အခန်း (၆၁၅)
Vol. 39 Ch. 615
“ထွက်ပြေးချင်နေတာလား...ဟားဟား မင်းက ဒီဒဏာရီလာနန်းတော်ထဲကနေ ဘယ်ကိုမှ ထွက်ပြေးလို့ ရမှာမဟုတ်ဘူးကွ...” အင်ပါယာအရှင်သခင်ယရှင်သည် အော်ဟစ်ကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲလိုက်ပြီး အနီရောင်အလင်းတန်းနောက်သို့ လိုက်ပါသွားတော့သည်။
အင်ပါယာအရှင်သခင်ယရှင်း၏ သက်တော်စောင့်များသည်လည်းလှုပ်ရှားကာ အနောက်မှလိုက်ပါသွားကြတော့သည်။
အလင်းတန်းလေးခုသည် အ၀ေးတွင်ပျောက်ကွယ်သွားတော့၏။
အင်ပါယာအရှင်သခင်သည် မလိုက်ခင်တွင် သူ့အားကြည့်သွားသကဲ့သို့ ဖှေးခံစားလိုက်ရသည်။ သူအကြည့်ခံလိုက်ရသည့်အချိန်တွင် သူ့တွင်ရှိသည့် လျို့၀ှက်ချက်များကိုမြင်လိုက်ခြင်းခံလိုက်ရသလိုခံစားလိုက်ရပြီး တစ််ခါမှမကြုံဖူးသေးသည့် စွမ်းအားကင်းမဲ့သည့်ခံချက်မျိုးကို ခံစားလိုက်ရ၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ခံစားချက်သည် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့် ဒိုမိန်း၏ ဖိအားထက်ပင် များစွာပို၍ ပြင်းထန်လှ၏။
ချွေးများပျံနေသည့် ဖှေးအား လေညှင်းတစ်ခုသည် ဖြတ်သန်းတိုက်ခိုက်သွားပြီး ဖြစ်ခဲ့သမျှအရာအားလုံးသည် အိမ်မက်တစ်ခုကဲ့သို့သာခံစားလိုက်ရ၏။
“ငါတို့လည်း သွားမှပဲ။ နေအဆင့်သခင်တစ်ယောက်ရဲ့တိုက်ပွဲကို ကြည့်ပြီးတဲ့အချိန်မှာ ငါတော့ အတော်လေး တက်ကြွသွားပြီ။ ငါဒီအခွင့်ရေးကို အသုံးချပြီးတော့ အဆင့်တက်အောင်ကြိုးစားရမယ်။ မင်းကတော့ တကယ့်ကောင်ပဲ အလတ်ဇန္ဒား။ မင်းကို နောက်တစ်ကြိမ်ထက်တွေ့ချင်ပါသေးတယ်...” သူသည် တစ်စုံတစ်ခုကို စဥ်းစားနေသကဲ့သို့ မင်းသားဂါရာနိုသည် ဖှေးအား ခင်မင်ရင်းနှီးစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏နတ်ဘုရားတစ်ပိုင်းအဆင့် မဟူရာမှော်တောင်၀ှေးကို ၀ှေ့ရမ်းလိုက်သည်။ ခရမ်းရောင်မီးတောက်တစ်ခုသည် သူနှင့်အစေခံကောင်မလေး လေးယောက်တို့၏ ခြေထောက်အောက်တွင်ပေါ်လာကာ အ၀ေးတစ်နေရာသို့ ပျံသန်းသွားတော့၏။
သူတို့သည် ငါးယောက်သည် အလွန်ပင်လိုက်ဖက်လှ၏။
