အခန်း (၆၁၄)
Vol. 39 Ch. 614
သူတို့ဖြစ်ပေါ်လာလျှင်ဖြစ်ပေါ်ခြင်းပင် သူတို့သည် အင်ပါယာအရှင်သခင်ယရှင်းထံသို့ ပြေး၀င်လာတော့၏။
“ဟားဟားဟား ငါက ချော်ရည်ကောင်တွေကို ကြိုက်သလောက်ထုတ်လို့ရတယ်ကွ။ မင်းကတော့ တစ်ခါလောက်ရှုံးလိုက်တာနဲ့ မင်းသေသွားလိမ့်မယ်...” ဒိုမိန်းသည် ပြောလိုက်ပြီး သူ၏မှော်ကြိမ်လုံးကို ၀ှေ့ရ၎်းကာ အော်ပြောလိုက်၏။
“ငါမင်းကို မန္တန်ပြီးအောင်ရွတ်ဖို့အချိန်ပေးတယ်ဆိုပါက မင်းရဲ့စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကို ဖျက်ဆီးပြပြီးတော့ မင်းရဲ့စိတ်ဓာတ်ကို ပျက်ပြားအောငပ်လုပ်ချင်လို့ပဲ။ တကယ်စွမ်းအားအစစ်မှန်ကဘာလဲဆိုတာကို မင်းမြင်ရမှာပါ။ မင်းကို ထပ်ပြီးတော့ မျှော်လင့်ချက်မဲ့စေရမယ်...” အင်ပါယာအရှင်သခင်ယရှင်း၏ အသံထွက်ပေါ်လာ၏။ “မင်းက ဒီနေမူမမှန်ခြင်းပေါ်မှာပဲ မှီခိုနေတာပဲ။ ငါဒီဟာကို ဖျက်ဆီးလိုက်ပြီးတော့ မင်းင့ါကို အနိုင်ယူနိုင်မှာမဟုတ်ဘူးဆိုတာကို ပြပေးရသေးတာပေါ့။ မင်းဘယ်လောက်ပဲစွမ်းအားကြီးမားနေနေ င့ါမျက်လုံးထဲမှာတော့ အသုံးမကျတဲ့ပိုးကောင်တစ်ကောင်ပဲဖြစ်နေလိမ့်မယ်...နဂါးလက်သီး နဂါးပြန်လာခြင်း...”
အင်ပါယာအရှင်သခင်ယရှင်းထိုကဲ့သို့ပြောလိုက်ပြီးသည့်နောက်တွင် သူ၏ညာလက်ကို မြှောက်လိုက်ရာ လှပ်သည့်ရွှေရောင်မီးတောက်တစ်ခုထွက်ပေါ်လာ၏။
ရွှေရောင်စွမ်းအင်မီးတောက်များကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်များနှင့် နဂါးကဲ့သို့ဟိန်းဟောက်သံများသည် ရွှေရောင်နဂါးတစ်ကောင်ဤကမ္ဘာပေါ်သို့အရာရာကို သိမ်းပိုက်ရန်အတွက် ရောက်ရှိလာသည်ဟု လူများကို ထင်ယောင်ထင်မှားဖြစ်စေ၏။
“ပျက်ဆီးစမ်း...”
