုရင် မင်းက အခုတော့ ပုရွတ်ဆိတ်တစ်ကောင်လိုပဲ။ ငါမင်းကို လက်တစ်ချောင်းထဲနဲ့တောင် အခါတစ်ထောင်လောက် သတ်ပစ်လိုက်လို့ရတယ်...” ဒိုမိန်း၏ ရယ်မောသံထွက်ပေါ်လာ၏။
ဤအခိုက်တန့်တွင် ချော်ရည်ပူသတ္တ၀ါကြီး အကောင်၂၀၏ လက်သီးများသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ပြီး ကျယ်လောင်သည့်ပေါက်ကွဲသံများထွက်ပေါ်လာ၏ ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအင်များသည် တုန်လှုပ်ဖွယ်ကောင်းသည့် လေလှိုင်းများကို ဖန်တီးလိုက်ပြီး တောင်ပေါ်တွင်ရှိနေသည့်သိုင်းဆရာများပင် သူတို့၏စွမ်းအင်များကို အမြင့်ဆုံးထုတ်လွှတ်ကာတောင့်ခံထားရ၏။
ချော်ရည်ပူသတ္တ၀ါကြီးအကောင်၂၀၏ ပြိုင်တူတိုက်ခိုက်မှုကိုခံရပါက နေအဆင့်သခင်တစ်ယောက်ပင် မသေစေကာမူ ဒဏ်ရာအပြင်းထန်ရသွားမည်ဖြစ်၏။
အင်ပါယာအရှင်သခင်ယရှင်းသည် ယခုအချိန်တွင် သေနေလောက်ပြီဖြစ်သည်။
သိုင်းဆရာများသည် စိတ်ပျက်လက်ပျက်ဖြစ်သွားကြပြီး ဒိုမိန်း၏မာနထောင်လွှားသည့် ရယ်မောသံကြီးသည် မီးတောက်ကမ္ဘာထဲတွင် ဟိန်းရံနေတော့၏။
“ဟုတ်လား င့ါကို မင်းဘယ်လိုအကြိမ်တစ်ရာကျော်သတ်နိုင်မလဲဆိုတာကို ငါကြည့်ချင်သေးတယ်...”
ဤအခိုက်တန့်တွင် အမြဲတန်းတည်ငြိမ်နေသည်ဟု ယူဆရသည့် အသံတစ်သံထွက်ပေါ်လာတော့၏။ ထိုအသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း မီးတောက်ကမ္ဘာထဲတွင်ရှိနေသည့် အသံများအားလုံးကို ဖုံးလွှမ်းသွား၏။ ဒိုမိန်း၏ ရူးသွပ်သောရယ်သံပင် ချက်ချင်းတိတ်ဆိတ်သွားပြီး သူ၏မျက်နှာပေါ်တွင် တစ္ဆေတစ်ကောင်မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သည့်အမူယာတစ်ခုထွက်ပေါ်လာတော့သည်။ သိုင်းဆရာများအားလုံးလဲ အံ့သြသွားကြပြီး ကောင်းကင်ကြီးအား မော့ကြည့်လိုက်မိကြ၏။
ထိုအသံထွက်ပေါ်လာလျှင် လာခြင်းပင် အင်ပါယာအရှင်သခင်ယရှင်းရပ်နေခဲ့သည့်နေရာမှ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများသည် ချော်ရည်ပူကောင်းကြီးများအား နတ်ဘုရားအဆင့်လက်နက်များကဲ့သို့ပင် ထိုးဖောက်သွားတော့၏။ စွမ်းအားကြီမားလှသဖြင့် နေမူမမှန်ခြင်းထဲတွင်ရှိနေသည့် အနီရောင်ကောင်းကင်ကြီးပင် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။
“နဂါးလက်သီး...”
