← Chapters

အခန်း (၆၁၇)

Vol. 39 Ch. 617

အခန်း (၆၁၇)

Vol. 39 Ch. 617

“အတော်လေးထူးဆန်းတဲ့သိုင်းကွက်ပဲ တိုနီသည် မြေပြင်အားခြေထောက်ဖြင့် စောင့်လိုက်ရင်းဖြင့်တွေးလိုက်မိသည်။ ပို၍ပင်စွမ်းအားမြင့်မားသည့် မီးစွမ်းအင်တစ်ခုသည် အရှေ့သို့ ထွက်ခွာသွား၏။ မြေပြင်သည် စတင်၍ တုန်ခါလာကာ အစိမ်းရောင်ကျောက်ပြားများသည်လည်း လေပေါ်သို့ ၀ဲပျံကုန်တော့၏။ မကြာမှီတွင် ဖုန်မှုန့်များသည် မြင်နိုင်စွမ်းကို သိသိသာသာပင်လျှော့ကျသွားစေ၏။

သို့သော် သူသည် တိုက်ခိုက်မှုများကို သုံးစက္ကန့်လောက်သာ ကာကွယ်လိုက်နိုင်၏။

ရုတ်တရက်ပင် ကြီးမားသည့်အရိပ်ကြီးတစ်ခုသည် သူ့အား အပေါ်မှဖုံးကာလိုက်ပြီး တစ်ချိန်တည်းမှာပင် စူးရှည့် ဓားသွားစွမ်းအင်တစ်ခုသည် သူ့ထံသို့ ပျံသန်းလာတော့၏။

တိုနီ၏ နှလုံးခုန်သံများမြန်ဆန်သွား၏။ အတွင်းအားစွမ်းအင်ကိုအသုံးပြုကာ သူ၏လက်မောင်းများကို သန်မာအောင်ပြုလုပ်လိုက်ပြီး လက်သီးဖြင့်ထိုးလိုက်၏။

“ဖုန်း...”

ဆံပင်အဖြူရောင်နှင့် ပီးရာ့စ်သည်အနောက်သို့ သဲအိတ်တစ်လုံးကဲ့သို့ပင် လွှင့်ထွက်သွားကာ ပါးစပ်မှ သွေးများစီးကျလာတော့၏။

စွမ်းအားကွာဟမှုမှာ ကြီးမားလွန်းလှသည့်အတွက်ကြောင့် တိုနီသည် ကြယ်ခြောက်လုံးအမြင့်ဆုံးအဆင့်တိုက်ခိုက်မှုကို လွယ်ကူစွာပင် ဖျက်ဆီးပစ်လိုက်ခြင်းပင်။

သို့သော် တိုနီသည် စိတ်အေးခြင်းမရှိပေ။ ဆံပင်ရွှေရောင့်နှင့် ကောင်လေး၏ မြှားသုံးချောင်း၊ ဖက်တီး၏ ကြောက်မက်ဖွယ်သိုင်းကွက်၊ ဆံပင်အဖြူရောင်နှင့်လူနှင့် မမြင်နိုင်သောဓားသွားစွမ်းအင်တို့သည် လျို့၀ှက်သည့်စွမ်းအားအနည်းငယ်ပါ၀င်နေသည်ကို သူတိထားမိလာ၏။ ထိုစွမ်းအားသည် အားနည်းနေသေးသော်လည်း တစ်ချိန်ချိန်တွင် စကြာ၀ဌာကြီးကဲ့သို့ပင် အကန့်သက်မဲ့ကာ ကြီးမားလာနိုင်၏။ သူ၏ လသစ်အဆင့်အတွင်းအားစွမ်းအင်များကိုပင် ထိုးဖောက်ကာ သူ့အား ဒဏ်ရာအနည်းငယ်ရရှိသွားစေခဲ့သည်။

“ငါဒီတိုက်ပွဲကို အမြန်အပြီးသတ်မှဖြစ်မယ်။ ဒီလူတွေက နန်းတော်ဆောင်ကို အသဲသန်ကာကွယ်နေကြတာဆိုတော့ အထဲမှာ ချမ်းဘော့ဒ်ဘုရင်တန်ဖိုးထားတဲ့အရာတစ်ခုခုရှိနေလိမ့်မယ်။ ငါအဲ့တာကို ဖျက်ဆီးပစ်ပြီးတော့ အမြန်ဆုံးပြန်ရမယ်...”

ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် တိုနီသည် သူ၏အတွင်းအားစွမ်းအင်များကို ဆက်လက်ထိန်းချုပ်ထားခြင်းမရှိတော့ပေ။ သူ၏လသစ်အဆင့်စွမ်းအားများကို အမြင့်ဆုံးထုတ်လွှတ်လိုက်ပြီး ပင်မနန်းတော်ဆောင်သို့ လျှင်မြန်စွာပျံသန်းသွားတော့၏။

“၀ှစ် ၀ှစ် ၀ှစ်...”

အစိမ်းရောင်မြှားသုံးချောင်းသည် တိုနီ၏ သေစေနိုင်သည့်နေရာများကို ချိန်ရွယ်ကာပျံသန်းဿွား၏။ တိုးရီ၏ မြှားများသည် ချွန်ထက်သာ သေစေနိုင်သော်လည်း တိုနီ၏ အတွင်းအားစွမ်းအင်များကို ထိုးဖောက်နိုင်ခြင်းမရှိပေ။

တိုးရီစ်မှ လွဲ၍ ကျန်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်မှသိုင်းဆရာများသည် တိုနီ၏အမြန်နှုန်းကို ယှဥ်ပြိုင်နိုင်ခြင်းမရှိကြပေ။

တိုနီ၏ အရှေ့တွင် လက်ရှိတွင် ကာရံနေသူမှာ ဖရန့်ခ်-လမ်းပါ့ဒ်တစ်ယောက်သာရှိတော့၏။

“ရပ်လိုက်စမ်း အလင်းလက်သီး...” လမ်းပါ့ဒ်သည် အော်ဟစ်ကာ လက်သီးဖြင့် ထိုးလိုက်၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁စစ်သည်သည် ရန်သူစွမ်းအားမြင့်မားကြောင်းကို သိရှိပြီးဖြစ်သောကြောင့် မတိုက်ခိုက်ခဲ့သေးပဲ သူ၏အတွင်းအားစွမ်းအင်များနှင့် စိတ်ဓာတ်တို့ကိုအမြင့်ဆုံးရောက်ရှိရန်အတွက် ကြိုတင်ကာ ပြင်ဆင်နေခဲ့ခြင်းပင်။

ဤအခိုက်တန့်တွင် သူ၏ ကြယ်ကိုးလုံးအဆင့်အတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် လျှင်မြန်စွာလည်ပတ်စီးဆင်းလျှက်ရှိနေပြီး သူ၏ စိတ်ဓာတ်တို့မှာလည်း ၁၀၀ရာခိုင်နှုန်းမြင့်မားနေ၏။ သူ၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကို အသုံးပြုလိုက်ရာ အဖြူရောင်အလင်းတန်းများသည် နေရာအနှံ့တွင်တောက်ပသွားတော့၏။ အလင်းတန်းတစ်ခုခြင်းစီတိုင်းသည် လက်သီးတစ်ချက်ကို ကိုယ်စားပြုနေ၏။ လမ်းပါ့ဒ်သည် အကြိမ်ပေါင်းများစွာထိုးနှက်တိုက်ခိုက်လိုက်ပြီး တိုက်ခိုက်မှုတစ်ခုခြင်းစီတိုင်းတွင် ကြယ်ကိုးလုံးအလယ်လတ်အဆင့်စွမ်းအင်များပါ၀င်နေ၏။

ဤအတွက်ကြောင့် စွမ်းအားမြင့်မားသည့် သိုင်းကွက်များသည်အရေးကြီးခြင်းပင်။ သိုင်းဆရာများသည် သူတို့လက်ရှိစွမ်းအားထက်ပို၍မြင့်မားသည့် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ကြမည်ဖြစ်သည်။