သူဟိန်းဟောက်လိုက်ရင်းဖြင့် ခေါင်းပေါ်တွင်ရှိနေသည့် ကောင်းကင်သို့ လက်သီးဖြင့် ထိုးလိုက်၏။
ဆယ်မီတာကျော်ခန့် ထူထပ်သည့် ရွှေရောင်အလင်းတန်းတစ်ခုသည် အင်ပါယာအရှင်သခင်ယရှင်း၏လက်သီးအတွင်းမှ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မီးတောက်ကမ္ဘာကြီးတစ်ခုလုံးသည် စတင်၍ တုန်ခါလာတော့သည်။ မှန်များကွဲအက်နေသကဲ့သို့အသံများလည်းထွက်ပေါ်လာ၏။ အနီရောင်ကောင်းကင်ပေါ်တွင် အဖြူရာေင်အက်ကွဲကြောင်းများထွက်ပေါ်လာ၏။ ထိုအဖြူရောင်အက်ကွဲကြောင်းများသည် နွယ်ပင်များကဲ့သို့ပင် ကြီးမားပြန့်နှံ့လာပြီး ကောင်းကင်ကြီးတစ်ခုလုံး အက်ကွဲကာ ပြိုကျလာတော့မည့်အတိုင်းပင်။
အဖြူရောက်အက်ကွဲကြောင်းများသည် ဆံပင်တစ်ချာင်းအရွယ်စားခန့်သာရှိသော်လည်း လူတိုင်းကို အတိုင်းထက်အလွန်ပျော်ရွင်သွားစေ၏။ ဤကမ္ယာငယ်သည် အင်ပါယာအရှင်သခင်ယရှင်း၏ နဂါးလက်သီးသိုင်းကွက်ကြောင့် စတင်ပြိုလဲလာခြင်း၏ အဓိပ္ပါယ်ဖြစ်သည့်အတွက်ပင်။
ဤကမ္ဘာကြီးတစ်ခုလုံးသည် စတင်၍ တုန်ခါလာတော့သည်။
ဖှေးသည် လမ်းချော်နေသည့် ရထားတစ်စင်းပေါ်တွင် ရောက်နေသလိုခံစားနေရ၏။ ဤကမ္ဘာငယ်တစ်ခုလုံးသည် ပြင်းထန်စွာဖြင့် တုန်ခါနေသည့်အတွက်ကြောင့် သူ၏အရိုဆစ်များပင် နေရာလွဲတော့မည်ဟုထင်မိနေ၏။
“မင်းက င့ါရဲ့မီးတောက်ကမ္ဘာကို ဖျက်ဆီးချင်နေတာလား။ ငါမင်းကို ဖျက်ဆီးခွင့်ပြုမှာမဟုတ်ဘူး...” ဒိုမိန်းသည် အလွန်ပင်ကြောက်လန့်သွားကာ သူ၏မျက်နှာတစ်ခုလုံးဖြူဖက်ဖြူယော်ဖြစ်သွားတော့၏။ သူ၏နေမူမမှန်ခြင်းပျက်ဆီးသွားပါက သူသည် သေပင်သေဆုံးသွားနိုင်သည့်အတွက်ပင်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည့် သူဖန်တီးထားသော နေမူမမှန်ခြင်းထဲတွင်ပင် အင်ပါယာအရှင်သခင်ယရှင်းကို အနိုင်ယူနိုင်ခြင်းမရှိသေးသောကြောင့် အပြင်ကမ္ဘာတွင်ဆိုပါက ရက်ရက်စက်စက်ပင် သတ်ဖြတ်ခြင်းခံရနိုင်၏။
မှော်မန္တန်များစွာကို ရွတ်ဆိုလိုက်သည့် မီးစွမ်းအင်များသည် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ချော်ရည်ပင်လယ်ကြီဂသည်လည်း ပို၍ ဆူပွက်လာနေပြီး အနီရောင်အခိုးငွေ့များသည်လည်း ကောင်းကင်ပေါ်သို့ ပျံတက်သွားနေ၏။ မီးတောက်ကမ္ဘာအား ပြန်လည်ကာ ပြုပြင်နေသကဲ့သို့ပင်။
ဒိုမိန်းပြုလုပ်နေသည့်အရာသည်လည်း အလုပ်ဖြစ်နေသည့်ပုံပင်။
ကောင်းကင်ပေါ်တွင်ရှိနေသည် အဖြူရောင်အက်ကွဲကြောင်းများသည် စတင်၍ ကြီးမားလာခြင်းမရှိတော့ပဲ တုန်ခါနေသည့် မီးတောက်ကမ္ဘာကြီးသည်လည်း ပြန်လည်ကာ တည်ငြိမ်သွား၏။
ဤအခွင့်ရေးကို အသုံးချကာ ဒိုမိန်းသည် ချော်ရည်ကောင်လေးဆယ်အား အင်ပါယာအရှင်သခင်ယရှင်းကို တိုက်ခိုက်ရန်အတွက် လျှင်မြန်စွာပင် အမိန့်ပေးလိုက်၏။ အာရုံများနေသည့်အချိန်တွင် သူ၏ရန်သူအား အငိုက်ဖမ်းတိုက်ခိုက်လိုသည့်အတွက်ပင်။
သို့သော်...