“ဟားဟား သွားကြရအောင်။ ဒီလိုတိုက်ပွဲမျိုးက ကြည့်ရဖို့ရှားတယ်။ မင်းတို့လေးယောက်အတွက် အခွ့င်ရေးကြီးတစ်ခုပေါ့။ လုံခြုံတဲ့နေရာကိုရှာပြီးတော့ မင်းတို့တွေ ဒီနေရာမှာ ဒဏာရီလာနန်းတော်မပိတ်ခင်လေ့ကျင့်ကြတာပေါ့...” ဂျက်အင်ပါယာမှ တော်၀င်သိုင်းဆရာသည် ရယ်မောလိုက်ပြီး သူ၏နတ်ဘုရာတစ်ပိုင်းအဆင့်လက်နက် ကန္တာရ၏ အမျက်ဒေါသလက်နက်ကို ဆင့်ခေါ်လိုက်၏။ လိမ္မော်ရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီးသည့်နောက်တွင် သူတို့အားလုံးပျောက်ကွယ်သွားကြတော့၏။
ဤကဲ့သို့ တိုက်ပွဲအား အနီးကပ်မြင်တွေ့လိုက်ရခြင်းသည် အားနည်းသည့်သိုင်းဆရာများအတွက် ကြီးမားသည့်အခွင့်ရေးကြီးတစ်ခုပင်။ သူတို့သည် သဘာ၀နိယာမများနှင့် ဓာတ်စင်များကို ပို၍ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်လာမည်ဖြစ်၏။ အကယ်၍ သူတို့သည်သာအရည်ချင်းရှိပြီး ကံကောင်းခဲ့ပါက ပို၍မြင့်မားသည့်အဆင့်များသို့ပင် တက်ရောက်နိုင်မည်ဖြစ်ပြီး အလားလာာများပို၍ကောင်းမွန်လာမည်ဖြစ်သည်။ သူတို့အတွက် နေအဆင့်သခင်များအဖြစ်သို့ ရောက်နိုင်သည်အထိပင် အခွင့်ရေးပေးနိုင်၏။
သိုင်းဆရာများအားလုံးထွက်ခွာသွားကြသည့်အတွက် ဤနေရာတွင်လူလေးယောက်သာ ကျန်တော့၏။ ဖှေး၊ ဟေဇယ်-ဘန့်ခ်နှင့် မဟာဘုရားကျောင်းမှ သတိလစ်မေ့မျောနေသည့်လူနှစ်ယောက်ပင်။
“အရှင်မင်းကြီး ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ...” အမဲရောင်ကြောင်မျက်နှာဖုံးကို ၀တ်ဆင်ထားသည့် ဟေဇယ်-ဘန့်ခ်မှ မေးလိုက်၏။
“မင်းဒီနေရာမှာနေပြီးတော့ ဆက်ပြီးပြန်ကောင်းလာအောင်လေ့ကျင့်သင့်တယ်။ ဒဏာရီလာနန်းတော်ရဲ့ ဗဟိုချက်က ထူးခြားတော့ မင်းဒီမှာဆက်ပြီးတော့ လေ့ကျင့်နေမယ်ဆိုရင် နေအဆင့်ကို မကြာခင်မှာပြန်ပြီးတော့ ရောက်နိုင်မယ်ထင်တယ်။ အင်ပါယာအရှင်သခင်ယရှင်းနဲ့ ဒိုမိန်းတို့တိုက်ပွဲကိုလည်း ဂရုစိုက်နေပါ။ ငါကတော့ နတ်စင်ကို ရှာတွေ့ပြီးသွားပြီဆိုတော့ အခုချက်ချင်းပြန်လိုက်ဦးမယ်...” ဖှေးသည် ခနတာစဥ်းစားပြီးသည့်နောက်တွင် အောက်လမ်းဆရာအားပြောလိုက်၏။