“သေ စမ်း မီးပေါ်ကွဲခြင်း...” လမ်းပါ့ဒ်သည် သူ၏လယ်ဗယ်နှင့်အနီးကပ်ဆုံးလူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် တိုနီသည် ကြီးမားသည့်အန္တရာယ်တစ်ခုကို ချက်ချင်းပင်ခံစားလိုက်ရ၏။ သူ၏ အတွင်းအားစွမ်းအင်များအားလုံးကိုထုတ်လွှတ်လိုက်ပြီး မဟာနှင်းတောင်တန်း၏ အဆင့်မြင့်သိုင်းကွက်ဖြစ်သည့် မီးပေါက်ကွဲခြင်းသိုင်းကွက်ကိုအသုံးပြုလိုပ်ရသည်။

“ဖွီး...”

“ဖွီး...အား...”

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများတွေ့ဆုံလိုက်သည့်အချိန်တွင် နှစ်ယောက်လုံး၏ ပါးစပ်မှသွေးများပန်းထွက်လာ၏။

လမ်းပါ့ဒ်သည် လအဆင့်စစ်သည်တစ်ယောက်မဟုတ်သည့်အတွက် ဒဏ်ရာရရှိသွားသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင်။ သို့သော် တစ်ဖက်တွင် တိုနီသည် အခြေခံအုတ်မြစ်ကောင်းကောင်းမရှိပဲ ပြင်ပမှော်ပစ္စည်းများ၏ အကူညီဖြင့် လအဆင့်သို့ရောက်ရှိသွားခဲ့ကာ ဒဏာရီလာနန်းတော်ထဲတွင်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထို့ကြောင့် သူသည် စွမ်းအားမြင့်သည့် လအဆင့်သိုင်းကွက်တစ်ခုဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သော်လည်း ကြယ်ကိုးလုံးအဆင့်သိုင်းဆရာတစ်ယောက်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့၏။

သို့သော် သူတို့နှစ်ယောက်၏ စွမ်းအားများသည် အကြီးကျယ်ကွာဟနေဆဲပင်။ တိုနီသည် နောက်သို့ ခြေတစ်လှမ်းခန့်သာ ဆုတ်ခွာသွားသော်လည်း လမ်းပါ့ဒ်သည် နန်းတော်ထဲသို့ရောက်သည် အနောက်သို့ လွှင့်ထွက်သွားခဲ့၏။

“မီးပေါက်ကွဲခြင်း မီးပေါက်ကွဲခြင်း မီးပေါက်ကွဲခြင်း...”

ရက်စက်ကြမ်းကြုတ်ကာ အမြင်ကျင်းသည့် တိုနီသည် ဒဏ်ရာရရှိသွားသည့်အတွက်ကြောင့် ဒေါသဖြစ်သွဦး၏။ သူ၏ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများကိုပင် ပြန်လည်ကုသရန်မကြိုးစားတော့ပဲ သူ၏စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာတိုက်ခိုက်တော့၏။

“ဘုန်း ဘုန်း ဘုန်း...”

အဖျက်စွမ်းအားကြီးမားသည့် စွမ်းအင်များသည် ပင်မနန်းတော်ဆောင်ကို ချက်ချင်းပင် ဖုံးလွှမ်းသွားပြီး နန်းတော်ဆောင်ထဲတွင်ရှိနေသည့်လမ်းပါ့ဒ်သည်လည်း ထိုပေါက်ကွဲမှုများကြားထဲတွင်ရောက်ရှိသွားတော့၏။ ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများသည် တုန်လှုပ်သွားကာ သားရဲကောင်များကဲ့သို့ပင် ကြုံး၀ါးကာ အသတ်ခံရမည်ကိုပင်ကြောက်တော့ပဲ တိုနီထံသို့ ပြေး၀င်လာကြတော့သည်။

ဤအခိုက်တန့်တွင် စိတ်ကူးပင်မယဥ်နိုင်သည့် ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်လာတော့၏။

“ဖုန်း...”

