အခန်း (၆၁၆)
Vol. 39 Ch. 616
အလံနှစ်စုံမြို့တော်ထဲတွင် လေးရက်ခန့်ကုန်ဆုံးသွားပြီဖြစ်သည်။
လွန်ခဲ့သည့်လေးရက်လုံးတွင် မြို့တော်၏ ထောက်တိုင်ဖြစ်သည့် ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားက တွေ့ခဲ့ရခြင်းမရှိပေ။ ဘုရင်သည် မြို့တော်ထဲမှထွက်ခွာကာ ကောင်မလေးနှစ်ယောက်အား ကယ်တင်နိုင်သည့်နည်းလမ်းကို ရှာဖွေနေသည်ဆိုသည်အား ထိပ်သီးခေါင်းဆောင်တစ်ချို့သာသိကြ၏။
ဤအချိန်တွင် စစ်သည်များနှင့် မြို့နေပြည်သူများသည် သက်တောင့်သက်သာဖြစ်နေကြ၏။
ချမ်းဘော့ဒ်ဘုရင်၏ ခေါင်းဆောင်မုု့အောက်တွက် ဆက်တိုက်အနိုင်ရရှိနေခဲ့သည့်အတွက် ဂျက်အင်ပါယာမှ ကျူးကျော်လာသူများသည်လည်း အနောက်သို့ ငါးကီလိုမီတာခန့်ပင် ပြန်လည်ကာ ဆုတ်ခွာသွားပြီးဖြစ်သည်။ ထို့အပြင် ဖှေး၏ ကြေငြာခြင်းအစီစဥ်များသည်လည်း အလုပ်ဖြစ်နေလျှက်ရှိ၏။ သူ၏ သတင်းအချက်များကို ထိန်းချုပ်ထားသည့်ဗျူဟာကြောင့်ပြည်သူများသည် သတင်းကောင်းများကိုကာ ကြားနေရသည့်အတွက် လူတိုင်း၏စိတ်ထဲတွင် မျှော်လင့်ချက်အလင်းရောင်များဖြင့် ပြည့်နှက်နေကြ၏။ ထို့ကြောင့် စစ်သည်များသည်လည်း ကြောက်လန့်ခြင်းမရှိကြတော့ပေ။ ထိုအစားသူတို့သည် ခံတပ်နံရံပေါ်သို့တက်ကာ ဘုရင်အလတ်ဇန္ဒားနှင့်အတူ တိုက်ခိုက်လိုနေကြ၏။
အစောင့်များတင်းကြပ်နေသည့် တစ်ခုတည်းသောနေရာသည် မြို့တော်၀န်၏ စံအိမ်ပင်။
ဘုရင်၏ ဘ၀အတွက် အရေးပါဆုံးသော ကောင်မလေးနှစ်ယောက်တို့သည် ထိုစံအိမ်ထဲတွင် အနားယူနေသည့်အတွက်ပင်။ ထို့ကြောင့် ကင်းလှည့်ခြင်းနှင့် ခုခံခြင်းတို့ကို ကွပ်ကဲရသည့် ပီတာမှလွဲ၍ ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများအားလုံးသည် ဤနေရာအား စောင့်ကြပ်နေကြ၏။ သူတော်စင်တပ်ဖွဲ့၀င်ငါးဆယ်သည်လည်း မြို့တော်၀င်စံအိမ်အားအလှည့်ကျ ၂၄နာရီကင်းလှည့်နေကြပြီး မြို့တော်၏ နံပါတ်၁သိုင်းဆရာ ဖရန့်-လမ်းပါ့ဒ်သည်လည်း ပင်မနန်းတော်ဆောင်ရှေ့တွင် စောင့်ကြပ်နေ၏။
ဤကဲ့သို့ တင်းကြပ်စွာစောင့်ကြပ်နေသည့်အတွက် သာမန်လူများကပင် အရိုးများကို အေးစက်စေလောက်သည့် ဖိအားများကို မြို့တော်၀န်စံအိမ်မှ ခံစားနေရ၏။
လေးရက်မြောက်နေ့လည်ခင်းတွင် ခပ်ပိန်ပိန်လူတစ်ယောက်သည် ဂိတ်တံခါးရှေ့သို့ ရောက်လာ၏။
“အမ် ဒီနေရာပဲဖြစ်ရမယ်။ ဒီလောက်တောင် အစောင့်တွေ တင်းကြပ်ထားတယ်ဆိုတော့ သူတို့က တစ်ယောက်ယောက်ဒါမှမဟုတ်ရင် တစ်ခုခုကို စောင့်ကြပ်နေတာဖြစ်ရမယ်။ ဒါက ချမ်းဘော့ဒ်ဘုရင်ရဲ့ စံအိမ်ပဲဖြစ်ရမယ် ဟားဟား အခုသူက ဒီနေရာမှာမရှိဘူးဆိုတော့ အထဲကို၀င်ပြီး တွေ့သမျှလူသတ်ပြီး င့ါဒေါသတွေကို ဖြေဖျောက်မှရမယ်။ သူပြန်လာရင်တော့ အတော်လေးဒေါသဖြစ်နေတော့မှာပဲ ဟားဟားဟား...”
ထိုလူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်ယောင်များပေါ်လာ၏။ သူသည် ချမ်းဘော့ဒ်ဘုရင်သူ့အားလုပ်ခဲ့သည့်အရာများအကြောင်းကို ပြန်စဥ်းစားလိုက်မိပြီးသည့်နောက်တွင် ပို၍ပင်ဒေါသဖြစ်သွား၏။
ထိုလူသည် နှင်းတောင်သိုင်းဆရာ၏ ဒုတိယမြောက်တပည့်ဖြစ်သူတိုနီပင်။
သူနှင့် နှင်းတောင်သိုင်းဆရာတို့သည် ဓာတ်ဂိတ်တံခါးကို ရရှိနိုင်သည့်အခွင့်ရေးကို ဆုံးရှုံးကာ ပြင်းထန်စွာပင် ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် အနည်းငယ်ကုသပြီးသည့်နောက်တွင် ဒဏာရီလာနန်းတော်မှ ချက်ချင်းပင် ထွက်ခွာလာခဲ့ကြ၏။ တိုနီသည် ထိုနေရာတွင် လူပေါင်းများစွာရန်စခဲ့မိသည့်အတွက်ပင်။ ယခုအချိန်တွင် သူတို့သည် အလံနှစ်စုံမြို့တော်ထဲသို့ ရေတွင်းများမှ တဆင့်၀င်ရောက်လာခဲ့ပြီး အနားယူနေကြခြင်းပင်။
အကြောင်းပြချက်တစ်ချို့ကြောင့် နှင်းတောင်သိုင်းဆရာသည် တိုနီသစ္စာဖောက်ခဲ့သော်လည်း အပြစ်ပေးခြင်းမရှိခဲ့ပေ။ ထိုအစား သူ၏တပည့်ကို ဂရုစိုက်နေဆဲဖြစ်သည့်အွက်ကြောင့် တိုနီသည်လည်း ထက်မံ၍ မာနထောင်လွှားလာခဲ့၏။
နှင်းတောင်သိုင်းဆရာသည်အချိန်ကို တွက်ဆထားပြီးဖြစ်၍ ဖှေးပြန်မလာခင်အချိန်ထိအလံနှစ်စုံမြို့တော်ထဲတွင် နားနေကာ သူ၏ စွမ်းအားများပြန်လည်ရရှိလာခြင်းပင် ထွက်ခွာရန်အတွက် စီစဥ်ထား၏။ သူသည် တိုနီအား မဟာနှင်းတောင်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ပြီး တိုနီကိုလည်း ပြသနာထက်မရှာရန်အတွက်မှာကြားထားလိုက်သည်။
သို့သော် နှစ်ရက်ကြာအပြင်းထန်ပြန်လည်လေ့ကျင့်လိုက်ပြီးနောက်တွင် တိုနီသည်သိုသိုသိပ်သိပ်နေခြင်းမရှိပဲ လမ်းပေါ်သို့ ထွက်လာခဲ့ခြင်းပင်။ မြို့တော်၀န်စံအိမ်အနီးသို့ ရောက်ရှိသွားသည့်အချိန်တွင် ဖြစ်ခဲ့သမျှကို ပြန်စဥ်းစားလိုက်မိပြီး သူ၏ဒေါသကို ထိန်းထားနိုင်ခြင်းမရှိတော့ပေ။
“၀ှစ်...”