အင်ပါယာအရှင်သခင်ယရှင်း၏ ရှင်းလင်းသည့်အသံတစ်ခုထွက်ပေါ်လာ၏။
နောက်အခိုက်တန့်တွင် မြင့်မြတ်သည့် ရွှေရောင်နဂါးများစွာထွက်ပေါ်လာသကဲ့သို့ နဂါးဟိန်းသံများကိုကြားလိုက်ရတော့သည်။ ထို့နောက်တွင် ဤကမ္ဘာကြီးတစ်ခုလုံးသည် ငလျှင်လှုပ်သကဲ့သို့စတင်၍ တုန်ခါလာတော့သည်။ နေမူမမှန်ခြင်းတစ်ခု ပြိုလဲခါနီးအချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသည့်အရာပင်။
မကြာမှီတွင် နဂါးပုံသဏာန်ရှိသည့် ရွှေရောင်အလင်းတန်းများသည် အင်ပါယာအရှင်သခင်ယရှင်းရပ်နေသည့်နေရာတွင် လှည့်ပတ်နေတော့၏။
အင်ပါယာအရှင်သခင်ယရှင်းအား တစ်ပတ်ပြည့်အောင်လည်ပတ်ပြီးသည့်အချိန်တိုင်းတွင် စွမ်းအားမြင့်မားသည့် နဂါးဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာ၏။
ချော်ရ့ည်ပူသတ္တ၀ါများသည် ရွှေရောင်အလင်းတန်းများ၏ရှေ့တွင် ရွံ့များဖြင့်ပြုလုပ်ထားသည့် အရုပ်များကဲ့သို့ပင်။ လွယ်ကူစွာပင် ကြေမွသွား၏။ သူတို့၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် မီးစွမ်းအင်များသည် ကုန်ဆုံးသွားပြီဖြစ်၏။ မီးစွမ်းအင်များမရှိတော့သည့်အတွက်ကြောင့် ထိုချော်ရည်ကောင်ကြီးများသည် အမဲရောင်ကျောက်တုံးကြီးများအဖြစ်သို့ပြောင်းလဲကာ ချော်ရည်ပူပင်လယ်ထဲသို့ ပြန်လည်ကာ ပြုတ်ကျကုန်တော့၏။
ဤမြင်ကွင်းသည် ထိတ်လန့်ဖွယ်ပင်။
ရွှေရောင်အလင်းတန်းများထဲတွင်ပါ၀င်သည့် စွမ်းအင်ပမာနသည် မယုံနိုင်လောက်အောင်ပင်။ မည်သည့်အရာကမှ တားဆီးနိုင်ခြင်းမရှိပေ။ နဂါးဟိန်းလောက်သံများ ပို၍ပို၍ကျယ်လောင်လာသည်နှင့်အမျှ မီးတောက်ကမ္ဘာကြီးသည်လည်း ရွှေရောင်လွမ်းမိုးလာကာ ရွှေရောင်နဂါးများနေထိုင်ရာကမ္ဘာကဲ့သို့ဖြစ်လာတော့၏။ ဒိုမိန်းသည် စက္ကန့်အနည်းငယ်အကြာမှ ပြန်လည်တုန့်ပြန်ရန်အတွက် သတိရလာခဲ့သော်လည်း အခြေအနေအား ပြောင်းလဲအောင်သူလုပ်နိုင်စွမ်းမရှိတော့ပေ။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အခြေအနေသည် တစ်နည်းတစ်ဖုံပြောင်းလဲသွား၏။
အင်ပါယာအရှင်သခင်ယရှင်းသည် ယခုအချိန်တွင် လေထဲတွင် တည်ငြိမ်သည့်အပြုံးတစ်ခုနှင့်အတူ ရပ်နေလျှက်ရှိသည်။
ဖြစ်ပျက်သွားခဲ့သမျှအရာအားလုံးသည် သူ၏ဆံပင်တစ်ချောင်းကိုပင် ပုံပျက်သွားစေခဲ့ခြင်းမရှိပေ။ သူသည် ပြိုင်ဘက်ကင်းနေသကဲ့သို့ပင်။
ဖှေးသူ၏ပါးစပ်များခြောက်သွေ့သလိုပင် ခံစားနေရ၏။