ပင်မနန်းတော်ဆောင်ထဲတွင် တစ်စုံတစ်ခု စတင်ပေါက်ကွဲလိုက်သလိုပင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာ၏။

ပေါက်ကွဲမှု၏ စွမ်းအားကြောင့် နန်းတော်ဆောင်၏ အမိုးပင် ကောင်းကင်ပေါ်သို့ လွှင့်ပျံသွားကြီး ကြီးမားသည့် ကျောက်စများသည် အဖက်ဖက်သို့ ပျံ့လွှင့်ကုန်၏။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အရှိန်၀ါကြီးတစ်ခုထွက်ပေါ်လာပြီး တိုနီအပါ၀င်လူများအားလုံးသည် ကောက်ရိုးပင်များကဲ့သို့ပင် အနောက်သို့ လွှင့်ထွက်ကုန်ကြတော့၏။

မြို့တော်၀န်စံအိမ်တစ်၀က်ခန့်သည် ပြိုုကျကုန်တော့၏။

ပင်မနန်းတော်ဆောင်ကြီးတစ်ခုလုံးသည်လည်းပျက်ဆီးသွားပြီး ကျောက်ပြားတစ်ခုပင် ကျန်ရှိခဲ့ခြင်းမရှိတော့ပေ။ နန်းတော်ဆောင်ရှိခဲ့သည့်နေရာတွင် နက်ရှိုင်းသည့် ကျဥ်းနက်ကြီးတစ်ခုရှိနေ၏။ အမဲရောင်မီးခိုးများသည့် မီးတောက်များကိုသာမြင်နေရ၏။

“သေစမ်း...” ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များအားလုံးတုန်လှုပ်သွားတော့၏။ သူတို့၏အမှားများအတွက် ဘုရင်အား ကွပ်မျက်ရန်တောင်းဆိုဖို့သာ ကျန်တော့သည်ဟုပင်ခံစားလိုက်မိ၏။

ဘုရင်မသွားမှီတွင် သူတို့သည် မိဘုရားလောင်း အန်ဂျယ်လာနှင့် အယ်လီနာတို့ကို အသက်နှင့်ရင်းကာ ကာကွယ်ပေးပါမည်ဟု ကတိပြုခဲ့ကြသော်လည်း ယခုတွင်မူ...

နန်းတော်ဆောင်ကြီးတစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီဖြစ်ပြီး အထဲတွင်ရှိနေသည့် သတိလစ်မေ့မြောနေသောကောင်မလေးနှစ်ယောက်တို့သည် အသက်ရှင်နိုင်ကြတော့မည်မဟုတ်ပေ။

ဖွင့်လစ်နေသည့် ဘုံဆိုင်တစ်ခုထဲတွင်ဖြစ်သည်။

ဤဘုံဆိုင်၏ နာမည်သည် အိုင်ဗွီဖြစ်ပြီး ဤနေရာတွင်ရှိသည့် ဘုံဆိုင်များထဲတွင် အရောင်ရဆုံးဘုံဆိုင်တစ်ခုပင်။

မြို့တော်စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သည့်နှစ်ဆယ့်ခြောက်နှစ်ကတည်းကပင် ဖွင့်လစ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ဤဘုံဆိုင်သည် သေချာပေါက်ပင် သမိုင်း၀င်နေရာတစ်ခုပင်။

အိုင်ဗွီဆိုင်သည် ကြီးမားခြင်းမရှိသော်လည်းအတွင်းပိုင်းအပြင်ဆင်မှာ လှပ၏။ မြို့တော်ထဲတွင်ရှိသည့် တစ်ခြားဘုံဆိုင်များကဲ့သို့ ကြေးစားစစ်သည်များနှင့်ပြည့်နှက်နေကာ ဆူညံနေခြင်းမရှိပဲ အတော်တန်ပင်ငြိမ်းချမ်းသည့် ဘုံဆိုင်တစ်ခုပင်။