အသက်ရှူမှားလောက်သည့် တိုက်ပွဲကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင် သူတို့အဖွဲ့သည် အလွန်အားနည်းနေသေးကြောင်းကို ဘုရင်သတိထားလိုက်မိသည်။ ချမ်းဘော့ဒ်တိုင်းပြည်သည် နေအဆင့်သခင်များ၏မျက်လုံးထဲတွင် ပုရွတ်ဆိတ်အုံလေးတစ်ခုကဲ့သို့သာဖြစ်နေသည့်အတွက်ပင်။ ချမ်းဘော့ဒ်တိုင်းပြည်သည် ဤကဲ့သို့ လောကထဲတွင်ရှင်သန်လိုပါက အဆင့်မြင့်သိုင်းဆရာတစ်ယောက်လိုအပ်၏။ ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် လျှင်မြန်စွာဖြင့် အဆင့်တက်အောင်လေ့ကျင့်နိုင်သော်လည်း သူသည် အချိန်တိုအတွင်းတွင် နေအဆင့်သခင်တစ်ယောက်ဖြစ်လာနိုင်မည်မဟုတ်ပေ။ သို့သော် ဟေဇယ်-ဘန့်ခ်သည်ဖြစ်လာနိုင်၏။ သူသည် ယခင်ကနေအဆင့်သခင်တစ်ယောက်ပင်။ ဖှေးသည် သူ၏သန့်စင်သည့် မရဏစွမ်းအင်များကိုအသုံးပြု၍ ဟေဇယ်-ဘန်ခ့်၏ ခန္ဓာကိုယ်အားကုသပေးခဲ့ပြီးသည့်နောက်တွင် ဤအောက်လမ်းဆရာ၏အစွမ်းများသည် လပြည့်နောက်ဆုံးအဆင့်သို့ရောက်သည်အထိ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ သူသည် ဤလယ်ဗယ်၃၆ဒေသတွင်သာ ဆက်လက်ကျင့်ကြံပါက စွမ်းအားများအမြင့်ဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်မှာ မလွဲမသွေပင်။
ဟေဇယ်-ဘန့်ခ်သည်သာ နေအဆင်သခင်တစ်ယောက်ပြန်ဖြစ်သွားပါက ဖှေးနှင့် ချမ်းဘော့ဒ်တိုင်းပြည်တို့သည်လည်း ပို၍လုံခြုံသွားမည်ဖြစ်သည်။
“ကောင်းပါပြီ။ ဒါပေမယ့်အရှင်မင်းကြီး လုပ်စရာရှိတာတွေကို လုပ်ပြီးရင် ဒီနေရာကို ပြန်လာသင့်တယ်။ အထူးသဖြင့် အဲ့ယရှင်းဆိုတဲ့လူပဲ။ သူက လအဆင့်မှာပဲရှိသေးတာကိုတောင် နေအဆင့်သခင်တစ်ယောက်ကို အနိုင်ယူနိုင်တယ်....အဲ့တာက အတော်လေး တုန်လှုပ်ဖွယ်ပဲ။ အရှင်မင်းကြီး အများကြီးသင်ယူလို့ရမယ်ထင်တယ်...” အောက်လမ်းဆရာသည် ခေါင်းငြိမ့်လိုက်ပြီး ဤကဲ့သို့ကောင်းမွန်သည့်အခွင့်ရေးကို ဖှေးဆုံးရှုံးသွားမည်ဆိုးသောကြောင့် သတိပေးလိုက်၏။ သူထွက်ခွာတော့မည့်အချိန်တွင် မြေပေါ်တွင်ရှိနေသည့် မဟာဘုရားကျောင်းမှလူနှစ်ယောက်ကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။ “အရှင်မင်းကြီး သူတို့ကို ကျွန်တော်တို့ဘာဆက်လုပ်သင့်လဲ...”