တိုနီသည် သူတော်စင်တပ်ဖွဲ့၀င်များကို လျှင်မြန်စွာပင် ကျော်လွန်ကာ မြို့တော်၀န်စံအိမ်အတွင်းသို့ ၀င်ရောက်သွား၏။
သူသည် ဖှေး၏အရှေ့တွင် ပိုးကောင်တစ်ကောင်ကဲ့သို့ပင် အားနည်းကာ အကြည့်တစ်ချက်ထဲဖြင့်ပင် ဒဏ်ရာရသွားနိုင်သော်လည်း ဤကြယ်အဆင့်စစ်သည်များအရှေ့တွင်မူ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ တစ်မိနှစ်အတွင်းမှာပင် သူသည် ထူထပ်သည့်အစောင့်များကို ကျော်လွန်ကာ ပင်မနန်းတော်ဆောင်သို့ ရောက်လာခဲ့၏။
ရုတ်တရက်ပင် လျှပ်စီးအလင်းတန်းတစ်ခုသည် သူ့ထံသို့ ပျံသန်းလာ၏။
“သေစမ်း မှော်ထောင်ချောက်လား။ ဘယ်သူလဲကွ ဒီနေရာမှာ မှော်ထောင်ချောက်တွေအများကြီးကို ဘယ်သူချထားတာလဲ။ သေစမ်း ငါတောင်သတိမထားလိုက်မိဘူး...” ပင်မနန်းတော်ဆောင်နှင့် မီတာ၄၀၀ခန့်၀ေးသည့်နေရာတွင် တိုနီမိုးကြိုးပစ်ခံလိုက်ရ၏။ သူ၏ပါးစပ်အထဲမှ မီးခိုးများပင်ထွက်လာကာ သူ၏ခြေလက်များထုံကျင်သွားသည်။
ဤနေရာတွင် အလွန်အဆင့်မြင့်သည့် မှော်ထောင်ချောက်များရှိနေလိမ့်မည်ဟု သူထင်မထားခဲ့သည့်အတွက်ပင်။ လအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် သူကိုယ်တိုင်ပင် သတိထားလိုက်မိလိုက်ခြင်းမရှိပေ။
လျှပ်စစ်မှော်ထောက်ခြောက်တစ်ခုကို နင်းလိုက်မိသည့်အတွက်ကြောင့် ဘေးပတ်ပတ်လည်တွင်ရှိနေသည့် ထောင်ချောက်များပါစတင်၍ အသက်၀င်လာ၏။
ချက်ချင်းပင် လျှပ်စီးမုန်တိုင်းတစ်ခုထဲသို့ ရောက်ရှိသွားသလို တိုနီခံစားလိုက်ရ၏။
“သေစမ်း...” တိုနီတိုက်ခိုက်လိုက်သည့်အချိန်တွင် အနီရောင်မီးတန်းတစ်ခုထွက်ခွာသွားကာ လျှပ်စီးကြောင်းများကို ဖျက်ဆီးပစ်လိုက်၏။
ထို့ကြောင့် သူ့အား ချက်ချင်းပင်လူများသတိထားမိသွားကြတော့သည်။
အော်ဟစ်သံများထွက်ပေါ်လာပြီး ချမ်းဘော့ဒ်တိုင်းပြည်မှ သူတော်စင်တပ်ဖွဲ့၀င်များသည်လည်း ဤနေရာသို့ အပြေးလာကြတော့၏။
မှော်ထောင်ချောက်များကို ဖှေးကိုယ်တိုင်နေရာချထားသည့်အတွက် စွမ်းအားမြင့်မားသလို အာရုံခံနိုင်ရန်လဲခက်ခဲလှ၏။ မြို့တော်၀န်စံအိမ်၏နေရာတိုင်းလိုလိုတွင် မှော်ထောင်ခြောက်များဖြင့် ပြည့်နှက်နေပြီး စစ်သည်များကင်းလှည့်သည့် လမ်းကြောင်းတစ်ခုသာ လုံခြုံကာ အပြင်လူများ၀င်ရောက်လာပါက ချက်ချင်းပင်သိရှိနိုင်မည်ဖြစ်၏။
“ဘယ်သူလဲကွ မင်းက အလံနှစ်စုံမြို့တော်ရဲ့တားမြစ်နယ်မြေကို ၀င်လာရဲတယ်ပေါ့...” အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့် ဆံပင်ရွှေရောင်နှင့်လူငယ်တစ်ယောက်သည် နန်းတော်ထပ်တွင်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အတွင်းအားစွမ်းအင်များတောက်လောင်နေပြီး လေးပေါ်တွင် မြှားသုံးချောင်းနှင့်အတူ လေးကြိုးကိုဆွဲတင်လိုက်သည်။ သူသည် တိုနီအား ချိန်ရွယ်ကာ အော်ဟစ်လိုက်၏။ “မင်း ဘယ်သူလဲဆိုတာကို ပြောပြီး ချက်ချင်းအညံ့ခံလိုက်။ အဲ့လိုမလုပ်ရင် မင်းအသတ်ခံရလိမ့်မယ်...”