“အသုံးမ၀င်ဘူး...” အင်ပါယာအရှင်သခင်ယရှင်းသည် ချော်ရည်ကောင်များကို လှည့်ကြည့်ခြင်းပင်မရှိပေ။ သူသည် နှာခေါင်းရှုံ့ကာလက်သီးဖြင့် ထိုးလိုက်၏။
နဂါးဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး လူတိုင်း၏နားများပင် ပေါက်ကွဲတော့မည့်အတိုင်းခံစားလိုက်ရ၏။ ရွှေရောင်အလင်းတန်းသည် မီတာ၁၀၀၀ခန့်ရှည်သည့် နဂါးကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားကာ ထိုနဂါးကြီးသည် ဟိန်းဟောက်လိုက်၏။ ချက်ချင်းပင် ဟိန်းဟောက်လိုက်သည့်အသံလှိုင်းများကြောင့် အဖြူရောင်အက်ကွဲကြောင်းများသည်ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာတော့၏။ အက်ကွဲကြောင်းများသည် အလျှင်မြန်ပင်ပြန့်နှံ့သွားပြီး မကြာမှီတွင် ကောင်းကင်ကြီးတစ်ခုလုံးသည် ပင့်ကူအိမ်ကြီးနှင့်တူနေတော့၏။ အက်ကွဲကြောင်းများမှတဆင့်လူများသည် အပြင်ကမ္ဘာတွင်ရှိနေသည့် အလင်းရောင်များကိုမြင်တွေ့နေရ၏။
မီးတောက်ကမ္ဘာထဲတွင် သဘာ၀နိယာမများသည် စတင်၍ ပျက်ဆီးလာနေပြီဖြစ်သည်။ မီးဂုဏ်သတ္တိစွမ်းအင်များသည်လည်း သိသိသာသာပင်အားနည်လာပြီး ချော်ရည်ပင်လယ်ကြီး၏ အရွယ်စားသည်လည်း စတင်၍သေးငယ်လာတော့၏။ အင်ပါယာအရှင်သခင်ယရှင်းအား တိုက်ခိုက်နေသည့်ချော်ရည်ကောင်များသည်လည်း အသက်မဲ့လာကြသည်။ ဓာတ်ခဲမရှိတော့သည့် အရုပ်များကဲ့သို့ပင် သူတို့ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် မီးတောက်များပျောက်ကွယ်သွားကာ သူတို့၏လှုပ်ရှားမှုများသည်လည်း ရပ်တန့်သွားတော့၏။
မကြာမှီတွင် ထိုချော်ရည်ကောင်များသည် အနီရောင်မှ အမဲရောင်သို့ ပြောင်းလဲသွားကာ သူတို့၏မျက်လုံးများထဲတွင်ရှိနေသည့်မီးတောက်များလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူတို့သည် သာမန်ကျောက်တုံးများအဖြစ်သို့သာ ပြန်လည်ရောက်ရှိသွားပြီး မြေပြင်ပေါ်သို့ ပစ်လဲကုန်ကြ၏။
“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး မင်းဘယ်လိုလုပ်လိုက်တာလဲ...” အဖြူရောင်၀တ်ရုံနှင့်မှော်ဆရာသည် ကောင်းကင်ပေါ်တွင်မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်နေ၏။
မီးတောက်ကမ္ဘာကြီးသည် နောက်ဆုံးတွင် ပြိုလဲပျက်ဆီးသွားပြီဖြစ်သည်။