“ငါကြည့်ကြပ်လုပ်လိုက်ပါမယ်...” ဖှေးသည် ရုတ်တရက်တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး ဂျက်စီအားကြည့်ကာ ဟေဇယ်-ဘန်ခ့်ကို ပြန်ဖြေလိုက်၏။ ဤလူနှစ်ယောက်သည် သူ့အတွက် များစွာအကျိုးရှိနိုင်လိမ့်မည်ဟု ခံစားလိုက်မိသည်။
“ဟုတ်ကဲ့ပါ...” အောက်လမ်းဆရာသည် ပြန်ဖြေကာ ပျောက်ကွယ်သွားတော့၏။ သူသည် အင်ပါယာအရှင်သခင်ယရှင်းနှင့် ဒိုမိန်းတို့ထွက်ခွာသွားသည့်အရပ်သို့ လိုက်သွားခြင်းပင်။
ဖှေးသည် ဆက်လက်ရပ်နေကာ စဥ်းစားနေလျှက်ရှိသည်။ သူသည် အကြံတစ်ခုကို ရရှိလိုက်သော်လည်း ထိုအကြံသည် ၀ေ၀ါးကာ မရှင်းမလင်းဖြစ်နေ၏။ ထို့ကြောင့် သူ၏ခေါင်းကို ခါရမ်းကာ စဥ်းစားနေခြင်းကို ရပ်တန့်လိုက်၏။
ဂျက်စီနှင့်အလန်အားသယ်ဆောင်ကာ သူ၏နောက်ကြောတွင် ငွေရောင်တောင်ပံများထွက်ပေါ်လာပြီး လာခဲ့သည့်နေရာသို့ပျံသန်းသွားတော့၏။
သူသည် အလံနှစ်စုံမြို့တော်သို့ ချက်ချင်းပြန်ကာ ကမ္ယာကျောက်တုံးကို အသုံးပြု၍ သတိလစ်မေ့မြောနေသည့် အယ်လီနာနှင့် အန်ဂျယ်လာတို့ကို ပြန်လည်ကာ ကုသပေးရမည်ဖြစ်သည်။
ဖှေးသည် ကောင်းကင်ပေါ်တွင်လျှင်မြန်စွာပျံသန်းနေသည့်အတွက် စူးရှသည့်အသံတစ်ခုထွက်ပေါ်နေ၏။
အကြောင်းပြချက်တစ်ခုကြောင့် ဖှေးသည် အလွန်စိုးရိမ်နေသလိုခံစားနေရ၏။ သူသည် တစ်စုံတစ်ခုကို လျစ်လျူရှုခဲ့မိသလိုပင်။
“အင်ပါယာအရှင်သခင်ယရှင်းက နေအဆင့်သခင်တစ်ယောက်ကို တိုက်ခိုက်ပြီးအနိုင်ယူနိုင်တာပဲ။ အဆင့်နှစ်ခုက စိတ်ကူးမရင်နိုင်လောက်အောင်ကို စွမ်းအားခြင်းကွာနေတာလဲ။ အဲ့တာတောင် သူက ဒိုမိန်းကို အနိုင်ယူနိုင်နေတုန်းပဲ။ ဒါမှမဟုတ်ရင် အဆင့်နှစ်ခုကစွမ်းအားခြင်းများ သိပ်မကွာတာလား...ဒါမှမဟုတ် အင်ပါယာအရှင်သခင်ယရှင်းက အရမ်းကိုတော်နေလို့ သူ့ထက်အများကြီးစွမ်းအားပိုကြီးတဲ့ သိုင်းဆရာတွေကို တိုက်ခိုက်နိုင်နေတာလား...”
မီးတောက်ကမ္ဘာထဲတွင်ဖြစ်ခဲ့သည့်အရာများကို ပြန်တွေးလိုက်မိပြီးသည့်နောက်တွင် ဖှေးအလွန်စိတ်လှုပ်ရှားမိသွားသည်။
“အင်ပါယာအရှင်သခင်ယရှင်းရဲ့ သက်တော်စောင့်တွေနဲ့ ဂျက်အင်ပါယာ တော်၀င်သိုင်းဆရာတွေအားလုံးက လအဆင့်သိုင်းဆရာတွေပဲ...သူတို့ထဲကတစ်ယောက်ဆိုရင် လသစ် အလယ်လတ်အဆင့်ကိုတောင်ရောက်နေပြီ။ သူတို့က ဘာလို့ နာမည်မကြီးကြတာလဲ။ အင်ပါယာကာကွယ်စောင့်ရှောက်သူတွေထက်တောင် သူတို့က ပိုပြီးစွမ်းအားကြီးနေကြတာပဲ။...သူတို့က အင်ပါယာရဲ့ ဖုံးကွယ်ထားတဲ့အင်အားတွေလား။ ဒါမှမဟုတ်ရင် တစ်ခုခုများဖြစ်နေတာလား...”