တစ်ချိန်တည်းမှာပင် သူ၏ပတ်ပတ်လည်တွင်လူများစွာရောက်လာ၏။
နဖူးပေါ်တွင် ကြောက်စရာကောင်းသည် ကင်းခြေမြှားကဲ့သို့ အမာရွတ်ကြီးတစ်ခုရှိနေသည့် ထောင်မှူးအိုလတ်ဂ်၊ ကြံ့ခိုင်တောင့်တင်းသည့်ခန္ဓာကိုယ်များရှိသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာ တို့သည် ရောက်လာကာ တိုနီအား ၀ိုင်းထားလိုက်ကြ၏။
ထို့နောက်တွင် ဖရန့်ခ်-လမ်းပါ့ဒ်သည်လည်း ပင်မနန်းတော်ဆောင်ဂိတ်တံခါးရှေ့တွင် ပေါ်လာခဲ့သည်။ သူ၏ ဘေးတွင်ကြီးမားသည့် အမဲရောင်ဓားကြီးကို ထိုးစိုက်ထားရင်းဖြင့် စကားမပြောသေးသော်လည်း တိုနီအား ကြီးမားသည့်ဖိအားတစ်ခုပေးနေလျှက်ရှိ၏။ လျှပ်စီးများသည် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်တောက်ပလျှက်ရှိနေပြီး သူသည် ကြယ်ကိုးလုံးအလယ်လတ်အဆင့်သို့ပင်ရောက်ရှိတော့မည်ဖြစ်သည်။
တိုနီသည် ယခုအချိန်တွင် အနည်းငယ်စိုးရိမ်လျှက်ရှိနေ၏။ သူသည် ဤကဲ့သို့ မကြာသေးခင်ပင် ပေါ်သွားလိမ့်မည်ဟုထင်မထားခဲ့မိသည့်အတွက်ပင်။ သူသည် ချမ်းဘော့ဒ်ဘုရင်၏လူများကို လျှော့တွက်ခဲ့မိလိုက်ကြောင်းကို သိလိုက်၏။
သို့သော် မီးဂုဏ်သတ္တိစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တောက်လောင်ကာ သူ၏ မျက်နှာကို ဖုံးကွယ်ထားသည့်အတွက်ကြောင့် သူ၏သရုပ်မှန်ကို သတိထားမိသွားမည်အား စိုးရိမ်စရာမလိုပေ။
သူသည် ဤကဲ့သို့သော နောက်ဆုတ်ပေးလိုက်မည်လား။ သူထိုကဲ့သို့ ပြုလုပ်ရန်ဆန္ဒမရှိပေ။ ချမ်းဘော့ဒ်ဘုရင်မရှိသေးကြောင်းနှင့် ဤနေရာတွင်ရှိနေသည့်လူများသည် သူ့အား အနိုင်မယူနိုင်ကြောင်းကို တွေးလိုက်ပြီးသည့်အချိန်တွင် သူသည်ပို၍ပင် သတ္တိကောင်းလာခဲ့၏။ အတွင်းအားစွမ်းအင်အသုံးပြု၍ သူ၏အသံကိုပြောင်းလဲကာ ပြောလိုက်၏။ “ဟားဟား မင်းတို့ကောင်တွေကြည့်ရတာ ကြက်ကလေး၊ ငှက်ကလေးလိုပါပဲ င့ါလမ်းမှာပိတ်နေတဲ့လူဘယ်သူမဆိုသေလိမ့်မယ်...”