အက်ကွဲသွားသည့် ကောင်းကင်ကြီးသည်သ ဖန်ကွဲစများကဲ့သို့ မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာတော့၏။ ထိုအပိုင်းစများသည် လေထဲတွင်သာမန်ဓာတ်ဂုဏ်သတ္တိများအဖြစ်သို့ ပြန်လည်ပြောင်းလဲကာ လေထဲတွင်ပျောက်ကွယ်သွားတော့သည်။ ဒိုမိန်း၏ စွမ်းအားများဖြင့် ဆက်လက်ထောက်ပံ့ထားခြင်းမရှိတော့သည့်အတွက် နေမူမမှန်ခြင်းသည် ဆက်လက်ဖြစ်တည်နိုင်ခြင်းမရှိတော့ပေ။
တစ်ချိန်တည်းမှာပင် တောင်ကြီးနှင့် ချော်ရည်ပင်လယ်တို့သည်လည်း ပျောက်ကွယ်သွားပြီး အစိမ်းရောင်မြက်ခင်းပြင်များကို ပြန်လည်ကာ မြင်တွေ့လိုက်ရ၏။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် ထင်ယောင်ထင်မှားဖြစ်နေခဲ့သည့်အတိုင်းပင်။
လူတိုင်းသည် ဒဏာရီလာနန်းတော်ထဲတွင်ရှိသည့် လယ်ဗယ်၃၆ဒေသသို့ ပြန်လည်ကာရောက်ရှိလာတော့သည်။ မြက်ပင်များနှင့် သစ်ပင်များသည် လန်းဆန်းနေပြီး လေညှင်းသည်လည်း အေးမြနေ၏။ ဤနေရာထဲတွင် တိုက်ပွဲဖြစ်ခဲ့သည့်အရိပ်ယောင်များရှိမနေပဲ ဖြစ်ပျက်ခဲ့သမျှအရာများသည် အိမ်မက်ဆိုးတစ်ခုလိုပင်။
“ပွဲပြီးသွားပြီ ဒိုမိန်း မင်းရှုံးသွားပြီ...” အင်ပါယာအရှင်သခင်ယရှင်းသည် လက်နောက်ပစ်လျှက် လေပေါ်တွင် ပျံ၀ဲနေလျှက်ရှိသည်။ သူ၏ စွမ်းအားမြင့်မားသည့် အရှိန်၀ါကို ပြသထားပြီး သူသည် တစ်ချိန်တည်းမှာပင် အင်ပါယာအရှင်သခင်တစ်ယောက် ကျင့်ကြံရာတွင် ကြီးမြတ်သည့်ပါရမီရှင်တစ်ယောက်တို့၏ အသွင်ကို ဆောင်ကာ တည်ကြည်ခန့်ညားနေလျှက်ရှိသည်။
“မဟုတ်ဘူး ဟားဟား ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဟားဟား...မင်း...ဒီအရာတွေအကုန်လုံးက မင်းကြောင့်ဖြစ်ခဲ့တာ ဘုရင်အလတ်ဇန္ဒား ငါမင်းကို သေရင်တောင်အလွတ်ပေးမှာမဟုတ်ဘူး...” မျှော်လင့်ချက်မဲ့နေသည့် ဒိုမိန်းသည် ဖှေးအား ကြည့်ကာ ခွေးရူးတစ်ကောင်ကဲ့သို့ပင် ကြုံး၀ါးလိုက်သည်။ “မင်းအတွက်သာ မဟုတ်ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။ ဟားဟား ယရှင်း မင်းတို့ အင်ပါယာက အရည်ချင်းအရှိဆုံးလူငယ်တစ်ယောက်ကို ငါကိုယ်တိုင်ဖျက်ဆီးပြီးတော့ မင်းယူကြုံးမရဖြစ်သွားအောင်လုပ်ပေးမယ်။ ဟားဟား ဒီအခိုက်တန့်ကို မင်းတစ်သက်လုံးနောက်တရနေပေတော့...”