“နောက်ပြီးတော့ ဂျက်အင်ပါယာနဲ့ ဇီးနစ်အင်ပါယာက စစ်ဖြစ်နေတယ်ဆိုပေမယ့် ဂျက်အင်ပါယာရဲ့တော်၀င်သိုင်းဆရာက င့ါကို ကူညီနေတာပဲ...နောက်ပြီးအင်ပါယာအရှင်သခင်ယရှင်းက ဂျက်အင်ပါယာက သိုင်းဆရာလေးယောက်ကို လွယ်လွယ်နဲ့သတ်နိုင်ပေမယ့် သူတို့ကို တစ်ချက်တောင်ကြည့်မသွားဘူး။ အင်ပါယာအရှင်သခင်ယရှင်းနဲ့ ဂျက်အင်ပါယာက တော်၀င်သိုင်းဆရာက တစ်ယောက်နဲ့တစ်ယောက် စကားမပြောခဲ့ကြပေမယ့် သူတို့က ရန်သူတွေမဟုတ်ပဲ မိတ်ဆွေတွေဖြစ်တယ်လို့ ငါခံစားနေရတယ် ဘာလို့လဲ...”
တိုက်ပွဲပြင်းထန်နေသောကြောင့် သူလျစ်လျူရှုထားသည့်မေးခွန်းများသည် သူ၏ခေါင်းထဲသို့ ပြန်လည်ကာ ၀င်ရောက်လာ၏။ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၂လူရိုင်းဇာတ်ကောင်၏ ဆဌမအာရုံသည် ရူးလောက်ဖွယ်ပင်ဖြစ်ပြီး ဖှေးအားတိုက်ပွဲ၏ ထူးဆန်းသည့်အချက်များကို ပြောပြနေလျှက်ရှိ၏။ အင်ပါယာအရှင်သခင်ယရှင်းနဲ့ ဂျက်အင်ပါယာမှသိုင်းဆရာတို့ကြားတွင်ရှိနေသည့် တည်ငြိမ်သောလိုက်ဖက်သင့်တယ်မှုမှာလည်း ရူးကြောင်ကြောင်နိုင်နေ၏။
သို့သော် ဤအချက်လက်များသည် ဖှေးအား စိုးရိမ်စေနေသည့်အဓိကအကြောင်းင်းမဟုတ်သေးပေ။
“အင်ပါယာအရှင်သခင်ယရှင်းက ပြန်ကောင်းနေပြီဆိုရင် သူက သိုင်းဆရာတောင်ပေါ်မှာတုန်းက လာစိန်ခေါ်တဲ့လူတွေကို လွယ်လွယ်ကူကူသတ်နိုင်နေတာပဲ။ အဲ့တာကို သူက ဘာလို့ ခါဆစ်သေတဲ့အထိစောင့်နေတာလဲ။ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ သူငယ်ချင်းတွေမဟုတ်ဘူးလား။ မဟုတ်မှလွဲရော အင်ပါယာအရှင်သခင်ယရှင်းက ဆရာကြီးခါဆစ်ကိုများသေစေချင်နေတာလား...”
ဖှေးထိုကဲ့သို့ စဥ်းစားလိုက်မိသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွား၏။
“တစ်ခြားအကြောင်းရင်းတစ်ခုရှိပါစေလို့ပဲ မျှော်လင့်ရမှာပဲ...ငါဒီပါရမီရှင်နဲ့ ရန်သူမဖြစ်ချင်ဘူး...”
ဖှေးပို၍ တွေးလေလေပို၍စိုးရိမ်လာလေလေဖြစ်၏။
နေ့၀က်ခန့်ကြာသည့်အချိန်တွင် ဖှေးသည် ဤကမ္ဘာထဲသို့ စတင်၀င်ရောက်လာစဥ်ကရောက်ရှိခဲ့သည့်နေရာသို့ ရောက်လာခဲ့၏။ ကြီးမားသည့် တောင်ကုန်းတစ်ခုပေါ်တွင် သုံးမီတာခန့်အမြင့်ရှိသည့် ငွေရောင်ဂိတ်တံခါးရှိနေ၏။ ထိုဂိတ်တံခါးသည် ဖှေးနှင့် သိုင်းဆရာအဖိုးကြီးလေးယောက်တို့ကို ဤကမ္ဘာထဲသို့ ပို့ဆောင်ပေးခဲ့သည့် ဓာတ်ဂိတ်တံခါးပင်။ တွန့်ဆုတ်ခြင်းမရှိပဲ ဖှေးထိုဂိတ်တံခါးထဲသို့ ပြေး၀င်လိုက်၏။