ဤသည်မှာ ဒဏာရီထဲမှ သိုင်းကွက်ကို သူပထမဆုံးမြင်တွေ့ဖူးခြင်းမဟုတ်ပေ။ သိုင်းပညာတောင်ပေါ်တွင် ခါဆစ်သေခဲ့သည့်ညက ဟွန်းတလား၊ ကွန်စတာကာတာနှင့် အာမာယူရီတို့သည် ဂရစ်ဖင်ကောင်များဖြင့် ထွက်ပြေးရန်အတွက် ကြိုးစားခဲ့သော်လည်း တော်၀င်နန်းတော်ထဲတွင်ရှိနေသည့် အင်ပါယာအရှင်သခင်ယရှင်းသည် နန်းတော်ထဲမှနေ၍ နဂါးလက်သီးသိုင်းကွက်ကို အသုံးပြု၍ သုံးကီလိုမီတာအကွာ၀ေးတွင်ရှိသော ဂရစ်ဖင်ကောင်းများကိုလွယ်ကူစွာပင် သတ်ဖြတ်ပစ်ခဲ့သည်။
ယခုအချိန်တွင် ဖှေးထက်မံ၍ မြင်တွေ့ခွင့်ရခဲ့၏။
သို့သော် ယခင်ကနှင့်နှိုင်းယှဥ်ကြည့်ပါက ယခုအချိန်တွင်မြင်တွေ့ရသည့် နဂါးလက်သီး၏ စွမ်းအားသည်များစွာပို၍ လှပကာ ကြောက်မက်ဖွယ်ကောင်းနေ၏။
ချော်ရည်ကောင်ကြီးများ တစ်ကောင်ခြင်းစီတိုင်းတွင် နေအဆင့်သခင်တစ်ယောက်၏ စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း နဂါးလက်သီး၏ စွမ်းအားဖြင့် ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ နေအဆင့်သခင်များ၏ စွမ်းအားများသည်လည်း ထင်သလောက်မကြီးမားဟုပင် လူများကိုထင်ယောင်ထင်မှားဖြစ်စေ၏။ သို့သော် တစ်ခြားလပြည့်နောက်ဆုံးအဆင့်စစ်သည်များဆိုပါက နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များကို ကိုင်ဆောင်ထားစေကာမူ ချော်ရည်ကောင်ကြီးများ၏ သတ်ဖြတ်ခြင်းကို ခံရမည်ကို ဖှေးသိ၏။
ဖှေး၏ ဘ၀တွင် ဤမျှစွမ်းအားကြီးမားသည့်လူကို တစ်ခါမှပင်မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။
“သူက တကယ်သိုင်းဆရာအစစ်မှန်တစ်ပါးပဲ။ သူက အင်ပါယာအရှင်သခင်အစစ်မှန်တစ်ယောက်ပဲ...” ဖှေးသည် အားကျမိသလိုခံစားနေရ၏။ စွမ်းအားကြီးမားနေခြင်းအပြင် သိုင်းဆရာအစစ်မှန်များသည် မိမိသည်သာ ပြိုင်ဘက်ကင်းမဲ့သည့်လူဖြစ်သည်ဟု ယုံကြည်ချက်ရှိကြ၏။
“မဟုတ်ဘူး...မဖြစ်နိုင်ဘူး မင်းဘယ်လို လုပ်လိုက်တာလဲ။ မင်းက မီးတောက်ကမ္ဘာထဲမှ င့ါရဲ့စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကို ဘယ်လိုလုပ်ပြီးတော့ ဖျက်ဆီးလိုက်တာလဲ။ လပြည့်နောက်ဆုံးအဆင့်စစ်သည်အယောက်တစ်ရာရှိတယ်ဆိုရင်တောင် အမှုန့်ကြိတ်လို့ရတဲ့သိုင်းကွက်လေ...မင်းဘယ်လိုလုပ်လိုက်တာလဲ....” လေပေါ်တွင် ၀ဲပျံနေသည့် ဒိုမိန်းမှအော်ဟစ်လိုက်သည်။ သူသည် ရလဒ်အား လက်ခံနိုင်ခြင်းမရှိသည်မှာ ထင်ရှားလှသည်။
“လွန်ခဲ့တဲ့ ၂၆နှစ်တုန်းကလည်း မင်းင့ါကို ဒီလိုမေးခွန်းကိုပဲမေးခဲ့တယ်။ ငါမင်းကို ဒီနေ့ထပ်ပြီးဖြေလိုက်မယ်...” အင်ပါယာအရှင်သခင်ယရှင်း၏ အရှိန်၀ါကြီးမားသည့်အသံထွက်ပေါ်လာ၏။ “အန်ဒရူး-ယရှင်းဆိုတဲ့ငါက ဇီးနစ်အင်ပါယာရဲ့ အကြီးမြတ်ဆုံးအုပ်ချုပ်သူတစ်ယောက်ပဲ။ မင်းကတော့ တစ်ယောက်ယောက်ခဲ့ လက်မွေးခွေးသာသာပဲ...”