မှော်ဆရာသည် ထိုကဲ့သို့ ပြောရင်းဖြင့် ကောင်းကင်ပေါ်မှ ဆင်းသက်လာတော့သည်။ လမ်းတစ်၀က်သို့ ရောက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်အား မီးတောက်များဖြင့် ဖုံးလွှမ်းသွား၏၊ အာကာသထဲမှ ဆင်းသက်လာသည့် ဥက္ကာပျံခဲ့တစ်ခုလိုပင် သူသည် ဖှေးအား ကြီးမားသည့်စွမ်းအားများဖြင့် တိုက်ခိုက်လိုက်၏။
နေအဆင့်သခင်တစ်ယောက်၏ စွမ်းအားများသည် ကြောက်မက်ဖွယ်ပင်။ ဖှေး၏ စွမ်းအားများသည်လျှင်မြန်စွာတိုးတက်လာနေပြီး သူသည် ယခုအချိန်တွင် လခြမ်းအလယ်လတ်အဆင့်ရှိသည့် သိုင်းဆရာတစ်ယောက်ဖြစ်သော်လည်း ဒိုမိန်း၏မျက်လုံးထဲတွင်ဘာမှမဟုတ်သေးပေ။ ဥကမ္ဘာပျံခဲသည် မီတာ၅၀၀ခန့်အကွာ၀ေးတွင်ရှိနေသော်လည်း ဖိအားသည် ဘုရင်နှင့် မဟာဘုရားကျောင်းမှလူများကို လှုပ်ရှား၍မရနိုင်တော့အောင်ပင်ဖြစ်နေ၏။ သူတို့၏ ကြောပေါ်တွင် ကြီးမားသည့်တောင်ကြီးများကို သယ်ထားရသည့်အတိုင်းပင်။ သူတို့၏လက်ချောင်းများကိုပင် ရွေ့လျားနိုင်ခြင်းမရှိတော့ပေ။
“ဖုန်း ဖုန်း...”
ဆူသံညံနှစ်ခုထွက်ပေါ်လာ၏။ မဟာဘုရားကျောင်းမှ သူတော်စင်နှစ်ယောက်သည် ဖိအားဒဏ်ကို ခံနိုင်ခြင်းမရှိတော့သည့်အတွက် သူတို့၏ခန္ဓာကိုယ်များသည် တူဖြင့်အထုခံလိုက်ရသည့် ဖရဲသီးများလိုပင် ပေါက်ကွဲသွားတော့၏။ အသားများ၊ အရိုးများသည် အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ပြီး ဤကမ္ဘာပေါ်မှ လုံး၀ပင်ပျောက်ကွယ်သွားတော့၏။
ဂျက်စီသည် သူ၏ဆုတောင်းခြင်းအတောင်ပံများကို ဖြန့်ကာအတက်နိုင်ဆုံးကာကွယ်ပေးခဲ့သည့်အတွက် အားအနည်းဆုံး သူရဲကောင်းအလန်သည်သာလျှင် အသက်ရှင်နိုင်ခဲ့၏။ သူတို့နှစ်ယောက်လုံး အသက်ရှင်နိုင်ခဲ့သော်လည်း သတိလစ်မေ့မျောသွားကြ၏။ သူတို့၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အရိုးများစွာကြိုးကြေကုန်ပြီး ဂျက်စီကိုယ်တိုင်ပင် သူ၏အတောင်ပံများပျက်ဆီးသွားပြီး သွေးအလိမ်းလိမ်းဖြစ်နေ၏။
“ဟေး xီးပဲပေါ့။ ခင်ဗျားအရင်လာပြီး ရန်စတာလေ။ ခင်ဗျားလဲခံလိုက်ရတော့ င့ါကို လာပြီးတော့ အပြစ်တင်နေတာလား...” အခုလဲအသေခံပြီးတော့ တိုက်ခိုက်နေပြန်တာပေါ့...” သူသည် အလွန်ကံမကောင်းသည့်လူတစ်ယောက်ကဲ့သို့ ဖှေးခံစားနေရ၏။ သူ၏ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၂လူရိုင်းဇာတ်ကောင်၏စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ ပါးလွှာသည့် ငွေရောင်စွမ်းအင်အလွှာတစ်ခုသည် သူ၏ခန္ဓာကိုယ်အား ကာရံပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ဓားသိုရာအကန့်ထဲမှ စာလိပ်တစ်လိပ်ကိုလည်း အရံသန့်ထုတ်ယူထားလိုက်သည်။
သို့သော် ဖှေးသူ၏ ၀ှက်ဖဲကို မသုံးလိုက်ရသေးခင်မှာပင် ထိုဥက္ကာပျံခဲကြီးသည် မီတာ၂၀၀ခန့်အကွာ၀ေးမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရတော့၏။ ပေါက်ကွဲသွားပြီး ဖှေးခံစားနေရသည့် ဖိအားများအားလုံးသည်လည်း ပျောက်ကွယ်သွားတော့သည်။
ဖှေးအား ကယ်တင်လိုက်သည့်လူမှာ အင်ပါယာအရှင်သခင်ယရှင်းပင်။
မဟာဘုရားကျောင်းမှ လူနှစ်ယောက်လဲအသက်ရှင်ခွင့်ရသွား၏။
ဖှေးစိတ်အေးလက်အေးဖြစ်သွားကာ တွေးလိုက်မိ၏။ “အင်ပါယာအရှင်သခင်ယရှင်း အခုချိန်မှာဒိုမိန်းကို သတ်လိုက်နိုင်တာ ကံကောင်းတယ်လို့ ပြောရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်...”