သူ၏ စကားမဆုံးသေးခင်မှာပင် အရှေ့သို့ ပျံသန်းကာ ပင်မနန်းတော်ဆောင်ထဲသို့ ဦးတည်သွား၏။
“မင်း သေချင်လို့လား...” တိုးရီစ်အော်ဟစ်လိုက်ပြီး သူ၏ လေးပေါ်မှ အစိမ်းရောင်စွမ်းအင်မြှားသုံးချောင်းကို ပစ်လွှတ်လိုက်၏။ ထိုမြှားသုံးချောင်းသည် ချက်ချင်းပင် တိုနီ၏လမ်းကို ပိတ်ဆို့လိုက်သည်။
တိုနီသည် အေးစက်စွာဖြင့်ရယ်မောလိုက်ပြီး သူ၏လက်ချောင်းများဖြင့် သုံးကြိမ်ခန့်တောက်လိုက်သည်။
“ဖုန်း ဖုန်း ဖုန်း...”
မြှားသုံးချောင်းသည် ပေါက်ကွဲကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။
“သေစမ်းကွာ...” ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများသည် ဤအရာကို မြင်တွေ့လိုက်ရသည့်အတွက် တုန်လှုပ်သွားကြ၏။
ဘုရင်သည် တိုးရီစ်အား အလွန်သဘောကျပြီး ဤလူငယ်လေးသည် ဤနေရာတွင်ရှိနေသည့် သိုင်းဆရာများထဲတွင် အရည်ချင်းအရှိဆုံးလူငယ်တစ်ယော်ကပင်။ သူ၏လေးအတတ်သည်လည်း သူ့ထက်များစွာပို၍ စွမ်းအားမြင့်မားသည့် သိုင်းဆရာများကိုပင် သတ်ဖြတ်ပစ်နိုင်၏။ သူလက်ရှိတွင်အသုံးပြုလိုက်သည့်သိုင်းကွက်သည် နတ်ဘုရားပြောင်းလဲခြင်း မြှားသုံးလက်ဟုခေါ်၏။ ထိုသိုင်းကွက်သည် တိုးရီစ်အား ဘုရင်ကိုယ်တိုင်သင်ကြားပေးခဲ့သည့်သိုင်းကွက်တစ်ခုပင်။ မြှားသုံးချောင်းသည် ပုံသဏာန်တစ်ရာကျော်ခန့်ပင်ပြောင်းလဲနိုင်ပြီး ကြယ်ရှစ်လုံးအဆင့်သိုင်းဆရာများပင် ထိုမြှားချက်များနှင့် ရင်ဆိုင်ရပါက အနောက်သို့ ဆုတ်ပေးရမည်ဖြစ်၏။ သို့သော် ဤလျို့၀ှက်သည့်လူသည် မြှားများမပြောင်းလဲသေးခင်မှာပင် လွယ်က်ူစွာဖျက်ဆီးပစ်လိုက်၏။ ကျူးကျော်၀င်ရောက်လာသူ၏ စွမ်းအားများသည် သူတို့ထင်ထားသည်ထက်များစွာကြီးမားနေသည်ကို ဖော်ပြနေ၏။
“သေခြာ ကိုင်ထားကြဟေ့ အလောင်းထပ်ငလျင်လှိုင်း...”
သိပ်မ၀ေးသည့်နေရာတွင်ရှိသော ထောင်မှူးအိုလတ်ဂ်မှ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့်အရိုးများမှ အသံများထွက်လာ၏။ သူ၏ တောင်ကြီးတစ်ခုကဲ့သို့ ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည် စတင်၍ တုန်ခါလာပြီး သူ၏လက်သီးများသည် မြေပြင်ပေါ်တွင် လက်သီးရာနှစ်ခုကို ထင်ကျန်သွားစေ၏။ ထူးထူးခြားခြားမဖြစ်သေးသော်လည်း လေးဆယ်မီတာခန့်အကွာ၀ေးတွင်ရှိနေသည့် တိုနီသည် ချက်ချင်းပင် အန္တရာယ်ကို အာရုံခံလိုက်မိ၏။ သူ၏အတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်အောက်ပိုင်းသို့ စီးဆင်းသွားကာ ကာကွယ်လိုက်၏။