“မဖြစ်နိုင်ဘူး...” ဒိုမိန်း၏မျက်နှာပေါ်တွင် ဒေါသ၊ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေကာ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်၏။ “ငါ့ရဲ့ နေမူမမှန်ခြင်းထဲမှာဆိုရင် ငါက နတ်ဘုရားတစ်ပါးပဲ။ ငါ့ရဲ့သိုင်းကွက်တွေကို ဘယ်လောက်ပဲသုံးသုံးစွမ်းအင်ကုန်မှာမဟုတ်ဘူး။ မင်းကတော့ နဂါးလက်သီးကို တစ်ခါသုံးတိုင်းမင်းရဲ့စွမ်းအင်တွေကုန်သွားမှာပဲ။ ဟားဟား မင်းဘယ်နှစ်ခါအထိ အသုံးပြုပြီးတောင့်ခံနိုင်မလဲကြည့်ရသေးတာပေါ့...”
ဒိုမိန်းပြောလိုက်သည့်အရာအား တစ်ခြားသိုင်းဆရာများသတိထားလိုက်မိသည်။
ဤအဖြူရောင်၀တ်ရုံနှင့်မှော်ဆရာပြောသည်မှာ မှန်ကန်၏။ နေမူမမှန်ခြင်းထဲတွင် ဖန်တီးသူသည် မည်သည့်အချိန်တွင်မှ စွမ်းအင်ကုန်ဆုံးသွားမည်မဟုတ်ပေ။ ထိုကမ္ဘာငယ်သည် ဖန်တီးသူအလိုကျအတိုင်းဖြစ်ပေါ်လာသည့်အတွက် သူအသုံးပြုရန်အတွက် စွမ်းအင်များပေါများမည်ဖြစ်၏။ ဤအချက်ကြောင့် နေမူမမှန်ခြင်းများသည် ကြောက်မက်ဖွယ်ကောင်းခြင်းပင်။ အကယ်၍ အင်ပါယာအရှင်သခင်ယရှင်းသည် ဒိုမိန်းအားအနိုင်ယူနိုင်ခြင်းမရှိပဲ တိုက်ပွဲကြာမြင့်လာပါက အတွင်းအားစွမ်းအင်ကုန်ဆုံးကာ ရှုံးနိမ့်သွားနိုင်၏။
ဒိုမိန်းရယ်မောနေရင်းဖြင့် မန္တန်များကို ထက်မံ၍ ရွတ်ဆိုလိုက်သည်။ မီးစွမ်းအင်များထွက်ပေါ်လာကာ ချော်ရည်ပူပင်လယ်ကြီးသည်လည်း ထက်မံ၍ ဆူပွက်လာပြန်၏။ အခိုက်တန့်တစ်ခုအတွင်းမှာပင် ချော်ရည်ကောင်ကြီးများသည်လည်း တစ်ကောင်ပြီးတစ်ကောင်ပေါ်လာတော့။ မကြာမှီတွင် မီတာ၃၀၀ခန့််မြင့်မားကာ ယခင်အကောင်ကြီးများထက်ပင် ပို၍စွမ်းအားမြင့်မားသည့် အကောင်လေးဆယ်ခန့်ပေါ်လာတော့၏။