ထိုဆိုင်ထဲတွင် ရမ်မျိုးစုံရောင်းချ၏။ ဘုရင်အလတ်ဇန္ဒားသည် ကန္တာရထဲသို့ သွားကာ ရန်သူ၏ စားနပ်ရိက္ခာများကို ဖျက်ဆီးပေးခဲ့သည့် စစ်သည်များကို ဂုဏ်ပြုပါတီပွဲကျင်းပပေးခဲ့စဥ်က ရမ်အရက်များကို ဤဆိုင်မှ မှာယူခဲ့ခြင်းပင်။ တစ်မော့ခန့်သောက်ပြီးသည့်နောက်တွင် ချက်ချင်းပင် ထိုရမ်အရက်က သူရဲကောင်းသောက်စရာဟုပင် နာမည်ပေးခဲ့၏။ ထိုအချိန်မှစ၍ အိုင်ဗွီဘုံဆိုင်၏ ရမ်အရက်သည်ပို၍ပင်နာမည်ကြီးလာကာ မြို့တော်ထဲတွင် နံပါတ်၁ဘုံဆိုင်တစ်ခုဖြစ်လာတော့၏။

ဤဘုံဆိုင်သည် ဆိုရိုကုန်သွယ်ရေးအဖွဲ့ပိုင်သည်ကိုမူ လူအနည်းငယ်ကသာသိကြ၏။

ဘုံဆိုင်အတွင်းသို့ အရက်သောက်ရန်လာခဲ့ကြသည့်လူများစွာရှိပြီး သူတို့ထဲမှအများစုသည် စစ်သည်များပင်။ ချမ်းဘော့ဒ်ဘုရင်သည်စစ်သည်များ၏ လစာကိုသိသိသာသာ တိုးမြှင့်ပေးလိုက်ပြီးသည့်နောက်တွင် သူတို့၏ဘ၀နေထိုင်မှုများသည်လည်းပို၍အဆင်ပြေလာခဲ့၏။ ဘုရင်အား လေးစားမှုကို ပြသသည့်အနေဖြင့် ဘုရင်ကိုယ်တိုင်ချီးကျူးထားသည့် သူရဲကောင်းသောက်စရာကို လာရောက်မြည်းစမ်းလိုနေကြခြင်းပင်။

အိုင်ဗွီဘုံဆိုင်၏ အမျိုးသမီးမန်နေဂျာအသစ်တစ်ဘောက်သည်လည်း ဤအခွ့င်ရေးကို အသုံးချနိုင်ခဲ့သည်။ စစ်သည်များအား အကျိုးမြတ်ပေးခြင်းဟူသည့် နာမည်ကိုအသုံးချကာ စစ်သည်များလာရောက်သောက်သုံးပါက ၃၀ရာခိုင်နှုန်းဒစ်စကောင့်လည်း ပေးခဲ့သည့်အတွက် စီးပွားရေးသည်လည်း ပို၍ပင်တိုးတက်လာခဲ့တော့သည်။

စကိုလာသည် ဤဘုံဆိုင်တွင် စားပွဲထိုးတစ်ယောက်ဖြစ်ပြီးလုပ်ကိုင်လာခဲ့သည်မှာ ဆယ်နှစ်ပင်ကျော်လာခဲ့ပြီဖြစ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူ၏မိဘများသည် သူ့အားထောက်ပံ့နိုင်ခြင်းမရှိသည့်အတွက် အိုက်ဗွီဘုံဆိုင်သို့ ရောင်းချခဲ့ခြင်းပင်။ ထို့ကြောင့် ဘုံဆိုင်သည်သူ့အတွက် အိမ်လိုပင်ဖြစ်နေပြီးဖြစ်၏။ ယခင်က အသက်၇၀ခန့်အရွယ်ရှိသည့် မန်နေဂျာဂျွန်သည်သူ့အားမြေးအရင်းတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့သည့်အတွက် စကိုလာအတွက် နေရထိုင်ရသည်မှာ အဆင်ပြေခဲ့၏။