ဖှေးသည် ရုတ်တရက်မသင်္ကာစရာအချက်တစ်ခုကို သတိထားလိုက်မိသည်။ ထိုဥက္ကာပျံခဲသည်ပေါက်ကွဲသွားသော်လည်း သွေးများ၊ အော်ဟစ်သံများထွက်ပေါ်လာခြင်းမရှိသည်ကိုပင်။ အင်ပါယာအရှင်သခင်ယရှင်း၏ နဂါးလက်သီးသိုင်းကွက်သည် ဒိုမိန်း၏သိုင်းကွက်များအားလုံးထက် ပို၍ စွမ်းအားမြင့်မားနေသည့်အတွက်ကြောင့် ဒိုမိန်းအားလွယ်ကူစွာပင် သတ်ဖြတ်နိုင်ရမည်ဖြစ်သည်။
ဤအခိုက်တန့်တွင် သေးငယ်သည့်အနီရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်တွင် ပျောက်ကွယ်သွားပြီး ဒေါသဖြစ်နေသည့်အသံတစ်ခုထွက်ပေါ်လာ၏။ “ဟားဟား ယရှင်း မင်းကင့ါကို နောက်ဆုံးမှာ မသတ်နိုင်ခဲ့ဘူး။ အခုဆို မင်းပြန်ကောင်းလာတဲ့သတင်းကို တစ်လောကလုံးသိရတော့မယ်။ လီယွန်အင်ပါယာနဲ့ တစ်ခြားအင်ပါယာတွေလဲသိကုန်လိမ့်မယ်။ မင်းက နှစ်၂၀လုံးပျောက်နေတာဆိုတော့ မင်းက တစ်ခုခုကြံစည်နေခဲ့တာပဲဖြစ်ရမယ်။ ဟားဟား အမဲလိုက်မဟာမိတ်များအဖွဲ့ကိုပြန်ဖွဲ့စည်းပြီးတော့ မင်းရဲအဆုံးသတ်က င့ါထက်တောင်ပိုပြီးတော့ ဆိုး၀ါးလိမ့်မယ်...”
ထိုလူသည် ထွက်ပြေးနေသည့် ဒိုမိန်းပင်။
သူသည် ဖှေးအား အာရုံလွှဲသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အင်ပါယာအရှင်သခင်ယရှင်းသည် ဖှေးအားကယ်တင်နေသည့်အချိန်တွင် သူသည် ကိုယ်ယောင်ဖျောက်သိုင်းကွက်တစ်ခုကို အသုံးပြု၍ ထွက်ပြေးသွားခြင်းပင်။ သူသည် အခြေအနေများမကောင်းတော့သည့်အချိန်တွင် အရာရာကို စွန့်လွှတ်ကာ အင်ပါယာအရှင်သခင်ယရှင်း၏လက်အောက်မှ အောင်မြင်စွာထွက်ပြေးသွားနိုင်ခဲ့ခြင်းပင်။