လွန်ခဲ့သည့် လေးရက်ခန့်က အဖိုးကြီးဂျွန်သည် အသက်ကြီးသည့်အတွက်အနညးယူသွားခဲ့ပြီး သူ၏နေရာတွင် ငယ်ရွယ်သည့်ကောင်မလေးတစ်ယောက်သည် မန်နေဂျာအနေဖြင့် ရောက်လာခဲ့၏။

ဘုံဆိုင်ထဲတွင် အဖိုးကြီးဂျွန်မရှိတော့သည့်အတွက် စကိုလားစိတ်မကောင်းဖြစ်မိသော်လည်း ဤမန်နေဂျာကောင်မလေးအသစ်သည်လည်း အလုပ်သမားများကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည့်အတွက်လည်း ၀မ်းသာမိသည်။ စကိုလာကိုပင် ကောင်တာမန်နေဂျာအဖြစ်ရာထူးတိုးပေးခဲ့ပြီး သူ၏လုပ်ပိုင်ခွင့်များနှင့် လစာတို့သည်လည်း နှစ်ဆနီးပါးခန့်မြင့်တက်သွားခဲ့၏။ သူသည် မသက်မသာခံစားရသော်လည်း ပို၍ပင်အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ပေးခဲ့၏။

သူသည် ဤလှပသောဆိုင်ရှင်အသစ်နှင့်ပတ်သက်၍အနည်းငယ်စိတ်၀င်စားလာခဲ့မိသည်။

အမှန်ပင် သူသည် လူငယ်တစ်ယောက်လည်းဖြစ်သည့်အတွက် အနည်းငယ်စိတ်ကူးယဥ်တတ်၏။ ဂျက်စီကာဟုအမည်ရသည့် ဆိုင်ရှင်ကောင်မလေးသည် လူတိုင်းကို သူမ၏ မိသားစု၀င်များကဲ့သို့ပင်ဆက်ဆံလေ့ရှိပြီး သူမ၏အပြုံးသည်လည်း လူများ၏ နှလုံးသားကို အရည်ပျော်စေလောက်၏။

ထို့ကြောင့် ဆိုင်ရှင်ကောင်မလေးကို ကြိတ်ကြွေနေသည့်လူမှာ စကိုလာတစ်ယောက်တည်းသာရှိသည်မဟုတ်ပေ။

ဂျက်စီကာသည် ဤဆိုင်ထဲတွင် ဆိုင်ရှင်အဖြစ်စတင်လုပ်ကိုင်စဥ်ကတည်းက ခေါင်းဆောင်ငယ်များနှင့် ကျက်သရေရှိသည့်ဆွေကြီးမျိုးကြီးလူငယ်များပင် ဤနေရာသို့ နေ့တိုင်းလိုလိုလာရောက်လေ့ရှိကြ၏။ သူတို့သည် သူမနှင့်နီးကပ်လိုသည့်အတွက်ပင်။

ပို၍ သတ္တိရှိသည့် ယောက်များများဆိုလျှင် နှင်းဆီပန်းများဖြင့်ပင် သူမအား လာရောက်ကာ ချစ်ခွင့်ပန်လေ့ရှိ၏။

သို့သော် ဂျက်စီကာသည် လူတိုင်းအားကြင်ကြင်နာနာြဖင့် ဆက်ဆံလေ့ရှိသော်လည်း ဤလူများကိုတစ်ယောက်မှ လက်ခံခြင်းမရှိသည်ကိုလည်း စကိုလာသတိထားခဲ့မိသည်။

အနည်းငယ် ကမူးရှူးထိုးဆန်သည့် ဆွေကြီးမျိုးကြီးလူငယ်တစ်ယောက်သည် အငြင်းခံလိုက်ရပြီးသည့်နောက်တွင် ဂျက်စီကာကိုအနည်းငယ်စနောက်ခဲ့သည့်အတွက်ကြောင့် စစ်သည်တပ်ဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းကိုခံကာအရိုက်နှက်ခံခဲ့လိုက်ရ၏။ ထိုစစ်သည်များထဲတွင် အရပ်ရှည်ရှည်အသားညိုညိုနှင့် နုံအအပုံစံစစ်သည်သည် အဆိုးဆုံးပင်။ သူသည် ထိုဆွေကြီးမျိုးကြီးလူငယ်အား အတော်လေးပင်ရိုက်နှက်ခဲ့လိုက်၏။

ဆွေကြီးမျိုးကြီးလူငယ်မှ ထကာ ခြိမ်းခြောက်ရန်အတွက်ကြိုးစားသည့်အချိန်တွင် ထိုလူသည် ရယ်မောကာ သူ၏ သရုပ်မှန်ကိုလည်းပြောပြလိုက်၏။ သူသည် ဂျက်စီကာ၏အကိုရင်းဖြစ်ပြီး ဘုရင်အလတ်ဇန္ဒား၏ ကိုယ်ရံတော်တစ်ယောက်လည်းဖြစ်၏။

ထိုဆွေကြီးမျိုးကြီးလူငယ်သည် အလွန်ပင်ထိတ်လန့်သွားခဲ့ပြီး ဂျက်စီကာ အရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန်အတွက် တောင်းပန်ခဲ့၏။

ဂျက်စီကာ ခွင့်လွှတ်လိုက်သည့်အချိန်မှသာလျှင် သူသည် အ၀ေးသို့ ထွက်ပြေးသွားတော့၏။

အရိုးသားဆုံးပြောရပါက ဤကဲ့သို့မြင်ကွင်းကို မြင်တွေ့ရသည့်အတွက်ကြောင့် မည်သူမှ အံ့သြခြင်းမရှိကြပေ။ ဘုရင်အလတ်ဇန္ဒားသည် အကျင့်ပျက်ခြစားနေသည့်ဆွေကြီးမျိုးကြီးများကို မုန်းတီးကြောင်းကိုလူတိုင်းသိ၏။ ဆွေကြီးမျိုးကြီးမိသားစု၇ခု၏ ခေါင်းဆောင်များသည် ဖော်ပြ၍မရနိုင်သည့် ရာဇ၀တ်မှုများကို ကျိူးလွဣ်ခဲကြသည့်အတွက်ကြောင့် ကွပ်မျက်ခြင်းခံခဲ့ရသည်။ ဆွေကြီးမျိုးကြီးများအကျင့်ပျက်လာပါက ချမ်းဘော့ဒ်ဘုရင်သည် ကွပ်မျက်ရန်အတွက် ၀န်လေးခြင်းမရှိသည်ကိုလည်း မြို့တော်အတွင်းတွင်ရှိသည့်လူများအားလုံး ရှင်းရှင်းလင်းလင်းသိရှိပြီးဖြစ်၏။

ထိုကိစ္စဖြစ်ခဲ့ပြီးသည့်နောက်ပိုင်းတွင် ဂျက်စီကာအား မည်သူမှ ထိပါးရဲခြင်းမရှိတော့ပဲ ဘုံဆိုင်၏ စီးပွားရေးအခြေအနေမှာလည်း ပို၍ပင်ကောင်းမွန်လာတော့၏။

သို့သော် ဤအချက်သည် စကိုလာကိုလည်းအနည်းငယ်စိတ်မကောင်းဖြစ်စေ၏။ သူသည် ဆိုင်ရှင်ကောင်မလေးအား ကြိတ်ကြွေနေရုံသာ တတ်နိုင်ပြီး မဖြစ်နိုင်သည့်အတွက်ပင်။

ဤကဲ့သို့ဖြစ်သော်လည်း စကိုလာသည် အလုပ်ကြိုးစားနေဆဲပင်။

သို့သော် သူ၏အရှေ့တွင်ထိုင်နေသည့် ထူးဆန်းသည့် ကာစတမ်မာတစ်ယောက်ကိုတွေ့ရသည့်အချိန်တွင် သူသည်ဘားတွင်လုပ်ကိုင်လာသည့် သက်တမ်းကြာမြင့်ပြီး အတွေ့ကြုံများစွာရှိသော်လည်း ဘာလုပ်ရလဲမသိပဲဖြစ်နေခဲ့၏။

All Chapters